book

Index 13

အပိုင်း(၁၃)

  • Author : Hazel Nhte
  • Genres : Romance, Comedy, Drama

💛အကြင်နာလက်တစ်ကမ်း💛


~~~~~~~~


"နင်ငါ့ကိုမမြင်ချင်လောက်အောင်နာကျည်း

နေတယ်ဆိုရင်တောင်သမီးလေးအတွက်ကို

စဉ်းစားပြီးတော့ပဲဖြစ်ဖြစ်..နင့်ရဲ့စိတ်ကို

နည်းနည်းလောက်လျော့ပေးလို့မရဘူးလား..

ငါနင့်ကိုတောင်းဆိုနေတာပါ..."


သူ့ရဲ့စကားအဆုံးအချစ်ရဲ့နူတ်ခမ်းနှစ်လွှာက

တင်းတင်းစေ့သွားခဲ့၏...


"စိတ်လျော့ရမယ်...ဟုတ်လား...

ဘာလဲ..နင့်အမြင်မှာငါကအခုတမင်သက်သက်

မာနတွေကြီးပြနေတဲ့ပုံစံများဖြစ်နေလို့လား..

ဒါမှမဟုတ်နင့်အပေါ်ပြန်ပြီးနာကျင်စေချင်တဲ့

စိတ်ကြောင့်သမီးလေးနဲ့နင့်ကိုတမင်သက်သက်

ခွဲထားတာကနင်ကထင်နေတာများလား..."


မေးခွန်းများစွာကိုအဆုံးသတ်ပြီးသူမက

စည်းရဲ့ရင်ဘတ်ကိုဆောင့်တွန်းကာ

အောက်နူတ်ခမ်းကိုခပ်တင်းတင်းဖိကိုက်သည်။


"ငါသမီးလေးအတွက်သတ္တိရှိတဲ့

အမေတစ်ယောက်ဖြစ်ချင်ရုံပဲ....စည်း

ငါဒီနှစ်တွေကိုကျော်လွန်ဖို့ဘယ်လိုမျိုး

ကြိုးစားရုန်းကန်ခဲ့ရတယ်ဆိုတာနင်မသိနိုင်ပါဘူး...

နင်မပါတဲ့ငါနဲ့သမီးလေးရဲ့ဘဝမှာအခက်ခဲဆုံး

အချိန်တွေကိုကျော်လွန်ပြီးကာမှ...နင်က

ငါ့ရှေ့မှာဒီလိုမျိူးပြန်ပေါ်လာခဲ့တယ် ....ဒါကိုငါက

နင့်ကိုဘယ်လိုပုံစံမျိူးနဲ့ဆက်ဆံပေးရမှာလဲ...

နင်ငါ့ကိုအဲ့လိုမတောင်းဆိုခင်..နင်ကိုယ်တိုင်ကရော

ငါနဲ့သမီးလေးအတွက်ထိုက်တန်တဲ့

လူတစ်ယောက်ဟုတ်ရဲ့လားဆိုတာ

နင့်ကိုယ်နင်သေချာပြန်စဉ်းစားလိုက်စမ်းပါ..."


"အချစ်..."


"ဟုတ်တယ်..ငါကရက်စက်တဲ့မိန်းမပဲ

ဒါပေမဲ့နင်မေ့နေတာလား...ငါ့ကိုဒီလိုဖြစ်အောင်

လုပ်ခဲ့တဲ့လူကလဲနင်ကိုယ်တိုင်ပဲ....

၄နှစ်ဆိုတဲ့အချိန်အတွင်းနင်ငါ့ဆီစာလေး

တစ်စောင်လောက်ပဲဖြစ်ဖြစ်ရေးခဲ့မယ်ဆိုရင်

ဖုန်းလေးတစ်ခါလောက်ဆက်ပြီး

သတိရတယ်လို့တစ်ခွန်းလောက်ပဲဖြစ်ဖြစ်

ပြောပေးခဲ့မယ်ဆိုရင်...ဒီလိုတွေဖြစ်လာစရာ

အကြောင်းမရှိဘူးစည်း...နင်ပိုင်တဲ့အချိန်တွေထဲက

နာရီဝက်စာလောက်တောင်တန်ဖိုးထားမခံခဲ့ရတဲ့ငါက

နင်ထားခဲ့တဲ့နေရာမှာပဲနင်ပြန်လာတဲ့အထိ

အရူးလိုမျိုးစောင့်နေမယ်လို့နင်ကထင်နေခဲ့တာ......"


စကားကိုချက်ချင်းမဆက်ပဲမျက်ရည်တွေကို

ထိန်းချုပ်ထားရင်းအချစ်ခေါင်းကို

တဆတ်ဆတ်ငြိမ့်သည်။


"ဟုတ်ပါတယ်...နင်အဲ့လိုထင်ရလောက်အောင်

အရင်ကနင့်အတွက်ငါကရူးမိုက်ခဲ့တာကိုး...

ဒါပေမဲ့ငါအခုအရူးမဟုတ်တော့ဘူး...

သမီးလေးငါ့ဘဝထဲကိုစရောက်လာတဲ့အချိန်ထဲက

ငါ့စိတ်တွေပုံမှန်ပြန်ဖြစ်သွားခဲ့ပြီ...အရင်က

နင့်အတွက်ရှင်သန်ခဲ့သမျှ...အဲ့ဒီ့အချိန်ကစပြီး

ငါ့သမီးလေးအတွက်ဆက်ပြီးရှင်သန်ဖို့

ဆုံးဖြတ်ခဲ့ပြီးသား...ငါ့အတွက်နင်ဆိုတာ

မလိုအပ်တော့ဘူး...အခုရော၊နောင်ရော

ပြီးတော့..တသက်လုံး...."


"........."


"အဲ့ဒါကြောင့်သမီးလေးအတွက်ဆိုတဲ့

အကြောင်းပြချက်နဲ့နောက်တစ်ကြိမ်ငါ့ဘဝကို

လူပ်ခတ်အောင်မလုပ်ချင်ပါနဲ့.....

နင်တစ်ကယ်ပဲသမီးလေးအတွက်စဉ်းစားတယ်

ဆိုရင်...နင့်အရူးအမူးကြိုးစားရယူ

ခဲ့ရတယ်ဆိုတဲ့အဲ့ဒီ့ပညာတွေနဲ့

ငါ့သမီးလေးကိုသာရအောင်ကယ်ပေးပါ..

ငါလဲနင့်ကိုတောင်းဆိုနေတာပါ..စည်းရယ်.."


~~~~~~~~~~~~~~~❤◦.¸¸. ◦✿


"ခွဲစိတ်မူ့အောင်မြင်ပါတယ်...လူနာက

မကြာခင်သတိရလာပါလိမ့်မယ်..."


"ကျေးဇူးတင်ပါတယ်...ဆရာရယ်

ကျေးဇူးတင်ပါတယ်..."


စည်းလက်ကိုတင်းတင်းကြပ်ကြပ်

ဆုပ်ကိုင်ထားရင်း..ထိုင်မကန်တော့ရုံတမယ်

ကျေးဇူးတင်စကားအထပ်ထပ်ဆိုနေရှာသော

လူနာရှင်၏..ဇနီးနှင့်သားလေးကိုကြည့်ကာ

၃နာရီကျော်မျှခွဲစိတ်ခန်းထဲရှိနေရသော

ပင်ပန်းမူ့တွေကပျောက်ကွယ်သွားရရင်း

အပြုံးသဲ့သဲ့ဖြစ်ထွန်းရသည်။


"ဆရာ..အရမ်းတော်ပါတယ်

ခွဲစိတ်မူ့ကတစ်ကယ့်perfectပါပဲ..."


"ဂုဏ်ယူပါတယ်စီနီယာ...ပညာအများကြီး

ရလိုက်ပါတယ်...."


"စီနီယာနဲ့အတူခွဲစိတ်မူ့လုပ်ခွင့်ရမဲ့

အချိန်ကိုစောင့်နေတာပါ..."


ခွဲစိတ်မူ့အကြီးစားတစ်ခုလုပ်သည့်အခါတိုင်း

ဆေးရုံ၏နေရာအချိုမှာရှိနေတဲ့projectorတွေကနေ

ခွဲစိတ်မူ့အသေးစိတ်ကိုတိုက်ရိုက်ပြသလေ့ရှိတာမို့

ခွဲခန်းထဲကပြန်ထွက်လာတဲ့လမ်းတလျှောက်

တွေ့သမျှလူတိုင်းက...စည်းကို

လေးစားအားကျတဲ့အကြည့်တွေဖြင့်နူတ်ဆက်ကြ၏..


သို့ပေမဲ့စည်းကတော့ထိုအရာတွေကို

ဂရုမစိုက်နိုင်သလိုခွဲစိတ်ခန်းဝတ်စုံကိုလဲ

မလဲနိုင်ပဲသမီးလေးရဲ့အခန်းကိုသာ

တန်းလာခဲ့သည်။


အခန်းရှေ့ရောက်တော့တံခါးခေါက်ဖို့

ပြင်လိုက်ပေမဲ့လဲလက်ကိုပြန်ရုပ်လိုက်မိပြန်ပြီး

တံခါးချပ်ကိုသာခပ်ဟဟဖွင့်ပြီးအထဲသို့

လှမ်းကြည့်လိုက်မိ၏...


အချိန်က၉နာရီကျော်ပြီမို့သမီးလေး

ဆေးသောက်ပြီးအိပ်ပျော်သွားပြီထင်၏...

သူမကတော့ဆေးရုံကုတင်ဘေးက

ခုံတန်းလေးပေါ်မှာဘေးတစောင်းလေးလှဲပြီး

လက်ထဲမှာဘုရားစာအုပ်ကိုကိုင်ထားပြီး

ဘုရားစာကိုခပ်သဲ့သဲ့ရွတ်နေသည်။


စည်းထိုမြင်ကွင်းလေးကိုခဏမျှရပ်ငေး

ကြည့်နေပြီးမှတံခါးကိုအသာအယာပြန်စေ့ပိတ်လိုက်၏...


ထို့နောက်မှာတော့ညနေကသူမပြောခဲ့တဲ့

စကားလုံးပေါင်းများစွာကနားထဲကို

အလုအယက်တိုးဝင်လာခဲ့ပြန်ရင်း

စည်းထိုအရှေ့ကနေခြေလှမ်းတွေကို

နောက်ပြန်လှည့်လာခဲ့မိသည်။


တစ်ခါတလေကျရင်ငေးကြည့်နေရုံသာ

တတ်နိုင်တဲ့အရာတွေက...လူတစ်ယောက်ရဲ့ဘဝ

အတွက်တန်ဖိုးအရှိဆုံးအရာတွေပါပဲ...


ဒါပေမဲ့...ထိုအရာတွေကိုငေးကြည့်ရုံကနေ

ပိုင်ဆိုင်နိုင်ဖို့ဆိုတာက...အဲ့ဒီလူရဲ့

ကံတရားနဲ့ကြိုးစားမူ့အပေါ်မူတည်နေတာပဲ

မဟုတ်ပါလား....


~~~~~~~~~~~~~~~❤◦.¸¸. ◦✿


"ကလေးကိုခွဲစိတ်မူ့လုပ်ဖို့..ဒီတစ်ပါတ်

ထဲမှာအတည်ပြုပါမယ်..."


မနက်ပိုင်းမှာ..အလုပ်သင်ဆရာဝန်(HS)

တစ်ချိူ့နဲ့roundလှည့်လာရင်း

အသိပေးလာတဲ့သူ့ရဲ့စကားကြောင့်

အချစ်ရင်ထဲထိတ်ခနဲဖြစ်သွားရ၏....


"ကလေးရဲ့အခုအခြေအနေက

အော်ပရေးရှင်းအတွက်အဆင်သင့်ဖြစ်နေပြီလို့

ပြောလို့ရတယ်..အဲ့ဒါကြောင့်ကျွန်တော်တို့

ထပ်ပြီးအချိန်မဆွဲတော့ဘူး...သန်ဘက်ခါ

နောက်ဆုံးအကြိမ်ဆေးစစ်ပြီးတာနဲ့

ခွဲစိတ်မဲ့ရက်ကိုအတည်ပြှုမှာပါ...

အဲ့ဒါကြောင့် လူနာရှင်အနေနဲ့စိတ်ကို

ပြင်ဆင်ထားပေးပါ..."


ထို့နောက်သူroundလှည့်ပြီးပြန်ထွက်သွားတဲ့အခါ

အချစ်....နားမလည်သလိုမျက်လုံးဝိုင်းလေးတွေနှင့်

မော့ငေးကြည့်နေရှာတဲ့သမီးလေးရဲ့ဘေးမှာ

ဝင်ထိုင်လိုက်ပြီးဦးခေါင်းလေးကို

ဖွဖွပွတ်သပ်လိုက်သည်။


"မေမေ..ခွဲစိတ်တယ်ဆိုတာဘာကို

ပြောတာလဲဟင်....ဦးဦးဒေါက်တာက

မီးဗိုက်ကိုဓားကြီးနဲ့ခွဲမှာကိုပြောတာလား...

အဲ့ဒါဆိုအရမ်းနာမှာလားဟင်..."


ကြောက်ရွံ့မူ့တွေအထင်းသားပေါ်လွင်နေတဲ့

သမီးလေးရဲ့မျက်နှာလေးကိုကြည့်ကာ

အချစ်အားယူပြုံးပြလိုက်ရင်း...


"မနာပါဘူးမီးလေးရဲ့...သမီးလေးနေကောင်းအောင်

ဦးဦးဒေါက်တာကကုပေးမှာလေ...

သမီးလေးမြန်မြန်နေကောင်းချင်တယ်

မဟုတ်လား..."


"ဟုတ်..."


မဆိုင်းမတွခေါင်းလေးငြိမ့်ပြလာတဲ့သမီးလေးက

အချစ်ရင်ခွင်ထဲကိုယ်လေးတိုးဝင်လာရင်း...


"မီးနေကောင်းချင်တယ်..အဲ့ဒါမှ

မေမေထပ်ပြီးမငိုတော့မှာလေ....."


"သမီးလေးရယ်...."


အချစ်ထိုတစ်ခွန်းအပြင်ဘာမှဆက်ပြီး

ပြောမထွက်နိုင်ပဲသမီးလေးကိုသာ

တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားမိတော့သည်။


~~~~~~~~~~~~~~❤◦.¸¸. ◦✿


သမီးလေးရှေ့မှာစိုးရိမ်စိတ်တွေနဲ့

ဆောက်တည်ရာမဲ့နေတဲ့ပုံစံကိုမပြချင်၍

ရေသွားထည့်လိုက်ဦးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့

အချစ်အပြင်ကိုထွက်လာခဲ့ပြီးမှ...

စင်္ကြန်လမ်းကထိုင်ခုံပေါ်မှာအရုပ်ကြိုးပြတ်

ထိုင်ချလိုက်မိသည်။


"သန်ဘက်ခါနောက်ဆုံးအကြိမ်ဆေးစစ်ပြီးတာနဲ့

ခွဲစိတ်မဲ့ရက်ကိုအတည်ပြုမှာပါ..

အဲ့ဒါကြောင့်လူနာရှင်အနေနဲ့စိတ်ကို

ပြင်ဆင်ထားပေးပါ...."


သူပြောခဲ့တဲ့စကားကိုပြန်ကြားယောင်

လိုက်တာနှင့်ရေကရားကိုဘေးချပြီး

အချစ်လက်ဖဝါးနှစ်ဖက်နှင့်မျက်နှာကို

အုပ်လိုက်၏...


သမီးလေးခွဲစိတ်မူ့အမြန်ဆုံးလုပ်ပြီး

သက်သာလာဖို့ကအချစ်ရဲ့တစ်ခုထဲသော

မျှော်လင့်ချက်ဆိုပေမဲ့...မမြင်နိုင်တဲ့ကံကြမ္မာကြောင့်

တစ်ခုခုမှားယွင်းချွတ်ချော်သွားမှာကိုအချစ်

သေမလောက်ကြောက်နေမိသည်။


"ဟင့်...ဟင့်...."


ကူကယ်ရာမဲ့စိုးရိမ်ပူပန်စိတ်တွေနဲ့

တစ်ယောက်ထဲကြိတ်ငိုနေမိတာက

တစ်စုံတစ်ယောက်အနားကို

ချဉ်းကပ်လာခဲ့တာကိုလဲမသိနိုင်တော့ပဲ......

ပခုံးထက်ကိုညင်သာစွာဆုပ်ကိုင်လိုက်တဲ့

လက်တစ်ဖက်ကြောင့်ခေါင်းမော့ကြည့်လိုက်မိလျှင်

အဖြူရောင်ဂျူတီကုတ်နှင့်မြင်လိုက်ရသူက...


"စည်း..."


အချစ်ခဏမျှမှင်သက်မိသွားရပေမဲ့

ချက်ချင်းအသိဝင်လာခဲ့ပြီးမျက်ရည်တွေကို

ကပျာကယာပွတ်သုတ်လိုက်ချိန်မှာပဲ

သူကအချစ်ရှေ့မှာခြေဖျားထောက်ထိုင်လိုက်သည်။


"သမီးလေးရဲ့ခွဲစိတ်မူ့အတွက်

စိုးရိမ်နေတာလား...."


တည်ငြိမ်စွာမေးလာတဲ့သူ့ကိုကြည့်ပြီး

အချစ်ဟန်မဆောင်နိုင်ပဲခေါင်းငြိမ့်လိုက်မိသည်။


"နင်ပဲငါ့ကိုပြောခဲ့တယ်မဟုတ်လား...

ငါရဲ့ခံစားချက်တွေကိုမထိန်းချုပ်နိုင်ဘူးဆိုရင်

သမီးလေးကိုဘယ်လိုတာဝန်ယူပြီး

ခွဲစိတ်ပေးမှာလဲလို့လေ...အဲ့ဒါကြောင့်

ငါအခုပြင်ဆင်ထားတာပါ...သမီးလေးကို

ငါ့ရဲ့လက်နဲ့အကောင်းဆုံးခွဲစိတ်ကုသနိုင်ဖို့....


အချစ်သူ့ကိုဘာမှမပြောနိုင်ပဲငုံ့မိုး

ငေးကြည့်နေမိ၏...


"ငါလုပ်နိုင်တယ်ဆိုတာငါယုံတယ်...အဲ့ဒါကြောင့်

နင်လဲ..ဒီတစ်ခါတော့..ကျေးဇူးပြုပြီး

ငါ့ကိုအပြည့်အဝယုံကြည်ပေးပါ..."


အက်ရှရှဖြင့်တိုးသဲ့နေသောသူ့ရဲ့စကားသံအဆုံး

ဆုံမှတ်တစ်ခုမှာငေးရီနေသောမျက်ဝန်း

နှစ်စုံမှလွဲရင်နှစ်ယောက်ကြားက

အရာရာသည်တိတ်ဆိတ်ငြိမ်သက်သွားခဲ့တော့၏...


~~~~~~~~~~~~~~~❤◦.¸¸. ◦✿


Sky-high (S.H)group🏢


"အဲ့ဒီ့ခွဲစိတ်ဆရာဝန်ရဲ့နာမည်က

စည်းစနစ်တဲ့လား....."


၃၂ထပ်ထိမြင့်မားသောအဆောက်အဦးကြီး၏

အပေါ်ဆုံးထပ်ရှိမှန်လုံရုံးခန်းထဲက

Projectorမှာပြသနေသော

ခွဲစိတ်မူ့အပြီး....မေးခွန်းထုတ်လိုက်သူက

S.H group၏ဒုဥက္ကဌဖြစ်တဲ့ 

နေရောင်စက်ရှိန်.....


"ဟုတ်ပါတယ်...ဒုဥက္ကဌ...ကျွန်တော့အမြင်မှာတော့

မြန်မာနိုင်ငံမှာရှိတဲ့လက်ချိုးရေလို့ရတဲ့

နှလုံးခွဲစိတ်ဆရာဝန်တွေထဲ...သူက

အသက်အငယ်ဆုံးဖြစ်ပါလိမ့်မယ်..."


သူ့ရဲ့မေးခွန်းကိုအဖြေပေးလာသူကတော့

တော်ဝင်ဆေးရုံကြီး၏ပါမောက္ခဆရာဝန်ကြီး

တစ်ဦးဖြစ်တဲ့...ဦးဘုန်းမြင့်ဇော်


"ငယ်ငယ်ရွယ်ရွယ်နဲ့အဲ့လောက်တော်တယ်ပေါ့...."


Pauseလုပ်ထားတဲ့ပရိုဂျက်တာထက်က

ပုံရိပ်ကိုကြည့်ပြီးနေရောင်စက်ရှိန်က

နူတ်ခမ်းလူပ်ရုံအပြုံးနှင့်ထပ်မေးသည်။


"အင်္ဂလန်ကနေပါရဂူဘွဲ့ယူပြီးပြန်ရောက်လာတာ

လပိုင်းပဲရှိပါသေးတယ်....အဲ့ဒီ့မတိုင်ခင်က

အင်္ဂလန်ကနာမည်ကျော်၊ဆေးတက္ကသိုလ်တွေ

ဆေးရုံတွေမှာspecialistအဖြစ်

ကမ်းလှမ်းခံခဲ့ရတဲ့သူပါ...၅နှစ်အတွင်း

နှလုံးခွဲစိတ်မူ့အကြီးစားကို

၃၀ထက်မနည်းလုပ်ခဲ့ဖူးပါတယ်

နှလုံးအစားထိုးခွဲစိတ်မူ့က၂ကြိမ်အထက်ပါဝင်

ခဲ့ပါတယ်..."


"အံ့ဩစရာပဲ..."


"ဒီ့ထက်ပိုပြီးအံ့ဩစရာကောင်းတာက..

သူ့ရဲ့ခွဲစိတ်မူ့တွေကတစ်ကြိမ်မှမအောင်မြင်ဘူးဆိုတာ

မရှိခဲ့တာပါပဲ.. ဒါကတော့မြန်မာပြည်ကို

ပြန်လာပြီးတဲ့နောက်ပိုင်းသူပထမဆုံး

လုပ်ခဲ့တဲ့အကြီးစားနှလုံးခွဲစိတ်မူ့ပါ...

ဒုဥက္ကဌမြင်တဲ့အတိုင်း၃နာရီဆိုတဲ့အချိန်အတွင်း

တိတိကျကျ၊မြန်မြန်ဆန်ဆန်နဲ့ကျွမ်းကျင်စွာ

ခွဲစိတ်ခဲ့တာပါ..ခွဲစိတ်မူ့ကလဲရာနူန်းပြည့်

အောင်မြင်ခဲ့ပါတယ်...သူက

ခွဲစိတ်ဆရာဝန်တစ်ယောက်အဖြစ်ပါရမီ

ပါလာခဲ့တဲ့သူပါ..."


"အန်ကယ်လ်ပြောတဲ့အတိုင်းဆိုရင်

ဂျွန်လေးရဲ့ခွဲစိတ်မူ့အတွက်သူ့ထက်ပိုပြီး

သင့်တော်တဲ့လူမရှိနိုင်တော့သလိုပဲ..."


"ဒုဥက္ကဌကတခြားသူတွေရဲ့စောင့်ကြည့်တာကို

ရှောင်ပြီးဂျွန်လေးကိုအန္တာရယ်ကင်းကင်းနဲ့

ခွဲစိတ်စေချင်တာမဟုတ်လား....ဒါဆိုသူ့ထက်ပိုပြီး

သင့်တော်တဲ့လူရှိလိမ့်မယ်လို့တော့

ကျွန်တော်မထင်ဘူး...."


ဦးဘုန်းမြင့်ဇော်စကားကြောင့်

နေရောင်စက်ရှိန်ခဏမျှငြိမ်သက်သွားပြီးမှ

စကားဆက်သည်။


"ဟုတ်တယ်...ကျွန်တော်ဂျွန်လေးကို

ကျွန်တော့်မျက်စိရှေ့မှာပဲအန္တာရယ်ကင်းကင်းနဲ့

ခွဲစိတ်မူ့လုပ်စေချင်တယ်...ဒီအတိုင်းဆို

ကျွန်တော်ဦးကျော်ဇောနဲ့စကားပြောဖို့လိုနေပြီ

ထင်တယ်...."


"တော်ဝင်ဆေးရုံဖြစ်တည်လာခဲ့တာ

ဒုဥက္ကဌကအခြေခံလူတန်းစားတွေအတွက်

တွေးပြီးကျွန်တော်တို့ဆေးရုံအုပ်ကြီးနဲ့

ပူးပေါင်းပေးခဲ့လို့ပါ...ဒုဥက္ကဌကသာ

အကူအညီတောင်းရင်ဆေးရုံအုပ်ကြီးက

ငြင်းမှာမဟုတ်ပါဘူး...."


"ကာယကံရှင်ကိုယ်တိုင်ကရော..."


"ဗျာ..."


"ကျွန်တော်ကြားဖူးတာတော့..အဲ့လို

specialist တွေကကိုင်တွယ်ရခက်တယ်ဆို

ဆေးရုံအပြင်ဘက်ကတရားမဝင်...

ခွဲစိတ်မူ့တစ်ခုကိုလုပ်ဖို့သူကသဘောတူပါ့မလား..."

"အဲ့ဒါက..."


တိတိကျကျအဖြေမရှိပဲဦးဘုန်းမြင့်ဇော်က

မျက်မှန်ကိုပင့်တင်ပြီးစဉ်းစားသလို

ဖြစ်သွားတဲ့အခါ...နေရောင်စက်ရှိန်က

အသိခက်စွာပြုံးလိုက်ရင်း.. 


"ဘာပဲဖြစ်ဖြစ်...မနက်ဖြန်တော့

ကျွန်တော်ကျိန်းသေပေါက်တော်ဝင်ဆေးရုံကို

သွားရလိမ့်မယ်ထင်တယ်..."


~~~~~~~~~~~~~~❤◦.¸¸. ◦✿


"Phwayပင်မင်းကပါ...

ဒေါက်တာစည်းစနစ်အပ်ထားတဲ့အင်္ကျီ

လာပို့တာပါ..."


"ဒီကိုပေး..ပိုက်ဆံရှင်းပြီးသွားပြီမဟုတ်လား"


"ဟုတ်ကဲ့..ရှင်းပြီးသွားပါပြီ..."


ကြားနေရတဲ့အသံတွေကြောင့်

ဆေးရုံမြေညီထပ်ကဆေးကောင်တာမှာ

မနက်ပိုင်းဆေးထုတ်နေတဲ့အချစ်

မရည်ရွယ်ပါပဲအနောက်သို့

လှည့်ကြည့်လိုက်မိတော့....

ပင်မင်းဆိုင်ကယူနီဖောင်းနဲ့ကောင်လေးရဲ့

လက်ထဲကဝတ်စုံကိုလွှဲပြောင်းယူနေတဲ့

ဆေးရုံအကူဝန်ထမ်းအမျိူးသမီးတစ်ဦး...


"ငါတို့ဒေါက်တာလဲဒီရက်ပိုင်းဆေးရုံမှာ

ချည်းပဲအိမ်ကိုမပြန်ဘူး..."


ပြောရင်းထိုအမျိုးသမီးကအချစ်ရပ်နေတဲ့

ကောင်တာနားကိုလျောက်လာသည်။


"Ward(လူနာဆောင်)ထဲမှာအရေးကြီး

လူနာတွေများနေလို့နေမှာပေါ့...မမျိုးရဲ့..."


ကောင်တာကစာရေးမလေးကလှမ်းပြောသည်။


"အေးလေ..ငါတို့ဒေါက်တာက

အိမ်ပြန်လဲတစ်ယောက်ထဲဆိုတော့

ဘာထူးမှာလဲ..ဆေးရုံမှာနေတာကမှ

ပိုကောင်းဦးမယ်..."


"ဒေါက်တာစည်းစနစ်ကတစ်ယောက်ထဲ

နေတာလားမမျိုး...."


"အင်း..ဟုတ်တယ်လေ..အစ်မလဲ

ဒေါက်တာပိုင်စိုးပြောတာကြားဖူးတာ..သူနဲ့

ဒေါက်တာစည်းစနစ်ကအရင်ထဲက

ဆေးရုံတစ်ခုထဲမှာအတူတာဝန်ကျပြီး

ရင်းနှီးကြတာတဲ့..ဒေါက်တာစည်းစနစ်ရဲ့

အိမ်က(.........)မှာလေ..."


နားထောင်နေတာမဟုတ်သော်လဲအတိုင်းသား

ကြားနေရတဲ့စကားတွေထဲလိပ်စာလေး

တစ်ခုကြောင့်ဆေးစာရွက်ကိုဆုပ်ကိုင်ထားတဲ့

အချစ်လက်လေးကတင်းတင်းကြပ်ကြပ်

ဖြစ်သွားရ၏....


သူအခုတစ်ယောက်တည်းနေနေတယ်ဆိုတဲ့

နေရာက...ဒီနှစ်တွေမှာမေ့ဖျောက်ပစ်နိုင်ဖို့

အချစ်အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးတဲ့

နေရာလေးတစ်ခုဖြစ်နေသည်မဟုတ်ပါလား...


~~~~~~~~~~~~~~~~~❤◦.¸¸. ◦✿


ဆက်ရန်>>>>>


Writer by

#Hazel


rate now: