💚 အ ကြင် နာ လက် တစ် ကမ်း 💚
~~~~~~~~
"ဒီအိမ်မှာဘယ်သူမှမနေဘူးကွဲ့..တစ်ကယ်
လူမနေတာကြာလှပြီအန်တီတို့ဒီကိုစပြောင်းလာကထဲက
၅နှစ်လောက်ရှိနေပြီ...."
"ဗျာ..."
မထင်မှတ်ပဲကြားလိုက်ရတဲ့သတင်းကြောင့်
စည်းနေရာမှာတင်မှင်သက်သွားခဲ့ရသည်။
"ဒါနဲ့မောင်ရင်လေးကဘယ်သူ့ကိုလာရှာတာလဲ
မောင်ရင့်ကိုဒီရပ်ကွက်ထဲမှာတစ်ခါမှမမြင်ဖူးဘူး..."
"ကျွန်တော်..."
စည်းထိုအမျိုးသမီးကြီးရဲ့အမေးကို
ရုတ်တရပ်ဘာမှပြန်မဖြေနိုင်ခဲ့သေးခင်...
"ကိုစည်းစနစ်...ကိုစည်းစနစ်မဟုတ်လားဟင်...."
ရင်းနှီးနေသောအသံကြောင့်စည်းလှမ်းကြည့်လိုက်
မိတော့၁နှစ်အရွယ်ကလေးငယ်လေး
တစ်ယောက်ကိုချီပိုးထားရင်းစည်းကို
အံ့ဩမယုံနိုင်သလိုမျက်ဝန်းတွေဖြင့်ကြည့်နေခဲ့သူက
"ကြည်ဖြူ...."
~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"လာလေ...ကိုစည်းစနစ်ထိုင်ပါ
ကျွန်မကအခုမှစျေးကပြန်လာတာဆိုတော့
ဘာမှဧည့်ခံစရာတော့မရှိဘူး..အားနာလိုက်တာ.."
ပြောလဲပြောအိမ်ရှေ့ခန်းမှာရှိနေတဲ့
တစ်လုံးတည်းသောကုလားထိုင်ကိုကြည်ဖြူက
ညွှန်ပြပေမဲ့စည်းကြမ်းပြင်ပေါ်မှာပဲထိုင်လိုက်၏...
"အပေါ်မှာထိုင်ပါကိုစည်းစနစ်ရဲ့....
အားမနာပါနဲ...."
"ရပါတယ်ကြည်ဖြူ...ကျွန်တော်အဆင်ပြေပါတယ်..."
စည်းပြန်ဖြေလိုက်ရင်းမခမ်းနားသော်လဲ
သပ်သပ်ရပ်ရပ်ရှိနေသည့်၁၅ပေပါတ်လည်
အိမ်ခန်းကျဉ်းလေးကိုမျက်လုံးဝေ့ကြည့်ရင်း
တဖန်ကြည်ဖြူချီထားတဲ့ကလေးလေးကို
ကြည့်လိုက်မိကာ...
"မင်းအိမ်ထောင်ကျသွားပြီလား...."
"အင်း...ဟုတ်တယ်ကျွန်မယောကျာင်္းက
ဒီရပ်ကွက်ထဲကပဲလေဆိုင်ကယ်ကယ်ရီမောင်းတယ်
အိမ်ထောင်ကျတာတော့၃နှစ်လောက်
ရှိနေပါပြီ..အချစ်မရှိတော့ကျွန်မနဲ့မေလဲ
ဆိုင်မှာသိပ်ပြီးအဆင်မပြေတော့ဘူးလေ...အဲ့ဒါနဲပဲ
ဆိုင်ကိုပိတ်ပြီးပြန်အပ်လိုက်တာ..မေကတော့
နယ်ကိုပဲပြန်သွားတယ်...ကျွန်မကတော့မေ့လို
အားကိုးစရာမိသားစုမရှိဘူးလေအဲ့ဒါနဲပဲ
ကျွန်မချစ်သူနဲ့ပဲလက်ထပ်ဖြစ်ပြီးဒီမှာပဲ
ဆက်ပြီးအခြေချနေဖြစ်ခဲ့တာ....."
ကြည်ဖြူပြောတဲ့စကားလုံးများစွာထဲက
သူမရဲ့နာမည်တစ်ချက်မျှပါသွားခဲ့တာနှင့်
စည်းရဲ့မျက်ဝန်းတွေလူပ်ရှားသွားခဲ့ရ၏....
"အချစ်ကဘယ်ကိုရောက်သွားလို့လဲ..."
"ရှင်...."
ရုတ်တရပ်စည်းရဲ့အမေးကကြည်ဖြူ့ကို
ပါးစပ်အဟောင်းသားဖြစ်သွားခဲ့တဲ့အထိ
အံ့ဩတကြီးဖြစ်သွားစေခဲ့သည်ထင်၏
တဆတ်ထဲနားမလည်သလိုသူမရဲ့မျက်ဝန်းတွေက
စည်းထံကိုရောက်လာခဲ့ကာ...
"ကိုစည်းစနစ်ဘာကိုမေးတာလဲ..အချစ်ဘယ်မှာ
ရှိလဲဆိုတာကိုစည်းစနစ်သိနေရမှာမဟုတ်ဘူးလား..."
"ဗျာ...."
"ကိုစည်းစနစ်နိုင်ငံခြားပညာတော်သွားပြီး
တလလောက်ပဲခြားမယ်ထင်တယ်....အချစ်က
အိမ်ကိုရောဆိုင်ကိုပါထားခဲ့ပြီးတနေရာကို
သွားစရာရှိတယ်လို့ကျွန်မတို့ကိုပြောခဲ့တယ်...
ကိုစည်းစနစ်ကအချစ်ကိုတစ်ယောက်ထဲစိတ်မချလို့
ကိုစည်းစနစ်မရှိတဲ့အချိန်မှာအင်းလေးမှာရှိတဲ့
ကိုစည်းစနစ်ရဲ့အမျိုးတွေဆီမှာနေဖို့အတွက်
တိုင်ပင်ပြီးစီစဉ်ခဲ့တယ်လို့ပြောပြီးကျွန်မတို့ကို
နူတ်ဆက်သွားခဲ့တာ...."
"အင်းလေးမှာရှိတဲ့ကျွန်တော့်ရဲ့အမျိုးတွေ
ဟုတ်လား..."
လောကကြီးမှာမရှိတော့တဲ့အမေကလွဲရင်
ဆွေမရှိ၊မျိုးမရှိတစ်ကောင်ကြွက်ဖြစ်တဲ့
စည်း...ကြည်ဖြူရဲ့စကားကြောင့်နားမလည်နိုင်
ဖြစ်သွားခဲ့ရ၏....
အချစ်ဘာတွေလျောက်စဉ်းစားခဲ့တာလဲ....??
"ပထမတစ်လနှစ်လတော့ကျွန်မတို့အချစ်ဆီက
ဖုန်းအဆက်အသွယ်ရသေးတယ်ဒါပေမဲ့
နောက်ပိုင်းကျတော့သူ့ဆီကအဆက်အသွယ်
မရတော့ဘူး...ကျွန်မတို့လဲဒီနှစ်တွေမှာ
သူအဆင်ပြေနေတယ်လို့ပဲထင်ထားခဲ့တာ...."
"ကျွန်တော့်မှာဘယ်ဆွေဘယ်မျိုးမှမရှိပဲ
ကျွန်တော်ကတစ်ကောင်ကြွတ်တစ်ယောက်ဆိုတာ
ကျွန်တော်နဲ့အချစ်သာအသိဆုံးပါ...."
"ဒါ.ဒါဆိုအချစ်က...."
ကြည်ဖြူကစကားကိုဆုံးအောင်မပြောနိုင်ပဲ
စည်းကိုမျက်လုံးပြူးပြီးကြည့်၏....
"ကျွန်တော်လဲအချစ်နဲ့အဆက်အသွယ်မရှိခဲ့တာ
တော်တော်လေးကြာခဲ့ပြီ...."
"ရှင်...."
"ကျွန်တော်ဒီနေ့မှအင်္ဂလန်ကနေပြန်လာခဲ့တာ
အခုရောက်ရောက်ချင်းလေဆိပ်ကနေဒီနေရာကို
တန်းလာခဲ့ပေမဲ့....."
စည်းစကားကိုဆုံးအောင်ပြောမထွက်တော့ပဲ
အလိုလိုခေါင်းငုံ့သွားခဲ့ရ၏....
"ဒါ.ဒါဆိုအချစ်ဘယ်ကိုရောက်နေလဲဆိုတာ
ကိုစည်းစနစ်လဲမသိဘူးပေါ့....."
ကြည်ဖြူ့ရဲ့ထိုမေးခွန်းကိုစည်းခေါင်းငြိမ့်ဖို့ရာ
ခက်ခဲလွန်းနေခဲ့ပြီးရင်ထဲမှာတစတစပူလောင်လာတဲ့
ခံစားမူ့တို့ဖြင့်ကိုယ်တိုင်သတိမထားမိရင်
လက်သီးကိုခပ်တင်းတင်းဆုပ်မိလျက်သား....
"ကျွန်မတို့နဲ့အဆက်အသွယ်မရှိခဲ့ရင်တောင်
အနည်းဆုံးတော့အချစ်နဲ့ကိုစည်းစနစ်ကတော့
အဆက်အသွယ်ပြတ်မှာမဟုတ်ဘူးလို့
ကျွန်မထင်ခဲ့တာ...ရှင်တို့ကလင်မယားတွေပဲလေ...."
ကြည်ဖြူ့ရဲ့ထိုစကားတစ်ခွန်းကစည်းရဲ့ရင်ဝကို
အရှိန်ပြင်းပြင်းနဲ့ပိတ်ကန်လိုက်သလိုပါပဲ...
တစ်ကယ်တော့အရာအားလုံးကစည်းရဲ့
အပြစ်တွေချည်းသာ...အင်္ဂလန်ကိုရောက်ရောက်ချင်း
တစ်နှစ်လောက်အထိသူမနဲ့အဆက်အသွယ်
မပျက်ခဲ့တာက...တလတစ်ခါသူမစည်းဆီပုံမှန်
ပို့နေခဲ့တဲ့စာလေးတွေကြောင့်သာ....
"ငါအဆင်ပြေပါတယ်...နင်လဲအဆင်ပြေအောင်
နေနော်ကျန်းမရေးဂရုစိုက်....ငါနင့်ကိုအရမ်း
သတိရတယ်......."
သူမဆီကစာတိုင်းလိုလိုမှာပါလာတတ်တဲ့
ထိုအကြောင်းအရာတွေနှင့်စည်းအဆင်ပြေဖို့
အတွက်ပဲတွေးပူပေးခဲ့တဲ့သူမရဲ့စေတနာတွေကို
စည်းတစ်ခါလောက်တောင်အသိအမှတ်မပြုပေး
ခဲ့မိဘူး....
နှစ်လနေမှတစ်ခါလောက်သူမကိုဖုန်းခေါ်ခဲ့ပြီး
၁၅မိနစ်လောက်စကားပြောပေးရုံနဲ့တင်
လုံလောက်ပြီလို့စည်းထင်ခဲ့မိတယ်....
ရက်ပေါင်းများစွာကြာမှတစ်ခါကြားရတဲ့သူမရဲ့
အသံထဲကကြည်လင်မူ့တွေစိတ်သက်သာမူ့တွေက
စည်းဝန်မလေးစေဖို့တမင်လုပ်ယူနေခဲ့တာမှန်း
စည်းအဲ့ဒီ့အချိန်တွေတုန်းကမတွေးနိုင်ပဲ...
ရေခြားမြေခြားမှာတစ်စတစ်စခက်ခဲလာတဲ့
ဆေးပညာရဲ့စိန်ခေါ်မူ့တွေကြားအရူံးမပေးရအောင်
အရူးအမူးကျားကုပ်ကျားခဲကြိုးစားနေခဲ့ရင်း....
အရင်လိုပုံမှန်ရောက်မလာတော့တဲ့သူမရဲ့
စာတွေကိုလဲသတိမထားမိတော့ဘူး....
တစ်နေ့ကိုအိပ်ချိန်၃နာရီလောက်ပဲရှိပြီး
နားရက်မှာတောင်ဆေးရုံတွေမှာဂျူတီဝင်ပေးပြီး
ရည်မှန်းချက်အတွက်ခက်ခက်ခဲခဲကြိုးစားနေခဲ့
အချိန်တွေမှာ...သူမဒီနေရာမှာအဆင်ပြေပြေ
ရှိနေမှာပါလို့ကိုယ့်ကိုကိုယ်လှည့်စားနှစ်သိမ့်ခဲ့သမျှက
ခုချိန်မှာစည်းရဲ့မဟာအမှားတစ်ခုဖြစ်နေခဲ့ပြီပဲ...
သူမစည်းကိုစိတ်ကုန်သွားတာလား....??
ဒါမှမဟုတ်သူမစည်းကိုနာကျည်းသွားပြီလား??
ခုချိန်မှာစည်းကိုဘာကိုမှမသိနိုင်တော့ပါပဲ....
"နင်...ဘယ်မှာလဲအချစ်...."
~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"ဒါဆိုရင်မောင်စည်းစနစ်က...အခုလောလောဆယ်
ဆရာစီစဉ်ပေးထားတဲ့ကွန်ဒိုကိုပြောင်းမနေ
ဖြစ်သေးဘူးပေါ့....."
"ဟုတ်ပါတယ်ဆရာ...ကျွန်တော်လောလောဆယ်
အရင်ကနေခဲ့တဲ့အိမ်မှာပဲနေမှာပါ..."
"ဘာဖြစ်လို့လဲဆရာစီစဉ်ပေးထားတာက
မောင်စည်းစနစ်အတွက်ဘာများအဆင်မပြေစရာ
ရှိနေလို့လဲ....တစ်ကယ်လို့မောင်စည်းစနစ်
ကွန်ဒိုမှာမနေချင်ဘူးဆိုရင်လဲဆရာ့အိမ်ဖို့
နေထိုင်ဖို့စီစဉ်ပေးလို့ရပါတယ်......
မောင်စည်းစနစ်လဲသိတဲ့အတိုင်းမင်းအခုရထားတဲ့
ဘွဲ့ထူးဂုဏ်ထူးတွေနဲ့မင်းအတွက်တစ်ကယ်
သင့်တော်တဲ့နေရာမှာပဲရှိနေသင့်တယ်ဆိုတာကိုလေ.."
"ကျွန်တော်ကိုယ့်ကိုကိုယ်အရောင်တင်ဖို့အတွက်
ကိုယ့်ကိုကိုယ်မြှင့်တင်ဖို့အတွက်...၅နှစ်ဆိုတဲ့
အချိန်တွေကိုရင်းပြီးအရူးအမူးကြိုးစားခဲ့တာ
မဟုတ်ပါဘူးဆရာ..ကျွန်တော့်ရဲ့ရည်မှန်းချက်
ကျွန်တော့်ရဲ့ခံယူချက်တွေကိုပြည့်ဝအောင်
ကြိုးစားခဲ့တာပါ...အရင်ကကျွန်တော့်ပုံရိပ်က
အခုလက်ရှိကျွန်တော့်ကိုသိမ်ငယ်စေတယ်လို့
ကျွန်တော်တစ်ခါမှမတွေးခဲ့မိပါဘူး...."
စည်းရဲ့စကားကိုနားထောင်ပြီးဆေးရုံအုပ်ကြီးက
ခေါင်းတဆတ်ဆတ်ငြိမ့်သည်။
"မောင်စည်းစနစ်ရဲ့စိတ်ထားကိုဆရာလေးစားပြီးသားပါ
ပါရဂူဘွဲ့ယူပြီးချိန်မှာထိပ်တန်းဆေးတက္ကသိုလ်တွေနဲ့
ဆေးရုံတွေကအပြိုင်အဆိုင်ကမ်းလှမ်းတာကိုတောင်
လက်မခံပဲအမိမြေကိုပြန်လာဖို့ဆုံးဖြတ်ခဲ့ကထဲက
မင်းရဲ့စိတ်ကိုဆရာကောင်းကောင်းနားလည်ခဲ့တယ်
မောင်စည်းစနစ်ရဲ့ဘဝကိုမောင်စည်းစနစ်ပဲ
ပိုင်ပါတယ်...ကိုယ့်ရဲ့စိတ်ထဲရှိတဲ့အတိုင်းနေပါ....
ဆရာတို့ဆေးရုံမှာမင်းလိုဆရာဝန်တစ်ယောက်
ရှိနေတာကိုကဂုဏ်ယူစရာပါပဲ....."
"ကျွန်တော့်ကိုနားလည်ပေးလို့ကျေးဇူး
တင်ပါတယ်ဆရာ..."
"ဒါနဲ့ဆရာတစ်ခုလောက်တော့မင်းကိုမေးချင်တယ်..."
"ဟုတ်ကဲ့မေးပါ.."
"ဘာလို့အရင်ကနေခဲ့တဲ့အိမ်မှာမှမဖြစ်မနေ
ပြန်နေချင်တဲ့အကြောင်းပြချက်တစ်ခုခုများ
မောင်စည်းစနစ်မှာရှိနေခဲ့တာလား......"
ထိုအမေးကြောင့် စည်းမဆိုင်းမတွခေါင်းငြိမ့်
လိုက်မိရင်း....
"မဖြစ်မနေရှာဖွေပြီးအဲ့ဒီ့နေရာမှာကျိန်းသေ
စောင့်နေရမဲ့သူရှိလို့ပါ...."
"ဘယ်သူများလဲဆိုတာရောဆရာထပ်ပြီးသိခွင့်
ရှိဦးမလား....."
"သူက...ကျွန်တော့်ရဲ့..."
ပြန်ဖြေဖို့ပြင်လိုက်တဲ့စကားမဆုံးခင်စည်းရဲ့
မျက်ဝန်းတွေကငေးရီသွားခဲ့ပြီးမှ....
"ဇနီး...သူကကျွန်တော့်ရဲ့ဇနီးပါ..."
"............."
"ကျွန်တော့်ရဲ့အိမ်မက်နောက်ကိုပဲပြေးလိုက်နေခဲ့မိတဲ့
အချိန်....ကျွန်တော့်ကိုစိတ်ကုန်သွားတာလား...
စိတ်နာသွားတာလားဘာတစ်ခုမှသိခွင့်မရပဲ...
ကျွန်တော့်ဘဝထဲကနေပျောက်ကွယ်သွားခဲ့တဲ့
မိန်းကလေးပါ....ဆရာ...."
~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"ကိုယ်တွေအရမ်းပူပြီးအဖျားကြီးနေတယ်..လူနာ
ဆေးထိုးမှသက်သာမှာ..."
"ဟင့်အင်းဒေါက်တာငါဆေးမထိုးချင်ဘူး..."
"ဆေးမထိုးလို့မရဘူးလေ...လူနာဆေးမထိုးရင်
ဘယ်လိုလုပ်သက်သာမှာလဲ..."
"မထိုးပါဘူးဆို..."
"ထိုးရမယ်..."
ကစားစရာဆရာဝန်ပစ္စည်းအစုံအလင်ကို
ဘေးချပြီးကစားစရာဆေးထိုးအပ်အတုကြီးကိုင်
ထားတဲ့...ချည်သားဂါဝန်လေးဝတ်ထားသော
၄နှစ်အရွယ်ဖြူဖျော့ဖျော့မျက်နှာနှင့်ကောင်မလေးကို
ကြည့်ပြီး....ရွယ်တူကောင်လေးကအသည်းအသန်
ငြင်းသည်။
"ည...နင်ကလဲလူနာဆိုတာဆေးထိုးရတယ်လေ..."
"ငါမှမထိုးချင်တာ...မထိုးဘူး
နင့်လက်ထဲကဆေးထိုးအပ်ကြီးကိုချထားလိုက်နော်
ရွှေဘုံ...."
"နင်ဆေးမထိုးရင်ငါတို့မကစားတော့ဘူး..."
"မကစားနဲပေါ့...ဆေးဆိုတာလူမမာမှထိုးရတာ
ငါကလူကောင်းနင်သာခဏခဏနေမကောင်းဖြစ်ပြီး
ဆေးရုံသွားနေရတာ...."
"နင်...ဘာပြောတယ်...."
"ဟုတ်တယ်...ငါ့အမေကပြောတယ်နင်က
ရောဂါသည်တဲ့အဲ့ဒါကြောင့်နင့်အမေနင့်ကို
တခြားသူငယ်ချင်းတွေနဲ့ပေးမဆော့တာတဲ့...."
"နင်လျောက်မပြောနဲ့ငါကရောဂါသည်မဟုတ်ဘူး
အီး...ဟင့်...ဟီး..."
ရုတ်တရပ်ကောင်မလေးကအသံအကျယ်ကြီးနဲ့
ထငိုလိုက်တဲ့အခါခရေပင်ကြီးအောက်ရှိ
ခုံတန်းလေးပေါ်ကနေပြေးဆင်းပြီးတဖက်ခြံကို
ပြေးသွားတဲ့ကောင်လေး....
"ဟင့်...ဟင့်...အီး...ဟီး..."
"ရွှေဘုံ...မီးလေး..."
ထိုအချိန်ကလေးမလေးရဲ့အော်ငိုသံကြောင့်
အပြာရောင်ဆေးသုတ်ထားတဲ့သစ်သားအိမ်
လေးထဲကနေပြေးထွက်လာသောနွဲ့နှောင်းသော
ပုံရိပ်တစ်ခု...
"မေ့...."
ထိုပုံရိပ်ကိုမြင်တာနှင့်ကလေးမလေးက
ခုံတန်းလေးပေါ်ကနေပြေးဆင်းကာ
အားကိုးတကြီးပြေးဖက်သည်။
"မီးလေးဘာလို့ငိုတာလဲမေမေ့ကိုပြော...."
မျက်ရည်လည်ရွဲနဲ့ကလေးမလေးကို
ကောက်ချီပြီးခြေမကိုင်လက်မကိုင်မိနှင့်
ပျာယာခတ်နေခဲ့သော....အချစ်စစ်ဆိုသောသူမ...
"မေ့...ညကမီးကိုရောဂါသည်လို့ပြောတယ်
ဟင့်...ဟင့်...."
"အို..."
"မီးကဆရာဝန်လုပ်တမ်းကစားရင်းသူ့ကို
ဆေးထိုးမယ်လို့ပြောတော့...ညကလူမမာတွေမှ
ဆေးထိုးရတာတဲ့...ဟင့်...ဟီး...."
ပြောရင်းဝမ်းပမ်းတနည်းရိူက်ကာ
အချစ်ရဲ့လည်ပင်းကိုအားကိုးတကြီး
သိုင်းဖက်လိုက်တဲ့...သမီးလေးရွှေဘုံဗိမ္မာန်....
ထိုအခါအချစ်ရဲ့မျက်ဝန်းတွေကခုံတန်းလေးပေါ်ရှိ
ကစားစရာဆရာဝန်ပစ္စည်းတွေဆီရောက်သွားတဲ့အခါ
ဟန်မဆောင်နိုင်အောင်ရီဝေမိူင်းညို့သွားခဲ့ရ၏....
"ညကဆေးမထိုးချင်တာကိုမီးလေးက
အတင်းဆေးထိုးမယ်လို့ပြောလို့လား..."
"ဟုတ်..."
ရိူက်သံလေးနှင့်ပြန်ဖြေလာတဲ့သမီးလေးရဲ့
ဦးခေါင်းလေးကိုအချစ်ဖွဖွပွတ်သပ်ပေးလိုက်သည်။
"ညမကြိုက်ရင်ဆရာဝန်လုပ်တမ်းမကစားနဲ့ပေါ့
မီးလေးရဲ့....."
"ဒါပေမဲ့မီးကဆရာဝန်လုပ်တိုင်းပဲကစားချင်တာ
မီးဆရာဝန်လုပ်ရတာကြိုက်တယ်...."
ဘယ်အချိန်ဖြစ်ဖြစ်ထိုကဲ့သို့သာဖြေတတ်မြဲဖြစ်သော
သမီးလေးကြောင့်အချစ်ရင်ထဲဆစ်ခနဲ
နာကျင်သွားရတာကလဲထုံးစံအတိုင်းပါပဲ...
"သမီးလေးရယ်....."
~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"ဝေး...မိပြီ...မိပြီ...."
"ဒီတစ်ခါ...နင်လိုက်အလှည့်..."
တစ်ဖက်ခြံထဲမှာဆူညံစွာဖြင့်ကစားနေကြတဲ့
ကလေးတွေရဲ့အသံကိုကြားတာနှင့်...
အချစ်စက်ချုပ်နေတဲ့ဘေးမှာထိုင်ပြီး
ရုပ်ပြကာတွန်းစာအုပ်လေးကိုကြည့်နေတဲ့
ရွှေဘုံလေးကဖျပ်ခနဲထသွားကာအိမ်အဝဆီ
ပြေးသွားသည်။
တံခါးဝမှာခေါင်းလေးကပ်မှီ၍သူများတွေ
ပြေးလွှားဆော့ကစားနေတာကိုထုံးစံအတိုင်း
ငေးကြည့်နေဦးမည့်သမီးလေးကြောင့်
အချစ်စက်ခုံပေါ်ကနေထကာသမီးလေးနားကို
လျောက်သွားလိုက်သည်။
"ရွှေဘုံ...."
အနားမှာဒူးထောက်ထိုင်ရင်းပခုံးလေးကို
ပွေ့ဖက်ကာခေါ်လိုက်တော့သမီးလေးက
မျက်နှာငယ်လေးနှင့်လှည့်ကြည့်လာ၏....
"မေမေ..မီးကဘာလို့သူတို့နဲ့အတူပြေးလွှားပြီး
ကစားလို့မရတာလဲဟင်...."
"မီးလေးကအရမ်းငယ်သေးလို့ပေါ့..."
အချစ်ခေါင်းလေးကိုချစ်စနိုးနဲ့ပွတ်သပ်ပြီး
ဖြေလိုက်ပေမဲ့လဲသမီးလေးကကျေနပ်ပုံမရပါ...
"ဟင်း...မိုးညလဲမီးလိုမူကြိုပဲရှိသေးတာကို
သူကျတော့ဘာလို့ကစားလို့ရတာလဲ...."
"အင်းး.....ညကမီးလေးနဲ့မှမတူတာသူက
ယောကျာင်္းလေးလေ....."
"အဲ့လိုလား....ဒါဆိုမီးကရောဂါသည်မို့သူတို့နဲ့အတူ
ကစားလို့မရတာမဟုတ်ဘူးပေါ့နော်...."
"အို...အဲ့လိုမပြောရဘူးလေမီးလေးရဲ့...."
အချစ်...အကြောက်အကန်ဟန့်တားလိုက်ရင်း
သမီးလေးကိုရင်ခွင်ထဲဆွဲသွင်းပွေ့ဖက်လိုက်သည်။
"ေမ့..."
"ဟင်...."
"မီးကသူတို့လိုပြေးဆော့ရင်ဆေးရုံရောက်သွား
မှာပေါ့နော်.....အဲ့ဒီ့်အခါကျရင်ဆရာဝန်
ဦးဦးတွေကမီးကိုအပ်ကြီးတွေနဲ့သွေးထပ်ဖောက်
ဦးမှာမဟုတ်လား...မေမေသိလား
ဆေးရုံကတစ်ကယ့်ဆေးထိုးအပ်ကြီးတွေက
အရမ္းနာတာပဲ...."
၄နှစ်အရွယ်သမီးငယ်လေးရဲ့ဟန်မဆောင်တတ်တဲ့
ရင်ထဲကခံစားချက်တွေကိုနားထောင်ပြီး
အချစ်မျက်ရည်များဝဲတက်လာရရင်း
သမီးလေးမမြင်အောင်ဦးခေါင်းလေးကိုပိုပြီး
ပွေ့ဖက်လိုက်သည်။
ဟုတ်တယ်...တစ်ကယ်တော့ရွှေဘုံဗိမ္မာန်ဆိုတဲ့
အချစ်ရဲ့သမီးလေးကမွေးရာပါနှလုံးရောဂါကို
ခံစားနေရတဲ့သနားစရာကလေးလေး
တစ်ယောက်ပါပဲ........
"မေမေ...."
အချစ်မျက်ရည်တွေနှင့်စက္ကန့်ပိုင်းမျှငေးမော
သွားရစဉ်မှာပဲ....ရင်ခွင်ထဲမှသမီးလေးရဲ့
ခေါ်သံလေးထွက်ပေါ်လာခဲ့ပြန်သည်။
"ဖေဖေကမီးတို့ဆီဘယ်တော့ပြန်လာမှာလဲဟင်...
မေမေပြောတယ်မလားဖေဖေကမီးကိုနေကောင်းအောင်
ကုပေးဖို့ဟိုးအဝေးမှာပညာတွေသွားသင်နေတာဆို
မီးအရပ်ဒီလောက်ရောက်ရင်ဖေဖေပြန်လာမယ်လို့
မေမေပြောလေ...."
ပြောရင်းအချစ်ရင်ခွင်ထဲကရုန်းထွက်လိုက်တဲ့
သမီးလေးကအချစ်လက်တစ်ဖက်ကိုဆုပ်ကိုင်ပြီး
သူ့ဦးခေါင်းလေးကိုအုပ်ကိုင်စေ၏....
"အခုမီးအရပ်ရှည်လာပြီဆိုတော့ဖေဖေက
ပြန်လာတော့မှာပေါ့နော်၊...."
ဒီတစ်ခါတော့အချစ်စီးကျလာတဲ့မျက်ရည်တွေကို
မထိန်းလိုက်နိုင်ခဲ့ပဲသမီးလေးကိုအားယူပြုံးပြလိုက်
မိသည်။
"ဒါပေါ့...မီးလေးရဲ့ဖေဖေကပြန်လာတော့မှာ..."
သမီးလေးကျေနပ်အောင်ဖြေပြီးအချစ်
နောက်တစ်ကြိမ်ကိုယ်လုံးသေးသေးလေးကို
ရင်ခွင်ထဲပွေ့ပိုက်လိုက်မိ၏....
တစ်ကယ်တော့သမီးလေးသိနိုင်မှာမဟုတ်ပါဘူး
တစ်ကယ်လို့ဒီ၅နှစ်အတွင်းအရင်အတိုင်းသူ
မပြောင်းလဲခဲ့ရင်တောင်သမီးလေးလူ့လောကထဲ
စရောက်လာတဲ့နေ့...အချစ်သမီးလေးမျက်နှာကို
ပထမဆုံးမြင်လိုက်ရတဲ့အဲ့ဒီ့နေ့ထဲက....
သူ့ကိုစွန့်လွှတ်ဖို့ဆုံးဖြတ်ခဲ့ပြီးပြီဆိုတာကိုပေါ့....
~~~~~~~~~~~~~~~~❤◦.¸¸. ◦✿
အပိုင်း(၅)မျှော်
Writer by
#Hazel