ခွင်း အခန်းထဲ ဝင်လာချိန် ဗီဒိုကြီးအား
ဖွင့်၍ ဘာတွေလုပ်နေမှန်းမသ်ိသော
သူမကြောင့် ခွင်းပြုံးလိုက်မိ၍
သူမအနား ခြေသံမကြားရအောင်
တိုးသွားပြီး အနေက်ကနေ
ကိုယ်လုံး လှလှလေးရဲ့ ခါးသိမ်သိမ်
လေးအား ပွေ့ဖက်လိုက်ချိန်...တုန်တက်
သွားသော သူမကိုယ်လေးကြောင့်
သူပြုံးလိုက်မိသည်။
သူ အခုလို ခါးလေးအား ဖက်တိုင်း
ဖြစ်တက်သော သူမရဲ့အကျင့်ပင်။
ချည် အနောက်က ဖက်လာသော
မောင့်ကြောင့် လှည့်မကြည့်ဘဲ ပြုံးကာ...
"မောင် ရေသွားချိုးတော့ ပြီးရင်
ထမင်းစားကြမယ်.... ချည်မောင်အတွက်
အဝတ်အစားထုတ်ထားမယ်နော်..."
ထိုအခါ ခွင်း သူမပါးလေးအား
ငုံ့ကာနမ်းလိုက်၍..
"ဒီဘက်လှည့်ပါအုံးကွာ...မောင်က
တစ်နေ့လုံး မိန်းမကို လွမ်းနေတာကွ...
ချည်က မောင့်ကို ထွက်တောင်မကြို
ဘူးနော်...''
ထိုအခါ ချည် သူ့ဘက်ကို လှည့်လိုက်၍
ချည်အား မချိုမချဥ်ကြည့်နေသော
သူ့အပြုံးများကြောင့် မျက်စောင်းလေး
ထိုးကာ...
" မောင်နော် သွားရေချိုး... "
"အဟက်...မိန်းမကလည်းကွာ အခုမှ
ပြန်လာတာလေ ဘာမှ မဘာရတော့ဘူးလား..."
ပြောပြီး ချည်ကိုယ်လေးအား လာဖက်
သော သူ့လက်များကြားက ချည်ရှောင်
လိုက်၍ ...
"မောင်... မရဘူးနော် ရေသွား
ချိုးလိူ့ပြောနေတာကို..."
ခွင်း ရှောင်နေသော သူမအနား
မရမက ကပ်၍...
"ချည်ကလည်းကွာ မောင်က
တစ်နေကုန် လွမ်းနေရတာလေ...
အဲဒီတော့.. ဟွန်း...ဟွန်း..."
"အို မရဘူး အစောကြီးရှိသေးတယ်..
မောင်နောင် နှာဘူးအရမ်းထမနေနဲ့..."
"ဟာကွာ..ချည်ကလည်း ခဏပဲလေ ''
"ဘာခဏလည်း မောင်နော် ရေချိုး
လို့ပြောနေတယ်..."
"ဒါဆိုလည်း နဖူးလေးပဲ နမ်းမယ်လေ
ခဏပဲလေ..."
ထိုအခါ ချည် သူ့အား မျက်စောင်း
လေးထိုး၍ အနားကပ်လာကာ
နဖူးလေးအား နမ်းရန်ရပ်နေစဥ်...
"အို...မောင်...."
ချည်ကိုယ်လေးအားပွေ့ယူ၍
ကုတင်ပေါ်လှဲချလိုက်သော
သူ့ကြောင့် ချည် မျက်ဝန်းများ
ပြူးကျယ်သွားကာ သူမကိုယ်လေး
အပေါ်က အတင်းနမ်းနေသော သူ့
အနမ်းများကြားက ရှောင်ရင်း
သူ့အားအတင်းတွန်းထားကာ..
"မောင်နော် ချည်စိတ်ဆိုးမှာ....သွား.."
ခွင်း သူမရဲ့ ရှက်၍ နီရဲနေသော မျက်နှာ
လေးအား ကြည့်ကာ ပါးပြင်လေးအား
ကြင်နာစွာနမ်းရှိုက်၍ ...လက်ကလည်း
သူ့ရဲ့ အင်္ကျီကြယ်သီးများအား ဖြုတ်ကာ..
"မောင့်ကို မချစ်ဘူးလားပြော..."
"မချစ်ဘူး မောင်က အရမ်းနှာဘူး
ကျလွန်းတယ်....."
"ဟား....အဲဒါ ချည်မို့လို့ပါ..."
ပြောပြီး သူမ မျက်နှာလေးအထက်
သူ့ခေါင်း ငုံ့ကျလာချိန်....
ဒေါက်...ဒေါက်...
"ချည်ရေ ဟင်းက အကုန်ချက်
ပြီနော်....အမဲသားဟင်းက
ရေထက်ထည့်အုံးမလားဟင်..
အောက်မှာ ကညာစောင့်နေမယ်
နော်...."
အပြင်က ကညာအသံကြောင့်
ချည် အပေါ်က သူ့ကိုယ်ကြီးအား
တွန်းလိုက်၍ ထရပ်လိုက်ကာ
ပွသွားသော ဆံနွယ်များအား အသာ
သပ်၍ တွန့်ကြေနေသော ထမိန်နှင့် အင်္ကျီလေးအား အသာဆွဲဆန့်၍ ပက်လက်ကြီး
နဖူးပေါ်လက်တင်ကာ ချည်အားကြည့်နေသောသူ့အား ချည် အားနာစွာပြုံးပြ၍...
"မောင် ရေချိုးလိုက်နော်...အဝတ်တွေလည်း
အကုန်ထုတ်ပြီးသား ပြီးရင် ဆင်းခဲ့နော်..."
ပြောပြီး အခန်းအပြင်ဘက်ထွက်သွားသော
သူမအား ခွင်းကြည့်ကာ ပင့်တက်နေသော
မျက်ခုံးတို့က အလိုမကျသဖြင့် တော်တော်
နှင့် မကျပေ။
ခွင်း မျက်နှာတင်းကာ အိပ်ယာ
အပေါ်က ဆင်း၍ သဘတ်ယူကာ
ရေချိုးခန်းထဲ ဝင်လာခဲ့လိုက်သည်။
--------======================^^^^🍓🍓🍓🍓🍓🍓
ချည် အောက်ထပ်သို့ဆင်းလာပြီး
မီးဖိုထဲဝင်လိုက်စဥ်...
"ချည် လာပြီလား ကညာက
လာတာခေါ်တာ အားနာလိုက်တာ
အမဲသားကို ချည်ချက်မယ်ပြောထား
တော့ ရေခမ်းတော့မှာဟုတ်လို့
လာခေါ်လိုက်တာ အားနာလိုက်တာ..."
"မဟုတ်တာ ကညာရဲ့ ချည်လည်း
ခဏနေ ဆင်းလာတော့မှာ မောင့်ကို
အဝတ်အစား ထုတ်ပေးနေလိူ့လေ..."
ထိုအခါ ကညာမျက်နှာလေး
ပြန်ပြုံးလာ၍..
"ဟုတ် ဒီမှာကြည့်ပါအုံး ကညာချက်တာ
စုံရဲ့လားဟင်...''
စားပွဲပေါ်ချရန် ပြင်ထားသော
ဟင်းများအား ချည်ကြည့်၍
ခေါင်းငြိမ့်လိုက်ကာ...
"စုံပါတယ် ဒါပင်မဲ့ အဆီမများဘူးလား
ကညာ မောင်က ဆီနဲ့အစပ် မစား
ဘူး ကညာရဲ့ နောက်တစ်ခါ ဆီလျော့
ထည့်နော်..."
"ဟုတ်လား ကညာက မသိဘူး
ကညာတို့ စားနညအတ်ိုင်း
ချက်လိုက်တာ ဘယ်လို လုပ်ရမလည်း
ချည်ရယ် ကညာက.စားစေချင်လို့
ချက်မိတာ..."
"မဟုတ်တာ ကညာရဲ့ ချည်စားမှာပါ...
မောင်လည်း ကြိုက်ရင်ကြိုက်သွား
နိုင်ပါတယ်..."
"ဟုတ်တယ်နော်...သူကြိုက်ဖို့ပဲ
ဆုတောင်းရမယ်..."
ကညာစကားကြောင့် ချည် မျက်နှာလေး
ပျက်သွားပင်မဲ့ ကညာမျက်နှာပေါ်က
ဖြူစင်သော အပြုံးများကြောင့်
ချည် ခေါင်းလေးခါရမ်းလိုက်၍...
"ကညာ ချည် အမဲသားဟင်းအိုး
ကြည့်လိုက်အုံးမယ်နော်..."
"ဟုတ်ကဲ့ချည်..."
ချည်လည်း သက်ပြင်းအသာချ၍
သူ့ကြ်ိုက်သော အမဲသားအား
ချက်နေလိုက်သည်။
ခဏအကြာ ဟင်းတွေအကုန်ကျက်သွား၍
ချည်နဲကညာ ဟင်းတွေအား စားပွဲပေါ်
ချပြီးချိန် ထမင်းစားခန်းထဲ ဝင်လာသော
မောင့်ကြောင့် ချည်ပြုံးကာ..မောင့်အရှေ့အား
ထမင်းပန်ကန်ထည့်၍ ချပေးကါ...
"မောင် များများစားနော်..."
ခွင်း သူမအား ပြုံးပြလိုက်ချိန်...
ခွင်းပန်ကန်ထဲ ဟင်းထည့်ပေး
လာသော လက်တစ်စုံကြောင့်
ချည်မျက်ဝန်းလေးဝိုင်းသွားသလို
ခွင်း မျက်မှောင်ကြီးကုတ်ကာ
ကြည့်နေစဥ်...
"ကိုခွင်း ထည့်စားနော် ဒါတွေ
ကညာ အကုန်ချက်ထားတာ
ကိုခွင်းကို စားစေချင်လို့....
ကိုခွင်းက အစပ်နဲ့ ဆီသိပ်မစားဘူးလို့
စောစောက ချည်ပြောမှ သိတယ်
နောက်ဆို ကိုခွင်းအကြိုက်ကညာ
ချက်ပေးမယ်နော်..."
ခွင်းပန်ကန်ထဲ လာထည့်ပေးသော
အဆီတဝင်းဝင်းနဲ့ ဝက်သား
အတုန်းအား ကြည့်၍...
"ရတယ် ကညာ ငါ့အတွက်
ချက်စရာမလိူဘူး ချည်ချက်တာပဲ
ငါက စားတာ မင်းစားတာပဲမင်း
ချက်ပါ..ပြီးတော့ ဟင်းကို အခုလို
တွေချက်ထားတာ ငါမစားဘူး..."
ပြောပြီး သူ့အား မျက်ဝန်းဝိုင်းကာ
ကြည့်နေသော ချည်အား ခွင်း
ကြည့်၍...
"ချည်မောင့်ကို ထမင်းအသစ်ပန်
ကန်ထည့်ပေး..."
"ဟုတ်...ဟုတ်ကဲ့မောင်..."
ချည်ဘေးကထမင်းအစ်ထဲက
ထမင်းအဖြူအား ပန်ကန်ထဲ
ထည့်ပေး၍ ပေးလိုက်ချိန်
ခွင်း ယူ၍ သူမအရှေ့က မွှေးနေသော
ဟင်းပန်ကန်အားယူ၍...
"ချည် ဒါမင်းချက်ထားတာနော်..."
"ဟုတ်တယ်မောင်..."
ချည် စကားဆုံးတာနှင့် ထိုအမဲသား
ဟင်းနဲ့သာ စားနေသော မောင့်အား
ချည်ကြည့်၍ ရင်ထဲ ကျေနပ်မိသလို
မျက်နှာမကောင်းသော ကညာ
ကိုလည်း ကြည့်၍ စိတ်မကောင်းမိ။
"ချည် မင်းမစားရဘူး အမဲသားနဲ့ပဲစား
အဆီတွေ အစပ်တွေများနေတာ ဗိုက်
အောင့်မယ်..."
ချည် ကညာချက်ထားသော ဟင်းများ
အား စားကြည့်ဖို့ လက်လှမ်းဖို့အပြင်
မောင်ပြောလာသော စကားကြောင့်
လက်ကလေးများ ရပ်တန့်သွားကာ...
မျက်နှာမကောင်းသော ကညာအား
အားနာစွာကြည့်၍..
"မောင်ရယ် ချည်စားလို့ရပါတယ်....
ဘာမှ မဖြစ်ပါဘူး... "
"မရဘူးချည် ဒါနဲ့ပဲစား.. "
သူ့ထည့်ပေးလါသော ဟင်းအား
ချည်ကြည့်၍ ဘာမှစောတကမတက်
ဘဲ ငုံ့ကာစားနေလိုက်တော့သည်။
ကညာတစ်ယောက်တော့ မောင့်
စကားများကြောင့် စိတ်မကောင်း
သွားတာလားမသိ ခေါင်းလေးပင် မော့မလာတောချေ။
-------====================^^^^^🍓🍓🍓🍓🍓🍓🍓
🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼
🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼
Bar တစ်ခုတွင် မြူးကြွသော သံဇဥ်
တီးလုံးများနှင့် ကခုန်နေသော လူငယ်
များ...
"လှိုင်း ပျော်လား..."
"အေးပျော်တယ် ခိုးထွက်ရတဲ့
အရသာလေး..ဟား.. ''
နှစ်ယောက်သား ပြုံးပျော်၍ ကခုန်
နေကြသော လှိုင်းနှင့်ဝင့်။
ခဏအကြာ ကခုန်လို့မောဟိုက်လာ
သောကြောင့် နှစ်ယောက်သား
ဘီယာများရှိသော နေရာအားလျှောက်လာကာ...
"လှိုင်း နင်အခုတစ်လောငြိမ်ကျနေပါလား...
ဘာဖြစ်နေတာလဲ..."
"ဘာမှ မဖြစ်ပါဘူး ငါပုံမှန်အတိုင်းပဲ
နေနေတာ..."
"မဟုတ်ပါဘူး နင့်ပုံစံက တစ်ခါတစ်ခါ
အေးတိအေးစက်နဲ့..."
လှိုင်းအရှေ့ကဝိုင်ခွက်အား
ကိုင်၍ အနည်းငယ်မော့သောက်ကာ...
"နင် ထင်လို့ပါဝင့်ရဲ့. .."
"ဒါနဲ့ပြောရအုံးမယ် ခွင်းနဲ့ ဟိုတစ်
ယောက် တကယ်ကြီး ချစ်လို့ယူ
ကြတာ ထင်တယ်နော်...ငါ
ခွင်းရဲ့ အဲ့ဒီတစ်ယောက်အပေါ်ကို
အရမ်းဂရုစိုက်တာ မြင်နေရတယ်..."
ထိုအခါ လှိုင်းမျက်နှာလေး အေး
စက်သွားသောကြောင့် ဝင့်စကား
မှားသွားမှန်း သတိထားမိကာ..
"အဟဲ...ငါပြောတာစိတ်ထဲမထား
နဲ့....လာ ငါတို့သွားထပ်ကကြရ
အောင်...စိတ်တွေပေါ့သွားအောင်..."
"အင်း.... ''
ပြောပြီး နှစ်ယောက်သား လူအုပ်ကြီး
ကြားထဲတိုးဝင်ကာကခုန်နေကြ
တော့သည်။
----===========----==----========^^^^🍓🍓🍓🍓🍓🍓🍓
"မောင် စောစောက ကညာကို
ဘာလိူ့ အဲဒီလောက်ပြောရတာလည်း
မောင်ရယ်..."
ခွင်း ရုံးက အလုပ်တွေ Computer
နှင့်ပြန်စစ်နေရင်း သူ့ဘေးလာထိုင်ကာ
ပြောလာသော ဇနီးသည်ကြောင့်
ခွင်း အလုပ်တွေအားရပ်ထား၍
သူမပခုံးလေးအား ဖက်ထားကာ...
"မောင် ဟန်ဆောင်ပြီး မပြောတက်ဘူး
ချည် အရှိကို အရှိတိုင်းပဲပြောတာ
သူ့အတွက်မောင် တိုက်ခန်းဝယ်ပေး
ဖို့ ရှာနေပြီ မောင်တို့အိမ်မှာ ဒီအတိုင်း
ထားဖို့ မဖြစ်နိုင်ဘူးလေ.. "
ချည် ခေါင်းလေးငြိမ့်ပြကာ...
"ဟုတ်ပါတယ် ဒါပင်မဲ့ သူဖခင်က
မောင့်ကို ကာကွယ်ပေးရင်း
ဆုံးသွားတာလေ မောင် သူ့ကို
ကောင်းကောင်းမွန်မွန်လေးတော့
ပြောလိုက်ပါ သူကအခုအချိန်မှာ
ဖခင်ဆုံးရှုံးထားတော့ ချည်နဲ့မောင့်အပေါ်
မိသားစုလ်ို သဘောထားပြီး နေနေတာ
နေမှာပါ..."
ဖြူစင်ပြီး စိတ်သဘောထား
ပြည့်စုံသော ဇနီးသည်လေးအား
ခွင်းကြည့်၍ သူမပါးပြင်လေးအား
နမ်းရှိုက်လိုက်ကာ...
"ဟုတ်ပါပြီကွာ....အခု
အဲဒီအကြောင်းတွေမပြော
နဲတော့...အခု မောင်တို့..."
ဒေါက်..ဒေါက်...ဒေါက်...
"ချည်ရေ...ခဏလောက်ထွက်ခဲ့ပါအုံး
နော်..."
ထိုအချိန် တံခါးအနောက်က
ထွက်ပေါ်လာသော ကညာ
ရဲ့အသံကြောင့် ချည်လန့်ဖျန့်၍
ထရပ်လိုက်ကာ....
"မောင် ကညာ ဘာဖြစ်လိူ့လည်း
မသိဘူး ချည်ခဏသွားအုံးမယ်နော်..."
ပြောပြီး အခန်းအပြင်ဘက်ပြေးထွက်
သွားသော ဇနီးသည်အား ခွင်း
ကြည့်၍ သက်ပြင်းချကာ..ဘေးက
ဖုန်းအား ကောက်ယူ၍...
"ဝေယံ မင်းကို ရှာခိုင်းထားတဲအခန်း
နှစ်ရက်နဲ့ ငါလိုချင်တယ်..."
ပြောပြီး ဖုန်းချလိုက်ကာ လေးပြင်းများ
မှုတ်ထုတ်လိုက်၍...
"တောက်...ဒီမိန်းကလေး ဘာဖြစ်နေတာလဲ..."
ချည် အခန်းအပြင် စိုးရိမ်စွာထွက်လာ၍
လှေကားနားက
အပြင်ဘက်တွင် မျက်နှာလေးငယ်ကာ
မျက်ဝန်းမှ မျက်ရည်များကျနေသော
ကညာကြောင့် မျက်ဝန်းလေးပြူးသွားကာ...
"က..ကညာ ဘာဖြစ်လိူ့လည်းဟင်..."
ထိုအချိန် ကညာ ချည်ကိုယ်လေးအား
ပြေးဖက်လိုက်၍...
"ချည်ရယ်...ကညာ...ကညာ ဖေဖေက်ို
သတိရလို့ပါ...ဟီး..အဟင့်...ဟင့်..."
ထိုအခါ ချည် ကညာကိုယ်လေး
အား ပြန်ဖက်ထား၍...
"ဘာမှ မဖြစ်ဘူး ကညာ...ချည်တို့
ရှိတယ်နော်..."
"ချည်ရယ် ချည်တစ်ယောက်ထည်းသာ
ကညာကိူ နားလည်ပေးနိုင်တဲ့ သူပါ...
ကညာချည်ကို အများကြီး ကျေးဇူး
တင်ပါတယ်နော်....''
"အို....ကညာရယ်..ချည်တို့
ရှိပါတယ်...."
"ဒါ...ဒါဆိုရင်လေ..ကညာနဲ့ အတူ
အိပ်ပေးပါလားဟင်..."
"ဟင်...."
"မရဘူး...ငါ့မိန်းမကို ငါနဲ့လွဲရင်
ဘယ်သူနဲ့မှ မအိပ်ခိုင်ဘူး...
မင်းအေးဆေးသွားအိပ်လိုက်တော့
ကညာ..."
"အို...မောင်..."
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း