ရွှေမင်းသမီးလေးရဲ့ချစ်တေးသံ
မိုးတွေရွာသွန်းချိန်....လျှပ်စီးတွေတစ်ဖျပ်ဖျပ်လျပ်လျက်ရှိသော ညအချိန်အခါကကြောက်မက်ဖွယ်ရကောင်းပါတယ်...တိုက်ပုအိမ်လေးထဲကမိသားစုလေးက..ရာသီဉတုနဲ့အညီဆိုးဝါးလျက်ရှိပါတယ်။
"ဟေ့ကောင်..မင်းရောင် ငါတို့ကိုကျောက်စိမ်းထုတ်ပေးနော်..မထုတ်ပေးရင်..မင်းမိသားစုအသက်ရှင်ဖို့ဘယ်လိုမှမဖြစ်နိုင်ဘူး"
"မပေးနိုင်ဘူး..ကျောက်စိမ်းကငါပိုင်တာကွာ
မင်းဝေစုကိုငါပေးပြီးပြီး မင်းမတရားလောဘမတက်နဲ့"
"အရမ်းခေါင်းမာနေပါလား..ဟေကောင်တွေဆုံးမလိုက်စမ်း"
"လက်မောင်းမှာဆေးမျင်ကြောင်..နဂါးပုံနဲ့လူကြီးရဲ့အမိန့်ပေးတဲ့အသံအဆုံးမှ..ဉီးမင်းရောင်ကို
လူသုံးယောက်ကဝိုင်းပြီးရိုက်နှက်ကြတယ်"
"အီးဟင့်..ဟင့်"
"တော်ကြာပါတော့ရှင့်..တောင်ပန်းပါတယ်"
"မင်းရောင်.မိန်းမကတောင်ပန်းနေပါလား
မင်းမိန်းမကတော်တော့ချောတာပဲ..ငါခဏသုံးခွင့်ရှိမလား"
"ဟေ့ကောင်..ခွေးကောင်..ငါမိန်းမကိုမထိနဲ့
အသက်ချင်းလှဲပစ်မယ်"
"ဟားး..ဟားးးအသက်ချင်းလှဲပစ်ရအောင်မင်းအသက်တောင်ငါဆီမှာပါကွာ..ကျောက်စိမ်းထုတ်ပေးမလား..မထုတ်ပေးဘူးလားပြော"
"ငါမှာမရှိဘူးဟေ့ကောင်"
"ငါလိုချင်တာအဲဒီအဖြေမဟုတ်ဘူးကွာ
ခွပ်...ခွပ်..ပြောစမ်းကျောက်စိမ်းဘယ်မှာလဲ"
"မင်းတို့ရန်ကိုကြောက်လို..ငါတစ်ခြားလူဆီပေးလိုက်ပြီး"
"တော်တော့ခေါင်းမာတဲ့ကောင်..ဟေ့ကောင်တွေ
အိမ်မှာရှိတဲ့လူတွေအကုန်ရှင်းပစ်..တစ်ယောက်မကျန်..ဒီကောင်ရဲ့့မိန်းမကိုတော့.....ငါအသုံးပြုပြီးငါရဲ့အပျော်မယားအဖြစ်ထားမယ်"
"ခွေးကောင်..မင်းအရမ်းယုတ်မာလွန်တဲ့မိုးကြိုး"
"ငါနာမည်မင်း..ပါးစပ်ကထွက်လာပြီးပေါ့...မင်းအတွက်လွတ်မြောက်ခွင့်မရှိဘူးပြောပြီး..
သေနတ်ထုတ်ပြီးခေါင်းကိုပစ်လိုက်တဲ့..ဒိုင်းးး
"အားး..မောင်..မောင်...အားးးး
အီးဟင့်ဟင့်...လူယုတ်မာကြီး"
"မငိုပါနဲ့..မြတ်လေးနွယ်...မင်းယောကျာ်းကခေါင်းမာလွန်တာကို့...ကိုယ်လည်းမလွယ်သာလိုသတ်လိုက်ရတာပါ"
"လူယုတ်မာ..နင်ကအရိုင်းဆိုင်းပဲ....သူငယ်ချင်းအရင်းကြီးတောင်..နင်လုပ်ရက်တဲ့..မိုးကြိုး..ငါနင်ကိုသိပ်မုန်းတယ်....."
"မုန်းတယ်..ဟုတ်လား..ဟားး..ဟားး
နင်အမုန်းဆုံးလုပ်ရပ်ကိုငါလုပ်ပြအုံးမှာ...
ဒါနဲ့နင်သားပျောက်နေတဲ့နော်...ငါရှာပြီးသတ်ရအုံးမှာပဲ"
"အရိုင်းစိုင်းကောင် လူယုတ်မာကြီး...ပြောပြီး
ဒေါ်မြတ်လေးနွယ်ထုရိုက်တော့....မိုးကြိုးကစိတ်တွေရှုပ်လိုက်ပြီး...သေနတ်နဲ့ပစ်ထည့်လိုက်တယ်။
"တောက်..ငါအချစ်နဲ့မတန်တဲ့မိန်းမ...သေတာကောင်းတယ်...ဟေ့ကောင်တွေဟိုကလေးကိုရှာမတွေ့ရင်...အိမ်မှာမရှိဘူးထင်တယ်....ရွှေတွေငွေတွေအကုန်ယူခဲ့...ပြီးရင်အိမ်ကိုမီးရှို့ခဲ့"
"ဟုတ်ကဲ့ဆရာ...."
"လူဆိုးတွေသူတို့လုပ်ချင်တာလုပ်ပြီးမှာထွက်သွားကြတော့....ငါးနှစ်အရွယ်ကလေးတစ်ယောက်က
ပုန်းနေရမှာထွက်လာပြီး...ရင်ကွဲမတက်ငိုကြွေးနေပါတယ်...ထိုအချိန်လူတစ်ယောက်ကရောက်လာပြီးကလေးငယ်ခေါ်သွားခဲ့ပါတယ်။
အနှစ်နှစ်ဆယ်ကြာပြီးနောက်....
"ဟေ့ကောင်..တိမ်ယံ...မင်းသတ်ပေးရမဲ့"
အသံကြောင့်..ဆေးလိပ်သောက်နေတာကို
မှုတ်ထုတ်ပြီး..မျက်နှာကမာကြောခက်ထန်လျက်
ရုပ်ကချောတဲ့ဆိုတာထက်ခန့်တဲ့လူမျိုး
ဆံပင်တိုတို..နက်နက်လေးက သူရဲ့မျက်နှာနဲ့လိုက်ဖက်လှပါတယ်။
"ပိုက်ဆံကဘယ်လောက်ပေးမှလဲ"
"သိန်းတစ်ထောင်..တဲ့"
"နည်းလွန်တဲ့..အဲဒီလူကိုသတ်ဖို့ကျုပ်အတွက်
အခကြေးငွေအရမး်နည်းတဲ့"
"ဒါဆိုရင်ဘယ်လောက်လဲ"
"သိန်းတစ်သောင်း"
"မများလွန်ဘူးလားကွာ...ဒီတစ်ခါဝင်ပြောသူက
အလုပ်အပ်မဲ့..ဉီးသီဟပါ။
"များတဲ့ထင်ရင်...ခင်ဗျာတပည့်တွေကိုသတ်ခိုင်းလေး"
"သတ်ခိုင်းပြီးပြီး...မိုးဒေဝါက..အရမ်းလည်တာ
ငါတပည့်တွေပဲသေကုန်တာ"
"ဒါဆိုရင်ကျုပ်တောင်းတဲ့ပိုက်ဆံကနည်းနေပြီးထင်တယ်"
"ဟေ့ကောင်..အဲဒီထက်ပိုမတောင်းပါနဲ့..ငါစျေးမဆစ်တော့ဘူး"
"ok. ..အဲဒီလူသေရင်..ကျုပ်ကိုပေးတာထက်ခင်ဗျား ဝင်ငွေဆယ်ဆမြတ်မှာပါ...ကျုပ်တစ်ပတ်အတွင်းအလောင်းပို့ပေးမယ်..ကျုပ်ကိုပိုက်ဆံတစ်ခါတည်းပေးခဲ့...ချက်လက်မှတ်ဆိုရင်ပိုကောင်းမယ်"
"ကောင်းပါပြီးကွာ..ငါပေးခဲ့မယ်"
"တိမ်ယံ ချက်လက်မှတ်ကိုယူပြီး...အခန်းထဲဝင်ခဲ့တယ်။
တိမ်ယံ..အရပ်က၆ပေ၃လက်မ..ဗလကတောင့်တောင့်ဖြောင့်ဖြောင့်...ရုပ်ရည်ကခန့်ညားတယ်
ကြေးစားလူသတ်သမားဆိုပေမဲ့ ဆေးမျင်ကြောင်ထိုးခြင်းမရှိပါ..စူးရှတဲ့သူရဲ့မျက်ဝန်းကသိမ်းငှက်တစ်ကောင်လိုပါပဲ...အပြုံးဆိုတာသူအတွက်လူသတ်ရတာလောက်မလွယ်ပါ။
လှပတဲ့မနက်ခင်းလေးကသာယာအေးချမ်းလျက်ရှိပါတယ်..နေရောင်ခြည်နွေးနွေးလေးက..မွေ့ယာပေါ်မှအိပ်စက်နေတဲ့...သူမရဲ့မျက်နှာနုနုလေးအပေါ်ကျလျက်ရှိသောကြောင့်....သူမမျက်နှာလေး
ပြုံးယောင်သန်းသွားတယ်..ထိုအချိန်မှာ
ဒေါက်..ဒေါက်..ဒေါက်....ကလေးနိုးပြီးလား
ထတော့လေး..အိပ်ပုတ်မလေး"
"ဟိ..ဟိ နိုးပါပြီးအထိန်းတော်ကြီးရဲ့
ဖူး..ကိုယ်လက်သန့်ရှင်းပြီးရင်အောက်ဆင်းခဲ့မယ်"
"ကောင်းပါပြီး...ကလေး"
"ဖူး..သီချင်းသံလေးတစ်ညည်းညည်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ပြီးအောက်ထပ်ကိုဆင်းခဲ့ပါတယ်။
"ဖူးလေး...မဂ်လာမနက်ခင်းပါဗျာ "
"ဟိ..ဟိ..ဘိုးဘိုးကြီးကလည်း...ဖူးကိုတရိုတသေနှုတ်ဆက်နေရသေးတယ်"
"နှုတ်ဆက်ရတာပေါ့ ပန်းမျက်ခြယ်ရံစံအိမ်ရဲ့.
သခင်မလေးရဲ့"
"ဘိုးဘိုးကြီးကလည်း..... ဖူး..သခင်မ..မဖြစ်ချင်ဘူး...ဖူးရဲ့အိပ်မက်က..စံအိမ်အပြင်ရဲ့လူတွေကို
ကူညီချင်တာ"
"တိတ်စမ်း ဆက်မပြောနဲ့ ဖူးဖူး စံအိမ်အပြင်ကလူတွေက..ကြောက်ဖို့ကောင်းတဲ့ နောက်ဘယ်တော့မှဒီစကားမပြောနဲ့"
မနက်ခင်းမှာပျော်ရွှင်နေတဲ့ ဉီးဘုန်းလျှံရဲ့ မျက်နှာကခက်ထန်တင်းမာလျက်ရှိပါသည်။
"ဘယ်အချိန်ထိ ဖူးကို..ဒီစံကနေပိတ်လှောင်ထားမှာလဲ ဘိုးဘိုးကြီး ဖူး.ကအသက်၂၀ပြည့်ပြီးပြီးနော် အရွယ်ရောက်ပြီးသာလူတစ်ယောက်ပါ
ဖူး အပြင်လောကကိုရောက်ဖူးချင်တယ်"
တိတ်စမ်း.. ဆက်မပြောနဲ့.. ဉီးဘုန်းလျှံ ဆိုတဲ့ငါက
စကားနှစ်ခါမပြောဘူး ဖူးဖူး....ပြောပြီးထမင်းစားပွဲကိုမှောက်ပစ်ပြီးထွက်သွားတယ်။
ထမင်းစာခန်းထဲကလူတွေကြောက်လန့်သွားသလို့
ဖူးဖူးက..တော့ငိုပြီကျန်ခဲ့တယ်။
"မနက်စောစောစီး..မိဖူးတို့ကတော့ မီးမွှေးလိုက်ပြန်ပြီး...ဒေါ်မြတ်သူဇာပြောပြီး စိတ်ပျက်နေသလို့
ကျန်တဲ့လူတွေကလည်းမုန်းတီးစွာ ကြည့်နေကြတော့ ဖူးမျက်ရည်တွေနဲ့...ကိုယ်အခန်းကိုယ်ပြန်ခဲ့
ပါတယ်။
"တိမ်ယံ... ဆေးလိပ်သောက်လျက်....ကိုက်.၅၀ကနေ့ဝေးသော..တိုက်အပေါ်ဆုံးကနေ
သေနတ်ချိန်ထားပြီး...မိန်းမလှလေးများစွာနဲ့
ပျော်ပါးနေသော မိုးဒေဝါ နဖူးတည့်တည့်ချိန်ပြီး
ပစ်သတ်လိုက်တယ်။
"ဒိုင်း..ဆိုတဲ့အသံနဲ့အတူ...မိုးဒေဝါရဲ့လူတွေ့ပျာယာခတ်ပြီး..ပစ်လိုက်တဲ့နေရာကိုရှာပြီး
ချက်ချင်းလိုက်လာကြတယ်။
တိမ်ယံ ကတော့တိမ်တိုက်ပမာလျင်မြန်စွာ ထိုနေရာကနေအမြန်ဆုံးထွက်ခွာလိုက်သည်။
နောက်နေ့ဆက်ရန်ဗျာ စာဖတ်သူတစ်ဉီးချင်းကို ကျေးဇူးတင်လျက်ပါဗျာ😍😘
စာရေးသူ သွေးမိန့်