💛အကြင်နာလက်တစ်ကမ်း💛
~~~~~~~~
"ဒီနေ့ဆေးရုံကိုဘယ်သူလာမှာမို့လဲ
အားလုံးကိုကြည့်ရတာမိုးလင်းထဲ
ပြာယာခတ်နေကြတာပဲ..."
ICUထဲကအရေးကြီးလူနာတွေကို
သွားကြည့်ပြီးစည်းပြန်ထွက်လာတော့
ဘေးမှာပါလာတဲ့...သူနာပြုတစ်ယောက်ကို
မေးလိုက်သည်။
"S.Hလုပ်ငန်းစုရဲ့ဒုဥက္ကဌလာမှာမို့လို့ပါ
ဒေါက်တာ..ဆေးရုံမှာတက်ရောက်ကုသနေတဲ့
လူနာတွေအတွက်လိုအပ်တဲ့ဓာတ်စာတွေနဲ့
အသုံးအဆောင်ပစ္စည်းတွေလာလှူမယ်လို့
ကြားပါတယ်..."
"S.Hကလား...."
"ဟုတ်ပါတယ်..."
"Ring>>>Ring....."
ထိုအချိန်စည်းရဲ့ဂျူတီကုတ်အိတ်ထဲရှိ
ဖုန်းကမြည်လာတာကြောင့်
စည်းထုတ်ယူကြည့်လိုက်တော့
ဆေးရုံအုပ်ကြီးရဲ့ရုံးခန်းဆီကဖြစ်နေ၏...
"ဟဲလို......"
"မောင်စည်းစနစ်ဆရာ့ရုံးခန်းကို
ခဏလောက်တက်လာခဲ့ပါ..."
"ဟုတ်ကဲ့...ဆရာ..."
စည်း..ဖုန်းချလိုက်ပြီးလက်ထဲကဖိုင်တွဲကို
သူနာပြုဆီလှမ်းပေးလိုက်သည်။
"ကောင်တာမှာတစ်ချက်လောက်ထပ်ပေးပါ..."
"ဟုတ်ကဲ့ပါ..ဒေါက်တာ..."
~~~~~~~~~~~~~❤◦.¸¸. ◦✿
စည်းဆေးရုံအုပ်ကြီးရဲ့ရုံးခန်းကိုရောက်တော့
ပါမောက္ခဆရာဝန်ကြီးဦးဘုန်းမြင့်ဇော်ပါရှိနေတာကို
မြင်လိုက်ရ၏...
"မောင်စည်းစနစ်ရောက်လာပြီလား...
လာလေကွယ်..."
စည်းထိုအနားကိုလျောက်သွားရင်း
ဆရာနှစ်ယောက်ရဲ့ရှေ့မှာခပ်ရို့ရို့ဝင်
ထိုင်လိုက်သည်။
"ဆရာ..ကျွန်တော့်ကိုခေါ်တာဘာကိစ္စများ
ရှိလို့လဲခင်ဗျ...."
"ဪ...ဆရာတို့မောင်စည်းစနစ်ကို
တိုင်ပင်စရာလေးရှိနေလို့ပါ..ဆရာဘုန်းမြင့်ပဲ
ပြောလိုက်မလား..."
ဆေးရုံအုပ်ကြီးကဆက်မပြောပဲ
ပါမောက္ခဘက်ကိုလှည့်၏...
ထိုအခါပါမောက္ခကြီးကချောင်းတစ်ချက်
ဟန့်လိုက်ရင်းစည်းကိုကြည့်ကာ...
"ဒီလိုကွယ့်...အရေးကြီးအော်ပရေးရှင်းတစ်ခုကို
မောင်စည်းစနစ်တာဝန်ယူပေးဖို့...
ဆရာတို့ကတိုင်ပင်ချင်လို့ပါ...."
"အရေးကြီးအော်ပရေးရှင်းတစ်ခုလား...."
"ဟုတ်ပါတယ်...cardiacပါ...."
"နှလုံးခွဲစိတ်မူ့လား...."
ဒီတစ်ခါစည်းရဲ့အမေးကိုခေါင်းငြိမ့်
အဖြေပေးလာသူကဆေးရုံအုပ်ကြီး
ဦးကျော်ဇော....
"မောင်စည်းစနစ်ခွဲစိတ်ပေးရမဲ့သူက
တခြားသူတော့မဟုတ်ဘူး...ဆရာတို့
တော်ဝင်ဆေးရုံစတင်တည်ထောင်ခဲ့တုန်းက
ငွေကြေးအင်အားအပြည့်အဝ
ထောက်ပံ့ပေးခဲ့တဲ့..S.H groupရဲ့
မိသားစုဝင်တစ်ယောက်ပါ...."
"ကျွန်တော်တာဝန်ယူနိုင်တဲ့အရာဆိုရင်တော့
မငြင်းပါဘူး...ကျွန်တော်လူနာရဲ့ကုသမူ့
မှတ်တမ်းအသေးစိတ်နဲ့...လူနာရဲ့အခြေအနေကို
တိတိကျကျကြည့်လို့ရမလား...."
"လူနာရဲ့အခြေအနေကတော့
ခွဲစိတ်မူ့ကိုအချိန်မဆွဲပဲ...ချက်ချင်းလုပ်မှ
အဆင်ပြေမဲ့အနေအထားပါ..."
"ဗျာ..အခုချက်ချင်းလား..."
"အင်း...ဖြစ်နိုင်မယ်ဆိုရင်တော့ဒီတစ်ပါတ်
အတွင်းပေါ့..."
ထိုစကားကြောင့်စည်းရဲ့မျက်ဝန်းတွေက
ဆေးရုံအုပ်ကြီးဆီရောက်သွားခဲ့ပြီး...
"ဒီတစ်ပါတ်အတွင်းဆိုရင်တော့ဖြစ်နိုင်မှာ
မဟုတ်ဘူးထင်တယ်...ကျွန်တော်တာဝန်ယူ
ထားတဲ့ရွှေဘုံဗိမ္မာန်ဆိုတဲ့ကလေးရဲ့
ခွဲစိတ်မူ့ကလဲဒီတစ်ပါတ်အတွင်းလုပ်မှာပါ..."
"ဟေ..."
စည်းရဲ့စကားကြောင့်ဆေးရုံအုပ်ကြီးနဲ့
ပါမောက္ခတို့တစ်ယောက်မျက်နှာတစ်ယောက်
ကြည့်ကုန်ကြ၏...
"ကလေးရဲ့ခွဲစိတ်မူ့ကလဲနောက်ရွေ့လို့
မရတဲ့အနေအထားဆိုတာဆရာဦးကျော်ဇာလဲ
သိပါတယ်..ကျွန်တော်တို့အခုထိအချိန်စောင့်နေတာကလဲ
ကလေးကြောင့်ပါ...ပြီးတော့အဲ့ဒီ့ခလေးရဲ့
caseကလဲအရမ်းအရေးကြီးပါတယ်..."
"ဒါဆိုလဲ...မောင်စည်းစနစ်ရဲ့နေရာမှာ
တခြားတစ်ယောက်ကိုအစားထိုးပြီး
အဲ့ဒီ့ခလေးအတွက်တာဝန်ယူခိုင်းလို့မဖြစ်ဘူးလား.."
ပါမောက္ခကြီးရဲ့စကားကြောင့်စည်း
မျက်မှောင်ကြုတ်သွားခဲ့ရရင်း...
"ဘာဖြစ်လို့..အဲ့လိုလုပ်ရမှာလဲဆရာ..."
"ဘာဖြစ်လို့လဲဆိုရင်...ဆရာတို့အခု
တောင်းဆိုနေတဲ့ခွဲစိတ်မူ့မှာ...မောင်စည်းစနစ်ထက်
ပိုပြီးသင့်တော်မဲ့ခွဲစိတ်ဆရာဝန်မရှိနိုင်တော့
လို့ပဲ....."
~~~~~~~~~~~~~~❤◦.¸¸. ◦✿
"ဂျွန်လေးရော..."
"သခင်လေး..အိပ်ခန်းထဲမှာရှိပါတယ်
ဒုဥက္ကဌ...."
ခေါင်းငုံ့လျက်ပြန်ဖြေလာတဲ့စံအိမ်
ဝန်ထမ်းတစ်ယောက်ရဲ့စကားအဆုံး
သူအိပ်ခန်းတံခါးကိုအသာတွန်းဖွင့်လိုက်ကာ
အထဲကိုလှမ်းဝင်လာခဲ့သည်။
အဆင့်မြင့်ဆေးစက်ကရိယာတွေကြားမှာ
ရှိနေသောကုတင်လေးထက်ဆေးပိုက်တွေနဲ့
လှဲလျောင်းနေသော၁၆နှစ်အရွယ်
ဖြူဖျော့ဖျော့ကောင်လေးတစ်ယောက်နား
သူတစ်လှမ်းချင်းလျှောက်လှမ်းလာခဲ့ရင်း
မွေ့ယာထက်မှာအသာဝင်ထိုင်လိုက်ကာ
ပိန်လှီလှတဲ့လက်ဖြူဖြူလေးကို
ဆုပ်ကိုင်လိုက်၏...
"ဂျွန်..."
ခပ်တိုးတိုးခေါ်လိုက်တဲ့သူ့အသံကြောင့်
အောက်စီဂျင်ပိုက်တပ်ထားတဲ့
မျက်နှာလေးဆီမှမျက်ဝန်းတွေကဖြည်းညင်းစွာ
ပွင့်လာခဲ့၏...
"ကို.ကြီး...သားကိုလာကြည့်တာလား..."
မနည်းနားစိုက်ထောင်လိုက်ရတဲ့
အသံဖျော့ဖျော့လေးအဆုံး
သူခေါင်းငြိမ့်လိုက်မိသည်။
"အင်းး...ဟုတ်တယ်...ဂျွန်လေး
ဘယ်လိုနေလဲ..သက်သာရဲ့လား..."
"မာမီ့ကိုတွေ့တယ် ....."
"ဟင်..."
"အိပ် မက် ထဲ မှာ လေ မာမီက
သားကိုစောင့်နေတာလို့ပြောတယ်...
ကိုကြီးသိလား...သားအသက်ရူရတာ
အရမ်းမောတာပဲ...ပြီးတော့ရင်ဘတ်တွေလဲ
နာတယ်....သား..မာမီနဲ့လိုက်သွားရင်
အဲ့ဒီ့ဝေဒနာတွေမခံစားရတော့ဘူး
မဟုတ်လားဟင်...."
"ဘာတွေလျောက်ပြောနေတာလဲ..
ဂျွန်ဘယ်ကိုမှလိုက်သွားလို့မရဘူး...
ဂျွန့်ကိုစောင့်ရှောက်ဖို့..ကိုကြီးမာမီ့ကို
ကတိပေးခဲ့ပြီးသား..ဂျွန်စိတ်ကိုလုံးဝ
မလျော့ပစ်ရဘူးနော်...ဂျွန်မကြာခင်
နေကောင်းတော့မှာ..ကိုကြီးကိုယုံပါ..."
ညီဖြစ်သူရဲ့လက်ကိုတင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်ထားရင်း...အထပ်ထပ်ပြောနေတဲ့
သူ့ရဲ့စကားတွေကိုနားထောင်ပြီး
ဂျွန်ကမျက်ဝန်းတွေကိုဖွဖွပြန်ပိတ်သွားခဲ့တဲ့အခါ...
ညီဖြစ်သူကိုငေးကြည့်နေတဲ့သူ့မျက်ဝန်းတွေဆီမှ
စီးကျလာခဲ့သောမျက်ရည်စတွေကတော့
အခါများစွာကလိုပါပဲ...
"ဒုဥက္ကဌ...."
ထိုစဉ်ခေါ်သံနှင့်အတူသူ့ဘေးကိုရောက်လာတာက
အတွင်းရေးမှူး မိုက်....
"တော်ဝင်ဆေးရုံကိုသွားဖို့ပြင်လိုက်ရပါတော့မလား..."
"ပြင်လိုက်တော့...ငါဒီနေ့စည်းစနစ်ဆိုတဲ့
အဲ့ဒီ့ခွဲစိတ်ဆရာဝန်နဲ့ကျိမ်းသေ
တွေ့ရမှဖြစ်လိမ့်မယ်..."
စကားအဆုံးညီဖြစ်သူရဲ့သနားစရာ
မျက်နှာလေးဆီနောက်တစ်ကြိမ်
ကျရောက်သွားတဲ့သူ့ရဲ့အကြည့်တို့က
တစ်ခုခုကိုစိတ်ပိုင်းဖြတ်ထားဟန်ဖြင့်
စူးလက်နေခဲ့လျက်.....
"မင်းနေကောင်းဖို့အတွက်...ကိုကြီး
ဘာပဲဖြစ်ဖြစ်လုပ်မှာဂျွန်..."
~~~~~~~~~~~~❤◦.¸¸. ◦✿
"ကဲ..အဝတ်အစားလဲပြီးပြီဆိုတော့
မေမေ..မီးလေးရဲ့ဆံပင်ကိုအုန်းဆီ
ထည့်ပေးမယ်နော်..."
"ဟုတ်..."
"အဟင်း...မေ့သမီးလေးကလိမ္မာလိုက်တာ.."
အချစ်...သမီးလေးရဲ့ဆံနွယ်ပျော့လေးတွေကို
အုန်းဆီပါးပါးလူးပြီးဘီးကုပ်လေးတပ်ပေးလိုက်သည်။
"ကြည့်ပါဦး...ရွှေဘုံလေးက
လှလိုက်တာ..."
"လှမှာပေါ့...မီးကမေမေနဲ့တူတယ်လေ..."
စကားတတ်လွန်းသောသမီးလေးကြောင့်
အချစ်ပြုံးမိသွားရသည်။
"ေမ့..."
"ရှင့်..."
"ဦးဦးဒေါက်တာက...ဒီမနက်ဘာလို့
မီးကိုလာမကြည့်သေးတာလဲဟင်..."
Roundလှည့်တဲ့အချိန်မရောက်သေးပဲ
သူ့ကိုမျှော်နေပုံရသည့်သမီးလေးက
ပိတ်ထားတဲ့ဆေးရုံခန်းတံခါးဝကို
လှမ်းကြည့်ပြီးပြောသည်၊
"ဦးဦးဒေါက်တာကအရေးကြီးတဲ့
လူနာတွေကိုကြည့်နေလို့နေမှာပေါ့
သမီးလေးရဲ့...လာမှာပေါ့..."
"ဟုတ်လား..."
မျက်နှာလေးညိုးပြီးခေါင်းငုံ့သွားတဲ့
သမီးလေးကြောင့်အချစ်စိတ်မကောင်း
ဖြစ်သွားခဲ့ရသည်။
သမီးလေးကပြောမပြတတ်ပေမဲ့
သူ့ကိုတွယ်တာနေခဲ့ပြီပဲ...ဒါ
သွေးကစကားပြောတယ်ဆိုတာများလား??
အချစ်...သမီးလေးရဲ့ဦးခေါင်းလေးကို
ဖွဖွပွတ်သပ်လိုက်ရင်းမကြာသေးခင်က
ကောင်တာမှာဆေးသွားယူနေစဉ်
ကြားခဲ့ရသောစကားတွေကနားထဲ
တိုးဝင်လာခဲ့ပြန်၏...
"အခန်း၂၀၄ကလူနာရှင်
အပြင်မှာပစ္စည်းတွေလာယူပါ..."
အချစ်အတွေးလွန်သွားမိစဉ်မှာပဲ....
ဆေးရုံခန်းတံခါးကဖျတ်ခနဲပွင့်သွားပြီး
တံခါးဝကနေလှမ်းအော်လိုက်တဲ့သူနာပြုကြောင့်
အချစ်ဘာမှန်းမသိပဲအခန်းပြင်ကို
ထွက်လာခဲ့တော့...S.H groupဆိုတဲ့
တူညီဝတ်စုံတွေနဲ့သူတွေကလူနာရှင်တွေကို
ပစ္စည်းတွေဝေနေတာဖြစ်၏...
"Sky-High လုပ်ငန်းစုကပဲ...."
"ဟုတ်တယ်...သူတို့ကဒီဆေးရုံမှာ
ခဏခဏလာလှူတယ်...အဲ့ဒီလုပ်ငန်းစုရဲ့
ဒုဥက္ကဌက...တော်ဝင်ဆေးရုံကြီး
တည်ဆောက်တုန်းကလဲငွေကြေးအင်အား
အပြည့်အဝထောက်ပံ့ခဲ့တာလေ.....
ဆေးရုံရဲ့ပင်တိုင်အလှူရှင်တွေပေါ့..."
"သူတို့ကအရမ်းချမ်းသာတာပဲ..."
ဓာတ်စာပစ္စည်းတွေ၊ပါကင်ပိတ်ထားတဲ့
အကောင်းစားဂွမ်းစောင်ကြီးတစ်ထည်နှင့်..
ပိုက်ဆံထည့်ထားပုံရသည့်စာအိတ်တစ်လုံးကို
တခြားသူတွေနည်းတူအချစ်ရယူပြီးချိန်မှာပဲ
တယောက်တပေါက်ကြားနေရတဲ့အသံတွေ.....
အချစ်ကိုယ်တိုင်ကသာမာန်ဘဝနဲ့
ရုန်းကန်နေရတဲ့အခြေခံလူတန်းစား
တစ်ယောက်မို့....စီးပွားရေးနယ်ပယ်ထဲက
နာမည်ကြီးကုမ္မဏီတွေအကြောင်းတစ်ခုမှ
မသိပေမဲ့....Sky-High(S.H)group
ကိုတော့ကောင်းကောင်းကြားဖူးနေသည်လေ...
"Sky- High..."
အချစ်ထိုနာမည်ကိုခပ်တိုးတိုးရေရွတ်ရင်း
မျက်ဝန်းတွေကိုဖွဖွပိတ်လျက်..
ဆုတောင်းပေးလိုက်မိတော့သည်။
~~~~~~~~~~~~~~~❤◦.¸¸. ◦✿
"အားနာပေမဲ့...ကျွန်တော်တာဝန်ယူနိုင်မှာ
မဟုတ်ပါဘူးဆရာ...ကျွန်တော့်ကို
ရွှေဘုံဗိမ္မာန်လေးအတွက်တာဝန်ယူခွဲစိတ်ပေးဖို့
ဆရာကိုယ်တိုင်ပဲပြောခဲ့တာပါ..."
ပါမောက္ခကြီးပြန်ထွက်သွားခဲ့သည့်တိုင်
ရုံးခန်းထဲမှာစည်းနဲ့ဆေးရုံအုပ်ကြီးရဲ့
ဆွေးနွေးပွဲကတော့အဆုံးမသတ်နိုင်ခဲ့သေး....
"ဟုတ်ပါတယ်..ဆရာကိုယ်တိုင်ပဲ
မောင်စည်းစနစ်ကိုအဲ့ဒီ့ခလေးအတွက်
တာဝန်ယူခိုင်းခဲ့တာမှန်ပါတယ်..
ဒါပေမဲ့..."
"ဒါပေမဲ့ဆိုတာမရှိပါဘူးဆရာ..."
ပထမဆုံးအကြိမ်အဖြစ်စည်းဆေးရုံအုပ်ကြီးရဲ့
စကားမဆုံးခင်ကြားဖြတ်ပြောလိုက်မိခြင်း...
"ကျွန်တော်ကဆရာဝန်တစ်ယောက်ပါ...
အဲ့ဒီ့ခလေးရဲ့လူနာရှင်ကျွန်တော့်ကိုယုံကြည်ပြီး
သူ့ခလေးရဲ့အသက်ကိုကျွန်တော့်လက်ထဲ
အပ်ထားခဲ့တာ...အဲ့ဒါကိုအခုကျွန်တော်က
ဘယ်လိုမျက်နှာနဲ့...ကျွန်တော့်ကိုယ်စား
တခြားတစ်ယောက်ကိုလွှဲပေးရမှာလဲ...
အားနာပေမဲ့...ရွှေဘုံဗိမ္မာန်လေးကို
ကျွန်တော်ပဲခွဲစိတ်မှာပါ...S.H groupရဲ့
အင်အားနဲ့ဆိုပြည်တွင်းပြည်ပမှာ
ကျွန်တော့်ထက်ပိုပြီးအရည်ချင်းရှိတဲ့၊တော်တဲ့
ခွဲစိတ်ဆရာဝန်တွေနဲ့ကုသနိုင်ပါတယ်...
ဒါပေမဲ့..ရွှေဘုံဗိမ္မာန်ကတော့မတူပါဘူး..."
စည်းရဲ့စကားကိုနားထောင်ပြီး
ဆေးရုံအုပ်ကြီးကသက်ပြင်းချသည်။
"အစထဲကမောင်စည်းစနစ်ပြောသလောက်
မလွယ်ကူခဲ့လို့ပေါ့..တစ်ကယ်တော့
S.Hမိသားစုမှာပြောမပြနိုင်အောင်ရူပ်ထွေးတဲ့
အတွင်းရေးတွေရှိနေတယ်...အဲ့ဒါကြောင့်
ရိန်းဂျွှန်ဆိုတဲ့ခလေးကိုပြည်ပမှာ
သွားပြီးခွဲစိတ်ဖို့မဖြစ်နိုင်သလို...လူအများရှေ့
ထုတ်ပြဖို့လဲမဖြစ်နိုင်ဘူး..."
"ဆရာဆိုလိုတာ..ဆေးရုံအပြင်ဘက်ကတရားမဝင်
ခွဲစိတ်မူ့လား..."
စည်းရဲ့အံ့ဩတကြီးအမေးကို
ဦးကျော်ဇောကခေါင်းငြိမ့်အဖြေပေး၏...
"ဒါ..ဘယ်လိုဖြစ်နိုင်မှာလဲ...."
"အဲ့လိုမဖြစ်နိုင်တဲ့ကိစ္စဖြစ်နေလို့လဲ
ဆရာကမောင်စည်းစနစ်ကိုတောင်းဆိုနေရတာပေါ့
ဒုဥက္ကဌကရိန်းဂျွန်လေးကိုသူ့ရဲ့မျက်စိရှေ့မှာ
အန္တာရယ်ကင်းကင်းနဲ့ခွဲစိတ်စေချင်တာပါ..."
"........."
"တစ်ကယ်လို့မောင်စည်းစနစ်ကသာ
ရိန်းဂျွန်လေးရဲ့ခွဲစိတ်မူ့အတွက်
တာဝန်ယူပေးမယ်ဆိုရင်..ဆရာတို့ဘက်ကလဲ
ရွှေဘုံဗိမ္မာန်လေးရဲ့ခွဲစိတ်မူ့အတွက်
မောင်စည်းစနစ်ဘာမှစိတ်မပူရအောင်
စီစဉ်ပေးမှာပါ...."
"ကျွန်တော်မဖြစ်နိုင်ပါဘူး...."
ခဏလေးတောင်စဉ်းစားမနေပဲ
ပြတ်သားစွာငြင်းဆိုလိုက်တဲ့စည်းကြောင့်
ဦးကျော်ဇောမတ်ခနဲဖြစ်သွားခဲ့သည်။
"အားနာပေမဲ့ကျွန်တော်ခလေးကို
ကတိပေးပြီးသားဖြစ်နေပါပြီ...
ကျွန်တော်သူ့ကိုနေကောင်းအောင်
ကုပေးပါ့မယ်လို့လေ...S.Hအတွက်ကတော့
ကျွန်တော့်ထက်ပိုပြီးသင့်တော်တဲ့
ခွဲစိတ်ဆရာဝန်တွေရှိနေဦးမှာပါ..."
စကားအဆုံးစည်းဆေးရုံအုပ်ကြီးကို
ခေါင်းညွှတ်နူတ်ဆက်လျှက်
ထရပ်လိုက်သည်။
"မောင်စည်းစနစ်..."
ရုတ်တရပ်ဆေးရုံအုပ်ကြီးရဲ့ခေါ်သံကြောင့်
စည်းခြေလှမ်းတုံ့သွားခဲ့ရလျှင်...
ထိုင်ရာကနေထရပ်လာတဲ့ဆေးရုံအုပ်ကြီးက
စည်းအနားကိုလျောက်လာရင်း
မျက်နှာချင်းဆိုင်ရပ်သည်။
"တခြားအကြောင်းအရင်းရှိနေသေးတာလား
ရွှေဘုံဗိမ္မာန်လေးကို ကိုယ်တိုင်ခွဲစိတ်ရမှ
ဖြစ်မဲ့အကြောင်းအရင်းမောင်စည်းစနစ်မှာ
ရှိနေသေးတယ်လို့..ဆရာထင်တယ်.."
စည်းရဲ့မျက်ဝန်းတွေကိုတည့်မတ်စွာစိုက်ကြည့်ပြီး
မေးလာတဲ့ဆေးရုံအုပ်ကြီး....
"မောင်စည်းစနစ်နဲ့..အဲ့ဒီ့ခလေးရဲ့ကြားမှာ
ဆရာမသိနိုင်တဲ့ပါတ်သတ်မူ့တစ်ခုခုများ..."
"သမီးလေးပါ..."
"ဟင်..."
ဆေးရုံအုပ်ကြီးရဲ့စကားမဆုံးခင်
ထွက်ပေါ်လာခဲ့သောစည်းရဲ့အသံ...
ဦးကျော်ဇောရဲ့မျက်ဝန်းတွေကမယုံနိုင်သလို
အံ့ဩခြင်းတို့ဖြင့်ပြည့်နှက်သွားပေမဲ့
စည်းကတော့အရာရာကိုရင်ဆိုင်ဖို့
ဆုံးဖြတ်လိုက်ပြီးသလို..ဆန့်ကျင်ဘက်
တည်ငြိမ်မူ့များနှင့်....
"ရွှေဘုံဗိမ္မာန်...သူကကျွန်တော့်ရဲ့
သမီးလေးပါ...."
~~~~~~~~~~~~~ဆက်ရန်
Writer by
#Hazel