💛အကြင်နာလက်တစ်ကမ်း💛
~~~~~~~~~~~
"ဖေဖေ..."
"ဗျာ..."
"မေမေ..."
"ရှင့်...."
"ဖေဖေနဲ့မေမေ..မီးကိုအရမ်းချစ်လားဟင်..."
သူ့အတွက်ပြင်ပေးထားတဲ့အိပ်ခန်းအသစ်လေးထဲက
ချစ်စရာအိပ်ယာလေးထက်မှာ..အမေနဲ့အဖေရဲ့
အလယ်မှာလှဲနေရင်းမေးခွန်းထုတ်လာတဲ့
ရွှေဘုံလေး...
"ချစ်တာပေါ့..ဖေဖေရောမေမေရောကသမီးလေးကို
အရမ်းချစ်တာ..."
"မေမေရောလား..."
"အင်း..မေမေရောပေါ့မီးလေးရဲ့...."
လက်သေးသေးလေးတွေကိုသူနဲအချစ်
တစ်ဖက်ဆီဆုပ်ကိုင်ရင်းသမီးလေးကို
ဖွဖွပွေ့ဖက်လိုက်တော့....ရွှေဘုံလေးက
အားရကျေနပ်စွာပြုံးသည်။
သမီးလေးရဲ့ပုံစံလေးကအဖေရောအမေရော
သူ့အနားမှာစုံစုံလင်လင်နဲ့ဂရုတစိုက်ရှိနေတာကို
အရမ်းသဘောကျနေတဲ့ပုံလေးနဲ့ဖြစ်၏....
အင်းလေ..မွေးကထဲနေအဖေခေါ်စရာမရှိခဲ့ပဲ
မိမစုံဖမစုံနဲ့ကြီးပြင်းလာခဲ့ရတဲ့ကလေးမဟုတ်လား
သမီးလေးအတွက်အခုအခြေအနေက
ပျော်ရွှင်စရာအကောင်းဆုံးဖြစ်နေမှာပေါ့....?
"မေမေနဲ့ဖေဖေသိလား...မီးဒီနေ့အရမ်းပျော်တာပဲ
ဖေဖေနဲ့မေမေရောမီးရောကအင်္ကျီလှလှလေးတွေနဲ့
ဓာတ်ပုံတွေအများကြီးရိုက်ရတာလေ...."
တရားရုံးမှာလက်မှတ်ထိုးပြီးဘုန်းကြီးကျောင်းမှာ
ဆွမ်းကပ်၊မိဘမဲ့ကျောင်းနဲ့မျက်မမြင်ကျောင်းတွေမှာ
သွားရောက်လှူဒါန်းကြတော့အမှတ်တရဓာတ်ပုံ
တွေအများကြီးရိုက်ခဲ့တာကိုလဲခုထိပြောမဆုံး
ဖြစ်နေတဲ့သမီးလေး...
"မေ့...မီးရယ်ဖေဖေနဲ့မေမေရယ်နဲ့ဓာတ်ပုံကို
မိုးညတို့အိမ်ကလိုပိုစတာအကြီးကြီးထုတ်ပေးနော်..."
"အဟင်း...ထုတ်ပေးမှာပေါ့..."
"နောက်လဲမီးတို့ဓာတ်ပုံတွေအများကြီး
ရိုက်မယ်နော် ဖေဖေ...."
"ရိုက်မှာပေါ့သမီးလေးရဲ့...."
"မီးဖေဖေနဲ့မေမေကိုအရမ်းချစ်တာပဲ...."
သူ့လက်လေးတွေကိုဆုပ်ကိုင်ထားတဲ့
မိဘနှစ်ပါးရဲ့လက်တွေကိုရင်ဘတ်လေးပေါ်တင်ပြီး
သမီးလေးကမျက်ဝန်းလေးတွေပိတ်သွားခဲ့သည်။
တနေကုန်လူကြီးတွေနဲ့အတူဟိုသွားဒီသွားနဲ့
ပင်ပန်းနေပြီမို့မကြာလိုက်အသက်ရူသံညင်ညင်
လေးနဲ့အိပ်ပျော်သွားရှာတဲ့သမီးလေး...
သူနဲ့အချစ်...သမီးလေးကိုအိပ်နေတာကို
အချိန်တွေအကြာကြီး..မတိုင်ပင်ရပဲ
ငြိမ်သက်စွာငေးကြည့်နေမိကြသည်။
တစ်ကယ်တမ်းရွှေဘုံလေးလိုဖြူဖြူစင်စင်
နုနုနယ်နယ်ကလေးငယ်လေးတွေအတွက်...
အလိုအပ်ဆုံးကမိဘနှစ်ပါးရဲ့နွေးထွေးတဲ့မေတ္တာပဲ
မဟုတ်ပါလား....
~~~~~~~~~~~~~~🌺🌺🌺
"နင်ကော်ဖီသောက်ဦးမလားစည်း
ငါဖျော်ပေးမယ်...."
သမီးလေးရဲ့အခန်းထဲကနှစ်ယောက်အတူ
ပြန်ထွက်လာကြတော့အချစ်မေးလိုက်တာကို
သူကခေါင်းယမ်းပြသည်။
"မသောက်တော့ဘူး....."
ပါးစပ်ကလဲပြန်ဖြေရင်း သူကအချစ်ရဲ့ပခုံးလေးကို
ပွေ့ဖက်ကာအိပ်ခန်းထဲကိုလှမ်းဝင်သည်။
ဒီအိမ်ကိုပြန်ပြောင်းလာတဲ့အရင်၂ရက်က
အချစ်သမီးလေးနဲ့အတူသမီးလေးရဲ့
အခန်းထဲမှာပဲအိပ်တာမို့..အခုမှပထမဆုံးအကြိမ်အဖြစ်
ဟိုးအရင်ကသူနဲ့အချစ်ရဲ့အိပ်ခန်းလေးကို
ပြန်လည်ခြေချခြင်းဖြစ်သည်။
ဒါပေမဲ့အနည်းငယ်ပြောင်းလဲသွားတဲ့အပြင်အဆင်မှအပ
ဒီအခန်းလေးကတော့ဟိုးအရင်ကနွေးထွေးမူ့တွေ
ရှိနေခဲ့တုန်းပဲ....
"နင်အနွေးထည်ဝတ်အိပ်နော်စည်း...
ငါထုတ်ပေးမယ်...."
"မထုတ်နဲ့...အိမ်ထဲမှာသိပ်မှမအေးတာ..."
"ဒါဆို..ငါပြတင်းပေါက်တွေပိတ်လိုက်မယ်...."
စကားမရှိစကားရှာရင်းအချစ်သူ့လက်ထဲက
အသာအယာရုန်းထွက်ကာပြတင်းပေါက်နားကို
လျောက်သွားလိုက်သည်။
သူဒီနေ့သူပြောသလိုသိပ်မအေးပဲအအေးနည်းနည်း
ပေါ့တာတော့အမှန်ပါပဲ..ဒါပေမဲ့အချစ်စိတ်ထဲမှာတော့
ပိုပြီးအေးစိမ့်စိမ့်ခံစားနေရ၏...
အချစ်ပြတင်းပေါက်နားမှာခြေစုံရပ်ရင်း
တံခါးနှစ်ချပ်ကိုဆွဲပိတ်ဖို့ပြင်လိုက်စဉ်မှာပဲ
အချစ်နောက်ကိုရောက်လာတဲ့သူက
အချစ်ကိုယ်လေးကိုဖွဖွပွေ့ဖက်သည်။
"စည်း..."
"နင်အေးနေလို့လား..ဒါဆို
ငါဒီလိုဖက်ထားပေးမယ်လေ..."
"အဟင်း..ငါအေးတယ်လို့မပြောမိပါဘူးနော်..."
"ဒါပေမဲ့..နင်အေးနေတာငါသိပါတယ်..."
ပါးပြင်ချင်းတိုးဝှေ့ပွတ်သပ်ရင်းသူပြောလာတော့
အချစ်ခပ်သဲ့သဲ့ရယ်မိရင်း...သူ့ရင်ခွင်ထဲ
ခေါင်းလေးမှီထားလိုက်မိ၏...
"အချစ်..."
"ဟင်..."
"ငါတို့ရဲ့မိသားစုဓာတ်ပုံကိုပုံကြီးချဲ့ပြီးတဲ့အခါ
နင်ဘယ်မှာထားချင်လဲ...."
"အင်း...အိမ်ရှေ့ခန်းထဲမှာပဲထားမယ်လေ
ပြီးလို့ရှိရင်..ကျန်တဲ့ဓာတ်ပုံတွေကို
အယ်လ်ဘမ်လှလှလေးထဲထည့်ပြီးသေချာ
သိမ်းထားရမယ်...."
"ငါလဲ..သမီးလေးနဲ့နင့်ရဲ့ပုံကိုမှန်ဘောင်သွင်းပြီး
ဆေးရုံကငါ့ရဲ့နားနေခန်းထဲမှာထားရမယ်...."
"အဲ့လောက်ထိမပိုနဲ့နော်..."
"အဟွန်း..ဘယ်မှာပိုလို့လဲ..ငါတစ်ကယ်ပြောနေတာ..."
"......... "
"အချစ်..."
"ဟင်းး..ဘာလို့ခဏခဏခေါ်နေတာလဲ...."
"ဒီအတိုင်းနင့်ရဲ့အသံကိုနားထောင်ချင်လို့..."
ဒီတစ်ခါတော့အချစ်အသံထွက်အောင်ရယ်မိသွားရသည်။
"ဘယ်လိုဖြစ်နေတာလဲ...နင်..."
"ပျော်နေတာလေ...ဒီနေ့နင့်ရဲ့တရားဝင်
ခင်ပွန်းဖြစ်ခွင့်ရခဲ့ပြီမို့....ငါဘယ်လောက်ပျော်နေလဲဆိုတာ
နင်မှန်းကြည့်မိမှာတောင်မဟုတ်ဘူး...."
အချစ်သူ့ကိုဘာမှပြန်မပြောတော့ပဲ
ပြုံးရုံသာပြုံးနေမိတော့သူက
အချစ်ပခုံးလေးမှာမျက်နှာအပ်ပြီးတရိူက်မက်မက်
နမ်းသည်။
"တစ်ကယ်တော့..ငါကံကောင်းခဲ့တာပါ
ငါအရာအားဆုံးခဲ့ရပြီလို့ထင်ခဲ့ပေမဲ့
နင်နဲ့သမီးလေးကငါ့ဘဝထဲကိုဒီလိုမျိုးပြန်ရောက်
လာခဲ့တယ်..ငါနှလုံးသားတစ်ခုလုံးနဲ့ရင်းပြီးမှ
သေချာနားလည်လိုက်ရတာက....နင့်ရဲ့
အကြင်နာတွေကအမြဲတမ်းငါနဲ့လက်တစ်ကမ်းမှာ
ရှိနေခဲ့ပေမဲ့...တစ်ကယ်တမ်းငါပြန်လည်
ဖမ်းဆုပ်နိုင်ဖို့အရမ်းခက်ခဲခဲ့တယ်ဆိုတာပဲ...
ငါနောက်ထပ်ခြေလှမ်းမမှားရဲတော့လောက်အောင်
နင့်ရဲ့အမုန်းတွေကငါ့အတွက်ခါးသီးလွန်းခဲ့တာ..."
"နင်မသိဘူးလား..ငါလဲတစ်ကယ်တမ်းကျတော့
နင့်ကိုမမုန်းနိုင်ခဲ့ပါဘူး..ငါဒီအတိုင်းနင့်ကို
နာကျည်းဖို့အတွက်ကြိုးစားခဲ့မိရုံပါ....
ဒီကမ္ဘာမှယငါကနင့်ထက်ပိုပြီး..နင့်ကိုချစ်နိုင်တဲ့
တစ်ယောက်ထဲသောသူပဲ...ငါအတွက်
ပြည့်စုံကြွယ်ဝမူ့တွေ၊စည်းစိမ်ချမ်းသာတွေ
ဘာဆိုဘာမှမလိုအပ်ဘူး...ငါကနင့်ဘဝအတွက်
တစ်ဦးတည်းသောမိန်းကလေးဖြစ်ခဲ့ရဘူး
နင့်ကိုငါ့ရဲ့ခင်ပွန်း၊ငါ့ရင်သွေးလေးရဲ့အဖေအဖြစ်
ပိုင်ဆိုင်ခဲ့ရတာနဲ့တင်...ငါ့အတွက်အရာအားလုံး
ပြည့်စုံပြီ....နင်သိတယ်မဟုတ်လား စည်း
ငါလဲနင့်ကိုအရမ်းချစ်တယ်ဆိုတာကိုလေ...."
စကားအဆုံးအပြံးမျက်နှာလေးနှင့်လည်ပင်းလေးလိမ်ကာ
ခေါင်းငဲ့ကြည့်လာတဲ့သူမရဲ့နူတ်ခမ်းဖူးလေးအား
စည်းဖွဖွနမ်းရိူက်လိုက်ရင်း...သေးသွယ်သွယ်
ခန္ဓာကိုယ်လေးကိုပွေ့ယူလိုက်ကာ...
ခြေလှမ်းတွေဦးတည်လိုက်တာက...သပ်သပ်
ရပ်ရပ်ပြင်ဆင်ထားတဲ့ဇနီးမောင်နှံနှစ်ယောက်ရဲ့
အသစ်စက်စက်အိပ်ယာကြီးရှိရာသို့....
မကြာခင်အချိန်မှာပဲအခန်းမီးလေးပိတ်ကျသွားခဲ့ရင်း
ပိတ်မလာမိတဲ့ပြတင်းတံခါးဆီကမှဆောင်းလေအေးတို့က
အခန်းတွင်းတိုးသဲ့သဲ့ဝင်ရောက်လာသော်လဲ...
စည်းချက်ညီညီနှင့်အပြန်အလှန်
လိုက်လျောကြင်နာမူ့တို့ဖြင့်ခရီးဆက်နေတဲ့
နှလုံးသားနှစ်စုံရဲ့....နွေးထွေးမူ့ကိုတော့
အနှောင့်အယှက် မပြုနိုင်ခဲ့ပေ......
ဆောင်းတညရဲ့လှပတဲ့ချစ်ဗျူဟာတစ်ပုဒ်ပါပဲ......
~~~~~~~~~~~~~~~🌺🌺🌺
၆လခန့်ကြာသောအခါ>>>>>
"သမီးလေးကျောင်းမှာ တီချယ်တွေရဲ့
စကားကိုနားထောင်ရမယ်နော် သူငယ်ချင်းတွေနဲ့လဲ
ရန်မဖြစ်ရဘူး..ပြီးတော့စာကိုလဲကြိုးစားရမယ်
ဟုတ်လား...."
"ဟုတ်...."
"ဪ..ပြီးတော့ကျောင်းမှာယောကျာင်္းလေးတွေနဲ့
သူငယ်ချင်းမလုပ်ရဘူးနော်...မိန်းကလေးတွေကိုပဲ
သူငယ်ချင်းထားရမယ် ဟုတ်ပြီလား...."
ပထမဆုံးကျောင်းစတက်ရမဲ့နေ့အတွက်
ပြင်ဆင်ပေးထားတဲ့သမီးလေးရဲ့ဘေးမှာ
ထိုင်ပြီးမှာတမ်းခြွေမဆုံးဖြစ်နေတဲ့သူ့ကို
လှမ်းကြည့်ကာ..အချစ်..သမီးလေးအတွက်
ထမင်းချိူင့်ပြင်နေရင်းမှရယ်မိသည်။
"ကို သမီးလေးကအခုမှgrade-1တက်မှာနော်
တကထဲမှာတမ်းခြွေနေလိုက်တာ တက္ကသိုလ်လိုက်
ပို့မှာကျနေတာပဲ...."
အချစ်စကားကြောင့်သားအဖနှစ်ယောက်
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး
ပခုံးတွန့်လိုက်တာကပြိုင်တူ....
အချစ်သားအဖနှစ်ယောက်လုံးအတွက်ပြင်ပြီး
သွားတဲ့ခြင်းလေးတွေကိုစားပွဲပေါ်တင်ပေးလိုက်ရင်း...
"မေမေကတော့တစ်ခုပဲမှာမယ်နော်မီးလေး
ကျောင်းမှာလိမ်လိမ်မာမာနေနော်..."
"ဟုတ် မီးကလိမ္မာပါတယ်မေမေရဲ့...."
"အဟွန်း ဟုတ်ပါပြီရှင် မေ့သမီးလေးလိမ္မာတာ
မေသိပါတယ်...ကဲသမီးရဲ့ဖေဖေဘာလုပ်နေတာလဲ
အိတ်သွားယူတော့လေ..ဆေးရုံသွားရတော့မဲ့ဟာကို
သမီးနားပဲကပ်နေတယ်...."
သူ့ပခုံးကိုအချစ်မနာအောင်ရိုက်ပြီးပြောလိုက်တော့
သူကဖတ်ခနဲမျက်လုံးတစ်ဖက်မှိတ်ပြကာ
ထရပ်သည်။
"ထမင်းဘူးတွေကိုယ်သယ်ပေးမယ်နော်
သမီးတို့မေမေကမပေါ့မပါးကြီးနဲ့ဆိုတော့
အလေးအပင်တွေမ,မရဘူး...."
ဗိုက်ဖုံးအင်္ကျီအောက်ကစူမို့မို့ဝမ်းဗိုက်လေးကို
လက်နှင့်ဖွဖွထိကပ်ကာသူကအချစ်ကိုစသည်။
"ကဲ...သွားပါဆို...."
နောက်တစ်ခါထပ်ပြောမှ....သမီးအလစ်မှာ
နားသယ်စပ်လေးကိုမထမတထိနမ်းရင်း
ထွက်သွားတာကပြုံးစေ့စေ့မျက်နှာနှင့်....
အချစ်ထိုအခါမှကျောင်းဝတ်စုံလေးဝတ်ထားတဲ့
သမီးလေးရဲ့ဆံပင်တွေကိုတစ်ချက်သပ်ပေးလိုက်သည်။
"ေမ့..."
"ရှင်...."
"မီးရဲ့ကျောင်းဝတ်စုံကဘာလို့တခြားလူတွေလို
အဖြူနဲ့အစိမ်းမဟုတ်တာလဲဟင်..."
အင်္ကျီအဖြူနက်ပြာရောင်ကုတ်အင်္ကျီလေးနှင့်
နက်ပြာရောင်စကပ်ကျောင်းဝတ်စုံလေးကို
ငုံ့ကြည့်ပြီးသမီးကအချစ်ကိုမေးသည်။
"မီးလေးရဲ့ကျောင်းဝတ်စုံကအဖြူအစိမ်း
ဘယ်ဟုတ်ပါ့မလဲ....မီးလေးက
ကိုယ်ပိုင်ကျောင်းမှာတက်ရမှာလေ...."
"ကိုယ်ပိုင်ကျောင်း...."
"အင်း..."
အချစ်ခေါင်းငြိမ့်လိုက်တော့သမီးလေးက
သူ့ကိုယ်သူနောက်တစ်ခါပြန်ငုံ့ကြည့်သည်။
အချစ်သမီးလေးကိုကြည့်ပြီးသဘောကျသလို
ရယ်လိုက်မိ၏....
တစ်ကယ်တော့သမီးလေးကျောင်းတက်ရမှာက
S.H groupရဲ့အပိုင် ကိုယ်ပိုင်ကျောင်း
တစ်ခုဖြစ်၏...
လွန်ခဲ့တဲ့၂လလောက်ကS.H groupရဲ့
ဒုဥက္ခဌနေရောင်စက်ရှိန်..အက်စီးဒင့်တစ်ခုကြောင့်
တော်ဝင်ဆေးရုံကိုအရေးပေါ်ရောက်လာခဲ့သည်။
ပြင်းထန်တဲ့ယာဉ်တိုက်မူ့ဖြစ်တာကြောင့်
နံရိုးတွေကျိုးကုန်ပြီး...အရိုးရဲ့အပိုင်းအစတစ်ခုကလဲ
နှလုံးမှာသွားစိုက်နေခဲ့သေးတာကြောင့်
မျှော်လင့်ချက်သိပ်မရှိပဲရုတ်တရပ်စွန့်စားရမဲ့
ခွဲစိတ်မူ့တစ်ခုမို့..တော်ဝင်ဆေးရုံတစ်ခုလုံး
ပွက်လောရိုက်နေခဲ့ချိန်မှာ...
စည်းကရှေ့ထွက်ပြီးခွဲစိတ်မူ့ကိုဦးဆောင်
တာဝန်ယူပေးခဲ့၏...ခက်ခဲပြီးမျှော်လင့်ချက်နည်းတာ
မှန်ပေမဲ့...ကံကောင်းထောက်မစွာနဲ့စည်းရဲ့
ကြိုးစားမူ့ကအရာထင်ခဲ့ပြီး..နေရောင်စက်ရှိန်ရဲ့
အသက်ကိုကယ်တင်နိုင်ခဲ့သည်။
တစ်ချိန်ကနှစ်ဦးသားကြားမှာပဋိပက္ခရှိခဲ့တာမှန်ပေမဲ့
ဆရာဝန်ကောင်းတစ်ယောက်ပီသစွာ
အတေးအမှတ်မထားပဲသူ့ရဲ့အသက်ကိုကယ်တင်
ခဲ့တာကြောင့်နေရောင်စက်ရှိန်သတိရလာချိန်မှာ
စည်းကိုအသက်သခင်ကျေးဇူးရှင်အဖြစ်
သတ်မှတ်လျက်ကျေးဇူးဆပ်ဖို့နည်းလမ်းမျိုးစုံနဲ့
ကြိုးစားခဲ့ပေမဲ့..စည်းကလက်မခံခဲ့တာကြောင့်
နောက်ဆုံးအချစ်တို့ရဲ့အိမ်လေးထိရောက်လာပြီး
သမီးလေးကိုS.Hရဲ့ကိုယ်ပိုင်ကျောင်းမှာ...
ရာသက်ပန်လစာကင်းလွတ်ခွင့်နဲ့အထူးကျောင်းသားအဖြစ်
တက်ရောက်ဖို့ကမ်းလှမ်းခဲ့သည်။
ဒီတစ်ခါတော့ သမီးလေးရဲ့ပညာရေးနဲ့
ပါတ်သတ်နေတာကတစ်ကြောင်း
ခဏခဏငြင်းနေရတာကိုအားနာနေတာက
တစ်ကြောင်းနှင့်စည်းကနေရောင်စက်ရှိန်ရဲ့
ကမ်းလှမ်းချက်ကိုလက်ခံပေးခဲ့၏.....
ဤသို့ဖြင့်သမီးလေးကအထက်တန်းလွှာ
အသိုင်းအဝိုင်းက,ကလေးတိုင်းလဲ
တက်ရောက်နိုင်ဖို့မလွယ်ကူသည့်
S.Hရဲ့နိုင်ငံတကာအဆင့်မီprivate schoolသို့
တက်ရောက်ဖို့ဖြစ်လာခဲ့သည်။
တစ်ချိန်ကစည်းအပေါ်အငြိုးအတေးတွေနဲ့
အခက်တွေ့အောင်လုပ်ခဲ့တဲ့ဒုဥက္ကဌ
နေရောင်စက်ရှိန်ဟာလဲခုချိန်မှာရှင်းရှင်းလင်းလင်း
သဘောပေါက်နေခဲ့ပြီလို့တော့အချစ်ထင်တယ်....
တစ်ကယ်တမ်းလူတစ်ယောက်ဟာ
အသက်အန္တာရယ်နဲ့ကြုံလာတဲ့အခါ...
သူပိုင်ဆိုင်တဲ့ကြွယ်ဝချမ်းသာမူ့တွေ
စည်းစိမ်ဥစ္စာတွေကဘာမှအရေးမပါတော့ဘူး
ဆိုတာကိုပေါ့.....
လူ့အသက်ဆိုတာငွေနဲ့ဝယ်လို့ရတဲ့အရာ
မဟုတ်ဘူး...ငွေကအရာရာတိုင်းရဲ့
ဖန်ဆင်းရှင်မဟုတ်ခဲ့ပါဘူး....
တစ်ကယ်တမ်းလောကကြီးကိုအလှဆင်နိုင်တာက
ခွင့်လွှတ်ကြင်နာတတ်တဲ့နှလုံးသားတွေပါပဲ....
"အချစ်နဲ့သမီးရေ...."
သူ့ရဲ့ခေါ်သံကရုတ်တရပ်အချစ်ရဲ့အတွေးစတို့ကို
ပြတ်တောက်သွားစေခဲ့သည်။
"ဟော..ဖေဖေခေါ်နေပြီမေမေတို့သွားကြရအောင်.."
"ဟုတ်ကဲ့....မေမေ....."
~~~~~~~~~~~~~~
သိပ်မကြာခင်အချိန်အတွင်းမှာတော့
ကျောင်းဝတ်စုံနဲ့သမီးလေးကိုချီထားတဲ့ခင်ပွန်းသည်က
ထမင်းဘူးလေးတွေကိုကိုင်ဆွဲထားတဲ့
ဗိုက်ဖုံးအင်္ကျီလေးနဲ့ဇနီးသည်ရဲ့ပခုံးလေးကိုဖွဖွဖက်ပြီး....
အိမ်လှလှလေးထဲမှထွက်လာတဲ့မြင်ကွင်းက
နံနက်ခင်းရဲ့ပန်းချီကားလေးတစ်ချပ်သဖွယ်
မြင်ရသူတိုင်းကြည်နူးအားကျရအောင်
ထွက်ပေါ်လာခဲ့ပါတော့သည်။👪
စည်းစနစ်ဆိုသောသူ့အတွက်
အချစ်စစ်ဆိုသောသူမရဲ့အကြင်နာတွေက
အမြဲတမ်းလက်တစ်ကမ်းမှာရှိနေခဲ့ဆဲပါပဲ....
အမြဲတမ်း...အမြဲတမ်းပေါ့^^^^^^^^^^^^
~~~~~~~~~~~~~~~~🌺🌺🌺
ပြီးပါပြီ>>>>>>
~~~~~~~~~~~~~~~~~🌺🌺🌺
(Extra)
S.H private school🏬
"ဟေး..."
်အော်သံနဲ့အတူလေပေါ်မြှောက်တက်သွားတဲ့
ဘောလုံးလေးကမြတ်ခင်းပေါ်ပြန်အကျမှာ
တလိမ့်လိမ့်နှင့်...လိမ့်လာခဲ့ပြီး
ပါးဖောင်းဖောင်းနဲ့၅နှစ်အရွယ်ချစ်စရာ
ကလေးမလေးရဲ့ခြေအိတ်ဖြူဖြူနဲ့
ရူးဖိနပ်အနက်ရောင်လေးကိုစီးထားတဲ့
ခြေထောက်လေးနဲ့အထိမှာရပ်တန့်သွားခဲ့၏...
"ဟေ့..အဲ့ဒါငါ့ဘောလုံး..."
ကောင်မလေးကဘောလုံးကိုကောက်ယူလိုက်
ချိန်မှာပဲကြားလိုက်ရတဲ့ကောင်လေး
တစ်ယောက်ရဲ့အသံ....
ကောင်မလေးကအသံလာရာကိုလှည့်ကြည့်လိုက်သည်။
သူပြင်လိုက်ရတာပြောင်းဖူးမွှေးရောင်ဆံပင်တွေနဲ့
ရွယ်တူကောင်လေးတစ်ယောက်....
"ဒါ..နင့်ဘောလုံးလား...."
"အွန်း......"
ခေါင်းငြိမ့်ကာဖြေရင်ကောင်းလေးကအနားကို
ပြေးလာတော့ကောင်မလေးက
ဘောလုံးလေးကိုလှမ်းပေးသည်။
ကောင်လေးကဘောလုံးကိုလှမ်းယူပြီး
ပြုံးပြနေတဲ့ကောင်မလေးကိုကြည့်ကာ
ပြန်ပြီးပြုံးပြရင်း
"နင်ကမကစားဘူးလား...."
"ငါ့မှာ..သူငယ်ချင်းမရှိလို့...."
"ဒါဆို..ငါတို့သူငယ်ချင်းလုပ်ကြမယ်လေ...
ငါ့နာမည် ဒီလုလင် DDတဲ့
နင့်နာမည်ကရော...."
ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ကောင်လေးကိုကြည့်ကာ
ကောင်မလေးကပါးစုံလေးတွေဖောင်းတက်သွားအောင်
ရယ်ပြသည်။
"ငါ့နာမည်ကရွှေဘုံဗိမ္မာန်...."
"ဝါး..နင့်နာမည်ကလှလိုက်တာ...
ဒါဆိုငါတို့သူငယ်ချင်းလုပ်ကြမယ်လေ..."
"အင်း..."
"လာ..လက်ဆွဲနူတ်ဆက်ရအောင်...."
သွက်သွက်လက်လက်နှင့်ချစ်စရာကောင်လေးက
ကောင်မလေးရဲ့လက်လေးကိုဆွဲကိုင်လူပ်ရမ်းသည်။
"DDရေ.."
ထိုအချိန်ခေါ်သံနဲ့အတူ ကောင်လေးနဲ့ကောင်မလေးနားကို
ပြေးလာတဲ့နောက်ထပ်ကောင်လေးတစ်ယောက်က...
ထိုကောင်လေးကပထမကောင်လေးနဲ့ရုပ်ချင်း
ခွဲမရအောင်တူနေပေမဲ့..အနက်ရောင်ဆံပင်တွေနှင့်
ဖြစ်သည်။
"TT..ငါသူငယ်ချင်းသစ်ရပြီ
မင်းကိုမိတ်ဆက်ပေးမယ်..ဒီမှာသူလေ
ရွှေဘုံဗိမ္မာန်...ဘုံဘုံ...ဒါကငါ့ရဲ့အမြွှာအစ်ကို
TT သူ့ရဲ့တစ်ကယ့်နာမည်အရင်းက
သူရဲကောင်း...."
လူကြီးလေးလိုသွက်လက်စကားတတ်လှတဲ့
DDဆိုသောကောင်လေးက...TTနဲ့
ကောင်မလေးရဲ့လက်ကိုလဲဆွဲပြီးမိတ်ဆက်စေသည်။
"ငါတို့၃ယောက်အခုကစပြီးသူငယ်ချင်း
ဖြစ်သွားကြပြီနော်...ဘုံဘုံ....
လာ..သွားကစားရအောင်...."
ပြောရင်းTTကရွှေဘုံရဲ့လက်တစ်ဖက်ကို
ဆွဲလိုက်လျှင်..ဘောလုံးလေးကိုပိုက်ထားတဲ့
DDကလဲအားကျမခံနောက်ထပ်လက်လေး
တစ်ဖက်ကိုဆွဲသည်။
ထို့နောက်ရယ်သံလွင်လွင်လေးတွေနှင့်
မြက်ခင်းပြင်ကြီးပေါ်ကနေကစားကွင်းရှိရာကို
ပြေးသွားကြတဲ့ချစ်စရာကလေးသုံးယောက်က
အနာဂါတ်ဘဝဇာတ်ကြောင်းက...
ဒီနေ့လေးမှာစတင်ခဲ့တယ်....
တစ်ကယ်ကိုလှလှပပနဲ့ချစ်စရာကောင်းစွာပေါ့^^^^^^^
~~~~~~~~~~~~~~🌺🌺🌺
The End<<<>>>
Writer by
#Hazel