book

Index 6

အပိုင်း(၆)

  • Author : Hazel Nhte
  • Genres : Romance, Comedy, Drama

💚 အ ကြင် နာ လက် တစ် ကမ်း 💚


~~~~~~~~


"ဦးဦးဒေါက်တာ..အဲ့ဒါမီးအရုပ်လေးပါ...."


နောက်ထပ်ကြားလိုက်ရတဲ့အသံလေးကြောင့်

စည်းလှည့်ကြည့်လိုက်မိတော့အဝါရောင်

ဂါဝန်လေးကိုဝတ်ထားသောဖြူဖျော့ဖျော့မျက်နှာနှင့်

ချစ်စရာကလေးမလေးတစ်ယောက်ကိုမြင်လိုက်ရ

တော့၏....


စည်း...ပစ်တိုင်းထောင်ရုပ်လေးကိုကိုင်ပြီး

ခဏမျှငေးမောမိသွားရချိန်မှာပဲ

ထိုကလေးလေးကလက်ကလေးပိုက်လျက်

စည်းအနားကိုရောက်လာသည်။


"အရုပ်လေးကမီးလက်ထဲကပြုတ်ကျသွားတာ

ဦးဦးဒေါက်တာမီးကိုပြန်ပေးပါနော်...."


အသံလေးကတိုးဖျော့သလောက်စကားပြော

ယဉ်ကျေးလှသောကလေးမလေးကိုကြည့်ကာ

စည်းအလိုလိုပြုံးမိသွားရရင်း....


"ဒါ...ကလေးရဲ့အရုပ်လေးလား..."


"ဟုတ်ကဲ့...."


"ဒါဆိုပြန်ယူလိုက်နော်..."


"ကျေးဇူးတင်ပါတယ်ရှင့်...."


ခေါင်းလေးညွတ်ကာပြောရင်းလက်လေးနှစ်ဖက်နှင့်

စည်းလက်ထဲကအရုပ်ကိုတရိုတသေလှမ်းယူသည်။


ထိုအခါစည်းရဲ့မျက်ဝန်းတွေကလူပေါင်းများစွာ

ရှိနေသည့်အနီးပါတ်ဝန်းကျင်ကိုရွေ့လျားသွားရင်း


"ကလေးကဆေးရုံကိုဘယ်သူနဲ့လာတာလဲ..."


"မီးရဲ့မေမေနဲ့...မီးကနေမကောင်းလို့

မေမေကဆေးရုံလာပြတာ..."


"ဪ...."


ကလေးလေးရဲ့အဖြေကြောင့်စည်းဖြူဖျော့ဖျော့

ပုံသဏ္ဍာန်လေးကိုစူးစိုက်ကြည့်ရင်း

ရင်ထဲတစ်မျိုးခံစားလိုက်ရသည်။


အနည်းငယ်ပြာနေတဲ့နူတ်ခမ်းလေးတွေ

ဖြူဖျော့နေတဲ့မျက်နှာဝိုင်းဝိုင်းလေးဆီမှ

မျက်တွင်းချိုင့်လေးတွေနှင့်ဤကလေးလေးက

နှလုံးနဲ့ပါတ်သတ်တဲ့ဝေဒနာကိုခံစားနေရတဲ့

ရောဂါသည်လေးမှန်းစည်းခန့်မှန်းမိလိုက်သည်။


သူမလေးရဲ့အသက်ကအလွန်ရှိလှ၊လေးနှစ်ငါးနှစ်ပေါ့

ဒီအရွယ်လေးနဲ့ဒီလိုဝေဒနာကိုခံစားနေရတာဆိုတော့

မွေးရာပါနှလုံးဝေဒနာရှင်လေးများလား??


"ဒေါက်တာ..."


စည်း...ခလေးမလေးကိုမည်မျှကြာအောင်

သတိလက်လွတ်ငေးစိုက်ကြည့်နေမိသည်မသိ

စစ်စတာရဲ့ခေါ်သံကိုကြားမှသတိဝင်လာရသည်။


"မေမေနဲ့အတူလာတာဆိုလဲဘေးမှာပဲနေနော်

ခလေးလေး...ဆေးရုံထဲမှာလျောက်မသွားရဘူး

သိလား..."


စည်းရဲ့စကားကိုချစ်စဖွယ်ခေါင်းလေးငြိမ့်ပြလာတဲ့

ကလေးမလေးရဲ့ဆံနွယ်ပျော့လေးတွေကို

စည်းခပ်ဖွဖွပွတ်သပ်ပေးလိုက်ကာ

ထရပ်ပြီးဆက်လှမ်းရန်ပြင်လိုက်စဉ်....


"မေမေ..."


အနောက်မှာကျန်ခဲ့တဲ့ကလေးမလေးရဲ့

လှမ်းခေါ်လိုက်သံကြောင့်စည်းခြေလှမ်းတွေတစ်ချက်မျှ

တုံ့သွားခဲ့ရပေမဲ့လဲလှည့်မကြည့်ဖြစ်ခဲ့ပါပဲ.....


~~~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿


"ကလေးရဲ့နာမည်က...ရွှေဘုံဗိမ္မာန်နော်..."


"ဟုတ်ပါတယ်...ဆရာ...."


"ကလေးရဲ့ရောဂါအခြေအနေနဲ့ပါတ်သတ်ပြီး

အသေးစိတ်ကို...ကလေးရဲ့တာဝန်ခံဆရာဝန်ဖြစ်တဲ့

ဆရာ့ရဲ့မိတ်ဆွေဆရာဝန်ကြီးဦးကောင်းမြတ်နဲ့

ဆရာအသေးစိတ်ဆွေးနွေးပြီးပါပြီ....

ဆရာကတော့ရွှေဘုံဗိမ္မာန်လေးရဲ့နှလုံးအခြေအနေက

အော်ပရေးရှင်းလုပ်ဖို့ထပ်ပြီးအချိန်မဆွဲသင့်တော့ဘူးလို့

ယူဆတယ်...အဲ့ဒါ့ကြောင့်အခုလိုဆုံးဖြတ်ခဲ့တာပါ..."


`တောဝင်´ဆေးရုံရဲ့တည်ထောင်သူဆေးရုံအုပ်ကြီး

ဦးကျော်ဇောနဲ့အချစ်တို့သားအမိတွေ့ခွင့်ရချိန်မှာ

ရွှေဘုံလေးရဲ့တာဝန်ခံဆရာဝန်ကြီးပြောခဲ့သလို

စကားမျိုးကိုပဲထပ်ကြားရသည်။


အချစ်...ဘာမှနားမလည်ရှာတဲ့မျက်ဝန်းလေးတွေဖြင့်

ဘေးမှာထိုင်နေရှာတဲ့သမီးလေးရဲ့ဦးခေါင်းလေးကို

ပွေ့ပိုက်လိုက်ရင်း....


"ကျွန်မနားလည်ပါတယ်ဆရာ...သမီးလေး

နေကောင်းဖို့အတွက်ဆို...ကျွန်မဘာမဆိုလုပ်နိုင်ပါတယ်..."


အချစ်စကားကြောင့်စားပွဲတစ်ဖက်မှာထိုင်နေတဲ့

ဆေးရုံအုပ်ကြီးကခေါင်းတဆတ်ဆတ်ငြိမ့်သည်။


"ဆရာ့ရဲ့သဘောနဲ့လုပ်သင့်လုပ်ထိုက်တာကို

ပြောပြရရင်တော့အရင်ဆုံးရွှေဘုံဗိမ္မာန်လေးကို

ဆေးရုံအရင်တင်ထားစေချင်တယ်....

ကလေးကိုကျွမ်းကျင်ဆရာဝန်တွေသူနာပြုတွေနဲ့

အချိန်ပြည့်စောင့်ရှောက်ကုသမူ့ကိုခံယူစေပြီး....

ခလေးရဲ့ကျန်းမာရေးအခြေအနေနဲ့ကိုယ်ခံအားက

အော်ပရေးရှင်းအတွက်အဆင်သင့်ဖြစ်တဲ့အချိန်ကျမှ

ဆရာတို့ကလေးကိုခွဲစိတ်ကုသမှာပါ..."


ပြောရင်းဆရာဝန်ကြီးကစာနာစိတ်အပြည့်ရှိတဲ့

မျက်ဝန်းတွေဖြင့်အချစ်တို့သားအမိကိုကြည့်ကာ....


"သမီးတို့အခြေအနေကိုတော့ဦးကောင်းမြတ်ဆရာ့ကို

အားလုံးပြောပြပြီးသွားပြီအဲ့ဒါကြောင့်ငွေရေးကြေးရေးအတွက်

စိတ်ထဲမပူပန်ပါနဲ့...ရွှေဘုံဗိမ္မာန်လေးဆေးရုံစတတ်တဲ့

အချိန်ကစပြီးခွဲစိပ်ကုသမူ့ပြီးတဲ့အထိကုန်ကျစရိတ်

အားလုံးကိုဆရာတို့`တော်ဝင်´ဆေးရုံကတာဝန်ယူမှာပါ...

တစ်ကယ်လို့သမီးဘက်ကဆန္ဒရှိရင်သာ....

ကိုယ်တတ်နိုင်သလောက်ငွေကြေးကို

ဆေးရုံအတွက်ပြန်လည်လှူဒါန်းနိုင်ပါတယ်...."


သမီးလေးအတွက်မျှော်လင့်ချက်ရောင်ခြည်သမ်းလာပြီ

ဖြစ်တဲ့အခြေအနေကြောင့်အချစ်ဘာပြန်ပြောရမှန်း

မသိအောင်ဝမ်းနည်းဝမ်းသာဖြင့်မျက်ရည်ဝဲခဲ့ရသည်။


"အဲ့ဒါကြောင့်...ဆရာနောက်ဆုံးအကြံပေး

ချင်တာကတော့...ကလေးကိုအမြန်ဆုံးဆေးရုံတင်ပြီး

ကုသမူ့ခံယူစေဖို့ပါပဲ....."


"စိတ်ချပါဆရာ...ကျွန်မသမီးလေးကိုဆေးရုံ

အမြန်ဆုံးတင်ပါ့မယ်...."


ထို့နေ့ကဆေးရုံကမပြန်ခင်အချစ်ဆရာဝန်ကြီး

ဦးကျော်ဇောကိုဒူးတုပ်ကန်တော့ခဲ့လေတော့သည်။


~~~~~~~~~~~~~~~~❤◦.¸¸. ◦✿


"ဆရာ...ကျွန်တော့ကိုခေါ်တယ်ဆိုလို့...."


"ဪ...ဟုတ်တယ်...မောင်စည်းစနစ်လာ..."


စည်း...ဆေးရုံအုပ်ကြီးညွှန်တဲ့အတိုင်း

မျက်နှာချင်းဆိုင်ဆိုဖာခုံမှာဝင်ထိုင်လိုက်သည်။


"ဆရာ...မင်းကိုတိုင်ပင်စရာရှိလို့ခေါ်လိုက်တာ..."


"ဟုတ်ကဲ့...ပြောပါဆရာ..."


"ဒီနေ့...ဆရာတို့ဆေးရုံကနေမွေးရာပါ

နှလုံးရောဂါသည်ကလေးတစ်ယောက်ကို

အခမဲ့ခွဲစိတ်ကုသပေးဖို့အတွက်လက်ခံလိုက်တယ်

အဲ့ဒီ့ကလေးကဆရာ့မိတ်ဆွေကလေးအထူးကု

ဆရာဝန်ကြီးတာဝန်ယူကုသနေတဲ့ကလေးပဲ...

အခုအဲ့ဒီ့ကလေးရဲ့အခြေအနေကခွဲစိတ်ကုသမှ

ဖြစ်တော့မဲ့အခြေအနေကိုရောက်နေပြီမို့ဆရာအခုလို

စီစဉ်လိုက်ရတာ..."


ရှည်လျားစွာရှင်းပြအပြီးမှာဆေးရုံအုပ်ကြီးက

ပရင့်ထုတ်ထားသောစာရွတ်အချို့အား

စည်းကိုထုတ်ပေးသည်။


"ဒါကအဲ့ဒီ့ကလေးရဲ့ရောဂါအခြေအနေနဲ့ပါတ်သတ်တဲ့

အသေးစိတ်ကုသမူ့မှတ်တမ်းတွေပဲ..."


စည်း...စာရွတ်တွေကိုကောက်ယူ၍အသေးစိတ်

ဖတ်ကြည့်လိုက်သည်။


"လူနာမှာကVSDလို့ခေါ်တဲ့နှလုံးရဲ့

(သွေးပြန်ကြောထုတ်လွတ်ရာ)အောက်ပိုင်းခန်းမ

နှစ်ခုကိုခွဲပေးတဲ့နှလုံးနံရံမှာရှိတဲ့အခေါင်းပေါက်ရဲ့

လုပ်ဆောင်ချက်ချို့ယွင်းချက်ရှိနေခဲ့တာပဲ..."


စည်းရဲ့သုံးသပ်ချက်ကိုဆေးရုံအုပ်ကြီးက

မဆိုင်းမတွထောက်ခံသည်။


"ဟုတ်တယ်...မောင်စည်းစနစ်အဲ့ဒါအပြင်

Atrial Septal Defect(ASD)နှလုံး(သွေးလွတ်ရာ)

အထက်ပိုင်းခန်းမနှစ်ခုကိုခွဲပေးတဲ့အခေါင်းပေါက်ရဲ့

လုပ်ဆောင်ချက်မှာလဲအလားတူ

ချို့ယွင်းချက်မျိုးရှိနေခဲ့တယ်

ဒါကတစ်ကယ်ကိုအရေးကြီးတဲ့အခြေအနေပဲ..."


"ကလေးကအသက်၄နှစ်ကျော်ပဲရှိသေးတာပဲ...."


စည်း...ပရင့်ထုတ်ထားတဲ့ရောဂါအခြေအနေကို

အသေးစိတ်လုပ်ထားတဲ့မှတ်တမ်းကိုကြည့်ရုံနှင့်တင်

စိတ်မကောင်းဖြစ်သွားခဲ့ရသည်။အသက်

ငယ်ငယ်လေးနဲ့...ဘယ်လောက်တောင်

ပြင်းထန်တဲ့ဝေဒနာကိုခံစားနေရတာလဲကလေးရယ်...


စိတ်မကောင်းစွာတွေးမိရင်းစည်းရဲ့မျက်ဝန်းတွေက

အပေါ်ဆုံးကနာမည်လေးဆီရောက်သွားခဲ့ရသည်။


"ရွှေဘုံဗိမ္မာန်....."


ချစ်စရာကောင်းလိုက်တဲ့နာမည်လေးပဲ.......


"ပြောရရင်...ကလေးရဲ့မိသားစုအခြေအနေက

အမေတစ်ခုသမီးတစ်ခုဘဝနဲ့ရုန်းကန်နေရပြီး

ငွေကြေးမတတ်နိုင်တဲ့အခြေအနေပဲ..ကလေးရဲ့အမေ

ကလဲကယ်သေးပေမဲ့ရောဂါသည်ကလေးတစ်ယောက်နှင့်

အရူံးမပေးပဲဘဝကိုရပ်တည်နေခဲ့တာတော့ချီးကျူးစရာ

ကောင်းတယ်....အဲ့ဒါကြောင့်လဲဆရာ့မိတ်ဆွေ

အကူအညီတောင်းခဲ့တော့ဆရာဘာမှစဉ်းစားမနေပဲ

လက်ခံပေးခဲ့တာ....."


ပြောရင်းတဖန်ဆေးရုံအုပ်ကြီးရဲ့မျက်ဝန်းတွေက

စည်းဆီတည့်မတ်စွာရောက်လာခဲ့ပြီးနောက်........


"ဆရာအခုမောင်စည်းစနစ်နဲ့တိုင်ပင်ချင်တာ

ဒီကလေးအတွက်ပဲ...ဒီအော်ပရေးရှင်းကို

မောင်စည်းစနစ်တာဝန်ယူပေးနိုင်မလား...."


~~~~~~~~~~~~~~~❤◦.¸¸. ◦✿


"မုန့်ဟင်းခါးတစ်ပွဲ...ငရုတ်သီး၊နံနံပင်မထည့်နဲ့နော်

ဆီချက်လေးနည်းနည်းပဲထည့်...."


"ဪ...အချစ်...ပါဆယ်မလား..ခဏစောင့်နော်..."


"ရတယ်...အန်တီတိုး..."


မနက်ပိုင်းမို့လက်မလည်အောင်ရောင်းနေရတဲ့

စျေးထိပ်ကမုန့်ဟင်းခါးဆိုင်လေးမှာ

အချစ်စျေးခြင်းလေးချပြီးခဏထိုင်လိုက်သည်။


ရွှေဘုံလေးကဒီဆိုင်ကမုန့်ဟင်းခါးကို

ထမင်းပူလေးနဲ့နယ်ပေးရင်အရမ်းကြိုက်တာလေ....


"ရပြီအချစ်ရေ...စောင့်ရတာအားနာလိုက်တာ..."


"ပြောရမဲ့လူတွေကျနေတာပဲ...အန်တီတိုးရယ်..."


အချစ်မုန့်ဟင်းရည်ထုပ်နှင့်မုန့်ဖက်ထုပ်ကို

လက်ထဲအသင့်ကိုင်ထားတဲ့အကြွေလေးရာကို

အန်တီတိုးလက်ထဲထည့်ပေးလိုက်သည်။


"ဒါနဲ့အချစ်..ရွှေဘုံလေးကနှလုံးခွဲစိတ်ဖို့အတွက်

ဆေးရုံတက်ရတော့မယ်ဆို...ဟုတ်လား..."


"ဟုတ်တယ်..အန်တီတိုးတော်ဝင်ဆေးရုံမှာလေ...."


"တော်ဝင်ဆေးရုံဆိုရင်တော့အရမ်းကောင်းတာပေါ့အေ

အဲ့ဒီ့ဆေးရုံကြီးကကျုပ်တို့လိုမရှိဆင်းရဲသား

တွေရဲ့အသက်ကိုစောင့်ရှောက်နေတာလေ..."


"အဲ့ဒါကြောင့်...အချစ်လဲသမီးလေးအတွက်

စိတ်အေးသွားရတာလေ....ကဲ..သွားလိုက်ဦးမယ်

တော်ကြာအချစ်စျေးကပြန်မလာခင်သမီးလေး

နိုးနေမှာစိုးရသေးတယ်..."


"အေး...အေး..."


ဆိုင်ထဲကနေနူတ်ဆက်ပြီးခပ်သွက်သွက်

ထွက်သွားတဲ့အချစ်ကိုစာနာချီးကျူးသလိုကြည့်ကာ

ဒေါ်တိုးတိုးခေါင်းယမ်းလိုက်သည်။


စျေးခြင်းတောင်းလေးနှင့်မုန့်ဟင်းခါးထုပ်ကို

တစ်ဖက်ဆီဆွဲကာခပ်သွက်သွက်လှမ်းသွားတဲ့

ဆံနွယ်ရှည်တွေနှင့်နွဲ့နှောင်းသောပုံရိပ်က

တစ်ပတ်နွမ်းချည်ထည်ဝမ်းဆက်လေးကို

ဝတ်ထားတာတောင်...ကလေးတစ်ယောက်အမေလို့

ထင်ရက်စရာမရှိအောင်နုနယ်လှပလွန်းနေသည်

မဟုတ်ပါလား....


အသက်ငယ်ငယ်လေးနဲ့မုဆိုးမလား၊တခုလပ်လား

မသိတဲ့ဘဝပေမဲ့ရောဂါသည်သမီးလေးကို

စောင့်ရှောက်ပြီးရဲရဲဝံ့ဝံ့နဲ့သိက္ခာရှိရှိရပ်တည်နိုင်တာ..

ဘယ်လောက်ချီးကျူးစရာကောင်းလဲ.....


တံခွန်မရှိတဲ့ရထား၊လင်မရှိတဲ့မယားမတင့်တယ်ဘူး

ဆိုတဲ့ဆိုရိုးစကားက....ယောကျာင်္းမရှိတဲ့

ကလေးတစ်ယောက်အမေဖြစ်နေတာတောင်

ယောကျာင်္းတွေသွေးတိုးမစမ်းရဲအောင်

အနေအထိုင်တည်ကြည်သိက္ခာရှိတဲ့

အချစ်စစ်ဆိုသောဤမိန်းကလေးအတွက်မမှန်နိုင်ဘူး

ထင်သည်။


တစ်ခါတလေကျရင်သိချင်မိတယ်အချစ်လို

မိန်းကလေးကိုကလေးတစ်ယောက်နဲ့ပစ်ထားခဲ့တာ

ဘယ်လိုယောကျာင်္းမျိုးလဲဆိုတာကိုပေါ့....


"ရွှေဘုံလေးမြန်မြန်သက်သာပါစေ

အဲ့ဒါမှအချစ်လဲစိတ်ချမ်းသာရမှာ...."


ခပ်ဝေးဝေးရောက်သွားပြီဖြစ်တဲ့ပုံရိပ်ကို

ငေးကြည့်နေရင်း..ဒေါ်တိုးခပ်ကြိတ်ကြိတ်

ဆုတောင်းလိုက်ရင်း....


~~~~~~~~~~~~~~~~❤◦.¸¸. ◦✿


"အချစ်ရေ...မသော်အပ်ထားတဲ့ဝမ်းဆက်ရပြီလား.."


"ရပြီ...အစ်မရေ၂စုံလုံးပဲ...

တစ်ခါထဲဝတ်ကြည့်သွားပြီးအဆင်ပြေမပြေပြောနော်"


"အမလေး...ဝတ်ကြည့်စရာမလိုပါဘူး

အချစ်ချုပ်ပေးတဲ့အဝတ်အစားတွေကဘယ်တုန်းက

ပြန်ပြင်ရတယ်ဆိုတာရှိလို့လဲ...သန်ဘက်ခါ

အစ်မသူငယ်ချင်းမင်္ဂလာဆောင်ကိုသွားတဲ့အခါလဲ

အစ်မဆံပင်ကိုတစ်ပွဲတိုးကောက်ပေးဦးနော်..."


"သန်ဘက်ခါဆိုမရတော့ဘူးအစ်မရဲ့...

ရွှေဘုံလေးကသန်ဘက်ခါဆေးရုံတက်ရတော့မှာလေ..."


"ဪ...ဟုတ်သားပဲ..."


"အဲ့ဒါကြောင့်အချစ်တောင်ဒီနေ့အပ်ထည်တွေကို

အပြတ်ဖျက်ပေးနေတာ..."


"ဆေးရုံတက်ဖို့ရောအစစအရာရာ

အဆင်ပြေရဲ့လားအကူအညီလိုရင်လဲ

အစ်မတို့ကိုပြောနော်....."


"ကျေးဇူးတင်ပါတယ်အစ်မရယ်...ဒါပေမဲ့

အချစ်အဆင်ပြေပါတယ်..."


စိတ်ရင်းနဲ့ပြောလာတဲ့အားပေးစကားတွေမို့

အချစ်ဝမ်းသာစွာနှင့်ပဲတုံ့ပြန်ခဲ့မိသည်။


ရွှေဘုံလေးတစ်နှစ်အရွယ်လောက်မှအချစ်

ဒီရပ်ကွက်လေးထဲကိုစပြောင်းလာတာဖြစ်ပေမဲ့

ခုချိန်မှာအားလုံးကတရင်းတနှီးနဲ့မိသားစုဝင်တွေလို

ဖြစ်နေခဲ့ပြီလေ...


အချစ်တတ်ထားတဲ့ပညာလေးတွေက

အချစ်နဲ့သမီးလေးရဲ့ဘဝလေးကိုမပိုလျှံသော်လဲ

လူ့အောက်မကျအောင်နေနိုင်ခဲ့ပါသည်။


"အချစ်...အစ်မကိုပိုက်ဆံတွက်ပေးဦးလေ...

ပထမနှစ်စုံဖိုးပါထည့်ရှင်းသွားမယ်..."


"ဟုတ်...ခဏလေးနော်....အမချုပ်တာ

အကုန်လုံးကသုံးလွှာထဘီစကပ်တွေနဲ့ချည်းပဲ

ဆို​တော့..တစ်​စုံကို၇၅၀၀,အားလုံး

သုံးသောင်းကျတယ်အစ်မ...အင်္ကျီကကပ်ပန်းဖိုးတွေကိုတော့

အချစ်မယူတော့ဘူး..."


အချစ်ပြောပြီးစာအုပ်ကိုပြန်ပိတ်လိုက်တော့

ငါးထောင်တန်အလိပ်လေးကအချစ်လက်ထဲရောက်

လာသည်။


"ကျေးဇူးပဲအချစ်ရေ....အစ်မသွားတော့မယ်..."


"ဟုတ်ကဲ့...."


အထည်လာရွေးတဲ့မသော်ပြန်ထွက်သွားတော့မှ

အချစ်TV,ရှေ့မှာကာတွန်းကားထိုင်ကြည့်နေတဲ့

သမီးလေးကိုတစ်ချက်လှမ်းကြည့်ကာ...

တခြားအပ်ထည်များကိုလက်စသတ်ရန်

စက်ခုံမှာပြန်ထိုင်လိုက်တော့သည်။


~~~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿


"ဖျောက်..."


သော့ဖွင့်ပြီးအိမ်ထဲလှမ်းဝင်လာလာချင်း

မီးခလုတ်ကိုဖွင့်လိုက်တော့မှောင်မဲနေတဲ့

အိမ်ရှေ့ခန်းတစ်ခုလုံးလင်းထိန်သွားခဲ့၏.....


စည်းလက်ဆွဲအိတ်ကိုမှန်စားပွဲလေးပေါ်

လှမ်းပစ်တင်လိုက်ပြီးဆိုဖာပေါ်ခြေပစ်လက်ပစ်

ထိုင်ချလိုက်မိသည်။


မျက်ဝန်းတွေကနံရံထက်ရှိနာရီကိုလှမ်းကြည့်

လိုက်တော့၁၀နာရီပင်ထိုးတော့မည်....

မထူးခြားတော့တဲ့စည်းရဲ့အိမ်ပြန်နောက်ကျတဲ့

ညတစ်ညပါပဲ.....


နေ့လည်စာကို၂နာရီလောက်မှစားထားတာမို့

တစ်ချိန်လုံးလူနာတွေနဲ့ထိတွေ့နေခဲ့ရပြီး

ဆာရကောင်းမှန်းမသိတဲ့ဝမ်းဗိုက်ကအခုမှ

အနည်းငယ်ဟာသလိုရှိလာပေမဲ့

စည်းတစ်ခုခုစားဖို့စိတ်ကူးမရှိခဲ့....


ထိုင်ရာကနေထပြီးထမင်းစားခန်းထဲဝင်ကာ

ရေခဲသေတ္တာထဲကရေဘူးကိုထုတ်ပြီး

တစ်ဝက်လောက်ကျသည်အထိမော့သောက်

ပစ်လိုက်တာတောင်ရင်ထဲကပူလောင်နေမူ့ကိုတော့

မငြိမ်းသတ်နိုင်ခဲ့ပေ.....


ထို့အတူမျက်ဝန်းတွေကတစ်အိမ်လုံးက

အပြင်အဆင်တွေပြောင်းလဲထားတာတောင်

မပြောင်းလဲပစ်နိုင်ခဲ့သည့်ထမင်းစားပွဲ

အဟောင်းလေးဆီရောက်သွားတော့...


တစ်ချိန်တုန်းကစည်းအိမ်ပြန်နောက်ကျတဲ့

ရက်တွေတိုင်းထမင်းဝိုင်းလေးပြင်ပြီး

စောင့်နေတတ်သည့်သူမကိုမြင်ယောင်မိသွား

ခဲ့ရပြန်သည်။


"ထမင်းမစားချင်လဲနည်းနည်းတော့ဝင်အောင်

စားလိုက်ပါစည်းရယ်...နင်ပြန်မလာမချင်း

ဗိုက်အဆာခံပြီးစောင့်နေတဲ့ငါ့ကို

နည်းနည်းလေးတောင်မသနားဘူးလား......"


အိမ်ပြန်လာလို့စည်းထမင်းမစားနိုင်လောက်အောင်

ပင်ပန်းနေတဲ့အချိန်တိုင်းသနားစရာ

မျက်နှာလေးနှင့်ထိုကဲ့သို့ပြောပြီး....

စည်းကိုထမင်းမစားစားအောင်ဂရုတစိုက်နဲ့

ကျွေးတတ်တဲ့သူမ....


"အဟွတ်...ဟွတ်..."


သူမအကြောင်းစဉ်းစားလိုက်တာနှင့်

လည်ချောင်းထဲစီးဆင်းနေတဲ့ရေကပင်

အဆင်မချောတော့ပဲသီးသွားခဲ့ရသည်။


"အဟွတ်...ဟွတ်....."


စည်း...ရေဘူးကိုပြန်ပိတ်လိုက်သည့်တိုင်

ချောင်းဆိုးနေတာကရပ်တန့်မသွားခဲ့....


၁လဆိုတဲ့အချိန်အတွင်း...နေရာအနှံ့ရှာဖွေ

နေခဲ့ပြီးသူမသတင်းကိုလက်လှမ်းမှီသ၍

ကြိုးစားစုံစမ်းနေခဲ့တာတောင်....

အစအနရှာမရခြင်းရဲ့နောက်ကွယ်မှာ

သူမစည်းကိုတမင်ခြေရာဖျောက်သွားခဲ့တာမှန်း

စည်းတစတစပိုပြီးနားလည်နေခဲ့ပါပြီ....


စည်းမှာတစ်ကယ်ပဲသူမနဲ့ပြန်ဆုံဖို့

အခွင့်အရေးမရှိတော့တာများလား.....???


~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿


အပိုင်း(၇)မျှော်


Writer by

#Hazel


rate now: