book

Index 30

အပိုင်း(30)❤❤

  • Author : Lwanchin
  • Genres : Romance, Drama


ချည် ခါးလေးအား ခပ်တင်းတင်း

ဖက်တွယ်လာ သူ့လက်များ....

သူ့အကြည့်များကြောင့် ချည်

မျက်နှာလေးလွဲလိုက်၍

ဒဏ်ရာအားမေ့ကာ ထရပ်လိုက်စဥ်...


"အို....အမေ့...."


ပြန်လဲကျလာသော ချည်ရဲ့

ကိုယ်လေးအား ပိုင်နိုင်စွာ

ဆွဲဖက်လိုက်သောခွင်း.... သူမရဲ့

ရဲနေသော မျက်နှာလေးအား

ကြည့်၍....


"ဟုတ်တယ်ချည် ကိုယ် မင်းကို

ချစ်တယ်..."


သူ့အကြည့်သူ့အပြောများကြောင့်

ချည် ခေါင်းလေးခါရမ်း၍...


"ဟင့်အင်း ရှင်မဟုတ်တာတွေ

မပြောနဲ့....ဖယ် ကျွန်မ

ထမင်းဟင်း ချက်ရအုံးမယ်..."


"မချက်ရဘူး မင်းခြေထောက်နာနေတယ်

လေ...ပြီးတော့ ကိုယ်မင်းကို ချစ်တယ်

ချည်..."


ချည် သူမအားဖက်ထားသော သူ့လက်

များအား ဖယ်ချ၍..


"ဟင့်အင်း ရှင် ချည်က်ို မချစ်ရဘူး....

မချစ်နဲ့..."


ခေါင်းလေးခါရမ်း၍ပြောလာသော

သူမအား ခွင်းကြည့်၍ နားလည်စွာ

ပြုံးလိုက်မိသည်။


"ချည် မင်းအခုလို အပြောခံရတော့

ရှက်နေတာလား..."


"အို မဟုတ်ပါဘူ....ရှင်

ကျွန်မအနားက သွားပေးပါလား..."


ခွင်း သူမကိုယ်လေးကိုပါ ဖက်တွယ်

ထားကာ...


"ဘယ်ကို သွားရမှာလည်း ဒီမှာ

မိန်းမကို ချစ်စကားတွေပြော

နေတာကို...''


ဘုတ်...


ချည် သူ့ရင်ဘတ်အား ရိုက်လိုက်၍

မျက်နှာလေးမှာရဲနေ၍...


"အို ရှင်နော်...ဘာစကားတွေပြောနေတာလဲ..."


ခွင်း သူမရဲ့ မျက်နှာလှလှလေးအား

ကြည့်၍ ဆံနွယ်အရှည်ကြီးအား

နမ်းလိုက်ကာ..


"ဟုတ်တယ်ချည် မင်းရော

ကိုယ့်ကို ချစ်လား...."


"ဟင့်အင်း ခွင်း ကျွန်မ

ရေးချိုးချင်လို့ အပေါ်ကို

ပို့ပေးပါ..."


မျက်နှာညိုးသွားသော သူ့အား

ချည်အားနာပင်မဲ့လည်း 

ရူပ်ပွေသော သူ့အား ချည်မချစ်ရဲပေ။


"ဘာလို့လဲ ချည် ပြော..ကိုယ့်ကို

ဘာလို့ ပြန်မချစ်ရတာလဲ..."


ချည်ပုခုံးလေးအားကိုင်ကာ

ပြောလာသောကြောင့် ချည်

သူ့အား မကြည့်ရဲစွာမျက်နှာလေး

လွဲထားမိသည်။


ခွင်း သူမအားကြေကွဲစွာကြည့်၍

ခေါင်းငြိမ့်လိုက်ကာ....


"ကိုယ် မင်းကို ဘယ်လိုစောင့်ရ

စောင့်ရ စောင့်နေမယ်ချည်...."


ထိုအခါ ခြံထဲ ဆင်းသွားသော

သူ့ကျောပြင်ကြီးအား

ချည်ကြည့်၍ မျက်နှာလေးမှာလည်း

ညိုးငယ်စွာကျန်ရစ်ခဲ့တော့သည်။


"ချည် ရှင့်ကို တောင်းပန်ပါတယ်..ခွင်းရယ်

ရှင့်ကို ချည်မချစ်ရဲဘူး ...."


ပြောပြီး ပါးပြင်အထက်ကျလာသော

မျက်ရည်များ....


----=====================^^^🍓🍓🍓🍓🍓🍓🍓🍓


"သက် မင်းဘယ်သွားမလို့.. ဒါတွေ

လုပ်နေတာ..."


"သားနဲ့သမီးဆီလေ..."


ဦးတမာန် မျက်ခုံးတွေပင့်တက်

သွားလျှက်...ပစ္စည်းများထည့်နေသော

ဇနီးဖြစ်သူအားကြည့်ကာ.....


"သက်ရယ် မင်းက မှောင်

ပဲမှောင်တော့မယ် မနက်မှသွား....''


ထိုအခါ ဒေါ်သင်ထား ပစ္စည်းများအား

ထည့်နေရင်း ပြုံးကာ...


"မောင်ရယ် အခုမသွားပါ

ဘူး မနက်မှသွားမှာပါ....ဒါတွေက.မနက်ဖြန်သွားရင်အဆင်သင့်ဖြစ်အောင် ထည့်ထားတာ..."


"အင်း ဒါနဲ့သက် မင်း သမီးကို

မေးပြီးပြီလား..  "


"ဘာကိုလဲ မောင်  ...''


ထိုအခါ ဦးတမာန်ပြောရခက်စွာ

မျက်နှာကြီးရဲနေ၍....


"ဆေးကိစ္စလေ..."


"မမေးရသေးဘူးမောင်. ...သက်

မေ့နေတာ...သမီးလေးပုံစံက

ပုံမှန်အတိုင်းပဲ ဘာမှထူးခြားတာမရှိပါ

ဘူး....."


ထိုအခါ ဦးတမာန် ငြိမ်ကျသွား၍...


"ဒါဆို မင်းသားက သူ့သာသူ

သောက်ဖို့ အဲဒီဆေးတွေ ဝယ်တာလား..."


"အို မောင်ကလဲ ..အဲဒီကိစ္စကို 

ဘယ်လ််ိုလုပ်ပြီးအရမ်းသိချင်နေတာလည်း...."


"မဟုတ်ပါဘူး တကယ်ဆို

မြေးချီရတာပေါ့ကွာ ...''


ထိုအခါ ဒေါ်သက်ထားခင်ပွန်း

ဖြစ်သူအား မျက်စောင်းလေး

ထိုး၍...


"မောင်နော် အရင်ကပြောတော့

ဘာလေးညာလေးနဲ့အခုတော့

မြေးချီချင်နေပြီမဟုတ်လား.. "


"အဲဒီလိုလည်း မဟုတ်ပါဘူးကွာ....

မောင့်အပေါင်းအသင်းတွေက

ခဏခဏမေးနေကြလို့ ခင်ဗျားဘယ်

တော့မြေးချီရမလည်းဆိုပြီး...''


"မောင်ရယ် သားနဲ့သမီး လက်ထပ်

ထားတာ တစ်လကျော်ကျော်ပဲ

ရှိသေးတော့ ရလာမှာပါမောင်ရယ်...''


"အင်းပါ ဒါနဲ့ သက်မင်းသတင်း

ကြားမိလား အခု ရန်ကုန်မှာအကြီး

ဆုံး Showroomတစ်ခုဖွင့်ထားတယ်

ဆိုတာ...အဲဒီမှာ ကား ဆိုင်ကယ်

လျှပ်စစ်ပစ္စည်းမျိုးစုံရတယ်တဲ့...

တော်တော်ကြီးတာ...."


"မောင်လို လူမျိုးကပြောတယ်ဆို

တော့...တကယ်ကြီးကျယ်လို့ပဲ ....

ပိုင်ရှင်ရော မောင်မသိဘူးလား....''


"မသိဘူး လူငယ်လို့တော့ပြောတာပဲ

မောင် သက်ကို ဒီတစ်ခါ ကားဝယ်ပေး

ရင် အဲဒီမှာစမ်းပြီး ဝယ်ကြည့်ရမယ်....."


"မဝယ်ပေးပါနဲ့မောင်ရယ် သက်မှာ

မစီးရသေးတာတွေတောင် ရှိသေး

တာကို...."


"မောင့် ပစ္စည်းတွေက သက်ဖြုန်းမှ

ကုန်မှာ ဟိုကောင်က သူပိုက်ဆံရှာ

န်ိုင်တယ်ဆိုပြီး မောင့်ပိုက်ဆံကိုမ

ထိတဲ့ကောင် ဒါ့ကြောင့် သက်သုံး... "


"နောက်ပိုင်း မြေးတွေမွေးလာမှာလေ

အဲဒီတော့မှ မောင်ဖြုန်းခိုင်းပေါ့..''


"ဟုတ်သား မင်းသားနဲ့သမီးကို

ပြောကွာ ကလေးယူတော့လို့..''


ပြောပြီး အပေါ်တက်သွားသော

ခင်ပွန်းဖြစ်သူအား မျက်စောင်း

လေးထိုးကာ ပြုံး၍...


"ဟွန်း အစောကြီးထည်းက မြေးလို

ချင်ရင် လိုချင်တယ်ပေါ့. ..''


------====================^^^^🍓🍓🍓🍓🍓🍓


"ကညာ ...သမီး....ထမင်းစား

တော့လေ...''


"ဟုတ်ကဲပါ ဖေဖေ ကညာဒါလေး

လက်စသက်နေလို့ပါ..."


ကညာဝင်ငွေတစ်ဖက်တစ်လမ်းက

ရအောင် တက်သော စက်ချုပ်ပညာ

လေးနှင့်အိမ်ဆိုင်လေးဖွင့်ထားတာ

ဖြစ်သည်။


ဖေဖေကရောဂါသည်မို့ ဘာမှတော့

မလုပ်နိုင်။ကညာမှာ ဖအေတစ်ခု

သမီးတစ်ခုသာရှိသောကြောင့်

ကညာဖေဖေကို အဆုံးအရှုံးတော့

မခံန်ိုင်။


ပိုက်ဆံမရှိသောလည်း ကညာ

ဘဝကို ကညာမြတ်န်ိုးသည်။


ကညာ အင်္ကျီလေးအား မနက်ပေး

ရမှာမို့ အပြီးချုပ်ပေးနေတာ

ဖြစ်သည် ။


အားလုံးပြီးစီး၍ ကညာ အင်္ကျီလေး

အားဖြန့်ကြည့်ကာ စိတ်ကျေနပ်သွား

မှ နေရာမှထရပ်လိုက်၍..ဖခင်ဖြစ်သူ

ထိုင်နေသော ထိုင်ခုံအနားသွားကာ....


"ဖေဖေဒီနေ့ သက်သာနေတယ်ထင်တယ်

မျက်နှာကို ကြည်နေတာပဲ...ဆန်ပြုတ်

ထပ်သောက်အုံးမလား ဖေဖေ...''


"ရပါတယ်ကွယ်....အဖေ့သမီးလေး

လည်း အဖေကြောင့်နဲ့ပင်ပန်းရောပေါ့. ...''


ကညာ ခေါင်းလေးခါပြကာ...


"ကညာမပင်ပန်းပါဘူးဖေဖေ ကညာ

အနားဖေဖေရှိတယ်ဆိုရင် ကညာ

မပင်ပန်းပါဘူး..."


"ဟုတ်ပါပြီကွယ်..သွား...သွား..

ထမင်းသွားစားတော့ ပြီးရင်

စောစောအိပ် မနက်လည်း

ကျောင်းသွားရအူံးမယ်..."


"ဟုတ်ကဲ့ ဖေဖေ..."


ဦးတင်ထွန်း သမီးဖြစ်သူအား

ကြည့်၍ သူစိတ်မကောင်းပေ။


သူ့အသုံးမကျခဲ့လို့ သမီးလေးမှာ

အခုလို ဆင်းဆင်းရဲရဲနေနေရတာ

သူသာတစ်ချိန်က အသိရှိခဲ့ပါက

အခုအချ်ိန်မှာသမီးလေးလည်း အခုလို

ပင်ပန်းတာတွေ လုပ်ရမှာမဟုတ်ပေ။


ဦးတင်ထွန်း တွေးပြီး မျက်ရည်များက

ကျလာတော့သည်။


--====================^^^^^^^🍓🍓🍓🍓🍓🍓🍓


"ပြန်တော့မလို့လား အစ်ကိုလေး...."


" ဟုတ်တယ် ငါအိမ်မှာချည်ကို

တစ်ယောင်ထည်း ထားခဲ့ရတာ...

အခြေအနေတွေငြိမ်သွားပြီဆိုတော့

ကိုတင့်တစ်ချက်ကြည့်ပေးပါ

အကြောင်းထူးရင် ကျွန်တော့်ကို

ချက်ချင်း ဖုန်းဆက်ပေး...''


"ဟုတ်ကဲ့ အစ်ကိုလေး စိတ်ချပါ...."


ခွင်း ဘေးက ကားသော့အားယူ၍

ကားရှိရာထွက်လာခဲ့သည်။


သူ ချည်နဲ့ စကားပြောပြီး ခြံထဲ

လမ်းဆင်းလျှောက်နေချ်ိန်

Company က အလုပ်သမားတစ်

​ယောက် ထိခိုက်မိပြီး ဆေးရုံ

ရောက်သောကြောင့် သူ ချည့်ကို

တောင်မပြောခဲဘဲ ထွက်လာခဲ့တာ

ဖြစ်သည်။


အခုအချိန်ဆို သူ သူမကိုစိတ်ဆိုး

ပြီးအိမ်ကထွက်သွားသည်လို

ထင်နေတော့မှာ ခွင်းကြိုသိနေသည်။


ညနေက သူ သူမအားအလောတကြီး

အဖြေတောင်းမိတာအားတွေး၍

သက်ပြင်းချမိသည်။


ရုတ်တရပ်ကြီးဆိုတော့ သူမလည်း

တွေဝေသွါးမိတာ မဆန်း။


ချည်ရဲ့အချစ်ကိုရဖို့ သူဘယ်လောက်

ပဲ ဖြစ်ဖြစ်စောင့်နိုင်ပါသည်။


ခွင်းပြုံးလိုက်၍ မှောင်နေပြီဖြစ်သော

ကားလမ်းမကြီးအတ်ိုင်း အိမ်ကို

လျှင်မြန်စွာမောင်းနှင်လာတော့သည်။


"အင့်...အဟင့်...ဟင့်.."


ဆိုဖာပေါ်ချည်ငုတ်ထုတ်လေးထိုင်ကာ

ငိုနေသောချည်။


ငိူထားသောကြောင့် မျက်ဝန်းလေးများ

လည်း ဖောင်းတက်နေကာ မျက်နှာလေး

မှာလည်း ရဲတွက်၍ နေတော့သည်။


"ချည်...."


ထိုအချိန် သူမအနားလျှောက်လာသော

သူ့ကြောင့် ချည် မျက်နှာလေးမှာ

ပို၍ ဝမ်းနည်းသွားပြီး မျက်ရည်များ

ထပ်မံ၍ စီးဆင်းကျလာကာ ခြေထောက်

နာနေပင်မဲ့လည်း အားယူကာထ၍

သူ့အနားပြေးလျှောက်သွားကာ

သူ့ခါးကြီးအား ခပ်တင်းတင်းဖက်တွယ်

ထား၍...


"အဟင့်...ရှင်...ရှင် ချည်ဆီပြန်လာ

တယ်နော်...အဟင့်...ဟီး....ချည်ကို

ပစ်သွားပြီ ထင်နေတာ...ဟီး....နောက်တစ်ခါ

ရှင့်ကို ချည်မပြောတော့ဘူးနော်....ချည်ကို

တစ်ယောက်ထည်းမထားခဲနဲ့နော်...ဟင့်...အဟင့်... "


ပြောပြီး ငိုနေကာ သူ့အား ဖက်တွယ်ထား

သောသူမကိုယ်လေးအား ခွင်း

ကျစ်နေအောင်ပြန်လည်ဖက်တွယ်ထားကာ

သူ့မဆံနွယ်လေးများအား နမ်းရှိုက်လိုက်ပြီး....နှုတ်ခမ်းများမှာပြုံးယောင်သမ်းနေလျှက်...


"ချည်ရယ်....ချစ်လိုက်တာ....''


ပြောပြီး တစ်ယောက်ကို တစ်ယောက်

လေတိုး၍မပေါက်အောင်တင်းကြပ်

စွာဖက်တွယ်ထားမိကြတော့သည်။


တစ်ယောက်ရဲ့ရင်ထဲကိုလည်း တစ်ယောက်ကသိမြင်လျှက်....


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: