တီ...တီ...တီ...
မနက်နာရီအချက်ပေးသံကြောင့်
ချည် မျက်ဝန်းများပွင့်လာချိန်
သူမအား တင်းကြပ်စွာ ပွေ့ဖက်ထား
သော မောင့်လက်များကြောင့် ချည်
ပြုံးလိုက်မိ၍ ညက အကြောင်းပြန်သတိ
ရသွားသဖြင့် မျက်နှာလေးမှာ ရဲတက်လာ၍
သူ့ရဲ့ အင်္ကျီ မရှိသော ဖြူဖွေးကာ ပြန့်ကား
နေသော ကြည့်ကောင်း လှတဲ့ ရင်အုပ်ကျယ်ကြီးအား ချည်ကြည့်၍ မျက်ဝန်းလေး
များ လွဲလိုက်မိသည်။
စောင်တစ်ထည်ထည်းအား နှစ်ယောက်
ခြုံထားသောကြောင့် ချည်ရှက်ကာ
ထဖို့ ပြင်စဥ်
သူမကိုယ်မှာလည်း အဝတ်များမရှိတာအား
သတိရ၍ သူ့ကို ကြည့်လိုက်စဥ်
ချည်အားပြုံးကြည့်နေသော သူ့ကြောင့်
မျက်စောင်းလေးထိုးကာ စောင်လေးထဲ
အမြန် ပြန်ဝင်၍ မျက်နှာလေး လွဲလိုက်မိသည်။
ခွင်း သူမရဲ့ ဖြစ်ပျက်နေသော ပုံစံလေး
အား ပြုံးကြည့်ကာ...ခါးလေးအား တင်း
နေအောင်ဖက်ထားလိုက်ပြီး...
"ဘာလို့လည်း ချည် ရှက်နေတာလား..."
"အို မောင်နော်...ထတော့..."
"ချည်နော် မောင်ထ၍ ချည်မနိုင်ဘဲနဲ့..."
သူ့ရဲ့အနှောက်အသွားမလွတ်သော
စကားကြောင့် ချည်မျက်နှာလေးမှာ
ရဲတက်လာကာ...
"အို မောင်နော် ဘာတွေပြောနေတာလဲ..
ရှက်လည်းမရှက်ဘူး..."
"ဟား..မောင်က ဘာကိုပြောလို့လည်း
မောင်ကိုယ်ကြီးကို ချည်န်ိုင်လို့လား..
ဒါကိုပြောတာပါ....''
"အို မသိဘူး ချည် အိပ်ယာထတော့မယ်..."
"ထလေ..."
"အိုမောင်က ဖက်ထားတာကို
ဘယ်လိုထရမလဲ...."
"အဟက်....ဟုတ်ပါပြီ ထ...."
ထိုအခါ ပြုံးဖီးဖီးနှင့်ရယ်နေသော
သူ့အား ချည်မျက်စောင်းလေးထိုး
လိုက်၍ ခြုံထားသော စောင်လေးအား
တင်းတင်းဆွဲကာ ဘေးက စောင်အပါးလေး
အား ယူဖို့ လက်လှမ်းချ်ိန်...
"အို..မောင် ဘယ်လိုလုပ်လိုက်တာလဲ..."
"ရင်ခွင်ထဲ သွင်းလိုက်တာလေ..."
ဘုတ်...
ချည်သူ့ရင်ဘက်ကြီးအား အသာ
ထု၍..
"မောင်တော်တော် အကျင့်မကောင်းတာ
ပဲ..."
"အဟွန်း မကောင်းလက်စနဲ့ အခုလည်း
မကောင်းလိုက်အုံးမယ်ကွာ..."
"အို..မောင်... "
ပြောပြီး ချည်ကိုယ်လေးအားအုပ်မိုးကာ
သိမ်းပိုက်သွားသောကြောင့် ချည်တစ်
ယောက်အသံပင် မထွက်နိုင်တော့ပေ။
ခွင်း သူမရဲ့ နူးညံရဲ့ စွဲမက်ဖွယ်ကောင်း
သော နှုတ်ခမ်းလေးအား စုပ်ယူသိမ်း
ပိုက်လိုက်ကာ..တဖြည်းဖြည်း အနမ်းများက
နယ်ကျဲ့လာကာ လက်များကလည်း
သူမကိုယ်လေးအား ပွတ်သပ်၍
တဖြည်းဖြည်း နက်ရှိုင်းသော အချစ်များ
ဆီ ချည့်ကို ခေါ်ဆောင်သွားပြီးနောက်။
အချစ်တို့က မနက်ခင်းမှာလည်း ဖူး
ပွင့်နေမြဲပင်။
တစ်နာရီအကြာ....
ချည် သူ့ရင်ခွင်ထဲ ထပ်မံနိုးလာကာ
တကယ်ပင် အိပ်ပျော်နေသော သူ့အနားက
အသာထ၍ ရေချိုးခန်းထဲ ဝင်ကာ
ရေတစ်ခါထည်းချ်ိုးလိုက်သည်။
ဗျော....
ရေချိုးနေရင်း သူ့အကြောင်းတွေးမိချိန်
ချည်နှုတ်ခမ်းလေးများက ပြုံးယောင်သမ်း
လာ၍...
"ချည် ရှင့်ကို အရမ်းချစ်တယ်မောင်..."
ဒီနေ့ ချည်နဲ့သူ့ရဲ့ နှစ်ယောက်လုံး
ရဲ့ ကျောင်းပိတ်ရက်ဖြစ်သောကြောင့်
ချည် မောင့်အတွက် ချက်ပြုတ်ပေးဖို့
ညကထည်းက စဥ်းစားထားတာ ဖြစ်သည်။
ပြီးတော့ အောက်ထပ်မှာ ဧည့်သည်လည်း
ရှ်ိတာကြောင့် ချည်ရေအား ခပ်သွက်သွက်
ချ်ိုးကာ သဘတ်လေးပတ်၍ အခန်းအပြင်
ပြန်ထွက်လာချိန် မှောက်ခုံကြီးအိပ်နေသော
သူ့အား ကြည့်၍ ပြုံးလိုက်မိကာ ချည်
အဝတ်လဲခန်းထဲ ဝင်၍ အဝတ်လဲနေလိုက်
သည်။
ခဏအကြာပြန်ထွက်လာချိန် စောစောက
အိပ်နေသော သူ အိပ်ယာပေါ်တွင် မရှိတော့
သဖြင့် ရေသံကြားနေရသော ရေချိုးခန်း
ဘက် ချည်ကြည့်၍ ပြုံးမိသွားကာ ဆံနွယ်
လေးများအား ဘီး၍ အနောက်တွင် တစ်စု
တစ်စည်းထဲ စု၍ လက်ကိုင်ပါဝါလေး
ဖြင့် ချည်နှောက်လိုက်ကာ သနပ်ခါးလိမ်း
ဖို့အတွက် သနပ်ခါးသွေးဖို့ ပြင်စဥ်. .
"နေ..နေချည် မောင်လုပ်သွေးပေးမယ်..''
ပြောလည်းပြော ချည်လက်ထဲက
သနပ်ခါးအတုံးနှင့် ကျောက်ပြင်အား
သူ့ဘက် ဆွဲယူ၍ စိတ်ရှည်လက်ရှည်
သွေးနေသော သူ့အားချည်ပြုံးကာ
ကြည့်နေမိသည် ။
"ကဲ ရပြီ လာ...မောင်လိမ်းပေးမယ်..."
ထိုအခါ ချည်ပြုံး၍ ခေါင်းလေးငြိမ့်ပြကာ
မျက်နှာလေး ရှေ့တိုးပေးချိန် ခွင်းဂရုတစိုက်
သူမပါးပြင် နုနုလေးအပေါ် သေချာလိမ်း
ပေးပြီး အမြဲကို လှပ၍ ကျက်သရေ
ရှိကာ ရိုးရိုးရှင်းရှင်း လှပနေသော သူမ
လေးအား ခွင်း ခပ်ငေးငေးလေးကြည့်နေမိ၍..
"အရမ်းချစ်တယ် ချည်..."
ပြောပြီး ချည်နဖူးလေးအားနမ်းရှိုက်
လိုက်သော သူ့ကြောင့်
ချည် ချစ်စဖွယ်ပြုံးလိုက်မိကာ...
မျက်ဝန်းလေးများ မှိတ်လိုက်၍..
"ချည်လည်း မောင့်ကို ချစ်တယ်..."
------======================^^^^🍓🍓🍓🍓🍓🍓🍓
"ဟင်...ကိုခွင်း နိုးပြီလား ဒီမှာ
ကညာက ကိုခွင်းနဲ့ ချည်အတွက်
မနက်စာပြင်ပေးထါးတယ်..."
ချည်လိုပဲ ဆံပင်အရှည်ကြီးအား
လက်ကိုင်ပုဝါလေးဖြင့် စည်းနှောင်
ထားကာ မနေ့ကဘအဝတ်နွမ်းနွမ်းလေး
ဝတ်ထားသော ကညာ။
ချည် စိတ်မကောင်း အားနာစွာကြည့်၍...
"မဟုတ်တာ ကညာ နောက်မလုပ်နဲ့
နော်...ချည်က အိမ်ရှင်လေ ချည်
ချက်ကျွေးရမှာ အခုက ကညာကပြန်
ချက်ကျွေးနေရတယ်...''
"အဲဒီလို မမြင်ပါနဲ့ချည်ရယ် ကညာက
လုပ်ပေးချင်လို့ပါ အရင်ကလည်း
အိမ်မှာ ဖေဖေကို ကညာကပဲ ချက်ကျွေး
နေတာ...."
ပြောပြီး အသံလေးတိမ်ဝင်သွားသော
ကညာအား ချည်ကြည့်၍..
"ဟုတ်ပါပြီ ကညာရယ် ကညာ
ချက်ချင်တယ်ဆို ဝင်ချက်ပါ...."
ထိုအခါ ကညာမျက်နှာလေး ချက်
ချင်းပြုံးသွား၍ ထိုကာ ကော်ဖီ
သောက်နေသော ကိုခွင်းအားကြည့်ကာ..
"ကိုခွင်း ကညာဖျော်ထားတာ အဆင်
ပြေရဲ့လားဟင်..."
"အင်း ပြေတယ်ကညာ ဒါပင်မဲ့
နောက်ဆို ဝင်မလုပ်ပါနဲ့ ငါတို့က
အစားအသောက် အဲဒီလောက်လည်း
အလေးမထားဘူး....မင်းသက်သောင့်
သက်သာနေပါ..."
ကညာ မျက်နှာလေးမှာပြုံးနေ၍
ခေါင်းလေးငြိမ့်ပြကာ..
"ချည်က ကညာကိူ ချက်ခွင့်ပေး
ထားပြီလေ..."
ပြောပြီး ထိုင်ခုံမှထိုင်ကာ..အရှေ့က
မုန့်ပန်ကန်အားယူ၍...
"ကိုခွင်း ဒါလေးစားကြည့်ပါလား..."
"နေနေ...ငါ အဲဒါ မကြိုက်လို့..."
ခွင်းလက်ကာပြသောကြောင့်
ကညာ မျက်နှာလေးမှာညိုးငယ်
သွားချိန် ဘေးက ချည်အားနာသွား၍...
"ချည် ကြ်ိုက်တယ် ကညာရဲ့
ချည်စားပေးမယ်..."
"ဟုတ်ကဲ့ ကညာ.. "
ထိုအခါ လက်ဖက်ရည်ဝိုင်းလေးမှာ
အနည်းငယ်တိတ်ဆိတ်သွားချိန်...
"ချည် ဒီနေ့မောင် အလုပ်ကိစ္စအပြင်
သွားမလို့...ဘာမှာအုံးမလည်း... "
"မမှာတော့ဘူးမောင် ...."
"ဟုတ်ပါပြီ...ဒါဆို မောင်
အပေါ်တက်တော့မယ်
ခဏနေသွားရမှာဆိုတော့..."
"ဟုတ်ကဲ့ မောင်..."
ချည် မောင်ထမင်းစားခန်းထဲက
ထွက်သွားမှ မျက်နှာမကောင်းသော
ကညာအားကြည့်ကာ...
"ကညာ မောင်က အဲဒီလိုပဲ
အနေအေးတယ်ကညာရဲ့
သူက စကားပြောရင်လည်း
ကညာတွေ့တဲ့အတ်ိုင်းပဲ
ဒါ့ကြောင့် စိတ်ထဲ ဘာမှ
မထားနဲ့နော်...''
"ဟုတ်ကဲ့ ချည် ကညာစိတ်ထဲမထား
ပါဘူး..."
ထိုအခါ ချည်ပြုံးလိုက်၍ ကညာကိုယ်
ပေါ်က အဝတ်များအားကြည့်ကာ..
"ကညာကို ချည် အဝတ်တွေပေးမယ်
အခုလိုပေးတါက အဟောင်းတွေ
မဟုတ်ဘူးနော် ကညာ ချည်ယောက္ခမ
ချုပ်ပြီး ပို့ထားတာတွေထဲကပေးမှာ
ချည်တစ်ခါမှ မဝတ်ကသေးတာတွေ..."
ကညာချည်အား ကျေးဇူးတင်စွာကြည့်၍...
"ကျေးဇူးတင်ပါတယ် ချည်ရယ်.."
"ရပါတယ် ဒါနဲ့ကညာ ကျောင်းတက်သေးယလားဟင်..."
"တက်တယ်ချည်ရဲ့ ကိုခွင်းနဲ့အတန်းအတူ
တူပဲ...''
"ဟုတ်လား ဒါဆို ကျောင်းကို အတူတူ
သွားလို့ရတာပေါ့....ကညာ ဘာမှ
စိတ်ဓာတ်မကျနဲ့နော် ကညာအတွက်
ချည်တို့ အကောင်းဆုံး လုပ်ပေးမှာပါ..."
ချည် ကညာလက်ကလေးအား ကိုင်ကာ
ပြောလိုက်စဥ်...ကညာ ချည်အား
ကျေးဇူးတင်သောအကြည့်ဖြင့်ကြည့်ကာ..
"ကညာ ချည်နဲ့ကိုခွင်းကို အရမ်းကျေး
ဇူးတင်ပါတယ်...''
"ချည်တို့က ကညာကို ပြန်ပြီး အားနာ
ကျေးဇူးတင်နေရတာပါ...."
ပြောပြီး နှစ်ယောက်သားပြုံးပြလိုက်
မိကြသည်။
---------------------------------------------^^^^^^^🍓🍓🍓🍓🍓🍓🍓
"အစ်ကိုလေး နာရေးကိစ္စက ညက
အားချင်း သင်္ချိုလိုက်ရပါတယ်...
ပြီးတော့ လုပ်ကြံတဲ့ လူနှစ်ယောက်ကို
တရားဆွဲဖို့ ပြင်ဆင်နေပါပြီ။
ထိုအခါ တည်နေသော ခွင်းမျက်နှာ
မဲ့လိုက်၍...
"ပြန်လွတ်တာ မမြင်ချင်ဘူး ပြီးတော့ နာရေးကို...လိုအပ်တာတွေ အကုန်
လုပ်ပေးလိုက်...ပြီးတော့
အဲဒီဦးလေးရဲ့သမီး ကညာကို
ဘာလို့မခေါ်တာလဲ..."
"အဲဒါ အစ်ကိုလေးသူ့ကို ခေါ်သွားထဲက
သူ့ဖခင်ရဲ့ နောက်ဆုံး နာရေးကိူ
သူ ကြည့်ဖို့အားမရှိလို့ မခေါ်ပါနဲ့တဲ့
သူမလာတော့ဘူးတဲ့..."
သူများတွေ မိဘဆုံးရှုံးရင် အရူးမီးဝိုင်း
ခံစားနေရလောက် ကညာဆိုသော
အမျိုးသမီးမှာ ဘာမှ သ်ိပ်ပြီး
ဝမ်းနည်းပုံမပြသောကြောင့် သူ
ခေါင်းငြိမ့်လိုက်ကာ...
"အင်း ဒါနဲ့ ငါ့ကို တိုက်ခန်းတစ်ခန်း
ရှာပေး အဲဒီမ်ိန်းကလေးအတွက်
ပြီးရင် အခန်းထဲ လိုအပ်တာတွေ
အကုန်ထည့်ပေးလိုက်...ကားတစ်စီးပါ
ဝယ်ပေးလိုက်....ပိုက်ဆံက သိန်း၂ထောင်
စီစဥ်ထားလိုက်...''
"ဟုတ်ကဲ့ အစ်ကိုလေး ကျွန်တော်
နာရေးပြီးတာနဲ့ လုပ်ထားလိုက်ပါ့မယ်..."
"အင်း ဒါနဲ့ အခုအသစ်ဆောက်နေတဲ့ marketက ၆လအတွင်း လိုချင်တာနော်
ကျွန်တော် နောက်ကျတာမျိုးမလို ချင်ဘူး..."
"စိတ်ချ အစ်ကိုလေး ကျွန်တော်ပြော
ပြီးသားပါ သူတို့ကို...အစ်ကိုလေး
စာမေးပွဲလည်း နီးနေပြီနော်...''
"ဟုတ်တယ် စိတ်မပူပါနဲ့ ကျွန်တော်
အကုန်ရပြီးသားပဲ..."
"အခု ကျွန်တော့တို့ Company က
အောင်မြင်နေတော့ အစ်ကိုလေး
ကို လူတိုင်းက သိချင်နေကြတာ
အခြားလုပ်ငန်းရှင်တွေက အစ်ကိုလေး
ကို တွေ့စုံဖို့ ဖိတ်လာကြတာ အများကြီးပဲ..."
ထိုအခါ ခွင်း ခုံပေါ်လက်ရှက်တင်ကာ
တစ်ခုခုကို စဥ်းစားနေသလို နေပြီးမှ...
"မကြာခင် ကျွန်တော် အားလုံးရဲ့
အရှေ့ထွက်ပြမှာပါ အခုက အချိန်
မတန်သေးဘူး ကျွန်တော်လည်း
ငယ်သေးတယ် ထင်တယ် ဒီgroup
ရဲ့ ပိုင်ရှင်အဖြစ်ထွက်ပြဖို့က
ကျွန်တော် အချိန်ယူအုံးမယ်..."
"ဟုတ်ကဲ့ ကောင်းပါပြီ အစ်ကိုလေး..."
ထိုအခါ ခွင်း မျက်ဝန်းများမှာ ယုံ
ကြည်မှုတို့က ပြည့်နက်နေကာ
အခုဆို သူဟာ အောင်မြင်နေသော
စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်
ဖြစ်လို့နေပါပြီ။
"အော် မန္တလေးက မြေကွက် အတွက်
ကိုပိုင့်ကို ငွေချေဖို့လွတ်ပေးနော်
ကျွန်တော်ယောက္ခမတွေနဲပြောထား
ပြီးသား..."
"ဟုတ်ကဲ့ အစ်ကိုလေး...."
"အင်း ဒါဆို သွားလို့ရပြီ..."
"ဟုတ်ကဲ့.."
ခွင်း သူ့ရဲ့လက်ထောက်ထွက်သွားမှ
Computer ဖွင့်လိုက်ကာ computer
Screen မှာပေါ်လာသော သူနှင့်သူမရဲ့
မင်္ဂလာပွဲတောက ပုံလေးကြောင့်
သူပြုံးလ်ိုက်ကာ....
"ခဏလေးပဲ ခွဲရသေးတယ် လွမ်းလိုက်တာ
ချည်ရယ်...."
------====================^^^^&🍓🍓🍓🍓🍓🍓🍓
"ကညာနဲ့ အတော်ပဲနော်..ဒါတွေ
ယူလိုက်တော့...''
ကညာ လက်ထဲက အဝတ်အစားများအား
ကြည့်၍ အားနာစွာခေါင်းလေးခါရမ်းကာ..
"မဟုတ်တာ ချည်ရယ် ကညာက
တစ်စုံနှစ်စုံဆို ရပါတယ်..'''
"ကညာရယ် ကညာက ကျောင်းတက်
ရမှာလေ တစ်စုံနှစ်စုံနဲ့ ဘယ်လို ဝတ်လို့
အဆင်ပြေမှာလည်း ချည်ပေးတါ ယူနော်...
ကညာနဲ့ အကုန်လိုက်တယ်...အော်ခဏ..."
ပြောပြီး အနောက်က ဗီဒီုကြီးအား
ဖွင့်လိုက်ချိန် မြင်လိုက်ရသော
အစီအရီ သူ့နေရာနှင့်သူထားသော
အိတ်များ...ထိုအရာများအား ကညာ
အားကျစွာကြည့်နေမိသသည်။
သူမဘဝမှာ အခုလို တန်ဖိုးကြီးအိတ်များ
အား ထိဖို့မပြောနှင့် မြင်တောင်မမြင်ဖူး
ပေ။
အခုတော့ ချည်ဆိုသော အမျိုးသမီးဟာ
မိန်းကလေးတိူင်းရဲ့ အိမ်မက်တိုင်းကို
ပိုင်ဆိုင်ထားသော မိန်းကလေးပင်။
အခုလည်း အိတ်တွေနှင့် အဝတ်အစား
များအား ထည့်ထားသော အခန်းကြီးကာ
တောက်ပြောင်၍ ဝင်းလက်နေကာ
ကြည့်လိုက်တဲ့နေရာတိုင်းက လိုချင်စရာ
တွေ အပြည့်ပင်။
"ရော့..ဒါ ကညာကို ချည်ပေးတယ်..."
ချည်ကမ်းပေးလါသော လက်ထဲက
Guggiအိတ်အားကြည့်၍
ကျေးဇူးတင်သော အကြည့်ဖြင့်
ကြည့်ကာ...
"ကျေးဇူးတင်ပါတယ် ချည်ရယ်..."
ချည်ခေါင်းလေး ခါရမ်း၍..
"မဟုတ်တာ...ကညာနဲ့လိုက်လို့.."
နှစ်ယောက်သားပြောပြီး တစ်ယောက်
ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်မိ
ကွကာ..
"သွား ကညာ ရေချိုး မကြာခင်
မောင်လည်း ပြန်လာတော့မှ
ချည်တို့ ညနေစာ အတူစားကြတာ
ပေါ့..."
"ဟုတ်ကဲ့ချည်..."
ထိုအချိန် ချည် ကညာရဲ့ကျောပြင်
လှလှလေးအားကြည့်ကာ ပြုံးလိုက်မိ၍
မောင်ပြန်လာရင် ရေချ်ိုးပြီးဝတ်ဖို့
အဝတ်အစားထုတ်ပေးရန် သူအနှင့်
မောင့်ရဲ့ အခန်းထဲ ပြန်ဝင်လာခဲ့တော့သည်။
-----======================^^^^^🍓🍓🍓🍓🍓🍓🍓🍓
ဝူး.....ဝေါ.....
ခွင်း ကားရပ်လိုက်သည်နှင့် သူ့အား
ထွက်မကြိုသော ချည်ကြောင့်
မျက်မှောင်ကုတ်၍ အိမ်ထဲတစ်ချက်
ကြည့်၍ ဝင်လာချိန် ...
"ဟင် ကိုခွင်းပြန်လာပြီလား
ဒီမှာ ကညာက ကိုခွင်းအတွက်
အမောပြေ သံပုရာရည်လေး
ဖျော်ပေးထါးတယ်...."
ကညာကိုယ်ပေါ်က အဝတ်များအား
ခွင်းတစ်ချက်ကြည့်၍ ခေါင်းခါလိုက်ကာ..
"ရတယ် ကညာ ငါ အပြင်က
သောက်လာတယ် "
ပြောပြီး ခွင်းအပေါ်ကို တက်လာလိုက်သည်။
အနောက်တွင်ကျန်ခဲ့သော ကညာ
ဘာဖြစ်ဖြစ် သူဂရုမစိုက်။အခု သူဂရုစိုက်တာ
မမြင်ရသေးသော ဇနီးချောလေးကိုပင်။
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း