💛အကြင်နာလက်တစ်ကမ်း💛
~~~~~~~~
Ring^^^^Ring
ပုံမှန်ထက်ပိုပြီး...များစွာအလောတကြီးဖြစ်နေတဲ့
စိတ်နဲ့..ကားကိုလဲဂရုတစိုက်မောင်းနေရင်း...
ဒက်ရ်ှဘုတ်ပေါ်ကဖုန်းမြည်သံကြောင့်
လှမ်းယူကြည့်လိုက်တော့သူမဆီကမို့...ချက်ချင်းပဲ
ဖုန်းကိုင်လိုက်သည်။
"အင်း..အချစ်ငါအခုလာနေပြီလမ်းမှာ
ကားတွေပိတ်နေလို့...ခဏလေးပဲစောင့်နော်
ငါရောက်တော့မှာပါ....."
တစ်ဖက်ကသူမဘာမှပြောမလာရသေးခင်
ကြိုတင်အယူခံဝင်လိုက်တာက...သူမနဲ့သမီးလေး
စည်းအပေါ်စိတ်ကွက်သွားမှာစိုးတဲ့စိတ်ကြောင့်သာ...
ဒါပေမဲ့...တစ်ဖက်ကသူမရဲ့အသံကတိတ်ဆိတ်နေဆဲ
"ဟဲလို..အချစ်...."
"ဖေဖေ...."
"ဟင်..."
"ဝေါ..ကျွီ..."
ထင်မှတ်မထားပဲကြားလိုက်ရတဲ့အသံ
သေးသေးလေးကြောင့်...ဗရမ်းဗတာရမ်းခါသွားတဲ့ကားက
လမ်းဘေးပလက်ဖောင်းဘက်ကပ်ပြီး
ရပ်သွားခဲ့သည်အထိ...
"ဖေဖေလားဟင်...."
ဖုန်းကိုင်ပြီးအကြီးအကျယ်မှင်သက်နေခဲ့စဉ်မှာပဲ
ထပ်ကြားလာရတဲ့သမီးလေးရဲ့အသံလေးက
ငိုချင်နေသလိုအက်ရှရှလေးဖြစ်သည်။
"မေမေကပြောတယ်..ဦးဦးဒေါက်တာက
မီးရဲ့ဖေဖေတဲ့...အဲ့ဒါကတစ်ကယ်လား..."
"သမီးလေး..."
"ဦးဦးဒေါက်တာကမီးဖေဖေလားဟင်...."
စည်း..သမီးလေးရဲ့အမေးကိုဘာမှပြန်မဖြေနိုင်ခဲ့ပဲ
ရင်ဝဆီသို့ဆို့တက်လာသောနာကျင်မူ့ဝေဒနာနှင့်
မျက်တောင်တစ်ချက်ဖိအခတ်မှာပူနွေးတဲ့မျက်ရည်စ
တစ်ချိူ့ကစီးဆင်းလာခဲ့၏...
"တောင်းပန်ပါတယ်သမီးလေးရယ်..
ဖေဖေတောင်းပန်ပါတယ်....တစ်ကယ်တောင်းပန်
ပါတယ်...."
ထိုစကားတစ်ခွန်းကိုပဲထပ်တလဲလဲဆိုမိရင်း
စည်းရဲ့အသံတွေတိမ်ဝင်သွားရသည့်အခါ....
ဖုန်းထဲကနေထပ်ပြီးကြားလိုက်ရတဲ့
ရိူက်သံတစ်ဝက်နဲ့သမီးလေးရဲ့စကားသံက...
"ဖေဖေ..မေမေနဲ့မီးဆီကိုမြန်မြန်ပြန်လာခဲ့နော်....."တဲ့
~~~~~~~~~~~~~~~🌺🌺🌺
"ေမ့..."
မျက်ရည်တွေဝဲနေတဲ့ငိုမဲ့မဲ့မျက်နှာလေးနှင့်
အချစ်ဆီဖုန်းလေးပြန်ထိုးပေးလာတဲ့သမီးလေးရဲ့
ပါးပြင်လေးကိုအချစ်ခပ်ဖွဖွပွတ်သပ်ပေးလိုက်သည်။
"ဘာတဲ့လဲမီးလေး..ဖေဖေကမီးလေးဆီလာနေပြီတဲ့လား..."
အချစ်ရဲ့အမေးကိုသမီးလေးကခေါင်းငြိမ့်ပြလာရင်း
ဟင့်ခနဲရိူက်သည်။
အချစ်သမီးလေးရဲ့ကိုယ်သေးသေးလေးကို
ရင်ခွင်ထဲသိမ်းဖက်ပွေ့ထားလိုက်ရင်း....
"မေမေတောင်းပန်ပါတယ်...."
"မေမေ..ဖေဖေကမီးနားမှာရှိနေပြီးတော့
ဘာလို့မီးရဲ့ဖေဖေလို့မပြောတာလဲဟင်...."
လူကြီးတွေကြားကပဋိပက္ခတွေကို
နားမလည်နိုင်ရှာတဲ့သမီးလေးရဲ့အမေးကြောင့်
အချစ်ရင်နင့်စွာနဲ့ပဲ..သမီးလေးကိုပိုပြီးတင်းတင်း
ကြပ်ကြပ်ပွေ့ဖက်လိုက်သည်။
"ဖေဖေကမီးလေးကိုအရမ်းချစ်လို့ပေါ့...."
သမီးလေးအချစ်စကားကိုနားလည်မှာမဟုတ်မှန်း
သိနေပေမဲ့လဲ..အချစ်ထို့ထက်ပိုပြီးလဲဘာမှ
ဆက်မပြောနိုင်တော့တာကအသေအချာပင်
မဟုတ်ပါလား.....??
~~~~~~~~~~~~~~~~🌺🌺🌺
ခပ်လှမ်းလှမ်းမှာထဲကကားထဲကနေလှမ်းမြင်လိုက်ရသော
ခြံရှေ့မှာရပ်နေတဲ့သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေး...
စည်းပြုံးလိုက်မိသည်ထင်၏...ကားရပ်လိုက်တာနှင့်
ကားပေါ်ကနေချက်ချင်းဆင်းလိုက်ချိန်မှာပဲ...
"ဖေဖေ..."
ခေါ်သံလေးနဲအတူစည်းထံပြေးဝင်လာတဲ့
သမီးလေးကိုဒူးတစ်ဖက်ထောက်ချလျက်
လက်ကမ်းကြိုလိုက်သည်။
"အီး...ဟီး...ဟီး...."
စည်းရင်ခွင်ထဲပစ်ဝင်လာတဲ့ကိုယ်သေးသေးလေးနှင့်
လက်လေးနှစ်ဖက်ကလဲစည်းရဲ့လည်ပင်းကို
တင်းတင်းကြပ်ကြပ်ဖက်တွယ်လိုက်တာနှင့်
သမီးလေးကငိုသံလေးထွက်လာခဲ့သည်။
စည်းကိုယ်တိုင်လဲသမီးလေးကိုပြန်လည်ပွေ့ဖက်
ထားရင်းဘာစကားမှမပြောနိုင်ပဲမျက်ရည်များ
ထပ်ပြီးစီးကျလာခဲ့၏.....
ခပ်လှမ်းလှမ်းမှာရပ်နေတဲ့အချစ်ကိုယ်တိုင်မှာလဲ
သားအဖနှစ်ယောက်ရဲ့ရင်နင့်ဖွယ်မြင်ကွင်းလေးကို
ကြည့်ပြီး..ဝမ်းသာဝမ်းနည်းခံစားချက်တို့ဖြင့်အမြင်
အာရုံတွေဝေဝါးလာခဲ့တာက..မျက်ဝန်းအိမ်မှာ
့ပြည့်အိုင်လာခဲ့တဲ့မျက်ရည်စတွေကြောင့်သာ...
~~~~~~~~~~~~~~~🌺🌺🌺
"ဖေဖေ..."
"ဗျာ..."
"ဖေဖေကဘာလို့..မီးနဲ့မေမေ့ကို
အကြာကြီးထားခဲ့တာလဲဟင်...."
စည်းပေါင်ပေါ်မှာထိုင်ပြီး...ရင်ဘတ်ကို
ခေါင်းလေးမှီလျက်မေးခွန်းထုတ်လာတဲ့သမီးလေးကြောင့်
စည်း..မွေးနေ့ကိတ်ခွဲထားတဲ့စားပွဲကိုရှင်းလင်းနေတဲ့
သူမဆီအကြည့်ရောက်သွားရတော့...သူမကလဲ
စည်းကိုခေါင်းငဲ့ကြည့်လာခဲ့သည်။
"ဖေဖေက..လူနာတွေရဲ့အသက်ကိုကယ်ဖို့
ဟိုးအဝေးကြီးမှာပညာတွေသွားသင်နေတာလေ
သမီးလေးရဲ့..."
စည်းအစားသူမကလှမ်းဖြေပေးလိုက်တော့သမီးလေးက
မျက်တောင်လေးတဖျပ်ဖျပ်ခတ်သွားရင်း..
"အင်း..ဟုတ်တယ်..မေမေပြောဖူးတယ်လေ
ဖေဖေကမီးကိုနေကောင်းအောင်ကုပေးဖို့ဝေးကြီးမှာ
ပညာတွေသွားသင်နေတာတဲ့..မီးအရပ်ဒီလောက်
ရောက်ရင်ဖေဖေကပြန်လာမှာလို့ပြောတယ်...
ခုမေမေပြောတဲ့အတိုင်းပဲ..မီးအရပ်ဒီလောက်
ရောက်တော့ဖေဖေကပြန်ရောက်လာရော..
ပြီးတော့ဖေဖေကမီးကိုနေကောင်းအောင်လဲ
ကုပေးတယ်..."
ကိုယ့်ဦးခေါင်းလေးကိုယ်လက်ဖဝါးလေးနှင့်အုပ်ကိုင်ရင်း
ပါးစုံလေးတွေဖောင်းတက်သွားအောင်ရယ်ပြီး
ပြောလိုက်တဲ့သမီးလေးကြောင့်စည်းနှင့်သူမ
နောက်တစ်ကြိမ်အကြည့်ချင်းဆုံရင်းပြုံးလိုက်မိကြတာက...
နှစ်ဦးနားလည်နိုင်တဲ့အဓိပ္ပါယ်များနှင့်သာ...
~~~~~~~~~~~~~~~~
9:00 P.M
စည်း..အိပ်ပျော်နေတဲ့သမီးလေးကိုချီပွေ့ရင်း
အခန်းထဲဝင်လာကာ..သူမခင်းပြီးသွားတဲ့
အိပ်ယာပေါ်အသာအယာချပေးလိုက်သည်။
သူမက..သမီးလေးကိုသေချာနေရာချပြီးသွားတော့
ခြင်ထောင်ကိုချပြီးဘေးဖိပေးကာအပြင်ကို
ပြန်ထွက်လာ၏....
"တညနေလုံးပျော်နေတာ..ခုတော့မောသွားရှာပြီ
အဟင်း..."
ခြင်ထောင်ထဲကသမီးလေးကိုချစ်စနိုးနှင့်ကြည့်ရင်း
သူမပြောတော့...စည်းခေါင်းငဲ့ကြည့်လိုက်သည်။
"နင်ရော..မအိပ်ချင်သေးဘူးလား...အချစ်..."
"ဟင့်အင်း...."
နှစ်ယောက်သားဘာစကားမှထပ်မပြောဖြစ်ကြပဲ
တစ်ယောက်မျက်နှာတစ်ယောက်စူးစူးစိုက်စိုက်ကြည့်
မိနေကြရင်းမှ..သူမကဖျတ်ခနဲအကြည့်အရင်
လွဲသွားရင်း....
"ငါတို့ခြံထဲခဏလောက်ဆင်းကြမလား...စည်း..."
"အင်း...သွားလေ....ငါလဲနင့်ကိုစကားတွေ
အများကြီးပြောစရာရှိတယ်...."
"အပြင်မှာအေးတယ်...နင်အနွေးထည်မပါ
ဘူးလား..."
"ဘာမှမဖြစ်ပါဘူး..ငါအဆင်ပြေပါတယ်
ရှပ်အင်္ကျီကလဲလက်ရှည်ပဲကို...."
ပြောပြောဆိုဆိုနှင့်စည်းသူမရဲ့လက်တစ်ဖက်ကို
ဆွဲကာအခန်းထဲကထွက်လာခဲ့သည်။
နှစ်ယောက်သားခြံထဲကိုရောက်တော့
နှစ်ချို့ခရေပင်ကြီးအောက်ကခုံတန်းလေးမှာ
အတူယှဉ်ထိုင်မိကြသည်။
ဆောင်းရနံ့တို့လွှမ်းခြုံထားတဲ့ညခင်းလေးက
ခပ်ဝေးဝေးကနေပျံ့လွင့်လာတဲ့စန္ဒကူး
ပန်းရနံ့လေးတွေကြောင့်ပိုပြီးပရံသင့်နေသလိုပင်....
အရမ်းလဲမထူတဲ့လက်ရှည်အနွေးထည်လေးကို
ဝတ်ထားတဲ့သူမက...ဆံနွယ်ရှည်တွေကို
ဒီအတိုင်းဖြန့်ချထားပြီး...သနပ်ခါးမပြယ့်တပြယ်
မျက်နှာလေးကဝင်းမွန်နုညက်နေလျက်
ဆောင်းညလယ်ကမိန်းမလှလေးပါပဲ...
နှစ်ယောက်သားဘယ်သူကမှစကားမစသေးခင်
အချိန်မှာ..စည်း..သူမမျက်နှာကိုအချိန်အကြာကြီး
သတိလက်လွတ်ငဲ့ငေးကြည့်နေမိရင်းမှ
လက်ဖဝါးလေးတစ်ဖက်ကိုလှမ်းကိုင်ထွေးဆုပ်လိုက်သည်။
"ကျေးဇူးပဲအချစ်...."
ရုတ်တရပ်ကြီးစည်းစကားစလိုက်တော့
သူမကနားမလည်သလိုလေးမော့ကြည့်သည်။
"ရုတ်တရပ်ကြီး...ဘာကိုလဲ...."
"သမီးလေးကိုအမှန်တိုင်းဖွင့်ပြောပြီး
ငါ့ကိုအဖေဖြစ်ခွင့်ပေးခဲ့တဲ့အတွက်....အခု
ငါတို့မိသားစုလေးအရင်အတူနေလို့ရပြီလား...."
"အခုအချိန်မှာ..နင်ကဒီလိုမေးခွန်းကိုထပ်ပြီး
မေးနေသေးတာလား..."
ပြုံးရိပ်စွန်းနေတဲ့နူတ်ခမ်းဖူးလေးတွေနှင့်
သူမကစည်းကိုခပ်ငေးငေးကြည့်ရင်း
မျက်လွှာလေးတစ်ချက်ချသည်။
စည်း..သူမကိုယ်လေးကိုရင်ခွင်ထဲနွဲ့မှီစေလိုက်ကာ
အေးစက်စက်နဖူးပြေလေးကိုပါးပြင်နှင့်ထိကပ်လိုက်ရင်း...
"နောက်ဆုံးတော့ငါမျှော်လင့်ခဲ့ရတဲ့နေ့တွေ
ရောက်လာခဲ့ပြီပဲ..နင်သိလား..သမီးလေးငါ့ကို
အဖေလို့ခေါ်လိုက်တဲ့အသံကိုကြားကြားချင်း...
ငါစိတ်လူပ်ရှားလွန်းတဲ့အသက်ရူတောင်ရပ်သွား
ခဲ့သလိုပဲ....."
ပြောရင်းသက်ပြင်းတစ်ချက်ကိုမောလျစွာရိူက်မိကာ
စည်း..သူမနဖူးလေးကိုတစ်ချက်ဖိကပ်နမ်း
မိရင်း.....
"ထပ်ပြီးကျေးဇူးတင်ပါတယ်..သမီးလေးရဲ့
မွေးနေ့မှာအဖေဆိုတဲ့ဖြစ်တည်မူ့တစ်ခုကို
လက်ဆောင်အဖြစ်ပေးခွင့်ရခဲ့လို့ပေါ့...
ငါ..နင့်ကိုချစ်တယ်......."
~~~~~~~~~~~~~~~~🌺🌺🌺
ရက်အနည်းငယ်ကြာသောအခါ>>>
"ခဏတဖြုတ်ပါပဲဆိုကွာ..."
"ခဏတဖြုတ်လဲမရဘူး..ဟေ့ကောင်
ဂျူတီထွက်လို့မှအိမ်ပြန်တာနောက်ကျရင်
ငါ့မိန်းမနဲ့၊ငါ့သမီးမျှော်နေလိမ့်မယ်...."
"က်စ္...."
အနားကပ်ပြီးတဂျီဂျီလုပ်နေတာတောင်
ဘယ်လိုမှစည်းရုံးမရ၍...ပိုင်စိုးကစိတ်ပျက်
လက်ပျက်ဟန်နှင့်စုတ်သပ်ကာ..
စည်းရှေ့တည့်တည့်မှာဝင်ထိုင်၏..
စည်းကတော့ပိုင်စိုးကိုတစ်ချက်လေးတောင်
အရေးမစိုက်ပဲ...ပေးရှင့်တစ်ယောက်ရဲ့ဖိုင်တွဲကိုသာ
အာရုံစိုက်ပြီးကြည့်နေလိုက်သည်။
"မင်းကလေ..တော်တော်လူမူ့ရေးခေါင်းပါးတဲ့
ကောင်သိလား..."
"ခုမှသိတာလား...."
မျက်လုံးတစ်ချက်လှန်ကြည့်ပြီးမေးဆတ်ပြလိုက်ပုံက
ပြောချင်တာပြောဆိုသည့်သဘော....
"တစ်ယောက်ထဲရှိတဲ့သူငယ်ချင်းကဖြင့်
နောက်တစ်ပါတ်ဆိုရင်..ဆေးရုံအပြောင်းအရွေ့နဲ့
သွားရတော့မယ်...ဒီနူတ်ဆက်ပွဲလေးကိုတောင်
မင်းကမတက်ချင်ဘူး...."
"နေ့တိုင်းတွေ့နေတဲ့လူတွေပဲကိုတကူးတက
နူတ်ဆက်ပွဲလုပ်နေစရာလိုသေးလို့လား..."
စည်းစကားကြောင့်ပိုင်စိုးမျက်နှာကရူံ့မဲ့သွား၏...
"အေး..မင်းကိုအဲ့ဒါကြောင့်ဆေးရုံတစ်ခုလုံးက
ကွယ်ရာမှာရေခဲတုန်းလို့ခေါ်ကြတာ...
အေးတိအေးစက်နိုင်တာကလွန်လွန်းတယ်...."
"ခေါ်ပစေပေါ့..ငါ့ရှေ့မှာခေါ်ကြတာမှမဟုတ်ပဲ....
သွားတော့ကွာ..ငါ့ကိုလာပြီးခေါင်းစားမနေနဲ့...
ငါ့ဟာငါတောင်သမီးနဲမိန်းမကိုအိမ်ပြန်ခေါ်နိုင်ဖို့
ဘယ်လိုနည်းလမ်းတွေသုံးရမလဲလို့...
ဒီရက်ပိုင်းအကြံကုန်ထုတ်နေရတာ...မအားဘူး..."
"ဟ..မင်းပြောတော့မင်းမိန်းမနဲ့အိုကေသွားပြီဆို..."
"အေးလေ..အဆင်ပြေတာကပြေတာပေါ့..
ဒါပေမဲ့ချက်ချင်းကြီးတော့အရင်လိုဘယ်ပြန်ဖြစ်ဦးမလဲ...
အချစ်ကနဂိုထဲကခေါင်းမာတယ်...."
"ဪ..စည်းစနစ်ထက်ပိုပြီးခေါင်းမာတဲ့လူလဲ
ရှိသေးတာပဲနော်..အဟား..."
အားရကျေနပ်သွားသလိုပိုင်စိုးရဲ့မျက်နှာကြီးကြောင့်
စည်းပခုံးတွန့်ပြလိုက်မိသည်။
"ဒါများကွာ..သမီးလေးကိုအရင်ပိုင်အောင်
စည်းရုံးလိုက်ပေါ့..သမီးလေးကအိုကေရင်
သမီးလေးမေမေလဲမအိုကေလို့ဘယ်ရပါ့မလဲ
မဟုတ်ဘူးလား...ပြောသာပြောရတာ
မင်းကသမီးကိုစည်းရုံးဖို့ထက်..မိန်းမနားပဲ
ကပ်ဖို့ကြိုးစားနေမှာပေါ့...အဲ့ဒါကြောင့်ခုထိမီးစိမ်း
မပြသေးတာနေမှာ....မင်းရဲ့မအီမလည်
မျက်နှာကြီးကြည့်ရတာခုထိဒုတိယအကြိမ်
bachelor မnightရသေးပုံပဲ..အဟဲ..."
"အေး..အဲ့မှာနှာတွေးပဲတွေးနေလိုက်
ဝဲစား...."
ပြောလဲပြောစည်းစားပွဲအောက်ကနေပိုင်စိုးရဲ့
ခြေထောက်ကိုလှမ်းကန်လိုက်သည်။
ပိုင်စိုးကတော့စည်းလိုရေခဲတုန်းကို
နည်းနည်းအပူပေးလိုက်နိုင်၍
ကျေနပ်အားရသွားပုံပါပဲ....
"ဒီလိုလုပ်ပါလား...ညနေကျရင်မင်းမိန်းမနဲ့
သမီးလေးကိုပါလှမ်းခေါ်လိုက်လေ...
မကောင်းဘူးလား..."
"ဘာလုပ်ဖို့လဲ တော်ကြာငါတို့တွေကြားထဲမှာ
အချစ်အနေခက်နေဦးမယ်..."
"ဘာအနေခက်စရာရှိလဲကွာ..ငါနဲ့မင်းမိန်းမကလဲ
မင်းအင်္ဂလန်မသွားခင်ထဲကရင်းနှီးပြီးသားကို...
မင်းသမီးလေးဆေးရုံတက်နေတုန်းကသာ
ငါကဘန်ကောက်ကိုရောက်နေလို့ပြန်မဆုံဖြစ်တာပဲ..."
ဒီတစ်ခါတော့စည်းဘာမှပြန်မပြောမိ....
"တစ်ကယ်လို့..မင်းမပြောရင်လဲငါ့ကိုဖုန်းခေါ်ပေး
ငါပဲလှမ်းဖိတ်လိုက်မယ်..."
"ရတယ်..ထားလိုက်..ခဏနေမှငါ့ဘာသာလှမ်း
ဆက်လိုက်မယ်..."
"အေး..အဲ့ဒါဆိုလဲပြီးရော..ဒါဆိုOKပြီလို့ပဲ
မှတ်လိုက်ပြီနော်...."
"အေး...."
"ငါသွားပြီ.....စည်း..."
လိုချင်တာမရမချင်းပြီးမှာမဟုတ်တာကိုသိနေ၍
စည်းခေါင်းငြိမ့်လိုက်တော့မှပိုင်စိုးကပြန်ထွက်
သွားသည်။
စည်း..ထိုအခါမှစားပွဲပေါ်ကဖုန်းကို
ကောက်ယူလိုက်ပြီးနောက်.......
~~~~~~~~~~~~~🌺🌺🌺
^Glass Heart^ Restaurant
မှန်တွေပါတ်ပါတ်လည်ကာရံထားတဲ့
နှစ်ထပ်စားသောက်ဆိုင်ကြီးမှာအပေါ်ထပ်
ခန်းမတစ်ခုလုံးကိုဌားပြီးငွေကုန်ကြေးကျခံကာ
ပြင်ဆင်ထားတဲ့ ဒေါက်တာပိုင်စိုးရဲ့နူတ်ဆက်ပွဲ..
နဂိုထဲကဖော်ရွေခင်မင်တတ်သူဖြစ်သလို
ပိုက်ဆံလဲအကုန်ခံနိုင်တာကြောင့်
ဖိတ်ထားတဲ့လူတွေကဆေးရုံတစ်ခုလုံး
နီးပါးလို့ပြောရမလိုပင်..
အားလုံးကစားကြသောက်ကြပျော်ပျော်ပါးပါး
စနောက်ရယ်မောနေကြပေမဲ့..ပိုင်စိုးနဲ့တစ်ဝိုင်းထဲ
ထိုင်နေတဲ့စည်းရဲ့မျက်နှာကတော့ထုံးစံအတိုင်း
တည်တည်ကြည်ကြည်.....
ဘေးမှာထိုင်နေတဲ့သမီးလေးကိုစားစရာခွံ့ကျွေးလိုက်
မိန်းမကိုစကားပြောလိုက်နှင့်..နူတ်ဆက်ပါတီက
လူတွေကိုရှိသည်ဟုပင်သဘောထားပုံမရ...
ခန်းမထဲမှာတီးဝိုင်းလဲပါတာမို့...ဝါသနာပါတဲ့
လူတွေကစင်ပေါ်တတ်သီချင်းဆို၊ဖျော်ဖြေနေကြတာမို့
ရယ်သံတွေဆူညံတွေကစဲမသွား....
အချစ်ကိုယ်တိုင်လဲလူများတဲ့နေရာကိုသိပ်ပြီး
မလာချင်ပေမဲ့..သူ့သူငယ်ချင်းကတကူးတက
ဖိတ်တာဆို၍သူ့ကိုမျက်နှာမပျက်စေချင်လို့သာ
သမီးလေးကိုခေါ်ပြီးရောက်လာခဲ့ခြင်းသာ....
သမီးလေးကတော့ကလေးပီပီရောက်တဲ့နေရာမှာ
ပျော်နေ၏...
"စည်း...နင် မသောက်နဲ့နော်...."
"အင်းပါ..မသောက်ပါဘူးစိတ်ချ...."
အချစ်သူ့နားကိုတိုးကာခပ်သဲ့သဲ့ပြောလိုက်တော့
သူကဖျတ်ခနဲမျက်လုံးမှိတ်ပြပြီးခေါင်းငြိမ့်သည်။
သူနဲ့အချစ်ကိုကြည့်ပြီးမျက်နှာချင်းဆိုင်မှာရှိနေတဲ့
ဒေါက်တာပိုင်စိုးကပြုံးစေ့စေ့မျက်နှာနှင့်
ခေါင်းတစ်ချက်ယမ်းသည်။
ထိုစဉ်သမီးလေးကခုံပေါ်ကနေဆင်းပြီး
သူနဲ့အချစ်ကြားထဲတိုးဝင်လာရင်း
သူ့လက်မောင်းကိုလှမ်းကိုင်သည်။
"ဖေဖေ..."
"ဗျာ..."
"ဖေဖေရော....ဟိုစင်ပေါ်ကဦးဦးတွေကို
သီချင်းမဆိုဘူးလားဟင်..."
"ဘယ်လို.."
"အဟင်း...ဟင်း..."
"ကဲ..သမီးလေးကတော့တောင်းဆိုနေပြီစည်းရေ
မင်းဆိုပြဖို့ပဲလိုတော့တယ်...."
သမီးလေးစကားကြောင့်အနားကလူတွေ
သဘောကျသွားရသလိုပဲ...ဒေါက်တာပိုင်စိုးကလဲ
သူ့ကိုလှမ်းစသည်။
သူကတော့သမီးလေးရဲ့ဦးခေါင်းလေးကို
ချစ်စနိုးဟန်နှင့်ဖိပွတ်လိုက်ရင်း...
"သမီးလေးကဖေဖေ..သီချင်းဆိုတာနားထောင်ချင်လို့လား..."
"ဟုတ်..."
"ဒါဆို..အိမ်ရောက်ရင်ဖေဖေဆိုပြမယ်လေ..."
"ဟင့်အင်း..မီးကဒီမှာဆိုတာပဲနားထောင်ချင်တာ..
နော်..ဖေဖေဆိုပြနော်..."
အဖေဖြစ်သူရဲ့လက်မောင်းကိုလူပ်ရမ်းရင်း
သမီးလေးကချစ်စဖွယ်တောင်းဆိုနေတော့
သူကအချစ်ကိုမျက်စပစ်ပြပြီးရယ်သည်။
"ဖေဖေ..ဆိုပြလို့...."
"အင်းပါ..ဖေ့သမီးလေးနားထောင်ချင်ရင်
ဖေဖေဆိုပြမှာပေါ့...လာ..ဒီမှာထိုင်...."
ပြောပြောဆိုဆိုနှင့်ထိုင်ရာကထရင်း
သူကသမီးလေးကိုကောက်ချီကာ
ခုံမှာပြန်ထိုင်စေသည်။
ပြီးတော့အချစ်ပခုံးလေးနှစ်ဖက်ကို
တစ်ချက်ဖိဆုပ်ရင်း..တီးဝိုင်းစင်ရှိရာကို
လျောက်သွားပြီးစင်ပေါ်တက်လိုက်တဲ့အခါ...
အားလုံးရဲ့အံ့ဩတကြီးမျက်လုံးတွေက
စင်ပေါ်ကသူ့ဆီစုပြုံရောက်သွားကြသလို
အသံတွေကလဲရှဲခနဲငြိမ်သက်ကုန်၏...
"ဆရာစည်းစနစ်ကသီချင်းဆိုမလို့လား..."
"အဟုတ်ကြီး..."
"မယုံနိုင်စရာပဲ..."
အားလုံးကတီးတိုးသံတွေနဲ့စိတ်ဝင်တစား
ဖြစ်သွားကြချိန်မှာသူက..တီးဝိုင်းကလူတွေကို
တစ်ခုခုလှမ်းပြောရင်း...မိုက်စတန်းင်ရှေ့က
ခုံလေးမှာဝင်ထိုင်လိုက်သည်။
ထို့နောက်လူပေါင်းများစွာကိုကျော်ပြီး
သူ့မျက်ဝန်းတွေကအချစ်ဆီရောက်လာခဲ့ချိန်မှာပဲ
အားလုံးနဲ့မစိမ်းသက်တဲ့ခပ်ငြိမ့်ငြိမ့်တေးသွား
တစ်ခုကခန်းမထဲပျံ့လွင့်လာခဲ့ပြီးနောက်...
ဩရှရှနဲ့နားထောင်ကောင်းလွန်းသည့်
သူ့ရဲ့အသံကထွက်ပေါ်လာခဲ့ပြီး......
🎵ကြယ်စင်တွေခရီးထွက်သွားတဲ့ မှောင်မိုက်ခြင်းနဲ့ည
🎵တစ်ယောက်ထဲကိုယ့်ဘဝမှာ သူ့အလင်း
🎵လေပြေငယ်တိုက်ခတ်ရင်းနဲ့ ညခင်းတစ်ခုရဲ့အလှ
🎵သူဖြည့်ဆည်းပေးမှသာ ပြည့်လိမ့်မယ်
🎵နေရောင်ခြည်တောက်ပဦးမှ ဒီဘဝသိပ်လှမယ်
🎵အပြင်မှာတိမ်မည်းမိုးသားတို့ဖျက်ဆီး
🎵သူလာရင်နွေးထွေးခြင်းနဲ့ သူအလင်းမျှလိမ့်မယ်
🎵ကိုယ်ဟာတစ်ယောက်ထဲလောကအလယ် ပြည့်စုံပြီ
🎶သူ့အချစ်ကသိပ်လိုတယ် အားနည်းချက်များကို
🎶အရာရာဖြည့်ဆည်းဖို့ လူ့ဘဝကသိပ်တိုတယ်
🎶အားလုံးတော့မပြည့်စုံနိုင် အချစ်စစ်ဟာ
🎶သူပေးတဲ့အချစ်ရဲ့သဘော
🎵ဟိုးတုန်းကအမှောင်နေ့များ
🎵ဟိုးတုန်းကအမှောင်ညများ
🎵အထီးကျန်တာမေ့ထားဖို့ ကိုယ့်အတွက်တော့
🎵သူဟာအချိုဆုံးတေး သိမ်ငယ်စရာပြန်မာန်တင်းပေး
🎶သူ့အချစ်ကသိပ်လိုတယ် အားနည်းချက်များကို
🎶အနားသတ်ပေးသူ လူ့ဘဝကသိပ်တိုတယ်
🎶အားလုံးမရစိတ်ဓာတ်ကျ အချစ်စစ်ဟာ
🎶သူပေးတဲ့အချစ်ရဲ့သဘော 🎶🎶🎶
~~~~~~~~~~~~~~ဆက်ရန်
Writer by
#Hazel