ကျောင်းသွားဖို့ လေးလေးအား
ခြံထဲလေညှင်းခံရင်း ချည်
စောင့်နေမိသည်။
ခေါင်းလျှော်ထားသောကြောင့်
တင်မာအောက်ဆံနွယ်ရှည်ကြီး
အား ခဏချထားကာ ခြောက်နေ
ပြီဖြစ်သော်လည်း ကားပေါ်ရောက်
မှ စည်းမည်ဖြစ်သည်။
ဘေးကို ကြည့်လိုက်တော့လည်း
မြင့်မားလှသော ဆိုင်ကယ်ကြီး
များက ချည်ကိုလှောင်ပြောင်နေ
သလို...
ဒါဟိုလူယုတ်မာ ဟာပဲ ဖြစ်ရမည်။
သူနဲ့ပတ်သတ်တာမှန်သမျှ ချည်မုန်း
နေတာတော့ မတက်နိုင်ပေ။
ချည်ကြည့်မနေတော့ဘဲ မျက်လုံး
လေးလွဲလိုက်၍...ခြံအပြင်ဘက်အား
ငေးနေမိသည်။
"အို...အမေ့ရေ..."
ရုတ်တရပ် အနောက်ကနေ ဆွဲနွယ်များ
အား ကိုင်လိုက်သော လူကြောင့်
ချည် မျက်နှာလေးရဲတက်သွားပြီး
ဒေါသတကြီးလှည့်ကြည့်လိုက်ချိန်..
"အို..."
လှည့်လိုက်သော ပါးပြင်လေးအား
ထပ်မံ၍ နမ်းရှိုက်လိုက်သော သူ့ကြောင့်
ချည် မျက်နှာလေးမှာ တင်းမာခက်ထန်
သွား၍ သူ့ပါးအားရိုက်ရန် လက်ကလေး
လွဲလ်ိုက်ချ်ိန်..
"လွတ်စမ်း....ရှင်...ကျွန်မကို
လွတ်စမ်း..."
ခွင်း သူမအား ခပ်မဲ့မဲ့ကြည့်လိုက်၍..
"အဟက်...ဘာကို လွတ်ရမှာလည်း
မင်း ငါ့ကို ရိုက်မှာကို..."
"ရိုက်မှာ ရှင်လိုနှာဗူး တနှာရူးကို သေ
အောင်ရိုက်မှာ..."
ထိုအခါ ခွင်း သူအလက်ကလေးအား လွတ်ပေးလိုက်၍...သူပါး သူမအရှေ့တိုးပေးကါ...
"ရ်ိုက်လေ...ဒါပင်မဲ့ မင်းမှတ်ထား
ရမှာက ငါ့ပါးပေါ် မင်းလက်ဝါး
ကျတာနဲ့ ငါ့မိန်းမ ဖြစ်ပြီမှတ်..."
ချည် လက်သီးဆုပ်လေးအား
ကိုင်၍ သူ့အား ဒေါသတကြီး
ကြည့်နေမိသည်။
"ဟာ..သားနဲ့ သမီးက သိနေကြတာလား.. "
ထိုအချ်ိန် ဦးတမာန်ထွက်လာ၍
မေးလာချ်ိန် ချည် ပျက်နေသော
မျက်နှာလေးအား တစ်ဘက်သို့
လွဲလိုက်ကာ ခွင်း သူမအား ကြည့်၍
ခပ်မဲ့မဲ့ ပြုံး၍..
"မသိဘူး ဖေဖေ သားလမ်းမှာ
ပိတ်ပြီး ရပ်နေလို့ ဖယ်ခိုင်းနေတာ..."
ချည် သူ့ဆီက လေးလေးက်ို ဖေဖေလို့
ခေါ်လာသောကြောင့် သူမမျက်နှာ
လေးမှာ အနည်းငယ်အံ့သြသွားပင်မဲ့
လည်း မျက်နှာထား တည်တည်လေး
ထားကာ...လေးလေးအနား ကပ်၍
ရပ်လိုက်သည်။
"သြော်...သမီးချည်လေး ဒါက လေးလေး
သား ခွင်းမာန်ဟုန်းတဲ့ သားဒါက သားမေမေ
နဲ့ ဖေဖေသူငယ်ချင်းရဲ့ သမီးလေး
ရွှေချည်ခြင်းတဲ့..."
ချည် မျက်နှာလေး လွဲနေလိုက်သလို
ခွင်းတစ်ယောက်သည်လည်း အရေးမစိုက်
သလို ဆိုင်ကယ်အား ခွလိုက်၍.
"ဖေဖေ သားသွားပြီ..."
"ok သား..."
ဦးတမာန်ဆိုင်ကယ်မောင်းထွက်
သွားသော သားဖြစ်သူအား
ကြည့်၍ ချည်လေးကို အားနားစွာ
ပြန်ကြည့်၍. .
"Sorry ပါ သမီးရေ..သားက
အဲဒီလိုပဲ ဇွတ်တရွတ်ကွယ်..."
ချည် ခေါင်းသာ ငြိမ်ပြလိုက်၍..
"ဟုတ် ရပါတယ် လေးလေး..."
"လာ..လေးလေးတို့သွားကြမယ်.. "
"ဟုတ်ကဲ..."
ချည် ကားအနောက်ခန်းတွင်
တကိထိုင်လိုက်ပြီး လေးလေးကတော့
အရှေ့ခန်း မောင်းသူဘေးတွင်ဝင်ထိုင်
လိုက်တာနဲ့ ကားလေးသည်လည်း မောင်း
ထွက်လာတော့သည်။
-------======------------------------------^^^^^^🍓🍓🍓🍓🍓🍓🍓
"ခွင်း...ငါဒီမှာ..."
ကျောင်းဝန်းထဲ ဆိုင်ကယ်ကြီးမောင်း
ဝင်လာတာနဲ့ ထိုင်ခုံတွင်ထိုင်နေသော
မျိုးသစ် လက်ပြ၍ သူ့ဆီ ပြေးလားချိန်
ခွင်း ဆိုင်ကယ်ကြီးအား ခွရက်အနေ
အထားနှင့် ရှည်လျားသော အရပ်ကြီး
ကြောင့် ခြောက်ထောက်တစ်ဖက်ချ၍
ထေယက်ထားသည်က ပေါ့ပါးစွာပင်။
ဆံပင်များအား လှန်တက်ဖီးထား
သော်လည်း အချို့က နဖူးပေါ်
အနည်းငယ်ဝဲကျနေကာ မဲနက်သော
မျက်ခုံးနှင့် ဖြောင့်စင်းသော နှာတံတို့က
သူ့အား ချောမောမှုကို ပို၍ ပုံဖော်ပေးသလို။
ဖွေးတာမဟုတ်ဘဲ ဝါသော အသားအရည်
ကြောင့် ဘာဝတ်ဝတ်ပေါ်လွင်နေကာ
မိန်းကလေးတွေရဲ့ စိတ်ကူးရင်ဘုရင်
ဖြစ်နေတာလည်း မစမ်းပေ။
" မင်းစောလှချည်လား..."
"အင်း....တမင်စောစောထွက်လာလိုက်တာ
တက်..ငါဆိုင်ကယ်သွားထားအုံးမယ်...''
"အေးပါ..."
ပြောပြီ မျိုးမင်းအနောက်က ခွရက်တက်
လိုက်တာနှင့် ဆိုင်ကယ်ကြီးသည်လည်း
မောင်းဝင်လာခဲ့တော့သည်။
ဝူး........
"နဒီ...အဲဒါ..ဘယ်သူလည်း
သိလား..."
နဒီငေးနေရာကို စုစု ပြုံး၍
မေးလာချ်ိန် နဒီ သတိပြန်ဝင်လာ၍...
"ငါ...ငါ...ဘယ်မှာကြည့်လို့လည်း.. "
"အမယ်..မညာပါနဲ့ နဒီရယ်...
သူ့ကိုငေးကြည့်ကြတာ အစမ်းမှ
မဟုတ်တာ..သူက ငါတို့ကျောင်းရဲ့
အချောဆုံး kingတော့မဟုတ်ဘူး
သူက kingရွေးတာ လုံးဝ မပါဘူးလေ
အမှန်က သူဖြစ်ရမှာ သူက
စိတ်မဝင်စားဘူးတဲ့...ဒါပင်မဲ့ တစ်ကျောင်း
လုံးကတော့ သူ့ကို kingပေးထါးတာ....."
နဒီ စုစုပြောတာ နားထောင်နေမိသညိ။
"သူက ရုပ်ချောရုံတင်မဟုတ်ဘူး သူ့အဖေ
ဦးတမာန်တော် လေသိလား..."
စုစု မေးလာသောကြောင့် နဒီခေါင်း
ငြိမ့်လိုက်မိသည်။
ဦးတမာန်တော်ဆ်ိုတာ မြန်မာနိုင်ငံရဲ
သူဌေးကြီးပင်။ ကားလုပ်ငန်းတွေ
အပြင် လေကြောင်းလိုင်း bank
ဓာတ်ဆီဆိုင်ကြီးများအပြင် ဆောက်
လုပ်ရေးတွေက်ိုပါ ပိုင်ဆိုင်ထားသော
တစ်ဦးတည်းသော လုပ်ငန်းရှင်ဖြစ်သည်။
"အေး အဲဒါ သူ့ရဲ့ တစ်ဦးတည်းသောသား
ခွင်းမာန်ဟုန်းဆိုတာ စောစောကယူငေးနေတဲ့
သူပေါ့..."
"အို..."
နဒီ ပါးစပ်အဟောင်းသားဖြစ်သွားမိသည်။
သူမငေးမိသောသူက သူမတို့ဘဝနဲ့ ခြားနားလှသော သူဖြစ်သောကြောင့် ရင်ထဲတော့
ဝမ်းနည်းမိသည်။
သူလိုလူအတွက် မိန်းကလေးဆိုတာ
မရှားပါဘူး နဒီလို မိန်းကလေးဆို
ရှိတယ်လိုတောင် သတ်မှတ်မှာ မဟုတ်ပေ။
"နဒီ ဘာတွေ တွေးနေတာလည်း.. "
"ငါတွေးနေတာ သူက ရည်းစား
ရူပ်မှာပဲနော်..."
"အမလေး နဒီက အခုမှ ပြောင်းလာတော့
ဘယ်သိမလည်း သူက ရည်စားမထားဘူး
သူ့ဘာသူ အေးဆေးနေတာ ဒါပင်မဲ့
ဆေးတက္ကသိုလ်ကလို့ပြောတယ်..
သိပ်မသေချာပါဘူး..."
နဒီ စုစုအပြောကြောင့် ခေါင်းလေး
ငြိမ့်လိုက်ကာ သူများပြန်ထွက်လာ
မလား မျှော်လင့်ချက်ဖြင့် သူဆိုင်ကယ်
မောင်းဝင်သွားသော လမ်းလေးအား ခဏခဏပြန်ကြည့်နေမိတော့သည်။
--------------=====-------==========^^^^^🍓🍓🍓🍓🍓🍓🍓
ချည် လေးလေးအား လက်ပြနှုတ်ဆက်၍
ကျောင်းဝန်းထဲ လျှောက်ဝင်လာလိုက်သည်။
သူမ တစ်ပတ်နောက်ကျပြီးမှ ကျောင်းလာ
ရတော့ စာတွေတော့ အများကြီးမလွတ်
လောက်သေးပေ။
ချည်ကျောင်းထဲ ခပ်သွက်သွက်လျှောက်
ဝင်လာလိုက်သည်။
သူမတက်ရမည်အခန်းကိုလည်း ရှာ
ရမည်မဟုတ်လား...
"ဘုတ်..."
"အို..."
"ဟယ်..."
"ချည်တောင်းပန်ပါတယ်ရှင်...ချည်
အလောကြီးသွားလို့ပါ..."
"နင် ကန်းနေတာတော့ မဟုတ်ပါဘူးနော်..."
နှစ်ဖက်လုံးက ဝင်တိုက်မိပင်မဲ့လည်း
ချည်စပင် တောင်းပန်လိုက်သည်က်ို
အခု ထိုမိန်းကလေးပြန်ပြောလာသော
စကားကြောင့် ချည် မျက်နှာလေး တင်း
သွားကာ..
"ချည် မကန်းပါဘူး ကန်းနေတာ
အဲဒီဘက်ကထင်တယ်..."
"ဘာ..."
လှိုင်း သူမအရှေ့က ဆံပင်အရှည်ကြီး
အား သူမတွေ့ဖူးသော လက်ကိုင်ပါဝါ
လေးဖြင့် ချည်နှောင်ထားသောကြောင့်
စိတ်တို့က ဒေါသဖြစ်ပြီး လှပနေသော
ထိုမိန်းကလေးအား အမြင်မကြည်စွာ
ခပ်မဲ့မဲ့ပြောလိုက်ချ်ိန် သူမအားပြန်ပြော
လာသောကြောင့် ဆွေ့ဆွေ့ခုန်နေမိတော့သည်။
ချည်ထိုမိန်းကလေးအား တည်ငြိမ်စွာ
ပြန်ကြည့်၍..
"ဘာလည်း ရှင့်ကိုပြောတော့ မခံနိုင်ဘူး
မဟုတ်လား ရှင်လည်း သူများကို
ပြောမယ်ဆို သေချာစဥ်းစားပြော...
အခုတိုက်မိတာ ကျွန်မဘက်က တမင်
တောင်းပန်တာ..ရှင်လာတဲ့လမ်းကိုလည်း
ပြန်ကြည့် ရှင်လည်း ဝင်တိုက်တာပဲ...
ဒါ့ကြောင့် တဖက်သက် မပြောနဲ့.."
"ဘာ...နင်က ဘယ်ကလည်း လာပြီး
လူပါးဝလို့..."
ချည် ထိုမိန်းကလေးအားပြန်ကြည့်ကာ..
"ဒီကျောင်းကိုလာတာ ဒီက ကျောင်းသား
ပဲလေ ချည်ကို ချည်လူပါးမဝပါဘူး
ရှင်က ဝနေတာ...''
ချည်ပြောပြီး လှည့်ထွက်လာလိုက်သည်။
ရုပ်ကလေးချောသလောက် အပြောက
တစ်စက်မှမတက် ထိာလိုလူနဲ့ ဖက်ပြော
ပြီး ချည်အချိန်တို့အား အကုန်မခံနိုင်ပါ..
"ကြည့်စမ်း..ကြည့်စမ်း အခုမှရောက်
ပြီး ငါ့ကိုပြောသွားလိုက်တာ...."
"ထားလိုက်ပါ လှိုင်းရယ်..လာ
သူလိုလူနဲ့ ဖက်ပြောမနေနဲ့...
ရုပ်က မလာတဲ့ပုံကြီးပါ..."
လ်ှိုင်းစိတ်ဆိုးမှာဆိုးလို့သာပြောရတာ
ထိုမိန်းကလေးရိုးရိုးလေးဝတ်ထားပြီး
လှပနေတာတော့အမှန် ဘာပြင်ဆင်ခြယ်သ
မှုမှ မရှိဘဲနဲ့တောင် လှနေတာ လှိုင်းလိုကာလာ
ရောင်စုံဖြင့်သာ ချယ်လိုက်လို့ကတော့ လှိုင်း
လိုက်လို့မှီတော့မှာမဟုတ်....
ထိုအချိန် ဝင့် ဘေးက နှုတ်ခမ်းလေး
ဖိကိုက်ကာထွက်သွားသော မိန်းကလေး၏
ကျောပြင်အား မကျေမနပ်ကြည့်နေသော
လှိုင်းအား ကြည့်၍ သူမ ရင်မောမိသည်။
လှိုင်းအကြောင်း သူမသိသည်။သူမ မကျေနပသောသူဆို ဒုက္ခပေးတက်သောလှိုင်း
ထိုမိန်းကလေးလည်း ဘယ်တော့ခံရမလည်း
မသိ။
-------------=================^^^^^^🍓🍓🍓🍓🍓🍓🍓
"ခရေပန်းတွေ စံပယ် ပန်းတွေရမယ်ဗျ...''
"စံပယ်တွေ ခရေတွေ..."
ညနေစောင်းချ်ိန် ခွင်းဆိုင်ကယ်
အား မောင်း၍ အိမ်ပြန်လာရာ
လမ်းတွင် ကောင်လေးတစ်ယောက်
ပန်းရောင်းနေသောကြောင့် သူ တစ်ခုခု
ကို သတိရသွား၍ ဆိုင်ကယ်ကြီးအား
ရပ်၍ ဟဲမက်အား အသာလှပ်၍...
"ဟေ့...လာအူံး..."
ထိုအခါ ထိုကောင်လေးမှာ သူ့အနား
ဝမ်းသာအားရ ပြေးလာ၍..
"အကို...ပန်းဝယ်မို့လားဗျ..အကုန်လန်း
နေတာပဲ..အခုမှသီထားတာဗျ..."
ခွင်းခေါင်းငြိမ့်ပြ၍..
"အင်း..ဘယ်လောက်လည်း အကုန်
ထည့်လိုက်...''
"ဗျာ..တကယ်လား အကိုကျေးဇူးပါ
ဗျာ....၃၀၀၀ဖိုးပဲပေးပါ..."
ခွင်း ထိုကောင်လေးလက်ထဲက အိတ်အား
ယူ၍ ဆိုင်ကယ်လက်ကိုင်တွင်ချိတ်လိုက်ကာ..အိမ်ထဲက တစ်သောင်းတန်အား
ထုတ်၍ ကမ်းပေးကါ..
"ပြန်မအမ်းနဲ့ ယူလိုက်တော့.. "
ထိုအခါ ထိုကောင်လေးမှာ ခွင်းအား
ဝမ်းသာစွာကြည့်၍...
"ကျေးဇူးပါ အကို...အကို့အမေအတွက်လားဟင်..."
ခွင်း ဆိုင်ကယ်ဟဲမက်အား ပြန်အုပ်၍..
စက်နိုးလိုက်ကာ...
"မိန်းမအတွက်...''
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း