💛အကြင်နာလက်တစ်ကမ်း💛
~~~~~~~
"ကိုစည်းကသူ့ရဲ့ဇနီးကိုပြန်ရှာတွေ့ပြီလား..."
"ဟုတ်တယ်..သမီး..မောင်စည်းစနစ်ရဲ့
သမီးလေးကဒယ်ဒီတို့ဆေးရုံမှာ
ကုသမူ့ခံယူနေတာ..ဒယ်ဒီလဲအစတုန်းက
မသိခဲ့ဘူး...ဒီနေ့မှ...."
စကားကိုဆုံးအောင်မပြောပဲ
မျက်နှာလွှဲသက်ပြင်းချလိုက်တဲ့ဒယ်ဒီ့ကိုကြည့်ပြီး
သံစဉ်...လွန်ခဲ့တဲ့အချိန်အနည်းငယ်က
အဖြစ်အပျက်တစ်ခုကိုပြန်မြင်ယောင်လိုက်မိ၏...
ဒီနေ့သူမ..ဆေးရုံအနားကကုန်တိုက်တစ်ခုမှာ
ကြော်ငြာရိုက်ကူးရေးလုပ်ရတာမို့
ရိုက်ကူးရေးပြီးတော့...အဖေဖြစ်သူဆီ
ခဏဝင်လာခဲ့ခြင်းသာ...
သို့ပေမဲ့မထင်မှတ်ပဲဓာတ်လှေကား
စောင့်နေရင်းမြင်လိုက်ရတဲ့မြင်ကွင်းက
မိန်းကလေးတစ်ယောက်ကိုတင်းကြပ်စွာ
ပွေ့ဖက်ထားရင်းပေါ်လာတဲ့သူ့ရဲ့ပုံရိပ်...
ထိုမြင်ကွင်းကြောင့်သူမအပါအဝင်
အနားမှာရှိနေတဲ့လူအားလုံးအံ့အားသင့်
သွားခဲ့ရသလို...သူ့ရင်ခွင်ထဲကမိန်းကလေးကလဲ
ကျောက်ရုပ်တစ်ရုပ်လိုဖြစ်သွားခဲ့တာကို
သူမအသေအချာမြင်လိုက်ရသည်။
ဒါပေမဲ့သူကတော့ဘယ်သူ့ရဲ့အကြည့်
ဘယ်သူ့ရဲ့မျက်ဝန်းတွေကိုမှဂရုမစိုက်ပဲ
ဓာတ်လှေကားထဲကပြေးထွက်ဖို့ပြင်နေသည့်
ထိုမိန်းကလေးရဲ့လက်ကိုမလွတ်တမ်း
ဆုပ်ကိုင်ထားပြီးဓာတ်လှေကားခလုတ်ကိုနှိပ်ကာ
အပေါ်သို့ပြန်တက်သွားခဲ့သည်လေ...
"ငါတို့ဘာမြင်လိုက်ရတာလဲ...
စီနီယာကမိန်းကလေးတစ်ယောက်နဲ့..."
"အဲ့ဒါသူ့ချစ်သူလား..ဒေါက်တာစည်းစနစ်မှာ
ချစ်သူရှိနေတာလား..."
ထိုအချိန်ကဓာတ်လှေကားအပေါ်ကို
ပြန်တက်သွားခဲ့သည့်တိုင်..သူမဘေးမှာ
ပျံ့လွင့်လာခဲ့တဲ့တစ်ယောက်တစ်ပေါက်
အသံတွေရဲ့အဆုံးသတ်က...
"ဇနီး...ဇနီးတဲ့လား..."
~~~~~~~~~~~~~~❤◦.¸¸. ◦✿
"အချစ်..."
ဆေးရုံခန်းတံခါးကိုလှမ်းဖွင့်ရန်ပြင်နေတဲ့
လက်ကလေးကိုဆုပ်ကိုင်ဖယ်ချပြီး
နဖူးပြင်ချင်းထိကပ်လုမတတ်
ခေါင်းကငုံ့ကျလာ၏...
"လွှတ်ပါ..နင်ဘယ်လိုဖြစ်နေတာလဲစည်း.."
စင်္ကြန်လျှောက်လမ်းကြီးမှာမို့..
အချစ်မျက်ဝန်းတွေပါတ်ဝန်းကျင်သို့
ကျီးကန်းတောင်းမှောက်ရွေ့လျားနေပေမဲ့
သူကတော့ဘာကိုမှဂရုပြုပုံမရ...
"နင်ငါ့ကိုသက်သက်အရှက်ခွဲချင်နေတာလား.."
"ငါဘာလုပ်လို့လဲ..."
"နင်ဘာလုပ်လိုက်တယ်ဆိုတာ..နင်မသိဘူးလား..."
ဒေါသသံလေးနှင့်ကြိတ်အော်ရင်း
အချစ်ဓာတ်လှေကားထဲကမြင်ကွင်းနှင့်
အပြင်ဘက်ကလူတွေရဲ့မျက်နှာကို
ပြန်စဉ်းစားလိုက်မိတဲ့အခါ..အသက်ရူပင်
ကြပ်ချင်သွားရ၏...
"ငါဆက်ပြီး..နင်နဲ့သမီးလေးကိုငါနဲ့
မဆိုင်သလိုဟန်ဆောင်ပြီးမနေနိုင်တော့ဘူး...
အဲ့ဒါကြောင်နင်နဲ့ငါ့ရဲ့ဆက်ဆံရေးကို
ထပ်ပြီးဖုန်းကွယ်ထားစရာမလိုဘူး..."
"စည်း..."
"ခဏလေး..နင်ဘာကိုမှမပြောပါနဲ့
ငါပြောတာကိုပဲနားထောင်ပေးပါ..."
ပြောရင်းသူ့ရဲ့လက်ညိုးကအချစ်နူတ်ခမ်းလေး
ထက်ကိုဖိဖိကပ်ကပ်ရောက်ရှိလာ၏...
"ခဏခဏပြန်တွေးမကြည့်ရဲပေမဲ့
ငါအခုကောင်းကောင်းကြီးနားလည်နေပါပြီ
ဒီနှစ်တွေမှာနင်သမီးလေးကိုစောင့်ရှောက်ရင်း
ဘယ်လိုခက်ခက်ခဲခဲဖြတ်သန်းခဲ့ရတယ်ဆိုတာကိုပေါ့...
ဟုတ်တယ်..ငါကမကောင်းတဲ့ကောင်ပါ
ငါအတ္တကြီးခဲ့တယ်၊ငါနင့်ကိုလျစ်လျူရူခဲ့မိတယ်
ငါနင့်ကိုပြောစရာမရှိအောင်နာကျင်ခံစားစေခဲ့တယ်
ပြီးခဲ့တဲ့ငါ့ရဲ့အပြစ်တွေအတွက်ငါဘယ်လို
ဆင်ခြေမျိုးမှပေးစရာမရှိတော့ပါဘူး...ဒါပေမဲ့..."
သူ့စကားတွေကြားအချစ်ငြိမ်သက်သွားတာကို
အခွင့်ကောင်းယူပြီး...သူ့ရဲ့လက်ဖဝါးတစ်ဖက်က
အချစ်ပါးပြင်လေးထက်ကိုအုပ်ကိုင်
ရောက်ရှိလာခဲ့၏...
"အရာအားလုံးအတွက်ငါ့ကိုပြန်ပြီး
ပေးဆပ်ခွင့်တော့ပေးပါ...ငါနင်နဲ့
ဟိုးအစ...ငါတို့နှစ်ယောက်ရဲ့ဘဝတစ်ခုကို
စတင်တည်ထောင်ခဲ့သလိုမျိုး
အရာအားလုံးကို..တစ်ကနေပြန်စချင်တယ်......
သမီးကိုအနာဂါတ်မှာမိစုံ၊ဖစုံနဲ့
ပြည့်စုံတဲ့မိသားစုဘဝလေးကို
မရစေချင်ဘူးလား...."
"..........."
"နင့်မှာငါနဲပါတ်သတ်ပြီးနာကျည်းချက်တွေ
အများကြီးရှိခဲ့တယ်ဆိုတာငါသိပါတယ်
ဒါပေမဲ့ငါနင့်ကိုမစွန့်လွှတ်နိုင်ဘူးအချစ်..
အဲ့လိုပဲငါ့သမီးလေးကိုငါပိုပြီးတော့
မစွန့်လွတ်နိုင်ဘူး...နင်ငါ့ကိုအခုချက်ချင်း
ပြန်ပြီးအဖြေပေးဖို့ငါမပြောပါဘူး....
သမီးလေးရဲ့ခွဲစိတ်မူ့အောင်အောင်မြင်မြင်
ပြီးသွားတဲ့အခါ...အဲ့ဒီ့အချိန်...
သမီးလေးရဲ့နူတ်ကအဖေဆိုတဲ့ခေါ်သံကို
ကြားခွင့်ပေးပါ...."
ရိုးရှင်းသလိုနဲ့အရာအားလုံးကို
သိမ်းပိုက်ယူငင်ဖို့ကြံစည်ထားတဲ့
တောင်းဆိုမူ့အဆုံး...အချစ်ရဲ့မျက်နှာနားကို
တိုးကပ်ပြီးသူဆက်ပြောလာတဲ့စကားက...
"ဒါငါ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ပါပဲ..."တဲ့
~~~~~~~~~~~~~❤◦.¸¸. ◦✿
"ငါတို့တစ်ကယ်မြင်လိုက်တာ..."
"ဟုတ်တယ်...စီနီယာကဓာတ်လှေကားထဲမှာ
မိန်းကလေးတစ်ယောက်နဲ့ဖက်နေတာလေ..."
"လုံးဝကိုထင်မထားဘူး..."
"ငါလဲစီနီယာ့မှာကောင်မလေးရှိတယ်လို့
တစ်ခါမှမကြားမိပါဘူး...."
"ကောင်မလေးကိုသေချာမြင်လိုက်လား
ဘယ်လိုပုံစံလေးလဲ..."
ဆေးရုံကန်တင်းထဲမှာဟိုတစ်ဝိုင်း၊ဒီတစ်ဝိုင်းနှင့်
ပျံ့လွင့်နေတဲ့အသံတွေကအကြောင်းအရာ
တစ်ခုထဲ၌သာဦးတည်နေကြ၏...
ထိုအချိန်ခန်းမထဲကိုလှမ်းဝင်လာတဲ့
ပုံရိပ်တစ်ခုကြောင့်ထိုအသံတွေက
မီးကိုရေနှင့်ငြိမ်းလိုက်သလိုရှဲခနဲ
ငြိမ်သက်သွားကြသည်။
".........."
စည်း..အထဲကိုလှမ်းဝင်လာကထဲက
အားလုံးရဲ့သိသိသာသာအကြည့်တွေရော
မသိမသာမျက်ဝန်းတွေကိုပါလက်ခံလိုက်ရပေမဲ့
ဂရုမပြုပဲ...စားစရာတွေရှိတဲ့ဘက်ကို
လျောက်သွားပြီးစတီးဗန်းတစ်ချပ်ထဲ
ထမင်းနဲ့..ဟင်းတစ်ချို့ကိုစုပုံထည့်လိုက်ကာ
ထုံးစံအတိုင်းထောင့်ကျကျစားပွဲတစ်လုံးမှာ
ထိုင်လိုက်ကာ..ထမင်းကိုခပ်အေးအေးစားနေ
လိုက်သည်။
ခဏချင်းမှာတင်ဆေးရုံတစ်ခုလုံးပျံ့သွားခဲ့ပုံ
ရသည့်ဓာတ်လှေကားထဲကသတင်းကြောင့်
စည်းတစ်ယောက်လုံးရှေ့မှာရှိနေတာတောင်
ဟန်မဆောင်နိုင်စတမ်းကြားနေရတဲ့
တီးတိုးသံတွေ....
"မှာထားတာတွေလာပို့တာပါ..."
ထိုအချိန်ကြားလိုက်ရတဲ့အသံနှင့်အတူ
အထဲကိုလှမ်းဝင်လာတဲ့ဆေးရုံအနီးအနားက
စားသောက်ဆိုင်တစ်ခုရဲ့ယူနီဖောင်းဝတ်
ကောင်လေးသုံးယောက်...
"ဘာတွေလာပို့တာလဲ..မသိဘူး..."
"အေးလေ..."
"ဘယ်သူမှာလိုက်တာလဲ..."
တစ်ယောက်တစ်ခွန်းပြောနေစဉ်မှာပဲ
ဝန်ထမ်းကောင်လေးတွေက
ဆွဲလာတဲ့ဗုံးထဲကစားစရာဖော့ဗူးတွေကို
ထုတ်ကာ..စားပွဲဝိုင်းတိုင်းကို
လိုက်ချပေးသည်။
စည်း..ထိုမြင်ကွင်းကိုစေ့စေ့စပ်စပ်
လိုက်ကြည့်နေပြီးမှဇွန်းခက်ရင်းကိုချကာ
ထရပ်လိုက်၏...
"အားလုံးပဲ..."
ရုတ်တရပ်စည်းအသံကတည်ငြိမ်စွာ
ဟိန်းထွက်သွားခဲ့လျှင်ကန်တင်းတစ်ခုလုံး
တိတ်ဆိတ်သွားခဲ့ပြီးအားလုံးရဲ့အကြည့်တွေက
စည်းဆီစုပြုံရောက်ရှိလာသည်။
"နေ့လည်စာအတွက်..ပိုပြီးစိုစိုပြေပြေ
ဖြစ်သွားအောင်အကုန်လုံးအတွက်
ကျွန်တော်မှာလိုက်တာ..."
စည်းရဲ့စကားကြောင့်အသံတွေ
ဝေါခနဲဆူညံသွားကြ၏..
"စီနီယာဒီနေ့စိတ်ပျော်စရာရှိနေပုံပဲ.."
စည်းရဲ့ဘေးဝိုင်းမှာထိုင်နေသည့်စည်းနဲ့
အတော်အတန်ရင်းနှီးသော
လက်ထောက်ဆရာဝန်တစ်ယောက်က
ထမေးသည်။
"ကျွန်တော်တို့စီနီယာချစ်သူရနေပြီထင်တယ်.."
စည်းဘာမှပြန်မဖြေပေမဲ့ပြုံးပြလိုက်တော့
သူ့ပုံစံကအားတက်ပြီးပြောရဲဆိုရဲရှိသွားပုံရ၏
"မဟုတ်လွဲရော..ဒီနေ့အားလုံးပြောနေကြတဲ့
ဓာတ်လှေကားထဲကပုံပြင်လား..."
"ချစ်သူမဟုတ်ပါဘူး..."
စည်းခပ်အေးအေးပင်ပြန်ဖြေလိုက်ရင်း...
"အဲ့ဒါကျွန်တော့်မိန်းမလေ..."
"ဗျာ.."
"5လွှာကအခန်း204မှာ..ကုသမူ့
ခံယူနေတဲ့ရွှေဘုံဗိမ္မာန်လေးရဲ့အမေ..
သူကကျွန်တော့်ဇနီးပါ..."
~~~~~~~~~~~~~~❤◦.¸¸. ◦✿
"ဒီနေ့ဆေးရုံတစ်ခုလုံးမောင်စည်းစနစ်နဲ့
ရွှေဘုံဗိမ္မာန်လေးတို့သားအမိရဲ့အကြောင်းတွေက
ပွက်လောရိုက်နေတာကိုသိရဲ့လား..."
စည်းရဲ့နားနေခန်းထဲထိရောက်လာပြီး
မနက်ကကိစ္စကိုဆက်ပြီးဆွေးနွေးနေချင်ပုံရသည့်
ဆေးရုံအုပ်ကြီးရဲ့အမေးကိုစည်း
ခေါင်းငြိမ့်ပြလိုက်သည်။
"ဆက်ပြီးဖုံးကွယ်ထားစရာမလိုတော့ဘူး
ထင်လို့ပါ..."
"ကလေးကလဲမောင်စည်းစနစ်ကို
အဖေလို့မသိထားဘူးမဟုတ်ဘူး..
အခုရုတ်တရပ်ကြီးဆိုတော့ကလေးအတွက်
အဆင်ပြေနိုင်ပါ့မလား..."
"သမီးအတွက်သူ့အမေဘေးမှာရှိပါတယ်...."
စည်းရဲ့အဖြေကြောင့်ဆေးရုံအုပ်ကြီးက
သက်ပြင်းတစ်ချက်ချရင်း...
"အဲ့ဒီ့မိန်းကလေးကဘယ်လိုဖြစ်လို့
ထွက်သွားခဲ့တာလဲ...."
"ကျွန်တော့်ရဲ့အမှားတွေကြောင့်ပါ..
ကိုယ့်ရဲ့ရည်မှန်းချက်၊အိပ်မက်ကလွဲရင်
ဘာကိုမှမမြင်နိုင်ခဲ့တဲ့တစ်ချိန်ကကျွန်တော့်ရဲ့
အတ္တတွေကြောင့်...."
"ဒါဆို..ကလေးရှိနေမှန်းမောင်စည်းစနစ်က
မသိခဲ့ဘူးပေါ့..."
"မသိခဲ့ပါဘူး....ကျွန်တော်နဲ့သူ
ဒီနေရာမှာပြန်ဆုံမှသိခဲ့ရတာပါ..."
"အဲ့ဒီ့မိန်းကလေးကတစ်ကယ့်ကို
တော်တာပဲ..ဒီနှစ်တွေမှာရောဂါသည်သမီးလေးကို
စောင့်ရှောက်ပြီးရုန်းကန်နေခဲ့တာ..ဆရာ
ရွှေဘုံဗိမ္မာန်လေးကိုခွဲစိတ်ပေးဖို့သိပ်မစဉ်စားပဲ
လက်ခံခဲ့တာ..သူ့ရဲ့ရပ်တည်မူ့ကိုလေးစားလို့လဲ
အများကြီးပါတယ်..ဒါဆရာမောင်စည်းစနစ်ကို
ပြောဖူးပါတယ်...အေးလေ....ဆရာလဲအကြောင်းစုံကို
သိပြီးမှတော့..S.H group နဲ့ပါတ်သတ်ပြီး
မောင်စည်းစနစ်ကိုအတင်းဖိအားမပေးချင်ပါဘူး..
ဒါပေမဲ..မောင်စည်းစနစ်အနေနဲ့နည်းနည်းလောက်
စဉ်းစားပေးပါလို့တော့ဆရာပြောချင်တယ်..."
".........."
"တစ်ကယ်လို့မောင်စည်းစနစ်က..
သမီးလေးကိုကိုယ်တိုင်ခွဲစိတ်မှဖြစ်မယ်ဆိုရင်လဲ
ရွှေဘုံလေးကိုခွဲစိတ်ပြီးတဲ့အခါ..ရိန်းဂျွန်လေးကိုလဲ
အခွင့်အရေးပေးဖို့တောင်းဆိုပါရစေ...
အဆင်ပြေမယ်ဆို..လက်ခံပြီးခွဲစိတ်မူ့ကို
တစ်ရက်ဆီလုပ်စေချင်ပါတယ်..
လူ့အသက်ကိုကယ်တဲ့ကိစ္စပဲမဟုတ်လား..."
"ကျွန်တော်တစ်ခုလောက်မေးလို့ရမလားဆရာ
S.H groupကဘာလို့ကျွန်တော့်ကိုမှ
အဲ့ဒီ့ကလေးရဲ့ခွဲစိတ်ဆရာဝန်အဖြစ်
ရွေးချယ်ခဲ့ရတာလဲ...."
စည်းရဲ့အမေးကြောင့်ဆေးရုံအုပ်ကြီး
မျက်နှာအနည်းငယ်ပျက်သွားခဲ့တာကို
သတိထားမိလိုက်သည်။
"ကျွန်တော်ကသာမာန် specialist
တစ်ယောက်ပါ...သူတို့က
မြန်မာပြည်ရဲ့ထိပ်တန်းစာရင်းဝင်
အထက်တန်းလွှာအသိုင်းအဝိုင်းကပါ
သူတို့ရဲ့ငွေအင်အားနဲ့ပြည်ပမှာပဲ
ဖြစ်ဖြစ်ခွဲစိတ်မူ့လုပ်နိုင်ရဲ့သားနဲ့...
ဘာလို့ကျွန်တော့်ထက်ပိုပြီးသင့်တော်တဲ့
လူမရှိရတာလဲဆိုတဲ့အကြောင်းအရင်းကိုတော့
ကျွန်တော်တိတိကျကျသိချင်ပါတယ်...
အဲ့ဒါမှကျွန်တော်အဲ့ဒီ့ကလေးရဲ့
ခွဲစိတ်မူ့အတွက်တာဝန်ယူသင့်မယူသင့်
ဆုံးဖြတ်ရမှာပါ..."
စည်းရဲ့မေးခွန်းတွေကဆေးရုံအုပ်ကြီးကို
အနည်းငယ်မျှအကြပ်ရိုက်သွားစေခဲ့သည်ထင်၏
အတန်ကြာသည်အထိတိတ်ဆိတ်သွားပြီးမှ
နောက်တစ်ကြိမ်သက်ပြင်းရိူက်သံကိုကြားလိုက်ရရင်း
"နှလုံးအစားထိုးခွဲစိတ်ကုသမူ့ပါ..."
"ဗျာ..."
"ရိန်းဂျွန်လေးရဲ့ခွဲစိတ်မူ့ကမောင်စည်းစနစ်
ထင်ထားတာထက်ပိုပြီးရူပ်ထွေးပါတယ်...
ပြီးတော့ဒုဥက္ကဌကရိန်းဂျွန်လေးကို
ဆေးရုံပြင်ပမှာတိတ်တဆိတ်ခွဲစိတ်မူ့လုပ်ချင်ရတဲ့
အဓိကအကြောင်းအရင်းက..."
စကားကိုချက်ချင်းမဆက်ပဲပြောဖ်ို့အရှိန်ယူလိုက်ပုံနှင့်
ဆေးရုံအုပ်ကြီးကစည်းမျက်နှာကိုစိုက်ကြည့်ကာ
အသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရူလိုက်ရင်း...
"ရိန်းဂျွန်လေးအစားထိုးမဲ့နှလုံးက
တရားမဝင်နည်းလမ်းနဲ့ရယူရမှာမို့လို့ပါပဲ..."
သာမာန်မဟုတ်ဘူးလို့ခံစားနေမိသော်လဲ
ဒီလောက်ထိမထင်ထား၍...
စည်းရုတ်တရပ်ပြောစရာစကားရှာမရခဲ့...
"အခု..ကျွန်တော့်ကိုဘယ်လိုခွဲစိတ်မူ့မျိုး
လုပ်ဖို့ကမ်းလှမ်းနေတာလဲ..တရားမဝင်
နည်းလမ်းနဲ့ရယူမဲ့နှလုံး...ဒါဆို
S.Hက....."
"ဟုတ်ပါတယ်...ဒုဥက္ကဌသူ့ညီလေးရဲ့
အသက်ကိုကယ်ဖို့အတွက်...တရားမဝင်
ကိုယ်တွင်းကလီစာရောင်းဝယ်နေတဲ့
မှောင်ခိုဂိုဏ်းတစ်ခုနဲပါတ်သတ်ခဲ့တယ်...
အဲ့ဒါကြောင့်...."
ဆေးရုံအုပ်ကြီးရဲ့စကားမဆုံးခင်
စည်းထိုင်ရာကနေဖျတ်ခနဲထရပ်လိုက်သည်။
"မောင်စည်းစနစ်..."
"အဖြစ်မှန်ကဒီလိုဆိုရင်တော့
ကျွန်တော်တို့ထပ်ပြီးဆွေးနွေးစရာ
မလိုတော့ဘူးမဟုတ်လားဆရာ..."
"ဒါပေမဲ့...."
"ကျွန်တော်ဝတ်ထားတဲ့ဂျူတီကုတ်က
ဆရာ့အမြင်မှာတစ်ခုခုများစွန်းထင်းနေလို့လား..."
"မဟုတ်ဘူး...အဲ့လိုမဟုတ်ပါဘူး...."
ငြင်းဆိုရှင်းပြဖို့ကြိုးစားရင်း
ဆေးရုံအုပ်ကြီးကစည်းလိုပဲထရပ်သည်။
"အထက်တန်းလွှာအသိုင်းအဝိုင်းက
လူတစ်ယောက်ရဲ့အတ္တ...ကိုယ့်ကလေးရဲ့
အသက်ကိုကယ်ဖို့တခြားသူတစ်ယောက်ရဲ့
အသက်ကိုငွေနဲ့ဝယ်ဖို့ကြိုးစားနေတာပဲ...
သူ..ပိုက်ဆံနဲ့ပေးဝယ်မဲ့အဲ့ဒီ့နှလုံးက...
ငွေကလွဲရင်ဘာမှနားမလည်တဲ့
ဝိသမလောဘသား..ဒုစရိုက်ကောင်တွေရဲ့
သားကောင်ဖြစ်ရတော့မဲ့လူသားတစ်ယောက်ရဲ့
ကိုယ်ထဲကပါ..အဲ့ဒါကိုကျွန်တော်က
ဘယ်လိုစိတ်မျိုးနဲ့ခွဲစိတ်ပေးရမှာလဲ...
ကျွန်တော်နှစ်ပေါင်းများစွာသင်ယူခဲ့ရတဲ့
ဆေးပညာတွေက..လူ့အသက်ကိုကယ်ဖို့ပါ
ငွေအတွက်နဲ့လူသတ်ဖို့မဟုတ်ဘူး..."
"..........."
"ဒီနေ့ကိစ္စကိုကျွန်တော်မကြားခဲ့ဘူးလို့ပဲ
သဘောထားလိုက်ပါ့မယ်..."
စည်းထိုမျှသာပြောပြီးဆေးရုံအုပ်ကြီးကို
တစ်ချက်ကြည့်ကာ..ခြေလှမ်းကြဲကြီးတွေဖြင့်
အခန်းထဲကနေထွက်လာခဲ့တော့သည်။
~~~~~~~~~~~~~❤◦.¸¸. ◦✿
အံ့ဩစရာကမ်းလှမ်းမူ့နောက်ကွယ်က
ကြောက်စရာလျို့ဝှက်ချက်ကြီးက...
စည်းရဲ့ဒေါသသွေးတွေကိုပွက်ပွက်
ဆူစေခဲ့သလိုပင်...
"ပိုက်ဆံနဲ့ပေးဝယ်မဲ့နှလုံးနဲ့
ငါ့ကိုခွဲစိတ်မူ့လုပ်စေချင်တာပေါ့..
ငွေရှိရင်လူ့အသက်ကိုပါ
ဝယ်လို့ရတယ်ဆိုတဲ့..လူမဆန်တဲ့လူတွေ
တောက်..."
"ဒုန္း..."
ကြိတ်မနိုင်ခဲမရဒေါသတွေနှင့်
စည်းဓာတ်လှေကားနံရံကို
လက်သီးနှင့်တစ်ချက်ပစ်ထိုးလိုက်သည်။
"ဒေါက်တာစည်းစနစ်..."
ဓာတ်လှေကားထဲကနေ
လှမ်းထွက်လိုက်နှင့်...အပြင်ဘက်မှာ
သတိအနေအထားနှင့်ခပ်တောင့်တောင့်
ရပ်နေတဲ့အနောက်တိုင်းဝတ်စုံပြည့်နှင့်
လူ၄ယောက်ကိုမြင်လိုက်ရသည်။
"ခင်ဗျားတို့ကဘယ်သူတွေလဲ..."
"ကျွန်တော်တို့ကS.H groupကပါ
ဒုဥက္ကဌကဒေါက်တာ့ကိုသီးသန့်တွေ့ဆုံချင်နေတဲ့
အတွက်..ဒေါက်တာ့ကိုခေါ်ဖို့ရောက်လာတာပါ.."
"ဒုဥက္ကဌကလား...အဟက်..."
စည်း..ခပ်ရွဲ့ရွဲ့ရယ်လိုက်ရင်းထိုလူတွေရှေ့ကို
ခြေတစ်လှမ်းတိုးရပ်လိုက်သည်။
"တွေ့ချင်တယ်ဆိုရင်...ကျွန်တော့်ဆီ
လူကိုယ်တိုင်လာမှယဉ်ကျေးမူ့ရှိမှာမဟုတ်လား..."
စည်းရဲ့စကားကြောင့်၄ယောက်ထဲက
ခေါင်းဆောင်ဖြစ်ဟန်တူသည့်လူရဲ့
မျက်နှာကတည်တင်းသွား၏...
စည်း..ထိုသူကိုခြေဆုံးခေါင်းဆုံး
ခပ်ထေ့ထေ့ကြည့်ပြီးလှမ်းထွက်လိုက်သည်။
"ခဏလေးပါ..ဒေါက်တာ..."
နူတ်ကလဲတားရင်းထိုသူကစည်းရှေ့မှာ
လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်သည်။
"ဒါဆေးရုံနော်..ခင်ဗျားတို့ရဲ့
ဂိုဏ်းစတားပုံစံတွေကိုအပြင်မှာပဲ
ထားခဲ့တာကောင်းလိမ့်မယ်..."
ခပ်စူးစူးအကြည့်နှင့်သွေးအေးတည်ငြိမ်စွာ
ပြောလိုက်တဲ့စည်းရဲ့စကားအဆုံး
ထိုသူကလက်ပြန်ရုတ်သွား၏...
"ခင်ဗျားတို့ရဲ့ဒုဥက္ကဌကိုပြောလိုက်ပါ..
အဲ့ဒီ့ကလေးကိုခွဲစိတ်ဖို့အတွက်ကျွန်တော့်ကိုထပ်ပြီး
ဆွေးနွေးချင်တာဆိုရင်တော့အသုံးမဝင်တော့ဘူးလို့..."
ပြောရင်း...စည်းထိုလူနဲ့မျက်နှာချင်းဆိုင်
ပြန်လှည့်ရပ်ကာ..ထိုသူရဲ့မျက်နှာကိုစေ့စေ့ကြည့်
လိုက်ပြီးနောက်...
"ကျွန်တော်က..ဒုဥက္ကဌရဲ့ကမ်းလှမ်းချက်ကို
ချွင်းချက်မရှိငြင်းပယ်လိုက်တယ်လို့
ဆက် ဆက် ပြော လိုက် ပါ..."
~~~~~~~~~~~~~~~~ဆက်ရန်
Writer by
#Hazel