book

Index 17

အပိုင်း(၁၇)

  • Author : Hazel Nhte
  • Genres : Romance, Comedy, Drama

💛အကြင်နာလက်တစ်ကမ်း💛



~~~~~~~~~


"ဂျွန်...ဘာဖြစ်တာလဲ..."


"ရုတ်တရပ်ကြီးနှလုံးရပ်သွားတာပါ

ဒုဥက္ကဌ...အခုအခြေအနေကို

ထိန်းလိုက်နိုင်ပါပြီ..."


ပြန်ဖြေလာတဲ့စကားသံကိုဆုံးအောင်

နားမထောင်နိုင်တော့ပဲတံခါးကိုဝုန်းခနဲ

တွန်းဖွင့်လျက်နေရောင်စက်ရှိန်အခန်းထဲကို

ပြေးဝင်သွားလိုက်လျှင်ရိန်းဂျွန်ရဲ့ဘေးမှာ

ဝိုင်းနေကြတဲ့ဆရာဝန်နှင့် special nurseတွေ

ဘေးသို့ရှဲကုန်ကြ၏...


"ဂျွန်..."


စိုးရိမ်တကြီးအော်ခေါ်ရင်းကုတင်နားကို

သူတမဟုတ်ချင်းရောက်သွားသည်။


"ဘယ်လိုဖြစ်တာလဲ..."


ဒေါသတကြီးမေးရင်းဘေးမှာရပ်နေသော

ညီဖြစ်သူရဲ့တာဝန်ခံဆရာဝန်အား

ဂျူတီကုတ်ရင်ဘတ်စကိုဆုပ်ဆွဲလိုက်၏...


"ရုတ်တရပ်ကြီးသွေးပေါင်တွေထိုးကျသွားလို့

နှလုံးခဏရပ်သွားတာပါဒုဥက္ကဌ

အခုCPRလုပ်ပြီးအခြေနေကိုထိန်းလိုက်နိုင်ပါပြီ.."


ပြောရင်းဆရာဝန်ကခေါင်းငုံ့သွားသည့်အခါ

နေရောင်စက်ရှိန်ရဲ့မျက်ဝန်းတွေက

ဆေးရုံကုတင်ပေါ်ရှိညီဖြစ်သူဆီ

အကြည့်ရောက်သည်။


"အောက်စီဂျင်ကလဲ၄၀အောက်ကို

ရောက်သွားတာပါ..ကံကောင်းလို့အချိန်မှီ

ထိန်းလိုက်နိုင်ပါတယ်..အခုနည်းနည်းတော့

စိတ်ချရပါပြီ..."


"နည်းနည်းဟုတ်လား...ခင်ဗျားတို့ဆီက

ဒီလိုမသေချာမရေရာတဲ့စကားတွေကိုကြားချင်လို့

သိန်းပေါင်းမြောင်မြားစွာနဲ့ဌားရမ်းပြီး

ကျွန်တော့်ညီရဲ့နားမှာထား,ထားတာမဟုတ်ဘူး.."


"ကျွန်တော်ကခွဲစိတ်ဆရာဝန်တစ်ယောက်မှ

မဟုတ်တာပဲ..ကျွန်တော်ဒီအတောအတွင်း

အစွမ်းကုန်ကြိုးစားပေးခဲ့တာဒုဥက္ကဌလဲ

အသိဆုံးပါ..ဒါပေမဲ့အချိန်မရွေးအသက်အန္တာရယ်

ရှိလာနိုင်တဲ့နှလုံးအစားထိုးကုသရမဲ့

ကလေးတစ်ယောက်ကို...ဒီအတိုင်း

သက်သာလာအောင်တော့ကျွန်တော်မစွမ်းနိုင်ပါဘူး..

ရိန်းဂျွန်အတွက်ဘယ်နည်းလမ်းက

အကောင်းဆုံးဖြစ်မလဲဆိုတာလဲ...

ကျွန်တော်ဒုဥက္ကဌကိုအကြံပေးပြီးပါပြီ..."


တာဝန်ခံဆရာဝန်ဆရာဝန်ရဲ့စကားအဆုံး

ဂျူတီကုတ်ကိုဆုပ်ဆွဲထားတဲ့နေရောင်

စက်ရှိန်ရဲ့လက်တွေလဲပြေကျသွားခဲ့ရသည်။


ထိုအခါသူ့ရဲ့ခံစားချက်ကိုအပြည့်အဝ

နားလည်ပေးနိုင်ပုံရသည့်တာဝန်ခံဆရာဝန်က

သက်ပြင်းရိူက်သံတစ်ချက်နှင့်အတူ

စကားဆက်သည်။


"ကျွန်တော်တို့ဒီ့ထက်ပိုပြီးစောင့်လို့

မရတော့ပါဘူးဒုဥက္ကဌ...ရိန်းဂျွန်ရဲ့

ခွဲစိတ်မူ့ကိုအမြန်ဆုံးလုပ်ရပါလိမ့်မယ်..."


"မိုက်ခ်..."


နေရောင်စက်ရှိန်တာဝန်ခံဆရာဝန်ကို

ဘာမှမတုံ့ပြန်ပဲ...နောက်မှာရပ်နေသည့်

အတွင်းရေးမှူးကိုငဲ့ကြည့်ကာခေါ်လိုက်သည်။


"ခွန်ဂျူးတို့ဘက်ကိုဆက်သွယ်လိုက်ပါ

ပြောထားတဲ့အတိုင်း...ဒီရက်ပိုင်းမှာ

အသင့်ပြင်ထားပါလို့..."


"ခွန်ဂျူးတို့ဘက်ကတော့အမြဲတမ်း

အဆင်သင့်ဖြစ်ပါတယ်ဒုဥက္ကဌ...

ဒါပေမဲ့...သခင်လေးဂျွန်အတွက်

ရွေးထားတဲ့ခွဲစိတ်ဆရာဝန်ဘက်ကရော..."


ထိုအမေးကြောင့်နေရောင့်မျက်နှာပျက်စင်း

သွားခဲ့၏...


"ဒေါက်...ဒေါက်..."


ထိုအချိန်တံခါးခေါက်သံကိုကြားလိုက်ရပြီး

အထဲကိုလှမ်းဝင်လာတဲ့လူတစ်ယောက်...


"ဂျိူးဇက်..."


မကြာသေးခင်အချိန်ကဆေးရုံကို

လွှတ်ခဲ့တဲ့သူ့ရဲ့သက်တော်စောင့်ခေါင်းဆောင်

ဂျိုးဇက်ကိုခေါင်းငုံ့လျက်တစ်ယောက်ထဲ

လှမ်းဝင်လာတာမြင်လိုက်တဲ့အခါ...

နေရောင်စက်ရှိန်ရဲ့မျက်ဝန်းတွေက

တင်းမာသွားခဲ့၏...


"မင်းတစ်ယောက်ထဲပြန်လာတာလား...."


"တောင်းပန်ပါတယ်..ဒုဥက္ကဌ..."


"သူက..ဘာပြောလဲ..."


အခြေအနေကိုသဘောပေါက်လိုက်ပြီမို့

နေရောင်စက်ရှိန်အံကြိတ်သံနှင့်မေးလိုက်သည်။

သို့ပေမဲ့ဂျိူးဇက်ကမဖြေပဲ

ခေါင်းကိုပိုပြီးငုံ့သွား၏...


"ငါမင်းကိုမေးနေတယ်..."


နောက်တစ်ကြိမ်သူ့အသံကဟိန်းခနဲ

ထွက်လာတော့မှဂျိူးဇက်ကသူ့ကို

မဝံ့မရဲကြည့်လာခဲ့ရင်း...


"သူကဒုဥက္ကနဲ့ဘာမှဆွေးနွေးစရာမရှိဘူးလို့

ပြောပါတယ်...ပြီးတော့..."


"ပြီးတော့..ဘာဖြစ်လဲ..."


အံကြိတ်သံနှင့်အေးစက်စက်မေးလာသည့်

မိမိတို့သူဌေးရဲ့စိတ်ကိုသိနေတာမို့

ဂျိူးဇက်မျက်ဝန်းတွေကိုဖိပိတ်ချလိုက်ရင်း...


"သခင်လေးရဲ့ခွဲစိတ်မူ့ကိုသူ့ဘက်က

ချွင်းချက်မရှိငြင်းပယ်ပါတယ်တဲ့..."


"ဘာ..."


~~~~~~~~~~~~~❤◦.¸¸. ◦✿


"ဒီမှာလက်မှတ်ထိုးပေးပါ...သမီးလေးရဲ့

ခွဲစိတ်မူ့အတွက်လူနာရှင်က

သဘောတူကြောင်းလက်မှတ်..."


သူပေးလာတဲ့ဖိုင်တွဲနှင့်ရွှေရောင်ဖောင်တိန်လေးကို

အချစ်တုန်ရီစွာလှမ်းယူရင်းလက်မှတ်ထိုးဖို့

ပြင်လိုက်သည်။


"အော်ပရေးရှင်းလုပ်မဲ့အချိန်..မနက်ဖြန်ညနေ

၄နာရီပါ....ငါအကောင်းဆုံးလုပ်မှာမို့

ငါ့ကိုယုံပြီးဘာကိုမှမတွေးပဲလက်မှတ်ထိုးပေးနိုင်မလား.."


အချစ်မျက်နှာကိုငုံ့မိုးကြည့်ပြီး

တည်ငြိမ်စွာပြောလာတဲ့သူ့ရဲ့စကားအဆုံး

အချစ်...ဖောင်တိန်လေးကိုခပ်တင်းတင်း

ဆုပ်ကိုင်လျက်ဖိုင်တွဲမှာလက်မှတ်ထိုးလိုက်၏...


ထို့နောက်..သူကဆေးရုံကုတင်ပေါ်မှာ

အိပ်ပျော်နေတဲ့သမီးလေးကိုတစ်ချက်ကြည့်ပြီး

အချစ်ကိုပြုံးပြကာနေရာကနေလှည့်

ထွက်ဖို့ပြင်သည်။


"စည်း..."


အချစ်ခေါ်လိုက်တော့သူကခြေစုံရပ်ကာ

ပြန်လှည့်ကြည့်လာ၏...


"တစ်ကယ်အဆင်ပြေသွားမှာပါနော်..

သမီးလေး...ငါတို့သမီးလေး

ပြန်ပြီးနေကောင်းလာမှာမဟုတ်လား..."


မိခင်တစ်ယောက်ရဲ့ပူပန်မူ့တွေနှင့်

မျက်ရည်တွေဝေ့ဝဲနေရှာသည့်သူမရဲ့

စကားလုံးတွေထဲမှငါတို့ဆိုသော

အသုံးအနူန်းစည်းရဲ့နူတ်ခမ်းအစုံကို

ပြုံးယောင်သမ်းသွားစေခဲ့၏...


စည်း..သူမနားကိုပြန်လျောက်လာရင်း

သူမကိုဆတ်ခနဲပွေ့ဖက်လိုက်မိတာက

တင်းတင်းကြပ်ကြပ်နှင့်ဖြစ်သည်။


"မစိုးရိမ်ပါနဲ့...မနက်ဖြန်မှာငါသေရမယ်

ဆိုရင်တောင်သမီးလေးရဲ့ခွဲစိတ်မူ့ကို

အန္တာရယ်ကင်းကင်းနဲ့အောင်မြင်အောင်

လုပ်မှာပါ...အဲ့ဒါမှ...သမီးလေးအတွက်

တာဝန်မဲ့ခဲ့တဲ့ဖခင်အဖြစ်ကနေ

အပြစ်နည်းနည်းလောက်ပဲဖြစ်ဖြစ်

လျော့ချနိုင်မှာမဟုတ်လား..."


"စည်း..."


"ငါတို့သမီး...သူ့ကိုနင့်ဆီငါအကောင်းအတိုင်း

ပြန်ပို့ပေးပါ့မယ်.. ရှေ့လျောက်သာမာန်ကလေးတွေလို

ပျော်ပျော်ရွှင်ရွှင်နဲ့ဆော့ကစားပြီး၊ကျောင်းစာကိုလဲ

ကောင်းကောင်းသင်ယူပြီး...သမီးလေးအတွက်

ပျော်ရွှင်စရာကောင်းတဲ့သာမာန်ဘဝလေးတစ်ခုကို

ငါပေးပါ့မယ်..."


"........."


"ငါလုပ်ပေးနိုင်သမျှအကုန်လုံးကို

နင်နဲ့သမီးလေးအတွက်လုပ်ပေးမှာပါ..

အဲ့ဒါကြောင့်...ငါ့ကိုယုံကြည်ပေးပါလား

အချစ်ရယ်..."


~~~~~~~~~~~~~❤◦.¸¸. ◦✿


"ဒီနေ့နင်သမီးလေးရဲ့ဘေးမှာအိပ်လိုက်ပါလား

ငါနင်နဲ့သမီးလေးကိုစောင့်ပေးပါ...."


"ဟင့်အင်း...ငါမအိပ်ချင်ပါဘူးနင်လဲ

ကိုယ့်အခန်းကိုယ်ပြန်ပါ...တခြားသူတွေ

မြင်သွားရင်မကောင်းဘူး..."


"ဘာမှမကောင်းစရာမရှိဘူး...နင်ကငါ့ရဲ့

မိန်းမဆိုတာဆေးရုံတစ်ခုလုံးသိပြီးနေပြီ.."


"ဟင်..."


အချစ်အံ့ဩသွားခဲ့ရသလောက်သူကတော့

တည်ငြိမ်အေးဆေးစွာနှင့်အသင့်ယူလာတဲ့

Laptopကိုဖွင့်ပြီးကုတင်ဘေးက

ခုံရှည်လေးမှာထိုင်နေတဲ့အချစ်ရဲ့ဘေးမှာ

ဝင်ထိုင်သည်။


"သမီးလေးရဲ့အော်ပရေးရှင်းအတွက်

ငါအသေးစိတ်ပြင်ဆင်စရာတွေရှိသေးတယ်..

အဲ့ဒါကြောင့်ငါဒီညအိပ်ပျော်မှာမဟုတ်ဘူး..."


"မနက်ဖြန်ခွဲစိတ်ခန်းဝင်ရမဲ့သူက

အိပ်ရေးပျက်တော့ဘယ်လိုလုပ်မလဲ..."


အချစ်စကားကြောင့်သူကခပ်သဲ့သဲ့ပြုံးသည်။


"အိပ်ရေးပျက်တာငါ့အတွက်အဆန်းမှ

မဟုတ်တာ..ငါအင်္ဂလန်မှာရှိနေတုန်းကဆို

တစ်နေ့ကိုအိပ်ချိန်က၃နာရီလောက်ပဲရှိတယ်

နားရက်တွေမှာတောင်ဆေးရုံတွေကို

ဂျူတီဝင်ပေးခဲ့ရတာဆိုတော့..ကြာတော့

ပင်ပန်းလို့ပင်ပန်းမှန်းတောင်မသိခဲ့ဘူး..."


စကားကိုခဏရပ်ကာစည်းသူမကို

ငဲ့ကြည့်လိုက်တော့သူမကလဲစည်းကို

စူးစူးစိုက်စိုက်လေးကြည့်နေခဲ့၏...


"ငါအဲ့ဒီ့အချိန်တုန်းကအရာအားလုံး

မေ့လျော့နေခဲ့မိတာ...ငါကအရမ်းအတ္တ

ကြီးတယ်မဟုတ်လား...အချစ်.."


"အဲ့ဒီ့အကြောင်းတွေကို ထပ်ပြီးမပြောပါနဲ့တော့

ငါလွန်ခဲ့တဲ့၄နှစ်တုန်းကအချိန်တွေကို

ပြန်မစဉ်းစားချင်တော့ဘူး...ငါအဲ့ဒီ့အကြောင်းတွေကို

ပြန်တွေးလိုက်မိရင်နင့်မျက်နှာကိုကြည့်ဖို့

အင်အားမရှိတော့သလိုပဲ..အဲ့ဒီ့အခါငါက

သမီးလေးအတွက်မစဉ်းစားတဲ့မိခင်တစ်ယောက်

ဖြစ်သွားလိမ့်မယ်..."


အဓိပ္ပါယ် တစ်မျိူးကိုသက်ရောက်သွားသည့်

သူမရဲ့စကားလုံးတစ်ချို့ကြောင့်

စည်းနှလုံးသားကဒိတ်ခနဲတိုးခုန်သွားခဲ့၏...

သူမကတော့စည်းဆီကနေအကြည့်တွေကို

လွဲဖယ်ပြီးအရှေ့ကိုမျက်နှာလေးပြန်လှည့်ကာ

ဆေးရှိန်နဲ့အိပ်ပျော်နေတဲ့သမီးလေးကို

ငေးငေးလေးကြည့်သည်။


"ငါနင့်ကိုခွင့်မလွတ်နိုင်ပေမဲ့..သမီးလေးရဲ့

အဖေအဖြစ်တော့အမြဲတမ်းအသိအမှတ်ပြုထား

ခဲ့ပြီးသားပါ...နင်ပြောတာမှန်ပါတယ်

ငါနင့်ကိုခါးခါးသီးသီးငြင်းဆန်နေခဲ့တာ

သမီးလေးအတွက်မစဉ်းစားပေးသလို

ဖြစ်နေခဲ့တယ်..နင့်ကြောင့်ဒဏ်ရာတွေ

အထပ်ထပ်ရခဲ့တဲ့ငါ့နှလုံးသားထဲက

နာကျင်မူ့တွေကြောင့်...ငါနင့်ကိုတသက်လုံး

မုန်းသွားနိုင်လိမ့်မယ်လို့ငါထင်ထားခဲ့တာ...

ဒါပေမဲ့..အခုတော့ငါရူံးသွားသလိုခံစားလိုက်ရတယ်.."


စည်း..မီးရောင်အောက်မှာဘေးတိုက်

မြင်နေရတဲ့သူမရဲ့မျက်နှာလေးကို

မျက်တောင်မခတ်စတမ်းစိုက်ကြည့်နေမိရင်း

ဘာစကားမှမတုံ့ပြန်နိုင်ခဲ့...


ထိုအခါမျက်ရည်ရောင်လက်နေတဲ့

သူမရဲ့မျက်ဝန်းတွေကစည်းကိုတဖန်

ပြန်လည်ငဲ့ကြည့်လာခဲ့ပြီးနောက်....


"နင်ငါ့ကိုပြောခဲ့တဲ့အတိုင်းနင့်ရဲ့

ကတိတွေကိုတည်ပေးပါ..နင်လုပ်ပေးနိုင်သမျှ

အရာအားလုံးကိုလုပ်ပြီးငါတို့ရဲ့သမီးလေးကို

ပျော်ရွှင်စရာကောင်းတဲ့သာမာန်

ဘဝလေးတစ်ခုကိုဖန်တီးပေးပါ...ဒါက

သမီးလေးကိုတာဝန်ယူထားတဲ့

ဆရာဝန်တစ်ယောက်ကိုမဟုတ်ပဲ...

သမီးရဲ့အဖေကိုငါကတောင်းဆိုနေတာပါ.......

စည်း......."


~~~~~~~~~~~~~~❤◦.¸¸. ◦✿


စည်းအတွက်၅နှစ်ဆိုတဲ့အချိန်ကာလ

တစ်ခုအတွင်းနှလုံးသားတစ်ခုလုံး

နွေးနွေးထွေးထွေးနဲ့ပေါ့ပါးနေသလို

ခံစားခဲ့ရတဲ့အခိုက်အတန့်လေးတစ်ခုပါပဲ...


ဆေးရုံကုတင်ပေါ်မှာ သမီးလေးကို

ပွေ့ဖက်လျက်အိပ်ပျော်နေတဲ့သူမရဲ့

မြင်ကွင်းလေးကိုငေးကြည့်နေခဲ့ရတာ....


ထို့အတူမကြာသေးခင်အချိန်ကသူမပြောခဲ့တဲ့

စကားတွေထဲစည်းအတွက်မျှော်လင့်ချက်

အရိပ်အငွေ့လေးတစ်ချို့ယှက်သန်းနေတာကိုပါ

ပြန်စဉ်းစားလိုက်မိတော့...စည်းအလိုလို

ပြုံးမိသွားရသည်။


Laptopကိုပေါင်ပေါ်ကနေချကာ

ထိုင်ရာကနေထရပ်လိုက်ရင်း

ကုတင်ခြေရင်းကစောင်ပါးလေးကို

သားအမိနှစ်ယောက်ပေါ်ခပ်ဖြည်းဖြည်း

လွှမ်းခြုံပေးလိုက်စဉ်မှာ...


"Ring>>>Ring...."


ဂျူတီကုတ်ထဲကဖုန်းမြည်သံကြောင့်

သူမနှင့်သမီးလေးနိုးသွားမည်စိုး၍

စည်းအလျှင်အမြန်ပဲထုတ်ယူကိုင်လိုက်၏...


"ဟဲလို..."


"ဟဲလို...."


တစ်ဖက်ကကြားလိုက်ရတာစည်းမရင်းနှီးတဲ့

ယောကျာင်္းသံတစ်သံမို့..စည်းဖုန်းကိုပြန်ကြည့်

လိုက်တော့ပေါ်နေတဲ့နံပါတ်ကလဲ

မရင်းနှီးတဲ့နံပါတ်စိမ်းတစ်ခုဖြစ်နေ၏...


"အခုပြောနေတာ..ဒေါက်တာစည်းစနစ်ပါနော်.."


နာမည်ကိုတပ်ပြီးမေးလိုက်တဲ့

အနည်းငယ်ခတ်ထန်နေသော

အသံလိူင်းကြောင့်စည်းမျက်မှောင်

ကြုတ်မိ၏...


"ဟုတ်ပါတယ်..ကျွန်တော်ကစည်းစနစ်ပါ.."


"ကျွန်တော့်နာမည်ကနေရောင်စက်ရှိန်ပါ

Sky High လုပ်ငန်းစုရဲ့

ဒုဥက္ကဌ...."


"ဪ...."


တစ်ဖက်ကကိုယ့်ကိုကိုယ်မိတ်ဆက်လာ

ချိန်မှာ..စည်း`ဪ´ကိုသံရှည်ဆွဲပြီး

ရေရွတ်လိုက်သည်။


"ဒီနေ့ကျွန်တော့်ရဲ့လူတွေနဲ့

ဒေါက်တာ့ကိုSky Highကို

ဖိတ်ခေါ်ဖို့ကြိုးစားခဲ့တာက...

မယဉ်ကျေးတဲ့သဘောသက်ရောက်ခဲ့တာကို

စဉ်းစားမိလို့..ဖုန်းဆက်ပြီးတောင်းပန်ချင်နေတာပါ.."


လိုတာထက်ပိုပြီးအဆင်ချောနေတဲ့

စကားသံရဲ့နောက်ကကိစ္စတစ်ချိူ့ကို

စည်းရိပ်စားမိလိုက်သလိုပါပဲ.....


"အမှန်ဆို..ကျွန်တော်ကိုယ်တိုင်ဒေါက်တာ့ကို

လာတွေ့ခဲ့သင့်တာ.."


"မဟုတ်တာပဲ...ဒုဥက္ကဌကအရမ်း

အလုပ်များတဲ့လူဆိုတာကျွန်တော်သိပါတယ်

ဒီကိစ္စကိုစိတ်ထဲမထားပါနဲ့..."


"ဒေါက်တာကသဘောထားကြီးလို့

တော်ပါသေးတယ်...အခု..ကျွန်တော်

ဆေးရုံအပြင်ကိုရောက်နေတာပါ...

ဒေါက်တာဒီနေ့ကကိစ္စကိုစိတ်ထဲ

မထားဘူးဆိုရင်...ကျွန်တော့်ကိုခဏလောက်

ထွက်တွေ့ပေးနိုင်မလား...."


"အားနာပေမဲ့...ကျွန်တော်အခုမအားပါဘူး

မနက်ဖြန်လုပ်ရမဲ့အရေးကြီးအော်ပရေးရှင်း

တစ်ခုအတွက်ပြင်ဆင်နေတာမို့ပါ..."


"အဟက်..ဒေါက်တာကကြားထားတဲ့အတိုင်း

လူနာတွေကိုတစ်ကယ်ဂရုစိုက်တာပဲ

ဒီလိုညတောင်မအိပ်ပဲခွဲစိတ်မူ့အတွက်

ပြင်ဆင်နေခဲ့တာ...အဲ့ဒါကြောင့်လဲကျွန်တော်က

ရိန်းဂျွန်လေးရဲ့ခွဲစိတ်မူ့အတွက်

ဒေါက်တာ့ကိုတာဝန်ယူစေချင်ခဲ့တာပါ..."


"ရိုးရိုးသားသားနဲ့ဥပဒေကိုမဆန့်ကျင်ရမဲ့

အရာမျိုးဆိုရင်ကျွန်တော့်ဘက်က

အစွမ်းကုန်ကြိုးစားပေးဖို့အသင့်ရှိနေပြီးသားပါ..."


စည်းရဲ့စကားကအရိူက်ထိသွားစေခဲ့သည်

ထင်သည်။တစ်ဖက်ကစကားသံခဏမျှ

တိတ်ကျသွားခဲ့ပြီးမှခပ်ဟက်ဟက်ရယ်သံကို

ကြားလိုက်ရ၏...


"ဒေါက်တာကတစ်ကယ့်ကိုစကား

ပြောတာအားမနာတတ်ဘူးပဲ..ဒါဆိုကျွန်တော်ကပဲ

အရှက်မဲ့စွာနဲ့..ဒီဆွေးနွေးမူ့အတွက်ထပ်ပြီး"

တောင်းဆိုရတော့မှာပဲ..."


"ဘယ်လိုဆွေးနွေးမူ့မျိုးမှမရှိဘူးလို့

ခင်ဗျားရဲ့လူတွေကိုကျွန်တော်သေချာ

ပြောလိုက်ပြီးသားပါ...ငွေရှိရင်

လူ့အသက်ကိုတောင်ရောင်းကုန်တစ်ခုထက်

ပိုပြီးသဘောမထားတဲ့လူမျိုးတွေအတွက်

ကျွန်တော်ဘယ်တော့မှခွဲစိတ်ဓားမကိုင်ဘူး..."


"အခုမှပြန်တွေ့ရတဲ့ဒေါက်တာ့ရဲ့

ချစ်ဇနီးလေးနဲ့ဒေါက်တာ့သမီးလေးကို

ထိခိုက်ရမယ်ဆိုရင်တောင်မှလား..."


ကြားလိုက်ရတဲ့စကားကြောင့်

စည်းလက်သီးကိုတင်းခနဲဆုပ်လိုက်မိသည်။


"အခု..ခြိမ်းခြောက်နေတာပါလား..."


"အဟွန်း..ကျွန်တော်ကဖြစ်လာနိုင်တဲ့

အခြေအနေလေးတွေကိုသတိပေးချင်ရုံပါ...

S.H ရဲ့ဒုဥက္ကဌတစ်ယောက်က

ဘယ်လောက်ထိလုပ်နိုင်လဲဆိုတာ...

ဒေါက်တာသိချင်တယ်ဆိုရင်ကျွန်တော်

ပြပေးပါ့မယ်...တစ်ကယ်လို့ဒေါက်တာ့ဘက်က

စိတ်ပြောင်းပြီးကျွန်တော်နဲ့ဆွေးနွေးချင်တယ်

ဆိုရင်တော့နောက်နာရီဝက်အတွင်း

ဆေးရုံအပြင်ကိုထွက်လာခဲ့ပါ...ကျွန်တော်

စောင့်နေပါ့မယ်...."


တစ်ဖက်ကဖုန်းချသွားပြီးတာနှင့်

စည်းရဲ့စိုးရိမ်မကင်းတဲ့မျက်ဝန်းတွေက

ဆေးရုံကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့သူမနဲ့

သမီးလေးဆီသို့ကျရောက်သွားခဲ့ပြီးနောက်....


~~~~~~~~~~~~~~❤◦.¸¸. ◦✿


`10:25 P.M


လက်ကနာရီကိုတစ်ချက်ပင့်ကြည့်ပြီး

နေရောင်စက်ရှိန်နူတ်ခမ်းလူပ်ရုံပြုံးလိုက်သည်။


"၅မိနစ်ပဲလိုတော့တာပဲ..."


"သူထွက်လာပါ့မလား...ဒုဥက္ကဌ..."


ကားရှေ့ခန်းမောင်းသူနေရာမှာရှိနေတဲ့

ဂျိူးဇက်ကလှည့်မကြည့်ပဲမေးသည်။


"သူထွက်လာမှာပါ...ငါ့နူတ်က

သူ့ဇနီးသူ့သမီးအကြောင်းကိုပြောလိုက်တဲ့အချိန်

သူတုံ့ပြန်လာတဲ့အသံကိုငါနားထောင်လိုက်ကထဲက

ဒါကသူ့ရဲ့အားနည်းချက်ဆိုတာငါကောင်းကောင်းကြီး

သဘောပေါက်လိုက်တယ်..."


"ဟင်..ဒုဥက္ကဌ..."


သူ့ရဲ့စကားဆုံးတာနှင့်တအံ့တဩ

ထွက်ပေါ်လာတဲ့ဂျိူးဇက်ရဲ့အသံကြောင့်

ကားပြတင်းမှန်ကနေလှမ်းကြည့်လိုက်တော့

အဖြူရောင်ဂျူတီကုတ်ကိုဝတ်ထားတဲ့

ခပ်မြင့်မြင့်ပုံရိပ်တစ်ခုက...ဆေးရုံထဲကနေ

တစ်လှမ်းချင်းလှမ်းထွက်လာတာကို

မြင်လိုက်ရချိန်မှာသူကျေနပ်သလို

ပြုံးလိုက်ရင်းကားတံခါးကိုကိုယ်တိုင်ဖွင့်ကာ

ဆင်းလိုက်သည်။


အခိုက်အတန့်တစ်ခုမှာပဲမြင့်မားတဲ့ပုံရိပ်

နှစ်ခုကမျက်နှာချင်းဆိုင်ခြေစုံရပ်မိကြ၏...


"ဒေါက်တာထွက်လာမယ်ဆိုတာ..

ကျွန်တော်အလိုလိုခံစားနေမိတယ်..."


အထီတရီအပြုံးနှင့်ပြောရင်းနေရောင်စက်ရှိန်

လက်ကမ်းပေးလိုက်ပေမဲ့အရယ်အပြုံးမရှိ

တည်ကြည်နေတဲ့မျက်နှာနှင့်စည်းက

လက်ကိုလှမ်း၍ဆုပ်ကိုင်ရန်ပြင်ပြီးကာမှ

လက်ကိုချက်ချင်းပြန်ရုပ်လိုက်ပြီး

နူတ်ခမ်းလူပ်ရုံပြုံးပြလိုက်သည်။


"သတိပေးစရာရှိလို့ထွက်လာလိုက်တာပါ..."


"သတိပေးစရာ...."


"အဟွန်း..ဟုတ်တယ်..ဒုဥက္ကဌလို

လူတစ်ယောက်အတွက်ကျွန်တော့်အကြောင်းကို

စုံစမ်းဖို့မခက်ဘူးဆိုတာသိပေမဲ့...

ကျွန်တော့်ကိုနားလည်ဖို့တော့ခက်ခဲပါလိမ့်မယ်.."


"........"


"ဒီလိုခြိမ်းခြောက်တဲ့နည်းလမ်းမျိုး

လူဘယ်နှစ်ယောက်ကိုသုံးခဲ့ဖူးမှန်းမသိပေမဲ့

ကျွန်တော့်အတွက်တော့အသုံးမဝင်နိုင်ပါဘူး...

ဒုဥက္ကဌ ညီဖြစ်သူအတွက်ဘာမဆိုလုပ်ရဲသလိုပဲ

ကျွန်တော်လဲကျွန်တော့်မိသားစုအတွက်

ဘာမဆိုလုပ်နိုင်တယ်...အထက်တန်းလွှာ

အသိုင်းအဝိုင်းကလူတစ်ချိူ့လို..ငွေကြေး၊အာဏာ

မရှိပေမဲ့လဲပေါ့..."


သွေးအေးစွာတုံ့ပြန်လာတဲ့စကားတွေကို

နားထောင်ပြီး...ဟန်ဆောင်အပြုံးကိုဆင်မြန်းထားတဲ့

နေရောင်စက်ရှိန်ရဲ့မျက်နှာသည်လဲ

တဖြေးဖြေးနီမြန်းလာခဲ့၏...


စည်း..ဝံပုလွေတစ်ကောင်ရဲ့

မျက်ဝန်းတွေလိုကျဉ်းမြောင်းစူးရှလွန်းတဲ့

နေရောင်စက်ရှိန်ရဲ့မျက်ဝန်းတွေထဲကို

စူးစိုက်ကြည့်လိုက်ရင်း....


"ဂျူတီကုတ်ဝတ်ထားလို့ခွဲစိတ်ဓားပဲ

ကိုင်တတ်တာလို့မထင်လိုက်နဲ့...

ငွေကြေးနဲ့အာဏာဆိုတာဘာမှန်းမသိတဲ့

သာမာန်ယောကျာင်္းတစ်ယောက်ကသူ့ရဲ့

မိသားစုကိုဘယ်လိုကာကွယ်မလဲသိချင်ရင်

ကျွန်တော်ကျိန်းသေပြပေးမှာမို့....

ခင်ဗျားကြိုက်သလိုလုပ်လိုက်ပါ...."


~~~~~~~~~~~~~~~~ဆက်ရန်


Writer by

#Hazel


rate now: