"အာ့....ခွင်း နာတယ်...အရမ်းမလုပ်နဲ့...''
"ကိုယ် ဖြည်းဖြည်းလေး လုပ်တာပါ
အရမ်းနာသွားလား...''
"အင်း.. နာတယ်..."
"ဥံဖွ..ဥံဖွ...."
"ဖြေးဖြေးနော်..."
"ဟုတ်ပါပြီ... "
မနက်ပိုင်း ကျောင်းမသွားမီ အမှီလာ၍
စားစရာများ လာပို့ပေးသော ဒေါ်သက်ထား
အောက်ထပ်တွင် ဘယ်သူမှ မရှိသောကြောင့်
အပေါ်ကို တက်လာရာ အခန်းရှေ့အရောက်
တံခါးအား ခေါက်မှန်းလက်ရွယ်ရုံရှိသေး
အခန်းထဲက အသံများကြောင့် သူမ
မျက်နှာလေးရဲသွား၍ လက်လေးများ
ရပ်တန့်သွားတော့သည်။
"ဒီကလေးတွေ တော်တော်ဆိုးပါလား..."
ပြောပြီး မျက်နှာကြီးရဲကာ ပြန်ပြေးဆင်း
လာ၍ ကားပေါ်တက်လိုက်သည်နှင့်
ကားလေးကလည်း ခြံဝန်းကြီးထဲ
မောင်းထွက်လာခဲ့တော့သည်။
"အာ့..နာသေးလား ချည်....''
"သိပ်မနာတော့ဘူး...."
"ဒီနေ့ ကျောင်းမသွားနဲ့ချည်
ခြေထောက်က လမ်းလျှောက်ရင်
ပိုနာနေလိမ့်မယ်...''
ဆေးလိမ်းပေးရင်းပြောနေသော
သူ့အား ချည်ကြည့်၍ ပြုံးလိုက်ကာ...
"ချည် ကျောင်းမပျက်ချင်းဘူး
စာမေးပွဲကလည်း နီးနေပြီ..."
ခွင်း သူမအား ဘာမှ ပြန်မပြောဘဲ
ဆေးလိမ်းပေးပြီး သူဆေးဘူးတွေအား
ခုံပေါ်မှာတင်ပေးရင်း ထရပ်လိုက်ကာ..
ကျောင်းသွားဖို့ ပြင်ဆင်ပြီးနေသည့်
သူမလေးအား ကြည့်မိသည်။
အရင်လို မြန်မာဝတ်စုံလေးအား ဝတ်ထား
သော်လည်း သူပြောမှာဆိုးလို့ထင်သည်
အနွေးထည်အပါးလေးအား ထပ်ဝတ်ထား
၍ ပါးပြင်တွင် အရင်လို သနပ်ခါး
လေး မလိမ်ထားဘဲ မျက်နှယဝင်းဝင်း
ပြောင်ပြောင်လေးသာ ရှိနေပြီး ဝင်းနေသော
အသားအရည် လှပသော ကိုယ်လုံး
လေးကြောင့် သူမရဲ့ ကိုယ်မှာ ဘာအပစ်မှ
ဆိုဖွယ်မရှိပေ။
ချည် သူမအားစူးစိုက်ကြည့်နေသော
သူ့ကြောင့် မျက်နှာလေးမှာရဲတက်လာ၍...
"ခွင်း... ဘာ..ဘာလို့ အဲဒီလိုကြီး
ကြည့်နေတာလဲ...."
ခွင်းပြုံးလိုက်ကာ သူမအနား
ပြန်ဝင်ထိုင်၍ သူမကိုယ်လေး
အား ပွေ့ဖက်ထားလိုက်၍...
"ချစ်လို့..."
"အို ခွင်းနော် ချည် ရေသွားချိုး
တော့ ချည် နောက်ကျနေပြီ..."
မှ....
ထိုအချိန် ခွင်း သူမနှုတ်ခမ်းလေး
အား ဖိကပ်ကာနမ်းရှိုက်လ်ိုက်၍...
"ရေသွားချိုးတော့မယ်နော်.. "
ပြောပြီး ရေးချိုးခန်းထဲဝင်သွား
သော သူ့ကျောပြင်ကြီးအား
ချည် နှုတ်ခမ်းလေးဖိကိုက်ကာ
ကြည့်၍ မျက်နှာလေးမှာလည်း
ပြုံးယောင်သမ်းသွားမိတော့သည်။
------==================^^^^^^🍓🍓🍓🍓🍓🍓🍓
"ဖေဖေ....ကညာ ကျောင်း
သွားတော့မယ်နော်..ဖေဖေ
နေ့လည်ကို ဆေးသောက်ဖို့
မမေ့နဲ့နော် ဖေဖေ..."
"အေးပါ သမီးရယ် ဖေဖေကိုစိတ်မပူ
နဲ့ သမီးသာ စိတ်အေးအေးသွား..."
"ပူရတယ် ဖေဖေကညာမှာ ဒီအဖေတစ်
ယောက်ပဲရှိတာ ပူတာပေါ့ ဖေဖေရယ်
ကညာကို စိတ်မပူစေချင်ရင် ကညာစကား
ကိုနားထောင်နော်... ''
"ဟုတ်ပါပြီ သမီးရယ်...သွား...သွား
ဖေဖေ အိမ်မှာအေးဆေးနေမယ်နော်..."
"ဖေဖေနော် အေးဆေးနေမယ်ဆ်ိုပြီး
လျှောက်သွားမနေနဲ့အူံး..."
"မနေပါဘူး သမီးရယ်...စိတ်အေးလက်အေး
သွား...."
ထိုအခါ ကညာပြံး၍ လွယ်အိတ်လေး
လွယ်ကာ အိမ်ထဲကနေ လမ်းလျှောက်
၍ ကျောင်းသို့ ထွက်လာခဲ့တော့သည်။
သူမတို့အိမ်နှင့်ကျောင်းက ကားစီးရင်
နှစ်မှတ်တိုင်သာ စီးရသောကြောင့်
ကညာလမ်းလျှောက်ဖြစ်တာများ
သည်။
"ကညာ ကျောင်းသွားတော့မလို့လား.."
ကညာအရှေ့ပိတ်ရပ်ကာပြောလာ
သော လူကြောင့် ကညာ မျက်နှာလေး
မှာတင်မာလာ၍..
"ဟုတ်တယ် ..."
"ဟ ရင့်လိုက်လား နင့်မှာ ပိုက်ဆံပါလား
ငါ့ကို ပေးစမ်း.. "
"ဟင်အင်း မပါဘူး ပါလဲမပေးနိုင်ဘူး
ပေးရအောင် ရှင်နဲ့ကျွန်မတို့က ဘာမှ
လည်းမဆိုင်ဘူး.. "
"ဟ မနေ့က ဟိူလူတွေအရှေ့မှာကြ
ဒီလေသံနဲ့ ဒီမျက်နှာမဟုတ်ဘူး
အခု နင်က ဘယ်ကောင်အားကိုးနဲ့
ငါ့ကို ပြန်ပြောနေတာလဲ..."
ကညာ မျက်နှာလေးမဲ့လိုက်၍
အကိုဝမ်းကွဲဖြစ်သည့် ဖိုးတူး
မျက်နှာအား သေချာကြည့်ကာ..
"ဒီမှာ ရှင်မှတ်သွား ကညာဆို
တဲ့မိန်းမက ပျော့ညံ့ညံ့အထဲမှာ
မပါဘူး ရှင့်ကို ကြောက်နေရအောင်
လည်း ကျွန်မသွေးမကြောင်ဘူး
အဲဒီနေ့က အကြောင်းရှိလို့ ကြောက်ဟန်
ဆောင်ပြလိုက်တာ...အခုလည်း ကျွန်မ
ဘာလုပ်န်ိုင်လည်းဆိုတာ ရှင်ကြည့်ထား..."
ထိုအချ်ိန် လွယ်အိတ်အား သူ့လက်ထဲ
ထည့်ပေးကါ သူ့အားမဲ့ပြသော
ပညာအား ဖိုးတူးကြောင်၍
ကြည့်နေစဥ်...
"လာကြပါအုံး ဒီမှာ ကျွန်မပစ္စည်း
တွေလုနေလိူ့ပါ ကူညီကြပါအူံးရှင်..."
"ဟာ...ဘယ်ကောင်လည်းနေ့ခင်းဘက်ကြီး
ကွာ..ယုတ်မာတာ မင်းမပြေးနဲ့...''
ထိုအချိန် လူအုပ်ကြီး ဒုတ်တွေကိုင်ကာ
ပြေးလာသောကြောင့် ဖိုးတူး လက်ထဲက
လွယ်အိတ်အားပစ်ချ၍ ထွက်ပြေးသွားတော့းည်။
ထိုအချိန် ကညာ လွယ်အိတ်အားကောက်ကာ
ခပ်မဲ့မဲ့ပြုံးလိုက်၍...
"အဟွန်း...အဲဒါမှ ကညာအစစ်...."
----------------===------===========^^^^^🍓🍓🍓🍓🍓🍓🍓
"ခွင်း ငါတို့ ဝိုင်းကြရအောင်...
ပြီးရင် မင်းကို ဟိုကောင်တွေ
ကားမောင်းပြိုင်ဖို့ ခေါ်ထားတယ်နော်..."
"မရဘူး ငါ့မိန်းမတစ်ယောက်ထည်း..
သူတို့ကို ငါငြင်းလိုက်တယ်..."
"ဟ မင်းကလည်းကွာ...ငါက
မင်းလာမှာလို့တောင်ပြောလိုက်ပြီ...
ဒါဆို မနက်ဖြန်ရော..."
"မနက်လည်း မရဘူး ငါနဲ့ချည်
သူ့မိဘတွေဆီ သွားမလို့...အလုပ်ကိစ္စရော..."
"ဟာ..မင်းလည်း မိန်းမကြောက်ဘဲ..."
မျိုးသစ်အပြောကြောင့် ခွင်းပြုံးလိုက်ကာ..
"မိန်းမ မကြောက်ပါဘူး ချစ်တာကွ...
ပြီးတော့ ငါအခုမှ အဖြေရထားတာ
မကြာသေးဘူး မိန်းမအငြိုငြင်တော့
မခံန်ိုင်သေးဘူးကွာ..."
မျိုးသစ်မဲ့ရွဲ့နေမိကာ..
"အေးပါကွာ..ငါပဲမှားတာပါ..
ဒါနဲ့ မင်းသိပြီးပြီလား.."
"ဘာကိုလဲ..."
"ဟဲဟဲ ငါ ကောင်မလေးတစ်ယောက်
ကို ခိုက်နေပြီကွ..."
ခွင်း မျက်ခုံးကြီးပင့်တက်သွား၍...
"အဲဒါ ငါက ဘယ်လို လုပ်ပြီး
သိမှာလဲ..."
"အေးပါကွာ...ဟဲဟဲ ငါဘယ်လိုစပြော
ရမလည်းမသိဘူးကွာ သိတာလည်း
မကြာသေးဘူးလေး မင်းကိုငါပြောတဲ့
တစ်ယောက်လေ မင်းမိန်းမလိုဘဲ
ဆေးတက္ကသိုလ်ကလေ..."
"ဒါဆိုလဲ ပြောပေါ့ကွာ..."
"အဲဒါ ငါ့ကိုအကြံပေးပါအုံး...."
"မင်းချစ်ရင် ချစ်တယ်ပြောလိုက်ပေါ့...''
"ဒဲ့ဒိုးကြီးသွားပြောရင် ငါ့ကို လက်မခံ
ဘဲနဲ့ ပါးရိုက်ရင် ဘယ်လိုလုပ်မလဲ.. "
"ချစ်ရင် ခံလိုက်ပေါ့..."
"သြော် မင်းက ပြောအားရှိတာပေါ့
မင်းအရိုက်ခံရပင်မဲ့လည်း အခုက
မင်းမိန်းမက မင်းကိုပြန်ချစ်နေပြီလေ..."
"မင်းလည်း အရိုက်ခံလိုက်လေ
ပြီရင် ပြန်ချစ်ရင် ချစ်မှာပေါ့..."
"တော်ပါကွာ.....မင်းဆီက အကြံ
ရမလားဆိုပြီးတောင်းမိပါတယ်
ငါးပါးမှောက်ရော...ဟျောင့်....ဟိုမှာ
မနေ့က ငါတို့ကူညီလိုက်တဲ့
တစ်ယောက် မင်းမိန်းမလိုဘဲ ဆံပင်အရှည်ကြီးပဲနော်..."
ထိုအခါခွင်း မျက်မှောင်ကြီး ကုတ်၍...
"မင်း မျက်လုံးက ဒါပဲ လိုက်
ကြည့်နေ...ငါသွားပြီ...ချည်ကို
သွားကြိုရအုံးမယ်..."
ပြောပြီး ထွက်သွားသော ခွင်းအား
ကြည့်၍ မျိုးသစ် မဲ့ရွဲ့နေမိကာ..
"မိန်းမကြောက်..."
------=======================^^^^🍓🍓🍓🍓🍓🍓🍓
ချည် နာနေသော ခြေထောက်အား အသာ
ထိန်း၍ ကျောင်းခြံဝန်းအပေါက်ကို
အသာလျှောက်လာခဲ့လိုက်သည်။
မနက်က သူကိုယ်တိုင်ကျောင်းဝန်းထဲ
အထိဝင်ပြီး လိုက်ပို့ပေးလို့ အဆင်ပြေ
ပင်မဲ့လည်း အခု ချည်လမ်းလျှောက်ရ
တာ ခက်ခက်ခဲခဲပင်။
"အဟွန်း သရုပ်ဆောင်ကောင်သချက်ကလည်း အကယ်ဒမီ ရလောက်တယ်နော်..."
ထိုအချ်ိန် အရှေ့ကနေ ရွဲ့တဲ့တဲ့ပြောလာ
သော အသံကြောင့် ချည်မကြည့်ဘဲ
ဘယ်သူမှန်းသိလိုက်ကာ..မျက်နှာလေး
မှာတင်းလိုက်၍...
"ရှင်တော်တော် အချိန်တွေပေါနေတယ်
ထင်တယ် မနာလိုစိတ် မကောင်းမြင်
စိတ်က ရှင့်ဦးနှောက်ထဲမှာ အတော်နေရာ
ယူထားတာပဲ...ရှင့်သူများကိုမပြောခင်
ရှင့်ရဲ့ တန်ဖိုးမရှိတဲ့စိတ်ဓာက်ကို အရင်
ပြင်လိုက်ပါအုံး ...''
ထိုအခါ လှိုင်းမျက်နှာမှာ နီရဲတက်လာ၍...
"ရှင် ခြေထောက်ဖြစ်တာတောင်
မမှတ်သေးဘူး ရှင့်က တစ်ကိုယ်လုံး
ထိမှ... "
"လက်စသက်တော့ ငါ့မိန်းမကို
ခြေထောက်နာအောင်လုပ်တာ
မင်းကို..."
"ခွင်း..."
"ကိုခွင်း..."
ထိုအချိန် ခွင်း သူမအနားလျှောက်
သွား၍ တွဲလိုက်ချိန် လှိုင်းတစ်ယောက်
မျက်စီမျက်နှာ ပျက်နေ၍...
"ကိုခွင်း လှိုင်းက..."
"တိတ်စမ်း မင်းအသံမကြားချင်ဘူး
မင်းက ငါ့မိန်းမကို အနာတရဖြစ်အောင်
လုပ်တဲ့မိန်းမ ငါတောင် လက်ဖျားနဲ့
မထိရက်တာ မင်းလို့မိန်းမက ဘာကိစ္စ
ငါ့မိန်းမကို ထိရဲတာလည်း....မင်း
မိန်းကလေးဖြစ်နေလို့ ကံကောင်းသွားတယ်
မှတ်...နောက်တစ်ခါဆို ငါမင်းဘဝကို
စုပ်ပြတ်သက်သွားအောင်လုပ်နိုင်တယ်..."
"ခွင်း ရှင်..ရှင် လှိုင်းကို အဲဒီလောက်
ထိပြောဖို့မလိုပါဘူး ရှင်လှိုင်းဘဝကို
ဘာမှလုပ်လို့မရဘူး..."
မျက်နှာပျက်ယွင်းကာပြောနေသော
ထိုအမျိုးသမီးအား ခွင်းကြည့်၍
မဲ့လိုက်ကာ...
"မင်း နောက်တစ်ခါ ငါ့မိန်းမကို
ထိရဲရင်ထိကြည့်လိုက်လေ
ခွင်းမာန်ဟုန်း ဘာကောင်လည်း
ဆိုတာ သိသွားမယ်...လာ ချည်
ကိုယ်တို့သွားမယ်..."
ပြောပြီး ထွက်သွားသော လူနှစ်ဦးအား
လှိုင်းကြည့်၍ နှုတ်ခမ်းလေးအား
ပြတ်ထွက်လုမတက်ဖိကိုက်ထားမိကာ
မျက်ရည်များက ပါးပြင်အထက်စီးကျလာ
တော့သည်။
လမ်းမကြီးအထက်ကားမောင်းနေသော
သူ့အား ချည်ငဲ့ကြည့်၍ ပြုံးနေမိသည်။
ချည်ဆိုင်ကယ်နှင့်လာကြိုလို့
ငိုထည်းက သူနှစ်သက်သော
ဆိုင်ကယ်အား ဂိုဒေါင်ထဲ ထည့်ကာ
ကားနှင့်ပဲမောင်း၍ ချည်အား အကြို
အပို့လုပ်ခဲ့တာဖြစ်သည်။
အခုလည်း ထို့ကြောင့် ရန်ဖြစ်ပေးပြီး
မျက်နှာကြီးတင်းမာနေသော သူ့အား
ချည် ငေးကြည့်၍...
"ခွင်း ရှင်က အရမ်းချစ်ဖို့ကောင်းတာပဲ ...''
ကျီ....
"အမေ့..."
ရုတ်တရပ် ကားထိုးရပ်လိုက်သော
သူ့ကြောင့် ချည် လန့်ဖျန့်သွား၍
သူ့အား ကြည့်ချိန် ချည့်ဘက်အား
ပြုံးကာ လှည့်လာသော သူ့ကြောင့်
ချည် မျက်ဝန်းလေးတွေမှာ ပြူးသွား၍...
"ခွင်း.. ရှင်...ရှင်..ဘာလုပ်မလို့လဲ..."
ခွင်း သူမရဲ့ အသည်းယားစရာ
ပုံစံလေးအားကြည့်၍...
"ကိုယ်စိတ်တွေထိန်းထားတာ
အခုမရတော့ဘူးချည်...ကိုယ့်ကို
အလိုလိုက်ပေး..."
"အို...ခွင်း....ကား...ကားပေါ်မှာ..."
"ကိုယ့်ကားက မှန်အထူးသား
ဘယ်သူမှ အထဲကို မမြင်နိုင်ဘူး..."
"အို...."
ပြောပြီး ချည်ကိုယ်လေးအား
ခါးပတ်ဖြုတ်၍ ပေါ့ပါးစွာ
မယူလိုက်ပြီး သူ့ပေါင်ပေါ်
ဆွဲတင်လိုက်သောကြောင့်
ချည် မျက်ဝန်းများဝိုင်း၍
မျက်နှာလေးရဲ၍သာ
ပါသွားတော့သည်။
ဤသို့ဖြင့် အချစ်တို့သည် နေရာတိုင်း
အချိန်တိုင်း....
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း