book

Index 21

အပိုင်း(၂၁)

  • Author : Hazel Nhte
  • Genres : Romance, Comedy, Drama

💛အကြင်နာလက်တစ်ကမ်း💛


~~~~~~~


"ရွှေဘုံလေးကိုခွဲစိတ်ပေးတဲ့ဆရာဝန်နဲ့အချစ်နဲ့က

လိုတာထက်ပိုပြီးရင်းနှီးနေသလိုပဲ..."


"သူတို့ကအစထဲကအသိတွေလေ..."


ကားမောင်းနေရင်းပြန်ဖြေလာတဲ့သားဖြစ်သူကြောင့်

ဒေါ်နှင်းနှင်းအံ့ဩသလိုဖြစ်သွားသည်။


"သူတို့ကအသိတွေလား..."


"ဟုတ်တယ်..ရွှေဘုံလေးဆေးရုံစတတ်တဲ့နေ့က

အချစ်ကိုမြင်တော့..အဲ့ဒီ့ဆရာဝန်တော်တော်

အံ့ဩသွားကာ...အကြာကြီးကွဲကွာနေတဲ့

မိသားစုဝင်ကိုပြန်တွေ့ရသလိုမျိူးပဲ..."


ပြောနေရင်းအားမပါတော့တဲ့သားဖြစ်သူရဲ့

လေသံကိုနားထောင်ရင်း..ဒေါ်နှင်းနှင်း

အခုမှ..ဆေးရုံကပြန်လာတဲ့လမ်းတစ်လျောက်လုံး

သားရဲ့မျက်နှာမကောင်းတာကိုသဘောပေါက်လိုက်၏...


"အဲ့ဒီဆရာဝန်ကအတိတ်မှာအချစ်နဲ့တစ်ခုခု

ပါတ်သတ်နေတဲ့လူဖြစ်နေမှာ..သားကစိုးရိမ်နေတာလား..."


"ကျွန်တော်စိုးရိမ်နေတော့ရောဘာများတတ်နိုင်မှာလဲ

ကျွန်တော်က..အချစ်နဲ့ဘာမှသက်ဆိုင်သေးတာမှ

မဟုတ်တာ..."


"ဘာတွေစိုးရိမ်နေတာလဲသားရယ်..သားအချစ်ကို

ဘယ်လောက်သဘောကျလဲဆိုတာအမေ

သိနေတာပဲ...ရွှေဘုံလေးဆေးရုံကဆင်းလာပြီး

နေကောင်းလာလို့အချစ်လဲအေးအေးဆေးဆေး

ဖြစ်သွားတဲ့အခါ..အမေကိုယ်တိုင်ငါ့သားအတွက်

အချစ်ကိုတောင်းပေးမှာပေါ့...."


"အဲ့လိုမလုပ်ပါနဲ့...."


ငြင်းဆန်သလိုပြောရင်းထူးမြတ်..အမေ

ဖြစ်သူကိုငဲ့ကြည့်လိုက်သည်။


"ကျွန်တော်..ဘယ်သူ့ရဲ့ဖိအားပေးမူ့မှမပါပဲ

အချစ်ကိုယ်တိုင်ကျွန်တော့်ကိုလိုလိုလားလားနဲ့

သဘောကျလက်ခံလာတာမျိူးကိုပဲလိုချင်တာ..

အဲ့ဒီ့အတွက်ကျွန်တော့်ကိုယ့်ဘာသာကိုယ်

ကြိုးစားပါ့မယ်..အမေ..."


အမြဲတမ်းစကားနည်းတတ်တဲ့သားဖြစ်သူက

ဒီတစ်ခေါက်မှာလဲသူ့ရဲ့ဆန္ဒအတိုင်းလိုရင်းကိုပဲ

ပြောပြီးပြန်လည်တိတ်ဆိတ်သွားတဲ့အခါ

ဒေါ်နှင်းနှင်း ခေါင်းကိုခပ်သဲ့သဲ့ယမ်းလျက်

အလိုက်တသိငြိမ်သက်လိုက်မိတော့သည်။


~~~~~~~~~~~~~~~🌺🌺🌺


"ငါ..ဒီညနေအိမ်ကိုခဏပြန်မလို့..

နင်အပြင်ကဘာမှာချင်သေးလဲ...."


သမီးလေးအတွက် အိုဗာတင်းဖျော်နေတဲ့

အချစ်နားကပ်ကာ...ပြောလာတဲ့သူ့ကို

အချစ်ငဲ့မကြည့်ပဲ...


"ဘာမှမှာစရာမရှိဘူး...နင့်ဘာသာနင်အိမ်ပြန်

တာပဲဘာလို့ငါ့ကိုလာပြောနေတာလဲ..."


"ငါကနင့်ကိုအသိပေးတာလေ..တော်ကြာ

ငါရုတ်တရပ်ကြီးပျောက်သွားလို့နင်လိုက်ရှာနေမှာစိုးလို့..."


ပြုံးစစနဲ့ပြောလာတဲ့သူ့ကိုအချစ်ရန်တွေ့ဖို့ပြင်လိုက်

ပေမဲ့လဲ..ဆေးရုံကုတင်ပေါ်ရှိနေတဲ့သမီးလေးကို

ကြည့်လိုက်မိတော့..ဒေါသတွေကိုပြန်မြိုချလိုက်ရသည်။


"နင်အိမ်မပြန်တာဘယ်လောက်ကြာပြီလဲ..."


"နည်းနည်းတော့ကြာပြီ..သမီးလေးဆေးရုံ

စတက္​ကထဲက...."


ထိုစကားကြောင့်အချစ်သူ့ကိုငေးခနဲငဲ့ကြည့်မိသွားကာ

ဇွန်းနဲ့မွှေနေတဲ့လက်ကလဲရပ်တန့်သွားရသည်။


"နင်အရင်အကျင့်တွေတစ်ကယ်မပျောက်သေးဘူးပဲ.."


အချစ်ခပ်တိုးတိုးပြောလိုက်မိသည်။


"အဲ့လိုမဟုတ်ပါဘူး...တစ်ကယ်တော့

ငါ့အတွက်အိမ်နဲ့ဆေးရုံကဘာမှမထူးဘူးလေ..

အိမ်ပြန်လဲငါတစ်ယောက်ထဲဆိုတော့..."


စကားကိုချက်ချင်းမဆက်ပဲသူကအချစ်ကို

ခပ်ငေးငေးပြန်ကြည့်လာတော့အချစ်ဖျတ်ခနဲ

မျက်နှာလွှဲလိုက်မိ၏....


"​ေမ့..."


ထိုအချိန်သမီးလေးရဲ့လှမ်းခေါ်သံကြောင့်

အချစ်ထွက်ပေါက်ရသွားသလို

အိုဗာတင်းခွက်ကိုကိုင်ပြီးသမီးလေးရဲ့နား

ချက်ချင်းရောက်သွားရသည်။


"ဘာလဲ..မီးလေး..."


"မီး..ရူးရူးပေါက်ချင်တယ်..."


"အင်း..အင်း...ခဏလေးနော်

မေမေလုပ်ပေးမယ်..."


"မေမေ..လိုက်ကာဆွဲလိုက်ဦးလေ

ဦးဦးဒေါက်တာရှိနေတာကို..."


သူ့ကိုကြည့်ပြီးရှက်သလိုပြောလိုက်တဲ့သမီးလေးကြောင့်

အချစ်ရယ်ချင်သွားရသလိုသူ့ကို

လှည့်ကြည့်လိုက်တော့..သူကလက်နှစ်ဖက်ကို

မြှောက်ကာပြရင်းအနောက်ဆုတ်သွားသည်။


"မရှက်ပါနဲ့ဗျာ..ဦးဦးလိုက်ကာပိတ်ပေးပါ့မယ်

ဟုတ်ပြီလား...."


သမီးလေးကိုလှမ်းစပြီးသူကလိုက်ကာကို

ဆွဲပိတ်ပေးတော့.....သမီးလေးကအချစ်ကို

ကြည့်ပြီး..ပါးစုံလေးတွေဖောင်းတက်သွားအောင်

ရယ်ပြန်သည်။


ထိုအချိန် အခိုက်အတန့်လေးမှာ

ဆေးရုံခန်းလေးထဲမမြင်ရတဲ့နွေးထွေးမူ့လေးတွေ

လွှမ်းခြုံနေခဲ့တာတော့အမှန်ပင်ဖြစ်တော့၏...


~~~~~~~~~~~~~~~~🌺🌺🌺


"စည်းစနစ်ဟာ....အရည်အချင်းရှိတဲ့

ခွဲစိတ်ဆရာဝန်တစ်ယောက်ပါ..သူတော်ဝင်

ဆေးရုံကထွက်သွားရင်တောင်...မြန်မာနိုင်ငံမှာရှိတဲ့

ဘယ်ဆေးရုံကမဆို..သူ့လိုဆရာဝန်တစ်ယောက်ကို

လိုချင်ကြတာချည်းပါပဲ...တစ်ကယ်လို့

ဒုဥက္ကဌကSky-Highရဲ့အရှိန်အဝါနဲ့သူ့ကို

တခြားဘယ်ဆေးရုံမှာမှနေလို့မရအောင်

လုပ်မယ်ဆိုရင်တောင်...သူကပြည်ပကို

ထွက်ခွာသွားပြီးဆရာဝန်တစ်ယောက်အဖြစ်

ရပ်တည်နိုင်ပါသေးတယ်..လွန်ခဲ့တဲ့၅နှစ်လုံးလုံး

သူအင်္ဂလန်မှာပါရဂူဘွဲ့ယူဖို့ကြိုးစားနေတဲ့အချိန်ထဲက

အဲ့ဒီ့်နေရာမှာသူ့ရဲ့အရည်အချင်းကိုအသိအမှတ်ပြု

ခံထားရပြီးသား...သူကအင်္ဂလန်မှာရှိတဲ့

နာမည်ကြီးဆေးရုံတွေ၊ဆေးတက္ကသိုလ်တွေရဲ့

ကမ်းလှမ်းချက်ကိုငြင်းပယ်ပြီး..မြန်မာနိုင်ငံကို

ပြန်လာဖို့ရွေးချယ်ခဲ့တာပါ...."


"အန်ကယ်လ်ကျွန်တော့်ကိုတကူးတကတွေ့ဖို့

တောင်းဆိုခဲ့တာ..စည်းစနစ်ရဲ့အရည်အချင်းတွေကို

ထိုင်ပြီးရွတ်ပြဖို့လား...."


ခပ်ထေ့ထေ့မေးရင်းဦးဘုန်းမြင့်ဇော်ထိုင်နေတဲ့

ရှေ့မှာခြေချိတ်လျက်ဝင်ထိုင်လိုက်တဲ့...

နေရောင်စက်ရှိန်


"ကျွန်တော်ဒီနေ့ဒုဥက္ကဌကိုတွေ့ဖို့ရောက်လာတာ

စည်းစနစ်နဲ့ပါတ်သတ်ပြီးဒုဥက္ကဌရဲ့ဒေါသတွေအတွက်

မှားယွင်းမိမှာစိုးလို့ပါ.."


"ခင်ဗျားဘာကိုဆိုလိုတာလဲ..."


"စည်းစနစ်ကိုအလုပ်ထုတ်ဖို့..ဆေးရုံအုပ်ကြီးကို

ဒုဥက္ကဌ ဖိအားပေးခဲ့တယ်လို့ကျွန်တော်

ကြားပြီးပါပြီ...ဒီအချိန်မှာရိန်းဂျွန်လေးနဲ့

ပါတ်သတ်ပြီးခံစားနေရတဲ့စိတ်ကြောင့်

ဒုဥက္ကဌခဏတာအမှားအမှန်မခွဲခြားနိုင်လို့

ချခဲ့တဲ့ဆုံးဖြတ်ချက်လို့..ကျွန်တော်အရဲစွန့်ပြီး

ယူဆပါရစေ...."


"အဲ့ဒီလူကြောင့်ကျွန်တော့်ညီသေခဲ့ရတာ..

သူသာဂျွန့်ကိုခွဲစိတ်ပေးဖို့သဘောတူခဲ့ရင်

ဂျွန်အခုလိုလောကကြီးထဲကထွက်သွားရမှာမဟုတ်ဘူး..."


"သေချာစဉ်းစားကြည့်ပါ...ဆုံးသွားတဲ့

ရိန်းဂျွန်လေးအတွက်ဒုဥက္ကဌခံစားနေရတာ

မသိလို့မဟုတ်ပေမဲ့...စည်းစနစ်က

လူတွေရဲ့အသက်ကိုကယ်တင်နေတဲ့ဆရာဝန်ပါ

အဲ့ဒီလိုလူရဲ့အနာဂါတ်ကိုအနှောင့်အယှက်ပေးပြီး

တားဆီးဖို့ကြိုးစားနေတာက..ဆုံးသွားတဲ့

ရိန်းဂျွန်လေးကိုတစ်ကယ်ချစ်ရာမရောက်ပါဘူး...

လူ့အသက်ပေါင်းများစွာနဲ့မူတည်နေတဲ့ကိစ္စမို့

ခဏတာဆုံးဖြတ်ချက်အမှားနဲ့နောင်တမရချင်ပါနဲ့လား..."


ဦးဘုန်းမြင့်ရဲ့စကားတွေကိုနားထောင်ပြီး

နေရောင်စက်ရှိန်ကခပ်မဲ့မဲ့ပြုံးသည်။


"ထူးဆန်းတယ်...ကျွန်တော့်ကိုဒီစကားတွေ

လာပြောနေတဲ့လူကအန်ကယ်လ်မှဟုတ်ရဲ့လား..."


"ကျွန်တော်အမြဲတမ်းဒုဥက္ကဌရဲ့ခံစားချက်ကို

နားလည်ပေးခဲ့ပါတယ်..ဒါပေမဲ့ဒီတစ်ကြိမ်တော့

မတူတော့ပါဘူး..စည်းစနစ်သာတော်ဝင်ဆေးရုံမှာ

မရှိတော့ရင်...ဆုံးရူံးနစ်နာရမှာ

အခြေခံလူတန်းစားတွေရဲ့အသက်ပါ...

တော်ဝင်ဆေးရုံက..စည်းစနစ်ကိုစွန့်လွှတ်

နိုင်မှာမဟုတ်ပါဘူး...တစ်ကယ်လို့ဒုဥက္ကဌရဲ့

ဒေါသတွေကိုပုံချဖို့နေရာမရှိရင်..ကျွန်တော်ပဲ

တာဝန်ယူပါရစေ..."


"အန်ကယ်လ်...."


ဒေါသနှင့်နေရောင်စက်ရှိန်ရဲ့အသံကဟိန်းထွက်

သွားခဲ့သည်။


ထို့အတူဦးဘုန်းမြင့်ဇော်ကိုမမြင်ဖူးသလို

စူးစိုက်ကြည့်နေရင်းကဖျတ်ခနဲမျက်နှာလွှဲ၏...


"အန်ကယ်လ်ပြန်လိုက်ပါတော့...."


"ဒုဥက္ကဌ...."


"ကျွန်တော်ပြောနေတယ်...."


နောက်တစ်ကြိမ်နေရောင်စက်ရှိန်ရဲ့အသံက

အေးစက်စွာထွက်ပေါ်လာတော့ဦးဘုန်းမြင့်ဇော်

သက်ပြင်းတစ်ရိူက်နှင့်ထရပ်ကာလှည့်ထွက်သွား၏...


"တောက်..."


ကျောခိုင်းသွားတဲ့ပုံရိပ်တံခါးဝကနေလှမ်းထွက်သွားသည်

အထိစူးစိုက်ကြည့်ရင်း..`တက်´တစ်ချက်ကို

ခပ်ပြင်းပြင်းခေါက်လိုက်တဲ့နေရောင်စက်ရှိန်...


"စည်းစနစ်မင်းကဘာမို့လို့လဲ..မင်းက

ဘယ်လောက်ထိကြီးကျယ်မြင့်မြတ်နေလို့

ငါကမင်းကိုထိလို့မရမှာလဲ.......တောက်..."


နောက်တစ်ကြိမ်ခံပြင်းစွာတက်ခေါက်ရင်း...

အခန်းနံရံကညီဖြစ်သူရဲ့ဓာတ်ပုံကိုကြည့်လိုက်တဲ့အခါ..

မျက်ဝန်းတွေကမီးပွင့်မတတ်စူးရဲသွားခဲ့ရင်း...


"ငါမင်းကိုခွင့်မလွှတ်ဘူး..အနည်းဆုံးတော့မင်းလဲ

ငါ့လိုခံစားစေရမယ်....စည်းစနစ်...."


~~~~~~~~~~~~~~🌺🌺🌺


၁၀ရက်ခန့်ကြာသောအခါ>>>>>>


"ဒီနေ့..မောင်စည်းစနစ်ရဲ့သမီးလေးဆေးရုံက

ဆင်းမှာမဟုတ်လား...ဒါဆရာက

ကလေးကိုပေးတဲ့လက်ဆောင်ပါ..."


ပါကင်လှလှလေးထုတ်ပိုးထားတဲ့...

လေးထောင့်ဘူးလေးကိုစည်းရဲ့ရှေ့ကစားပွဲပေါ်ကို

တင်ပေးရင်းပြောလာတဲ့ဆေးရုံအုပ်ကြီး....


"ကျေးဇူးတင်ပါတယ်....ဆရာ..."


စည်း..ငြင်းလို့မကောင်းတာမို့ခေါင်းငြိမ့်လက်ခံလိုက်သည်။


"ဟိုတလောကSky-Highနဲ့ပါတ်သတ်ပြီး

မောင်စည်းစနစ်ကိုစိတ်အနှောင့်အယှက်

ဖြစ်စေခဲ့မိတာတော့ဆရာတစ်ကယ်ပဲ

တောင်းပန်ပါတယ်...အဲ့ဒီ့အကြောင်းတွေကို

မပြောခဲ့ဘူးလို့ပဲသဘောထားပေးပါ......"


"ကျွန်တော်အစောကြီးထဲက..ခေါင်းထဲမှာ

မရှိတော့ပါဘူး..ဆရာစိတ်မပူပါနဲ့...."


စည်းရဲ့စကားကြောင့်ဆေးရုံအုပ်ကြီးက

ခေါင်းတဆတ်ဆတ်ငြိမ့်သည်။


"ဒါနဲ့...ရွှေဘုံဗိမ္မာန်လေးတို့သားအမိကို

မောင်စည်းစနစ်အိမ်ကိုခေါ်သွားမှာလား..."


"ကျွန်တော်ကခေါ်သွားချင်ပေမဲ့..

လောလောဆယ်ကမဖြစ်နိုင်သေးပါဘူးဆရာ...

ကျွန်တော်ကသူနဲ့အဆင်ပြေအောင်ကြိုးစား

နေဆဲမို့လို့ပါ..."


"အင်းပေါ့လေ..မိန်းကလေးဒုက္ခခံခဲ့ရတာလဲ

ရွှေဘုံလေးတစ်သက်ပဲဆိုတော့...

လွယ်လွယ်နဲ့ဘယ်စိတ်ပြေနိုင်ပါ့မလဲ..

ဒါပေမဲ့မောင်စည်းစနစ်ကသမီးလေးအတွက်

အားလုံးကိုစွန့်လွတ်ခဲ့တာပဲ..အချိန်တန်ရင်

မိန်းကလေးမောင်စည်းစနစ်ကိုနားလည်လာမှာပါ...

ဆရာ..မင်းတို့ဇနီးမောင်နှံပြန်ပြီးအဆင်ပြေဖို့

ဆုတောင်းပေးနေပါ့မယ်..."


"ကျေးဇူးတင်ပါတယ်..ဆရာ..."


~~~~~~~~~~~~~~🌺🌺🌺


"ဝေါ..ကျွီ..."


အပြာရောင်ဆေးသုတ်ထားတဲ့သစ်သား

အိမ်လေးနဲ့နေချင့်စဖွယ်ခြံဝင်းလေးရဲ့

ရှေ့မှာ..စည်းကားကိုခပ်ငြိမ့်ငြိမ့်ထိုးရပ်လိုက်သည်။


ိ"ဦးဦးဒေါက်တာ..ဒါမီးတို့အိမ်လေ..."


ကားရှေ့ခန်းထဲမှာသူမရဲ့ပေါင်ပေါ်ထိုင်နေတဲ့

သမီးလေးကအသံလွင်လွင်လေးနှင့်

အိမ်လေးကိုလက်ညိုးထိုးပြသည်။


"အိမ်လေးကလှလိုက်တာ..."


"အထဲမှာပိုလှတယ်ဦးဦးရဲ့..မေမေက

မီးအတွက်ပိုစတာတွေကပ်ထားပေးတာ

အများကြီးပဲ..."


"အဟွန်း...ဟုတ်လား..."


စည်း..သမီးလေးရဲ့ဆံပင်လေးကိုတစ်ချက်

သပ်လိုက်ရင်း..ကားပေါ်ကဆင်းကာ

သူမတို့သားအမိဘက်ကကားတံခါးကိုဖွင့်ပေး

လိုက်သည်။


အထုတ်အပိုးတွေကိုကားပေါ်ကချပြီးတော့

သူမကခြံတံခါးကိုသော့ဖွင့်ဖို့ပြင်နေတာမို့

စည်း..သမီးလေးကိုကောက်ချီလိုက်သည်။


"ဒီမှာနေနေတာဘယ်လောက်ကြာပြီလဲ..."


"သမီးလေးတစ်နှစ်သမီးထဲကလေ..."


ပြန်ဖြေရင်းသူမကခြံတံခါးကိုတွန်းဖွင့်ကာ

အထုပ်တွေကိုကောက်ဆွဲဖို့ပြင်တော့...


"သမီးလေးကိုပဲချီလိုက်...အထုတ်တွေ

ငါယူလာခဲ့မယ်...."


သမီးလေးကိုသူမကိုပြောင်းချီစေလိုက်ပြီး

စည်းအထုတ်တွေကိုယူလိုက်သည်။


အိမ်ပေါ်ထိရောက်တော့သပ်သပ်ရပ်ရပ်နှင့်

နေချင့်စဖွယ်အိမ်လေးကိုစည်းလှည့်ပါတ်ကြည့်ရင်း

လက်ထဲကအထုတ်တွေကိုအောက်ချလိုက်သည်။


သူမကတော့သမီးလေးကိုကုလားထိုင်ပေါ်တင်ချ

လိုက်ရင်း...


"နင်..ကော်ဖီသောက်ဦးမလားစည်း..."


"ငါမသောက်တော့ဘူး..."


"နင်..ဆေးရုံပြန်သွားရဦးမှာမဟုတ်လား...."


"ငါဒီနေ့ duty offထားတယ်..."


သူ့စကားကြောင့်အချစ်သူ့ကိုဖျတ်ခနဲငဲ့ကြည့်လိုက်တော့

သူက..အချစ်နားကိုတိုးကပ်လာခဲ့ပြီး....


"တစ်ကယ်ရက်စက်တယ်နော်..."


"ဘာကိုလဲ...."


"ငါနဲ့အတူပြန်လိုက်နေဖို့နောက်တစ်ခါတောင်

ထပ်မစဉ်းစားပေးတော့ဘူးလား...."


"ငါပြောပြီးပြီပဲ..နင်နဲ့ငါ့ရဲ့ကြားမှာအရာအားလုံး

အစကပြန်စဖို့အချိန်လိုသေးတယ်လို့လေ..."


ပြောရင်း..အချစ်စကားကိုခဏရပ်ကာ

သမီးလေးကိုလှမ်းကြည့်လိုက်ရင်း....


"ဒါပေမဲ့..သမီးလေးကတော့ချွင်းချက်ပေါ့..."


ဒီတစ်ခါတော့သူကဘာမှဆင်ခြေတက်မလာတော့ပဲ

ငြိမ်သက်သွား၏...


"ငါဒီကိုနေ့တိုင်းလာလို့ရလား..."


"နေ့တိုင်းကြီးဘာလုပ်ဖို့လဲ..."


"နင်နဲ့သမီးလေးကိုလာကြည့်ဖို့လေ...."


"မလိုပါဘူး...."


ငြင်းဆန်သလိုပြောလိုက်ပေမဲ့အချစ်ရဲ့

မျက်နှာလေးကနူးညံ့ပျော့ပျောင်းနေဆဲဆိုတာ

သူလဲပဲရိပ်မိလိမ့်မည်ထင်ပါသည်။


"နင်ဆေးရုံမှာပဲ..အလုပ်တွေဖိလုပ်မနေနဲ့ဦး

နင့်ကျန်းမာရေးကိုလဲဂရုစိုက်သင့်တယ်..."


"မလိုဘူးမဟုတ်ဘူးမဟုတ်လား...

ငါ့မှာနင်ရှိနေပြီလေ..နင်ငါ့ကိုအရင်လို

ဂရုစိုက်ပေးမယ်မဟုတ်လား...."


အချစ်သူ့ကိုဘာမှပြန်မပြောပဲ

သမီးလေးဘေးမှာဖျတ်ခနဲဒူးထောက်ထိုင်ကာ

အနွေးထည်ကိုချွတ်လဲပေးဖို့လုပ်လိုက်တော့

သူကလဲအချစ်လိုပဲလိုက်ထိုင်လာပြန်ရင်း...


"မဖြေပြန်ဘူးလား..."


"နင်ဘယ်လိုဖြစ်နေတာလဲ..သမီးလေးရှေ့မှာကို"


"နင်မှငါ့ကိုပြန်မဖြေတာ..."


"ဟုတ်သားပဲ..မေမေကလဲ

ဦးဦးဒေါက်တာမေးတာကိုပြန်ဖြေလိုက်လေ...."


ထိုအချိန်လူကြီးနှစ်ယောက်ရဲ့ကြားထဲ

ဘုမသိ၊ဘမသိဝင်လာတဲ့သမီးလေး...


"မေမေပဲမီးကိုပြောတယ်လေ..လူကြီးတွေမေးတာကို

ပြန်မဖြေရင်ရိုင်းတယ်ဆို..."


"ဟင်..."


သမီးလေးရဲ့စကားကြောင့် အချစ်ဘာပြန်ပြောရမှန်းမသိ

ဖြစ်သွားတော့သူကနူတ်ခမ်းနှစ်လွှာကို

ဖိပိတ်ကာရယ်သည်။


"မီးလေးက...သူဘာမေးလဲဆိုတာသိလို့လား..."


"ဟင့်အင်း..မသိဘူး..ဒါပေမဲ့

မေမေဦးဦးဒေါက်တာမေးတာဖြေလိုက်ပါနော်.....

ဦးဦးဒေါက်တာသနားပါတယ်..."


ပါးစပ်ကပြောတာတင်အားမရပဲ

သမီးလေးကအချစ်ရဲ့လက်ကိုသူ့လက်သေးသေးလေးနဲ့

ဆုပ်ကိုင်သည်။အချစ်ခေါင်းယမ်းကာရယ်မိတော့

သူကသဘောကျသလိုပြုံး၏...အချစ်သူ့ကို

မသိမသာမျက်စောင်းထိုးလိုက်သည်။


"ဦးဦးဒေါက်တာထမင်းစားပြီးမှပြန်နော်..."


"ဒါပေါ့..သမီးလေးဘာစားချင်လဲ

ဦးဦးကိုပြော...ဦးဦးသွားဝယ်ပေးမယ်

မီးလေးရဲ့မေမေက..အခုမှဆေးရုံကပြန်လာတာဆိုလို့

ဦးဦးတို့မေမေ,မပင်ပန်းအောင်အပြင်ကပဲ

ဝယ်စားလိုက်မယ်လေ..."


"ဟုတ်...မီးကဆိတ်သားနှပ်နဲ့မြင်းခွာရွက်သုတ်

ကြိုက်တာ...မေမေကမီးကိုခဏခဏချက်ကျွေးတယ်.."


"ဆိတ်သားနှပ်နဲ့..မြင်းခွာရွက်သုတ်ဟုတ်လား..."


စည်းအံ့ဩသလိုရေရွတ်လိုက်မိသည်။

တစ်ကယ်ကိုမထင်ထားအောင်သမီးလေးရဲ့

အကြိုက်ကစည်းနဲ့ထပ်တူကျနေတာမဟုတ်ပါလား....??


~~~~~~~~~~~~~~~🌺🌺🌺


ဆက်ရန်>>>>


Writer by

#Hazel


rate now: