"မိန်းမ..."
"အို ဘယ်လိုကြီး ခေါ်လိုက်တာလည်း..."
ရှက်ပြီး စောင်ခြုံထဲ ပြန်ဝင်သွားသော
သူမကြောင့် ခွင်းနှုတ်ခမ်းကိုက်ကာ
ပြုံးလိုက်မိတော့သည်။
သူ သူမခေါင်းမြူးခြုံထားသော
စောင်အား အသာလှန်၍...
"ဘာလို့ရှက်နေတာလည်း...ထ
မျက်နှာသစ်ပြီး ရေချိုးတော့. ."
"ဟင်...ကျောင်းသွားမလိူ့လား
ဒီနေ့ပိတ်ရက်ကြီးလေ..."
မျက်ဝန်းလေးပြူးကာပြောလာသော
သူမကြောင့် ခွင်း သူမနှာခေါင်းလေးအား
ညစ်၍ ...
"အဟွန်း သိပါတယ်ဗျာ...ဒီနေ့
ချည်မိဘတွေဆီ သွားမယ်လေ..."
"ဟင်..တကယ်ပြောနေတာလား
ခွင်း..."
"တကယ်ပေါ့ဗျာ....မိန်းမကိုသွား
ချင်နေတော့လည်း ကိုယ်က
လိုက်ပို့ပေးရမှာပေါ့.. လိုအပ်တာ
တွေသွားဝယ်ကြမယ် ညနေ လောက်
သွားမှာဆ်ိုတော့ အခုထည်းကသွားဝယ်
ထားမှ....''
"အင်းပါ...ဒါဆို ခဏပဲစောင့်နော်
ချည်အမြန်ရေချိုးလိုက်မယ်...''
"ဟင်..."
ချည်ရေချိုးခန်းဝင်ဖို့ ထလိုက်ချိန်
ချည်လက်ကောက်ဝတ်လေးအား
ဆွဲကိုင်လိုက်သော သူ့ကြောင့်
ချည် ပြန်လှည့်ကြည့်ကာ..
"ဘာလို့လည်းဟင်..."
ထိုအခါ ခွင်းမျက်နှာမှာ မချိုမချဥ်
အပြုံးတို့က ဖြစ်ပေါ်လာ၍...
"ကိုယ်တို့ အတူတူချိုးကြမလား.. "
ချည် သူ့အပြောကို သဘောပေါက်စွာ
မျက်စောင်းထိုးလိုက်၍...
"ဟင့်အင်း...ခွင်းနော် ရှင်မနေ့တောက
လည်း ကားပေါ်မှာရော အိမ်ရောက်တော့
ရော အလွတ်မပေးဘူး အခုတော့
မရတော့ဘူး.. "
"ဟား....ရလိုက်ပါ ခဏပဲလေ..."
သူ့ခဏပဲကို ချည်အရမ်းကြောက်ပါ
သည်။
ချည် မျက်စောင်းလေးထိုးလိုက်၍...
"မရဘူး လွတ်...နောက်ကျနေ
အုံးမယ်..."
"ဟုတ်ပါပြီ သွားလေ..."
"ခွင်းနော် လက်မလွတ်ပဲ ဘယ်ကို
သွားရမှာလည်း ...''
မျက်စောင်းလေးတွေပဲ ထိုးလာသော
သူမအား ခွင်းကြည့်၍...
"အဟက်..ဟုတ်သားပဲ...ဒါနဲ့
ကိုယ့်ကို ခွင်းလို့ခေါ်တာ မမိုက်ဘူး
ကွာ...."
ထိုအခါ ချည်မျက်ဝန်းလေးဝိုင်းသွား၍...
သူမအားပြုံးကာ ကြည့်နေသော
သူ့အားကြည့်ကာ..
"ဘာလို့လည်း အရင်ကလည်းအခုလို
ပဲခေါ်နေတာလေ..."
"အရင်ကအရင်ပဲလေ အခုကမတူ
တော့ဘူး အခြားနည်းလေးပြောင်း
ခေါ်ကွာ..."
"အို မခေါ်တက်ဘူး ချည်က ဘယ်လို
ခေါ်ရမှာလည်း ....''
ခွင်း ရှက်နေသော သူမရဲ့ မနက်အိပ်ယာ
ထ မျက်နှာဝင်းဝင်းလေးအားကြည့်၍...
"ယောကျာ်းလို့ ခေါ်လေ..."
"အို မခေါ်ရဲပါဘူး.... ''
"ဘာလို့လည်း ကိုယ်လည်း
ချည့်ကို အချစ်လို့ခေါ်မယ်လေ..'"
"အို ခွင်းနော် မသိဘူး ဒါပဲ..."
ပြောပြီး ရှက်ကာပြေးဝင်သွားသော
သူမနောက်ကျောလှလှလေးအား
ခွင်း နှုတ်ခမ်းဖိက်ိုက်ကာကြည့်ပြီး
မျက်ခုံးထူထူမဲမဲကြီးအား လက်မဖြင့်
ခြစ်နေမိတော့သည်။
ရေချ်ိုးခန်းထဲရောက်သွားသော
ချည် ပေါက်ထွက်မတက်ခုန်ပေါက်
နေသော ရင်ခုန်သံများကြောင့်
ရင်ဘက်မို့မို့လေးအား အသာဖိ၍
အရမ်းကဲလွန်းသောသူ့အား
တွေး၍ မျက်နှာလေးမှာရဲတက်လာ၍
နှုတ်ခမ်းလေးဖိကိုက်၍သာပြုံးနေ
တော့သည်။
သူ..အရမ်းဆိုးပါသည်။
-------------------------------------------^^^^^^^🍓🍓🍓🍓🍓🍓🍓
"ဟုတ်ကဲ့ မာမီ သား ချည့်ကို
ခေါ်ပြီး ဝင်ခဲ့ပါမယ်..."
".............''
"ဟာဗျာ မာမီကလည်း အဲဒါက
မာမီနဲ့ ဒယ်ဒီ တို့က ဘယ်လို သိတာလဲ..."
"...........'''
ဖုန်းထဲက မာမီအပြောကြောင့်
ခွင်း ပြုံးလိုက်မိကာ..
"အဲဒါက မကြာတော့ပါဘူးဗျ...
စိတ်မပူပါနဲ့..."
"................"
"ဟုတ်ကဲ့မာမီ......စိတ်ချပါဗျ...
ညနေသွားမှာ..."
"........"
ကျီ....
ထိုအချိန် ရေချိုးခန်းထဲက သပတ်လေး
ပတ်၍ ထွက်လာသော ချည့်ကြောင့်
ခွင်း ဖုန်းအားကိုင်၍...
"ဟုတ်ကဲမာမီ...ဒါဆို ဒါပဲနော်
သားတို့ စျေးဝယ်ထွက်မလို့..."
ခွင်း မာမီကိုပြောပြီး ဖုန်းအား
ချလိုက်၍ သူ့အား ပြုးကြည့်
နေသော သူမအနား လျှောက်သွား
လိုက်ကာ ခါးလေးအား ခပ်တင်းတင်း
ဖက်ထား၍ ရေစက်လေးများခိုတွဲနေ
သည့် လည်းပင်းဖြူဖြူနုနုလေးအား
ဖိကပ်နမ်းရှိုက်၍ အသာကိုက်လိုက်ချိန်..
"အို..အာ့...ခွင်း... ဘာလုပ်တာလည်း."
မျက်နှာလေးရဲကာပြောလာသော
သူမအား ခွင်းကြည့်၍ သူဖိစုပ်နမ်းကာ
ကိုက်ထားသော လည်ပင်းလေးက
အနီရာစက်လေးအားကြည့်၍...
"တံဆိပ်ရိုက်လိုက်တာ...အခုက
အပြင်သွားရမှာလေ ဒါမှ အချစ်လေး
ကို ဘယ်သူမှ မငမ်းရဲတော့မှာ..."
ထိုအခါချည် သူ့အကြည့်များကြောင့်
မျက်နှာလေးရဲ၍ မျက်စောင်းလေးထိုး
ပစ်ကာ.... ခါးကို ဖက်ထားသော သူ့လက်များအား အတင်းဖယ်ချ၍..
"ခွင်း လွတ်...ချည် အင်္ကျီလဲမလို့...."
ရေစက်လေးများ ခိုတွဲနေ၍
သပတ်လေးတစ်ထည်သာ
ရင်ရှားထားသော သူမရဲ့
ဝင်းစက်စက် ပုံစံလေးအား
ကြည့်၍ ခွင်း ပြုံးကာ သူမနဖူး
လေးအား နမ်းရှိုက်လိုက်၍...
"အရမ်းလှတာပဲ ချည်ရယ်.."
"ခွင်းနော်..."
"ခွင်းမနော်နဲ့ ယောကျာ်းလို့
မခေါ်ရဲရင် မောင် ဒါမှမဟုတ်
က်ိုကို ဒါမှမဟုတ် ကိုလို့ခေါ်...."
"အို ချည်မှ မခေါ်ရဲတာ ခွင်းက
ခွင်းပဲ..."
"ရတယ်လေ ဒါဆိုလည်း
ကုတင်ပေါ်သွားကြမယ်..."
ဘုတ်...
"လူယုတ်မာ..."
မျက်စောင်းလေးထပ်းထိုး၍ ပြောလာ
သော သူမကြောင့် ခွင်းပြုံးလိုက်မိ၍..
"ခေါ်ကွာ..."
ချည် အတင်းခေါ်ခိုင်းနေသော
သူ့ကြောင့် နှုတ်ခမ်းလေးဖိကိုက်
၍....
"မောင်....."
"ဗျာ..."
"အို...မရဘူး အဝတ်သွားလဲတော့မယ်
ဖယ်တော့...."
ပြောပြီး ဖက်ရန်ပြင်နေသော
သူ့ကိုယ်ကြီးအား အတင်းတွန်းထုတ်၍
ချည်အဝတ်လဲခန်းထဲပြေးဝင်လာခဲ့
တော့သည်။
ပြေးဝင်သွားသော သူမအားကြည့်၍
ခွင်းတစ်ယောက် မျက်နှာကြီးမှာ
ပြုံးစေ့စေ့ဖြစ်နေပြီး ဘေးက
ဆိုဖာကြီးပေါ်ထိုင်ချလ်ိုက်၍
သူမအား စောင့်နေလိုက်သည်။
ခဏအကြာ မြန်မာဝမ်းဆက်
အနီရောင်လေးအား ဝတ်ကာ
ထွက်လာသော သူမကြောင့်
ပြုံးနေသော ခွင်းမျက်နှာကြီး
မှာ ပျက်သွား၍...
"ဟာ..အချစ်လေး ဘာလို့ ဒါကြီး
ဝတ်ရတာလည်းကွာ..."
ချည် သူ့အပြောကြောင့် သူမ
ဝတ်ထားသော မြန်မာဝမ်းဆက်
လေးအား ငုံ့ကြည့်၍...
"ဟင်း ဘာလို့လဲ ဘာမှမပေါ်ပါဘူး..."
"ဘာ မပေါ်ရမှာလည်း ခန္ဓာကိုယ် မှာ
ချပ်ကပ်နေတာ အကုန်လုံးပြထားသလို
ပဲ.. ''
"အို မောင်နော်..အဲဒီလောက်လည်း
မဆျိုးပါဘူး...''
"ဟာ ဘာလို့မဆ်ိုးရမှာလည်းကွာ..
မောင့် အချစ်လေးက ဒီလောက်
ခန္ဒာကိုယ်လှနေတာ...မဖြစ်ဘူး
အခုသွားရင် အချစ်ကလေးအတွက်
အင်္ကျီအပွတွေဝယ်ခဲ့ရမယ်..."
"မောင်နော် အခုက သွားမှာလား
မသွားဘူးလား..."
"ဟုတ်ပါပြီ သွားမယ် မောင်မပါရင်
ဒီလိုတွေ မဝတ်ရဘူးနော်..."
"အင်းပါ ချည် သနပ်ခါးလိမ်း...''
"မလိမ်ရဘူး အချစ်ကလေး
မပြင်ဘဲနဲ့တောင် အခုလိုလှနေတာ
ပြင်လိုက်ရင် ပိုလှလာလိမ့်မယ်..
လာဒီအတ်ိုင်းပဲ သွားကြမယ်..."
"အို..မောင်..."
ချည်ပြောနေသော်လည်း
သူ့ဆွဲခေါ်ရာနောက် ဆံပင်လေး
ပင်မဖီးရဘဲ ပါလာခဲ့တော့သည်။
ကားပေါ်ရောက် ခွင်းတစ်ယောက်
ဆူပုတ်ပုတ် ဖြစ်နေသော သူမ
မျက်နှာလေးအားကြည့်၍
ပြုံးနေမိတော့သည်။
Ring Ring Ring Ring...
Ring Ring Ring Ring...🎼🎼🎼🎼🎼
ထိုအချ်ိန် ဖုန်းလာသောကြောင့်
ခွင်းကိုင်လ်ိုက်ကာ..
"hello...."
".............."
"ဘာ......အခုရော အခြေအနေ...."
"........"
"ကောင်းပြီ အခု ငါလာခဲ့မယ်..."
ချည် သူ့ရဲ့စိုးရိမ်းသွားသော
ပုံစံကြောင့် မျက်ဝန်လေးဝိုင်းကာ
ကြည့်နေမိစဥ်...
"အချစ်လေး မောင်အလုပ်မှာ
ပြဿနာပေါ်လာလို့ အခု
သွားမှ ဖြစ်မယ်..."
"အင်း သွားလေ မောင်..''
"စျေးဝယ်ဖို့က မောင်မေမေဆီ
လိုက်ပို့ပေးမယ်နော်...အချစ်လေး
မေမေနဲ့ လိုအပ်တာလိုက်ဝယ်
လိုက်နော်...''
ချည်ခေါင်းလေးငြိမ့်ပြကာ..
"ရပါတယ်မောင်ရဲ့...မေမေနဲ့
ချည်သွားလိုက်မယ်နော်...''
"ဟုတ်ပါပြီး ကျေးဇူးနော်...အချစ်လေး...''
သူ့အပြောကြောင့် ချည်နားလည်စွာ
ပြုံးပြလိုက်တော့သည်။
---------====-===================^^^^^^🍓🍓🍓🍓🍓🍓🍓
"ဟိုကောင်ခွင်း ဒီရက်ပိုင်း
ငြိမ်နေတာ မင်းတွေ့လား
ကောင်းမြတ်..."
ကောင်းမြတ် အရှေ့က ဘီယာ
ခွက်အား မော့သောက်လိုက်ကာ
မျက်နှာပေါ်မှာ အနည်းငယ်
မဲ့သွား၍ ...
"အား....အေ့..."
လေချဥ်တက်ပြီးမှ ခေါင်းငြိမ့်
လိုက်ကာ..
"သူပျောက်နေလို့လည်း မင်းရေ
ရွှင်နေတာမဟုတ်လား သူရောက်လာ
ကြည့်မင်းဂွင်တွေ သူ့အတွက်တွေကြီး
ဖြစ်သွားမယ်..."
"အေး အဲဒါကိုပဲ ပြောမလို့....
ငါ သူ့ကို လုံးဝကို ပြန်မလာစေ
ချင်တော့ဘူးကွာ အဲဒါမင်းမှာ
အကြံလေး ဘာလေးမရှိဘူးလား..."
ထိုအခါ ကောင်းမြတ် ရာဇာအား
ကြည့်၍...
"မင်း လွယ်မယ် ထင်လို့လား
အဲဒီကောင်က ပေါ့သေးသေး
မဟုတ်ဘူး နောက်ခံရင် ရှေ့ခံရော
အကုန် အမြင့်ကြီး မင်းသေ
သွားလိမ့်မယ်..."
"အေးပါကွာ...ငါလည်း
ဖြစ်နိုင်မလားဆိုပြီး စဥ်းစား
ကြည့်တာပါ..."
"စဥ်းစားမနေနဲ့ အခုမင်းဂွင်ရောက်နေ
တုံး စားထား ပျော်ပျော်ကြီးနေ..."
"အေးပါကွာ...လာသောက်ကြမယ်..."
ခွမ်း...
"ချီယား...."
နှစ်ယောက်သား ဘီယာခွက်များအား
တ်ိုက်၍ သောက်နေကြပုံက တကယ့်ကို
စရိုက်ဆန်စွာပင်။
----------==================^^^^🍓🍓🍓🍓🍓🍓🍓
ညမှောင်နေပြီ ဖြစ်သောကြောင့်
ခွင်း ကားကို အရှ်ိန်မြင့်၍ မောင်း
လာမိသည်။
ရုံးမှာ ပေါက်ကွဲမှုကြောင့် နောက်
ဆက်တွဲ ဖြစ်လာသော ပြဿနာတွေ
အား ဖြေရှင်းနေရသောကြောင့်
အချိန်က ကုန်မှန်းမသိ ကုန်သွား
ခဲ့သည်။
ညနေ မန္တလေး တက်ဖို့ချည့်ကို
ပြောထားသော်လည်း အခုတော့
မနက်မှ သွားဖို့က ကြိမ်းသေနေ
သည်။
အခုလောက်ဆို ချည်သူ့ကို စိတ်ပူ
နေမှာတော့ကြိမ်းသေလောက်သည်။
ခွင်းတွေးရင်း မောင်းလာစဥ်...အရှေ့က
ဝင်ခံလိုက်သော လူတစ်ယောက်ကြောင့်
သူ ကားအားဝိုက်၍ ရှောင်လိုက်ချိန်
လမ်းဘေးက ခုံအား ဝင်တိုက်မိတော့သည်။
ဒုန်း.....
"အား...."
ခွင်းကားစတီယာတိုင်အား
စောင့်မိလိုက်သောကြောင့်
မူးနောက်သွားကာ ခေါင်းအား
အားယူ၍ ခါရမျးလိုကျကာ
ကားအပြင်ဘက်ထွက်လိုက်ချ်ိန်...
သူဆီပြေးဝင်လာသော လူနှစ်ယောက်။
ဓားဖြင့်ရွယ်၍ ပြေးဝင်လာချိန်
ခွင်းသတိကြီးစွာ ရှောင်လိုက်၍
ကြည့်လိုက်ချိန် မျက်နှာများအုပ်ထား
သော လူနှစ်ဦး။
ခွင်းဆီထံမံ၍ ပြေးဝင်လာသော
ကြောင့် ခွင်းထိူလူနှစ်ယောက်ရဲ့
ဗိုက်အားခြေဖြင့်ကန်ထုတ်လိုက်တော့သည်။
ခွပ်...ဘုတ်...
အား....
ထိုအချိန် နောက်တစ်ယောက်ပြန်
ထလာ၍ ခွင်းထဲပြေးဝင်လာကာ
ဓာဖြင့် လည်ပင်းအားထိုးရန်
ပြင်စဥ်...ခွင်းထိုလူလက်အား
ချုပ်ထားချိန်...
"ဟာ..လူလေး...အနောက်မှာဓား...''
ဇွိ...
အား.....
ပြောသံနှင်အတူ လူတစ်ယောက်
ခွင်းနောက်ကျောတွင် ဝင်ခံလိုက်၍
နာကျင်စွာအော်သံနှင့်အတူ
လဲကျသွားချိန်...အားလုံးမင်သက်
နစေဥျ....
"ဖေဖေ..."
မိန်းကလေးတစ်ယောက်ရဲ့
ကျယ်လောင်အော်အော်ခေါ်သံကြောင့်
အားလုံးသတိပြန်ဝင်လာစဥ်..
ခွင်းအရှေ့ကလူအားခြေဖြင့်ပိတ်ကန်၍
ဓားဖြင့်ထိုးသော အနောက်ကလူအား
လက်သီးဖြင့် ဆက်တိုက်ထိူးချလိုက်တော့သည်။
ခွပ်...ခွပ်...
"ယုတ်မာအုံး...ယုတ်မာအူံး..."
ထိုအချိန် နှစ်ယောက်လုံးမထနိုင်တော့
မှ ခွင်း သူ့အစားခံပေးကါ အထိုးခံပေး
သော လူအားပွေ့ဖက်၍ မျက်ရည်များ
မျက်ရည်များကျနေ၍ငိုနေသောမိန်းကလေးအားကြည့်မိချိန်....
"မင်း..မင်း...ကျောင်းကမဟုတ်လား...
သူ...သူက....''
"ကညာရဲ့အဖပေါ"
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း