book

Index 22

အပိုင်း(၂၂)

  • Author : Hazel Nhte
  • Genres : Romance, Comedy, Drama

💛 အကြင်နာလက်တစ်ကမ်း 💛


~~~~~~~~~


"ငါပြန်တော့မယ်...."


"အင်း..နင်ကားကိုဂရုစိုက်မောင်းနော်စည်း..."


စိတ်ပူသလိုအရိပ်အငွေ့လေးတွေပါနေသည့်

သူမရဲ့စကားကြောင့်စည်းပြုံး၍

ခေါင်းငြိမ့်လိုက်ရင်း...သူမနဲ့အတူခြံပြင်ရှေ့ထိ

ထွက်လာခဲ့သည်။


"သမီးလေးကိုအိပ်ခါနီး...သွေးပေါင်တိုင်းဖို့နဲ့

အောက်စီဂျင်တိုင်းပေးဖို့လဲမမေ့နဲ့ဦး..."


"ငါမမေ့ပါဘူး..."


"ပြီးရင်ငါ့ဆီအခြေအနေဖုန်းဆက်လိုက်နော်...."


"အင်း..."


မဆုံးနိုင်တဲ့မှာတမ်းတွေကိုခြွေနေသည့်သူ့ကို

ကြည့်ရင်းအချစ်ရိပ်ခနဲပြုံးလိုက်မိသည်။


ပြန်တော့မယ်ဆိုတဲ့သူကတော့ခုထိကားတံခါးကိုလဲ

လက်မလှမ်းပဲ...အချစ်ကိုကြည့်ပြီးနောက်ထပ်

စကားစရှာနေပုံပါ....


ထိုအချစ်...အချစ်နဲ့သူ့နားကိုထိုးရပ်လာတဲ့

ကိုထူးမြတ်ရဲ့ကား....


"ရွှေဘုံလေးဆေးရုံကဆင်းလာပြီလား...ညီမ..."


"ကိုထူးမြတ်..."


အချစ်ကိုလှမ်းမေးရင်းကိုထူးမြတ်က,ကားပေါ်မှ

ဆင်းလာတဲ့အခါ..အချစ်ဘေးမှာရှိနေတဲ့သူ့ရဲ့

မျက်နှာကချက်ချင်းပင်အလိုမကျဟန်နှင့်

မူန်ကုပ်ကုပ်ဖြစ်သွား၏...


"ရွှေဘုံလေးဒီနေ့ဆေးရုံကဆင်းမယ်မှန်း

မသိလိုက်ဘူး...ဒါနဲ့များအစ်ကို့ဆီဖုန်းဆက်

လိုက်ရောပေါ့..အစ်ကိုလာကြိုပေးလို့ရတာပဲ..."


"မဟုတ်တာကိုထူးမြတ်ရဲ့..ဒီကဒေါက်တာ

အဲ့...စည်းကအချစ်တို့ကိုပြန်လိုက်ပို့ပေးဖို့

အစထဲကစီစဉ်ထားလို့ပါ..."


အချစ်စကားကြောင့်ကိုထူးမြတ်ရဲ့မျက်ဝန်းတွေက

မျက်နှာချင်းဆိုင်ကသူ့ဆီရောက်လာလျှင်

သူကလဲဟန်ဆောင်ပန်ဆောင်ပင်မပြုံးပြပဲ

ရူတည်တည်ပြန်ကြည့်သည်။


"စည်း..နင်ပြန်တော့မယ်ဆို..."


အချစ်သူ့ကိုတံတောင်နှင့်မသိမသာတွတ်လိုက်ရင်း

လေသံသဲ့သဲ့နှင့်အသိပေးလိုက်ပေမဲ့လဲ

သူကတုတ်တုတ်မှမလူပ်သလို..အကြည့်တွေကလဲ

ကိုထူးမြတ်ဆီမှမခွာ...


ထိုအခါ..အခြေအနေကိုရိပ်စားမိပုံရသည့်

ကိုထူးမြတ်ပဲ..သူ့ဆီကအကြည့်အရင်လွှဲသွားရင်း..


"အစ်ကိုသွားတော့မယ်ညီမ..နောက်မှပဲ

အမေနဲ့အတူရွှေဘုံလေးကိုလာကြည့်တော့မယ်..."


"ဪ...ဟုတ်ကဲ့..ကိုထူးမြတ်...."


ကိုထူးမြတ်သူ့ရဲ့တက္ကစီပေါ်တက်ပြီး

မောင်းထွက်သွားတဲ့အထိ...သူ့ရဲ့အကြည့်တွေက

ကပ်ပါသွားခဲ့သေးသည်။


"ငါသွားပြီ..."


ပြီးတော့အချစ်ကိုနူတ်ဆက်သလိုဆိုရင်း

ကားပေါ်တက်ကာမောင်းထွက်သွားတာကချက်ချင်း...


"အဟင်း..."


အချစ်တစ်ခါမှမမြင်းဖူးခဲ့သောသူ့ရဲ့

ထိုပုံစံကြောင့်အသံထွက်အောင်ခပ်သဲ့သဲ့ရယ်မိကာ

အိမ်ထဲပြန်ဝင်လာခဲ့မိတော့သည်။


~~~~~~~~~~~~~~❤◦.¸¸. ◦✿


ဤသို့ဖြင့်သမီးလေးဆေးရုံကဆင်းပြီး

အချိန်အနည်းငယ်အတွင်းမှာပဲ...ပါတ်ဝန်းကျင်က

သတိထားမိအောင်..စည်းကအချစ်နဲ့သမီးလေးဆီ

ချောင်းပေါက်မတတ်လမ်းဖွင့်ခဲ့သည်။


မနက်ဆိုဆေးရုံဂျူတီမဝင်ခင်သမီးလေးဆီ

ရောက်လာခဲ့ပြီး...သူကိုယ်တိုင်ဝယ်ခြမ်းလာတဲ့

စားစရာတွေနဲ့မနက်စာအတူစားပြီးမှ

ဆေးရုံကိုသွားတတ်သလို..ညနေဂျူတီထွက်တဲ့

အချိန်ဘယ်လောက်ပဲနောက်ကျနောက်ကျ

အချစ်နဲ့သမီးလေးကိုတစ်ခါလောက်တော့

ရအောင်လာတွေ့ပြီးမှအိမ်ကိုပြန်သည်။


ညဂျူတီဝင်ရတဲ့နေ့တွေဆိုလဲမနက်ဂျူတီထွက်ပြီး

ဆေးရုံကပြန်လာတာနှင့်အချစ်တို့ဆီရောက်လာပြီး

အချိန်တွေအကြာကြီးသမီးလေးနဲ့အတူ

ရှိနေပြီးမှ..အိမ်ကိုပြန်တတ်သည်။

ဤကဲ့သို့သူပျက်ကွက်မူ့မရှိအချိန်တွေ

မှန်နေခဲ့သလိုပဲ...သူနည်းနည်းလေးများ

လာနေကြအချိန်ထက်နောက်မကျလိုက်နှင့်

အရုပ်လေးကိုပိုက်ပြီးအိမ်ပေါက်ဝထိ

လည်ပင်းလေးတမျှော်မျှော်ရှိနေတတ်တဲ့သမီးလေး....


ကြာတော့အချစ်တို့ရဲ့ကျဉ်းမြောင်းလှတဲ့

ပါတ်ဝန်းကျင်လေးမှာ..ရွှေဘုံလေးဆေးရုံတက်စဉ်က

ရင်းနှီးခဲ့တဲ့ဆရာဝန်နဲ့အချစ်ကချစ်ကြိုးသွယ်နေပါပြီ

ဆိုပြီးသတင်းတွေထွက်နေခဲ့တဲ့အထိပင်...


တနေ့တော့ကိုထူးမြတ်ရဲ့မိခင်အန်တီနှင်းကိုယ်တိုင်က

အချစ်ဆီအင်္ကျီလာအပ်သလိုနှင့်...

ထိုအကြောင်းကိုပွင့်ပွင့်လင်းလင်းမေးမြန်းလာခဲ့၏...


"အချစ်..အန်တီနှင်းသမီးကိုအမှန်တိုင်းပဲမေးမယ်

သမီးစိတ်တော့မဆိုးနဲ့နော်..."


"ဘာမေးမလို့လဲအန်တီနှင်းရဲ့...မေးပါ..."


"ရပ်ကွက်ထဲမှာသတင်းတွေပျံ့နေတယ်..သမီးက

ရွှေဘုံလေးကိုခွဲစိတ်ပေးတဲ့ဆရာဝန်နဲ့

တွဲနေကြတယ်ဆိုတဲ့အကြောင်းတွေ..

သမီးလဲကြားမှာပဲမဟုတ်လား...."


အချစ်ပါးစပ်ကပြန်မဖြေပဲ..အင်္ကျီဒီဇိုင်းစာအုပ်ကို

ပြန်ပိတ်လျက်ပြုံးကာခေါင်းငြိမ့်လိုက်သည်။


"အန်တီသားဆီကသိရသလောက်..သမီးက

အဲ့ဒီ့ဆရာဝန်လေးနဲ့အရင်ထဲကသိနေတာဆို

ဟုတ်လား..."


ဒီတစ်ခါလဲ..အချစ်ခေါင်းပဲငြိမ့်ပြလိုက်မိသည်။


"အေးလေ..သမီးကရွှေဘုံလေးဒီအရွယ်

ရောက်အထိ..ရောဂါသည်သမီးလေးကို

စောင့်ရှောက်ရင်းလောကဓံကိုကြံ့ကြံ့ခံ

ရင်ဆိုင်လာခဲ့တာပဲ...သမီးဘာကိုပဲ

ဆုံးဖြတ်ဆုံးဖြတ်...ရွှေဘုံလေးအတွက်

ပထမဆုံးဦးစားပေးဖြစ်မယ်ဆိုတာ..အန်တီသိပါတယ်....

ဒါပေမဲ့..အဲ့ဒီ့ဆရာဝန်လေးဘက်ကလဲ

သမီးနဲ့ရွှေဘုံလေးကိုအရှိတိုင်းလက်ခံနိုင်ဖို့...

ရေရှည်မေတ္တာမပျက်ဖို့ကတော့အရေးကြီးဆုံးပဲ

မဟုတ်လား...အန်တီက..အချစ်ကိုကိုယ့်သမီးအရင်းလေး

တစ်ယောက်လိုသဘောထားပြီးစိုးရိမ်လို့

ပြောတဲ့စကားတွေမို့နားလည်ပေးစေချင်တယ်..."


"အချစ်အန်တီနှင်းကိုနားလည်ပါတယ်

အချစ်နဲ့သမီးလေးအပေါ်..အခုလိုသဘောထားပေးတဲ့

အတွက်လဲအချစ်အရမ်းကျေးဇူးတင်ပါတယ်...

ဒါပေမဲ့ အန်တီနှင်စိုးရိမ်သလိုဘယ်တော့မှ

ဖြစ်လာမှာမဟုတ်ဘူးဆိုတာတော့

အချစ်ပြောရဲပါတယ်..."


အချစ်စကားကြောင့်အန်တီနှင်းကနားမလည်

နိုင်သလိုကြည့်သည်။ထိုအခါအချစ်ရဲ့

မျက်ဝန်းတွေကခပ်လှမ်းလှမ်းမှာပုံပြင်စာအုပ်လေး

ရင်ဘတ်ပေါ်တင်ပြီးနေ့လည်ခင်းတရေးသိပ်ထားတဲ့

သမီးလေးဆီရောက်သွားခဲ့ပြီးမှအန်တီနှင်းကို

ပြန်ကြည့်လိုက်၏....


"အန်တီနှင်းကိုအချစ်ရဲ့အမေလိုပဲသဘောထားလို့

အချစ်ဘာကိုမှမကွယ်ဝှက်ထားချင်ပါဘူး...

တစ်ကယ်တော့....စည်း...သူကရွေဘုံလေးရဲ့အဖေ

အရင်းပါ...."


"ဘယ်လို..."


အချစ်ရဲ့စကားကြောင့်ဟန်မဆောင်နိုင်အောင်

အံ့ဩသွားခဲ့တဲ့အန်တီနှင်း...


"အချစ်နဲ့စည်းက...သူဆေးကျောင်းတက်နေတဲ့

အချိန်ထဲကချစ်ခဲ့ကြတဲ့သူတွေပါ...အချစ်မှာရော

သူ့မှာပါမိသားစုတွေမရှိပဲ..တစ်ယောက်ထဲ

ရုန်းကန်နေရတဲ့သူတွေချင်းမို့...နှစ်ဦးသဘောတူ

ဘဝတစ်ခုကိုတည်ဆောက်ဖို့ကြိုးစားခဲ့တာ...

ဒါပေမဲ့သူနဲ့အချစ်ရဲ့ကြားမှာနားလည်မူ့တွေ

လွဲခဲ့ကြလို့..လွန်ခဲ့တဲ့၅နှစ်သူပညာတော်သင်

သွားတဲ့အချိန်မှာပဲ..အချစ်သူ့ကိုခြေရာဖျောက်ခဲ့တာပါ..."


အချစ်...အန်တီနှင်းနားလည်လွယ်အောင်အတိုချုံး

ရှင်းပြရင်းမျက်လွှာလေးတစ်ချက်ချလိုက်သည်။


"သူနဲ့ကံကုန်သွားပြီလို့အချစ်တွေးထားခဲ့ပေမဲ့

မထင်မှတ်ပဲ သမီးလေးရဲ့တာဝန်ခံဆရာဝန်အဖြစ်

ပြန်ဆုံခဲ့ရတယ်...ကံကြမ္မာနဲ့သူနဲ့အချစ်ကို

မပြီးပြတ်စေချင်လို့..ဒီလိုပုံစံမျိုးနဲ့ပြန်ဆုံတွေ့စေ

ခဲ့တယ်လို့ထင်ပါတယ်.. သမီးလေးအတွက်ပဲ

စဉ်းစားပြီးတော့ဖြစ်ဖြစ်..အချစ်သူ့ကိုပြန်လက်ခံနိုင်ဖို့

အခုကြိုးစားနေတာပါ.......အန်တီနှင်း...."


"............."


အိမ်ပေါ်ကကြားနေရတဲ့စကားသံတွေအဆုံး....

ကြေကွဲနေတဲ့မျက်ဝန်းတွေနှင့်ဆန့်ကျင်ဘက်

နူတ်ခမ်းအစုံထက်မှာဖြစ်တည်သွားသော

ခပ်သဲ့သဲ့အပြုံးနှင့်...လက်ထဲမှာမုန့်တွေတစ်ပုံတစ်ပင်ကို

ကိုင်ဆွဲထားလျက်လာရာလမ်းအတိုင်း

တစ်လှမ်းချင်းပြန်လှည့်သွားသူက..ထူးမြတ်....


~~~~~~~~~~~~~~❤◦.¸¸. ◦✿


"ဒီနေ့ည၉နာရီငါအော်ပရေးရှင်းတစ်ခုရှိတယ်

အဲ့ဒါနိုက်ဂျူတီပါဆက်ဝင်ရမှာမို့..ဒီနေ့ငါပြန်လာလို့

ရမှာမဟုတ်ဘူး..."


"အော်ပရေးရှင်းအကြီးစားလား..."


"အင်းး..အရမ်းကြီးကြီးမားမားတော့မဟုတ်ပေမဲ့

အရေးကြီးတယ်...သမီးလေးကိုလဲပြောလိုက်နော်

တော်ကြာသမီးလေးငါ့ကိုမျှော်နေဦးမယ်..."


ဂရုတစိုက်နဲ့အရေးတယူရှိနေတဲ့သူ့စကားတွေကို

နားထောင်ရင်းအချစ်ဖုန်းကိုင်ထားရင်းမှ

ပြုံးလိုက်မိသည်။


"အင်းပါ..ငါပြောလိုက်မယ်..ဒါပေမဲ့

နင်ညစာတော့စားဖြစ်အောင်စားနော်...."


"စိတ်ချပါ..ငါခွဲစိတ်ဓားကိုင်ဖို့ဆို

အားပြည့်နေမှဖြစ်မှာလေ..မဟုတ်ဘူးလား

အဟွန်း..."


"စည်း..."


"ဟင်..."


အချစ်ခေါ်လိုက်တာကိုသူကမဆိုင်းမတွ

ထူးသံပေးသည်။


"သမီးလေးမွေးနေ့ရောက်တော့မှာ..နင်သိတယ်

မဟုတ်လား..."


"အင်း..ငါသိတာပေါ့သမီးလေးက

နောက်လ၇ရက်နေ့ဆို5နှစ်ပြည့်ပြီမဟုတ်လား...

အတိအကျဆိုဘယ်လောက်မှမလိုတော့ဘူး

၁၀ရက်ပဲလိုတော့တယ်..."


ပြောရင်းဖုန်းထဲကသူ့အသံကရုတ်တရပ်

တိတ်ကျသွားခဲ့ရင်း...


"ကျေးဇူးပါပဲ...အချစ်..."


"ဘာကိုလဲ..."


"ဒီအချိန်ထိ..ငါတို့ရဲ့သမီးလေးကိုစောင့်ရှောက်ပြီး

ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့လို့....ဒါပေမဲ့အခုကပြီး

နင်နဲ့သမီးလေးရဲ့ရှေ့မှာငါရှိနေတယ်ဆိုတာ

လုံးဝမမေ့ပစ်လိုက်နဲ့နော်..ငါ..

ငါတို့ရဲ့အနာဂါတ်မိသားစုဘဝလေးအတွက်

နင်ငါ့ကိုပြန်ပြီးခေါင်းငြိမ့်လက်ခံမဲ့နေ့ကို

ငါစောင့်နေတယ်...."


~~~~~~~~~~~~~~~❤◦.¸¸. ◦✿


10:00 P.M


အချစ်သမီးလေးကိုစောစောသိပ်ပြီး

အိပ်ယာဝင်စေလိုက်ပေမဲ့..ကိုယ်တိုင်ကခုထိ

အိပ်မရခဲ့သေး....


"အော်ပရေးရှင်းက၉နာရီကမှစတာဆိုတော့

ဘယ်အချိန်မှပြီးမှာလဲ...သူဆေးရုံမှာအရမ်း

ညဉ့်နက်နေမယ်ထင်တယ်..."


အတွေးစတို့ကသူ့ကိုစိတ်ပူခြင်းသို့ဦးတည်နေရင်း

အချစ်အိပ်မရတဲ့အတူတူ...စာအုပ်ဖတ်ရင်း

အိမ်ရှေ့ခန်းမှာထွက်ထိုင်နေလိုက်သည်။

ရာသီဥတုကဆောင်းကိုတိတိကျကျဝင်နေပြီမို့

အအေးဓာတ်ကပိုနေပြီဖြစ်၏...


ပြတင်းပေါက်၊တံခါးပေါက်တွေအကုန်ပိတ်ထားပေမဲ့

အချစ်အေးနေတာကြောင့်အိမ်ခန်းလေးထဲ

ပြန်ဝင်ရင်းအနွေးထည်တစ်ထည်ကိုယူဝတ်လိုက်ကာ

သမီးလေးကိုလဲစောင်သေချာခြုံပေးလိုက်ရင်း

ဖုန်းကိုယူလျက်အိမ်ရှေ့ကိုပြန်ထွက်လာလိုက်သည်။


ဖုန်းကိုရှေ့ချပြီးစာအုပ်ထဲစျာန်ဝင်သွားတာ

အချိန်မည်မျှကြာသွားခဲ့မှန်းမသိ...


"တူ..တူ..တူ..."


ဖုန်းဝင်လာတဲ့အသံကိုကြားမှအချစ်အသိပြန်ဝင်

လာရင်း...ဖုန်းကိုလှမ်းယူလိုက်တော့

သူ့ဆီကဖြစ်နေတာကြောင့်..ကပျာကယာလေးပဲ

ဖုန်းကိုင်လိုက်မိ၏...


"ဟဲလို..."


"စည်း...အော်ပရေးရှင်းပြီးသွားပြီလား..."


"အင်း..ပြီးသွားပြီ ငါအခုဆေးရုံကနေပြန်လာနေတာ..."


သူ့အဖြေကိုနားထောင်ပြီးအချစ်နာရီကို

လှမ်းကြည့်လိုက်တော့၁နာရီပင်ထိုးတော့မည်ဖြစ်၏...


"နင်အရမ်းပင်ပန်းနေပြီလား..."


"နည်းနည်းပါ...အဟင်း..."


"အော်ပရေးရှင်းကရောအဆင်ပြေရဲ့လား..."


"ပြေတာပေါ့...ငါကဘယ်သူမို့လို့လဲ...."


"အချိန်ဒီလောက်နောက်ကျနေတာကိုဆေးရုံမှာပဲ

အိပ်လိုက်တာမဟုတ်ဘူး..."


"အဲ့လိုလုပ်ချင်ပေမဲ့...နင့်မျက်နှာကို

တစ်ခေါက်လောက်မြင်ရမှ..ပင်ပန်းတာတွေ

ပျောက်သွားမယ်ထင်လို့...."


"အချိန်ဒီလောက်နောက်ကျနေတာ..

ငါအိပ်နေရင်နင်ဘယ်လိုလုပ်မလဲ..."


"ဒါပေမဲ့..နင်အခုမအိပ်သေးလို့

ငါ့ဖုန်းကိုကိုင်နေတာပဲလေ...တစ်ကယ်တော့

နင်မအိပ်သေးဘူးဆိုတာ..ငါသေချာသိနေတယ်..."


သူ့စကားကြောင့်အချစ်ပြုံးမိသွားရသည်။


"ငါ..နောက်၁၀မိနစ်လောက်ဆိုအိမ်ရှေ့ရောက်တော့မယ်

မျက်နှာလေးမြင်ရရုံနဲ့တင်ကျေနပ်ပြီမို့

ပြတင်းတံခါးလေးပဲဖြစ်ဖြစ်ဖွင့်ကြည့်ပေးမယ်

မဟုတ်လား...."


"ဟင့်အင်း...."


အချစ်မဆိုင်းမတွငြင်းဆန်လိုက်ရင်း

ဖုန်းကိုင်ထားလျက်က..အိမ်ရှေ့တံခါးရှိရာသို့

အပြေးလေးလျောက်လှမ်းသွားလိုက်ပြီးနောက်....


~~~~~~~~~~~~~~~❤◦.¸¸. ◦✿


"ကျွီ...."


ခပ်လှမ်းလှမ်းမှာထဲကလှမ်းမြင်လိုက်ရတဲ့

ခြံရှေ့မှာရပ်နေသောနွဲ့နှောင်းသောပုံရိပ်လေးကြောင့်

စည်းကားကိုခြံရှေ့အရောက်ညင်သာစွာ

ထိုးရပ်လိုက်၏...


"အချစ်...."


ကားတံခါးဖွင့်ပြီးဆင်းလိုက်တာနှင့်...

လမ်းမီးရောင်အောက်မှာပြုံးနေတဲ့မျက်နှာလှလှလေးကို

ပိုပြီးပြတ်ပြတ်သားသားမြင်လိုက်ရ၏....


"ဘာလို့အပြင်ထိထွက်နေရတာလဲ..

ဒီလောက်အေးနေတာကို..."


ရှပ်အင်္ကျီခပ်ပါးပါးကိုအနွေးထည်မပါပဲ

ဝတ်ထားတဲ့သူကအချစ်ကိုပြန်စိုးရိမ်နေရင်း

အနားကိုလျောက်လာကာပခုံးလေး

နှစ်ဖက်ကိုဖိဆုပ်ကိုင်သည်။


ပင်ပန်းနွမ်းနယ်မူ့တွေအတိုင်းသားမြင်နေရတဲ့

သူ့မျက်နှာကိုအချစ်မော့မော့လေးငေးကြည့်လိုက်ရင်း...


"ဘာလို့ဒီလိုတွေလုပ်နေတာလဲ..နင်နဲ့မတူအောင်

ဆေးရုံမှာမအိပ်ချင်လို့..ညဉ့်နက်သန်းခေါင်ကြီး

အိမ်ပြန်လာတာကငါသိတဲ့စည်းမှဟုတ်ရဲ့လား...."


အချစ်စကားကြောင့်..သူ့နူတ်ခမ်းတွေသည်ရိပ်ခနဲ

ပြုံးသွား၏...


"နောင်တရမိလို့...."


တိုးသဲ့သဲ့ပြောရင်းအချစ်ကိုယ်လေးကို

အေးစက်စက်ရင်ခွင်ထဲပွေ့ဖက်သည်။


"အရင်ကနင့်ကိုညနက်တွေမှာတစ်ယောက်ထဲ

အထီးကျန်၊စောင့်ဆိုင်းခိုင်းခဲ့တာတွေကို

ပြန်စဉ်းစားမိရင်...အခုငါ့အဖြစ်လိုပဲ...

ငါဝဋ်လည်တာမဟုတ်လား....အချစ်..."


"နင်အခုမှသိတာလား...လူဆိုးကောင်..."


အချစ်စိတ်ထဲကသာပြစ်တင်စကားဆိုလိုက်မိပေမဲ့

တစ်ကယ်တမ်းကျနူတ်ကဘာမှပြောမထွက်နိုင်ပဲ

သူ့ခါးကိုလက်နှစ်ဖက်နှင့်ခပ်ဖွဖွပြန်လည်

သိုင်းဖက်လိုက်သည်။


"အချစ်..."


"ဟင်..."


"ငါဒီနေ့အရမ်းပင်ပန်းတာပဲ...."


ကလေးတစ်ယောက်လိုငြီးငြူကာ

သူကအချစ်ကိုယ်လေးကိုပိုပြီးတင်းကြပ်သွားအောင်

ပွေ့ဖက်လာခဲ့ရင်း....


"ငါ..ကားထပ်ပြီးမောင်းနိုင်တော့မယ်မထင်ဘူး

ဒီည..ဒီမှာငါ့ကိုတည်းခွင့်ပေးမယ်မဟုတ်လား...."


~~~~~~~~~~~~~~~❤◦.¸¸. ◦✿


"သမီးလေးက..အိပ်နေတဲ့အချိန်ဆိုပိုပြီးချစ်ဖို့

ကောင်းတယ်..."


ဇာခြင်ထောင်ပါးလေးရဲ့ထဲအိပ်ပျော်နေတဲ့

သမီးလေးကိုသူကအပြင်ဘက်ကနေ

ရပ်ငေးကြည့်ရင်း...ခပ်သဲ့သဲ့အပြုံးနှင့်ပြောသည်။


အချစ်..စောင်အပိုတစ်ထည်ကိုဗီရိုထဲကနေ

ထုတ်ယူကာသူ့အနားပြန်လျောက်လာရင်း....


"ငါအိမ်ရှေ့ခန်းမှာနင့်အတွက်အိပ်ယာပြင်ပေးမယ်

ဂွမ်းကပ်ကတော့အပိုမရှိဘူး...နင်အဆင်ပြေပါ့မလား..."


"နင်ကရော...သမီးလေးနဲ့အတူအိပ်တာလား..."


"အင်းလေ..ငါတို့ကသားအမိ

နှစ်ယောက်ထဲရှိတာကိုအတူမအိပ်လို့

ဘယ်လိုအိပ်ရမှာလဲ.....ရော့..

ဒါကနင့်အတွက်စောင်...."


ပြောရင်း...အချစ်သူ့ကိုစောင်လှမ်းပေးလိုက်လျှင်

လှမ်းယူလိုက်တဲ့လူကတဆတ်ထဲ

အချစ်ရဲ့လက်ကိုပါဆုပ်ကိုင်လိုက်ရင်း....


"အဲ့လိုမလုပ်ပဲ..ဒီနေရာမှာနင်ရောငါပါ

သမီးလေးနဲ့အတူအိပ်လို့မရဘူးလား...."


"ဟင်..."


"အကြာကြီးမဟုတ်ပါဘူး..၂နာရီလောက်ပဲ

မျက်လုံးတွေပိတ်ထားရရင်အဆင်ပြေသွားမှာပါ

သမီးလေးမနိုးခင်...ငါပြန်ပါ့မယ်

အဲ့လိုဆိုဖြစ်မလား....??....."


~~~~~~~~~~~~~~ဆက်ရန်


Writer by

#Hazel


rate now: