💛အကြင်နာလက်တစ်ကမ်း💛
~~~~~~~
"မီးလေးရေ..."
"ရူး..မေ့..တိုးတိုး..."
အချစ်အခွံနွှာထားတဲ့ပန်းသီးကိုစိပ်ပြီးပန်းကန်ထဲထည့်ကာ
အိမ်ရှေ့ခန်းကိုထွက်လာရင်း..သမီးလေးကို
ခေါ်လိုက်လျှင်...နူတ်ခမ်းပေါ်လက်ညိုးလေးနှင့်
ကန့်လန့်တင်ရင်းအချစ်ကိုတိတ်တိတ်နေရန်
အချက်ပြလာတဲ့..သမီးလေး...
"ဘာလို့လဲ..မီးလေး..."
အချစ်မေးလိုက်တော့..သမီးလေးက
အိမ်ရှေ့ခန်းမှာချထားတဲ့ဒရင်းဘတ်ပေါ်မှာ
အိပ်ပျော်နေတဲ့စည်းကိုလက်ညိုးလေးထိုးပြပြန်ရင်း...
"ဦးဦးဒေါက်တာအိပ်နေတယ်မေမေရဲ့
ဦးဦးနိုးသွားမှာစိုးလို့...."
"ဟောတော့..အဟင်း..ဟင်း..."
အချစ်သဘောကျသလိုရယ်လိုက်မိရင်း
ပန်းသီးပန်းကန်တစ်ဖက်နဲ့သမီးလေးကို
အသာကောက်ချီလိုက်သည်။
"ဦးဦးအိပ်နေတာကို..မီးလေးကဘေးမှာ
ဘာလုပ်နေတာလဲ..."
"မီးကဦးဦးဒေါက်တာကိုယပ်ခတ်ပေးနေတာ
ဦးဦးယင်ကောင်တွေနားရင်အိပ်မရမှာစိုးလို့..."
"ဟုတ်လား..မေ့သမီးလေးကတော်လိုက်တာ...
လာ..အရမ်းတော်တဲ့သမီးလေးကိုမေမေက
ပန်းသီးကျွေးမယ်..."
အချစ်..ဒရင်းဘတ်ဘေးမှာခင်းထားတဲ့
သင်ဖြူးဖျာချောလေးပေါ်သမီးလေးကိုချပေးလိုက်ရင်း
ကိုယ်တိုင်လဲဘေးမှာအသာထိုင်လိုက်သည်။
သမီးလေးကအချစ်အောက်ချပေးလိုက်တာနှင့်
ယပ်တောင်လေးကိုကောက်ကိုင်ပြီး..
ဒရင်းဘတ်ပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့
သူ့ကိုတဖျပ်ဖျပ်ခတ်ပေးသည်။
"မေမေ..ဦးဦးသနားပါတယ်နော်
ဦးဦးကဟိုးဆေးရုံမှာညမအိပ်ရလို့
ပင်ပန်းနေတာ..မီးကိုပုံပြင်ဖတ်ပြနေရင်းနဲ့
အိပ်ပျော်သွားရော..."
ပုံပြင်စာအုပ်ကိုရင်ဘတ်ပေါ်တင်ပြီးအိပ်မောကျနေတဲ့
အဖေဖြစ်သူကိုကြည့်ပြီး..သမီးလေးက
စိတ်မကောင်းသလိုမျက်နှာလေးနှင့်
အချစ်ကိုခေါင်းလေးငဲ့ကြည့်ကာပြောသည်။
အချစ်ခပ်သေးသေးစိတ်ထားတဲ့ပန်းသီးစိပ်လေးကို
သမီးလေးပါးစပ်ထဲခွံ့ပေးလိုက်သည်။
"ဦးဦးက..အဲ့လိုအိပ်ရေးပျက်ခံ၊အပင်ပန်းခံနေလို့လဲ
လူနာတွေအများကြီးကိုဆေးကုပေးနိုင်တာပေါ့
သမီးလေးရဲ့..."
"ဦးဦးကတော်လိုက်တာနော်မေမေ...မီးလဲကြီးလာရင်
ဦးဦးလိုဆရာဝန်ကြီးလုပ်မှာ..."
ခေါင်းလေးမော့၊ရင်လေးကော့ကာပြောလိုက်တဲ့
သမီးလေးကိုကြည့်ပြီးအချစ်ပြုံးလိုက်မိသည်။
တစ်ကယ့်ကိုဖအေ့သွေးအပြည့်ပါတဲ့သမီးလေး...
"ကဲ..မီးလေးလဲနေ့လည်ခင်းတရေးတမော
အိပ်ရမယ်နော်..အဲ့ဒါမှမီးလေးအားရှိတာ..."
"ဟုတ်..မီး ဦးဦးနားမှာပဲအိပ်လို့ရလားဟင်..."
"ရတာပေါ့..မေမေခေါင်းအုံးသွားယူပေးမယ်..."
ချစ်စဖွယ်ခေါင်းလေးငြိမ့်ပြလာတဲ့သမီးလေးကို
အချစ်..ချစ်စနိုးနဲ့ကြည့်မိရင်းထိုင်ရာကနေ
အသာထလာခဲ့တော့...
"ရူး..ဒီယင်ကောင်ကြီးတွေကလဲ..ဒီလောက်
ယပ်ခတ်နေတာတောင်..လာနားချင်နေသေးတယ်
သွား..."
သမီးလေးရဲ့အလိုမကျတဲ့အသံကြောင့်အနောက်ကို
ပြန်လှည့်ကြည့်တော့..ဒူးထောက်ထိုင်ပြီး
ယပ်တောင်တစ်ချောင်းနှင့်အဖေဖြစ်သူအတွက်
ယင်မောင်းပေးနေတဲ့ချစ်စရာမြင်ကွင်းလေးကြောင့်
ခေါင်းယမ်းလျက်ပြုံးလိုက်မိတာကကြည်နူးကျေနပ်
ခြင်းတွေနှင့်.....
~~~~~~~~~~~~~~🌺🌺🌺
"နင်..မနေ့ကထားခဲ့တဲ့အင်္ကျီနဲ့စတိုင်ပင်န်ကို
ငါလျှော်ပြီးမီးပူတိုက်ထားတယ်..နင်ဒီနေ့
ဝတ်သွားလိုက်နော်...ခါးပတ်ကဟိုမှာ..."
အချစ်ဗီရိုထဲသေချာသိမ်းထားတဲ့ဝတ်စုံကို
ထုတ်ပြီး...ရေစိုနေတဲ့ဆံပင်တွေကိုတဘက်နဲ့
သုတ်နေတဲ့သူ့ကိုလှမ်းပေးလိုက်တော့
သူကအပြုံးနှင့်ခေါင်းငြိမ့်ပြီးယူသည်။
"ပြီးရင်..ရေလဲပုဆိုးကိုလဲလျှော်မဲ့ခြင်းထဲပဲ
ထည့်ခဲ့လိုက်..."
"အင်း...."
"ငါနင့်အတွက်ထမင်းဗူးလဲအဆင်သင့်ပြင်ပြီး
သွားပြီ..ညစာအတွက်ဆေးရုံကိုယူသွားလိုက်နော်..."
"ငါမနက်ဖြန်..နေ့dutyပါဆက်ဝင်ပေးရမှာဆိုတော့
ညနေလောက်မှငါပြန်လာခဲ့မယ်..."
"နေ့dutyရောလား...."
"ဟုတ်တယ်..သန်ဘက်ခါသမီးလေးရဲ့
မွေးနေ့ဆိုတော့..ငါနားရက်ယူချင်လို့..."
သူမကိုပြန်ဖြေရင်းစည်းဝတ်လိုက်တဲ့ရှပ်အင်္ကျီကို
ကြယ်သီးတပ်ဖို့ပြင်တော့သူမကအနားကို
တိုးလာရင်းကြယ်သီးကူတပ်ပေး၏...
စည်းကြယ်သီးတပ်ဖို့ပြင်နေတဲ့လက်ကိုပြန်ရုတ်လိုက်ရင်း
သူမကိုအနီးကပ်ငုံ့မိုးစူးစိုက်ကြည့်မိရင်း...
ကြည်နူးကျေနပ်စရာကောင်းတဲ့ထိုအခိုက်အတန့်လေးက
အရင်အချိန်တွေကိုပြန်ရောက်သွားခဲ့သလိုပင်...
"အချစ်..."
"အင်း..."
မျက်နှာကိုမော့မကြည့်ပဲပြန်ထူးလာတဲ့သူမရဲ့
ခါးလေးကိုစည်းလက်နှစ်ဖက်နှင့်ပွေ့ဖက်လိုက်ရင်း...
"ငါဘယ်တော့လောက်...သမီးလေးရဲ့တရားဝင်
ဖေဖေဖြစ်ခွင့်ရမှာလဲ...."
စည်းရဲ့အမေးကြောင့်ခေါင်းမော့ကြည့်လာတဲ့
မျက်နှာလေး...
ဒါပေမဲ့ကြည့်ရုံကြည့်ပြီးဘာမှပြန်မပြောလာပဲ
ခြေဖျားထောက်လျက်စတစ်ကော်လံကိုသေချာ
ချိုးပေးသည်။
အမြဲတမ်းအလွတ်ရနေတဲ့သူမရဲ့ကိုယ်သင်းရနံ့နှင့်
ရောနှောနေသောရှင်မတောင်သနပ်ခါးနံ့လေးကတော့
စည်းမျက်နှာတစ်ဝိုက်မှာအနီးကပ်ဆုံးတိုးဝှေ့ကျီစယ်
နေလျက်....
"သန်ဘက်ခါသမီးလေးရဲ့မွေးနေ့အတွက်
နင်ဘာလက်ဆောင်ပြင်ဆင်ထားလဲ..."
ထောက်ထားတဲ့ခြေဖျားကိုပြန်ချပြီးသူမကစည်းကို
ပြန်မေးသည်။စည်း..သူမခါးကိုပွေ့ဖက်ထားသော
လက်တွေကိုပြန်မဖယ်ပစ်သေးပဲ...
"ငါဘာလက်ဆောင်ကိုပြင်ဆင်သင့်လဲ...
ငါသမီးလေးကိုပေးချင်တာတွေကအရမ်းများနေလို့
ဘယ်တစ်ခုကိုအရင်ပေးရမှန်းတောင်မသိတော့ဘူး..."
"အဟင်း..."
"မရယ်ပါနဲ့..ငါတစ်ကယ်ခံစားနေရတာ..."
ဆွေးဆွေးမြေ့မြေ့ပြောရင်းတင်းအိနေသော
ကိုယ်လုံးနွေးနွေးလေးကိုရင်ခွင်ထဲ
ဆွဲသိမ်းပွေ့ပိုက်မိကာ....ရင်စေ့လက်ပြတ်ခါးတို
အင်္ကျီလေးကြောင့်ပြည့်ပြည့်ဝဝအကာအကွယ်မရှိသည့်
ပခုံးဝန်းဝန်းလေးထက်မျက်နှာအပ်မိသည်။
"ဒါမှမဟုတ် ငါ့ကိုယ်ငါပဲပါဆယ်ထုပ်ပြီး
သမီးလေးအတွက်လက်ဆောင်ပေးရင်
ကောင်းမလား...."
"တော်ပြီ..မနောက်နဲ့တော့..ဖယ်..."
အချစ်..ခပ်သဲ့သဲ့လေးရယ်မိရင်းသူ့ကိုယ်ကြီးကို
တွန်းဖယ်ပေမဲ့သူကလွတ်မပေး....
"နေပါဦး..ခဏလောက်ဒီအတိုင်းနေရအောင်
နင့်ရဲ့ကိုယ်နံ့နဲ့သနပ်ခါးနံ့လေးကအရမ်းမွှေးလို့...."
"သမီးလေးဝင်လာဦးမယ်..ဖယ်ပါ..."
"သမီးလေးကကာတွန်းကားကြည့်နေတယ်လေ
ဘာလို့ဝင်လာမှာလဲ...."
"နင်အရမ်းပြောရခက်တာပဲ..."
ငြီးငြူသလိုလေးပြောလာပေမဲ့သူမထပ်ပြီး
မရုန်းဖယ်တော့...တစ်ခုပေးလို့နှစ်ခုလိုချင်တယ်ပဲ
ပြောပြော..အခွင့်အရေးယူတယ်ပဲဆိုဆို...
စည်းဂရုမစိုက်ချင်တော့...နွေးအိနေတဲ့
ခန္ဓာကိုယ်လေးကိုသာတင်းတင်းကြပ်ကြပ်
ပွေ့ဖက်ထားရင်း...ဝင်းနှစ်နေတဲ့ပခုံးသားလေးကို
အထပ်ထပ်နမ်းရိူက်နေရုံနဲ့မရောင့်ရဲနိုင်ပဲ...
မွေးရနံ့သင်းသင်းနဲ့ဆွဲဆောင်နေတဲ့လည်တိုင်လေးဆီသို့ပါ
အနမ်းတွေနယ်ချဲ့မိသည်။
လူးလွန်းလူပ်ရှားခြင်းအတိနှင့်ရောယှက်သော
သူမရဲ့နွေးထွေးနူးညံ့မူ့တွေကပိုပြီးဆွဲဆောင်မူ့
ရှိ၏....ရုန်းမထွက်နိုင်အောင်တွယ်ညှိနေတဲ့
ရင်ခုန်သံတွေနဲ့အပြန်အလှန်ပွေ့ဖက်
ဖလှယ်နေကြသော..အနမ်းအရိူက်
အထိအတွေ့တွေကြား...အရာအားလုံးကို
မေ့လျော့သွားခဲ့သည့်အခါ....
~~~~~~~~~~~~~~~🌺🌺🌺
"အံ့ဩပါရဲ့ဟယ်..ဘယ်လောက်ပဲ
အထင်ကြီးအောင်နေပြနေပြနောက်ဆုံးတော့
ဇာတိကပေါ်လာတာပါပဲ....ရပ်ကွက်ထဲက
ယောကျာင်္းတွေကိုကျတော့မတူသလိုမတန်သလိုနဲ့
တစ်ကယ့်ပါရဂူဆရာဝန်နဲ့လဲတွေ့ရော...
အရှက်တွေသိက္ခာတွေလဲဘယ်ချောင်ရောက်လို့
ရောက်ကုန်လဲမသိ..ကိုယ့်သမီးလေးမျက်နှာကိုလဲ
ထောက်ရကောင်းမှန်းလဲသိပုံမရတော့ဘူး..."
"အေးလေ..အဲ့ဒါပြောတာပေါ့..အခုကြ
နေ့နေ့ညညအချိန်မရွေးအဲ့ဒီဆရာဝန်ကကားနဲ့
ရောက်လာနေတာ..သူတို့ကြည့်ရတာပါတ်ဝန်းကျင်ကို
မျက်လုံးထဲမထည့်တဲ့ပုံနဲ့..."
"အဲ့လိုမိန်းမမျိုးတွေရှိနေလို့..တခြားမိန်းကလေးတွေလဲ
ရောနှောပြီးအထင်သေးခံရတာ...ဘယ်လောက်ပဲ
ရုပ်လှလှ..ကျီးအာသီးလိုမိန်းမမျိုးတွေ...."
"ဆရာဝန်လေးကလဲဟယ်သူ့ဂုဏ်၊သူ့အဆင့်အတန်း
သူ့ရုပ်ရည်လေးနဲ့..ဒီကလေးတစ်ယောက်အမေကို
ဘာများကြည့်ကြိုက်လဲ..ရုပ်လေးလှတာပဲမက်စရာရှိတာ
ဟိုကတစ်ခုလပ်မှန်းမသိ၊မုဆိုးမမှန်းမသိ..."
"ချွမ်..."
နားထဲမှာကြားနေရတဲ့စရိုက်ဆန်လှသောအတင်း
စကားတွေကြောင့်ထူးမြတ်ဇွန်းကိုမုန့်ဟင်းခါး
ပန်းကန်ထဲပစ်ချလိုက်တာက..ဒေါသနှင့်...
မျက်နှာချင်းဆိုင်ကစားပွဲဝိုင်းမှာတော့ရပ်ကွပ်က
မောင်းတွေလို့ပြောလို့ရသည့်မိန်းမ၃ယောက်ရဲ့
စရိုက်ဆန်ဆန်အတင်းဝိုင်း...မနာလို၊မရူစိမ့်
ပြစ်တင်ရူံ့ချပြီးမိန်းမချင်းမစာနာတဲ့သူတို့ရဲ့
မျက်ဝန်းတွေကလဲ..မုန့်ဟင်းခါးဆိုင်ရဲ့ရှေ့က
ပန်းဆိုင်မှာ..ပန်းဝယ်နေတဲ့အချစ်စစ်ဆိုသော
သူမဆီမှာသာ...
"ရုပ်လေးကြည့်တော့သနားကမားနဲ့
အရှက်မဲ့တာလွန်လွန်းတယ်..မြင်ရတာ
အော့နှလုံးနာလိုက်တာအေ..."
"ဟုတ်ပဟယ်..."
ထူးမြတ်သည်းမခံနိုင်တော့..ထိုင်ရာကနေ
ဝုန်းခနဲထရပ်လိုက်ရင်း..
"မြင်ရတာနှလုံးနာရင်လဲ..ခင်ဗျားတို့သူ့ကို
လိုက်မကြည့်နဲ့လေ...."
"ဟင်..."
"အို.."
"ကျွန်တော့်အထင်တော့မိန်းမချင်းကိုယ်ချင်းမစာပဲ
အုပ်စုဖွဲ့ပြီးစရိုက်ဆန်ဆန်အတင်းတုပ်နေတဲ့
ခင်ဗျားတို့ကမှပိုပြီးအော့နှလုံးနာစရာကောင်းတာ..."
"ရှင်ဘာစကားပြောတာလဲ..."
မိန်းမ၃ယောက်ရူးရူးရှဲရှဲတွေဖြစ်ကုန်ပြီး
သူနှင့်မျက်နှာချင်းဆိုင်ဝုန်းခနဲထရပ်ကြသည်။
"မောင်ထူးမြတ်...ဘာတွေဖြစ်တာလဲ..."
ဆိုင်ရှင်အန်တီတိုးကသူ့အနားကိုရောက်လာရင်း
ဆွဲမေး..မေးသည်။ဆိုင်ထဲမှာရှိတဲ့တခြားသူတွေရဲ့
မျက်ဝန်းတွေကရောအနီးအနားကလူတွေရဲ့အကြည့်တွေကပါ
ရန်ပွဲဖြစ်တော့မဲ့အခြေအနေမှန်းသိသာနေသည့်
သူတို့ဆီသို့စုပြုံလာခဲ့၏...
"ကိုထူးမြတ်..."
ထိုအချိန်စျေးခြင်းတောင်းလေးဆွဲပြီး
ဆိုင်ထဲကိုဝင်လာတဲ့သူမကထူးမြတ်ရဲ့
အခြေအနေကိုကြည့်ပြီးအံ့ဩသလိုမျက်နှာလေးနှင့်
နာမည်ကိုခေါ်သည်။
ထူးမြတ်..သူမမျက်နှာလေးကိုမြင်မှဒေါသတွေ
ပိုပြီးဆူပွတ်လာရရင်း..ထိုအမျိူးသမီး၃ယောက်ဘက်ကို
တည့်တည့်လှည့်ရပ်လိုက်၏...
"လူတစ်ဖက်သားရဲ့အခြေအနေကိုအကြောင်းစုံ
သေချာမသိပဲ..မိန်းမချင်းမစာမနာပြောဆိုရတာ
အရသာတွေ့နေကြတာလား..."
"အို..ကျွန်မတို့ပြောတာဘာအမှားပါလို့လဲ..."
"ခင်ဗျားတို့ပြောတာကအမှားမပါတာမဟုတ်ဘူး
မှန်ကိုမမှန်တာ....ခင်ဗျားတို့ပါးစပ်ထဲ
ပေါက်လွတ်ပဲစားပြောဆိုနေတဲ့အချစ်နဲ့အဲ့ဒီ့်ဆရာဝန်က
အစထဲကလင်မယား...အဲ့ဒီ့ဆရာဝန်ကရွှေဘုံလေးရဲ့
အဖေအရင်းပဲ...နားလည်လား...."
ဒေါသမကင်းတဲ့ထူးမြတ်ရဲ့အသံကဆိုင်အပြင်ဘက်ကိုပါ
လျှံထွက်သွားတဲ့အခါ..အနားမှာရှိတဲ့လူတွေအားလုံးရဲ့
မျက်နှာကအံ့ဩခြင်းအသွင်ကိုဆောင်သွားခဲ့သလို
အားမနာတမ်းအတင်းပြောခဲ့ကြသောမိန်းမ၃ယောက်လဲ
ပါးစပ်အဟောင်းသားတွေဖြစ်ကုန်ကြသည်...
အချစ်ကိုယ်တိုင်မှာတော့လက်ထဲကစျေးခြင်းတောင်းလေး
လွတ်ကျသည်အထိသတိလက်လွတ်ဖြစ်သွားခဲ့ရပြီးနောက်...
~~~~~~~~~~~~~~🌺🌺🌺
"အစ်ကိုတောင်းပန်ပါတယ်..သူတို့က
ညီမနဲ့ဒေါက်တာစည်းစနစ်ရဲ့အကြောင်းကိုသေချာ
မသိပဲ...ညီမကိုသွားပုပ်လေလွင့်ပြောနေကြတော့
အစ်ကိုဒေါသမထိန်းနိုင်ပဲဖြစ်သွားတာ..."
စျေးကပြန်လာတဲ့လမ်းမှာနှစ်ယောက်အတူ
ယှဉ်လျောက်နေရင်းခေါင်းငုံ့လျက်တောင်းပန်
စကားဆိုလာတဲ့ကိုထူးမြတ်ကြောင့်..အချစ်ပြုံးပြီး
ခေါင်းခါပြလိုက်သည်။
"အစ်ကိုတောင်းပန်စရာမလိုပါဘူး..တစ်ကယ်တော့
အချစ်က..ကိုယ်လိပ်ပြာမလုံစရာဘာကိစ္စမှ
မလုပ်ထားဘူးဆိုပြီးပါတ်ဝန်းကျင်ကိုဂရုမစိုက်သလို
ဖြစ်သွားခဲ့တာ...အစ်ကိုကအချစ်ရဲ့ဂုဏ်သိက္ခာကို
ကာကွယ်ပေးခဲ့တာပါ..."
"ညီမစိတ်မဆိုးဘူးဆိုလို့..တော်ပါသေးတယ်
အခုထပ်ပြီးသူတို့ကိုဂရုစိုက်မနေနဲ့တော့
ညီမတို့ကအရင်ထဲမိသားစုဆိုတာအားလုံး
သိကုန်ပြီပဲ..အဲ့ဒီ့်မိန်းမတွေရပ်ကွက်ထဲမှာ
တစ်အိမ်တက်ဆင်းနဲ့ဒီအကြောင်းကို
အတင်းမပြောဘူးလို့တော့အစ်ကိုမယုံဘူး...."
ကိုထူးမြတ်စကားကြောင့်အချစ်ရယ်လိုက်မိသည်။
ထိုအချိန် အချစ်တို့ခြံရှေ့ကိုရောက်လာပြီမို့
နှစ်ယောက်လုံးခြေစုံရပ်လိုက်ကြသည်။
"အစ်ကိုသွားတော့မယ်...."
"ဟုတ်ကဲ့...."
အချစ်ခေါင်းငြိမ့်လိုက်တော့ကိုထူးမြတ်က
ခြေလှမ်းပြင်ပြီးမှပြန်လှည့်ကြည့်လာရင်း...
"တစ်ခုလောက်ပြောလို့ရမလား..."
"ရှင်..."
"နှစ်ယောက်ကြားမှာနားလည်မူ့လွဲစရာဖြစ်ရပ်တွေ
ရှိနေခဲ့တယ်ဆိုရင်လဲအမြန်ဆုံးပြေလည်လိုက်ကြပါ...
ရွှေဘုံလေးအတွက်ပြည့်စုံတဲ့မိသားစုဘဝလေး
ဖန်တီးပေးရဦးမယ်မဟုတ်လား...."
စကားအဆုံးအချစ်ကိုနှစ်လိုဖွယ်ပြုံးပြလာခဲ့ပြီး
လှည့်ထွက်သွားတဲ့ကိုထူးမြတ်ကိုကြည့်ကာ
အချစ်နေရာမှာတင်ခြေစုံလေးရပ်ကျန်နေခဲ့ရာမှ
ပြုံးလိုက်မိရင်း.......
~~~~~~~~~~~~~~~~🌺🌺🌺
"ဟက်ပီးဘတ်ဒေး...မေ့ရဲ့မီးမီးလေး....
ဒီနေ့ကသမီးလေးရဲ့မွေးနေ့ဆိုတော့..မေမေက
ဂါဝန်လှလှလေးဝတ်ပေးပါမယ်ရှင်...."
"မေ့..မီးအတွက်မွေးနေ့ကိတ်မှာထားလားဟင်...."
"မှာထားတာပေါ့..မေမေကမီးလေးအတွက်
မွေးနေ့ကိတ်အကြီးကြီးမှာထားတယ်...
မီးလေးကသူငယ်ချင်းတွေနဲ့မွေးနေ့သီချင်းဆိုပြီး
ကိတ်တူတူခွဲရမှာ..."
"ရေး..ပျော်စရာကြီ..မီးမေမေ့ကိုအရမ်းချစ်တာပဲ..."
ဝမ်းသာအားရလေးအော်ရင်းအမေဖြစ်သူရဲ့ပါးကို
တရွတ်ရွတ်နဲ့လာနမ်းနေတဲ့သမီးလေး....
အချစ်သမီးလေးအတွက်မွေးနေ့ဂါဝန်လေး
လဲပေးပြီးတော့..ပန်းဘီးကုပ်လေးပါပန်ပေးလိုက်ကာ
သနပ်ခါးတွေဖုံနေတဲ့ပါးပြင်လေးကိုဖွဖွပွတ်သပ်လိုက်သည်။
"မီးလေး..."
"ရှင်..."
"မီးလေးရဲ့မွေးနေ့မှာလေ..မေမေက
မီးလေးအတွက်အရမ်းတန်ဖိုးကြီးတဲ့လက်ဆောင်ကြီး
တစ်ခုကိုပေးမယ်..."
"လက်ဆောင်...မီးအတွက်လား..."
"အင်းပေါ့...."
အချစ်ခေါင်းငြိမ့်လိုက်တော့...သမီးလေးက
ပါးစုံလေးတွေဖောင်းတက်သွားအောင်
အားရပါးရရယ်သည်။
"ဘာလက်ဆောင်လဲဆိုတာရောမီးလေး
သိချင်လား...."
ခေါင်းလေးဆတ်ခနဲငြိမ့်ပြလာတဲ့သမီးလေးကို
အချစ်ရင်ခွင်ထဲဆွဲသွင်းပွေ့ဖက်လိုက်ကာ
ဦးခေါင်းလေးကိုတစ်ချက်ဖိကပ်နမ်းလိုက်ရင်း...
"ဖေဖေ..မီးလေးရဲ့ဖေဖေ..သူဒီနေ့
သမီးလေးရဲ့မွေးနေ့ကိုရောက်လာလိမ့်မယ်....."
~~~~~~~~~~~~~~~🌺🌺🌺
"ကျစ်...ကားတွေကဒီနေ့မှဘာလို့
အရမ်းပိတ်နေရတာလဲ...."
ညနေရုံးဆင်းချိန်မို့ကျပ်ပိတ်နေတဲ့ကားလမ်းက
အရင်နေ့တွေအတိုင်းမထူးဆန်းပေမဲ့..
စိတ်လောနေတဲ့စည်းအတွက်ကတော့စိတ်ရှည်ချင်
စရာတစ်စက်မှမရှိခဲ့..ဘေးကကားဆိုဖာပေါ်
တင်ထားတဲ့ပါဆယ်ဗူးလေးကိုငဲ့ကြည့်ပြီး
လက်ထဲကနာရီကိုပြန်ပင့်ကြည့်သည်။
"သမီးလေးတော့စောင့်နေတော့မှာပဲ...."
ဒီနေ့လေးအတွက်နားရက်ရအောင်နှစ်ရက်ဆက်တိုက်
နေ့ရောညရောဂျူတီဝင်ပေးခဲ့ပေမဲ့...
မနက်ဂျူတီမထွက်ခင်ဆေးရုံရောက်လာတဲ့
အရေးပေါ်အော်ပရေးရှင်းလူနာကြောင့်
စည်း..အိမ်မပြန်နိုင်ခဲ့ပေ..
ခွဲစိတ်ခန်းကထွက်လာပြီးတာတောင်စိတ်မချရပဲ
စောင့်ကြည့်ရမဲ့အနေအထားမို့...
လက်လွတ်စပယ်ထားခဲ့လို့လဲမရတာကြောင့်
အခုညနေမှဆေးရုံကပြန်လာနိုင်ခဲ့၏...
နှစ်ရက်လုံးလုံးအိပ်ရေးတွေပျက်ပြီး
ပင်ပန်းနေပေမဲ့လဲစည်းအနားယူဖို့မအားခဲ့....
ပထမဆုံးမိသားစုတွေအတူရှိခွင့်ရမဲ့
သမီးလေးရဲ့မွေးနေ့လေးကိုစည်းဘာအကြောင်းနဲ့မှ
လက်လွတ်မခံနိုင်ဘူး....
"ခဏလေးပဲထပ်ပြီးစောင့်ပေးပါသမီးလေးရယ်...
ဖေဖေ..သမီးလေးဆီအမြန်ဆုံးရောက်အောင်
လာခဲ့ပါ့မယ်...."
~~~~~~~~~~~~~~~ဆက်ရန်
Writer by
#Hazel