book

Index 20

အပိုင်း(၂၀)

  • Author : Hazel Nhte
  • Genres : Romance, Comedy, Drama

💛အကြင်နာလက်တစ်ကမ်း💛


~~~~~~~~


"တော်ဝင်ဆေးရုံကကျွန်တော့်ကိုလက်မလွတ်

ရအောင်ဆိုတဲ့စကားကဘာအဓိပ္ပါယ်များလဲ..."


စည်းရဲ့အမေးကြောင့်..ဦးကျော်ဇောက

ပျက်ယွင်းနေတဲ့မျက်နှာကိုမသိမသာလွှဲသွားသည်။

အဖြေပြန်မရသော်လဲ..စည်းနားလည်သဘော

ပေါက်လိုက်ပြီဖြစ်သည်။


"မဟုတ်မှလွဲရော..Sky-Highရဲ့

ဒုဥက္ကဌက..ကျွန်တော့်ကိုတော်ဝင်ဆေးရုံကနေ

ထုတ်ပယ်ဖို့..ဆရာ့ကိုဖိအားပေးခဲ့လို့လား..."


မဟုတ်ဘူး´´လို့မငြင်းပဲ..

ဦးကျော်ဇောကစည်းကိုတောင်းပန်တိုးလျိူး

သလိုကြည့်လာသည်။


"တော်ဝင်ဆေးရုံကအခြေခံလူတန်းစားတွေရဲ့

အသက်ကိုကယ်တင်စောင့်ရှောက်နေတဲ့နေရာတစ်ခုပါ

ဒါပေမဲ့...တော်ဝင်ဆေးရုံရဲ့ဖြစ်တည်မူ့က

Sky-Highအပေါ်ဘယ်လောက်ထိ

မှီခိုနေလဲဆိုတာမောင်စည်းစနစ်လဲ

အသိဆုံးဖြစ်မယ်လို့ဆရာထင်တယ်...

ဒါပေမဲ့လဲ..ဆရာတို့တော်ဝင်ဆေးရုံက

မောင်စည်းစနစ်လိုဆရာဝန်မျိုးကိုအဆုံးရူံး

မခံနိုင်ဘူး...."


စကားကိုခဏရပ်ကာဦးကျော်ဇောက

သက်ပြင်းမောတစ်ချက်ကိုရိူက်ထုတ်၏...


"တစ်ကယ်လို့မောင်စည်းစနစ်ကသာစိတ်လျော့ပြီး

ဒုဥက္ကကိုတောင်းပန်မယ်ဆိုရင်..ဒီကိစ္စက..."


ဦးကျော်ဇောရဲ့စကားမဆုံးခင်စည်း

ဖျတ်ခနဲလက်ကာလိုက်သည်။


"တောင်းပန်တယ်ဆိုတာ..အပြစ်လုပ်ထားတဲ့သူကသာ

လုပ်ရတာမျိူးမဟုတ်ဘူးလား...ကျွန်တော်က

ဘာအပြစ်ရှိလို့သူ့ရှေ့မှာခေါင်းငုံ့ပြီးတောင်းပန်ရမှာလဲ..."


"မောင်စည်းစနစ်..."


"အဲ့လိုမတောင်းပန်လို့..ကျွန်တော်တစ်ကယ်ပဲ

အပြစ်လုပ်လိုက်တယ်လို့ဆရာထင်ရင်လဲ..

ကျွန်တော့်ကိုဆေးရုံကနေထုတ်လိုက်ပါ..."


စကားအဆုံးစည်းထရပ်ကာခေါင်းတစ်ချက်

ညွှတ်လျက်လှည့်ထွက်ရန်ပြင်လိုက်စဉ်...


"ဒုဥက္ကဌက..ထင်ထားတာထက်အတ္တကြီးပြီး

ကြောက်စရာကောင်းတဲ့လူပါ..."


စည်း..ခြေလှမ်းရပ်ပြီးအနောက်ကိုခပ်အေးအေး

ပြန်ကြည့်လိုက်သည်။


"မောင်စည်းစနစ်တော်ဝင်ဆေးရုံက

ထွက်သွားရင်တောင်..သူမင်းကိုအလွတ်ပေးမှာ

မဟုတ်ဘူး...ဆရာမင်းလိုဆရာဝန်တစ်ယောက်ကို

မဆုံးရူံးချင်ဘူးမောင်စည်းစနစ်...ကျေးဇူးပြုပြီး

ဆရာ့စကားကိုနားထောင်ပေးပါ..."


"ကျွန်တော်တစ်ကယ်နားမလည်တော့ဘူး

ဆရာဘာလို့နေရောင်စက်ရှိန်ကို

ဒီလောက်စိုးရွံနေရတာလဲ...ငွေရှိတယ်ဆိုတိုင်း

အဲ့ဒီ့လူက..တခြားတစ်ယောက်ရဲ့ဘဝကို

စိတ်ကြိုက်ချယ်လှယ်ကစားလို့မရဘူး...

ဒါ..လူတစ်ယောက်ရဲ့ဘဝပါ..."


ဒီတစ်ခါတော့ ဦးကျော်ဇောစည်းကို

ဘာမှထပ်မပြောလာတော့ပဲခေါင်းငုံသွားခဲ့၏...


"ခွင့်ပြုပါဦး....ဆရာ..."


စည်း..ယဉ်ယဉ်ကျေးကျေးပင်ခေါင်းညွှတ်လျက်

လှည့်ထွက်လိုက်သည်။


တံခါးကိုဖွင့်ပြီးအပြင်ကိုလှမ်းထွက်ဖို့ပြင်လိုက်ကာမှ

မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်နောက်တစ်ကြိမ်

ခြေလှမ်းတွေကတုံ့ခနဲရပ်တန့်သွားခဲ့ရ၏..


"အချစ်..."


စည်းနူတ်ကခေါ်သံသဲ့သဲ့ထွက်သွားလျင်

သူမကအသိဝင်လာသလိုပခုံးလေးတစ်ချက်

တွန့်သွားရင်းကြမ်းပြင်ပေါ်ကျနေတဲ့

ဂျူတီကုတ်ကိုပြန်ကောက်ယူသည်။


"ငါ..နင်.နင့်ရဲအကျင်္ီကျန်ခဲ့လို့လာပေးတာ...

ငါ...ဟင်..."


တုန်ရီအက်ရှနေနဲ့အသံလေးနှင့်စကားတွေ

ထစ်ငေါ့နေသည့်သူမရဲ့လက်ကိုစည်းလှမ်းဆွဲ

ဆုပ်ကိုင်လိုက်တော့သူမကမျက်လွှာလေးပင့်ကြည့်သည်။


"စည်း..."


စည်း..သူမကိုတစ်ချက်ပြုံးပြလိုက်ရင်း

နေရာကနေလှမ်းထွက်လိုက်သည်။


"စည်း..နင်ဘယ်သွားမလို့လဲ....."


အချစ်ရဲ့အမေးကိုသူပြန်မဖြေခဲ့ပေမဲ့လဲ

အချစ်ရဲ့ခြေလှမ်းတွေကတော့သူဆွဲခေါ်ရာနောက်ကို

အလိုက်သင့်လေးပါလာခဲ့ရင်း........


~~~~~~~~~~~~~🌺🌺🌺


"ရော့..."


အချစ်သူလှမ်းပေးလာတဲ့အသင့်သောက်

ကော်ဖီဘူးလေးကိုလှမ်းယူလိုက်တော့

သူကအချစ်ဘေးမှာခြေချိတ်လျက်ဝင်ထိုင်လာသည်။


"စည်း..."


"ဟင်..."


"နင့်မှာဘာအခက်အခဲတွေရှိနေတာလဲ..."


"ဘာမှမရှိပါဘူး..ဒီအတိုင်းကိစ္စသေးသေးလေးပါ.."


ကော်ဖီကိုတစ်ချက်မော့ပြီးခပ်အေးအေးဖြေလာတဲ့

သူ့ကိုအချစ်ခေါင်းငဲ့လျက်စူးစူးစိုက်စိုက်ကြည့်မိရင်း...


"ငါအကုန်ကြားတယ်..နင်နဲ့ဆေးရုံအုပ်ကြီး

ရုံးခန်းထဲမှာပြောနေတာတွေကို....

နင်ကဘာလို့ဆေးရုံကနေအလုပ်ထွက်ရမှာလဲ..."


"အခု..ငါ့ကိုစိုးရိမ်နေတာလား..."


"အဲ့ဒါကိုစကားလုပ်ပြီးမေးနေရသေးလား..."


အချစ်အေးဆေးလွန်းနေသည့်သူ့ပုံစံကိုကြည့်ကာ

စိတ်မရှည်နိုင်တော့...


"ဒီအတိုင်း..ဆေးရုံကိုကမ်းလှမ်းလာတဲ့

VIP caseတစ်ခုကိုငါငြင်းလိုက်လို့ပါ..."


"နင်ကဘာလို့ငြင်းလိုက်တာလဲ...

အဲ့ဒီကမ်းလှမ်းလာတဲ့နေရာကSky-Highကလား..."


"နင်တစ်ကယ်အကုန်ကြားလိုက်တာပဲ..."


ခပ်သဲ့သဲ့အပြုံးနှင့်ပြောလာတဲ့ပုံစံကပေါ့ပေါ့ပါးပါး..


"စည်း..."


"အစကတော့သမီးလေးကိုခွဲစိတ်ပေးမဲ့အချိန်နဲ့

တိုက်နေလို့ငြင်းခဲ့တာ...အဲ့ဒီ့ကလေးရဲ့

caseကနှလုံးအစားထိုးခွဲစိတ်ကုသရမဲ့

အကြီးစားအော်ပရေးရှင်းပါ...တစ်ရက်တစ်ညနဲ့

ချက်ချင်းကောက်လုပ်လို့မရတဲ့အနေအထားမို့..

ငါငြင်းခဲ့တာ..ဒါပေမဲ့နောက်တော့သူတို့ငါ့ကို

လုပ်စေချင်တဲ့ခွဲစိတ်မူ့ကတရားမဝင်ခွဲစိတ်တစ်ခုမှန်း

ငါသိလိုက်ရတယ်..."


"တရားမဝင်ခွဲစိတ်မူ့..အဲ့ဒါဘာကိုပြောတာလဲ..."


အချစ်နားမလည်သလိုမေးလိုက်တော့

သူကခဏမျှငြိမ်သက်သွားပြီး...


"အဲ့ဒီ့ကလေးကိုအစားထိုးပေးရမဲ့နှလုံးက

လူကောင်းတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကနေ

ထုတ်ယူရမှာမို့လို့ပဲ..."


"ဟင်..ဒါ..ဒါဆို..."


"ဟုတ်တယ်..သူတို့ကလူတစ်ယောက်ရဲ့

အသက်ကိုငွေနဲ့ဝယ်ပြီး...အဲ့ဒီ့ကလေးရဲ့

အသက်ကိုကယ်ချင်ခဲ့တာ..."


"ဘုရားရေ..ဘယ်လိုတောင်ရက်စက်ရတာလဲ.."


အချစ်ရင်ဘတ်ဖိကာမယုံနိုင်သလိုဆိုမိသည်။


"အဲ့ဒါကြောင့်Sky-Highကငါ့ကို

ရိန်းဂျွန်ဆိုတဲ့ခွဲစိတ်ဆရာဝန်အဖြစ်ရွေးချယ်ခဲ့တာလေ....

ဒါပေမဲ့..ငါသူတို့ရဲ့ကမ်းလှမ်းချက်ကို

ပြတ်ပြတ်သားသားငြင်းခဲ့တယ်..ကံဆိုးချင်တော့

အဲ့ဒီ့ကလေးက..မနေ့ကပဲဆုံးသွားခဲ့တယ်လေ..."


"ဒါဆို..နေရောင်စက်ရှိန်ဆိုတဲ့လူက..

သေသွားတဲ့ကလေးနဲ့ပါတ်သတ်ပြီးနင့်ကို

အပြစ်တွေပုံချချင်နေတာပေါ့..."


"မထူးဆန်းပါဘူး..ဒါကသူတို့လူချမ်းသာတွေရဲ့

အတ္တပဲလေ..."


အချစ်ဘာမှထပ်မပြောနိုင်တော့..တည်ငြိမ်နေတဲ့

သူ့မျက်နှာကိုကြည့်ပြီးစိုးရိမ်စိတ်တွေက

ရင်ကို..အလုံးအရင်းနဲ့ဝင်လာ၏...


"ဒီအတိုင်းဆို..နင့်ကိုမကျေမနပ်နဲ့

အဲ့ဒီလူကထိခိုက်အောင်လုပ်လာမှာတော့

မဟုတ်လောက်ပါဘူးနော်..."


"မစိုးရိမ်ပါနဲ့..သူတို့လုပ်ချင်တိုင်းလုပ်ရအောင်

ဥပဒေမဲ့နေတဲ့နိုင်ငံမှမဟုတ်ပဲ..."


"ဒါပေမဲ့သူတို့ကငွေရှိတယ်လေ...နင်သိလား

စည်း..အဲ့လိုလူတွေကအရမ်းကြောက်ဖို့ကောင်းတယ်..."


ပြောရင်းအက်ရှတုန်ရီလာတဲ့အသံလေးကို

ထိန်းရန်အချစ်အောက်နူတ်ခမ်းလေးကို

ဖိကိုက်လိုက်တော့သူကအချစ်ကို

ငေးရီစွာကြည့်သည်။


အချစ်အခုထိမထိရသေးတဲ့ကော်ဖီဘူးလေးကို

လက်နှစ်ဖက်နှင့်တင်းတင်းကိုင်ထားရင်း

ခေါင်းလေးငုံ့လိုက်ကာ...


"ငါနင်တစ်ခုခုဖြစ်မှာစိုးရိမ်တယ်....

ကျေးဇူးပြုပြီး..အဲ့လိုလူတွေနဲ့ထိပ်တိုက်မတွေ့ပါနဲ့

ငါတောင်းပန်ပါတယ်..."


စည်း..သူမလက်ထဲကကော်ဖီဘူးကို

ဆွဲယူဘေးချလိုက်ရင်းလက်နွေးနွေးနှစ်ဖက်ကို

ဆုပ်ကိုင်လိုက်သည်။


"ငါ့ကိုကြည့်ပါ...."


စည်းရဲ့စကားကိုနာခံပြီးသူမကခေါင်းပြန်မော့လာတော့

ထင်တဲ့အတိုင်းမျက်ဝန်းအိမ်မှာတွဲခိုနေပြီဖြစ်တဲ့

မျက်ရည်စတွေ...


ထိုမျက်နှာနွမ်းနွမ်းလေးကိုစည်းမမြင်ဖူးသလို

စူးစူးစိုက်စိုက်ကြည့်မိသွားရရင်း...


"ငါ့ရဲ့ဆုံးဖြတ်ချက်အတွက်ငါနောင်တမရဘူး...

နင်နဲ့သမီးလေးကိုတစ်ကြိမ်စွန့်လွှတ်ခဲ့ရပြီးမှ...

ငါရှိနေတဲ့ငါ့ရဲ့ဖြစ်တည်မူ့ကို...နင်နဲ့သမီးလေးအတွက်

ငါဘယ်လိုအရာတွေကိုမှအစွန်းအထင်းမခံနိုင်ဘူး...

အခုရော၊နောင်ရော...သမီးလေးအတွက်

ဂုဏ်ယူရတဲ့ဖခင်တစ်ယောက်အဖြစ်ငါလိပ်ပြာ

လုံချင်တယ်....သမီးလေးအနာဂါတ်အတွက်

လူ့အသက်ပေါင်းများစွာကိုကယ်တင်ဖို့

ငါသန့်ရှင်းမူ့တွေနဲ့ပဲ..ခွဲစိတ်ဓားကိုကိုင်ချင်တယ်..."


"............"


"အဲ့ဒါကြောင့်ငါ့ကိုယုံကြည်ပေးငါ..

ငါ..ငါ့ရဲ့မိသားစုကိုကာကွယ်ပေးပါ့မယ်..."


အဆုံးသတ်စကားနဲ့အတူ..ရီဝေနေတဲ့

မျက်ဝန်းတွေနဲ့သူ့မျက်နှာကအချစ်ဆီ

ဖြေးဖြေးချင်းတိုးကပ်လာနေပေမဲ့...

အချစ်ငြိမ်သက်နေခဲ့မိသည်။


မျက်တောင်တစ်ချက်မခတ်မိတဲ့မျက်ဝန်းအိမ်မှာ

ပြည့်လျှံလာတဲ့မျက်ရည်စတွေကပါးပြင်လေး

ထက်ကိုစီးဆင်းသွားခဲ့တာနှင့်တစ်ပြိုင်တည်း..

အချစ်နူတ်ခမ်းလေးထက်ခပ်နွေးနွေးထိတွေ့လာတဲ့

သူ့ရဲ့နူတ်ခမ်းအစုံနဲ့အတူအချစ်ကိုယ်လေးကို

သိမ်းဖက်ပွေ့နှောင်လာခဲ့တဲ့သူ့ရဲ့လက်တံရှည်တွေရဲ့

အထိအတွေ့ကြားအချစ်ရုန်းထွက်ငြင်းဆန်ဖို့

မေ့လျော့သွားခဲ့သလိုပါပဲ....


အချစ်မမှတ်မိတော့ဘူး...အချိန်တွေကြာခဲ့ပြီဖြစ်မို့

သူ့နူတ်ခမ်းတွေရဲ့နွေးထွေးမူ့ကအရင်လိုပဲလား

ဆိုတာကိုပေါ့.....??


~~~~~~~~~~~~~🌺🌺🌺


"ရွှေဘုံလေးကဘယ်တော့ဆေးရုံဆင်းရမှာလဲ

အချစ်..."


"နောက်တစ်ပါတ်အတွင်းဆင်းရမယ်လို့ထင်တယ်

အန်တီနှင်း..သမီးလေးရဲ့အခြေအနေကလဲ

တော်တော်လေးတိုးတက်လာတယ်ဆိုတော့လေ..."


"တော်သေးတာပေါ့..ဆေးရုံတတ်တဲ့အချိန်ကနေ

ခွဲစိတ်ပြီးတဲ့အထိ..အခက်အခဲဘာမှမရှိပဲ

ချောချောမွေ့မွေ့ဖြစ်ခဲ့လို့..."


ပြောရင်း..အန်တီနှင်းကသမီးလေးရဲ့ဆံပင်လေးတွေကို

သပ်တင်ပေးသည်။


အချစ်ကြက်ပေါင်းပန်းကန်ကိုအေးအောင်

မွှေနေရင်းမှသမီးလေးရှိနေတဲ့

ဆေးရုံကုတင်ပေါ်တင်ပါးလွှဲ

ဝင်ထိုင်လိုက်သည်။


"အင်း..ဘာပဲပြောပြောရွှေဘုံလေးအတွက်

အခုမှပဲစိတ်အေးရတော့တယ်...ရွှေဘုံလေးကို

ခွဲစိတ်ပေးတဲ့ဆရာဝန်ကတော့တစ်ကယ့်ကို

တော်တာပဲနော်..."


အန်တီနှင်းရဲ့စကားကြောင့်တစ်ချိန်လုံးဘာမှ

မပြောပဲဘေးမှာရပ်နေတဲ့ကိုထူးမြတ်ရဲ့အကြည့်တွေက

အချစ်ဆီသိသိသာသာရောက်လာ၏...


"လက်ထဲမှာပိုက်ဆံရောရှိသေးရဲ့လားအချစ်

တစ်ကယ်လို့ငွေလိုရင်အန်တီ့ကိုချက်ချင်းပြောနော်..."


"မလိုပါဘူးအန်တီနှင်းရဲ့..ဒီမှာကထွေထွေထူးထူး

ကုန်စရာဘာမှမရှိပဲ..ပြီးတော့အချစ်လက်ထဲမှာ

ပိုက်ဆံလဲရှိပါသေးတယ်..."


အန်တီနှင်းနဲ့စကားပြောနေရင်းတစ်ဖက်ကလဲ

အချစ်သမီးလေးကိုကြက်ပေါင်းစွပ်ပြုတ်

တိုက်နေတော့..သမီးလေးကတံခါးဝကို

လည်ပင်းလေးမျှော်ကြည့်သည်။


"ဘာလို့လဲမီးလေး..."


အချစ်မေးလိုက်တော့..သမီးလေးက

နူတ်ခမ်းကိုလက်ခုံလေးနှင့်ပွတ်သုတ်ရင်း...


"ဦးဦးဒေါက်တာမလာသေးလို့...."


သမီးလေးရဲ့စကားကြောင့်အန်တီနှင်းနဲ့

ကိုထူးမြတ်ကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်

သည်။


ထိုစဉ်..အချိန်ကိုက်လိုဆေးရုံခန်းတံခါးကပွင့်သွားပြီး

ဆေးရုံခန်းထဲကိုလှမ်းဝင်လာတဲ့..သူ


"ဦးဦးဒေါက်တာ.."


သူ့ကိုမြင်တာနဲ့သမီးလေးရဲ့မျက်နှာက

ပြုံးရွှင်သွားသလိုမျိုးပဲ...လက်ထဲမှာဝက်ဝံရုပ်လေးကို

ကိုင်ထားပြီးအပြုံးရိပ်တို့ထင်ဟပ်နေတဲ့သူ့ရဲ့မျက်နှာ

အမူအယာကလဲလူနာကိုလာကြည့်တဲ့

ဆရာဝန်တစ်ယောက်နဲ့နည်းနည်းလေးမှတူမနေခဲ့...


"မနက်စာစားနေပြီလား..သမီးလေး.."


သူအနားကိုရောက်လာတာနှင့်

အချစ်အလိုက်တသိနှင့်ထိုင်ရာကထပေးလိုက်သည်


"ဦးဦး..."


"ဒီမှာ..သမီးလေးအတွက်ဦးဦးအရုပ်လေး

ယူလာတယ်..ဦးဦးအကြာကြီးသိမ်းထားရတာ

ဒီတစ်ခါတော့မယူချင်ဘူးမပြောရဘူးနော်..."


သူ့စကားကြောင့်သမီးလေးကအားရပါးရလေး

ပြုံးကာ..ဝက်ဝံရုပ်လေးကိုလက်လှမ်းယူသည်။


"ကျေးဇူးတင်ပါတယ်ဦးဦးဒေါက်တာ..."


"ဒါဆို..မနက်စာဆက်စားလေ..

ဦးဦးကျွေးရမလား..."


ပြောပြောဆိုဆိုနှင့်သူကအချစ်လက်ထဲက

ကြက်ပေါင်းပန်းကန်ကိုလက်လှမ်းတော့

အချစ်သူ့ကိုပေးလိုက်သည်။


"ဦးဦးကတခြားလူနာတွေကိုသွားမကြည့်တော့ဘူး

လားဟင်..."


"အဟင်း..ဦးဦးကအခုလေးတင်

roundလှည့်ပြီးပြန်လာတာသမီးလေးရဲ့..."


"ဒါဆို..ဦးဦးကမီးနဲ့အကြာကြီးနေလို့ရတာပေါ့နော်..."


"ဒါပေါ့..."


စကားတွေဖောင်ဖွဲ့နေတဲ့သူနဲ့သမီးလေးကို

ကြည့်ရင်း..အချစ်သဘောကျသလို

ဲပြုံးလိုက်မိတာက..အနားမှာရှိနေတဲ့

လူတွေကိုမေ့လျော့သွားတဲ့အထိပင်....


"အဲ့ဒီ့ဆရာကရွေဘုံလေးကိုခွဲစိတ်ပေးတဲ့

ဆရာဝန္​လား..."


အနားကိုကပ်ကာ..အန်တီနှင်းခပ်တိုးတိုး

မေးလာမှအချစ်အသိပြန်ဝင်လာရင်း...


"ဟုတ်တယ်..အန်တီနှင်း..."


"ခပ်ငယ်ငယ်ပဲရှိသေးတာပဲနော်...

တော်လိုက်တာ...ရွှေဘုံလေးကိုလဲ

သံယောဇဉ်ဖြစ်နေတဲ့ပုံပဲ..."


"အမေ..ကျွန်တော်အပြင်မှာစောင့်နေမယ်...."


အန်တီနှင်းကသူ့ကိုကြည့်ကာအချစ်နားကပ်ပြီး

ချီးကျူးစကားဆိုနေစဉ်မှာပဲ..

ကိုထူးမြတ်ကဆိုင်းမဆင့်၊ဘုံမဆင့်အပြင်ကို

ထွက်သွားသည်။


တံခါးဝအရောက်မှာအချစ်ကိုလည်ပြန်တစ်ချက်

ကြည့်သွားတဲ့ကိုထူးမြတ်ရဲ့မျက်ဝန်းတွေက

တစ်စုံတစ်ရာသောကြေကွဲရိပ်တွေနဲ့ဆိုတာကိုတော့

အချစ်အသေအချာခံစားလိုက်ရရင်း....


~~~~~~~~~~~~~~~~🌺🌺🌺


"အဲ့ဒီ့ဧည့်သည်တွေက..နင်နဲ့အိမ်နီးနားချင်း

တွေလား...."


အန်တီနှင်းတို့သားအမိအချစ်ကိုနူတ်ဆက်ပြီး

ပြန်သွားတာနှင့်...သူကမေးခွန်းထုတ်လာသည်။


"အင်း..အန်တီနှင်းကကူညီတတ်တယ်လေ..

ပြီးတော့ရွှေဘုံလေးကိုလဲသံယောဇဉ်ရှိနေတော့

အစစအရာရာလိုက်ပြီးကူညီပေးနေတာ..."


အချစ်ပြန်ဖြေလိုက်ရင်း...သမီးလေးကိုသူတိုက်လို့

ကုန်သွားတဲ့စွပ်ပြုတ်ပန်းကန်ကိုသိမ်းဖို့ပြင်တော့

သူကအချစ်ရဲ့လက်ကိုလှမ်း၍ဆုပ်ကိုင်လိုက်သည်။


"အဲ့ဒီလူကရော..."


"ဟင်..ဘယ်သူလဲ..."


"ငါဝင်လာတုန်းကရှိနေတဲ့ယောကျာင်္းကိုမေးနေတာ..

သူကဆေးရုံကိုခဏခဏလာနေတာမဟုတ်လား

ငါသူ့ကိုကောင်းကောင်းသိတယ်..."


လက်ကိုမလွတ်ပဲမေးခွန်းထုတ်နေတဲ့သူ့ကြောင့်

အချစ်သမီးလေးကိုလှမ်းကြည့်လိုက်ပေမဲ့..

သမီးလေးက..ဝက်ဝံရုပ်လေးနဲ့ပစ်တိုင်းထောင်

ရုပ်ကိုတစ်ဖက်တစ်ချက်ဆီထားရင်းအလုပ်ရူပ်နေတာ

အချစ်နဲ့သူ့ကိုအာရုံရပုံမပေါ်...


"မေးနေတယ်လေ..."


"ဟင်..."


"ငါ့ကိုမဖြေဘူးလား...."


"ငါကဘာဖြေရမှာလဲ..သူကအန်တီနှင်းရဲ့သားပဲလေ..."


"သူကအိမ်ထောင်မရှိတဲ့လူလွတ်မဟုတ်လား..."


"နင်ဘယ်လိုသိတာလဲ..."


အချစ်အံ့ဩသလိုမေးမိတော့..သူက

အချစ်လက်ကိုမလွတ်ပဲထရပ်လာတာနှင့်

အချစ်နဲ့မျက်နှာချင်းဆိုင်ပြီးသူ့ကိုယ်ကြီးနဲ့သမီးလေးကို

ကွယ်ပိတ်ထားတဲ့အနေအထားနှင့်ဖြစ်၏...


"သူနင့်ကိုကြည့်နေတဲ့မျက်လုံးတွေကမရိုးသားဘူးလေ

ငါသိတာပေါ့..."


"စည်း..နင်ဘာတွေလျောက်ပြောနေတာလဲ..အို..."


ခပ်ကြိတ်ကြိတ်နဲ့ရန်တွေ့ဖို့ပြင်လိုက်တဲ့

စကားမဆုံးခင်သူကဆုပ်ကိုင်ထားတဲ့အချစ်ရဲ့

လက်လေးကိုမယူပြီးလျှပ်တစ်ပြတ်ဖိနမ်းလိုက်တာကြောင့်

အငိုက်မိသွားရသည်။


"စည်း..."


အချစ်နူတ်ခမ်းလေးဖိကိုက်ကာလက်ကို

ရုန်းလိုက်ပေမဲ့သူကလွတ်မပေး...


"သမီးလေးရှိနေတာကို..နင်ဘယ်လိုဖြစ်နေတာလဲ..."


"သမီးလေးကငါတို့ကိုအာရုံမရပါဘူး..."


"နင်..."


"ငါတစ်ခုလောက်တောင်းဆိုလို့ရမလား..."


ဘာလဲလို့ပြန်မမေးမိပဲ..အချစ်သူ့ကို

မျက်လွှာပင့်ကာခပ်စူးစူးကြည့်လိုက်လျှင်...


"သမီးလေးဆေးရုံကဆင်းတဲ့အခါ..

ငါတို့ရဲ့အရင်နေရာလေးမှာ..အတူ

ပြန်လာနေပေးပါ...သမီးလေးနဲ့အတူပေါ့...."


~~~~~~~~~~~~~ဆက်ရန်


Writer by

#Hazel


"


rate now: