book

Index 11

အပိုင်း(၁၁)

ရွှေမင်းသမီးလေးရဲ့ချစ်တေးသံ


"ဒီည..နှင်းဆီနက်ဂိုဏ်းနဲ့အပြိုင်.လှုပ်ရှားရမယ်..

လူကုန်ကူးမှုကို...တိမ်ယံကတာဝန်ယူလှုပ်ရှားရမယ်"


"ကျုပ်လက်မခံဘူး...လူတွေကိုတစ်ဖက်နိုင်ငံပို့တာက..ကောင်းတာမဟုတ်ဘူး..ဘာမှမသိပဲငွေနဲ့လိုက်တဲ့တောသူတောင်သားတွေကို..တစ်ဖက်နိုင်ငံကိုကျုပ်မပို့နိုင်ဘူး"


"မင်းမှာငြင်းပိုင်ခွင့်မရှိဘူး..တိမ်ယံ..ငါဒီအလုပ်ကိုလုပ်လာတဲ့မွေးကတည်းကပဲ..လောကမှာပိုက်ဆံထက်ဘယ်အရာမှပိုတန်ဖိုးမကြီးဘူး"


"ဂိုဏ်းချုပ်လည်း..အသက်မငယ်တော့ပါဘူး..

ဒီအလုပ်ကိုရပ်လိုက်ပါတော့..ဂိုဏ်းချုပ်တို့ချမ်းသာနေတာပဲ..၁၀သက်စားမကုန်တဲ့စည်းစိမ်တွေရှိပြီးပြီး..လောဘတွေသိပ်မတက်နဲ့..မသေခင်အချိန်လေး..ကုသိုလ်ယူအုံး"


"ဟေ့ကောင်..ငါကိုဆရာလာမလုပ်နဲ့..ဒီအလုပ်ကိုတာဝန်ယူရမယ်..မဟုတ်ရင်..မင်းရဲ့ချစ်ဇနီးအသက်ကိုအာမ.မခံဘူးနော်"


"တောက်းး.ခြိမ်းခြောက်တိုင်းကြောက်ရအောင်..ကျုပ်ကိုယ်မှာကြောက်သွေးမပါဘူးနော်..ကျုပ်မိန်းမကိုထိရဲရင်ထိကြည့်..ဧကရာဇ်ဂိုဏ်းတစ်ခုလုံးကိုမီးလောင်တိုက်သွင်းပစ်မယ်"


"တိမ်ယံ..မငျးကလညျးဒေါသကွီးပါလား..မင်းကိုယ်မှာကြောက်သွေးမပါပေမဲ့..မင်းရဲ့ကောင်မလေးမှတော့ကြောက်သွေးအပြည့်ပါတယ်နော်..ငါအလုပ်ကိုမင်းကျေပွန်အောင်လုပ်ပါ..မင်ရဲ့မိန်းမဘေးကင်းမှာပါ"


"တောက်..ကောငျးပွီးကြုပျသခြောလုပျမယျ..ပြောပြီးတိမ်ယံ..ဒေါသတကြီးထွက်သွားပါတယ်။


ဖူးဖူး..ရေချိုးပြီး..အဝတ်စားရွှေးနေရပါတယ်..ဗီရိုထဲက..အဝတ်စားတွေကလည်းပေါင်ပေါ်တွေပဲရှိတော့စိတ်ညစ်ရပါတယ်။


"ဒီစံအိမ်ကလူတွေအကုန်နှာဗူးတွေထင်တယ်..ကြည့်အုံးအဝတ်စားတွေကရင်ဘက်ပေါ်..ပေါင်ပေါ်..ကျောပေါ်..ဘာဝတ်ရမှန်းမသိဘူးစိတ်ညစ်လိုက်တာနော်"


"ဘာတွေစိတ်ညစ်နေတာလဲ.."


"အမေ့!!. .ရှင်ဘာလိုအခန်းထဲဝင်လာတာလဲ..ထွက်..ထွက်အခုချက်ချင်းထွက်ပြောပြီး..သူမ..ရေသုတ်တပက်အကြီးကြီးကို..ခပ်မြန်မြန်ခြုံထားလိုက်တာ..မသိရင်မွေးခါကစကလေးပေါက်စကိုအနှီးထုပ်ထားတာကျနေတာပဲ။


"ဘာလို့ထွက်ရမှာလဲ.. ကိုယ်အခန်းကိုယ်ပြန်လာတာပဲကို့"


"ရှင်..မိန်းမတစ်ယောက်အဝတ်လှဲတာကိုထိုင်ကြည့်မလို့လား"


"ဟုတ်တယ်"


"ဘာ!!


"အသံဝင်မယ်..ကိုယ်မိန်းမအဝတ်လှဲတာကို့..ယောကျာ်းကထိုင်ကြည့်တာဘာဖြစ်လိုလဲ"


"နှာဗူးကြီး..ကျွန်မကရှင်မိန်းမအစစ်မဟုတ်ဘူးနော်..ဟန်ဆောင်နေတာသိလား..အခုချက်ချင်းအခန်းထဲကထွက်ပြောတော့..သူကမထွက်တဲ့အပြင်အိပ်ယာပေါ်လှဲချပြီး.


"ကိုယ်မိန်းမရဲ့အလှကိုခံစားအုံးမယ်"


"ရှင်ရူးနေလား..ကျွန်မစိတ်တိုလာပြီးနော်"


ဖူးဖူးရဲ့မျက်နှာလေးက..အနီရောင်နှင်းဆီခင်းပမာရဲပလောင်းခတ်လျက်ကို..သူကြည့်မဝပါ..ကြည့်ပါအုံး..သူမရှက်ဒေါသထွက်လွန်လို့..နှာခေါင်းရော့..နားရွက်ကလေးပါနီရဲလာပါတယ်။


"အဟင်း..အဟင်း...ခင်ဗျာလေးရဲ့မျက်နှာကနီရဲနေတာပဲ..မကြာခင်ပေါက်ကွဲတော့မယ်ထင်တယ်"


"မကောင်းဆိုးဝါးကြီး..အသံကတကယ်နှာဗူးအသံနဲ့တူတယ်"


"ကျုပ်ကနှာဗူးဆိုတော့..ခင်ဗျားကို..ပြောစကားရပ်ပြီး..သူမ.တစ်ကိုယ်လုံးကိုထက်အောက်မျက်လုံးကစားကာအသဲယားလို့..သူနှုတ်ခမ်းကိုက်ပြတော့..


"ရှင်နော်..ရှင်အကြည့်တွေပြင်..ကျွန်မစိတ်တိုလာပြီး.အဝတ်စားကမရှိတာတစ်မျိုး..ရှင်ကတစ်မျိုး.ပြောပြီးသူမငိုတော့"


"မငိုပါနဲ့ကွာနော်..ကိုကိုအပြင်ထွက်ပါမယ်..ဖူးလေးကိုချစ်လိုစတာပါနော်.. အဝတ်စားကအများကြီးရှိတယ်လေး..ကြိုက်တာဝတ်ပေါ့"


"ဟွန့်..ဘာကိုကိုလည်းရှင်နော်.."


"ကဲ့ပါရန်တွေ့မနေနဲ့..လူအများရှေ့ကျရင်ခင်ဗျားကကျုပ်ကို..ကိုကိုခေါ်..ကျုပ်ကဖူးလေးလို့ခေါ်မယ်နော်..သူပြောတော့.သူမကနှုတ်ခမ်းဆူပြီးငြင်းဖို့ပြင်တော့


"ငြင်းမယ်မကျန်နဲ့..ဒီစံအိမ်မှာယောကျာ်းတွေချည်းပဲနော်..ခင်ဗျားကို..ကျုပ်မိန်းမဆိုလိုသာဘာမှမလုပ်တာ..ကျုပ်မိန်းမ.မဟုတ်ဘူးဆိုတာသိကြည့်..ခင်ဗျားတစ်ကိုယ်လုံးစုတ်ပြတ်သတ်သွားမယ်..အဝတ်စားတွေကလည်း..အပေါက်အပြဲတွေချည်းပဲ..ခင်ဗျား.ကျုပ်အင်ကျီယူဝတ်လိုက်..အဲဒါကမှလုံခြုံအုံးမယ်..ကျုပ်အပြင်..ထွက်ပေးမယ်..သိပ်လည်းဒေါသထွက်မနေနဲ့..ခင်ဗျားတစ်ကိုယ်လုံးကို.ကျုပ်မြင်ဖူးသား...ကျောအလယ်ကအမှတ်လေးကအရမ်းလှတာ"ပြောပြီးအခန်းပြင်ပြေးထွက်သွားလေရဲ့။


"နှဗူးကောင်..ရှင်ဘယ်လိုသိတာလဲ.ပြောပြီးဘေးနားကမြင်သမျှအရာတွေနဲ့.ပစ်ပေါက်တော့..သူကိုမထိပါ..အခန်းပြင်ရောက်သွားပြီးလေး။


ဖူးဖူး...အံ့သြမိပါတယ်..သူကဘယ်လိုသိတာလဲ..အဲဒီလူသတ်သမားလက်က..ဘယ်တော့လွတ်မှလဲမသိဘူး..ဘိုးဘိုးကြီးကိုလည်းသတိရတယ်..ပြောပြီးသူရဲ့အင်ကျီကိုဝတ်လိုက်တော့..

ကလေးကိုလူကြီးအင်ကျီပေးဝတ်ထားတာကျနေတာပဲ..အင်ကျီအရှည်က..သူမရဲ့ခြေသလုံးတစ်ဝက်ရောက်ပါတယ်..လက်ကအတိုမိုလို့တော်သေးတယ်..သူမရဲ့ပုံကိုမှန်ထဲမှကြည့်လိုက်တော့..စာခြောက်ရုပ်အဝတ်ဝတ်ထားပေးသလားမှတ်ရတဲ့..ဘယ်လိုကြည့်ကြည့်အဆင်မပြေပါ။


တိမ်ယံ..ခြံထဲမှာဖုန်းပြောနေပါတယ်..ဘေးနားမှာ..ဧကရာဇ်ဂိုဏ်းသားအစောင့်တွေ..သူကိုစောင့်ကြည့်နေတော့..သူစကားပြောရတာမလွတ်လိုက်ပါ။


"မင်းတို့ဘာတွေကြည့်နေတာလဲ..ကိုယ်အလုပ်ကိုယ်လုပ်ကြ..ကျုပ်ကိုတစ်ချိန်လုံးစောင့်ကြည့်မနေနဲ့...မင်းတို့ရဲ့ဂိုဏ်းချုပ်ကိုသွားပြောလိုက်..အခုလိုကျုပ်ကိုထောင်သားတစ်ယောက်လို့လိုက်ကြည့်နေရင်...ကျုပ်ဒီကနေမဖြစ်ဖြစ်တဲ့နည်းနဲ့ရအောင်ထွက်မှာလို့"


"မင်းအကြောင်းငါသိပါတယ်..ဟိုကောင်တွေကိုယ်အလုပ်ကိုယ်လုပ်ကြ"


"ဟုတ်ကဲ့ဂိုဏ်းချုပ်"


"ဂိုဏ်းချုပ်..ကျုပ်ကိုထိန်းချုပ်လိုမရဘူးနော်"


"သိပါတယ်ကွာ.ဒီညအလုပ်သာအဆင်ပြေစေကွာ"


"အဆင်ပြေမပြေကတော့..ကြိုသိရအောင်..ကျုပ်ကဗေဒင်ဆရာမဟုတ်ဘူး

ဘာတွေဘယ်လိုဖြစ်လာမလဲဆိုတာ..စောင့်ကြည့်မှာရမှာပေါ့"


"မင်းရဲ့အရည်အချင်းကို..ငါယုံတယ်"


"ခင်ဗျား..တစ်ဖက်ပြိုင်ဘက်အဖွဲ့ကိုလည်းအထင်မသေးနဲ့..မာယာချိုအကြောင်း..ခင်ဗျားသိတယ်နော်. "


"သိပါတယ်ကွာ..အစစအရာရာတော်လွန်လို..နှင်းဆီနက်ဂိုဏ်းချုပ်ဖြစ်နေတာကို့..အထင်ဘယ်သေးရဲပါမလား..ရုပ်ကချောသလောက်..ရက်စက်တဲ့နေရာမှာလေး..သူများနဲ့မတူအောင်ပဲလေး"


"သိရင်ပြီးရော့..မာယာချိုကနာမည်အတိုင်း..မာယာကလည်းများတယ်နော်..အခုအလုပ်ကသိပ်ပြီးခက်ခဲတယ်ဆိုတာသိထားပါပြောပြီး..တိမ်ယံ..ထွက်သွားပါတယ်။


ညတစ်နာရီထိုးအချိန်အခါမှ..တိမ်ယံ..ဟိုအလုပ်မလုပ်ခင်..သူမဆီကအနမ်းကိုလိုချင်ပါတယ်။ဒါကြောင့်အခန်းထဲဝင်ကာ..အိပ်ပျော်နေသော..သူမရဲ့ပါးလေးကိုမြတ်နိုးစွာနမ်းရှိုက်လိုက်တော့..သတိထားအိပ်နေတဲ့..သူမ..နိုးကာ.ရန်တွေ့မယ်ပြင်တော့..သူမရဲ့နှုတ်ခမ်းလေးကိုပါ..နမ်းလိုက်တယ်။


"အွန်းး..အင်း..ဟင့်"


ကြောက်လန့်တကြားရုန်းနေတဲ့သူမ.ကြောင့်..အနမ်းရပ်ပြီး


"မရုန်းပါနဲ့ကွာ..ကိုကို..ချစ်တေးသံကိုချစ်လို့ပါ..တကယ်လို့.ငုဝါ..လာခေါ်ရင်တစ်ခါထဲ..လိုက်သွားနော်..မကြောက်နဲ့သိလား..ကိုကို..ချစ်တေးသံလေးဆီအမြန်ပြန်ခဲ့မယ်.."


"ကျွန်မ.."


စကားကိုဆုံးအောင်ပွောခှငျမပေးဘဲ..သူမရဲ့နှုတ်ခမ်းလှလှလေး..ကိုအနမ်းတွေထပ်ပေးပြီးး.နဖူးကိုနမျးကအနမျးတှေကိုအဆုံးသတျလိုကျပွီး


"ကိုကို..ကချစ်တေးသံဆီက..ဘာစကားမှမကြားချင်ဘူး..ငုဝါခေါ်ရင်လိုက်သွားပါနော်...ကိုကိုကို့မကျေနပ်ရင်လည်း...ကိုကိုပြန်လာမှာရန်တွေ့နော်ပြောပြီး..ချက်ချင်းအခန်းပြင်ကိုထွက်သွားတယ်။


ဖူးဖူးကတော့.သူပြောတဲ့စကားတွေကိုနားမလည်စွာနဲ့ကျန်ခဲ့တယ်.."သူငါကိုဘာလိုချစ်တေးသံလိုခေါ်တာလဲ..ချစ်တေးသံက..သူရဲ့သတို့သမီးလောင်းမဟုတ်ဘူးလား..ပြီးတော့..သူကိုယ်သူ..ကိုကိုတဲ့..ငါရဲ့နှုတ်ခမ်းကိုခွင့်ပြုချက်မရှိဘဲနမ်းသေးတယ်...ဒီလူသတ်သမားအရူးထတာအရေးမကြီး..ငါနှလုံးခုန်မြန်ပြီးမကြာခင်သေမယ်..နှလုံးသားလေးရဲ့သိပ်မခုန်နဲ့...သူကပိုင်ရှင်ရှိပြီးသားလေး..လူသတ်သမားကြီးလေး..မချစ်မိစေနဲ့..ဒါနဲ့..မမငုဝါကလာခေါ်မယ်တဲ့..မအိပ်ပဲစောင့်နေတာကောင်းမယ်"..ပြောပြီးသူမ..မအိပ်ပဲ..သူနမ်းခဲ့တဲ့နှုတ်ခမ်းလေးကိုပြန်ကိုင်ပြီး..ကြည်နူးနေမိတယ်..ဘယ်လောက်ပဲကိုယ်ကိုဆုံးမ..သူရဲ့အနမ်းမှာပျော်ဝင်စိတ်ကထိန်းမရပါ။


"ဘယ်မှာလဲပိုက်ဆံ.."


"မာယာရဲ့..ပစ်စည်းကရော့"


"ဟိုမှာတွေ့လား"..မာယာမျက်ခုံးပင့်ပြီးပြလိုက်တော့


"အိုးးအမိုက်စားတွေပဲ...မိန်းကလေးတွေက..အပျိုစစ်ပါတဲ့နော်"


"စစ်တာမှသိပ်စစ်တယ်..သူတို့ကအသက်၂၀ပြည့်ပြီးသာတွေ..တောသူပျိုဖြူချောမလေးတွေ..လူတွေဘာပြောပြောယုံတဲ့လေး..ယင်ဖို့တောင်မသန်းဖူးဘူး..မာယာအာမခံတဲ့"


"ကောငျးပွီး..လူကအယောက်၂၀ပြည့်ပါတဲ့နော်"


"ပြည့်တဲ့ပေး..ပိုက်ဆံ..ကောင်းမလေးတွေကိုခေါ်သွားတော့..ပြောတုန်း


"ဒိုင်းး..ဒိုင်းး"


"သေနတ်သံကြောင့်..လူတွေအကုန်အကာကွယ်ယူပြီး..ပစ်ကြတယ်..ဧကရာဇ်ဂိုဏ်း..၊.နှင်းဆ်ီနက်ဂိုဏ်း၊..ဝယ်ဖိုလာတဲ့.ဇာမဏီဂိုဏ်းတို့သုံးဖွဲအပြန်အလှန်ပစ်ခဲ့ကြတယ်။


"တောက်..ငါအလုပ်ကိုဝင်ရှုပ်တဲ့..ဧကရာဇ်ဂိုဏ်းသေဖို့ပြင်..ပြောပြီး..မာယာချို..တစ်ယောက်အကာကွယ်ယူကာ..သေနတ်နဲ့တစ်ယောက်ပြီးတစ်ယောက်ပစ်သတ်နေပါတယ်။


တိုက်ပွဲကတော့အပြင်းအထန်ပါပဲ..ဆူံညံအော်ဟစ်သံတွေရော့စုံလို့..သေတဲ့လူတွေလည်းအများကြီးပဲ..


"တိမ်ယံကတော့..သုံးဖွဲ့လုံးကိုပစ်သတ်တာပါ..ဘယ်သူကိုမှအရှင်မထားပါဘူး..သေနတ်နဲ့ပစ်ရင်..မိန်းကလေးတွေထားတဲ့နေရာကို..ရောက်တော့...တံခါးဖွင့်ပေးပြီး...


"မကြောက်နဲ့..ကျုပ်မင်းတို့ကိုကယ်ဖို့လာတာ..ဟိုဘက်နားမှာ..ကားရှိတဲ့အကုန်ပြေးကြ..ကျုပ်ကာပစ်ပြေးထားမယ်..မငိုနဲ့ပြေးကြတော့"


"ဟာ..ဟိုမှာမိန်းကလေးတွေလွတ်ပေးနေပြီး..အဲဒီကောင်ကိုပစ်ကြပြောပြီး...တိမ်ယံကို..ပစ်မှတ်ထားပြီးပစ်ကြတယ်


"ဟေ့..မိန်းကလေးတွေငိုမနေနဲ့အမြန်ပြေး.."


"ဒိုင်း..."


တိမ်ယံ...ကောင်မလေးတွေသတိပေးနေတုန်း..အပစ်ခံရတာလက်မောင်းကို..ထိသွားသည်။


ကောင်မလေးတွေကအလန့်တကြားအော်တော့..

ဟေ့.အမြန်သွားကြ..အကုန်သေကုန်မယ်းးးသူအသံကုန်အော်ဟောက်လိုက်တော့...မိန်းကလေးတွေကားပေါ်..အကုန်ပြေးတက်ကြတယ်။


"ဒိုင်း....ဒိုင်းး


"တိမ်ယံ..ရင်ဘက်ကိုထိသွားတော့...မိန်ကလေးတွေတက်သွားတဲ့..ကားပေါ်ကလူသုံးယောက်ထွက်လာပြီး..တိမ်ယံကို..ကာပစ်ပေးကာ..ကားထဲကိုဆွဲခေါ်ပြီးအမြန်မောင်းထွက်လိုက်တယ်။


ကားပေါ်မှ..တိမ်ယံသွေးတွေအထွက်လွန်နေပါတယ်..လက်မောင်းက..တစ်ချက်..ရင်ဘက်မှာတစ်ချက်..သူရဲ့အင်ကျီအဖြူတစ်ထည်လုံးသွေးရောင်လွမ်းလျက်ပါ..။


ဆရာ..သတိထားအုံး..မိုးထက်..အမြန်မောင်းကွာ..ဝေလျှံ..ငါကိုမင်းယူလာတဲ့ပတ်တီးပေး...ဆရာကိုစည်းပေးမယ်လုပ်တော့...တိမ်ယံရဲ့မျက်ဝန်းတွေပြာကမှိတ်သွားပါတယ်။


ဆက်ရန်ဗျာ


စာရေးသူ သွေးမိန့် 


rate now: