book

Index 19

အပိုင်း(၁၉)

  • Author : Hazel Nhte
  • Genres : Romance, Comedy, Drama

💛အကြင်နာလက်တစ်ကမ်း💛



~~~~~~~~


စည်း...ခေါင်းထဲတရိပ်ရိပ်မူးဝေနေသော

ဝေဒနာနှင့်မျက်လုံးတွေပြန်ပွင့်လာချိန်မှာ...

ဆေးရုံခန်းအလွတ်တစ်ခုရဲ့ထဲမှာ

ရှိနေမှန်းသိလိုက်ရသည်။


"က်စ္​..."


နဖူးကိုလက်ချောင်းတွေနှင့်ဖိထောက်ကာ

စုတ်သပ်ငြီးငြူလိုက်ရင်းလှဲနေရာကနေထထိုင်ကာ

သွင်းထားတဲ့ဆေးကိုတစ်ချက်ကြည့်လိုက်တော့

dripပုလင်းကတစ်ဝက်တောင်ကျိူးနေပြီဖြစ်၏..


"ငါ..ဘယ်လောက်တောင်အိပ်ပျော်သွားတာလဲ.."


တစ်ယောက်ထဲရေရွတ်လိုက်မိချိန်မှာပဲ

ဆေးရုံခန်းတံခါးကဖျတ်ခနဲပွင့်သွားပြီး

ရေကရားကိုကိုင်လျက်အထဲကိုဝင်လာတဲ့သူမ...


"အချစ်..."


"ဟင်...စည်းနင်သတိရလာပြီလား..."


စိုးရိမ်တကြီးအမူအယာလေးကိုမဖုံးကွယ်နိုင်ပဲ

သူမက,ကပျာကယာနှင့်စည်းအနားကို

ချက်ချင်းရောက်လာသည်။


"နင်.နင်သက်သာရဲ့လားဟင်

ဘယ်လိုနေသေးလဲ..."


"ငါဘာမှမဖြစ်ပါဘူး..မစိုးရိမ်ပဲ

ဒီအတိုင်းနည်းနည်းပင်ပန်းလို့ဖြစ်သွားတာ..."


စည်း..သူမကိုအပြုံးမပျက်ပြန်ဖြေလိုက်ရင်း

အနောက်ကခေါင်းအုံးကိုလှည့်ယူဖို့ပြင်တော့

သူမကရေကရားလေးချပြီးခပ်သွက်သွက်

လှမ်းယူပေး၏...


"ငါ..နင့်ကိုပြောစရာရှိလို့နင့်နားနေခန်းကို

တက်လာတာ..နင်ရုတ်တရပ်ကြီးမူးလဲ

သွားတာမြင်တော့ငါအရမ်းလန့်သွားတာပဲ...

နင့်ကိုဆေးချိတ်ပေးသွားတဲ့ဆရာမလေးကပြောတယ်

နင်အိပ်ရေးပျက်တာတွေအရမ်းများပြီး...

အရမ်းပင်ပန်းနေလို့ဖြစ်သွားတာတဲ့..."


"အဲ့လောက်လဲမဟုတ်ပါဘူး..အခန့်မသင့်လို့

ဖြစ်သွားတာပဲ...ဒီရက်ပိုင်းICUထဲမှာလဲ

အရေးကြီးလူနာတွေကများနေတယ်လေ...

အဲ့ဒါကြောင့်...ငါနိုက်ဂျူတီတွေပါဆက်ဝင်

ပေးနေရတာ...သမီးလေးရော

ဘယ်လိုနေသေးလဲ..."


"အင်း..နိုးလာပြီးစကားတောင်ပြောနေပြီ..."


အချစ်ပြန်ဖြေလိုက်တာနှင့်သူကဆေးသွင်းထားတဲ့

အပ်ကိုဖြုတ်ပြီးထရပ်သည်။


"စည်း..နင်ဘာလုပ်တာလဲ..ဆေးသွင်းထားတာကို..."


"အဟင်း..ဘာမှမဖြစ်ဘူး

တစ်ဝက်လောက်ဝင်သွားရင်ရတယ်..."


ပြောရင်းခုံပေါ်တင်ထားတဲ့ဂျူတီကုတ်ကို

ပြန်ယူဝတ်ကာဆံပင်ကိုတစ်ချက်သပ်သည်။


"နင်ဘယ်သွားမလို့လဲ..."


"သမီးလေးကိုသွားကြည့်မလို့လေ...."


"နင့်ပုံစံလဲနင်ပြန်ကြည့်ပါဦး..နောက်ထပ်

၁နာရီလောက်ငြိမ်ငြိမ်လေးထပ်နားလိုက်တော့

ဘာဖြစ်သွားမှာမို့လို့လဲ..."


ရင်ထဲမှာပြည့်သိပ်နေတဲ့ဝမ်းနည်းမူ့တွေကြောင့်

အချစ်အသံလေးအနည်းငယ်ကျယ်သွားခဲ့တော့

သူကအချစ်ကိုနားမလည်သလိုကြည့်သည်။


"နင်နေမကောင်းမဖြစ်ပါနဲ့....နင်ဒီလိုပုံစံ

ဖြစ်နေရင်..ငါနင့်ကိုဘယ်လိုမုန်းရတော့မှာလဲ..."


"အချစ်..."


ချက်ချင်းဝဲတက်လာတဲ့မျက်ရည်တွေကို

အချစ်မသိမ်းဆည်းလိုက်နိုင်တော့

သူကအချစ်ကိုကြည့်နေရင်းမှင်သက်သွားရာမှ

အနည်းငယ်သွေးရောင်ဖျော့နေတဲ့နူတ်ခမ်းတွေက

ခပ်သဲ့သဲ့ပြုံးသွားခဲ့ရင်း...အချစ်နားကိုခြေလှမ်းတိုးကာ

ခန္ဓာကိုယ်လေးကိုဖွဖွပွေ့ဖက်လာခဲ့သည်။


"တောင်းပန်ပါတယ်..နင်မုန်းလို့ရအောင်

ငါထပ်ပြီးနေမကောင်းမဖြစ်တော့ဘူး...

အဲ့လိုဆိုရလား..."


တိုးရှရှသူ့အသံရဲ့အနားသတ်က

ကျေနပ်နှစ်သိမ့်နေသလိုအရိပ်အငွေ့တွေနှင့်

အချစ်သူ့လက်တွေကြားကရုန်းဖယ်ဖို့

မကြိုးစားမိပဲ...သူ့ရင်ဘတ်ကို

လက်သီးဆုပ်နှင့်ခပ်ဆတ်ဆတ်တစ်ချက်ထုလိုက်သည်။


"လူဆိုးကောင်..."


ရိူက်သံတစ်ဝက်နဲ့ပြစ်တင်စကားသံလေးကို

နားထောင်ပြီးစည်းပြုံးလိုက်မိသည်ထင်သည်။


"ထပ်ပြီးတောင်းပန်ပါတယ်...နင့်ကို

စိတ်ပူစေခဲ့လို့ပေါ့...."


~~~~~~~~~~~~~~🌺🌺🌺


"သမီးလေးရဲ့အခြေအနေက..တစ်ရက်ထဲနဲ့

တော်တော်လေးကိုတိုးတက်လာတာပဲ

ဒီအတိုင်းဆိုရင်နောက်တစ်ပါတ်အတွင်း

သမီးလေးဆေးရုံကဆင်းရနိုင်တယ်..

ဒါပေမဲ့အိမ်ပြန်ရောက်သွားရင်တောင်. 

ကလေးရဲ့အစားအသောက်နဲ့၊နေထိုင်မူ့ကို

ဆေးရုံကညွှန်ကြားတဲ့အတိုင်းတိတိကျကျတော့

လိုက်နာမှရမှာ..."


အချစ်ကိုရှင်းပြသလိုဆိုရင်းသူက

သမီးလေးရဲ့ဘေးမှာဝင်ထိုင်ကာ

ချုပ်ရိုးနေရာကိုအကျင်္ီပေါ်ကနေခပ်ဖွဖွ

ထိကိုင်သည်။


"ဒီချူပ်ရိုးအနာကျက်သွားတာနဲ့..သမီးလေးက

တခြားသာမာန်ကလေးလိုပဲနေနိုင်ပြီ...

ဒီရက်ပိုင်းသမီးလေးဆေးရုံမှာများများအိပ်ပြီး

အားပြည့်အောင်အနားယူရမယ်သိရဲ့လား..."


"ဒါဆိုမီးက..မိုးညတို့လိုပဲပြေးပြီးဆော့လို့

ရပြီပေါ့နော်...အဲ့လိုလား..ဦးဦး..."


"အဟင်း..ဟုတ်တာပေါ့....."


"မီးအိမ်ပြန်သွားရင်ရော..ဦးဦးဒေါက်တာက

မီးဆီလာလည်မှာလားဟင်..."


သမီးလေးရဲ့အမေးကြောင့်သူကအချစ်ကို

ငဲ့စောင်းမော့ကြည့်လာရင်း...


"အင်းး...သမီးလေးရဲ့မေမေကဦးဦးကို

အိမ်လည်ခေါ်မယ်ဆိုရင်ပေါ့..."


"ခေါ်မှာပေါ့..ဦးဦးရဲ့..မေ့..."


သူကိုပြောနေရင်းသမီးလေးကအချစ်ကို

လှမ်းကြည့်ကာခေါ်သည်။


"ဦးဦးဒေါက်တာကို..မီးတို့အိမ်အလည်ခေါ်မယ်

မဟုတ်လားဟင်..."


"ဟင်..."


ရုတ်တရပ်သမီးလေးရဲ့အမေးကို

အချစ်မဖြေနိုင်ပဲသူ့ကိုကြည့်လိုက်တော့

သူကလဲအချစ်ကိုပြုံးကြည့်နေတာနှင့်တိုးသည်။


"ဦးဦးဒေါက်တာမီးတို့အိမ်လာလည်ရင်

မီးကဦးဦးဒေါက်တာကိုမုန့်တွေအများကြီးကျွေးမှာ

ပြီးတော့လေ..မီးရဲ့အရုပ်တွေနဲ့ဆေးကုတမ်း

ကစားလို့လဲရသေးတယ်..မီးမှာဆေးထိုးအပ်တွေရော

နားကြပ်ကြီးတွေရောရှိတယ်..."


"ဟုတ်လား...ဟား...ဟား..."


သူနဲ့သမီးလေးစကားတွေဖောင်ဖွဲ့နေတာကိုကြည့်နေရင်း

အချစ်ပြုံးမိသွားရသည်။ သူနဲ့စကားတွေ

တရစပ်ပြောနေရင်းမမောနိုင်မပမ်းနိုင်နဲ့

သမီးလေးရဲ့ဖြူလျော့လျော့မျက်နှာလေးက

ပြုံးကြည်နေခဲ့တာလေ...


တစ်ကယ်တော့အချစ်သေချာသိနေပါပြီ..

သမီးလေးကသူ့အပေါ်သွေးကပြောတဲ့

သံယောဇဉ်စကားတွေနဲ့နက်နက်ရိူင်းရိူင်း

ခင်တွယ်နေပြီဆိုတာကိုပေါ့....


~~~~~~~~~~~~~~🌺🌺🌺


"ငါ့ကိုအချိန်ခဏတော့ပေးပါ..."


ဆေးရုံခန်းရှေ့ကခုံတန်းလေးမှာနှစ်ယောက်အတူ

ထိုင်နေရင်းစကားစလာတဲ့သူမကိုစည်း

ခေါင်းငဲ့ကြည့်လိုက်သည်။


"ငါဒီအခြေအနေကိုရောက်မှတော့သမီးလေးကို

ဆက်ပြီးဖုံးကွယ်ထားဖို့မဖြစ်နိုင်တော့ဘူးဆိုတာ

သိပါတယ်..ဒါပေမဲ့ငါ့ကိုအချိန်ခဏလေးပဲ

ထပ်ပေးပါ......ငါသမီးလေးကိုငါ့ကိုယ်တိုင်

အရာအားလုံးကိုဖွင့်ပြောဖို့အားယူရဦးမယ်ထင်တယ်..."


"ငါနားလည်ပါတယ်...ငါထပ်ပြီးမလောပါဘူး

ဘယ်ကိစ္စပဲဖြစ်ဖြစ်နင်ငါ့ကိုအခွင့်အရေး

ပေးလာတဲ့အထိငါစောင့်မှာပါ..."


"စည်း..."


အချစ်သူ့နာမည်ကိုခေါ်လိုက်မိချိန်မှာပဲ

သူကအချစ်ရဲ့လက်တစ်ဖက်ကိုအသာအယာ

ဆွဲယူဆုပ်ကိုင်လာခဲ့သည်။


"ဒါပေမဲ့နင်သိတယ်မဟုတ်လား...ငါလိုချင်တာ

သမီးလေးရဲ့အဖေဆိုတဲ့နေရာတစ်ခုထဲ

မဟုတ်ဘူးဆိုတာကိုပေါ့..."


".........."


"ငါကအတိတ်မှာနင့်အတွက်ခွင့်လွတ်ချင်စရာ

မရှိတဲ့လူတစ်ယောက်ဖြစ်ခဲ့တယ်ဆိုရင်တောင်...

နင်ကလွဲရင်ဘယ်သူမှမရှိခဲ့တဲ့ငါ့ရဲ့နှလုံးသားကို

တစ်ခါလောက်ပဲဖြစ်ဖြစ်ငဲ့ညှာပေးမယ်ဆိုရင်

ငါ့အတွက်လုံလောက်နေပါပြီ...."


ခံစားချက်များစွာပျော်ဝင်နေတဲ့မျက်ဝန်းနှစ်စုံက

တူညီတဲ့ဆုံမှတ်တစ်ခုထဲမှာပဲငေးရီစွာ

ဆုံမိကြတာကစက္ကန့်ပေါင်းများစွာ....


"ပခုံးလေးခဏလောက်ဌားပေးပါလား..

ငါခေါင်းတွေအရမ်းမူးနေလို့..."


"ဟင်..."


ခွင့်တောင်းသလိုဆိုလိုက်တာပေမဲ့

အချစ်ဘာမှပြန်မဖြေရသေးခင်..

သူ့ရဲ့ဦးခေါင်းကအချစ်ပခုံးလေးထက်မှီကျလာခဲ့သည်။


"နင်မှတ်မိသေးလားအချစ်...ငါဆေးကျောင်း

တတိယနှစ်တုန်းက...စာတွေလုပ်ရတာအရမ်းပင်ပန်းပြီး

နေမကောင်းဖြစ်တော့....တညလုံးဒီလို

နင်ပခုံးကိုမှီပြီးအိပ်ခဲ့တာလေ...တစ်ကယ်တော့

ဘယ်သူမှမရှိတော့ဘူးလို့ငါထင်ထားတဲ့ငါ့ဘဝထဲမှာ

ငါ့ကိုဂရုစိုက်ပေးမဲ့၊ပူပန်ပေးမဲ့၊ကြင်နာပေးမဲ့

နင်တစ်ယောက်တော့ရှိနေသေးတယ်ဆိုတာ

ငါအဲ့အချိန်ကစပြီးသဘောပေါက်ခဲ့တာ..."


သူပြောတဲ့အဖြစ်အပျက်တွေကအချစ်အာရုံထဲ

ထင်ထင်ရှားရှားမှတ်မိနေဆဲအခိုက်အတန့်တွေမို့

အချစ်နူတ်ခမ်းလေးပြုံးယောင်သမ်းသွားခဲ့ရသည်။


"ဒါပေမဲ့..အတိတ်ကိုပြန်စဉ်းစားမိလေ..

အမြဲတမ်းနင်ကချည်းပဲငါ့အတွက်အသင့်ရှိနေခဲ့ပြီး

ငါကတော့နင့်အတွက်လုပ်ပေးနိုင်တာဘာမှမရှိခဲ့ဘူး

ဆိုတာပြန်မြင်လာမိလေပဲ..နင်ပြောတာမှန်တယ်

ငါနင့်ကိုဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ

တစ်ကယ်မသိခဲ့ဘူး.....ငါကတစ်ကယ်

မကောင်းတဲ့ကောင်ပဲမဟုတ်လား..."


"အဲ့ဒီ့အကြောင်းတွေကိုပြန်မပြောပါနဲ့တော့....

ခုချိန်ငါ့ခေါင်းထဲမှာသမီးလေးအတွက်ကလွဲပြီး

ဘာမှမရှိတော့ဘူး....အဲ့ဒါကြောင့်နင်လဲ

အတိတ်အကြောင်းတွေကိုမတွေးပဲ..

ငါတို့သမီးလေးရဲ့အနာဂါတ်ကိုပဲစဉ်းစားပါ..."


"ဟုတ်တယ်...ငါတို့သမီးလေး...တစ်ကယ်ကို

ငါတို့သမီးလေးပဲ..နင်နဲ့ငါ့ရဲ့သမီးလေး...."


အက်ကြောင်းထပ်နေတဲ့စကားတစ်ခွန်းနဲ့

သူငြိမ်သက်သွားသည့်အခါအချစ်သူ့ကို

ခေါင်းငဲ့ပြီးကြည့်လိုက်တော့သူကအချစ်ပခုံးပေါ်မှာ

မျက်ဝန်းတွေယှက်ပိတ်လျက်လက်ပိုက်ငြိမ်သက်

နေခဲ့သည်။


အချစ်ခပ်သဲ့သဲ့ပြုံးလိုက်မိသည်ထင်၏..

နဖူးပေါ်ဝဲကျနေတဲ့သူ့ဆံပင်တွေကိုလက်လှမ်း၍

ခပ်ဖွဖွသပ်တင်ပေးလိုက်ရင်းအလိုက်တသိ

ငြိမ်သက်ခဲ့မိတော့သည်။


~~~~~~~~~~~~~🌺🌺🌺


"ရိန်းဂျွန်လေးအတွက်တစ်ကယ်စိတ်မကောင်း

ဖြစ်ရပါတယ်ခင်ဗျာ..ကျွန်တော်ဒုဥက္ကဌကို

ပြောစရာစကားမရှိတော့ပါဘူး..."


တစ်ကိုယ်လုံးနက်စွေးနေတဲ့အရောင်တွေနဲ့အပြိုင်

ကြေကွဲဝမ်းနည်းခြင်းများနှင့်မိူင်းညို့နေသော

နေရောင်စက်ရှိန်ရဲ့မျက်နှာကိုကြည့်က...

တောင်းပန်စကားဆိုလိုက်တဲ့ဆေးရုံအုပ်ကြီး

ဦးကျော်ဇော....


ညီဖြစ်သူရဲ့စျာပနဓာတ်ပုံရှေ့မှာရပ်နေခဲ့တဲ့

နေရောင်စက်ရှိန်ကတော့..ဘေးမှာရှိနေတဲ့

ဦးကျော်ဇောကိုငဲ့မကြည့်ပဲ...


"ဆေးရုံအုပ်ကြီးကဘာလို့တောင်းပန်နေတာလဲ..

ခင်ဗျားကအပြစ်ရှိတဲ့လူမှမဟုတ်ပဲ...

တစ်ကယ်အပြစ်ရှိတဲ့လူကသက်သက်ရှိနေတယ်

မဟုတ်လား..."


"ဒုဥက္ကဌ..."


ဦးကျော်ဇောတစ်ခုခုပြောဖို့ပြင်လိုက်ချိန်မှာပဲ

နေရောင်စက်ရှိန်ကလက်ကာပြလာခဲ့သည်။


"စည်းစနစ်...သူကမှသာ

ကျုပ်ညီရှေ့မှာလာပြီးတောင်းပန်သင့်တာမဟုတ်လား..."


"ဗျာ...."


"ဒါပေမဲ့...မလိုအပ်ဘူး..

ခုချိန်မှ..သူကျွန်တော့်ကိုဒူးထောက်တောင်းပန်

လာမယ်ဆိုရင်တောင်...ကျွန်တော်သူ့ကို

လုံးဝခွင့်လွှတ်မှာမဟုတ်ဘူး....ဆရာဝန်တစ်ယောက်ရဲ့

သိက္ခာကိုတန်ဖိုးထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့

ကျွန်တော့်ရဲ့ညီရဲ့အသက်ကိုကစားခဲ့တဲ့

သူ့အတွက်..နောက်တစ်ကြိမ်ခွဲစိတ်ဓားကိုင်ဖို့

အခွင့်အရေးမရှိတော့ဘူး..."


"ဒုဥက္ကဌ...ဘာကို..ဆို.ဆိုလိုတာများလဲ..."


ဦးကျော်ဇောတုန်လူပ်စွာမေးမိလျှင်

သွေးအေးရက်စက်မဲ့မျက်ဝန်းတွေဖြင့်

နေရောင်စက်ရှိန်ကငဲ့ကြည့်လာခဲ့ရင်း...


"စည်းစနစ်..သူ့ကိုတော်ဝင်ဆေးရုံက

အလုပ်ထုတ်လိုက်ပါ..."


"ဒုဥက္ကဌ...."


"တော်ဝင်ဆေးရုံကသူထွက်သွားတာနဲ့...

သူ့ကိုဘယ်ဆေးရုံကမှလက်မခံစေရဘူး..."


"ဘာလို့..ဒီလောက်ထိ...ကျွန်တော်

တောင်းပန်ပါတယ်ဒုဥက္ကဌ..ကျွန်တော်

မောင်စည်းစနစ်ကိုဒုဥက္ကဌဆီသေချာ

လာတောင်းပန်စေရပါမယ်...ဒီလောက်ထိ

မလုပ်ပါနဲ့..."


ဦးကျော်ဇောဘယ်လိုပင်ပျာပျာသလဲ

တောင်းပန်နေပေမဲ့တည်တင်းနေတဲ့

နေရောင်စက်ရှိန်ရဲ့မျက်နှာကနည်းနည်းလေးတောင်

လျော့မသွားခဲ့...


"သေချာနားထောင်ပါဦးကျော်ဇော...

တော်ဝင်ဆေးရုံကစည်းစနစ်ကိုမစွန့်လွှတ်ဘူးဆိုရင်

ကျွန်တော်...တော်ဝင်ဆေးရုံကိုပျောက်ကွယ်

သွားအောင်လုပ်ရလိမ့်မယ်...ဒါကျွန်တော့်ရဲ့

နောက်ဆုံးသတိပေးခြင်းပဲ...."


"ဟင်..."


နေရောင်စက်ရှိန်ရဲ့အဆုံးသတ်စကားအဆုံး

ပါးစပ်အဟောင်းသားနှင့်ငြိမ်သက်သွားခဲ့သူက

ဆေးရုံအုပ်ကြီး ဦးကျော်ဇော....


~~~~~~~~~~~~~~~🌺🌺🌺


"ဒေါက်တာ..."


အနောက်ကနေကြားလိုက်ရတဲ့ခေါ်သံကြောင့်

သူမတို့သားအမိအတွက်..ညစာသွားဝယ်ပြီး

ဓာတ်လှေကားထဲလှမ်းဝင်ဖို့ပြင်နေတဲ့စည်းရဲ့

ခြေထောက်တွေရပ်တန့်သွားရကာ

အနောက်ကိုလှည့်ကြည့်လိုက်သည်။


"စစ္​စတာ..."


"ဆေးရုံအုပ်ကြီး..ဒေါက်တာ့ကိုရှာနေတယ်..."


"ဆရာဦးကျော်ဇောကရုံးဆင်းသွားပြီ

မဟုတ်ဘူးလား..."


"ဟုတ်...ဆေးရုံကိုပြန်လာတာပါ

အရေးကြီးကိစ္စရှိလို့နဲ့တူတယ်...ခုနကလေးတင်

ဒေါက်တာ့ကိုကိုရှာဖို့ဒီအထပ်ထိရောက်လာ...

အခု..ဒေါက်တာ့ရဲ့နားနေခန်းထဲမှာ

စောင့်နေတယ်..."


ထိုစကားကြောင့်စည်းတစ်ချက်တွေသွားရရင်း..


"ကျေးဇူးပါပဲ...ကျွန်တော်သွားလိုက်မယ်..."


"ဟုတ်ကဲ့....."


~~~~~~~~~~~~~~


"ဒေါက်..ဒေါက်.."


"ဝင်ခဲ့ပါ..."


စည်းတံခါးကိုတွန်းဖွင့်ပြီးလှမ်းဝင်လိုက်တာနှင့်

ဆိုဖာပေါ်မှာမျက်နှာမသာမယာနဲ့ထိုင်နေတဲ့

ဆေးရုံအုပ်ကြီးကိုမြင်လိုက်ရ၏...


"မောင်စည်းစနစ်...လာလေ..ထိုင်..."


စည်းခေါင်းငြိမ့်လိုက်ရင်း..ဆေးရုံအုပ်ကြီးရဲ့

အမူအယာကိုအကဲခတ်သလိုတစ်ချက်ကြည့်ကာ

အရှေ့မှာဝင်ထိုင်လိုက်သည်။


"ဆရာအိမ်ပြန်သွားပြီလို့ထင်နေတာ..."


"ဟုတ်တယ်..ဒီနေ့ကSky-Highက

စျာပနာကိုသတင်းမေးဖို့သွားရမှာမို့

ဆရာဆေးရုံကနေစောစောပြန်သွားတာ..."


"Sky-Highရဲ့စျာပနပွဲ..."


"မောင်စည်းစနစ်မသိသေးဘူးလား....

Sky-Highကနေမောင်စည်းစနစ်ကို

ခွဲစိတ်ပေးဖို့ကမ်းလှမ်းခဲ့တဲ့ရိန်းဂျွန်ဆိုတဲ့ကလေး

မနေ့ညနေကပဲဆုံးသွားပြီ..."


"ဗျာ..."


ကြားလိုက်ရတဲ့သတင်းကြောင့်

စည်းအံ့ဩသလိုဖြစ်သွားရရင်းတဆတ်ထဲ

စိတ်မကောင်းပါဖြစ်သွားရ၏...


"အခု..ဆရာလဲအရမ်းကိုစိတ်ရူပ်နေတယ်

ဆရာအခုလေးတင်ဒုဥက္ကဌနဲ့တွေ့ပြီးပြန်လာတာ...

ဒုဥက္ကဌ သူက..အခုသူ့ရဲ့ဒေါသတွေကို

ဆရာတို့တော်ဝင်ဆေးရုံအပေါ်ပုံချဖို့ကြိုးစားနေတယ်.."


"ဆရာဘာကိုဆိုလိုတာများလဲ...."


စည်းရဲ့အမေးကြောင့်ဆေးရုံအုပ်ကြီးက

သက်ပြင်းတစ်ချက်ကိုချလိုက်ရင်း...


"ဒုဥက္ကဌကရိန်းဂျွန်လေးရဲ့ခွဲစိတ်မူ့ကို

မောင်စည်းစနစ်ကိုတာဝန်ယူခိုင်းခဲ့ပေမဲ့

မောင်စည်းစနစ်ကပြတ်ပြတ်သားသား

ငြင်းခဲ့တယ်မဟုတ်လား...အဲ့ဒါကြောင့်..."


စကားကိုချက်ချင်းမဆက်ပဲဆက်ပြီးပြော

မထွက်တော့သလိုဆေးရုံအုပ်ကြီးစည်းကို

ကြည့်လာခဲ့တော့..စည်းအလိုလိုသဘောပေါက်

သွားခဲ့သည်။


"အဲ့ဒါကြောင့်...အဲ့ဒီ့ကလေးရဲ့သေဆုံးမူ့အတွက်

ကျွန်တော့်ကိုတာဝန်ယူခိုင်းချင်နေတာများလား..."


"........"


"ဆရာလဲသိတယ်မဟုတ်ပါလား..ကျွန်တော်

ဘာ့ကြောင့်ဒီခွဲစိတ်မူ့ကိုငြင်းခဲ့ရလဲဆိုတာ....

ဆုံးသွားတဲ့ကလေးအတွက်

ကျွန်တော်တစ်ကယ်ကိုစိတ်မကောင်းပေမဲ့

ဒီတရားမဝင်ခွဲစိတ်မူ့ကိုငြင်းခဲ့တာ...

ကျွန်တော်နောင်တမရပါဘူး...လူ့အသက်ဆိုတာ

ငွေရှိတိုင်းဝယ်လို့ရတဲ့အရာမဟုတ်ပါဘူးဆရာ..."


"ဆရာမောင်စည်းစနစ်ကိုအပြည့်အဝ

နားလည်ပါတယ်..ဒါပေမဲ့ဒုဥက္ကဌ

သူကတော့အဲ့လိုမတွေးဘူး..."


"ဆရာအခု..ကျွန်တော့်ကိုဘာလုပ်စေချင်တာလဲ..."


စည်းအပြတ်သားဆုံးမေးလိုက်သည်။

ထိုအခါ..ဆေးရုံအုပ်ကြီးဦးကျော်ဇောက

စည်းကိုတောင်းပန်တိုးလျိူးသလိုကြည့်လာခဲ့ရင်း...


"မောင်စည်းစနစ်တောင်းပန်လိုက်ပါ..."


"ဗျာ..."


"တော်ဝင်ဆေးရုံကြီးကမောင်စည်းစနစ်ကို

မစွန့်လွှတ်ရအောင်...မောင်စည်းစနစ်

ဒုဥက္ကဌကိုတောင်းပန်ရလိမ့်မယ်...."


အထဲကကြားနေရတဲ့စကားသံတွေအဆုံး

တံခါးအပြင်မှာရှိနေတဲ့အချစ်လက်ထဲမှာ

အခေါက်လိုက်လေးရှိနေတဲ့အဖြူရောင်ဂျူတီကုတ်လေးက

အောက်သို့သတိလက်လွတ်ပြုတ်ကျသွား

ခဲ့လေတော့၏...


~~~~~~~~~~~~~ဆက်ရန်


Writer by

#Hazel


rate now: