"ဖေဖေ...ထပါအုံး ကညာကို
ထကြည့်ပါအုံး ဖေဖေရယ်...
အဟင့်...ဟီး....''
ထိုအချိန် ခွင်း သွေးများထွက်ကာ
အသက်အား မနည်းရူနေရသော
သူမရဲ့ ဖခင်အနားတိုးသွား၍...
"ဦးလေး...ဦးလေး သတိထားပါဗျ...
ကျွန်တော်ဆေးရုံပို့ပေးမယ်နော်...."
သူပြောပြီး ဘေးက လဲကျနေသော
လူနှစ်ယောက်အား ကြည်၍ ဖုန်းအား
ထုတ်လိုက်ကာ...
"ဟယ်လို ......လမ်း...နားမှာ
ဓားထိုးမှုဖြစ်လို့ လူတွေမိထားတယ်
အခုလာပေးပါဗျာ..."
သူပြောပြ ဖုန်းချကာ ထိုဦးလေးကြီးအား
ဆေးရုံသွားဖို့ မချီရန်အပြင်။
"လူလေး...."
သူ့လက်အား ဆွဲလိုက်သော
ကြောင့် ခွင်း ထိုဦးလေးကြီးအား
ကြည့်နေမိသလို ဘေးက
မိန်းကလေးကလည်း တရှုံ့ရှုံ့နှင့်
ရှိုက်ကာငိုနေတော့သည်။
ခွင်း လက်အား တုန်ယင်စွာကိုင်၍
အသက်အား မနည်းရူနေရသော
ထိုဦးလေးလက်အား ခွင်းပြန်ဆုပ်ကိုင်
ထားကာ...
"ဦးလေး ကျွန်တော့်ကိူ ဘာပြော
ချင်တာလည်း ပြောနော်...."
"ဦးလေး အ...အကြောင်း ဦးလေး
....သိ...သိတယ်...မပို့နဲ့တော့...
ဦးလေး မ...မရှိတော့ရင်... သ....သမီးလေး
ကညာကို စောင့်...စောင့်ရှောက်ပေးပါ...
ကွယ်..."
"စိတ်ချနော် ဦးလေး ကျွန်တော့
သူ့ကို စောင့်ရှောက်ပေးမှာပါ
ဦးလေး အားတင်းထား ကျွန်တော်
ဆေးရုံပို့ပေးမယ်နော်...."
"ဟင့်အင်း...ဦး..ဦးလေး သ....သမီး
လေးကိုသာ စောင့်ရှောက်ပေးမယ်လို့
က...ကတိပေးပါကွယ်...."
"ကျွန်တော် ကတိပေးပါတယ်နောိ...
စိတ် ချ ကျွန်တော်...ဟင်...."
"ဖေဖေ ကညာကို အခုလို
ထားခဲ့လို့မရဘူး...ဟီး...အဟင့်...
ဟင့်...."
ခွင်း တစ်ယောက် မျက်ဝန်းမျာ
မှိတ်သွားသော ဦးလေးကြောင့်
ကြက်သေသေသွားသလို
ကညာသည်လည်း ဖခင်ဖြစ်သူ
အသက်မရှိသောကြောင့် အော်
ငိုနေချိန်...
တီ....တီ...ပီပေါ်...ပီပေါ်.....
ထိုအချိန် ရဲကားနှင့် လူနာယာဥ်ကား
များ ရောက်လာ၍....လဲနေသော
လူနှစ်ယောက်အား လက်ထိပ်ခပ်ပြီး
ခေါင်းက စွပ်ထားသော အစွပ်များအား
ဖွင့်လိုက်ချိန်...မြင်လိုက်ရသော
လူများကြောင့် ခွင်း မျက်နှာမှာ တင်းမာ
သွား၍ လက်သီးအားဆုပ်ကာ...
ရဲအရာရှိဘက်သို့လှည့်၍...သူတို့ကို
ဥအဒေအတ်ိုင်း ဆောင်ရွက်ပေးပါ...."
"စိတ်ချပါဗျာ....ကျွန်တော်ဆောင်ရွက်
ပေးမှာပါ...."
"ဖေဖေ ဟင့်အင်း မသွားရဘူး
ကညာကို မထားခဲ့ရဘူး..ဟီး......"
ငိုကာ လူနာယာဥ်ပေါ်တင်နေသော
ဖခင်ဖြစ်သူ အလောင်းအား အတင်း
လိုက်ဆွဲနေသော ကညာဆိုသော
မိန်းကလေးအား ခွင်း လက်ကနေ
ဆွဲထား၍...
"ကညာ စိတ်ထိန်းပါ မင်းအဖေက
ငါ့ကြောင့် ဖြစ်ရတာ မင်းဘာမှ
အားမငယ်ပါနဲ့ ငါမင်းကို
ကူညီမှာပါ...."
"ဟင့်...ဟင့်အင်း ရှင်က ဘယ်လို
ကူညီမှာလည်း ကျွန်မမှာ
ဖေဖေလည်းမရှိတော့ဘူး
ကျွန်မတစ်ယောက်ထဲ ဘဝကို
ဘယ်လို ရှင်သန်ရတော့မှာလည်း...
ဟီး...."
ထိုအခါ ခွင်း စဥ်းစားမရစွာ
သက်ပြင်းချ၍...
"အခုမင်း ငါ့အိမ်လိုက်နေ
နောက်မှ ငါတစ်မျိုးစီစဥ်ပေးမယ်..."
ထိုအခါ သူမ သူ့မျက်နှာအား
မျက်ရည်များဖြင့် ကြည့်လာ၍
သူ့ရင်ခွင်ထဲ တ်ိုးဝင်ကာ ခါးအား
လာဖက်ထားချိန် ခွင်း မျက်ဝန်းများ
ပြူးသွား၍ ဖယ်ထုတ်ရန်ကျန်သော့လည်း...
"ကျေးဇူးပြုပြီး ကညာကို
ဒီအတ်ိုင်းလေးနေခွင့်ပေးပါ...
ဟီး....အဟင့်...ဟင့်...."
ထိုအချိန် ခွင်းလက်များလေပေါ်ရက်တန့်
သွား၍ တောင့်တောင့်ကြီး ရပ်နေရတော့သည်။
ထိုအချိန် ကားလမ်းမပေါ်တွင်လည်း
ကားအချို့ ဖြတ်သန်းသွားလျှက်...
------------------------------------------^^^^^^^🍓🍓🍓🍓🍓🍓🍓🍓
"ဟုတ်ကဲ့မေမေ သူပြန်မလာသေး
လို့ ဒီနေ့မလာဖြစ်တော့ဘူးထင်တယ်..."
"..............."
"နေ့လည်ထဲက သူ့အလုပ်ကိစ္စ အရေး
ပေါ်ဖြစ်လို့ သွားတာပါ..."
".............."
"ဖုန်းထဲက မေမေအသံကြောင့် ချည်
ပြုံးလိုက်ကာ...
"ဘာမှ စိတ်မပူပါနဲ့မေမေ ချည်သူပြန်
လာရင် ဖုန်းဆက် ဖို့ပြောပေးမါ်နော်.. မေမေ...''
တစ်ဖက်က ဖုန်းချသွားပြီ ဖြစ်တာကြောင့်
ချည်ဧည့်ခန်းထဲမှာထိုင်ရင်း သူပြန်အလာ
ကို မျှော်နေမိသည်။
ချည် စိတ်ပူကာ ဖုန်းဆက် ကြည့်ဖို့
ဆုံးဖြတ်လိုက်ပြီး သူ့နံပါတ်အား
ခေါ်လိုက်ချိန်...
"လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ
စက်ပိတ်ထားပါတယ်ရှင်....''
ထိုအခါ ချည် သူ့အား စိတ်ပူလွန်းလို့၍
မျက်ရည်များ ဝဲလာကာ...
"ဘာများဖြစ်နေလို့ ဖုန်းပါပိတ်ထား
ရတာလည်း...''
ချည်ပြောပြီး ခေါင်းလေးကလည်း
ခြံအဝသို့ လည်လေးတဆန်ဆန့်
မျှော်နေမိချိန်...
တီ....ပွန်...ပွန်...
ဝူး.....
ခြံထဲ ကားဝင်လာသံကြောင့်
ချည်ထိုင်နေရာမှ အမြန်ထ၍
ပြေးထွက်လာခဲ့ကာ ကားပေါ်က
ချည်အားပြုံးပြ၍ ဆင်းလာသော
သူ့ရင်ခွင်ထဲပြေးဝင်ပြီး သူ့ခါးကြီးအား
ဖက်ထားလိုက်၍...
"ခွင်း ရှင့်ကို ချည်အရမ်းစိတ်ပူ
နေတာသိရဲ့လား..ဟင့်....ရှင်တော်
တော်အကျင့်မကောင်း...ဟင်...."
ထိုအချိန် ကားတံခါးဖွင့်၍
ဆင်းလာသော အမျိုးသမီး
ကြောင့် ချည်စကားရပ်သွားပြီး
သူ့အားဖက်ထားရာကနေ လွတ်လိုက်၍...
"သူက...."
ထိုအခါ ခွင်း ကညာဆိုသော မိန်းကလေး
အား လှည့်ကြည့်၍...ချည်လက်ကလေး
အား တယုတယကိုင်ကာ...
"လာ ကိုယ်ရှင်းပြမယ်...."
ပြောပြီး အနောက်က မိန်းကလေး
ကိုလည်း လှည့်ကြည့်ကာ..
"မင်းလည်း အိမ်ထဲဝင်..."
ပြောပြီး အရှေ့ကနေ ခွင်း
ချည်လက်ကလေးအားဆွဲ၍
အိမ်ထဲခေါ်လာခဲ့တော့သည်။
ဧည့်ခန်းထဲအရောက်...
"ထိုင် ကညာ..."
"ဟုတ်ကဲ့ ကိုခွင်း..."
ထိုအချိန် သူတို့နှစ်ဦးအား ချည်
နားမလည်စွာကြည့်နေမိစဥ်...ချည်လက်
လေးအား ခပ်တင်းတင်းဆုပ်ကိုင်လာသော
သူ့ကြောင့် ချည် သူ့အား မျက်ဝန်းလေး
ဝိုင်းကာ မော့ကြည့်လိုက်ချ်ိန်..
"မောင့်ကို ပြန်လာတဲ့လမ်းမှာ
လူနှစ်ယောက် သတ်ဖို့
ကြံစည်ခဲ့တယ် ချည်...."
"ဟင်...."
"ဟုတ်တယ်ချည် အဲဒါ သူ့ရဲ့အဖေက
မောင့်ကို ထိုးမိတော့မဲ့ဓားကို ဝင်ခံလိုက်တာ
အခု ဆုံးပြီချည်.... "
သူ့အပြောများကြောင့် ချည်ဘာမှ
ပြန်မပြောနိုင်ဘဲ မျက်ဝန်းများ
ဝိုင်းကာ ကြည့်နေမိ၏။
"ဟုတ်တယ် သူတို့က သားအဖနှစ်ယောက်
ထဲနေတော့ သူ့ဖခင်မရှိတော့လို့ မောင်ခဏ
ခေါ်လာတာ မကြာခင် သူ့ကို နေဖို့
တစ်မျိုးစီစဥ်ပေးတဲ့အချ်ိန်ထိပေါ့..."
ချည် မောင်ပြောသော စကားများအား
နားထောင်ရင် ရင်ထဲ တုန်ယင်လာကာ..
"မောင်ရယ် မသေကောင်းမပျောက်ကောင်း
ဒါဆို ဒီက တစ်ယောက်ရဲ့အဖေက
မောင့်ကို အသက်ပေးပြီး ကယ်ခဲ့တာပေါ့...."
"ဟုတ်တယ်ချည် ကိုယ့် သူ့အဖေကိုလည်း
စောင့်ရှောက်ပေးဖို့ ကတိပေးထါးတယ်...
ဒီမှာ ခဏထားဖို့ အဆင်ပြေမလားချည်...."
ချည်အရှေ့က သနားစဖွယ်မိန်းကလေး
အား ကိုယ်ချင်းစာမိ၍...
"ရပါတယ်မောင်ရဲ့ အိမ်မှာချည်လည်း
အဖော်ရတာပေါ့...."
ထိုအခါ ခွင်းမျက်နှာမှာ ပြုံးယောင်
သမ်းသွား၍....
"ကျေးဇူးပါချည်ရယ်...မောင့်ကို
နားလည်ပေးလို့...."
"ရပါတယ်မောင် ချည်နားလည်
ပါတယ်...သူ့ကို ချည်အခန်းပြင်
ပေးလိုက်မယ်နော်...."
"အင်း ကျေးဇူးပဲ ချည်..."
ချည်ပြုံးကာထရပ်လိုက်၍...
"လာ... ချည်နောက်လိုက်ခဲ့နော်...''
"ဟုတ်ကဲ့... "
ကညာ ကိုခွင်းရဲ့အမျိုးသမီးဆိုသော
မိန်းကလေးအား ကြည့်၍
အနောက်ကနေ လိုက်လာမိသည်။
လှပသော အသားအရည်နှင့် မျက်နှာ
မလွဲနိုင်အောင် လှပနေသော အမျိုးသမီးဆီက ကညာအကြည့်များ မလွဲနိုင်။
အောက်ထပ်က အခန်းကြီးတစ်ခန်းအရှေ့
ရပ်လိုက်ပြီး ကြည်လင်သော မျက်နှာလေး
နှင့် ကညာအား ဖော်ရွေစွာပြုံးပြလာသော
က်ိုခွန်း ချည်လ်ို့ခေါ်သော အမျိုးသမီးအား
ကညာပြုံးပြလိုက်သည်။
"ဒီက ကညာလား နာမည်က..."
"ဟုတ်ကဲ့ ပန်းကညာပါ... "'
"တို့နာမည်က ရွှေချည်ခြင်းပါ...
ဒါ ကညာနေရမဲ့အခန်း အကုန်အထဲ
မှာတော့ရှိတယ်...ကညာ လိုအပ်တာ
ရှိရင်ပြောနော်..."
"ဟုတ် ရပါတယ်ရှင် ကညာကို
အခုလ်ို လက်ခံပေးလို့ ကျေးဇူး
တင်ပါနော်..."
ချည်ခေါင်းလေးခါပြ၍...
"အဟုတ်တာ ကညာရယ် ချည်တို့ကသာ
ကညာကို အားနာနေတာ မောင်ကို
ကညာရဲ့ ဖေဖေက အသက်စွန်ပြီး
ကယ်ပေးခဲ့တာလေ"
ကညာမျက်နှာလေးညိုးသွားသဖြင့်
ချည်စကားမှားမှန်း သိလိုက်ကာ...
"ဟို ကညာနားတော့နော်...ချည်
ထမင်းစားရင် လာခေါ်မယ်နော်..."
"ဟုတ်ကဲ့...''
ထိုအခါ ကညာဧည့်ခန်းဘက်ပြန်
လျှောက်သွားသော ကျောပြင်လှလှ
လေးအား အားကြသောအကြည့်ဖြင့်
ကြည့်နေမိတော့သည်။
လှလိုက်တာ....
---------=-=================--=-^^^^^🍓🍓🍓🍓🍓🍓
"ချည်...မောင် မင်းကိုကျေးဇူး
တင်ပါတယ်....မောင့်ကို နားလည်ပေး
လို့...."
ချည်ခါးလေးအားခပ်တင်းတင်းဖက်
၍ ပြောလာသော သူ့အား ချည်
ကြည့်ကာ..
"မဟုတ်တာမောင်ရယ် ချည်ဆီကို
အခုလိုပြန်လာတာနဲ့တင် ချည်
ဝမ်းသာလို့မဆုံးဘူး.. "
ခွင်း သူမကိုယ်လေးအား ပို၍
တင်းကြပ်စွာဖက်ထားလိုက်ပြီး
ပါးပြင်လေးအား နမ်းရှိုက်ချိန်...
"မောင် မေမေကို ဖုန်းပြန်ခေါ်လိုက်အုံး
လာမယ်ထင်ပြီးစောင့်နေတာတဲ့...''
"ဟာ...ဟုတ်သားပဲ မောင်ဖုန်းဆက်
လိုက်မယ်နော်...မောင်တောင်းပန်တယ်
နော်ချည် မောင်ကိစ္စတွေအားလုံး
ရှင်းပြီးရင် ချည်ကို လိုက်ပို့ပေးမယ်နော်..."
"ရပါတယ်မောင်ရဲ့ သွားအခုရေ
ချိုးလိုက် ပြီးမှမေမေတို့ကို
ဖုန်းဆက်.... "
"ဟုတ်ပါပြီ ဒါနဲ့ မောင်နဲ့အတူ
မချိုးချင်ဘူးလား..."
သူ့ရဲ့ ရယ်ကျဲကျဲအပြောကြောင့်
ချည်မျက်စောင်းလေးထိုးကာ...
"မောင်က နှာဘူးပဲ..."
"အဟက် ချည့်ကိုပဲ ဘူးတာပါ....
ချည်မျက်စောင်းလေးထိုး၍ သူ့ကိုယ်
ကြီးအား ရေချိုးခန်းထဲ တွန်းထည့်ကာ...
"သွားတော့မောင်...."
"ဟား...ချည်အခုမရရင် ညကြရင်မောင့်အချိန်
နော်..."
ရေချိုးခန်းထဲက လှမ်းပြောသော
စကားကြောင့် ချည်နှုတ်ခမ်းလေး
ဖိက်ိုက်၍ မျက်စောင်းလေးထိုးကာ...
"အဟွန်း...နှာဘူး...."
ချည်ပြောပြီး မောင့်အတွက်အဝတ်
အစားထုတ်ပေးနေလ်ိုက်သည်။
ကျီ....
ခဏအကြာ ရေချိုးခန်းထဲက
သပတ်တစ်ထညိဝတ်၍ ပြန်ထွက်လာ
သော သူ့ကြောင့် ချည် တအံ့တသြ
ကြည့်၍....
"မောင် ရေမချိုး...."
"အို...မောင်"
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း