"သား....ဒီနေ့ ဘယ်မှ မသွားဘူးလား.."
ခွင်း ကော်ဖီသောက်နေချိန် မိခင်ဖြစ်သူ
ဝင်လာ၍ အလန့်တကြားမေးလာသော
ကြောင့် ခွင်း မျက်ခုံးတွေပင့်တက်သွား၍...
"ဘာလို့လည်း မေမေ..."
ဒေါ်သက်ထား စိုးရိမ်နေသော မျက်နှာ
ထားအား ပြင်၍...
"ဘာမှ မဟုတ်ပါဘူး သားရယ်..
မေမေ သားကိုပြောစရာ ရှိတယ်..''
"ဟုတ်ပြောလေ..."
"သားတို့ကျောင်းနားက သားအဘိုး
သားကိုအမွေပေးခဲ့တဲ့ အိမ်လေ အဲဒါ
ဒီအတိုင်းကြီး ထားထရတယ်ကွယ်..
အရင်က သားသွားနေမလို့ပြောတယ်
လေ အဲဒါ အခု သားသွားနေပါလား
ကွယ်..သားအဘိုးက အဲဒီအိမ်ကို
အရမ်းတန်ဖိုးထားတာ သားသာ
သွားနေရင် သူတမလွန်က ပျော်နေမှာ..."
ခွင်း အရင်က သွားနေမလို့ပြင်တောကတော့
မျက်ရည်တွေကျပြီး သွားမနေအောင်
ထမင်းမစား ဆန္ဒပြခဲ့တဲ့ မိခင်က အခုတော့
သူ့အား သွားနေဖို့ ကိုယ်တိုင်ပြောလာ
သောကြောင့် ခွင်း ပင့်တက်နေသော
မျက်ခုံးတွေ တော်တော်နဲ့ပြေမကျ...
မိခင်ဖြစ်သူအား ကြည့်၍..
"ဘာလို့လည်း ရုတ်တရပ်ကြီး..."
သားဖြစ်သူရဲ့ လူအရိပ်အခြေ
ကြည့်တက်မှုကြောင့် ဒေါ်သက်ထား
မနည်းတည်ငြိမ်အောင်နေ၍..
"အဟွန်း ဘာမှ မဟုတ်ပါဘူး
သားရဲ့ သားနေချင်နေတာ
မေမေက ခွင့်ပြုပေးတါလေ..."
အမှန်တော် ချည်လေးနှင့် တွေ့မှာ
ဆိုးသောကြောင့်ဖြစ်သည်။
တွေ့ရင်လည်း ချည်လေးက အေးအေး
နေတက်သူလေး..သားဖြစ်သူက ဂျစ်ကန်ကန်
ဆိုးဆိုး....မတော်လို့ ချည်လေးကို ချစ်မိ
သွားရင် ဟိုက လက်မခံလည်း အတင်း
ယူတက်မဲ့ သားဖြစ်သူရဲ့ အကျင့်အား
လန့်နေသောကြောင့် အခုလို သွားနေရန်
ပြောချင်းဖြစ်သည်။
ဘေးလူတွေသာ သိရင်် သားအရင်း
ဘက်ကမပါပဲ...တစိမ်းဘက်က
ပါတယ်ပြောကြမည်။
ပြောလည်းမတက်နိုင် သားဖြစ်သူ
ဘယ်လောက်ဆိုးလည်းဆိုတာ
သူမတို့ပဲ သိသည်။သမီးချည်လေးကိုတော့
ဒီငဂျစ်လက်ထဲတော့ မထည့်နိုင်။
ခွင့် မဲ့လိုက်ပြုံးလ်ိုက်ဖြစ်နေသော
မိခင်အား ကြည့်၍ ကော်ဖီသောက်
နေလိုက်ကာ..
"သားကို မေတ္တာ ပို့လို့ပြီးပြီလား
မေမေ...''
"ဟမ်း...''
ထိုတော့မှ ဒေါ်သက်ထား သတိပြန်ဝင်
လာ၍ သားဖြစ်သူအား မျက်နှာချိုသွေး
ကာ..
"မဟုတ်ပါဘူးသားရဲ့ မေမေသားလေးကို
မေမေကမေတ္တာပို့စရာလား..."
ပြောသာ ပြောရတာ သူမသားငဂျစ်လူဆိုးက
ပါးပါးလှပ်လှပ်လေး...အခုအချိန် သမီးချည်
လေး အပြင်ထွက်မလာဖို့ကိုလည်း ဆုတောင်း
နေရသေးသည်။
ဖြစ်နိုင်ရင် သမီးလေးနဲ့ ဒီလူဆိုးကို
မျက်နှာချင် မဆိုင်စေချင်။
ခွင်း ထရပ်လိုက်၍...ထမင်းစား
ခန်းထဲက ထွက်ရန်ပြင်စဥ်...
"ဘယ်လည်းသား..."
"အခန်းထဲ..."
ထွက်သွားသော သားဖြစ်သူ
အား ဒေါ်သက်ထားကြည့်၍
သက်ပြင်းချကာ.. စိတ်ထဲ
ပူနေမိသည်။
တစ်အိမ်ထဲ နေတယ်ဆိုတော့
တစ်ရက်ရက်တော့ သမီးချည်လေး
နှင့် တွေ့မှာပင်...ဘာပဲ ဖြစ်ဖြစ် မတွေ့ပါ
စေနဲ့လို့ပဲ ဆုတောင်းရတော့မည်။
-------======-------========-=^^^^^^🍓🍓🍓🍓🍓🍓🍓
ချည်ရေစာလာသောကြောင့် မျက်နှာ
လေးပျက်နေမိ၏။
ဟိူလူယုတ်မာရှိသောကြောင့် မနက်ထည်း
က အပြင်ကို မထွက်တော့ အခုတော့
ရေယူဖို့အတွက် သွားရပါအုံးမည်။
ချည် စိုးရိမ်နေသောရုပ်ကလေးအား
ပြင်၍ မျက်နှာအား ချက်ချင်း တင်းမာ
လိုက်၍ ရေခယားလေးယူကာ...အခန်း
အပြင်ကို ထွက်လာလိုက် သည်။
ထိုအချ်ိန် အပေါ်ထပ်သို့ ပြန်တက်လာသော
သူ့အား သူမမကြည့်ဘဲ ခပ်တည်တည်
လျှောက်လာချိန်...
"မင်း ငါ့ကို မမြင်ဘူးလား..."
ချည် သူ့အသံအား မကြားသလို
လုပ်ကာ ဆက်လျှောက်လာ ချိန်..
"ဟေ့. မင်းငါ့ကို မမြင်ဘူးလား
မေးနေတယ်လေ.. "
"အို...ဖယ်စမ်းပါ.."
ချည် လက်မောင်းလေးအား ဇိုးဇိုးဇက်ဇက်
လာက်ိုင်သော သူ့ကြောင့် သူ့လက်အား
ပုတ်ထုတ်ပစ်ကာ သူ့အား ခပ်စူးစူး
လေးကြည့်လိုက်မိသည်။
ခွင်း သူမ သူ့ကို ကြည့်လာသော
အကြည့်တို့အား ဂရုမစိုက်စွာ..
"ဘာလည်း ငါမေးတာ ဖြေလေ..."
"ရှင် ထပ်ပြီး ပါးရိုက်ခံချင်လို့လား..."
"အဟက်...မင်းထပ်မနမ်းခံချင်
လို့ပြောတာလား...''
ချည် သူ့အား နှုတ်ခမ်းလေးဖိကိုက်၍
မကျေမနပ် ကြည့်နေလိုက်တော့သည်။
ခွင်း သူမအနား တိုးခပ်၍ ခပ်ထေထေ
ပြုံးကာ...မြန်မာဝမ်းဆက်လေး ဝတ်ထား
ကာ ဆံနွယ်တို့အား အနောက်ကနေ ကုတ်
လေးဖြင့် ကုတ်ထားပြီး ပါးပြင်မှာ ဘာချယ်
သမှုမှမရှိဘဲ ပျက်ပျယ်စပြုနေသော
သနပ်ခါးတို့အား ဝေ့ကြည့်ကာ...
"မင်း ငါ့ကို ချစ်လား..."
"ဘာ...."
"ငါမေးတာဖြေလေ.. "
ချည် မျက်ခုံးပင့်ကာ သူမမုန်းသော
အပြုံးတို့ဖြင့် ပြုံး၍ သူမအား
တင်တင်းစီးစီးမေးလာသော
သူ့ကို မော့ကြည့်၍...
"သွားသေလိုက်..."
"အဟက်..ငါကလည်း မချစ်ပါဘူး
ဒါပင်မဲ့ ငါယူမဲ့ မိန်းမက မင်းလို့တော့
ပြောနိုင်တယ်..ဘာလို့လည်းဆ်ိုတော့
မင်း အကြည့်တွေကြောင့်ပဲ..."
"တောက်...''
"အဲဒီလို ငါ့ကိုတောက်ပြန်ခပ်လို့ပဲ..
အဲဒီတော့ မင်း သတိနဲ့နေပေါ့..
သတိတစ်ချက်လွတ်တာနဲ့ မင်း
ငါ့မိန်းမ ဖြစ်မှာပဲ...."
သူ့အပြောများကြောင့် ချည် ဒေါသ
ဖြစ်လွန်းသဖြင့် အသားလေးတွေပင်
တုန်လာ၍ လက်ထဲက ရေခရားနဲ့
ကောက်ပေါက် ချင်စိတ်ကို မနည်း
ထိန်းထားရတော့သည်။
မဟုတ်ရင် သူဘယ်သူမှန်းမသိသော်လည်း
ဒီအိမ်မှာနေတော့ အန်တီသက်တို့ရဲ. မိသား
စုဝင်ဖြစ်သောကြောင့် အန်တီသက်တို့အား
သူမကြောင့် စိတ်မရူပ်စေချင်...
"အမေ့..."
"အဟွန်း မွှေးနေတာပဲ..ဒါပင်မဲ့
မင်း ခေါင်းလျှော်မှရမယ် မင်းဆံ
ပင် စေးကပ်ကပ်နဲ့..."
ချည်တွေးနေချ်ိန် ပိုင်ဆိုင်းပိုင်နက်
ချည်ဆံပင်လေးအား လာနမ်း၍
အခန်းဆီ လျှောက်သွားသော
သူ့အား ချည် ကြည့်၍ ဒေါသ
ထွက်ဖို့ပင်မေ့နေကာ မျက်ဝန်းမှ
မျက်ရည်စီးကြောင်းတစ်ခုက ဖြတ်သန်း
လာပြီးနောက်.. ချည် ရွှေရင်မို့မို့လေး
ဒေါသကြောင့် နမ့်ချီမြင့်ချီ ဖြစ်နေကာ
နှုတ်ခမ်းလေးဖိကိုင်ပြီး အခန်းထဲ
ပြေးဝင်လာခဲ့တော့သည်။
"ဟီး...အဟင့်..ဟင့်..."
ချည်သူနဲ့ တွေ့ရင် အမြဲတမ်းရှုံးနမ့်
နေခဲ့တာပါ.....
ချည် ဒေါသဖြစ်လွန်းသောကြောင့်
လက်သီးလေး ဆုပ်၍ ငိုနေမိတာ
ဒီညလည်း အခန်းအပြင်က ထွက်မှာ
မဟုတ်တော့...
--======================^^^&&🍓🍓🍓🍓🍓🍓🍓
-------=====-=============^^^🍓🍓🍓🍓🍓🍓🍓
"လှိုင်း...နင်ကတော့ အရမ်းနာမည်
ကြီးနေပြီသိလား..."
လှိုင် စားပွဲထိုးလေးချလာပေးသော
အအေးခွက်လေးအားမွှေ၍
သူငယ်ချင်းဖြစ့သူအား နားမလည်
သလို ပြန်ကြည့်ကာ မေးလိုက်၏။
"ဟာ..ဘာရမှာလည်း နင် နည်းပညာက
Popular အဖြစ်ဆုံး ခွင်းမာန်ဟုန်း
နဲ တွဲနေတာဆို..."
"ဟင်...မဟုတ်ပါဘူးဟာ..ဘာလို့လည်း.. "
"အေး နင်ကသာ မဟုတ်ဘူး ပြောနေ
အဲဒီကျောင်းမှာရော ဆေးမှာရော
နင်တို့ hotelတောင်သွားတဲ့အဆင့်
ဖြစ်နေပြီတဲ့..."
"ဟုတ်လား..."
ဝင့် ဘာမှမဖြစ်သော သူငယ်ချင်း
ဖြစ်သူအား တအံ့တသြကြည့်၍..
"ဘာ..ဟုတ်လားလဲ နင်က မဟုတ်ကြောင်း
ပြောရမှာလေး လှိုင်းရဲ.. "
"အော် ဝင့်ရယ် ဒီလောက်လူတွေ
အများကြီးက ငါ့က လိုက်ရှင်း
ပြနေရမှာလည်း ငါတို့မဟုတ်တာ
ငါတို့သိရင် ပြီးတာပဲ.."
"အေးပါ နင်ဘာမှ မဖြစ်လည်း
ပြီးရော..ဒါဆို hotel သွားတာ
မဟုတ်ဘူးပေါ့..."
"မဟုတ်ပါဘူး အဲနေ့က ငါ့အဒေါ်ဆီ
ပစ္စည်းသွားပို့တာ နင်လည်းသိသား
နဲ့ ငါ့အဒေါ်က အဲဒီမှာ မန်နေဂျာလေ..."
ထိုတော့မှ ဝင့် သက်ပြင်းချနိုင်သွားကာ..
"အမလေး တော်သေးတာပေါ့
ငါက ခွင်းကို နှာမျှောနေတာ..."
"အမယ် မိန်းမ သူငယ်ချင်း တစ်ယောက်
လူံးကြတော့ မမြင်ဘူး နှာဘူးကထသေး.."
"နင်ကလည်း ငါတို့ဘဝက အဝေးက
ကြည့်နေရတဲ့ ဘဝပါဟာ..."
"အမလေး ဟုတ်ပါပြီ မနက်ကျောင်းတက်
ရပြီနော်...နင်တစ်ပတ်မမှီထားတာတွေ
ငါမနက်ကျောင်းမှာ ရှင်းပြပေးမယ်.."
"အေးပါ အဲဒါကြောင့် ငါ့သူငယ်
ချင်းလေးကို ချစ်နေရတာ..."
လှိုင်း မျက်စောင်းလေးထိုးကာ..
"အမလေး အခုမှ..ဟွန်း..."
"ဟဲဟဲ.. ချစ်လို့စတာကို...''
ထိုတော့မှ လှိုင်းပြုံးလ်ိုက်မိ၍
အရှေ့က အအေးပိုက်လေးအား
တစ်ချက်ကိုင်ပြီး သောက်ကာ
ထိုနေ့က သူ့အား မျက်လုံးထဲ မြင်
ယောင်လာမိသည်။
မိန်းကလေးတွေ ကြွေချင်လည်း ကြွေ
လောက်စရာပါ...ကြည့်တာနဲ့ သူပုံစံက
ထင်းနေကာ လမ်းလျှောက်ပုံကအစ
ကြည့်ကောင်းနေပြီး ဘယ်ရူးထောင့်က
ကြည့်ကြည့် ချောမောနေတာ အမှန်...
သူမလို မိန်းကလေးနှင့်တွေ့တာတောင်
မကောင်းတက်လို့ ခေါ်တင်လာရသည့်
မျက်နှာထားနှင့် တည်ကြည်နေပုံကအစ
သူမအား သူ့ကို အမှတ်ရစေခဲ့သည်။
လှိုင်း ပြုံးယောင်သမ်းသွားကာ..
နောက်တစ်ခေါက်ရှင်နဲ့ ပြန်ဆုံချင်ပါ
သေးတယ်...ခွင်း...
----=-=================-^^^^^🍓🍓🍓🍓🍓🍓🍓
မနက်မိုးလင်းသော် ချည်စောစော
ထ၍ ခေါင်းလျှော်ပြီး ပြင်ဆင်စရာ
ရှိတာ ပြင်ဆင်၍ ဘေးအိတ်လေးယူကာ
စာအုပ်အချ်ို့အားပိုက်ပြီး အောက်ထပ်
ဆင်းလာခဲ့သည်။
ဟိုလူယုတ်မာကိုတော့မတွေ့...မနိုးသေး
ဘူးထင်ပါရဲ...လေးလေးနဲ့ ချည်
လိုက်ရမယ်ဆိုတော့ စောစောထ၍
ပြင်ဆင်မိတာဆိုလည်း မမှား....
"သမီးလေးချည် လာပြီးလား..
လာ.. မနက်စာ ကော်ဖီသောက်
ပြီးရင် ဒီမှာ ထမင်းချိုင့်..."
ချည်အတွက် အစစအရာရာလိုက်
လုပ်ပေးနေသော အန်တီသက်အား
ချည်ကြည့်၍...
"ဟို..အန်တီသက် ထမင်းချိုင့်
မလုပ်ပေးပါနဲ့နော်..နောက်ရက်ကို
ချည်အပြင်မှာပဲ.. "
"အမလေး မစားရပါဘူးကွယ်...
အန်တီက အရမ်းအခုလို လုပ်ပေး ချင်တာ
အိမ်ကသားကလည်း ထမင်းချိုင့်ထည့်ပေး
တာ မယူဘူး အခုမှပဲ သမီးလေးကို
အန်တီက လုပ်ပေးရတာ...
ယူသွားနော် သမီး..."
ချည် ထပ်ငြင်းရမှာ အားနာလွန်းသဖြင့်
ကောင်းလေးငြိမ့်ပြကာ..
"ဟုတ်ကဲ့ပါ..အန်တီ..."
ထိုတော့မှဒေါ်သက်ထား ကျေနပ်စွာ
ပြုံးသွား၍ ချည်အား ကော်ဖီထည့်ပေးကါ..
"သောက်သမီး သမီးလေးလေး
ခဏနေ ဆင်းလာလိမ်းမယ်..
ဒါနဲ့ သမီးလေးက အခုလိုလေးတွေ
ဝတ်တာ ကျက်သရေရှိပြီး လှလိုက်တာ..
ပြီးတော့ သမီးဆံပင်ကလည်း အရှည်ကြီး
နဲ့ကောင်းလိုက်တာ.."
ခေါင်းလျှော်ထားလို့ တင်းမား
အောက်အထိ ချထားသောဆံပင်အား
တစ်ချက်ကိုင်၍
ချည် ဝတ်ထားသော နီညိုရောင်
မြန်မာဝမဆက်လေးအားပြန်ကြည့်၍...
"ဟုတ် ကျေးဇူးပါ အန်တီ.. ဒါနဲ့
အန်တီသားရောဟင်..."
ထိုအခါ ဒေါ်သက်ထား မျက်နှာလေး
မဲ့လိုက်ကာ..
"အခုချိန် အိပ်တုံးသမီးရဲ့...သမီး
ကိုပြောရအုံးမယ်...သူနဲ မတွေ့
အောင်ရှောင်နော်..အရမ်းဆိုးတာ
သမီးရယ်..တော်ယုံဆိုးတာ မဟုတ်
ဘူး...ဒါပင်မဲ့ စိတ်ထားလေးကတော့
ကောင်းပါတယ်ကွယ်... "
ချည် ပြုံးလိုက်မိသည် ။ထိုကလေး
ဘယ်လောက်တောင် ဆိုးလည်းမသိ
မိခင်ကတောင် အခုလိုပြောနေရှာ
သည်။အဟွန်း..ကလေးဆိုတော့လည်း
ဆိုးရှာမှာပေါ့....
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း