book

Index 13

အပိုင်း(၁၃)

ရွှေမင်းသမီးလေးရဲ့ချစ်တေးသံ


"တောက်...တိမ်ယံ..တိမ်ယံ..မင်းကိုတော့ငါအလွတ်ပေးလိုမဖြစ်တော့ဘူ..ပိုက်ဆံတွေလည်းရအောင်ယူ..ဟိုမိန်းကလေး၂၀ကိုလည်းရတယ်....မင်းရဲ့ဇနီးပါ..ရအောင်ခေါ်သွားတယ်..တောက်.."


"ကျွန်တော်တို့..တိမ်ယံ.ကိုလျော့တွက်မိတာမှားသွားပြီး"


"တောက်..ငါဒီလောက်စောင့်ကြည့်နေရဲ့သာနဲ့..ဘယ်လိုလုပ်.ဒီကောင်..လွှတ်သွားတာလဲကွာ"


"ဂိုဏ်းချုပ်အကြံတစ်ခုပေးချင်တယ်"


"ပြောကွာ"


"တိမ်ယံရဲ့..အသက်ဖြစ်တဲ့..သူမိန်းမက..ဟိုမိန်းကလေးအယောက်၂၀ကိုရောင်းရတာထက်..တန်ဖိုးရှိတယ်နော်"


"ဟုတ်တယ်ကွာ..ကောင်မလေးချစ်စရာလေး..ဟိုဘက်လူတွေကြိုက်မှာသေချာတယ်..ခက်တာအပျိုမစစ်ဘူးကွာ"


"အဲဒီအတွက်.မပူပါနဲ့ဂိုဏ်းချုပ်..သူတို့နှစ်ယောက်ကအတူမနေရသေးဘူး"


"ဘယ်လိုသိတာလေး..သင်းသင်း"


"သင်းသင်း..သူတို့နှစ်ယောက်ခွဲအိပ်တာတွေ့လိုပါ.ပြီးတော့..တိမ်ယံ.အနားကပ်ရင်.ကောင်မလေးက..မသိမသာရှောင်ဖယ်တာတွေ့လိုပါ..ဂိုဏ်းချုပ်"


"ကျွန်တော်လည်း..သတိထားမိတယ်..ဂိုဏ်းချုပ်...တိမ်ယံ..ဖက်လိုက်တာနဲ့..ကောင်မလေး..မျက်နှာရှက်သွေးဖြာပြီးတကယ်.အပျိုအတိုင်းပဲ"


"အဲဒါဆိုရင်..ကောင်မလေးကိုပဲဖမ်းပြီး..တစ်ဖက်နိုင်ငံပို့ကြတာပေါ့..တိမ်ယံလည်း..အထိနာ..ငါလည်းပိုက်ဆံပိုရတာပေါ့..ဟားး..ဟားး"


"အမှန်ပဲ.ဂိုဏ်းချုပ် "


"အစည်းဝေးပြီးပြီး..ကိုယ်အလုပ်ကကိုယ်လုပ်ကြတော့..ပြောတော့. ဂိုဏ်းသားတွေအကုန်လူစုခွဲသွားပါတယ်။


"ခွမ်းး..ခွမ်းး အသံကြောင့်..လူတွေအကုန်တုန်လှုပ်ကုန်တယ် ..မာယာချိုရဲ့..ဒေါသကထိပ်ဆုံးရောက်နေပါတယ်။အလုပ်လုပ်တိုင်းအမြဲ..တိကျပြီးအောင်မြင်တာ..အခုရှုံးတော့.မဲမဲမြင်သမျှမဲတော့ပါတယ်။


"အခုပိုက်ဆံလည်း..ရှုံးပြီး.ကောင်မလေးတွေလည်းသူမျာနောက်ပါသွားပြီး"..ပြောကာရှိသမျှ.ပစ်စည်းတွေကို..ပေါက်ခွဲပစ်တယ်။


"သခင်မ..ကျွန်တော်တို့ရဲ့အမြတ်တွေကိုရသွားတာက..တိမ်ယံလိုသိရပါတယ်..ဧကရာဇ်ဂိုဏ်း သားတွေပြောနေတာကြားပါတယ်"


"တိမ်ယံ..တိမ်ယံ..ငါအလုပ်ကိုဝင်ရှုပ်တာများနေပြီး"


"သခင်မ..သတင်းနောက်တစ်ခုရှိပါတယ်"


"ဘာလဲ အဲဒီသတင်းက"


"သခင်မ..ရှာခိုင်းတဲ့ကောဂ်မလေးက..တိမ်ယံနဲ့အတူရှိနေပါတယ်"


"ဘာ!!!. .တောက်..အဲဒီကောင်မလေးကိုငါ..အမြန်လိုချင်တယ်..ရအောင်ဖမ်းပေးကြ.မဖမ်းနိုင်တဲ့လူတွေ..အကုန်ခေါင်းဖြတ်သတ်မယ်..တစ်ပတ်အချိန်ပေးမယ်.."


"ဟုတ်ကဲ့..သခင်မ"


နှင်းဆီနက်ဂိုဏ်းသားတွေ..ကြောက်လန့်သွားရသလို.စိတ်လည်းညစ်ရပါတယ်..သခင်မ..ကသူပြောတဲ့အတိုင်း..တစ်ပတ်နေလိုမှမဖမျးနိုငျရငျအကုနျသမှောလေး..အဲဒီတော့မျက်နှာတွေပျက်လျက်ရှိကြပါသည်။


"ဆရာ..ဆရာ.."


တိမ်ယံ..ဆေးလိပ်သောက်နေရင်.ခေါ်သံကြောင့်..မျက်နှာက..မာတင်းလျက်လှည့်လိုက်သောကြောင့်..ဝင်လာတဲ့.မိုးထက်..မျက်နှာအီလည်လည်ဖြစ်သွားတယ်။


"ဘာအကြောင်းလဲ"


"ဆရာကို.ဂိုဏ်း၃ဂိုဏ်းလုံး.မုန်းနေကြတယ်.."


"သူတို့ဘာသာမုန်းမုန်း..သေသေကရုကိုမစိုက်ဘူး"


"ဆရာ..သူတို့ရဲ့ပစ်မှတ်က..ဆရာရဲ့ဇနီးဖြစ်မှာဆိုလို့"


တိမ်ယံ..တုန်လှုပ်သွားပါတယ်..သူကိုတော့သတ်ချင်သတ်..ကရုကိုမစိုက်တာပါ..သူမ.လေးကိုတောထိဖို့မပြောနဲ့..လက်နဲ့ရွယ်တာတောင်..သူ.မကြိုက်ဘူး..။


"ထိကြည့်လေး..ကျုပ်ရဲ့ဇနီးကိုထိတဲ့ဂိုဏ်းကို..ဂိုဏ်းလောကမှမရှိအောင်လုပ်ပစ်မယ်"


"ဆရာ..မမလေးကို.အခုတလောကရုစိုက်ပါ"


"အေးပါကွာ..ကရုစိုက်မယ်..အနားကိုခေါ်ထားရမယ်..မင်းသွားခေါ်ခဲ့"


"ဟုတ်.."


ဖူးဖူး..ဆူပုတ်ပြီး...သူအခန်းထဲဝင်ခဲ့တယ်..သူကတော့.ဆေးလိပ်သောက်နေတာဇိမ်နဲ့..မုန်းဖို့ကောင်းလိုက်တာ..တွေးမိကာ..မျက်စောငျး.ထိုးလိုက်တယ်။


"ဟေ..ကိုကို.ကို့.မျက်စောငျးသိပျမထိုးနဲ့.နှလုံးသားတွေအရည်ပျော်ကုန်မယ်"


"အဟွတ်..အဟွတ်"


"ဆေးလိပ်ကြောင့်..မီးခိုးမွှန်တာလား..ဒါဆိုရင်မသောက်တော့ဘူး"


"အမှန်ပဲမသောက်သင့်တာ.ဆေးလိပ်ကရောဂါအများကြီးဖြစ်တတ်တယ်..ဒါနဲ့ကျွန်မကိုဘာလိုခေါ်တာလဲ"


"ကိုကို..အနားမှာပဲနေနော်"


"ဘာလိုနေရမှာလဲ ..ပြီးတော့.ကိုကိုလို့မသုံးပါနဲ့..ဟွန့်"


"ချစ်တေးသံလေး.ကိုကိုရဲ့ချစ်တေးသံလေးက..ဖူးဖူးရဲ့"


"ဟမ်!!!"


"အမှန်ပဲ..ကိုကိုရှာနေတဲ့သူက..မင်းလေး.ဒီဆှဲကွိုးက..မင်းမှာလည်းရှိတယ်..ကိုကိုမှလည်းရှိတယ်လေး"


ဖူးဖူး..လညျတိုငျပျေါကဆှဲကြိုးလေးကို.လက်နဲ့ပြန်ကိုင်မိတယ်.."သူနဲ့ဘာလိုတူနေရတာလဲ.တကယ်ပဲငါကသူရဲ့ချစ်တေးသံလား..ဒါဆိုရင်ငါက..သူရဲ့အနာဂတ်သတိုးသမီးလောင်းပေါ့..ဟာရှက်လိုက်တာနော်"


်"ဘာတွေတွေးနေတာလဲ..ချစ်တေးသံလေး.အဟင်း..အဟင်း"


"ဘာတွေးတွေးပေါ့..ရှင်အပူလား.ဒါနဲ့ကျွန်မ..ရှင်အနားမှမနေနိုင်ဘူးနော်..ကျွန်မရှင်ရဲ့ချစ်တေးသံဖြစ်လည်း..ရှင်ကိုယူမယ်လိုကတိမပေးထားဘူးနော်"


"မပေးထားလည်း..မင်း..ကိုကိုကို့လက်ထပ်ရမယ်.."


"အို..လက်မထပ်နိုင်ပါဘူး..ရှင်ဘာသာတစ်ခြားလူကိုယူ"


"ကိုကို..ယူမှာမင်းပဲလေး..ပြောပြီးအနားတိုးလာတော့..သူမ.နောက်ဆုတ်မိတယ်.ဆုတ်ရင်ဆုတ်ရင်နဲ့..သူမအနောက်မှာနံရံပဲရှိတော့တယ်။


"ရှင်.နော်..ရှေ့တိုးမလာ..ကျွန်မအနောက်မှာနံရံပဲရှိတော့တယ်"


"အဟင်း..ရှိပါစေပေါ့..ပြော.ကိုကို.ကို့ယူပါမယ်လို"


"လှဲသေလိုက်..ရှင်အရူးထမနေနဲ့..ရှင်ချစ်တိုင်းသာမိန်းကလေးတွေအကုန်လုံးကရှင်ကိုယူရမှာလား"


"မိန်းကလေးအကုန်လုံးကိုလည်း..ကိုကို.ကချစ်တယ်လို့မပြောပါဘူး..မင်းကိုပဲပြောတာ"


သူရဲ့မျက်နှာက..သူမရဲ့.မျက်နှာနားတိုးကပ်လိုလာတော့..သူမ.မျက်လုံးလေး..ကြောက်လန့်တကြားမှိတ်မိတယ်။


"အဟင်း..အဟင်း..ဘာလိုမှိတ်ပြစ်တာလဲ.အသဲယားအောင်"


"ရှင်နော်..အနားမကပ်နဲ့ဖယ်..ဖယ်လို..ပြောနေတယ်"


"မျက်စိမှိတ်ပြီး..ဇွတ်အော်နေတာပဲကွာ...အသံမထွက်အောင်လုပ်လိုက်ရမလား..အဟင်း"


"ရှင်နော်.ဗလအားကိုးနဲ့အနိုင်မကျင့်နဲ့"


"ကျင့်ရင်ကောင်းမယ်နော်..ကိုကိုကျင့်ချင်လာပြီး.ပြောတော့..သူမ.ချက်ချင်းမျက်လုံးဖွင့်ပြီး..သူကိုအတင်း..တွန်းထုတ်တော့..မရွှေ့ပါဘူး"


"တွန်းလေး..အားကုန်တွန်းအခွင့်ရေးပေးထားတာနော်..ပြီးရင်.ကိုကိုအလှည့်"


"တွန်းလိုရမလား..ရှင်ကိုယ်ကြီးအလေးကြီးကို့"


"အခွင့်ရေးပေးပြီးပြီးနော်..ပြောကာသူမရဲ့နှုတ်ခမ်းလေးငုတ်နမ်းဖို့ပြင်တော့"


"အားး..နာလိုက်တာ...ခြေထောက်အားနဲ့ကန်ရလား"


"ဒီထက်ကန်ချင်သေးတာ..သတိထားနေ..ဖယ်"..ပြောပြီးသူမှတွန်းထုတ်တယ်။


"ကိုကို..ကို့..လက်ထပ်မှာလား"


"မသိဘူး..မသိဘူးလာမပြောနဲ့"


"သိအောင်လုပ်ပေးရမယ်ထင်တယ်..ပြောတော့..သူမချက်ချင်းတံခါးဖွင်ပြိးထွက်ပြေးပါတယ်။


"ချစ်တေးသံလေးရေ..မင်းလေး.ကိုကိုကို့အရမ်းပြုစားတဲ့ကွာ"


မင်းမြတ်သခင်..တစ်ယောက်ပျော်နေတယ်..ဘာလိုလဲဆိုတော့.နှင်းဆီနက်ဂိုဏ်းရဲ့..မာယာချိုက..ရက်အတိကျပေးလိုက်ပြီးလေး..ဖူးဖူးကို..တစ်ပတ်အတွင်း.သူဆီအရောက်ပို့ပေးမယ်ဆိုလို့ပါ။


"ဟေ့စံအိမ်ကလူတွေ..အိမ်ကိုသန့်ရှင်းအောင်လုပ်ထားကြ..တစ်ပတ်အတွင်း..ငါသတို့သမီးလောင်းရောက်လာမှာ..လှပစေနော်"


"ဟုတ်ကဲ့..သခင်လေး"


"..မဂ်လာဉီးညအခန်းကိုလည်း..ပြင်ဆင်ထားအုံး.."


"ဟုတ်ကဲ့ပါ..သခင်လေးဗျာ..မကြာခင်ပျော်စရာအချိန်တွေရောက်လာတော့မယ်..ဒီစံအိမ်မှာ"


"အမှန်ပေါ့ကွာ..ငါလည်း..မိန်းမရတော့မယ်..မင်းတို့တွေ..ငါရဲ့မိန်းမကို..အထူးကရုစိုက်ရမယ်နော်".


"စိတ်ချပါ..သခင်လေး"


"နောက်ပြီးမဂ်လာပွဲကိုလည်းအမြန်စီစဉ်ရမယ်..ရှေ့နေတွေကိုအခုထဲကပြောထားမှာ..ဟိုဘိုးတော်ကြီးကိုလည်း..အကြောင်းကြားအုံးမယ်..ငါနဲ့အလုပ်ကိုရှုပ်နေရော့"


"စိတ်အေးအေးထားပါ..သခင်လေးဗျာ..ကျွန်တော်ဆောင်ရွက်ပေးပါမယ်"


"မင်းကို..စိတ်ချလိုက်မယ်နော်..တော်ရင်ဘောက်ဆုချမယ်ကွာ"


"ဟုတ်ကဲ့ပါ..သခင်လေး"


ငုဝါ..စျေးခြင်းတောင်းလေးဆွဲကာ..မီးဖိုချောင်းကထွက်လာတာမြင်တော့..ဖူးဖူးလေးကချစ်စရာကောင်းအောင်ပြုံးပြမိတယ်။


"ဖူးလေး.စျေးလိုက်လိုမရဘူးနျောပွုံးပွမနနေဲ"


"မမငုဝါကလည်း..ဖူးဖူးလည်းလိုက်ချင်တာပေါ့..စံအိမ်ထဲမှာပဲနေရတာပျင်းတာပေါ့"


"တိမ်ယံကပေးလိုက်မှမဟုတ်ဘူး..လိမ်မာတယ်နော်..ဖူးလေးနေခဲ့နော်"


"ဟွန်..ဖူးဖူးတော့..အကျယ်ချုပ်ကျတာပဲ..ဘယ်မှာမသွားရတာ..ကြာနေပြီး.ဟိုလူကြီးဒဏ်ရာရတည်းက..ဒီမှာလည်းဘာထူးလဲ..ဖူးဖူးကိုအပြင်ပေးမထွက်ဘူး..စံအိမ်ပဲပြန်တော့မယ်"


"ဖူးလေးက.လည်းချစ်ဖို့ကောင်းတယ်နော်..မမငုဝါ.မုန့်ဝယ်ခဲ့ပေးမယ်နော်"


"လိုက်ချင်တယ်လို့..မမငုဝါကလည်း"


ငုဝါရဲ့..လက်ကလေးကိုလှုပ်ခါပြီးပြောကာ..ချစ်ဖို့ကောင်းတဲ့..ဖူးဖူးကို..စျေးခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်။


"ကောင်းပြီး..လိုက်ခဲ့..တိမ်ယံကိုသွားပြောပေးမယ်"


"ယေးးးဒါမှတို့..မမငုဝါအဲဒါကြောင့်ချစ်တာမွ..မွ"


"အဆိုးမလေး..တိမ်ယံကိုသွားပြောအုံးမယ်"


"ဟီးး..မမငုဝါကလည်း.ဖူးဖူးကဆိုးပါဘူးနော်..လိမ်မာပြီးသာ"


"ဟုတ်ပါပြီးရှင့်..မမသွားပြောအုံးမယ်"


.အမြဲတမ်းကွန်ပျူတာနဲ့.အလုပ်ရှုပ်နေတဲ့..တိမ်ယံကို.ကြည့်ပြီး.ငုဝါတံတွေးတစ်ချက်မြိုချမိပါတယ်။ထိုနောက်.အဟမ်းး


ချောင်းသံကြောင့်..တိမ်ယံလုပ်လက်စရာခဏရပ်သွားပေမဲ့..ချက်ချင်းအလုပ်ကိုအာရုံပြန်စိုက်တဲ့.သူပုံက..အရာရာလွမ်းမိုးနိုင်စွမ်းရှိတဲ့လူသားတစ်ယောက်ပါ။


"အဟမ်းး..အဟမ်း"


"ငုဝါ..ချောင်းအရမ်းဆိုးမနေနဲ့ပြောစရာရှိတာပြော.ငါနားထောင်နေတဲ့"


"ဟိုေလးး..ဟို..ဖူးေလးကစျေးကိုလိုက်ချင်လို့တဲ"


"ဘာ!!!!"


"နင်ကလည်းဟာ.လန့်လိုက်တာ..ဖူးလေးက..စံအိမ်မှာနေရတာငြီးငွေ့နေပြီးဟာ..သနားပါတယ်.ဒီတစ်ခါတော့ထည့်လိုက်ပါဟာ..နောက်အခါကျရင်မထည့်နဲ့ပေါ့"


"အခုလည်းမထည့်ဘူး..နောက်လည်းမထည့်ဘူး..သူကိုငါနဲ့ပတ်သက်ပြီးရန်သူတွေဝိုင်းနေတာကို့"


"နေပါအုံး..ရှင်ကဘာလိုမထည့်နိုင်ရတာလဲ..ကျွန်မကရှင်ရဲ့အကျဉ်းသားမဟုတ်ဘူးနော်"


ဖူးဖူး.တံခါးဖွင့်ပြီးဝင်လာတာက.သူ..မထည့်ဘူးပြောလိုပါ..အပြင်ကနေခိုးနားထောင်ရင်နဲ့..စိတ်မထိန်းနိုင်စွာဝင်လာခြင်းဖြစ်သည်။


"မင်း..ခိုးနားထောင်နေတာလား"


"အယ်.."


"မအယ်နဲ့..သူခိုးမလေး.အပြင်လောကအရမ်းကြောက်ဖို့ကောင်းတယ်..မသွားရဘူးကွာ"


"ရှင်နော်..ကျွန်မကိုလာမချုပ်ချယ်နဲ့..သွားမှာပဲ.ကျွန်မက..ရှင့်ဘောင်ခတ်မှာလှတဲ့ပန်းချီကားတစ်ချပ်မဟုတ်ဘူး"


"မသွားရဘူးကွာ"


"သွားးမှာပဲ..သွားးမှာပဲ..သွားမှာ"


"ချစ်တေးသံနော်..ကိုကိုစကားကိုနားထောင်"


"မနားထောင်ဘူးး..အီးဟီးးသူများဒီအိမ်မှာပဲနေရတာငြီးငွေ့လာပြီးကို."ပြောကာ..ငိုတော့..တိမ်ယံ.သနားလို့သွားခွင့်ပြုလိုက်ပါသည်။


နောက်နေ့ဆက်ရန်ဗျာစာဖတ်သူလေးတွေကရုစိုက်ပါဗျာကျန်းမာရေးကို။


စာရေးသူ..သွေးမိန့်


.


.


rate now: