💚 အ ကြင် နာ လက် တစ် ကမ်း 💚
~~~~~~~~
"သူကတော့ဆရာတို့ဆေးရုံကြီးရဲ့
ခွဲစိပ်ပါရဂူတစ်ယောက်ဖြစ်တဲ့ဒေါက်တာစည်းစနစ်ပါ
မောင်စည်းစနစ် ဒီမိန်းကလေးက....
ရွှေဘုံဗိမ္မာန်လေးရဲ့လူနာရှင်ပဲ...."
လွန်ခဲ့တဲ့နာရီပိုင်းလေးအတွင်းကအခြေအနေနှင့်
ခြားနားစွာဆေးရုံအုပ်ကြီးရုံးခန်းထဲ
မျက်နှာချင်းဆိုင်အနေအထားနှင့်ရှိနေခဲ့ကြတဲ့
စည်းနဲ့သူမ....
ဘယ်အခါမဆိုရင်ထဲကခံစားချက်တွေကို
မျက်နှာပေါ်အရိပ်ထင်နေတဲ့အထိသတိလက်လွတ်
မဖြစ်ခဲ့ဖူးတဲ့စည်းရဲ့မျက်နှာကမြင်နေကြအတိုင်း
တည်ငြိမ်နေခဲ့ပေမဲ့ရီဝေနေတဲ့မျက်ဝန်းအစုံကတော့
မျှော်လင့်ချက်မဲ့နေတဲ့လူတစ်ယောက်လိုပါပဲ...
သို့ပေမဲ့ဆန့်ကျင်ဘက်သူမရဲ့မျက်ဝန်းတွေက
စည်းကိုတစ်ခါမှမသိဖူး၊မမြင်ဖူးခဲ့တဲ့
သူတစ်ယောက်လိုမျိုးစိမ်းသက်နေခဲ့၏....
"ရွှေဘုံဗိမ္မာန်လေးဆေးရုံစတက်တဲ့နေ့ကနေစပြီး
အော်ပရေးရှင်းလုပ်မဲ့အချိန်ထိ....
မောင်စည်းစနစ်ကတာဝန်ခံဆရာဝန်အဖြစ်
တာဝန်ယူပေးမှာပါ.....သမီး..."
"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်ဒေါက်တာ....."
ခေါင်းလေးညွတ်ကာတလေးတစား
ပြောလာတဲ့ပုံကိုကြည့်ပြီးရင်ထဲကဆစ်ခနဲ
နာကျင်သွားခဲ့ရ၏...
ရှေ့ဆက်ပြီးဆရာဝန်ကြီးကရွှေဘုံဗိမ္မာန်လေးရဲ့
ရောဂါအခြေအနေအကြောင်းသူမကို
နားလည်လွယ်အောင်အသေးစိတ်ရှင်းပြ
နေတာတွေကိုလဲစည်းနားထဲမှာကြားတစ်ချက်
မကြားတစ်ချက်နှင့်ဘာမှလဲဝင်မပြောနိုင်ခဲ့ပဲ....
အာရုံထဲတဝဲလည်လည်ဖြစ်နေတာက
လွန်ခဲ့သောအချိန်အနည်းကသူမပြောခဲ့တဲ့
စကားတွေသာဖြစ်တော့၏....
"နင်လဲအခုလက်ရှိဘဝမှာအသားကျနေပြီပဲ
နင်လိုချင်တဲ့အခြေအနေ၊နင်လိုချင်တဲ့အဆင့်အတန်း
နင်လိုချင်တဲ့ဘွဲ့ထူးဂုဏ်ထူးတွေနင့်မှာအားလုံး
ရှိနေပြီလေ....ကျေးဇူးပြုပြီးနင့်ဘဝထဲမှာ
နင်ပျော်အောင်နေပေးပါ ငါခံစားခဲ့ရသလို
နာကျင်မူ့တွေငါ့သမီးလေးကိုထပ်ပြီးမပေးချင်ပါနဲ့
ငါတောင်းပန်ပါတယ်.....စည်းရယ်
ငါတောင်းပန်ပါတယ်....."
တစ်ကယ်ဆိုစည်းမသိနိုင်ခဲ့ဘူး...ကိုယ့်ရဲ့အိပ်မက်
နောက်ကိုပဲခက်ခဲပင်ပန်းစွာပြေးလိုက်နေမိခဲ့တဲ့
အချိန်တွေမှာစည်းပစ်ပယ်ထားခဲ့မိတာသူမ
တစ်ယောက်ထဲမဟုတ်ခဲ့ဘူးဆိုတာကိုပေါ့....
နောင်တဆိုတာအချိန်လွန်မှရတတ်တာမို့
အခုစည်းရဲ့နှောင်းနောင်တတွေအတွက်
စောင့်ကြိုနေတဲ့ရလာဒ်က...ဘဝမှာတစ်ဦးတည်းသော
မိန်းကလေးဖြစ်ခဲ့တဲ့သူမရဲ့နာကျည်းမူ့တွေနဲ့
သနားစဖွယ်နှလုံးဝေဒနာသည်လေးအဖြစ်
မွေးဖွားလာတဲ့ရွှေဘုံဗိမ္မာန်ဆိုသောသမီးလေးရဲ့
ဖြစ်တည်မူ့ပါပဲ...
ဒါဟာစည်းအတွက်တစ်ပါတ်လည်လာခဲ့တဲ့
နာကျင်မူ့ကံတရားများလား??
~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"အချစ်...."
ဆေးရုံအုပ်ကြီးရဲ့ရုံးခန်းထဲကနေ
အရင်ထွက်လာခဲ့တာပေမဲ့ခြေသုံးလှမ်းမျှပင်
မလှမ်းရသေးတဲ့အချိန်မှာပဲအနောက်မှကြားလိုက်ရတဲ့
သူ့ရဲ့ခေါ်သံကြောင့်အချစ်နေရာမှာတင်ခြေစုံ
ရပ်မိသွားခဲ့၏.....
"ငါနင့်ကိုပြောစရာကျန်သေးတယ်...."
အနားကိုရောက်လာပြီးပြောလိုက်တဲ့သူ့ကို
အချစ်တည်ငြိမ်နေတဲ့မျက်နှာလေးနှင့်
ခေါင်းမော့ကြည့်လိုက်မိရင်း....
"ငါတို့ကြားမှာပြောစရာတွေကုန်သွားပြီလို့
ထင်တယ်စည်း....နင်ကအခုငါ့သမီးလေးရဲ့
တာဝန်ခံဆရာဝန်တစ်ယောက်ဆိုတာအပြင်
ငါ့ခေါင်းထဲမှာဘာမှမရှိတော့ဘူး..."
"အဲ့လောက်လွယ်လား...နင်ငါ့ဘက်ကိုရော
ထည့်ပြီးမစဉ်းစားပေးတော့ဘူးလားအချစ်...
ငါကလဲသမီးလေးရဲ့အဖေပါ...မျက်စိရှေ့မှာ
ရောဂါသည်သမီးလေးကိုမြင်နေလျက်နဲ့
ဆရာဝန်တစ်ယောက်ထပ်ပိုပြီးထွေးပွေ့ခွင့်၊
ယုယခွင့်မရှိတော့ဘူးလား....ငါတောင်းပန်ပါတယ်
ငါ့အပေါ်အဲ့လောက်ထိမရက်စက်ပါနဲ့....."
`မရက်စက်ပါနဲ့´တဲ့လား..အချစ်ထိုစကားကို
နားထောင်ပြီးနာနာကျင်ကျင်ပြုံးလိုက်မိသည်
ထင်၏....
"တစ်ကယ်တမ်းငါ့အပေါ်ရက်စက်ခဲ့တာ
တစ်ကယ်တမ်းငါ့ဘက်ကိုဘယ်တုန်းကမှ
မစဉ်းစားပေးခဲ့တာနင်ပါဟာ.."
အချစ်ရဲ့တန်ပြန်စကားကြောင့်သူ့ရဲ့
မျက်ခုံးတန်းတွေနာကျင်စွာတွန့်ချိုးကျသွားခဲ့သည်။
"ငါလဲနင့်ကိုတောင်းပန်ပါတယ်..ဒီထက်ပိုပြီး
ငါ့စိတ်တွေကို ရူပ်ထွေးအောင်မလုပ်ပါနဲ့...
ဒီအတိုင်းတောင်နင့်ရှေ့မှာဒီလိုပုံစံမျိုးနဲ့ရှိနေရတာ
ငါရင်နာရလွန်းလို့ရူးတော့မယ်....
နင်သိရဲ့လား....ကျေးဇူးပြုပြီးဒီအတိုင်း
မသိခဲ့ဖူးတဲ့လူတွေလိုပဲနေပေးပါ..."
စကားအဆုံးအချစ်သူ့ကိုတိုးတိုက်ရင်း
နေရာကနေလှမ်းထွက်လာခဲ့လျှင်နေရာမှာတင်
ခြေစုံရပ်ပြီးသူကျန်နေခဲ့မှန်းသိပေမဲ့လဲ
တစ်ချက်လေးတောင်လှည့်မကြည့်ဖြစ်ခဲ့ပါပဲ......
~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"ေမ့..."
အချစ်ဆေးရုံခန်းလေးထဲလှမ်းဝင်လိုက်တာနှင့်
ဆေးရုံကုတင်ပေါ်မှာငြိမ်ကုပ်ကုပ်လေး
ထိုင်နေတဲ့သမီးလေးကဝမ်းသာအားရမျက်နှာလေး
ဖြစ်သွားသည်။
အချစ်သမီးလေးရဲ့နားကိုခပ်သွက်သွက်
လျောက်သွားရင်းဖြူဖပ်ဖပ်မျက်နှာလေးကို
ပွတ်သပ်ပေးကာပြုံးပြလိုက်တော့
သမီးလေးကအချစ်ကိုမျက်လုံးဝိုင်းလေးတွေနှင့်
မော့ကြည့်လာခဲ့ရင်း...
"မေမေဘယ်ကိုသွားနေတာလဲဟင်
အကြာကြီးပဲ...ဟိုဒေါက်တာဦးဦးက
မေမေ့ကိုဘယ်ခေါ်သွားတာလဲ..."
သမီးလေးရဲ့အမေးကြောင့်အချစ်အပြုံးမပျက်ပဲ
ကုတင်ကျဉ်းလေးပေါ်ဝင်ထိုက်လိုက်ကာ
သမီးလေးရဲ့ဆံနွယ်ပျော့လေးတွေကို
ပွတ်သပ်ပေးလိုက်သည်။
"အဲ့ဒီ့ဒေါက်တာဦးဦးကမီးလေးကို
နေကောင်းအောင်ကုပေးမဲ့ဆရာဝန်လေမီးလေးရဲ့
အဲ့ဒါကြောင့်မေမေကအဲ့ဒီ့ဒေါက်တာဦးဦးနဲ့
စကားသွားပြောနေတာ...."
"ဟုတ်လား..."
မျက်လုံးလေးပေကလပ်ပေကလပ်လုပ်ကာ
ပြန်မေးလာတဲ့သမီးလေးကိုကြည့်ပြီး
သူ့ရှေ့မှာတင်းခံထားတဲ့အချစ်ရဲ့
စိတ်နှလုံးတစ်ခုလုံးအရည်ပျော်သွားခဲ့ရ၏...
ဝေါခနဲပြိုဆင်းလာတဲ့မျက်ရည်တွေကို
သမီးလေးမမြင်နိုင်အောင်ဦးခေါင်းလေးကို
ရင်ခွင်ထဲအတင်းဖိကပ်ဖက်ထားပစ်လိုက်ရင်း
ရိူက်သံမထွက်အောင်အောက်နူတ်ခမ်းကို
မညှာမတာဖိကိုက်လိုက်၏...
ဘာလို့လဲ...??ဘာလို့တိုက်တိုက်ဆိုင်ဆိုင်
သူနဲ့ဒီလိုမျိုးပြန်ဆုံခဲ့ရတာလဲ....
ဒီအတိုင်း..ဒီဘဝလေးမှာအချစ်အသားကျနေပြီလေ
သမီးလေးကိုအချစ်တစ်ယောက်ထဲ
တစ်သက်လုံးစောင့်ရှောက်သွားဖို့
ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေနှင့်သံဓိဌာန်တွေ
ချခဲ့ပြီးကာမှတစ်သက်လုံးပြန်မဆုံတော့ဘူးလို့
ဆုံးဖြတ်ထားခဲ့တဲ့သူကဒီနေရာမှာ
ပေါ်လာခဲ့တာတဲ့လား??
ပြီးတော့တိုက်တိုက်ဆိုင်ဆိုင်သူကသမီးလေးရဲ့
တာဝန်ခံဆရာဝန်တဲ့လေ....
ဖြစ်နိုင်ရင်အချစ်သမီးလေးရဲ့လက်ကိုဆွဲပြီး
ထပ်ပြီးဒီနေရာကနေရောသူ့ရှေ့ကနေပါ
အဝေးဆုံးကိုပြေးထွက်သွားလိုက်ချင်ပေမဲ့
ဒါကသမီးလေးရဲ့အသက်နဲ့သက်ဆိုင်နေတဲ့
အခြေအနေမို့အချစ်ရဲ့စိတ်ခံစားချက်အချစ်ရဲ့
အတ္တတွေကိုရှေ့တန်းမတင်နိုင်ခဲ့ဘူး....
အချစ်ဒီထက်ပိုပြီးကြံ့ခိုင်မှရမယ်....
အချစ်ဒီ့ထက်ပိုပြီးပြတ်သားမှရမယ်....
အဲ့ဒါမှသမီးလေးကိုအချစ်စောင့်ရှောက်နိုင်မှာ...
"ဟင့်..."
ရင်ထဲမှာနာကျင်စွာဖွဲ့သီနေတဲ့စကားလုံး
ပေါင်းများစွာနှင့်ခပ်ကြိတ်ကြိတ်ထွက်သွားခဲ့တဲ့
အချစ်ရဲ့ရိူက်သံတစ်ချက်ကိုသမီးလေး
မကြားနိုင်မှန်းသိပေမဲ့လဲအချစ်...သမီးလေးကိုသာ
ပိုပြီးတင်းကြပ်သွားအောင်ပွေ့ဖက်ထားလိုက်
မိတော့၏....
"မေမေ...တောင်းပန်ပါတယ်ရွှေဘုံလေးရယ်..."
~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"ရွှေဘုံဗိမ္မာန်...."
လက်တော့ပ်စက္ကရင်မှာပေါ်နေတဲ့ဓာတ်ပုံလေးနှင့်
၄နှစ်အရွယ်လူမမယ်လေးတစ်ယောက်ရဲ့
ခက်ခဲပင်ပန်းစွာခံယူခဲ့ရသောဆေးကုသမူ့
မှတ်တမ်းအသေးစိတ်....
စည်း...ထိုအရာကိုငြိမ်သက်စွာနှင့်မမှိတ်မသုန်
စိုက်ကြည့်နေခဲ့တာမှန်ပေမဲ့ဘာတစ်ခုကိုမှ
သဲကွဲစွာမမြင်နိုင်ခဲ့တာကမျက်ဝန်းမှာပြည့်အိုင်နေတဲ့
မျက်ရည်တွေကြောင့်ဖြစ်လိမ့်မည်ထင်သည်။
စည်း...စက္ကရင်ပေါ်ကထိုပုံရိပ်လေးကို
လက်ချောင်းတို့ဖြင့်ခပ်ဖွဖွတို့ထိလိုက်မိချိန်မှာပဲ..
ပေါက်ခနဲကြွေကျသွားတဲ့မျက်ရည်စက်က
စားပွဲထက်ကိုစွန်းထင်းသွားခဲ့၏...
"7.11.2016...ငါ့သမီးလေးငါ့ဘဝထဲကို
စပြီးရောက်လာခဲ့တဲ့အဲ့ဒီ့နေ့ကထဲက
ငါသမီးလေးရဲ့မျက်နှာကိုစမြင်လိုက်တဲ့
အဲ့ဒီ့နေ့ထဲကဆုံးဖြတ်လိုက်တယ်..ငါနင့်ကို
အပြီးတိုင်စွန့်လွတ်လိုက်တော့မယ်လို့ပေါ့..."
"..........."
"နင်သိမှာမဟုတ်ပါဘူး ငါ့သမီးလေးရဲ့
မွေးစာရင်းမှာအဖေနာမည်ထည့်ခါနီး
ငါကျခဲ့ရတဲ့မျက်ရည်တွေကို...
ရက်သားလေးနဲ့ကြပ်မတ်ဆောင်ထဲမှာ
အောက်စီဂျင်ပေးထားရတဲ့သမီးလေးကို
အပြင်ကနေငေးကြည့်ပြီးကျခဲ့ရတဲ့ငါ့မျက်ရည်တွေ
တခြားကလေးတွေလိုနို့ကောင်းကောင်း
မစို့နိုင်ပဲအသက်ရူမဝလို့ငိုနေတဲ့
သမီးလေးကိုကြည့်ပြီးငိုခဲ့ရတဲ့ငါ့မျက်ရည်တွေ
နင်ဘယ်တော့မှနားလည်နိုင်မှာမဟုတ်ပါဘူး
ဘာလို့လဲဆိုရင်ခံစားခဲ့ရတဲ့သူကနင်မှမဟုတ်ပဲ..."
"............."
"နင်နဲ့ငါကကံကုန်သွားခဲ့ပြီစည်း...ငါနင့်ကို
သမီးလေးရဲ့အဖေအဖြစ်အသိအမှတ်ပြုပေမဲ့
ငါနဲ့သမီးလေးရဲ့ဘဝအတွက်နင့်ကိုမလိုအပ်ဘူး..."
သူမပြောခဲ့တဲ့စကားအခွန်းတိုင်းက
ရင်ခွင်အနှံ့မှာစိုက်ဝင်နေတဲ့မြှားအစင်းစင်းလိုပါပဲ..
ထိုစကားလုံးတွေထဲကနေစည်းရှာဖွေ
ခံစားခဲ့မိသောထုထည်ကြီးမားလှတဲ့သူမရဲ့
နာကျင်မူ့တွေကိုစည်းဘယ်လိုအရာနဲ့
နှစ်သိမ့်ဖြေလျော့နိုင်ပါ့မလဲ...
သူမရဲ့စိတ်ထဲမှာစည်းနဲ့ပါတ်သတ်ပြီးရှိခဲ့သမျှက
နာကျင်စရာအမှတ်တရတွေချည်းပဲလို့
နားလည်လိုက်ချိန်မှာစည်းဟာသူမနဲ့
မဆုံနိုင်တဲ့လမ်းခွဲတစ်ခုမှာခြေစုံရပ်နေမိပြီဆိုတာကိုလဲ
အသေအချာနားလည်လိုက်ရ၏....
ဒါပေမဲ့စည်းသူမကိုမစွန့်လွှတ်နိုင်ဘူး...
အဲ့လိုပဲ...အသိနောက်ကျနေခဲ့ပေမဲ့
သနားစရာရောဂါသည်သမီးလေးကိုပိုလို့
မစွန့်လွှတ်နိုင်ဘူး....
နောက်ဆုံးအနေနဲ့ထပ်ပြီးနားလည်လိုက်တာက
ရှေ့ဆက်ရမဲ့အရာအားလုံးကစည်းအပေါ်
မူတည်နေခဲ့ပြီဆိုတာပါပဲ....
"နင်နဲ့သမီးလေးကိုငါလုံးဝမစွန့်လွှတ်နိုင်ဘူး
အချစ်....ငါ.လုံး.ဝ.မ.စွန့်.လွှတ်.ဘူး..."
~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"ဟုတ်...အချစ်တို့အဆင်ပြေပါတယ်အန်တီနှင်း
လိုအပ်တဲ့အသုံးအဆောင်တွေအားလုံးကိုလဲ
အိမ်ကထည့်ယူလာတာဆိုတော့ဘာမှ
ကသီလင်တတော့မဖြစ်ပါဘူး..."
"အဆင်ပြေတယ်ဆိုတော့တော်သေးတာပေါ့
အချစ်ရယ်...ခွဲစိတ်မူ့မလုပ်ခင်ဆေးရုံက
ဘယ်လောက်ကြာအောင်တက်ရမှာတဲ့လဲ..."
"အဲ့ဒါတော့အချစ်လဲအတိအကျမသိသေးဘူး
အဓိက,က..ရွှေဘုံလေးရဲ့ကိုယ်ခံအားကောင်းဖို့နဲ့
ကျန်းမာရေးအခြေအနေပေါ်မှာလဲမူတည်နေတာလေ..."
အချစ်ရဲ့အဖြေကြောင့်ဖုန်းထဲကနေ
အန်တီနှင်းရဲ့သက်ပြင်းချသံခပ်သဲ့သဲ့ကို
ကြားလိုက်ရပြီး..
"အင်း..ငါ့တူမလဲလူခွဲမရှိတော့
ပင်ပန်းတော့မှာပဲ..."
"မပင်ပန်းပါဘူးအန်တီနှင်းရယ်..သမီးလေး
နေကောင်းဖို့ပဲ..."
"စားဖို့သောက်ဖို့အတွက်တော့ဘာမှမပူနဲ့နော်
အန်တီနေ့တိုင်းချက်ပြုတ်ပြီးသမီးအစ်ကို,ကို
ဆေးရုံပို့ခိုင်းပေးမယ်..."
"အို..မလုပ်ပါနဲ့အန်တီနှင်းရဲ့အလုပ်ပိုအောင်
အချစ်တို့ဝယ်စားမှာပါဆေးရုံနားမှာ
ထမင်းဆိုင်တွေပေါပါတယ်...."
အချစ်အားနာစွာနဲ့အသည်းအသန်ငြင်းပေမဲ့လဲ
အန်တီနှင်းကလက်မခံခဲ့....
"အမလေးညည်းတို့သားအမိနှစ်ယောက်စာ
ပိုချက်လိုက်ရုံနဲ့ထူးပြီးမပင်ပန်းပါဘူးအချစ်ရယ့်
အန်တီလဲ ရွှေဘုံလေးအတွက်တတ်နိုင်သလောက်
ကူညီပေးတာပဲမငြင်းပါနဲ့..."
"အချစ်ကအားနာလို့ပါအန်တီနှင်းရယ်"
"ဘာအားနာစရာရှိလဲကွယ်..တစ်ရပ်ကွက်ထဲ
သားချင်းမိသားစုတွေပဲကို...ပြီးတော့အချစ်ကို
ကြည့်ရတာဟိုးအရင်အန်တီ့ကိုယ်အန်တီမြင်နေ
ရသလိုပဲ...အသက်ငယ်ငယ်နဲ့ကလေးတစ်ဖက်
ရုန်းကန်နေရပေမဲ့ခိုင်မာတဲ့အချစ်ရဲ့စိတ်ဓာတ်ကို
အန်တီတစ်ကယ်ချီးကျူးတယ်...အဲ့ဒါကြောင့်
အန်တီတတ်နိုင်သလောက်သမီးတို့အတွက်
ကူညီပေးတာကိုတော့လက်ခံပေးပါအချစ်ရယ်..."
မငြင်းနိုင်တဲ့စာနာမူ့ပါသောစေတနာစကားတွေမို့
နောက်ဆုံးတော့အချစ်ခေါင်းငြိမ့်လက်ခံ
လိုက်ရုံသာတတ်နိုင်တော့သည်။
အန်တီနှင်းနဲ့ဖုန်းပြောပြီးသွားတော့
အချစ်ဆေးရုံကုတင်လေးပေါ်မှာပုံပြင်စာအုပ်လေး
ကြည့်နေသောသမီးလေးဘေးမှာ
ဝင်ထိုင်လိုက်သည်။
"ရွှေဘုံလေး..ဆေးသောက်ရတော့မယ်နော်..."
ဆေးဆိုတဲ့အသံကြားတာနှင့်ရွှေဘုံလေးက
ပုံပြင်စာအုပ်ကိုပိတ်ကာအချစ်ကိုမော့ကြည့်ပြီး
ခေါင်းလေးဆတ်ခနဲငြိမ့်ပြသည်။
တစ်ချိန်လုံးဆေးတွေနဲ့အသက်ဆက်ခဲ့ရပေမဲ့
တစ်ချိူ့ကလေးတွေလိုဆေးတိုက်တဲ့အချိန်တိုင်း
ငိုယိုအော်ဟစ်တာမျိုးတွေကိုဘယ်တုန်းကမှ
မရှိခဲ့တဲ့သမီးလေးကအရွယ်လေးနဲ့မလိုက်အောင်
သိတတ်လိမ္မာလွန်းသည်။
အခုလဲကြည့်လေဒီနေ့မှဆေးရုံကပေးထားတဲ့
ဆေးတွေက၅မျိုးထက်မနည်းပေမဲ့
အချစ်လက်ဖဝါးထဲကနေတစ်လုံးချင်းစီယူပြီး
ရေဖန်ခွက်လေးကိုကိုင်ကာတဂွပ်ဂွပ်နှင့်
မျက်နှာလေးရူံ့ပြီးမြိုချနေရှာတာ....
"မေမေ့ရဲ့မီးလေးကတော်လိုက်တာ...
ကဲ..ဆေးသောက်ပြီးပြီဆိုတော့အိပ်ရမယ်နော်..."
"ဟုတ်...မီးကဒီမှာအိပ်ရင်မေမေကရောဘယ်မှာ
အိပ်မှာလဲဟင်...."
သမီးလေးရဲ့အမေးကြောင့်အချစ်ရဲ့မျက်ဝန်းတွေက
အခန်းထောင့်မှာရှိတဲ့ဆေးရုံကုတင်အပိုလေး
တစ်လုံးဆီရောက်သွားခဲ့ရင်း...
"မေမေကဟိုမှာအိပ်မှာပေါ့...."
"ဒါဆိုမေမေကမီးနဲ့အတူမအိပ်ဖူးပေါ့..."
နူတ်ခမ်းလေးစူပြီးပြန်မေးလာတဲ့သမီးလေးကြောင့်
အချစ်ပြုံးလိုက်မိရင်း....
"မီးလေးကလိမ္မာရဲ့သားနဲ့...ဒါကဆေးရုံလေ
မေမေကဒီကုတင်ပေါ်မှာအိပ်လို့မရဘူး...."
စကားကိုနားလည်အောင်ပြောရင်ထပ်ပြီးဂျီမကျပဲ
လက်ခံပေးတတ်တာကလဲရွှေဘုံလေးရဲ့
ချစ်စရာအကျင့်လေးတစ်ခုပင်...
အခုလဲခေါင်းလေးငြိမ့်ကာနာခံရင်းဆေးရုံကုတင်
ပေါ်မှာလှဲလိုက်တော့အချစ်စောင်လေးကို
ဆွဲခြုံပေးလိုက်၏...
"မေမေ..မီးကိုပစ်တိုင်းထောင်သီချင်းလေး
ဆိုပြဦးလေ...."
"အင်းး...ဆိုပြမှာပေါ့မီးလေးရဲ့..."
ထုံးစံအတိုင်းတောင်းဆိုလာတဲ့သမီးလေးရဲ့
လက်ဖဝါးလေးတစ်ဖက်ကိုအချစ်ထွေးဆုပ်လိုက်ရင်း
ကျန်လက်တစ်ဖက်နှင့်ဦးခေါင်းလေးကိုဖွဖွ
အုပ်ကိုင်ပွတ်သပ်ပေးလိုက်သည်။
🎵သမီးလေးရယ်နားထောင်ကွယ်
မေမေသီချင်းဆိုမယ်..
🎵သမီးလေးရယ်နားထောင်တော့မေမေ
သီချင်းဆိုချော့....
🎵ပစ်တိုင်းထောင်လေးပုတိုတို
မျက်နှာပြုံးချိုချို...
🎵ပစ်ချင်သလိုပစ်လို့ချကျရာထောင်လို့ထား
🎵သူ့ဘဝနဲ့သူ့အဖြစ်တွေသူ့အဖြစ်တွေ
အံ့ဩလောက်ပါပေခြေတွေလက်တွေမရှိပါပဲ
ကိုယ်ထူကိုယ်ထအမြဲ.....
သီချင်းမဆုံးခင်မျက်တောင်လေးတွေ
မှေးစင်းယှက်ပိတ်လျက်အိပ်ပျော်သွားခဲ့တဲ့
သမီးလေးကြောင့်အချစ်ရဲ့ခပ်တိုးတိုးသီချင်းသံ
လေးလဲရပ်တန့်သွားခဲ့ရင်းဆေးရုံခန်းရဲ့
မီးရောင်ဖျော့ဖျော့အောက်မှာအပြစ်ကင်းစင်
လွန်းနေသည့်သမီးလေးရဲ့မျက်နှာနုနုလေးအား
ရင်နာနာနှင့်ငေးမောကြည့်နေခဲ့သည်။
"မေမေ့သမီးလေး...အမြန်ဆုံးနေကောင်း
လာရမယ်နော်...သိရဲ့လား..."
တိုးသဲ့စွာရေရွတ်လိုက်မိရင်းအချစ်
သမီးလေးရဲ့နဖူးပြင်လေးအားဖွဖွငုံ့နမ်းလိုက်တဲ့အခါ
ပူနွေးတဲ့မျက်ရည်စီးကြောင်းလေးတစ်ခုက
ပါးပြင်ထက်ကိုဖြတ်သန်းစီးဆင်းသွားခဲ့တော့၏...
"............."
ဆေးရုံခန်းထဲကမြင်ကွင်းလေးကို
ငေးကြည့်နေရင်းခပ်ဟဟဖွင့်ထားတဲ့
တံခါးရဲ့တစ်ဖက်မှာရပ်နေတဲ့စည်းရဲ့
ခြေလှမ်းတွေကရှေ့မတိုးနိုင်ခဲ့သလို
နောက်လဲမဆုတ်နိုင်ခဲ့ပေ....
ဒါ...စည်းရဲ့အခုလက်ရှိအခြေအနေပါပဲ...
နှစ်ပေါင်းများစွာအနားမှာရှိနေပေးပြီး
စည်းအတွက်ဘာမဆိုအနစ်နာခံဖြည့်ဆည်းပေးခဲ့သော
တစ်ဦးတည်းသောမိန်းကလေးသူမရဲ့
မျက်ရည်တွေကိုမြင်နေလျက်နဲ့ထွေးပွေ့နှစ်သိမ့်ခွင့်
မရခဲ့ဘူး....
အဲ့လိုပဲသနားစရာဝေဒနာသည်သမီးလေး
ရှေ့မှာလဲအဖေတစ်ယောက်အဖြစ်
လိပ်ပြာလုံလုံမရပ်တည်နိုင်ခဲ့သလို
ထွေးပွေ့ခွင့်လဲမရခဲ့ဘူး...
တစ်ချိန်ကသူမစည်းကိုပြောခဲ့ဖူးတယ်...
"နင်နဲ့အတူပျော်ရွှင်တဲ့မိသားစုဘဝလေးကို
တည်ဆောင်ချင်တာငါ့ရဲ့အိပ်မက်"တဲ့လေ....
ဒါပေမဲ့သူမရဲ့မျှော်လင့်ချက်တွေအတွက်
စည်းပြန်ပေးနိုင်ခဲ့တာကနာကျင်မူ့တွေပါပဲ...
အဲ့ဒီ့အတွက်နောက်ပြန်လှည့်လို့မရနိုင်တော့မဲ့
အချိန်တွေအစား...ရှေ့ဆက်ရမဲ့အနာဂါတ်မှာ
သူမနဲ့သမီးလေးအတွက်ပေးဆပ်ခွင့်ရှိသလောက်
ပေးဆပ်သွားဖို့စည်းဆုံးဖြတ်လိုက်ပါပြီ....
"အရမ်းနောက်ကျသွားပြီဆိုတာသိပေမဲ့
အရာအားလုံးကိုတစ်ကပြန်စရမယ်ဆိုရင်
ငါနောက်မဆုတ်တော့ပါဘူး....အခုကစပြီး
နင်နဲ့သမီးလေးကငါ့ရဲ့အနာဂါတ်ပဲ...."
~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
အပိုင်း(၁၀)မျှော်
Writer by
#Hazel