💛အကြင်နာလက်တစ်ကမ်း💛
~~~~~~~
"အရမ်းကြောက်နေလား...မီးလေး..."
"ဟင့်အင်း...မီးမကြောက်ပါဘူးမေမေရဲ့
ဦးဦးဒေါက်တာကမီးကိုနေကောင်းအောင်
ဆေးကုပေးမှာပဲကို..မီးမကြောက်ပါဘူး...."
မကြာခင်မှာခွဲစိတ်ခန်းဝင်ရတော့မဲ့
သမီးလေးရဲ့လက်သေးသေးလေးကို
ဆုပ်ကိုင်ထားရင်း...အချစ်ပိုကြောက်နေမိတာကို
ဝန်ခံပါသည်။
သမီးလေးကတော့သူ့ရဲ့လက်လေးနဲ့
အချစ်ရဲ့လက်ကိုပြန်လည်ဆုပ်ကိုင်ထားရင်း
ပါးစုံလေးတွေဖောင်းနေအောင်ပြုံးပြနေရှာသည်။
၄နာရီထိုးဖို့မိနစ်အနည်းငယ်မျှသာ
လိုတော့တဲ့အချိန်မှာပဲ...ခွဲစိတ်ခန်းဝင်တဲ့
ဝတ်စုံပြည့်နှင့်...အချစ်နဲ့သမီးလေးရှိနေတဲ့
ဆေးရုံခန်းလေးထဲကိုဝင်လာတဲ့စည်း...
"အဆင်သင့်ဖြစ်ပြီမဟုတ်လား...
ကလေးကိုခွဲစိတ်ခန်းထဲရွေ့ရအောင်..."
ပြောရင်း..သူကသမီးလေးကိုဆေးရုံကုတင်ပေါ်ကနေ
ကိုယ်တိုင်ပွေ့ယူပြီး...ဆေးရုံဝန်ထမ်းတွေ
တွန်းယူလာတဲ့တွန်းလှည်းကုတင်လေးပေါ်
ပြောင်းတင်သည်။
"ငါ..အော်ပရေးရှင်းခန်းရှေ့ထိလိုက်.လိုက်လို့ရတယ်
မဟုတ်လားဟင်..."
အချစ်ရဲ့ကတုန်ကရီအမေးကိုသူက
ခေါင်းငြိမ့်ပြ၏...
ထို့နောက်..တွန်းလှည်းကုတင်လေးရဲ့
တစ်ဖက်တစ်ချက်ဆီကနေသူနဲ့အချစ်
သမီးလေးရဲ့လက်လေးကိုဆုပ်ကိုင်ပါလာခဲ့ကြရင်း...
မှန်တံခါးတွေအထပ်ထပ်ကာရံထားတဲ့
ခွဲစိတ်ခန်းရဲ့အရှေ့ကိုအရောက်သူက
အချစ်ကိုငဲ့ကြည့်ခေါင်းယမ်းပြကာ...သမီးလေးနဲ့
အတူအထဲကိုဝင်သွားခဲ့လေတော့သည်။
လျှောခနဲအထပ်ထပ်စေ့ပိတ်သွားတဲ့
မှန်တံခါးချပ်တွေနှင့်...အခန်းရှေ့က
Operation Roomဆိုတဲ့နဖူးစည်း
စာတန်းအနီရောင်ပြောင်းသွားခဲ့ချိန်....
အချစ်ခြေမခိုင်နိုင်တော့သလို..ခွဲစိတ်ခန်းရှေ့က
ခုံတန်းလေးမှာအရုပ်ကြိုးပြတ်ထိုင်ကျသွားခဲ့ရ
လေတော့သည်။
~~~~~~~~~~~~~~~🌺🌺🌺
"ဘာမှမကြောက်နဲ့နော်သမီးလေး...
ခဏလောက်ပဲအိပ်လိုက်..သမီးလေးနိုးလာရင်
နေကောင်းသွားလိမ့်မယ်..."
စည်း..သမီးလေးရဲ့လက်လေးကို
ဆုပ်ကိုင်ပြီးပြောလိုက်လျှင်...ခွဲစိတ်ကုတင်ပေါ်မှာ
ပက်လက်လေးလှဲနေတဲ့သမီးလေးကခွဲစိတ်ခန်းကျယ်ကြီးထဲက
အပြင်အဆင်တွေကိုမျက်လုံးလေးလည်နေအောင်
လိုက်ငေးနေရင်းမှ..ခေါင်းလေးငြိမ့်ပြရင်း...
တဖန်ခွဲစိတ်ခန်းသုံးmask,ကို
ဝတ်ထားတဲ့စည်းရဲ့မျက်နှာကိုပြန်ကြည့်သည်။
"ဦးဦးဒေါက်တာ..ခွဲစိတ်တာကအရမ်း
နာမှာလားဟင်..."
"မနာပါဘူးသမီးလေးရဲ့...သမီးလေးက
ဒီအတိုင်းအိပ်နေရုံပဲ..ဦးဦးကိုယုံတယ်မဟုတ်လား.."
"ဟုတ်..."
"သမီးလေးနေကောင်းလာရမယ်လို့..
ဦးဦးကတိပေးတယ်..အဲ့ဒါကြောင့်
ဘာမှမကြောက်နဲ့နော်..."
စည်း..သမီးလေးရဲ့ဆံပင်တွေကိုဖွဖွသပ်တင်ပေးလိုက်ကာ..
မေ့ဆေးပေးဖို့အသင့်ဖြစ်နေတဲ့မေ့ဆေးဆရာဝန်ကိုလှမ်း
ကြည့်လိုက်သည်။
"ကလေးကို..မေ့ဆေးစပေးလို့ရပါပြီ..."
စည်းရဲ့စကားဆုံးတာနှင့်...မေ့ဆေးဆရာဝန်က
သမီးလေးကိုမေ့ဆေးစပေးသည်။
တဖြေးဖြေးမျက်ဝန်းလေးတွေယှက်ပိတ်
ငြိမ်သက်သွားတဲ့သမီးလေးကိုစည်းမျက်တောင်
မခတ်စတမ်းစိုက်ကြည့်နေခဲ့ရင်း...
အသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရူသွင်းကာ..
ခွဲစိတ်ခန်းသူနာပြုရဲ့အကူအညီနှင့်
လက်အိတ်တွေ၊ခါးစည်းတွေကိုဝတ်ဆင်လိုက်၏...
ထို့နောက်လေးနာရီအတိကိုညွှန်ပြနေပြီဖြစ်တဲ့
နာရီကိုတစ်ချက်လှမ်းကြည့်လိုက်ရင်း....
လက်ထောက်ဆရာဝန်တွေ၊သူနာပြုတွေကို
ဝေ့ကြည့်လိုက်ပြီးနောက်...
"ခွဲစိတ်မူ့..စတင်ပါတော့မယ်..."
~~~~~~~~~~~~~~~~🌺🌺🌺
"တောင်းပန်ပါတယ်..ဒုဥက္ကဌ...
ကျွန်တော်ရိန်းဂျွန်လေးကိုထပ်ပြီးမကယ်နိုင်ခဲ့ပါဘူး...
သူ့ရဲ့နှလုံးလုံးဝပြန်မခုန်လာတော့ဘူး...
သူ..ဆုံးသွားပါပြီ..."
ဇက်ကျိူးမတတ်ခေါင်းကိုငုံ့ကာ
တောင်းပန်စကားဆိုနေတဲ့တာဝန်ခံဆရာဝန်ရဲ့
စကားက...နားထဲမှာမကြားတစ်ချက်ကြားတစ်ချက်နှင့်
နေရောင်စက်ရှိန်ရဲ့ယိုင်နဲ့နေတဲ့ခြေလှမ်းတွေက..
အခန်းထဲကကုတင်ပေါ်မှာ..ငြိမ်သက်နေပြီ
ဖြစ်တဲ့ညီဖြစ်သူရဲ့နားသို့တစ်လှမ်းချင်းလျောက်လာသည်။
"မဟုတ်ဘူး..."
အောက်စီဂျင်ပိုက်နဲ့ဆေးပိုက်တွေကိုဖြုတ်ထားလိုက်ပြီ
ဖြစ်တဲ့ညီဖြစ်သူရဲ့မျက်နှာကိုတစ်လှည့်
မော်နီတာမှာငြိမ်သက်နေပြီဖြစ်တဲ့နှလုံးခုန်လိူင်းလေးတွေကို
တစ်လှည့်ကြည့်ကာခြောက်ချားစွာဖြင့်ကြည့်ကာ
ညီဖြစ်သူရဲ့ဘေးထိုင်ကျသွားခဲ့၏...
"ဂျွန်..."
ခုထိနွေးနေဆဲမျက်နှာလေးကိုအုပ်ကိုင်ပြီး
တုန်လူပ်စွာခေါ်မိသည်။
"မဟုတ်ဘူး...မသေရဘူး...
မင်းဒီလိုထွက်သွားလို့မရဘူး..အား...
ဂျွန်..."
ညီဖြစ်သူရဲ့သက်မဲ့ခန္ဓာကိုပွေ့ပိုက်ရင်း
ဆောက်တည်ရာမဲ့အရူးတစ်ယောက်လို
ဖြစ်နေရှာတဲ့နေရောင်စက်ရှိန်ကိုကြည့်ပြီး
အခန်းထဲမှာရှိနေတဲ့လူတွေအားလုံးသည်လဲ
စိတ်မကောင်းခြင်းကြီးစွာနှင့်အသီးသီး
ခေါင်းငုံ့သွားကြ၏...
"ဂျွန်..."
နာကျင်ကြေကွဲစွာအော်ဟစ်လိုက်သော
နေရောင်စက်ရှိန်ရဲ့အသံကသာအခန်းထဲ
နောက်တစ်ကြိမ်ပျံ့လွင့်သွားခဲ့တော့ရင်း....
~~~~~~~~~~~~~~🌺🌺🌺
"ခွဲစိတ်မူ့အောင်မြင်ပါတယ်..သမီးလေး
သိပ်မကြာခင်သတိရလာလိမ့်မယ်...."
ခွဲစိတ်ခန်းထဲကထွက်လာလာချင်း
သူပြောခဲ့တဲ့စကားကိုပြန်ကြားယောင်ရင်း...
အချစ်..ဆေးပိုက်တွေကြားငြိမ်သက်နေတဲ့
သမီးလေးရဲ့ဘေးမှာအသာဝင်ထိုင်လိုက်ကာ
လက်သေးသေးလေးတစ်ဖက်ကိုမယူပြီ
ပါးပြင်နှင့်ထိကပ်ထားလိုက်သည်။
"ဟင့်...ဟင့်..."
အရွယ်နဲ့မလိုက်အောင်ဝေဒနာတွေကို
ခံစားခဲ့သည့်သမီးလေးရဲ့မျက်နှာလေးကိုကြည့်ပြီး
အချစ်ငိုချင်စိတ်ကထိန်းမရခဲ့....
သနားစဖွယ်မျက်နှာသေးသေးလေးဆီမှ
အကြည့်မခွာနိုင်ပဲ...အချစ်ပါတ်ဝန်းကျင်ကို
မေ့လျော့လျက်ငိုကြွေးနေခဲ့မိစဉ်မှာပဲ...
နွေးထွေးတဲ့လက်တစ်ဖက်ကအချစ်ပခုံးလေးကို
လာရောက်ဆုပ်ကိုင်လိုက်တာကြောင့်အချစ်
ကပျာကယာလေးခေါင်းမော့ကြည့်လိုက်တော့
ဘယ်အချိန်ထဲကဆေးရုံခန်းထဲကို
ရောက်နေမှန်းမသိတဲ့သူ.....
"စည်း...."
"သမီးလေးမကြာခင်သတိရလာမှာပါလို့
ငါပြောတယ်မဟုတ်လား..ဘာလို့ငိုနေတာလဲ..."
"ငါ..."
အချစ်..သူ့ကိုဘာမှပြောမထွက်ပဲ
ဒီအတိုင်းပဲခေါင်းမော့ကြည့်နေမိတော့
သူကအချစ်ရဲ့မျက်ရည်တွေကိုညင်သာစွာ
သုတ်ဖယ်ပေးလာခဲ့၏...
"ငါနင့်ကိုပေးခဲ့တဲ့ကတိကိုတည်ပါတယ်နော်
အချစ်...အခုငါ့ရဲ့အပြစ်တွေကိုနည်းနည်းလောက်
ဖြစ်ဖြစ်..လျော့ပေါ့ပေးမယ်မဟုတ်လား..."
"ကျေးဇူးတင်ပါတယ်..ငါလေနင့်ကို
တစ်ကယ်ကျေးဇူးတင်ပါတယ်စည်းရယ်..."
"နင်မေ့နေပြီလား...ငါကဆရာဝန်တစ်ယောက်လေ
ပြီးတော့ငါကသမီးလေးရဲ့အဖေ...ငါနင့်ကို
ပြောခဲ့တယ်မဟုတ်လား..သမီးလေးကို
နင့်ဆီအကောင်းတိုင်းပြန်ပေးပါ့မယ်လို့...
အဲ့ဒါကြောင့်..နင်ထပ်ပြီးမငိုပါနဲ့...ဒီအချိန်ထိ
နင်ကျခဲ့ရတဲ့မျက်ရည်တွေကလုံလောက်နေပါပြီ...
နင်ထပ်ပြီးမငိုပါနဲ့...."
"ဟင့်...ဟင့်..."
ထူးဆန်းစွာပဲချော့မြူနှစ်သိမ့်နေတဲ့သူ့ရဲ့
စကားလုံတွေအောက်အချစ်ရဲ့မျက်ရည်
ထိန်းချုပ်မရခဲ့...
အချစ်တစ်ကယ်ကိုထပ်ပြီးမငိုချင်ပါဘူး
သူ့ရှေ့မှာပျော့ညံ့နေတဲ့အချစ်ရဲ့ပုံစံကိုမပြချင်လို့လေ..
ဒါပေမဲ့ဆန့်ကျင်ဘက်နွမ်းလျနေတဲ့နှလုံးသားကတော့
သူ့ဆီကနှစ်သိမ့်မူ့ကိုမျှော်လင့်နေခဲ့တယ်နဲ့တူပါရဲ့...
နောက်ဆုံး..သူအချစ်ဦးခေါင်းလေးကို
ရင်ခွင်ထဲဆွဲသွင်းပွေ့ပိုက်လိုက်တဲ့အထိ..
အချစ်ရဲ့မျက်ရည်တွေကမရပ်တန့်နိုင်ခဲ့တာက
တိကျခိုင်မာတဲ့သက်သေတစ်ခုပါပဲ...
~~~~~~~~~~~~~~🌺🌺🌺
"ဗျာ..ရိန်းဂျွန်လေးဆုံးသွားပြီဟုတ်လား
ဆရာဘုန်းမြင့်...."
"ဟုတ်ပါတယ်..ဆေးရုံအုပ်ကြီး
ဒီနေ့ညနေ၅နာရီလောက်ကပဲ...
သွေးပေါင်တွေတအားထိုးကျပြီး
နှလုံးရပ်သွားတာ..Sky-Highရဲ့
တာဝန်ခံဆရာဝန်တွေလဲ..နှလုံးပြန်ခုန်လာဖို့
အသည်းအသန်ကြိုးစားခဲ့ကြပေမဲ့..နှလုံးက
လုံးဝပြန်မခုန်လာတော့ဘူး...၅နာရီ၁၅လောက်မှာပဲ
ဆုံးသွားတယ်..."
ပါမောက္ခဆရာဝန်ကြီးဦးဘုန်းမြင့်ဇော်ရဲ့
စကားအဆုံး..ဆိုဖာမှာအရုပ်ကြိုးပြတ်
နောက်လှန်မှီကျသွားတဲ့ဆေးရုံအုပ်ကြီး
ဦးကျော်ဇော...
"ဒုဥက္ကဌရော..သူ့ရဲ့အခြေအနေ
ဘယ်လိုရှိလဲ..."
"ဒုဥက္ကဌကတော့အရမ်းစိတ်ထိခိုက်နေတာပေါ့..
ရိန်းဂျွန်လေးနှလုံးအစားထိုးခွဲစိတ်မူ့လုပ်ပြီး
နေကောင်းလာဖို့ကို..ဒုဥက္ကဌက
အရမ်းမျှော်လင့်ထားတာ...အခုကျွန်တော်တို့
ဘယ်လိုလုပ်ကြမလဲ...ရိန်းဂျွန်လေးအခုလို
ဆုံးသွားရတာ..ဒုဥက္ကဌကကျွန်တော်တို့မှာလဲ
တာဝန်ရှိတယ်လို့တွေးရင်..တော်ဝင်ဆေးရုံကြီး
တစ်ခုလုံးဒုက္ခရောက်ရပါလိမ့်မယ်...အဓိက
သူလိုချင်တဲ့ခွဲစိတ်ဆရာဝန်ကို..ကျွန်တော်တို့က
ချက်ချင်းမပို့ပေးနိုင်ခဲ့ဘူးလေ..."
"ဒါပေမဲ့..မောင်စည်းစနစ်လိုဖြောင့်မတ်တဲ့
ဆရာဝန်မျိူးက..ဒီလိုခွဲစိတ်မူ့မျိုးအတွက်
စည်းရုံးဖို့မလွယ်ဘူးဆိုတာ..ဆရာဘုန်းမြင့်လဲ
သိနေတာပဲ..."
"ကျွန်တော်သိတာမှန်ပေမဲ.......
ဒုဥက္ကဌကတော့......ကျွန်တော်တို့လို
တွေးမှာမဟုတ်ပါဘူး..တစ်ကယ်လို့ရိန်းဂျွန်လေးနဲ့
ပါတ်သတ်ပြီးသူ့ရဲ့ဒေါသတွေကိုတော်ဝင်ဆေးရုံ
အပေါ်ပုံချခဲ့ရင်...."
ဦးဘုန်းမြင့်ဇော်စကားကိုဆုံးအောင်မဆက်ပဲ
ဦးကျော်ဇောကိုအဓိပ္ပါယ်ပါပါကြည့်သည်။
"ခင်ဗျားကျွန်တော့်ကိုဘယ်လိုလုပ်စေချင်တာလဲ
ဆရာဘုန်းမြင့်...."
"ကျွန်တော်တို့ဒုဥက္ကဌကိုဦးအောင်အရင်
တောင်းပန်ရပါလိမ့်မယ်....."
ဦးဘုန်းမြင့်ဇော်ရဲ့စကားဆုံးတော့ဦးကျော်ဇောက
ခဏမျှစဉ်းစားဟန်ဖြစ်သွားပြီးမှထောက်ခံသလို
ခေါင်းငြိမ့်သည်။
"ကောင်းပြီ..ဒါဆိုလဲ..ကျွန်တော်ခင်ဗျားနဲ့အတူ
မနက်ဖြန်Sky-Highကိုသွားကြတာပေါ့..."
~~~~~~~~~~~~~🌺🌺🌺
အချစ်သမီးလေးကိုစိတ်မချသည့်စိုးရိမ်မူ့တွေနှင့်
တစ်ညလုံးတရေးမှမအိပ်နိုင်ခဲ့သလို..
ဆေးရုံခန်းထဲမှာအချစ်နဲ့အတူရှိနေပေးခဲ့သော
သူကလဲထိုအတိုင်းပင်...
ခွဲစိတ်မူ့အောင်မြင်ပြီးအခြေအနေက
စိတ်ချရတယ်ဆိုတဲ့သူ့ရဲ့စကားအတိုင်း
မနက်၄နာရီလောက်မှာပဲ..သမီးလေးသတိ
ပြန်လည်လာခဲ့သည်။
ဆေးရုံခန်းထဲမှာလဲသူကအသင့်ရှိနေတာမို့
ချက်ချင်းပင်တာဝန်ကျသူနာပြုတွေကိုခေါ်ပြီး
သမီးလေးရဲ့အခြေအနေကိုထပ်ပြီးစစ်ဆေး၏...
သမီးလေးကတော့စကားမပြောနိုင်သေးပဲ
လူကြီးတွေမေးသမျှကိုခေါင်းငြိမ့်ခေါင်းခါ
လောက်သာလုပ်ပြနိုင်ပြီး...အချစ်လက်ကို
တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း
ဆေးရှိန်နဲ့ပြန်အိပ်ပျော်သွားသည်။
မနက်၉နာရီလောက်မှာနောက်တစ်ခေါက်
ပြန်နိုးလာတော့...သတိလည်လာကာစထက်စာရင်
လန်းလန်းဆန်းဆန်းလေးဖြစ်နေပြီး...
စကားကိုလဲတစ်ခွန်းစနှစ်ခွန်းစအားယူပြီး
ပြောသည်။
"နာနေလား...မီးလေး..."
"အင်း..နည်းနည်းနာတယ်..မေမေ
မီးလူပ်လို့မရဘူး....သိလား..."
"မီးလေးကခွဲစိတ်ထားတာကိုး...
ဘယ်လိုလုပ်လူပ်လို့ရမှာလဲ...ဒါပေမဲ့
ခဏပဲသိလား...မီးလေးတစ်ရက်နှစ်ရက်နေရင်
ကောင်းသွားမှာ..."
"ဒါဆို..မီးကရက်ဒီလောက်ကြာသွားရင်
အိမ်ပြန်လို့ရပြီပေါ့နော်..."
လက်လေး၅ချောင်းကိုခပ်ဖြေးဖြေးမြှောက်ပြလာရင်း
ပြောလိုက်သံလေးကခပ်တိုးတိုး...
အချစ်သမီးလေးရဲ့ကိုယ်သေးသေးလေးကို
အုပ်မိုးပွေ့ဖက်လိုက်ရင်းနဖူးလေးကို
ဖွဖွနမ်းလိုက်သည်။
"အင်း..ဒါပေါ့..ပြန်လို့ရပြီ..."
"ဦးဦးဒေါက်တာကအရမ်းတော်တာပဲနော်မေမေ
မီးကိုနေကောင်းအောင်ကုပေးတယ်..."
ပြောရင်းမောသွားသလိုသမီးလေးက
စကားကိုခဏရပ်ပြီး..အချစ်မျက်နှာကိုငေးငေးလေး
ကြည့်သည်။
"မေမေ.."
"ရှင်...."
"မီးရဲ့ဖေဖေကရော..ဦးဦးဒေါက်တာလို
တော်လားဟင်..."
ရုတ်တရပ် သမီးလေးရဲ့စကားကြောင့်
အချစ်ယောင်ယမ်းပြီးအောက်နူတ်ခမ်းကို
ဖိကိုက်လိုက်မိသည်။
"မီးနေမကောင်းတာတောင်ဖေဖေက
ဘာလို့မီးကိုတစ်ခေါက်တောင်လာမကြည့်
တာလဲ...ဖေဖေကမီးကိုမချစ်လို့လား...."
အချစ်..သမီးလေးကိုဘာမှပြန်မပြောနိုင်ပဲ
ငေးမောမိသွားရ၏...
ဒီအခြေအနေမှာအချစ်သမီးလေးကို
ဆက်ပြီးဖုန်းကွယ်ထားသင့်ရဲ့လားဆိုတဲ့
အဖြေကိုအပြေးအလွှားစဉ်းစားလိုက်မိတော့
အားငယ်ဝမ်းနည်းနေတဲ့သမီးလေးရဲ့
မျက်ဝန်းတွေကအချစ်နှလုံးသားထဲခပ်စူးစူး
စိုက်ဝင်သည်။
"မေမေ..မီးမေးတာကိုဘာလို့မဖြေတာလဲဟင်..."
"ဟင်..."
"ဖေဖေကမီးကိုမချစ်လို့လာမကြည့်တာ
မဟုတ်လား.."
"အို..အဲ့လိုမဟုတ်ပါဘူး..ရွှေဘုံလေးရယ်
မီးလေးရဲ့ဖေဖေကမီးလေးကိုအရမ်းချစ်တာပါ..."
အချစ်ထိုစကားအပြင်ဆက်ပြီးပြောမထွက်တော့
သမီးလေးကတော့အချစ်ဆက်ပြောလာမဲ့
စကားကိုမျှော်လင့်တကြီးစောင့်စားနေပုံပါ...
အချစ်..သမီးလေးရဲ့ကိုယ်လုံးသေးသေးလေးကို
နောက်တစ်ကြိမ်အုပ်မိုးပွေ့ဖက်လိုက်ရင်း...
"ဖေဖေကသမီးလေးကိုလာတွေ့မှာပါ..
သိပ်မကြာခင်ပေါ့...."
~~~~~~~~~~~~~🌺🌺🌺
"HDU-5ကလူနာက...ဒီမနက်၂ခါ
သတိလစ်သွားတယ်..ပြီးတော့လူနာကတောက်လျောက်
သွေးပေါင်မကောင်းဘူး...ကျွန်တော်လက်မှတ်
ထိုးပေးလိုက်မယ်..သူ့ကိုICUထဲရွေ့ဖို့
လုပ်ပါ.."
"ဟုတ်ကဲ့ပါ..ဆရာ.."
လက်ထောက်ဆရာဝန်မလေးကိုလက်မှတ်ထိုး
လိုက်တဲ့ဖိုင်တွဲကိုလှမ်းပေးရင်းစည်းလှည့်ထွက်
လိုက်ချိန်မှာခေါင်းထဲမိုက်ခနဲဖြစ်သွားကြောင့်
ခြေထောက်တွေယိုင်နဲ့သွားခဲ့၏...
"ဘာဖြစ်တာလဲဆရာ.."
"ဒေါက်တာ..ရရဲ့လား..."
"ရတယ်..ရတယ်..."
စိုးရိမ်တကြီးဖေးမတွဲကူဖိူ့ကြိုးစားလာတဲ့
အနီးအပါးကလူတွေကိုစည်းလက်ကာ
ပြလိုက်ရင်း...ဟန်မပျက်လှမ်းထွက်လိုက်သည်။
ဒီအတောအတွင်းဆေးရုံမှာပဲဆက်တိုက်ရှိနေခဲ့ပြီး
အိပ်ရေးပျက်ညတွေကလဲများနေပြီမို့...
စိတ်ကသာဆောင်နေသော်လဲ..နွမ်းနယ်နေတဲ့
ခန္ဓာကိုယ်ကအချက်ပြနေလေပြီ....
အခုလဲroundလှည့်ပြီး..နားနေခန်းမှာခဏတော့
အနားယူအိပ်စက်သင့်မှန်းသိပေမဲ့လဲ...
သမီးလေးကိုစိတ်မချတာကြောင့်
စည်း..အောက်ကိုပြန်ဆင်းရန်ဓာတ်လှေကား
ရှိရာကိုပဲတစ်လှမ်းချင်းလျောက်လာခဲ့သည်။
"က်စ္..."
သို့ပေမဲ့တဖြေးဖြေးအခြေအနေပိုဆိုးလာကာ
တရိပ်ရိပ်မူးဝေလျက်မျက်လုံးတွေလဲပြာလာခဲ့တော့
စည်း..ဂျူတီကုတ်အိတ်ကပ်ထဲမှာအမြဲ
ဆောင်ထားတဲ့...အားဆေးဘူးကိုထုတ်ယူကာ
ဖွင့်ဖို့ကြိုးစားလိုက်ချိန်မှာ...ဘယ်လိုမှမဟန်နိုင်တော့ပဲ
ခြေထောက်တွေကညွတ်ခွေကျသွားခဲ့တော့သည်။
"ဒေါက်တာလဲသွားပြီ..."
"စီနီယာ..."
"ဆရာ..."
စိုးရိမ်တကြီးအသံတွေနှင့်လူတွေဝိုင်းအုံလာတာကို
ဝေဝေဝါးဝါးမြင်နေခဲ့ရရင်း
"စည်း...."
သတိမလွတ်ခင်အချိန်ခဏလေးမှာ....
စည်းရဲ့နားထဲတိုးဝင်လာတဲ့ခေါ်သံနှင့်အတူ
လဲကျနေတဲ့စည်းရဲ့နားကိုစိုးရိမ်တကြီးပြေးလာနေတဲ့
သူမရဲ့ပုံရိပ်လေး.....
~~~~~~~~~~~~~ဆက်ရန်
Writer by
#Hazel
ဒီအတောအတွင်းစောင့်နေပေးလို့ကျေးဇူးတင်ပါတယ်
ဟေဇယ်ပြန်လာပါပြီ..ခုကစပြီး
စာလေးတွေပုံမှန်ပြန်တင်ပေးမယ်နော်😊😊