💚 အ ကြင် နာ လက် တစ် ကမ်း 💚
~~~~~~~~~
စေ့ပိတ်ထားတဲ့ဆေးရုံခန်းလေးတစ်ခုရဲ့
တံခါးချပ်ကစည်းအတွက်တော့
နှလုံးသားတစ်ခုလုံးကိုပိတ်လှောင်ထားခဲ့မိသော
မွန်းကြပ်ခြင်းတံခါးချပ်ကိုဖွင့်ထုတ်စေခဲ့လိမ့်မယ်လို့
ကြိုမသိခဲ့မိဘူး.....
"လူနာရွှေဘုံဗိမ္မာန်အတွက်..ဆေးရုံအုပ်ကြီးက
အခန်းနံပါတ်၂၀၄ကိုစီစဉ်ပေးထားပါတယ်
ဒေါက်တာ...."
ဘေးကနေပါလာတဲ့သူနာပြုရဲ့စကားကို
ခေါင်းငြိမ့်အသိအမှတ်ပြုလိုက်ရင်း
ပုံမှန်လှမ်းလာတဲ့စည်းရဲ့ခြေလှမ်းတွေကတော့
အနည်းငယ်မျှပင်တုံ့ဆိုင်းခြင်းမရှိခဲ့....
"လူနာအတွက်ဆေးစစ်ဖို့ပြောထားပြီးပြီလား.."
"ဟုတ်ကဲ့..နေ့လည်၂နာရီလို့ပြောပြီးပါပြီ...."
စကားတစ်ပြောပြောဖြင့်လက်ထောက်ဆရာဝန်
တစ်ယောက်နှင့်သူနာပြုတစ်ယောက်ကို
ခြံရံပြီးဦးတည်ရာဆေးရုံခန်းလေးဆီ
စည်းရောက်လာခဲ့၏....
"No.204"
ဆေးရုံခန်းတံခါးကနံပါတ်ဆီမျက်လုံးတစ်ချက်
ဝေ့ကြည့်ပြီးတုံ့ဆိုင်းခြင်းမရှိတံခါးလက်ကိုင်ကို
လှမ်းကိုင်လှည့်ဖွင့်လိုက်ကာ...
"ချလပ်..."
ခပ်သဲ့သဲ့အသံနှင့်အတူပွင့်သွားတဲ့တံခါးကနေ
အခန်းထဲကိုစည်းလှမ်းဝင်လိုက်ချိန်....
မျက်နှာချင်းဆိုင်မြင်လိုက်ရတာကဆံနွယ်ရှည်တွေနှင့်
နွဲ့နှောင်းသောပုံရိပ်တစ်ခု....
"ဟင်....."
စည်းအတွက်အရာအားလုံးကခဏတာမျှ
ရပ်တန့်သွားခဲ့သလိုပါပဲထပ်တူညီတဲ့
မယုံနိုင်အံ့ဩခြင်းတွေနှင့်စည်းကိုငေးကြည့်နေတဲ့
ထိုပုံရိပ်ဆီမှနူတ်ခမ်းလွှာတွေကတုန်ယင်စွာ
လူပ်ခတ်သွားခဲ့ပြီး...
"စည်း....."
အသံတိတ်ခေါ်ဆိုခြင်းတစ်ခုကိုလက်ခံလိုက်ရချိန်
စည်းအတွက်မျက်ဝန်းရှေ့ကမြင်ကွင်း
အားလုံးသည်ဝေဝါးသွားခဲ့လေတော့၏....
~~~~~~~~~~~~~~❤◦.¸¸. ◦✿
"အချစ်...."
စည်းနူတ်ကနေအက်ရှရှခေါ်လိုက်မိတဲ့
အမည်လေးတစ်ခု....
"နင်...တစ်ကယ်ပဲနင်လား?....."
အိပ်မက်တစ်ခုလိုခံစားနေရတဲ့စိုးရွံ့စိတ်နှင့်
စည်းအရှေ့ကိုခြေလှမ်းတိုးဖို့ပြင်လိုက်ချိန်မှာပဲ
ဟန်ချက်မညီယိုင်နဲ့နေတဲ့သူမရဲ့ခြေလှမ်းတွေက
အနောက်ကိုတစ်လှမ်းဆုတ်သွားခဲ့၏....
ထိုအခါသူမကြောင့်အသိလွတ်သွားတဲ့စိတ်နှင့်
ပါတ်ဝန်းကျင်ကိုခဏမျှမေ့လျော့သွားခဲ့တဲ့
စည်းရဲ့မျက်ဝန်းတွေကသူမဘေးမှာရပ်နေတဲ့
အမျိုးသားဆီရောက်သွားခဲ့ရပြီး
တဖန်ကုတင်ပေါ်မှာပစ်တိုင်းထောင်ရုပ်လေးကို
ပိုက်ပြီးထိုင်နေတဲ့လူနာဝတ်စုံနှင့်ခလေးမလေးဆီ
ရောက်သွားခဲ့ရသည်။
"ဒီ..ဒီကလေးလေးက..."
`ဦးဦးဒေါက်တာအဲ့ဒါမီးရဲ့အရုပ်လေးပါ..´
`မေမေနဲ့လာတာ...မီးနေမကောင်းလို့မေမေက
ဆေးရုံကိုလာပြတာ..."
လွန်ခဲ့တဲ့ရက်ပိုင်းကမြင်ကွင်းလေးကိုပြန်
မြင်ယောင်မိလိုက်ရင်း....
နောက်တစ်ကြိမ်အံ့ဩစိတ်ကစည်းကို
လွမ်းမိုးသွားချိန်မှာပဲသူမဘေးကအမျိုးသားဆီမှ
စကားသံထွက်လာခဲ့သည်။
"ညီမရဲ့အသိထင်တယ်...."
စည်းသူမကိုပြန်ကြည့်လိုက်မိတော့
ကြိုးစားတည်ငြိမ်ထားတဲ့မျက်နှာလေးက
စည်းကိုတန်ပြန်စိုက်ကြည့်နေခဲ့ပြီး
မငြင်းပဲခေါင်းငြိမ့်သည်။
"အချစ်တို့ကိုတကူးတကလိုက်ပြီးကူညီပေးလို့
ကျေးဇူးတင်ပါတယ် ကိုထူးမြတ်
အန်တီနှင်းစောင့်နေရတာကြာပြီထင်တယ်..."
စည်းဆီကဖျပ်ခနဲအကြည့်လွှဲသွားပြီး
သူမကကိုထူးမြတ်ဆိုတဲ့အမျိုးသားကိုပြောသည်။
"ဟုတ်သားပဲ...အစ်ကိုသွားတော့မယ်
မနက်ဖြန်ကျမှပဲရွှေဘုံလေးကိုတစ်ခေါက်
လာကြည့်တော့မယ်....အစ်ကို့ကိုခွင့်ပြုဦး...."
"ဟုတ်ကဲ့..."
ထိုအမျိုးသားကသူမကိုနူတ်ဆက်ပြီးစည်းကို
ခေါင်းညွတ်နူတ်ဆက်ကာဆေးရုံခန်းထဲက
ထွက်သွားခဲ့သည်အထိစည်းရဲ့မျက်ဝန်းတွေက
သူမဆီကစက္ကန့်ပိုင်းလေးတောင်လွဲဖယ်မသွားပဲ
စူးစိုက်နေခဲ့မိဆဲ....ထိုအချိန်သူမရဲ့အကြည့်တွေက
စည်းဆီပြန်ရောက်လာခဲ့ပြီး
"မတွေ့ရတာကြာပြီနော်...စည်း...
မထင်မှတ်ပဲတိုက်တိုက်ဆိုင်ဆိုင်လာဆုံရတယ်..."
ဒီလိုအချိန်မှာတောင်အပြုံးမပျက်
နူတ်ဆက်စကားပြောနေနိုင်သေးတဲ့သူမအပြုအမူကို
စည်းမခန့်မှန်းနိုင်ခဲ့သေးခင်မှာနောက်တစ်ကြိမ်
မျက်ဝန်းတွေက....ဆေးရုံကုတင်ပေါ်က
မျက်လုံးဝိုင်းလေးတွေနှင့်လူကြီးတွေကို
နားမလည်သလိုလှမ်းကြည့်နေရှာတဲ့
ကလေးမလေးဆီရောက်သွားခဲ့ရပြန်ပြီး....
"နင်က...ဒီကလေးရဲ့လူနာရှင်လား...."
စည်းရဲ့အမေးကြောင့်သူမရဲ့ပခုံးအစုံ
တစ်ချက်မျှသိမ့်ခနဲဖြစ်သွားသလိုစည်း
ထင်လိုက်မိသည်။
သို့ပေမဲ့သူမမျက်နှာပေါ်ကတည်ငြိမ်တဲ့အမူအယာ
ကတော့ပျောက်ကွယ်မသွားခဲ့ပဲ....
"ဟုတ်တယ်...ငါကလူနာရှင်ပါ..."
"ဘယ်လိုပါတ်သတ်တာလဲ...ကလေးနဲ့နင်က
ဘယ်လိုပါတ်သတ်မူ့မျိုးလဲ..."
"အမေ....."
ကြားလိုက်ရတဲ့အဖြေကြောင့်စည်း
ရင်ထဲဒုန်းခနဲမြည်ဟီးသွားခဲ့ရရင်း
"ဘာ...နင်ဘာပြောလိုက်တယ်..."
"ရွှေဘုံဗိမ္မာန်ကငါ့ရဲ့သမီးလေးပါ...."
ဒီတစ်ကြိမ်မှာတော့စည်းရဲ့ခြေလှမ်းတွေက
ဟန်မဆောင်နိုင်အောင်ယိုင်နဲ့သွားခဲ့ရသည်။
ထို့နောက်....
ဘာမှထပ်ပြီးစဉ်းစားမနေတော့ပဲစည်းသူမရဲ့
လက်ကောက်ဝတ်တစ်ဖက်ကိုဆွဲကိုင်လိုက်၏...
"ဟင်...စည်း..နင်ဘာလုပ်တာလဲ..."
"ခလေးကိုခဏကြည့်ထားပေးပါစစ်စတာ
ကျွန်တော်လူနာရှင်ကိုမေးစရာရှိသေးလို့..."
စည်းထိုမျှသာပြောပြီးရုန်းကန်နေတဲ့သူမလက်ကို
ခပ်တင်းတင်းချုပ်ကိုင်ကာဆေးရုံခန်းထဲကနေ
လှမ်းထွက်လာခဲ့လျှင်....
"ေမ့...."
ခေါ်သံသေးသေးလေးတစ်ခုကသာ
အနောက်မှာပျံ့လွင့်ကျန်နေခဲ့တော့၏.....
~~~~~~~~~~~~~~❤◦.¸¸. ◦✿
"လွတ်...စည်း..ငါပြောနေတာမကြားဘူးလား
ငါ့သမီးလေးလန့်ပြီးကျန်နေခဲ့တယ်...စည်း...."
အချစ်ဘယ်လိုပင်ရုန်းကန်နေပေမဲ့မြဲမြံလှတဲ့
သူ့ရဲ့ချုပ်ကိုင်မူ့ကြောင့်သူခေါ်ရာနောက်ကို
တရွတ်တိုက်မတတ်ပါလာခဲ့ရသည်။
"ဖယ်...လွှတ်..."
ဆေးရုံခေါင်မိုးထပ်ထိထိုအတိုင်းပါလာခဲ့ရရင်း
သူခြေလှမ်းရပ်သွားတာနှင့်အချစ်လက်ကို
ဆောင့်ပြီးရုန်းလိုက်သည်။
ထိုအခါအချစ်ကိုလှည့်ကြည့်လာတဲ့သူ့ရဲ့
မျက်ဝန်းတွေကဆောက်တည်ရာမဲ့နေတဲ့
သူတစ်ယောက်လိုပါပဲ....
"နင်ဘယ်တွေသွားပြီးဘာတွေလုပ်နေခဲ့တာလဲ
ငါနင့်ကိုဘယ်လောက်ထိလိုက်ရှာနေခဲ့ရလဲဆိုတာ
နင်သိရဲ့လား..အချစ်...."
"ငါဒီဆေးရုံမှာနင်ရှိနေမှန်းတစ်ကယ်မသိခဲ့ဘူး...
ဒီနှစ်တွေမှာအဆင်ပြေရဲ့လားလို့တော့မမေးတော့ဘူး
နင့်ကိုမြင်လိုက်တာနဲ့ငါခန့်မှန်းနိုင်ပါတယ်...
နင်ဘယ်တုန်းကအင်္ဂလန်ကပြန်ရောက်လာတာလဲ...."
စည်း...ရင်တစ်ခုလုံးပူလောင်ပြီးဆောက်တည်ရာမရ
ဖြစ်နေပေမဲ့ဆန့်ကျင်ဘက်သူမကတော့
နှစ်တွေအကြာကြီးကွဲကွာနေတဲ့မိတ်ဆွေတစ်ယောက်ကို
ပြောဆိုဆက်ဆံနေပုံမျိုးနှင့်စည်းရှေ့မှာ
တည်ငြိမ်စွာရပ်နေခဲ့၏....
မျက်လှည့်ပြသလိုဒီအခြေအနေကို
စည်းတစ်ကယ်သည်းမခံနိုင်သလိုနားလဲ
မလည်တော့ဘူး....
"ကျေးဇူးပြုပြီး...ငါတို့ရဲ့အခုအခြေအနေနဲ့
မသက်ဆိုင်တဲ့မေးခွန်းတွေကိုရပ်တန့်ပေးလို့
ရမလား..."
စည်းရဲ့စကားကြောင့်ကြိုးစားဖန်တီးထားဟန်တူတဲ့
သူမနူတ်ခမ်းပေါ်ကအပြုံးရိပ်လေး
ပျောက်ကွယ်သွားခဲ့၏....
"ဒါဆိုနင်ပြောကြည့်ပါငါတို့ရဲ့အခုအခြေအနေနဲ့
ဘယ်လိုမေးခွန်းမျိုးကသက်ဆိုင်မလဲ...."
တိုးသဲ့စွာချေပလာတဲ့စကားအဆုံး
မျက်နှာချင်းဆိုင်မျက်ဝန်းနှစ်စုံကငေးရီစွာ
ဆုံစည်းကြ၏....
"ဘာလို့ထွက်သွားခဲ့တာလဲ...ငါပြန်လာတဲ့နေ့အထိ
စောင့်နေမယ်လို့ကတိပေးထားခဲ့သားနဲ့
ဘာလို့လဲ....."
"အဲ့ဒီ့်မေးခွန်းကငါ့ကိုနှစ်တွေအကြာကြီး
အဆက်အသွယ်ဖြတ်ထားခဲ့တဲ့နင်မေးသင့်တဲ့
မေးခွန်းဟုတ်ရဲ့လား..."
ပြောရင်းနာကျင်ရိပ်သန်းသွားတဲ့သူမရဲ့
မျက်ဝန်းတွေ....
"ပညာတော်သင်သွားနေချိန်မှာ....ငါနင်နဲ့
တစ်နှစ်လောက်ထိအဆက်အသွယ်မပြတ်ခဲ့ဘူး
ဒါပေမဲ့နင်ငါတို့အိမ်လေးကနေထွက်သွားခဲ့တာ
ငါသွားပြီးတလလောက်အကြာမှာပဲလို့
ငါကြည်ဖြူ့ဆီကကြားခဲ့တယ်...နင်အစထဲက
အရာအားလုံးကိုစွန့်လွတ်ဖို့ဆုံးဖြတ်ခဲ့တာလား...."
"အရာအားလုံးကိုစွန့်လွတ်ဖို့လား...အဟင်း...
ငါသာအဲ့လိုအတွေးရှိခဲ့ရင်တစ်နှစ်ဆိုတဲ့အချိန်အတွင်း
နင့်ဆီတကူးတကစာတွေရေး၊ဖုန်းတွေဆက်ပြီးနင်နဲ့
အဆက်အသွယ်မပြတ်ဖို့ကြိုးစားခဲ့မိမှာမဟုတ်ဘူး
ဒါပေမဲ့နင်သိလား.....ငါ့ကိုအရာအားလုံး
စွန့်လွှတ်အောင်လုပ်ခဲ့တဲ့သူကနင်ကိုယ်တိုင်ပဲ
ဆိုတာပေါ့.."
၅နှစ်ဆိုတဲ့အချိန်အတွင်းတခြားသူတစ်ယောက်လို
လုံးဝပြောင်းလဲသွားခဲ့တဲ့သူမကိုစည်း
စကားလုံးတွေကင်းမဲ့စွာနှင့်ငေးကြည့်နေခဲ့မိ၏....
"ငါပေးခဲ့သလောက်နဲ့ညီမျှစွာနဲ့ငါပြန်ရခဲ့တာက
နာကျင်မူ့တွေပဲလို့ကောင်းကောင်းသဘောပေါက်
သွားခဲ့ချိန်မှာငါအရာအားလုံးကိုအဆုံးသတ်ဖို့
ဆုံးဖြတ်ခဲ့တာ....စည်း....."
"ရွှေဘုံဗိမ္မာန်အဲ့ဒီ့ကလေးက..နင်ကတစ်ကယ်
အဲ့ဒီ့ခလေးရဲ့....."
စည်းဆုံးအောင်ဆက်မမေးနိုင်ပဲ
ရင်ဝဆီမှမွန်းကြပ်ဆို့နင့်လာတဲ့ဝေဒနာကြောင့်
နူတ်ခမ်းနှစ်လွှာကိုဖိညှစ်ပြီးသူမရဲ့ပခုံးနှစ်ဖက်ကို
ဖိဆုပ်လိုက်သည်။
"သူ.သူက..ငါ့ရဲ့သမီးလေးလား....?"
မေးခွန်းနဲ့အတူအက်ရှစွာတိမ်ဝင်သွားတဲ့
စည်းရဲ့အသံ....
"ငါ့ကိုနာကျည်းနေတဲ့စိတ်နဲ့တော့မဟုတ်ဘူးလို့
မငြင်းလိုက်ပါနဲ့....နင့်မှာငါကလွဲရင်တခြား
ဘယ်သူမှမရှိခဲ့ဘူးဆိုတာငါကောင်းကောင်း
သိတယ်....နင်ကတစ်ကယ်ပဲအဲ့ဒီ့ခလေးရဲ့
အမေဆိုရင်...ငါကဘာလဲ...."
စည်းရဲ့စကားကိုဆုံးတဲ့အထိနားထောင်ပြီး
သူမကနာနာကျင်ကျင်လေးပြုံးသည်။
"ငါဝန်ခံလိုက်ရင်ရောနင့်မှာအဲ့ဒီ့အမှန်တရားကို
လက်ခံနိုင်တဲ့သတ္တိရှိရဲ့လား...ဟုတ်တယ်
နင်ပညာတော်သင်မသွားခင်ကထဲကငါ့မှာ
ကိုယ်ဝန်ရှိနေခဲ့တာ...."
ကြားလိုက်ရတဲ့စကားအဆုံးသူမပခုံးကို
ဆုပ်ကိုင်ထားတဲ့စည်းရဲ့လက်တွေပြေလျော့
သွားခဲ့ရင်းခြေထောက်တွေကလဲအနောက်ကို
သတိလက်လွတ်ယိုင်နဲ့သွားခဲ့ရ၏....
"ဒါပေမဲ့ငါနင့်ကိုအရဲစွန့်ပြီးပြောပြမယ်လို့
ဆုံးဖြတ်လိုက်တဲ့အဲ့ဒီ့နေ့မှာပဲနင်ကပညာတော်သင်
သွားတော့မယ်လို့ငါ့ကိုပြောခဲ့တယ်...
ငါတို့နှစ်ယောက်စားသောက်ဆိုင်မှာညစာအတူ
စားခဲ့တဲ့အဲ့ဒီ့နေ့ကိုနင်မှတ်မိရဲ့လား...."
သူမစကားကြောင့်စည်းရဲ့အာရုံတွေက
အတိတ်ကညနေခင်းတစ်ခုဆီပြေးလွင့်သွားသည်။
"ဘာလို့လဲ...ဘာလို့ငါ့ကိုမပြောခဲ့ရတာလဲ..
နင်သာဖွင့်ပြောခဲ့ရင်အနည်းဆုံးတော့ငါ..."
"ဘာလဲငါသာဖွင့်ပြောခဲ့ရင်နင်ကနင့်ရဲ့
အိပ်မက်ကိုစွန့်လွတ်ပစ်မှာမို့လို့လား.."
သူမရဲ့တန်ပြန်မေးခွန်းကစည်းကိုဆွံ့အ
သွားစေခဲ့၏
"နင့်အကြောင်းကိုအသိဆုံးလူကငါပါစည်း....
အဲ့ဒီ့အချိန်တုန်းကသာငါနင့်ကိုဖွင့်ပြောခဲ့ရင်
နင့်ရဲ့မျှော်လင့်ချက်၊နင့်ရဲ့အိပ်မက်တွေကို
ရိုက်ချိုးလိုက်သလိုဖြစ်သွားမယ်ဆိုတာငါသိတယ်
ငါကနင့်ဘဝအတွက်အတားအဆီးတစ်ခုလို
မဖြစ်ချင်ခဲ့လို့ငါနူတ်ဆိတ်နေခဲ့တာ...."
".................."
"ငါအရမ်းကြောက်နေမိတာမှန်ပေမဲ့
ငါသတ္တိရှိဖို့ကြိုးစားခဲ့တယ်...နင်တိုင်းတစ်ပါးမှာ
နင့်ရဲ့ရည်မှန်းချက်တွေကိုပြည့်ဝဖို့ကြိုးစားနေချိန်မှာ
ငါကနင့်ရဲ့ရင်သွေးလေးကိုအကောင်းဆုံးပြုစု
ပျိုးထောင်ပြီးနင်ပြန်လာမဲ့နေ့ကိုစောင့်နေဖို့
ဆုံးဖြတ်ခဲ့တာ...နင်ပညာတော်သင်ထွက်သွားပြီး
တလလောက်ကြာတော့ငါကလေးမီးဖွားပြီးတဲ့အထိ
တခြားတနေရာမှာသွားနေဖို့ဆုံးဖြတ်ခဲ့တယ်...
အဲ့ဒါကလဲ....နင်မရှိတဲ့အချိန်ကိုယ်ဝန်ကြီးနဲ့
တယောက်ထဲရုန်းကန်ရမဲ့ငါ့ကိုပါတ်ဝန်းကျင်က
သနားသလိုအကြည့်တွေနဲ့အဲ့ဒီ့နောက်ကွယ်မှာ
နင့်ကိုပြစ်တင်ရူံ့ချမှာမခံချင်လို့ပဲ...နင်သိလားစည်း
ငါနင့်ကိုငါတတ်နိုင်သလောက်စောင့်ရှောက်
ဖြည့်ဆည်းပေးချင်ခဲ့တာပါဟာ..."
ပြောနေရင်းသူမအသံလေးအက်ရှတုန်ယင်
လာခဲ့သလိုပဲစည်းရဲ့မျက်ဝန်းမှာလဲမျက်ရည်ကြည်တွေ
ဝေ့ဝဲလာခဲ့သည်။
"ဒါပေမဲ့ငါထင်ထားသလိုဖြစ်မလာခဲ့ဘူး...
နင့်ရဲ့ရင်သွေးလေးကိုလွယ်ထားပြီး
ငါတစ်ယောက်ထဲအားငယ်ပင်ပန်းနေခဲ့ချိန်မှာ
ငါ့ဆီစာလေးတစ်စောင်တောင်နင်မရေးခဲ့ဘူး...
ရက်ပေါင်းခြောက်လောက်နေမှ၁၅မိနစ်လောက်
ဖုန်းပြောရချိန်လေးမှာတောင်ငါ့အတွက်
ပြောစရာရှားပါးလွန်းနေတဲ့နင့်ရဲ့အေးစက်မူ့တွေက
ငါ့အတွက်တော့ ငရဲလိုပဲ....ငါအရမ်းပင်ပန်းခဲ့တယ်
စည်း...ဒါပေမဲ့ငါ့အတွက်နာကျင်မူ့တွေက
မကုန်နိုင်ခဲ့ဘူးနဲ့တူပါတယ်...သနားစရာငါ့သမီးလေးက
ဝေဒနာသည်လေးတစ်ယောက်အဖြစ်
လောကကြီးထဲကိုရောက်လာပြန်တယ်....ငါ
ဘယ်လောက်ထိခက်ခဲပင်ပန်းခဲ့မလဲဆိုတာ
နင်တွေးကြည့်မိနိုင်ခဲ့မှာတောင်မဟုတ်ဘူး....."
တစ်ခန်းရပ်သွားတဲ့သူမရဲ့စကာအဆုံး
စည်းခေါင်းငုံ့လိုက်တဲ့အခါမျက်ရည်တစ်စက်က
လွင့်ကြွေသွားခဲ့သည်။
"အဲ့ဒါကြောင့် နင်ငါ့ကိုနာကျည်းသွားခဲ့တာလား...
အဲ့ဒါကြောင့်ငါနဲ့အဝေးကိုထွက်သွားခဲ့တာလား....
အဲ့ဒါကြောင့်ငါတို့ကြားကအရာအားလုံးကို
အဆုံးသတ်ဖို့ဆုံးဖြတ်ခဲ့တာလား....
အဲ့ဒါကြောင့်...."
စကားမဆုံးခင်သူမကိုပြန်မော့ကြည့်လိုက်တဲ့
စည်းရဲ့မျက်ဝန်းအိမ်မှာမျက်ရည်စတို့
စွတ်စိုနေခဲ့၏...
"ငါ့ကိုမုန်းနေတာလား....??"
စကားကိုအဆုံးသတ်လိုက်ပြီးစည်းသူမကို
ကြည့်လိုက်တဲ့အခါ...မျက်ရည်စတို့ဝေ့သီနေတဲ့
သူမမျက်ဝန်းတွေတစ်ချက်မျှလူပ်ခတ်သွားသည်။
"7.11.2016..ငါ့သမီးလေးငါ့ဘဝထဲကို
စပြီးရောက်လာတဲ့အဲ့ဒီ့နေ့ကထဲကငါသမီးလေး
မျက်နှာကိုစမြင်လိုက်တဲ့အဲ့ဒီ့အချိန်ထဲက
ဆုံးဖြတ်လိုက်တယ်.....ငါနင့်ကိုအပြီးတိုင်
စွန့်လွှတ်လိုက်တော့မယ်လို့ပေါ့...."
`အပြီးတိုင်စွန့်လွှတ်လိုက်တယ်´တဲ့လား
စကားလုံးတွေဆိုပေမဲ့စည်းကိုရပ်တည်ခြင်း
မစွမ်းသာအောင်ထိုးနှက်လိုက်သလိုပါပဲ....
ဒါပေမဲ့လဲအယူခံမဝင်နိုင်တဲ့အပြစ်သား
တစ်ယောက်လိုစည်းအဖြစ်ကသူမကိုငေးမော
ကြည့်နေရုံသာတတ်နိုင်ခဲ့၏....
"နင်သိမှာမဟုတ်ပါဘူး...ငါ့သမီးလေးရဲ့
မွေးစာရင်းမှာအဖေနာမည်ထည့်ခါနီး
ကျခဲ့ရတဲ့ငါ့ရဲ့မျက်ရည်တွေကို....
ရက်သားလေးနဲ့ကြပ်မတ်ဆောင်ထဲမှာ
အောက်စီဂျင်ပေးထားရတဲ့သမီးလေးကို
အပြင်ကနေကြည့်နေရင်းငိုခဲ့ရတဲ့ငါ့မျက်ရည်တွေ...
တခြားကလေးတွေကိုနို့ကောင်းကောင်းမစို့နိုင်ပဲ
အသက်ရူမဝလို့ငိုနေတဲ့သမီးလေးကိုကြည့်ပြီး
ကျခဲ့ရတဲ့ငါ့မျက်ရည်တွေ...နင်ဘယ်တော့မှ
နားလည်နိုင်မှာမဟုတ်ဘူး....ဘာလို့လဲဆိုရင်
ခံစားခဲ့ရတဲ့သူကနင်မှမဟုတ်ပဲ..."
ပြောနေရင်း မထိန်းချုပ်နိုင်တော့သလို
စီးကျလာသောမျက်ရည်တို့အားသူမက
လက်ခုံနှင့်အကြမ်းပတမ်းပွတ်သုတ်သည်။
"နင်နဲ့ငါကကံကုန်သွားခဲ့ပြီစည်း....နင့်ကို
သမီးလေးရဲ့အဖေအဖြစ်ငါအသိအမှတ်ပြုပေမဲ့
ငါနဲ့သမီးလေးရဲ့ဘဝအတွက်တော့နင့်ကို
မလိုအပ်ဘူး...နင်ပြောခဲ့တယ်မဟုတ်လား
လူနာတွေရဲ့အသက်ကိုနင့်လက်နဲ့ကယ်တင်ချင်တာက
နင့်ရဲ့အိပ်မက်လို့လေ...အခုသနားစရာငါ့သမီးလေးကို
နင့်ရဲ့လူနာတစ်ယောက်လိုပဲသဘောထားပေးပါ...
ငါ့ရဲ့သမီးလေးကိုဆရာဝန်တစ်ယောက်အနေနဲ့
ကယ်တင်ပေးပါ...ဒါငါနင့်ကိုနောက်ဆုံး
တောင်းဆိုတာပါ...."
"နင်ဘာလို့အဲ့လောက်ရက်စက်ရတာလဲအချစ်ရယ်...
ငါအပြစ်ရှိခဲ့တယ်ငါမှားခဲ့တယ်ဆိုတာငါဝန်ခံတယ်
ဒါပေမဲ့အဲ့ဒီ့အပြစ်အတွက်ငါ့မှာမျက်စိရှေ့မှာ
ကိုယ့်သမီးတစ်ယောက်လုံးကိုမြင်နေပါရက်နဲ့
သမီးလို့ခေါ်ခွင့်မရှိတော့ဘူးလား...ငါ့မှာသူ့ကို
ပွေ့ဖက်ဖို့အခွင့်အရေးလေးတောင်မရှိတော့ဘူးလား
ဘာလို့ငါ့ရဲ့အမှားတွေအတွက်ငါ့ကိုပြန်ပြီး
ပြင်ဆင်ဖို့အခွင့်အရေးလေးတောင်မရှိရတော့တာလဲ
ငါတို့ကဇနီးမောင်နှံတွေမဟုတ်ဘူးလား...."
"ဒါပေမဲ့နင်နဲ့ငါနဲ့ကလက်ထပ်စာချုပ်မှာ
ဘယ်တုန်းကမှလက်မှတ်မထိုးခဲ့ကြဖူးဘူး...
တစ်ကယ်တမ်းကျငါကနင့်ကိုဘယ်တုန်းကမှ
မပိုင်ဆိုင်ခဲ့ရပါဘူးဟာ...."
"အချစ်......"
"နင်လဲအခုလက်ရှိဘဝမှာအသားကျနေပြီပဲ....
နင်လိုချင်တဲ့အခြေအနေ၊နင်လိုချင်တဲ့အဆင့်အတန်း
နင်လိုချင်တဲ့ဘွဲ့ထူး၊ဂုဏ်ထူးတွေနင့်မှာ
အားလုံးရှိနေပြီလေ...ကျေးဇူးပြုပြီးနင့်ဘဝထဲမှာ
နင်ပျော်အောင်နေပေးပါ...ငါခံစားရသလိုနာကျင်မူ့
မျိုးတွေငါ့သမီးလေးကိုထပ်မပေးချင်ပါနဲ့
ငါတောင်းပန်ပါတယ် စည်းရယ်
ငါတောင်းပန်ပါတယ်..."
စကားအဆုံးမျက်ရည်တွေနှင့်သူမရဲ့လက်လေး
နှစ်ဖက်ကတုန်ရီစွာဆန့်ထွက်လာရင်း
လက်အုပ်ချီလိုက်သည့်အခါစည်းနှလုံးသား
တစ်ခုလုံးသည်လဲဆုပ်ဆွဲခံလိုက်ရသလိုပါပဲ......
"တစ်ကယ်ကိုပြန်ဆုံနိုင်ဖို့လမ်းစမရှိတော့ဘူးလား??"
~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
အပိုင်း(၉)မျှော်
Writer by
#Hazel