book

Index 1

အပိုင်း<၁>

  • Author : Hazel Nhte
  • Genres : Romance, Comedy, Drama

💚အ ကြင် နာ လက် တစ် ကမ်း💚


~~~~~~~~~~~~


"စည်း...ငါဒီမှာ..."


ထမင်းချိုင့်အိတ်လေးကိုဆွဲပြီးဝမ်းသာအားရ

လှမ်းအော်လိုက်တဲ့အသံ.....


"က်စ္​..."


သူတစ်ချက်လှမ်းကြည့်လိုက်ပြီးကျစ်ခနဲစုပ်သပ်

လိုက်မိသည်။ဂျူတီကုဒ်အိတ်ထဲနားကြပ်ကို

ထိုးထည့်ပြီးထိုအနားကိုလျောက်သွားလိုက်၏...


"နင်..ဆေးရုံကိုဘာလာလုပ်ပြန်တာလဲ..."


အလိုမကျမှန်းသိသာနေတဲ့စည်းရဲ့မေးခွန်းကို

မျက်နှာပေါ်ဆင်မြန်းထားတဲ့အပြုံးမပျက်ပဲ

ထမင်းချိူင့်အိတ်လေးကိုရှေ့သို့တိုးပေးလာတဲ့သူမ...


"ငါနင့်အတွက်ထမင်းလာပို့တာ...ဘယ်လိုလဲ

အချိန်နောက်မကျသေးပါဘူးနော်..ငါကမမီတော့ဘူး

မှတ်နေတာ..တော်သေးတာပေါ့..."


စကားကိုတရစပ်ပြောရင်းသူမကပြောင်ရှင်းနေတဲ့

မျက်နှာလေးထက်နဖူးပြင်မှာတွဲခိုနေတဲ့ချွေးစတို့ကို

လက်ခုံနှင့်ပွတ်သုတ်သည်။


"နင့်အကြိုက်ဆိတ်သားနှပ်နဲ့မြင်းခွာရွက်သုတ်

သိလား...ငါရှယ်ချက်ထားတယ်...."


"ငါနေ့လည်စာစားပြီးပြီ...."


"ဟင်...."


ထမင်းချိုင့်ကိုမျက်လုံးတစ်ချက်တောင်ဝေ့မကြည့်ပဲ

ပြောလိုက်တဲ့စကားကြောင့်သူမ`ဟင်´ခနဲ

ဖြစ်သွား၏....


"နင်ဘယ်မှာစားလိုက်တာလဲ...."


"ဆေးရုံကန်တင်းမှာ......"


စည်းပြောလိုက်ပေမဲ့သူမကထမင်းချိုင့်ကိုင်ထားတဲ့

လက်တွေကိုပြန်မရုပ်ပဲအားယူပြုံးပြသည်။


"ငါကနင်အလုပ်တွေအရမ်းများနေပြီးထမင်းစား

ချိန်တောင်မေ့နေမှာစိုးလို့တကူးတကလာပို့ရတာ..."


"နင့်ကိုဘယ်သူကခိုင်းလို့လဲ...."


"ငါကနင့်ကိုစိုးရိမ်လို့လေ......."


"ထမင်းချိုင့်ယူပြီးပြန်တော့....ခဏနေround

လှည့်ရတော့မယ်ငါမအားတော့ဘူး...."


"ဒါဆို...ဒီနေ့ရောနင်အိမ်ပြန်လာမှာလားဟင်..."


အချစ်မျှော်လင့်တကြီးမေးလိုက်မိပေမဲ့လဲ.....


"မပြောတတ်သေးဘူး...တစ်ကယ်လို့ဆေးရုံမှာပဲ

အိပ်ဖြစ်မယ်ဆိုရင်ငါဖုန်းဆက်လိုက်မယ်...."


"ဒါပေမဲ့....စည်း...."


တစ်ခုခုထပ်ပြီးလှမ်းပြောဖို့ပြင်လိုက်တဲ့စကားမဆုံးခင်

အနားကနေချာခနဲလှည့်ထွက်သွားတဲ့စည်းကြောင့်

အချစ်ဘေးဘီကိုမလုံမလဲလေးဝေ့ကြည့်ကာ

ထမင်းချိုင့်ကိုင်ထားတဲ့လက်လေးကိုပြန်ရုပ်လိုက်

မိသည်။


"နေ့လည်စာစားပြီးရင်လဲညနေဆာရင်စားဖို့ယူထားလို့

ရတဲ့ဟာကို...."


မချင့်မရဲလေးရေရွတ်ရင်းအချစ်လေးကန်ကန်

ခြေလှမ်းတွေနှင့်ဆေးရုံထဲကနေလှမ်း

ထွက်လာခဲ့မိတော့၏.....


°º¤ø,¸¸,ø¤º°`°º¤ø,¸,°º¤ø,¸¸,ø¤º°`°º¤ø,¸,🌺


"ဟူး...မောလိုက်တာဟာ...ကားကလဲနေ့ခင်းနေ့လည်

မှာတောင်ကြပ်သိပ်နေတာပဲ..."


ညည်းညူသံနှင့်အတူဆိုင်ထဲကိုလှမ်းဝင်လာတဲ့

အချစ်ကိုမြင်တာနှင့်ဧည့်သည်မရှိတဲ့အချိန်မို့

တစ်ယောက်ဆံပင်တစ်ယောက်အလှပြင်နေကြသော

ကြည်ဖြူနှင့်မေကလှည့်ကြည့်လာ၏....


"ဘယ်လိုလဲဒေါ်အချစ်...ထမင်းချိုင့်ကြီးကိုင်ပြီး

ပြန်လှည့်လာပုံထောက်ရင်...ရှင့်လူက

မစားပြန်ဘူးလား...."


"အေးလေ...ခဏခဏဒီလိုလုပ်နေတာတောင်

နင်မို့အမှတ်မရှိပဲအပင်ပန်းခံပြီးဆေးရုံအထိ

သွားသွားပို့တယ်...."


အကြောင်းသိနေသောကြည်ဖြူနဲ့မေရဲ့

ပြစ်တင်စကားကိုအချစ်ဘာမှမတုံ့ပြန်နိုင်သေးခင်

ဆိုင်ခန်းထောင့်ကရေသန့်ဗူးရှိရာကိုသွားပြီး

ရေတစ်ခွက်အပြည့်ကိုတဂွပ်ဂွပ်နှင့်မော့ချပစ်လိုက်

သည်။


"အဲ့လိုမဟုတ်ပါဘူးဟာ...စည်းကအရမ်းအလုပ်များ

လို့ပါ...အဲ့ဒါကြောင့်သူ့မှာစားချိန်သောက်ချိန်

သတ်သတ်မှတ်မှတ်မရှိတာ...အားတဲ့အချိန်

ဗိုက်ဖြည့်ထားရတဲ့ဟာ....."


"အမလေးသိပါတယ်ဟယ်...ဆက်ပြောရင်

နင့်လူကဘယ်လောက်တော်ပြီးဘယ်လောက်

အလုပ်များတဲ့ဆရာဝန်ဖြစ်ကြောင်းဆေးရုံအုပ်ကြီးက

နင့်လူကိုဘယ်လိုမျက်စိကျပြီးအားကိုးတဲ့အကြောင်း

လူနာတွေကိုနင့်လူကဘယ်လောက်ကြင်နာတဲ့

အကြောင်းဒါတွေပဲလာဦးမှာ...."


"အင်းလေ...ဒေါ်အချစ်တို့ကိုယ့်လူကိုယ်

အမွှမ်းတင်တတ်ပုံများမသိရင်တလောကလုံးမှာ

ဆရာဝန်ဆိုလို့သူတစ်ယောက်ထဲရှိတာကျနေတာပဲ...."


"ဒါပေမဲ့စည်းလိုတော်ပြီးကြင်နာတတ်၊စိတ်ရှည်တတ်တဲ့

ဆရာဝန်ကတော့ရှားတယ်လေ...."


"အေး...ဒါပေမဲ့သူစိတ်ရှည်ပြီးကြင်နာတဲ့ထဲမှာလဲ

နင်မပါဘူးမဟုတ်လား...."


"အဟွတ်...."


သူငယ်ချင်းနှစ်ယောက်ရဲ့စကားကိုအချစ်ပြန်ပြီး

ချေပနေပေမဲ့ကြည်ဖြူပြောလိုက်တဲ့

စကားတစ်ခွန်းမှာတော့ရေပင်သီးတဲ့အထိ

ထိရှသွားခဲ့ရ၏....


`သူစိတ်ရှည်ပြီးကြင်နာတဲ့ထဲမှာနင်မပါဘူး

မဟုတ်လား´တဲ့


မမှန်သော်လဲမှားနေပါတယ်လို့မချေပနိုင်တဲ့စကား.....


အချစ်ငြိမ်ကျသွားတာကိုကြည့်ပြီးကြည်ဖြူနဲ့မေလဲ

သူတို့စကားလွန်သွားမှန်းသိကာတစ်ယောက်မျက်နှာ

တစ်ယောက်ကြည့်ကုန်ကြသည်။


"ဆောရီးပါဟာ...ငါတို့ကဒီအတိုင်းအပျော်အပျက်

ပြောလိုက်တာပါ..."


တောင်းပန်စကားနဲ့အတူအနားကိုရောက်လာသော

ကြည်ဖြူ့အားအချစ်ခေါင်းလေးယမ်းပြလိုက်မိသည်။

ထိုအခါမေကပါအချစ်နားကိုရောက်လာခဲ့ပြီး....


"ဒါနဲ့..နင်တို့နှစ်ယောက်ဘယ်တော့လက်ထပ်ကြမှာလဲ

အချစ်...."


ထိုအမေးကြောင့်အချစ်မျက်ဝန်းလေးတွေ

ငေးရီသွားခဲ့ရ၏.....


"ငါတို့ကနင်နဲ့အတွင်းသိအစင်းသိတွေမို့...ငါတို့

ပြောသမျှအားလုံးကနင့်အတွက်ဆိုတာယုံပါ...

နင်နဲ့စည်းကိုအများအမြင်မှာအားလုံးက

ဇနီးမောင်နှံတွေလို့သိထားကြပေမဲ့.....

နင်တို့ကလက်ထပ်စာချုပ်မှာတရားဝင်လက်မှတ်

ထိုးကြရသေးတာမဟုတ်ဘူး....တစ်ကယ်လို့

သူကအခုချိန်ကြမှစိတ်ပြောင်းသွားခဲ့မယ်ဆိုရင်

နှစ်တွေအကြာကြီးနင်သူ့ဘေးမှာပေးဆပ်အနစ်နာ

ခံခဲ့တာတွေကအလကားဖြစ်ကုန်ရမှာနင်သိရဲ့လား..."


"ဟယ်...နင်ကလဲအဲ့လိုမပြောပါနဲ့စည်းက

အဲ့လိုလူမျိုးမဟုတ်ဘူး...."


အချစ်ခါးခါးသီးသီးငြင်းမိသည်။


"စည်းနဲ့ငါနဲ့ရင်းနှီးခဲ့တာတစ်နှစ်လဲမဟုတ်ဘူး

ဆယ်နှစ်လဲမဟုတ်ဘူး...အနှစ်၂၀တိတိရှိနေပြီ

နင်တို့သိလား...စည်းနဲ့ငါနဲ့နှစ်ယောက်ကမ္ဘာလေးက

တစ်ယောက်ကိုတစ်ယောက်နားလည်မူ့တွေနဲ့

အခြေခိုင်အောင်တည်ဆောက်ထားခဲ့ရတာ....

တစ်ယောက်ရင်ထဲကဒဏ်ရာတွေကိုတစ်ယောက်က

နားလည်ပေးပြီးအပြန်အလှန်ကုစားခဲ့ကြရတာ.....

စာချုပ်စာတမ်းတွေဆိုတာတစ်ကယ်တော့ချုပ်နှောင်

ခြင်းတစ်မျိူးပါ...ငါဘယ်တော့မှစည်းကိုအဲ့လို

အရာတွေနဲ့မချုပ်နှောင်ထားဘူး....တစ်နေ့

သူငါ့ကိုစိတ်ပါလက်ပါနဲ့လက်ထပ်ခွင့်တောင်းလာမဲ့

တစ်နေ့ကိုငါစောင့်မယ်....ငါယုံတယ်....

စည်းငါ့ကိုဘယ်တော့မှစွန့်ပစ်သွားမှာမဟုတ်ဘူး..."


မျက်နှာလေးကညိုးနွမ်းနေသော်လဲ

တစ်စုံတစ်ရာသောမျှော်လင့်ချက်တို့ဖြင့်အရောင်လဲ့

နေရှာတဲ့အချစ်ကိုကြည့်ပြီးကြည်ဖြူနဲမေဘာမှ

ဆက်ပြီးပြောမထွက်ကြတော့.....


မိန်းကလေးတွေကယောကျာင်္းတစ်ယောက်ကိုတစ်ကယ်

ချစ်မိပြီဆိုရင်အဲ့ဒီ့အချစ်တစ်ခုကလွဲရင်ဘာကိုမှ

မမြင်နိုင်တော့တဲ့အထိ...မျက်ကန်းတစ်ယောက်လို

ဖြစ်သွားတတ်ကြတာပဲမဟုတ်လား....??

အားလုံးကိုမဆိုလိုပေမဲ့အများစုကတော့

အဲ့လိုမျက်ကန်းအချစ်မျိုးနဲ့ကိုယ့်ချစ်ရတဲ့သူအပေါ်

ယုံကြည်မူ့ထားတတ်ကြတယ်ကိုယ့်ရဲ့နှလုံးသား

ကိုယ့်ရဲ့အချစ်စိတ်နဲ့နိူင်းယှဉ်ပြီးတော့ပေါ့.....


တစ်ကယ်တော့အချစ်စစ်ဆိုတဲ့သနားစရာ

ဤမိန်းကလေးကလဲအဲ့လိုမျက်ကန်းအချစ်

ပိုင်ရှင်မလေးတစ်ယောက်ပါပဲ.........


°º¤ø,¸¸,ø¤º°`°º¤ø,¸,°º¤ø,¸¸,ø¤º°`°º¤ø,¸,🌺


"ဗျာ...အင်္ဂလန်ကဆေးတက္ကသိုလ်ကို

ပညာတော်သင်သွားရမဲ့သူတွေထဲကျွန်တော်ပါ

ပါနေတယ်ဟုတ်လား..ဆရာ...."


စည်း..မျက်နှာချင်းဆိုင်မှာရှိနေသောဆေးရုံအုပ်

ပါရဂူကြီးဦးကျော်ဇောကိုကြည့်ပြီးမေးလိုက်မိတာက

အံ့ဩမယုံကြည်နိုင်ခြင်းများနှင့်ဖြစ်၏....


"ဟုတ်တယ်...မောင်စည်းစနစ်...မင်းရဲ့အရည်အချင်း

မင်းရဲ့ထက်မြတ်မူ့၊ပြီးတော့မင်းရဲ့အလုပ်အပေါ်

ထားတဲ့မင်းရဲ့ခံယူချက်၊ဒါတွေအားလုံးကိုခြုံပြီး

ကြည့်ရင်...မင်းကဒီလိုအခြေအနေမျိုးမှာ

ရပ်တန့်မနေသင့်တဲ့လူငယ်လေးတစ်ယောက်လို့

ဆရာကတော့မြင်တယ်....ဒါ့ကြောင့်လဲမင်းအတွက်

ဆရာအပြည့်အဝထောက်ခံပေးခဲ့တာပေါ့...."


ခွဲစိပ်ပါရဂူတစ်ယောက်ဖြစ်လာဖို့

အင်္ဂလန်မှာကျောင်းဆက်တက်ပြီးပညာသင်ခွင့်ရမဲ့

ရွှေရောင်အခွင့်အရေးတဲ့လား....ဒါကစည်းအနှစ်နှစ်

အလလမျှော်မက်ခဲ့ရတဲ့အိပ်မက်တစ်ခုပင်....

စည်းလိုကျောထောက်နောက်ခံလဲမရှိ၊အသိုင်းအဝိုင်းလဲ

မရှိပဲ၊ဆရာဝန်တစ်ယောက်ဖြစ်လာဖို့ပင်မနည်းကြိုးစား

ရုန်းကန်ခဲ့ရတဲ့လူတစ်ယောက်အဖို့...ရိုးဂုဏ်နဲ့

ထက်မြတ်မူ့ကိုသာဆုပ်ကိုင်ထားပြီးငွေရှိသူတိုင်းလဲ

မက်ခွင့်မရတဲ့ပညာတော်သင်အိပ်မက်ကအခု

လက်ထဲကိုရောက်လာခဲ့လေပြီ......


"ဆရာတို့ဆေးရုံကိုရာသက်ပန်ထောက်ပံ့နေတဲ့

ဖောင်ဒေးရှင်းကစီစဉ်ပေးမဲ့ပညာတော်သင်ခရီးမို့

ဟိုမှာကျောင်းဆက်တက်နေတဲ့ကာလတစ်လျောက်လုံး

နေရေးထိုင်ရေး၊စားရေးသောက်ရေး၊ငွေကြေးအဝဝ

ဘာတစ်ခုမှပူပန်စရာမလိုဘူးဆိုတာ...

မောင်စည်းစနစ်လဲသိပြီးသားဖြစ်မှာပါ...တစ်ကယ်တမ်း

မောင်စည်းစနစ်ရင်းနှီးမြှပ်နှံရမှာက၅နှစ်ဆိုတဲ့

အချိန်အတိုင်းအတာတစ်ခုပါပဲ....."


ထိုစကားကြောင့်စည်းအာရုံထဲသူမရဲ့မျက်နှာကို

ပြေးမြင်လိုက်မိ၏....


ရုတ်တရပ်စည်းတွေဝေသလိုဖြစ်သွားတာကို

ဆေးရုံအုပ်ကြီးကဘယ်လိုသဘောပေါက်သွားခဲ့လဲ

မသိထိုင်ရာကနေထကာစည်းရဲ့ဘေးကို

လျောက်လာပြီးပခုံးတစ်ဖက်ကိုဖွဖွဆုပ်ညှစ်၏....


"အတော်ဆုံးခွဲစိပ်ပါရဂူတစ်ယောက်ဖြစ်ချင်တာ

မင်းရဲ့အိပ်မက်လို့ဆရာသိခဲ့တယ်....ဒါကမင်းအတွက်

နှစ်ခါရမလာနိုင်တဲ့အခွင့်အရေးဆိုတာလဲမင်းသိမယ်လို့

ဆရာထင်ပါတယ်....သွားမယ်မသွားဘူးဆုံးဖြတ်တာက...မင်းရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်ပေမဲ့...

လူ့အသက်ပေါင်းများစွာကိုကယ်တင်မဲ့

လက်တစ်စုံရဲ့တန်ဖိုးကိုမြှင့်တင်ရမဲ့အရေးမို့....

မတွေဝေပါနဲ့လို့မောင်စည်းစနစ်ကို

ဆရာအကြံပေးပါရစေ.."


ပါရဂူဆေးရုံအုပ်ကြီးရဲ့စကားအဆုံး

စည်းခေါင်းငိုက်စိုက်လျက်ငြိမ်သက်သွားခဲ့ရပြီး....


"ကျွန်တော်နားလည်ပါပြီ...ဆရာ...."


°º¤ø,¸¸,ø¤º°`°º¤ø,¸,°º¤ø,¸¸,ø¤º°`°º¤ø,¸,🌺


အချစ်သန့်စင်ခန်းထဲကနေထွက်လာလာချင်း

စိတ်လူပ်ရှားမူ့များနှင့်ခြေလှမ်းဆက်မလှမ်းနိုင်ပဲ

ပိတ်ထားတဲ့တံခါးမှာကျောကပ်လျက်ပြန်ပြီးမှီလိုက်

မိ၏....


ထို့နောက်...ထပ်ပြီးအတည်ပြုချင်သေးသလို

အောက်နူတ်ခမ်းကိုဖိကိုက်လျက်လက်ထဲမှာ

ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ဆီးစစ်တံလေးကို

ပြန်ကြည့်လိုက်ပေခဲ့လဲလွန်ခဲ့တဲ့မိနစ်အနည်းငယ်က

မြင်ခဲ့တဲ့အတိုင်းလိုင်းနှစ်ကြောင်

းပေါ်နေတဲ့အဖြေက

ပြောင်းလဲသွားခြင်းမရှိခဲ့.....


"ငါ့မှာ..တစ်ကယ်ပဲကိုယ်ဝန်ရှိနေပြီပဲ...."


ရုတ်တရပ်ရင်ထဲကိုစုပြုံတိုးဝှေ့လာတဲ့ဝမ်းနည်းဝမ်းသာ

ခံစားချက်တို့ဖြင့်အချစ်မျက်ရည်ကြည်လေးတွေ

ဝေ့ဝဲလာရခြင်းနဲ့အတူတဆတ်ထဲစိုးရိမ်စိတ်လေးပါ

ဝင်လာခဲ့ရ၏.....


အချစ်စိုးရိမ်တာကဒီအဖြေကိုစည်းသိတဲ့အခါ

အချစ်လိုဝမ်းမသာနိုင်မှာကိုပါပဲ.....


အတွေးနဲ့အချစ်နဲ့သူ့ရဲ့အိပ်ခန်းကျဉ်းလေးထဲကို

အချစ်အပြေးတစ်ပိုင်းလေးလှမ်းဝင်လာခဲ့တာ

တစ်ယောက်အိပ်ကုတင်အဟောင်းလေးရဲ့

ခေါင်းရင်းဘေးရှိသူ့ရဲ့စာကြည့်စားပွဲအံဆွဲကို

ဆွဲဖွင့်လိုက်၏....


စာရွက်စာတမ်းတွေနဲ့ရူပ်ရှပ်ခတ်နေတဲ့အံဆွဲကို

မွှေနှောက်လှန်လှောရင်းအချစ်အောက်ဆုံးမှာ

ရှိနေတဲ့ဆေးကဒ်တစ်ချို့ကိုအလျှင်အမြန်ပဲ

ထုတ်ယူလိုက်သည်။


ဒီဆေးတွေကစည်းအချစ်အတွက်ဝယ်ပေးထားတဲ့

သန္ဓေတားဆေးတွေ၊အချစ်မသောက်တာ

ဘယ်လောက်ကြာနေပြီလဲဆိုတာလဲမမှတ်မိတော့

စည်းကတော့အချစ်ဆေးပုံမှန်သောက်တယ်ထင်ပြီး

တစ်လတစ်ခါဝယ်ပေးခဲ့သည်။


"အခုမှအခြေခိုင်အောင်တည်ဆောက်ရမဲ့ငါတို့

နှစ်ယောက်ရဲ့ဘဝထဲကိုရင်သွေးဆိုတဲ့ဖြစ်တည်မူ့

တစ်ခုဝင်ရောက်လာစေဖို့ငါအဆင်သင့်မဖြစ်သေးဘူး"


တစ်အိမ်ထဲမှာနှစ်ယောက်အတူနေဖို့

ဆုံးဖြတ်လိုက်တဲ့နေ့ကထဲကအချစ်ကိုထိုကဲ့သို့

ပွင့်လင်းစွာပြောခဲ့တဲ့စည်း....


အချစ်ကိုယ်တိုင်လဲနှစ်ယောက်လုံးကငယ်ရွယ်ပြီး

မိသားစုအသိုင်းအဝိုင်းမရှိပဲရုန်းကန်နေရတဲ့သူချင်းမို့

စည်းပြောတဲ့အတိုင်းနားထောင်လိုက်နာခဲ့ပေမဲ့....

တစ်စထက်တစ်စဆေးရုံကိုသာအိမ်လိုသဘောထားနေပြီး

အချစ်အပေါ်အေးစက်ပြောင်းလဲလာခဲ့တဲ့သူ့ရဲ့

ဆက်ဆံရေးကြောင့်....ထိုအရာတွေကိုမေ့လျော့

သွားခဲ့တာဝန်ခံပါသည်။


အခုတော့ထိုရလာဒ်ကအချစ်နဲ့သူ့ရဲ့ဘဝထဲ

မကြာခင်မှာရင်သွေးလေးတစ်ယောက်

ရောက်ရှိလာတော့မယ်ဆိုတဲ့အဖြေပါပဲ.....


".............."


အချစ်စားပွဲခုံစွန်းကိုဆုပ်ကိုင်ရင်းကြမ်းပြင်ပေါ်

တဖြေးဖြေးထိုင်ကျသွားခဲ့ရ၏....


"ငါ...စည်းကိုဘယ်လိုပြောရမလဲ...."


ရင်ထဲမှာနည်းနည်းလေးနေရာယူထားတဲ့

ဝမ်းသာဝမ်းနည်းစိတ်လေးကိုပါစိုးရိမ်မူ့တွေက

ဖုံးလွှမ်းပစ်လိုက်တဲ့အခါ...အချစ်မျက်ရည်ကြည်လေးတွေ

ဝေ့ဝဲလာခဲ့ရင်းဒူးနှစ်ဖက်ကိုလက်နှင့်ကျုံးပွေ့ကာ

မျက်နှာလေးအပ်လိုက်မိ၏.....


"ကလောင်...."


ထိုအချိန်ကုတင်ပေါ်တင်ထားတဲ့ဖုန်းဆီမှ

မက်ဆေ့ခ်ျဝင်လာတဲ့အသံကြောင့်အချစ်

ခေါင်းလေးမတ်ခနဲဖြစ်သွားရရင်းလက်နောက်ြ့ပန်နှင့်

ဖုန်းကိုလှမ်းယူလိုက်တော့မှန်ကွဲနေတဲ့

ဖုန်းအဟောင်းလေးထဲဝင်နေတဲ့သူ့ဆီမှ

တိုတိုရှင်းရှင်းမက်ဆေ့ခ်ျတစ်စောင်က.....


`ငါဒီ့နေ့အိမ်ပြန်မလာဘူး´တဲ့လေ.......


°º¤ø,¸¸,ø¤º°`°º¤ø,¸,°º¤ø,¸¸,ø¤º°`°º¤ø,¸,🌺


"အချစ်ဘာဖြစ်နေတာလဲ...နင်နေမကောင်းဘူးလား..."


"နင်ကလဲမြင်တာနဲမသိဘူးလား...ညကသူ့လူ

အိမ်ပြန်မလာလို့ပဲဖြစ်မှာပေါ့...."


တစ်နေကုန်အလုပ်ထဲမှာစိတ်မဝင်စားနိုင်ပဲငေးငေး

ငိုင်ငိုင်ဖြစ်နေတဲ့အချစ်ကိုကြည့်ကာကြည်ဖြူက

စူးစမ်းသလိုမေးလာတော့အချစ်ဘာမှပြန်မဖြေနိုင်

သေးခင်မေကဝင်ပြီးအငေါ်တူးသည်။


အချစ်မှာတော့ကိုယ့်အပူနဲ့ကိုယ်မို့သူတို့တွေကို

ဘာမှပြန်မပြောနိုင်......


ဒီနေ့ကစနေနေ့မို့မနက်ပိုင်းဆိုင်မှာလူကျနေတာကြောင့်

ဆိုင်မှာရှိတဲ့သုံးယောက်လုံးလက်မလည်ပေ....

အချစ်နဲ့ကြည်ဖြူတို့နှစ်ယောက်ကသုံးယောက်စပ်ပြီး

ရပ်ကွက်ထိပ်မှာအမျိုးသမီးသီးသန့်....

ခေါင်းလျှော်၊ဆံပင်ပြုပြင်ဆိုင်ဖွင့်ထားကြတာပဲ

ဖြစ်သည်။


၁နာရီလောက်ကျမှဆိုင်မှာလူရှင်းသွားပြီး

သုံးယောက်သားနေ့လည်စာစားဖို့ပြင်ကြရသည်။


"တူ...တူ..."


ထိုအချိန်အချစ်ရဲ့ဖုန်းကမြည်လာတာကြောင့်

အချစ်ထမင်းစားဖို့ပြင်နေရင်းမှဖုန်းရှိရာကို

လျောက်သွားပြီးလှမ်းယူကြည့်လိုက်တော့....


"ဟင်...စည်း...."


contactlistမှာပေါ်နေတဲ့နာမည်ကြောင့်

အချစ်မျက်နှာလေးချက်ချင်းပင်ဝင်းလက်သွားခဲ့ရင်း

ဖုန်းကိုကိုင်လိုက်၏....


"ဟဲလို...."


"အင်း...စည်းပြော...."


ချက်ချင်းပင်ပြောင်းလဲသွားတဲ့အချစ်ရဲ့အမူအယာကြောင့်

ကြည်ဖြူနဲ့မေကတစ်ယောက်နဲ့တစ်ယောက်လက်ကုပ်ပြီး

ပြုံးစေ့စေ့တွေဖြစ်ကုန်ကြတာကိုလဲအချစ်ဂရု

မစိုက်နိုင်တော့....


စည်းဒီလိုမျိုးအချစ်ကိုတကူးတကဖုန်းမခေါ်ခဲ့တာ

ဘယ်လောက်ကြာနေပြီလဲ...??


"ငါတို့ဒီနေ့အပြင်မှာညစာအတူစားရအောင်..."


"အပြင်မှာညစာစားမယ်...."


ထင်မထားတဲ့စည်းရဲ့အကြောင်းပြချက်ကြောင့်

ထွက်ပေါ်သွားခဲ့တဲ့အချစ်ရဲ့အသံလေးက

ဝမ်းသာအားရနှင့်ဖြစ်သည်။


"ငါ့မွေးနေ့တုန်းကငါတို့ညစာစားခဲ့တဲ့စားသောက်ဆိုင်ကို

မှတ်မိတယ်မဟုတ်လား...ညနေကျရင်၆နာရီလောက်

အဲ့ဒီ့ကိုရောက်အောင်ထွက်လာခဲ့ငါစောင့်နေမယ်

နောက်မကျစေနဲ့နော်..."


"အင်း...အင်း...."


"ဒါဆိုငါဖုန်းချလိုက်တော့မယ်..."


စကားထက်မြန်တဲ့စည်းကဖုန်းကိုချက်ချင်း

ချသွားပေမဲ့လဲအချစ်အခုထိဖုန်းကိုနားမှာ

ကပ်ထားရင်းပြုံးမိနေဆဲ.....


"စည်းကငါ့ကိုအပြင်မှာညစာအတူစားမယ်တဲ့လေ...."


ကြည်ဖြူနဲ့မေရဲ့ဘက်ကိုပါလှည့်ကာ

အချစ်ကြွားသလိုလေးပြောလိုက်တော့

အကြောင်းသိနေတဲ့ထိုနှစ်ယောက်ကတော့

ပြုံးစေ့စေ့မျက်နှာတွေနှင့်သာခေါင်းယမ်း

ကြတော့၏....


°º¤ø,¸¸,ø¤º°`°º¤ø,¸,°º¤ø,¸¸,ø¤º°`°º¤ø,¸,🌺


အချစ်ညနေကြတော့ဆိုင်မှာကြည်ဖြူတို့

နှစ်ယောက်ကိုထားခဲ့ပြီးအိမ်ကိုစောစောပြန်လာ

ခဲ့သည်။


ရေချိူးပြင်ဆင်ခြင်းအမူ့ကိုသွက်လက်စွာလုပ်ပြီး

၅နာရီထိုးလောက်မှာပဲအချစ်ကားဂိတ်ကို

ထွက်လာခဲ့၏...


ဒီနေ့အချစ်ဝတ်ထားခဲ့တာပုစွန်ဆီရောင်

လည်ထောင်ဒူးဖုံးဂါဝန်လက်ပြတ်လေးဖြစ်၏....

မှတ်မှတ်ရရဒီဂါဝန်လေးကစည်း....အချစ်ကို

ဝယ်ပေးခဲ့တဲ့တစ်ထည်သောအဝတ်အစားဖြစ်သည်။


အချစ်အိမ်ကထွက်ခါနီးဆီးစစ်တံလေးကို

မမေ့မလျော့နှင့်ဆလင်းဘတ်အိတ်ထဲကိုထည့်ခဲ့သေး၏

ဘာပဲပြောပြောအချစ်ဒီကိစ္စကိုစည်းကို

ဖွင့်ပြောတော့မယ်လို့ဆုံးဖြတ်ခဲ့ပြီးပြီမဟုတ်ပါလား??


အချစ်...စည်းချိန်းထားတဲ့စားသောက်ဆိုင်ကို

ရောက်တော့၆နာရီတိတိပင်ဖြစ်သည်။

မှန်တွေပဲပါတ်ပါတ်လည်ကာရံထားတဲ့

စားသောက်ဆိုင်မို့အပြင်ဘက်မှာထဲက

ထောင့်ဆုံးစားပွဲတစ်ခုမှာထိုင်နေတဲ့စည်းကို

အချစ်လှမ်းမြင်လိုက်တာကြောင့်ခြေလှမ်းလေး

ရပ်ကာဖျတ်ခနဲကျောခိုင်းလိုက်ပြီးဆလင်းဘတ်

အိတ်ထဲက..ကရင်းပက်ခ်ဘူးကိုထုတ်ပြီး

အနည်းငယ်ချောင်ကျနေတဲ့မျက်နှာသွယ်သွယ်လေးကိုဟိုပွတ်ဒီဆွဲလုပ်လိုက်ပြီးမှဆိုင်ထဲကို

ဆက်ဝင်လာခဲ့သည်။


"စည်း...."


အချစ်ကိုမြင်တာနှင့်စည်းကလက်လှမ်းပြ၏...

အချစ်ထိုအနားကိုခြေလှမ်းစိတ်စိတ်နှင့်

လျောက်သွားရင်းမျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်။


"စောင့်နေတာကြာသွားလား..လမ်းမှာကားတွေ

ပိတ်နေလို့...."


"မကြာသေးပါဘူးငါလဲအခုမှရောက်တာ....

ငါစားစရာတွေမှာပြီးသွားပြီ..နင်ဘာသောက်ဦးမလဲ.."


"ဟင့်အင်း...ဘာမှမသောက်တော့ဘူး..."


အချစ်ခေါင်းလေးယမ်းလိုက်မိပြီးရေဖန်ခွက်ဆီ

လက်လှမ်းတော့စည်းကအလိုက်တသိနှင့်

ဖန်ကရားထဲကရေကိုဖြည့်ပေး၏.....


ထိုကဲ့သို့စည်းရဲ့ဂရုတစိုက်အပြုအမူကြောင့်

အချစ်မျက်နှာလေးကျေနပ်စွာပြုံးသွားခဲ့ရသည်။


မှာထားတဲ့စားစရာတွေရောက်လာတော့

တိတ်ဆိတ်စွာစားသောက်နေခဲ့ရင်း

အချစ်...သူ့ကိုစကားပြောဖို့လမ်းစရှာနေခဲ့သလို

သူကလဲအချစ်ကိုတစ်ချက်တစ်ချက်အကဲ

ခတ်သလိုကြည့်နေခဲ့တာကတစ်ခုခုကိုပြောချင်နေတဲ့

မျက်ဝန်းတွေဖြင့်.....


"ငါနင့်ကိုပြောစရာရှိတယ်...."


"နင့်ကိုပြောစရာရှိတယ်စည်း....."


မထင်မှတ်ပဲနှစ်ယောက်သားနူတ်ကပြိုင်တူ

ထွက်သွားခဲ့တဲ့စကားကြောင့်တစ်ယောက်မျက်နှာ

တစ်ယောက်အံ့ဩစွာကြည့်မိကြ၏.....


"နင်အရင်ပြောပါ......"


"ဟင့်အင်းနင်အရင်ပြောပါ...ငါနင်ပြောတာကို

အရင်နားထောင်မယ်...."


အချစ်အကျင့်ပါနေတဲ့အတိုင်းသူ့ကို

ဦးစားပေးသလိုဆိုလိုက်မိတော့...တစ်စုံတစ်ခုကို

ဆုံးဖြတ်ထားသလိုတည်ကြည်နေတဲ့မျက်ဝန်းတွေနှင့်

သူကသက်ပြင်းတစ်ချက်ကိုခပ်ငွေ့ငွေ့ရိူက်သွင်းလိုက်ပြီးနောက်....


"ငါ..အင်္ဂလန်ကိုပညာတော်သင်သွားတော့မယ်..."


"ဟင်....."


"ချလွမ်...."


ထင်မှတ်မထားတဲ့စကားကြောင့်အချစ်လက်ထဲက

ဇွန်းခက်ရင်းတွေလွတ်ကျသွားခဲ့သည်အထိ

သတိလက်လွတ်ဖြစ်သွားခဲ့ရတော့၏.....


°º¤ø,¸¸,ø¤º°`°º¤ø,¸,°º¤ø,¸¸,ø¤º°`°º¤ø,¸,🌺


အပိုင်း(၂)မျှော်


rate now: