ရွှေမင်းသမီးလေးရဲ့ချစ်တေးသံ
..အပြင်ထွက်ရလို့ပျော်နေတဲ့..သူမ.မျက်နှာလေးကလန်းဆန်းလျက်ပါ.ဟိုဟာတွေ့ရင်ဝယ်ချင်..ဒါတွေ့ရင်လိုချင်..တကယ်မနိုင်စိန်လေးပါဗျာ။
"မမငုဝါ..ဟိုကလစ်လေးလှတယ်..ယူမလား..ဖူးဖူး..ဝယ်ပေးမယ်လေး"
"မလိုချင်ပါဘူး..ဖူးလေးရယ်..မြန်မြန်ဝယ်မြန်မြန်ပြန်ရမယ်လေး"
"မမငုဝါက..အရမ်းမလောပါနဲ့..ဟိုလူကြီးလည်းပါတာကို့" နှုတ်ခမ်း..တစ်တောင်ဆူပြီးပြောနေတဲ့..ဖူးလေးကြောင့်..ငုဝါရယ်နေကြပါတယ်။
"အဟင်း..အဟင်း..ဖူးလေးကလည်း..တိမ်ယံပါတော့ကောင်းတာပေါ့. အထုပ်ဆွဲလိုရတယ်လေး"
"မမငုဝါ ပြောမှသတိရတယ်..ဖူးဖူးလက်ထဲကမုန့်.ထုတ်ကို.ဟိုလူကြီးဆီပေးရအုံး..ဟွန့်.."
အနောက်ကပါလာတဲ့..တိမ်ယံကို..သူမ.မုန်ထုတ်ကမ်းလိုက်တယ်။
"ဘာလဲ..ကိုကိုကိုင်ရမှာလား"
"ရှင်အထုပ်ဆွဲဖို့..လိုက်လာတာမဟုတ်ဘူးလား"
"ဖူးလေးကို..စောင့်ရှောက်ဖို့လိုက်လာတာပါကွာ"
"ကျွန်မက..ကလေးလား"
"ကလေးဆိုရင်..တုတ်နဲ့ရိုက်ပြီးပြီး"
"အမယ်..ရိုက်ရဲရင်ရိုက်ကြည့်ပါလား..တွေ့လား
ကျွန်မလည်းလက်ပါတယ်..လာရိုက်ကြည့်..သွားနဲ့ကိုကိုက်ပစ်မယ်"
"ခွေးမလေး..သွားကအရမ်းထက်တယ်နော်..အော်..ငုဝါရေ..ငါတို့အိမ်က..ခွေးမလေးအတွက်အရိုးဝယ်အုံးဟေ့"
"ရှင်နော်..ဟွန့်..ဘာ..ခွေးမလေးလဲ..ရှင်သာလူဘီလူးကြီး..မမငုဝါရေ..လူဘီလူးကြီးဖို့..အမဲသားအစိမ်းအများကြီးဝယ်နော်"
သူတို့နှစ်ယောက်ကိုကြည့်ပြီး..ငုဝါမျက်မှာလေး..ပြုံးလျက်ပါ။စျေးကလည်းစည်ပါတယ်..အသား၊ငါး..ဟင်းသီးဟင်းရွက်စုံလင်လှပါတယ်။.အထည်ဆိုင်၊ပန်းတိမ်ဆိုင်၊.ပန်းဆိုင်တွေလည်းရှိပါတယ်။
"ဟော..ဟိုသစ်ခွပန်းလေးအရမ်းလှတာပဲ..မမငုဝါ.ဝယ်နှင့်နော်..ဖူးဖူး..ပန်းသွားကြည့်အုံးမယ်"
"မရဘူးလေး..ဖူးလေးရယ်.အတူတူသွားမယ်..မမကိုစောင့်အုံး.."
"မမငုဝါက..ကြာအုံးမှာလေး..ဖူးဖူးပန်းကြည့်ရင်နဲ့စောင့်နေမယ်..မမငုဝါလှမ်းကြည့်ရင်မြင်ရတာပဲကို့"
တိမ်ယံက..ပန်းတိမ်ဆိုင်ခဏသွားလို့ပါ.ငုဝါကိုလည်းသေချာမှာထားပါတယ်..ဖူးဖူး.အပျောက်မခံဖို့ပါ။
"မရဘူး..ဖူးလေး..လိမ်မာတယ်နော်..အတူတူသွားကြည့်မယ်။
"ဟုတ်..မမငုဝါ"
"လိမ်မာတယ်..ဖူးလေးက"
သူမတို့နှစ်ယောက်စကားပြောနေတုန်း..လူတစ်စုက..ကောင်းလေးတစ်ယောက်ကို..ဝိုင်းလိုက်နေတာကြောင့်..လူတွေရုတ်ရုတ်သဲသဲ.ဖြစ်သွားကာ..ငုဝါနဲ့ဖူးဖူး..လည်းလူချင်းကွဲသွားပါတယ်။.ငုဝါမှာ.လူတွေဝင်တိုက်သွားသောကွောငျ့..လှဲကျသွားပါတယ်။..ဖူးဖူး.ကတော့.လူအများကြီးကြားထဲမှာတစ်စုံတစ်ယောက်က..သူမကိုဆွဲခေါ်သွားလေသည်။
လူနည်းသွားလို..ငုဝါ..ဘေးကိုကြည့်တော့..ဖူးဖူး..ကိုမတွေ့တာကြောင့်..အရမ်းကိုစိုးရိမ်ပူပင်ပြီး.. ဖူးဖူး..နာမည်သာ..အော်ခေါ်မိပါတယ်။
"ဖူးလေးရေ...ဖူးလေး..ဖူးလေး.ရေ.အီးးဟင့်.ဟင့်"
"ဘာဖြစ်တာလဲ..ငုဝါ"
"ဖူးဖူးကိုမတွေ့တော့လို.အခုနာကလူတစ်စုကြောင့်..ဖူးဖူးပျောက်သွားပြီး"
"တောက်..ငါလိုက်ရှာအုံးမယ်..နင်လည်းဟိုဘက်ရှာ"
"အင်း.."
ခုတင်ပေါ်မှ..မျက်လုံးလေးမှိတ်ပြီး.အိပ်နေတဲ့မိန်းကလေး..ကတကယ်.မင်းသမီးလေးအတိုင်းပါပဲ..အိအိထွေးထွေးနှုတ်ခမ်းလေးက..ပန်းရောင်သန်းလျက်။မျက်ခုံးမျက်လုံးလေးကလည်း..ထိတွေ့ချင်စရာပါ။
"ေက်းဇူးပဲ..မာယာခ်ိဳ..တေွ့အောင်ရှာပေးလို့"
"ရပါတယ်..ကိုမင်းမြတ်ရဲ့..မာယာ.တာဝန်ကျေပြီးနော်..ပြန်တော့မယ်"
"ကေပြါတယျဗြာ..အရမ်းကိုကျေတာပါ..နောက်မှာဆုံမယ်..မာယာ". .
မာယာ.ခေါင်းတစ်ချက်ငြိမ့်ပြီး..စံအိမ်ကိုပြန်လာခဲ့ပါတယ်။
မင်းမြတ်သခင်ကတော့.အိပ်နေတဲ့..ဖူးဖူး.အနားကိုသွားကာ.".မင်းထွက်ပြေးလိုိ့ကောငျး.ကောင်းပညာ.ပေးရမယ်."
နာရီဝက်အကြာမှာ..သူမ.သတိရလာတယ်။
"သတိရလာပြီးလား..ဖူးဖူး"
"အမယ်လေး..သခင်လေးမင်းမြတ်"
"အရမ်းမလန့်ပါနဲ့..ကိုရဲ့..သတို့သမီးလေးက.အပြေးသန်တဲ့နော်..ရှာလိုက်ရတာမောနေရော့"
"မောမောပေါ့..ကျွန်မ.ရှင်ကိုလက်မထပ်နိုင်ဘူးနော်..ကိုမင်းမြတ်"
"အဟွန်း..ကိုယ်ကတော့..မင်းကိုရအောင်လက်ထပ်ရလိမ့်မယ်"
"အဲဒါဆိုရင်..ရှင်ငရဲကြီးလိမ့်မယ်..ကျွန်မမှာယောကျားရှိတယ်"
"ဘာ!!!!
"ဟုတ်တယ်..ကျွန်မကလက်ထပ်ပြီးသွားပြီးရှင့်..
မယုံရင်..ကျွန်မခင်ပွန်းကိုလိုက်ပြမယ်"
"တော်စမ်း..မင်းပါးစပ်ကိုပိတ်လိုက်.ဖူးဖူး..ငါစမ်းစုံမယ်..မင်းလိမ်ရင်တော့..ချက်ချင်းငါမိန်းမအဖြစ်လက်ခံရမယ်.."
"ကျွန်မကဘာလိုလိမ်ရမှာလဲ..အမှန်တိုင်းပြောတာ.မယုံရင်ကြည့်နေ..ကျွန်မရဲ့ကိုကိုက..ရှင်ဆီလာတွေ့လိမ့်မယ်"
"ငါစောင့်ကြည့်မယ်..ပြောကာ.မင်းမြတ်သခင်အခန်းထဲကနေထွက်သွားပါတယ်။
"မင်းတို့..သခင်မနဲ့...ကျုပ်တွေ့ချင်တဲ့"
စကားကိုပြတ်သားစွာ.ပြောတဲ့လူကြောင့်..နှင်းဆီနက်ဂိုဏ်းသားတစ်ယောက်..ချက်ချင်း.သခင်မကိုသွားလျှောက်တင်ရပါတယ်။တစ်အောက်ကြာတော့.ထိုလူပြန်ရောက်ကာ..
"သခင်မ..ဝင်ခဲ့ပါတယ်"
မာယာချို..တစ်ယောက်အစွမ်းကုန်အလှပြင်ထားတယ်..အခုနာက..ဂိုဏ်းသားတစ်ယောက်လာပြောတော့..ဘယ်သူလဲဆိုတာ..သူမ..ရိပ်မိပါတယ်။
"ကိုတိမ်ယံ..မတွေ့တာကြာပြီးနော်..မာယာဆီကိုဘာကြောင့်လာတာလဲ"
"ကျုပ်..မိန်းမဘယ်မှာလဲ"
"ဘယ်ကမိန်းမလည်း.ကိုတိမ်ယံရဲ့..မာယာ.မသိဘူးပြောကာ..တိမ်ယံ..ကိုပွတ်သီးကပ်သီးဖြင့်..မြူစွယ်နေပါတယ်။
"မာယာ...ကျုပ်ကိုမလိမ်နဲ့နော်..မင်းတပည့်တွေခေါ်သွားတာကျုပ်သိတယ်.."
"ကိုတိမ်ယံ..မျက်လုံးနဲ့သေချာမြင်လိုက်လို့လား..ပြီးတော့..မာယာက..ကိုတိမ်ယံရဲ့..ရန်သူမဟုတ်ဘူးနော်..အဟင်း..ကိုတိမ်ယံရဲ့ချစ်သူပဲဖြစ်ချင်တာ."
"ကျုပ်မှာ..မိန်းမရှိတယ်..ဒေါ်မာယာချို..ခင်ဗျားစိတ်ကူးရင်မနေနဲ့"ပြောကာ..ပွတ်သီးကပ်သီးလုပ်နေတဲ့..သူမ.ကိုတွန်းထုတ်မိပါသည်။
"အာ..ကိုတိမ်ယံကလည်း..အရမ်းတွန်းတာပဲ..ဒီမှာ..မာယာနာသွားပြီး"
"ကျုပ်သိပ်စိတ်မရှည်ဘူးနော်..ပြော..ကျုပ်မိန်းမဘယ်မှလဲ"
"ကိုတိမ်ယံ..မိန်းမကို..မာယာ.မသိပါဘူးဆိုနေမှာ"
"သေခြာလား..ဒေါ်မာယာချို..ခင်ဗျာလိမ်ရင်.ကျုပ်နဲ့တွေ့မယ်.ပြောကာအပြင်ထွက်မယ်ပြင်တော့
"မာယာ..ကိုတိမ်ယံမိန်းမအစားအဖော်ပြုပေးမယ်လေး"
"မလိုဘူး..ကျုပ်အသားကိုဒီထက်ထိဖို့မကြိုးစားနဲ့ပြောကာ.လက်မောင်းမှာပွတ်သပ်နေတဲ့.
မာယာရဲ့လက်တွေပုတ်ထုတ်ကာ.အပြင်ထွက်ခဲ့ပါသည်။
ဖူးဖူး.ထွက်ပြေးဖို့ပြင်နေပါတယ်..လူအရိပ်အခြေအနေကိုကြည့်ကာ.လစ်ဖို့ကြံရပါတယ်..အုတ်တံတိုင်းကအမြင့်ကြီးပါလား..ငါဘယ်လိုလုပ်ရင်ကောင်းမလဲ..ဟူးး.စိတ်များညစ်ပါရဲ့..သူမခေါင်းကိုသာ..ထိုင်ကုတ်နေမိပါတယ်။
"ဟေ့.ဘယ်ပြေးဖို့ချောင်းနေတာလဲ"
"မပြေးပါဘူး..ကျွန်မ.အခန်းထဲမှာနေရတာမွန်းကျပ်လာလို..အပြင်ခဏထွက်လာတာ"
"ဟုတ်ရဲ့လား..အဟင်း.မင်းပြေးလည်းမလွတ်ပါဘူး..မင်းကိုငါ.လက်ထပ်ယူဖို့ပြင်ဆင်နေတာ"
"ရှင်..ရူးနေလား..ကျွန်မမှာ.ကာမပိုင်လင်းယောကျာ်းရှိတယ်ရှင့်"
"ရှိလည်းယူဖို့ဆုံးဖြတ်ပြီးပြီး."
"ဟွန့်..မယားခိုးမှုနဲ့အမှုဖြစ်ချင်တဲ့ထင်တယ်"
မင်းမြတ်သခင်..တစ်ချက်မျက်နှာပျက်သွားပေမဲ့..ပြန်ထိန်းကာ.."ဘယ်လိုပဲတရားစွဲစွဲ.ငါကတော့မင်းကိုရအောင်ယူမှာ..ဉပဒေက..ငါအောက်မှာပဲရှိတယ်.."
"ဟွန်..ကျွန်မရဲ့ကိုကိုက..ဉပဒေနဲ့ရှင်ကိုအပြစ်မပေးဘူး..သူကိုယ်တိုင်းအပြစ်ပေးမှာ"
"ကိုကို..ကိုကိုပဲဖြစ်နေပါလား...နောက်တစ်ခါအဲဒီစကားမကြားချင်ဘူး..ပြောကာ.ဖူးဖူးရဲ့မှေးစိကိုသူရဲ့လက်ဖဝါးကြီးနဲ့ညစ်ထားပါတယ်။
"နာ..တယ်လွှတ်...လွှတ်လို့"
"အဲဒါဆိုရင်..ဆင်ခြင်နောက်အခါကျရင်ဒီထက်ဆိုးမယ်"
"ဆင်ခြင်မယ်..လွှတ်..လွှတ်ပေးတော့"
"လိမ်မာတယ်..မနက်ဖြန်ဒီစံအိမ်မှာမဂ်လာဆောင်ကျင်းပမယ်..မင်းအဘိုးတို့ကိုတော့မဖိတ်တော့ဘူး.အဲဒါအဆင်သင့်ပြင်ထား..ငြင်းဖို့မပြင်နဲ့အသိပေးတာ..မင်းအတွက်အဝတ်စားအဆင်သင့်ရှိပြီးသား..လိမ်မာစမ်းပါ..မိန်းမရဲ့ပြောကာထွက်သွားတယ်။
"ငါ..ဒီညသေချာထွက်ပြေးရမယ်...ငါအပေါက်ရအောင်ရှာရမယ်..ကိုကိုရေ..ဖူးဖူးကိုလာကယ်ပေးပါအုံး..ဖူလေး..ကိုကိုကို့ချစ်တယ်..ဖူးဖူး..ဟိုလူကြီးနဲ့မယူချင်ဘူး..ကိုကိုရေ..အီး.ဟီးးအဟင့်..နောကျဆိုရငျ..ကိုကိုစကားနားထောင်ပါမယ်"
အမှောင်ကိုကြောက်တတ်သော..သူမ.စိတ်ကိုတင်းကာ..ဒီစံအိမ်ကနေထွက်ပြေးဖို့..ပြင်ရတယ်..အချိန်ကည၁နာရီပါ..ခွေးတွေကလည်းအူလွန်တယ်..သူမငိုချင်လာပါတယ်..ဒီစံအိမ်ကနေသာထွက်မယ်ပြင်တာ..ဘယ်ကိုသွားရမလဲမသိပါ။..ဘိုးဘိုးကြီးဆီကထွက်ပြေးတော့...သူနဲ့ဆုံခဲ့တဲ့အချိန်ကို..သတိရမိတယ်..အဲဒီအချိန်က..ဘိုးဘိုးကြီးလူတွေသိသွားလို့..သူရဲ့ရင်ခွင်ထဲပြေးဝင်မိတုန်းကနွေးထွေးမှုကိုခံစားရတဲ့..အခုတစ်ခါတော့..ငါဘာဖြစ်မလဲမသိဘူး.တွေးမိကာအားငယ်စိတ်ဝင်လာမိတယ်။
"အားမငယ်နဲ့စမ်း..ဖူးဖူး..နင်ဒီလူကိုယူနိုင်လို့လားကြောက်စိတ်ကိုဖျောက်စမ်း..အသက်ကိုပုံမှန်ရှု..ဟူးး..ကဲ.မနက်ကရှာထားတဲ့.အပေါက်ဆီသွားရမယ်". ရေရွတ်ကာ..ထွက်ခဲ့ပါတယ်။
"ဒီစံအိမ်ထဲမှာဆိုတာ.သေချာလား"
"သေချာတယ်..ဂိုဏ်းချုပ်..ကျွန်တော်တို့လက်ဉီးမှုမရခင်..နှင်းဆီနက်ဂိုဏ်းက..ကောင်မလေးကိုဖမ်းပြီး.ဒီမှာထားခဲ့တာ..သေချာကိုစောင့်ကြည်ခဲ့တာ"
"ကောင်းပြီး..ခိုးဝင်ကြမယ်ကွာ..ပြီးရင်ကောင်မလေးကိုခေါ်သွားမယ်..ဒီတစ်ခါတော့..တိမ်ယံအထိနာစေရမယ်..အခုတောင်ပျာယာခတ်နေတာကို့..သူအာရုံက.နှင်းဆီနက်ဂိုဏ်းဆီရောက်နေတုန်းလှုပ်ရှားကြတာပေါ့"
"ဟုတ်ကဲ့..ဂိုဏ်းချုပ်"
သူတို့စံအိမ်ထဲကိုဝင်ဖို့ပြင်မယ်အချိန်..ခွေးတိုးပေါက်ကနေထွက်လာတဲ့..မဲမဲကြီးကြောက်လန့်သွားပေမဲ့. အလင်းရောင်မှာမြင်တဲ့အချိန်ပျော်ရွှင်သွားတယ်။
"ဟေ့..သူကိုဖမ်းကြ.."
"ဟမ်.!!!ဧကရာဇ်ဂိုဏ်းချုပ်ကြီး..ပြောကာ..ခှေးတိုးပေါကျကနပွေနျဝငျပွေးမယျပွငျတော့..မလွတ်တော့ပါ..။
"ဘယ်ပြေးမလို့..ဖူးလေးရဲ့..အဟင်းဟိုကောင်တွေခေါ်ခဲ့ကြ"
ဖူးဖူးကတော့.."စိတ်ထဲကနေ.သေလိုက်တော့..ဖူးဖူးရေ..ကျားကြီးကိုကြောက်လိုထွက်ပြေးလာကာမှ..ကျားထက်ဆိုးတဲ့.ခြေသ့်အရှေ့မှမှောက်လျက်လှဲရတဲ့လို့..ကိုကိုရေ..ချစ်တေးသံကိုအမြန်လာကယ်ပါတော့..တမ်းတမိပါတော့တယ်။
တစ်ဘက်က..တိမ်ယံကလည်း..နှင်းဆီနက်ဂိုဏ်းကိုမျက်ခြေမပျက်..စောင့်ကြည့်နေပါတယ်။
"ဆရာ.ခဏအိပ်လိုက်ပါလား.."
"မအိပ်နိုင်ပါဘူးကွာ..ငါမိန်းမကိုစိတ်ပူတဲ့ကွာ..သူအဆင်ပြေပါမလား..စိုးရိမ်တဲ့..ငါမိန်းမသာတစ်ခုခုဖြစ်ကြည့်..အကုန်လုံးကိုအမှုန်ကြိတ်ပစ်မယ်"
"ဒါဆိုရင်လည်း.တစ်ခုခုစားပါ..ဆရာမနက်ကတည်းကဘာမှဟုတ်တိပတ်တိစားတာမဟုတ်ဘူးပြောတော့..တိမ်ယံခေါင်းခါပြကာငြင်းလိုက်ပါတယ်။
နောက်နေဆက်ရန်ဗျာ...စာဖတ်သူတစ်ယောက်ချင်းကိုကျေးဇူးတင်ပါတယ်ဗျာ..ကျန်းမာရေးကရုစိုက်ကြပါဗျာ
စာရေးသူ သွေးမိန့်