book

Index 29

အပိုင်း(29)❤❤

  • Author : Lwanchin
  • Genres : Romance, Drama


"ခွင်း မင်းဘာလက်ထဲကဘာကြီးလဲ..."


မျိုးမင်း လက်ညိုးထိုးတာကာ

မေးလာသောကြောင့် ခွင်းပြုံးလိုက်ကာ..


"ငါ့မိန်းမ ထမင်းချ်ိုင့်ထည့်ပေးလိုက်တာ..."


"ဟ...မင်းက ယူလာတယ်ပေါ့....''


"ငါက မယူလာလို့ ဘာလုပ်ရမှာလဲ.. "


"ဟာ မင်းကလည်း မဟုတ်ဘူးလေ

အခုခေတ်မှာ ဘယ်သူမှ ထမင်းချိုင့်

မယူတော့ဘူး... ဒါက်ိုပြောတာ..."


"ဘယ်ယူမလည်း ချက်ပေးမဲ့သူ

မရှိလို့နေမှာပေါ့ ...''


"မင်းကလည်း မိန်းမလေးရသွားတာ

တစ်လမပြည့်သေးဘူး....မပြောချင်ဘူး..."


"မင်းလဲ ယူချင်ယူလေ..."


ထိုအခါ မျိုးသစ်ဘာမှ မပြောန်ိုင်ဘဲ

စာသင်ခန်းဘက် လျှောက်သွားသော

ခွင်းအားကြည့်၍ ပါးစပ်အဟောင်းသား

ဖြစ်နေမိသည်။


"ဒီကောင် မချစ်ဘူးလည်းပြောသေး.. "


ပြောပြီး သူ့အနောက်ကပြေးလိုက်

သွားပြီး....


"ခွင်း မင်းကလည်းကွာ ဖြေးဖြေး

လျှောက်ပါကွ...ငါပြောစရာရှိသေး

တယ်မင်းက်ို.."


"ဘာလဲ ပြော...."


ခွင်း လမ်းလျှောက်နေရင်း

မေးဆက်ပြချိန်...


"ဒီလိုကွ...ငါဟိုရက်က

လှိုင်းဆိုတဲ့မိန်းမလှလေးနဲ့

မိတ်ဆွေဖြစ်သွားပြီ သိလား...

ချောလိုက်တာကွာ...."


"အဲဒီတော့....''


"ဟာ..ခွင်း ဒါတော့ မင်းများသွား

ပြီကွာ...မင်း သူ့ကိုမသိဘူးမပြောနဲ့ ..."


"ဟ...ငါသိမှမသိတာ...."


မျိုးမင်း မျက်ဝန်းကြီးပြူး၍...


"မင်းနဲ့သတင်းထွက်တဲ့ဆေးတက္ကသိုလ်က

တစ်ယောက်လေကွာ ...''


ထိုတော့မှ ခွင်း မျိုးမင်းအား

ကြည့်၍....


"မင်းပေါက်ကရတွေပြောမနေနဲ့

ငါမသိဘူး...အခုအတန်းချိန်

နီးနေပြီ...သွားကြမယ်...''


"အေးပါကွာ..."


ပြောပြီး နှစ်ယောက်သားလျှောက်လာ

လိုက်သည်။


"ဟဲ့ ပေးစမ်းလို့ပြောနေတယ်လေ.. ''


"ဟင့်အင်း မပေးဘူး ဒါကညာမေမေ

အတွက် ဆေးဖိုးစုထားတဲ့ပိုက်ဆံ

မပေးနိုင်ဘူး...."


"ကုမနေနဲ့ နင့်အမေကသေမှာပဲ...

နင်အသားမနာချင်ရင် ပေးစမ်း.. "


"ဟင့်အင်း..မပေးဘူး ကညာပိုက်ဆံကို

ရှင်က ဘာဆိုင်လို့တောင်းနေရတာ

လည်း..."


"ဟ...ငါနင့်အကိုဝမ်းကွဲ နင့်ပိုက်ဆံလဲ

ငါ့ပိုက်ဆံပဲ ပေးစမ်းဟာ...''


"ဟင့်အင်း မပေးဘူးလ်ို့ပြောနေတယ်နော်..."


ကညာ လက်ထဲက ပိုက်ဆံအား

ဆွဲလုနေသော ထိုလူလက်ထဲက

အတင်းပြန်ဆွဲနေချ်ိန်...


"နေ့ခင်းကြောင်တောင်ကျောင်းဝန်း

ထဲဝင်ပြီး ဓားမြလာတိုက်နေပါလား. ."


ခွင်းပြောလိုက်ချ်ိန် ထိုလူမှာ

ခွင်းဘက်အား လှည့်ကြည့်၍...


"ဒီမှာကောင်လေး မင်းလမ်းမင်းသွား

မဆိုင်တာ ဝင်မရူပ်နဲ့ ငါ့လက်သီးက

မင်းမျက်နှာချောချောလေးပေါ်

ရောက်သွားလိမ့်မယ်...."


ကောင်လေးလို့ခေါ်သော်လည်း

သူ့အရပ်ထွားထွားကြီးအား

မော့ကြည့်၍ ပြောနေသော ထိုလူ

အား ခွင်း ဂျစ်ကန်ကန် အကြည့်

ဖြင့် ငုံ့ကြည့်၍....


"အဟက်....ခင်ဗျားအခုလုပ်နေတာ

ကျောင်းဝန်းထဲမှာမိန်းကလေးတစ်ယောက်

ဆီက လုယူနေတာနော်.. ခင်ဗျားကို

ရဲခေါ်ပြီး အပ်လိုက်ရမလား. ...''


ထိုအခါ ထိုလူရဲ့မျက်နှာမှာ ပျက်သွား၍...

မကျေမနပ်ကြည့်လာကာ...


"မင်း သတိထား ငါနဲ့နောက်တစ်ခါ

မတွေပါစေနဲ့ဆုတောင်း..."


ခွင်းအား လက်ည်ိုးထိုးပြီး ပြောလာချိန်..


"ဒီမှာ ခင်ဗျားမသွားဘူးလား

ကျုပ်တို့ ရဲခေါ်မှာနော်..."


"တောက်.. "


ဘေးက မျိုးသစ်ပါ ဝင်ပြောလာ

ချ်ိန် ထိူလူမှာ မကျေမနပ် ကြည့်၍

လက်ညိုးထိုးကာ တောက်ခပ်ကာ

ထွက်သွားတော့မှ ခွင်းနဲ့ မျိုးသစ်

လှည့်ထွက်ရန်ပြင်စဥ်...


"ဒီက အစ်ကိုတို့....ကညာကျေးဇူး

တင်ပါတယ်နော်..."


ထိုအခါ သူတို့နှစ်ယောက်လုံး

ခြေလှမ်းများရပ်သွား၍ ခွင်း

လှည့်မကြည့်ဖြစ်ဘဲ ..ဆက်လျှောက်

သွားချိန် မျိုးသစ်အနောက်ကမိန်းကလေး

အား အားနာစွာလှည့်ကြည့်၍.  


"ရပါတယ် ကျွန်တော်တို့က

အမြင်မတော်လ်ို့ကူညီတာ

နောက်သတိထားပေါ့..."


"ဟုတ်ကဲ့ ကျေးဇူးပါရှင်...''


ကညာ အရှေ့က လမ်းလျှောက်

သွားသော ကြည့်ကောင်းလှသော

သူ့ကျောပြင်ကြီးအား ကြည့်၍

မျက်နှာလေးမှာ ပြုံးနေ၍ အခုန်

မြန်နေသော ရင်ဘက်လေးအား

ဖိထားကာ.....


ချောလိုက်တာ...


-------===================^^^^^🍓🍓🍓🍓🍓🍓🍓


"သမီးချည်....စာတွေရော လေ့လာတာ

အဆင်ပြေရဲ့လားကွယ်... "'


"ဟုတ်ပြေ ပါတယ်ဆရာ..."


"အင်း ကိုတမာန်က သမီးကို

သေချာဂရုစိုက် ဖို့ဆရာကို

မှာထားတယ်ကွဲ့..  တစ်ခုခု

လိုအပ်တာနဲ့ဆရာကိုပြောနော်..."


"ဟုတ်ကဲ့ပါဆရာ ချည်အကုန်

အဆင်ပြေ ပါတယ် ဆရာမတွေကလည်း

သေချာရှင်းပြပေးပါတယ်..."


"ကောင်းပါပြီသမီး ဒါဆ်ို

သမီးစာသင်ချိန်နီးနေပြီဆိုတော့

အခန်းကို ပြန်လို့ရပြီနော်.."


"ဟုတ်ကဲ့ဆရာ ဒါဆိုချည့်ကို

ပြန်ခွင့်ပြု ပါအုံး  "


"ကောင်းပြီ သမီး...''


ချည်ကျောင်းအုပ်ကြီးအား

နှုတ်ဆက်၍ ရုံးခန်းကြီးထဲက

ပြန်ထွက်လာခဲ့သည်။


"ဖေဖေတို့ရဲ့ မျက်နှာကြောင့် ချည်ကို

အားလုံးက ဂရုစိုက်ပေးတါအား

ချည် တစ်ခါတစ်ခါ စိတ်တွေမွန်း

ကြပ်လှသည်။


ဘုတ်....


"အို...."


ထိုအချ်ိန်ချည့်အား အရှေ့က

ဝင်တိုက်လ်ိုက်သော မိန်းကလေး

​ကြောင့် ချည်ခွေခွေလေးပစ်လဲသွား

သောကြောင့် ဒေါသထွက်စွာ

သူမအရှေ့က မိန်းကလေးအား

မော့ကြည့်လိုက်ချိန်...ဟိုရက်က

ချည်အား ပြဿနာရှာသော

မိန်းကလေးဖြစ်နေသောကြောင့်

ချည်နှုတ်ခမ်းလေးဖိကိုက်ပစ်၍...


"ရှင် လူကိုမမြင်ဘူးလား.. "


"အို...sorry တို့မမြင်လ််ိုက်လို့လေ

အဟင်း...ဘာမှ မဖြစ်ဘူးမဟုတ်လား..."


တမင်လုပ်ကာပြောလာသော

ထိုအမျိုးသမီးအား ချည်

ကြည့်ကာ...ဘာမှ ပြန်မပြော

ချင်သောကြောင့် ထရပ်ဖို့ ကြိုးစား

သော်လည်း ခြေထောက်က

အစစ်ခေါက်သွားသောကြောင့်

ဖွေး၍ ဥနေသော ချည်ခြေထောက်လေး

မှာ ရဲတက်လာ၍ တဖြည်းဖြည်းနာ

ကျင်လာသောကြောင့် မျက်ရည်လေး

များပင်ဝေ့လါသည့်အထိပင်။


ထိုအရာအား လှိုင်းလက်ပိုက်ကာ

ခပ်မဲ့မဲ့ကြည့်ကာ...


"ရှင်ကို ဒါ lesson ပေးတါပဲ...

ရှင် ခွင်းကို နောက်ပိုင်း

ကျွန်မဆီပြန်ပေးရမယ်...

အခုရှင်ပိုင်နေတဲ့အရာတွေက

ကျွန်မအပိုင်တွေပဲ ...''


တစ်ယောက်ထဲ မနောစိတ်များ

နေသော ထိုမိန်းမအား ချည်ကြည့်၍...


"ရှင်တော်တော် ယောကျာ်းရှား

သွားပြီလား ရှင့်ရုပ်ရည်နဲ့ ကြိုက်

စရာတွေအများကြီးပါ ဘာလို

ခွင်းမှခွင်း ဖြစ်နေရတာလည်း

ပြီးတော့ တစ်ခုပြောလိုက်အူံးမှာ

ရှင်နဲ့ယောကျာ်းလုပြိုင်ဖို့

ကျွန်မမှာအချ်ိန်မရှိဘူး ရရင်ယူသွား

ဝမ်းမနည်းဘူး....နောက်ဆို ကျွန်မက်ို

အရေးမပါတဲ့အရာတွေ လာမပြောပါနဲ့

ရှင့်လိုအချိန်တိုင်းယောကျာ်းအကြောင်း

ပဲခေါင်းထဲထည့်နေတဲ့မိန်းမမဟုတ်ဘူး

ကျွန်မနဲ့ လာမရှင်နဲ့....''


ထိုအခါလက်ပိုက်၍ အောင်နိုင်စွာ

ပြုံးနေသော လှိုင်းမျက်နှာမှာ

နီရဲ၍ ညိုပုတ်သွားတော့သည်။


"ရှင်...ရှင် လူပါးဝလိုက်လား...

အေးရှင်ပြောတာ စောင့်ကြည့်

ကျွန်မ လက်ထဲပါလာမှ မျက်ရည်

ကျပြမနေနဲ့....''


ပြောပြီး ချေစောင့်ကာထွက်သွားသော

ထိုမိန်းမအား ချည်စိတ်ပျက်စွာကြည့်၍

သက်ပြင်လေးချမိကာ...နာကျင်နေသော

ခြေထောက်လေးအား အားယူ၍

ထရပ်လိုက်သော်လည်း မထနိုင်ဘဲ

ပြန်လဲကျသွားချ်ိန် အောက်က

ကွန်ကရစ်ကို လက်ထောက်မိသော

အရှိန်ကြောင့် လက်ဝါးလေးမှာ

ရဲသွား၍ နာကျင်လာကာ

ချည်မျက်ရည်များ ကျလာ၍

လက်သီးလေးဆုပ်ကာ..


"အဲဒါ ရှင့်ကြောင့် လူယုတ်မာ..."


ချည် သူ့အား ဒေါသတကြီး

ပြောပြီး ပါးပြင်အထက်က

မျက်ရည်များ သုတ်နေစဥ်...


"ညီမ ရရဲ့လား..လာအကိုထူပေး

မယ်...''


ထိုအချိန် ယောကျာ်းတစ်ဦးအသံ

ကြောင့် ချည်မော့ကြည့်လိုက်ချိန်

သူမအား နွေးထွေးစွာပြုံးပြနေသော

ကြောင့်ချည်ခေါင်းလေးငြိမ့်လိုက်ကာ...


"ကျေးဇူးပါရှင့်..."


"ရပါတယ်ညီမရဲ့ အကိုမြင်ပါတယ်

စောစောကလေ..."


ချည်အား တွဲထူကာပြောလာသော

ကြောင့် ချည် ခေါင်းလေးသာငြိမ့်ပြ၍...

အနီးက ထိုင်ခုံလေးအား ညွှန်ပြကာ..


"ချည်ကို အဲဒီကို ပို့ပေးပါနော်..."


"အခန်းထဲ မသွားဘူးလား

ညီမ..."


"မသွားသေးဘူးအကို ချည်

ခြေထောက်က နာနေတော့

ခဏနေပြီးမှ သွားမယ်...."


"ဒါဆို အကိုထိုင်နေပေးမယ်လေ..."


ချည်အား ရိုးသားစွာပြောလာသော

အကို့အား ချည်အားနာစွာခေါင်းလေး

ခါပြ၍...


"ရပါတယ်ရှင် စာသင်ချိန်လည်းနီးနေ

ပြီဆိုတော့ ချည်တစ်ယောက်ထည်း

နေလို့ရပါတယ်..."


"ရပါတယ် ညီမရဲ့ ဒါနဲ့ညီမ

သူငယ်ချင်းမရှိဘူးလား...."


"ဟုတ် အရင်ကရှိတယ်သူက

ဘာဖြစ်လိူ့လည်းမသိဘူး

ကျောင်းမလာတော့ဘူးလေ... "


"သြော်....ညီမကို အရက်ကသိပ်မမြင်

ဖူးဘူးနော်.. ''


"ဟုတ် ချည်က ဒီနှစ်မှ ပြောင်းလာ

တာပါ...''


"သြော် ဒါ့ကြောင့်ကို..."


နေသက် စိတ်ကျင်းကြပ်နေပုံ

ရသောသူမကြောင့် သူ အလိုက်သိစွာ

ပြုံး၍...


"အကို့နာမည်က လင်းသက်ပိုင်ပါ

နောက်လမ်းမှာတွေ့ရင် 

ခေါ်လို့ရပါတယ်.... "


"ဟုတ်ကဲ့ ချည်နာမည်က ရွှေချည်ခြင်းပါ..."


"နာမည်လေးက လူလေးနဲ့လိုက်ပါ

တယ် ဒါဆိုအကိုသွားမယ်နော်.. "


"ဟုတ်ကဲ့ ကိုလင်းသက် 

ကျေးဇူးပါနော်..."


"ရပါတယ်ဗျာ..."


ချည် ထိုအကို ထွက်သွားမှ

နာနေသော ​ခြေထောက်လေးအား

ကြည့်ကာ...မျက်နှာလေးမှာလည်း

ပျက်နေတော့သည်။


--------------==-================^^^🍓🍓🍓🍓🍓🍓🍓


"ခွင်း မင်းအိမ်တန်းပြန်မှာလား....''


"မဟုတ်ဘူး ငါ့မိန်းမကို သွားကြိုမှာ..  "


ထိုအခါ မျိုးသစ် မျက်နှာကြီး

မဲ့သွားလျှက်..


"ခွင်း မင်း မရွှေချည်ခြင်းကို

ပြောတော့ မချစ်ဘူးဆို အခုက

မင်းမှာ ထားစရာမရှိဘူး

ဖြစ်နေတယ်'''


ခွင်းဆိုင်ကယ်ကြီးအားခွထားပြီး

ဆိုင်ကယ်ဟဲမက်စောင်းနေကာ

ရပ်နေသောမျ်ိုးမင်းအားကြည့်၍...


"မချစ်ဘူးလို့ပြောမိလို့လား...မင်း

မိန်းမကြီးကြနေတာပဲ အရမ်းစပ်စုတဲ့

ကောင်...."


ဝူး....


ပြောပြီးဆိုင်ကယ်ကြီးအား

စက်န်ိုးလိုက်ကာ

မောင်းထွက်လာခဲ့တော့သည်။


သူ သူမစောင့်နေရမှာဆ်ိုးသော

ကြောင့် ဆိုင်ကယ်အား အရှိန်

မြင့်၍ သူမကျောင်းရှိရာကို

မောင်းလာခဲ့တော့သည်။


မကြာခင်သူမကျောင်းအရှေ့သို့

ရောက်....ဆိုင်ကယ်အားရပ်ကာ

သူမထွက်အလာအား ခွင်းစိတ်ရှည်

စွာစောင့်နေမိသည်။


မကြာခင် လွယ်အိတ်လေးပိုက်ကာ

ထမင်းချ်ိုင့်လေးဆွဲပြီး ထော့ကျ်ိုး

ထော့ကျိုးနဲ့ မျက်နှာလေးမဲ့ကာ

လျှောက်လာသော သူမကြောင့်

ခွင်း ဆိုင်းကယ်ပေါ်က လွှားခနဲ

ဆင်း၍ သူမအနားလျှောက်သွားကာ

သူမလက်ထဲက အိတ်နဲ့ချ်ိုင့်အား

ယူ၍ သူမလက်မောင်းလေးအား

ကိုင်ကာ...


"ချည် မင်းဘာဖြစ်တာလဲ.... "


"ဖယ်..မကိုင်နဲ့ လူယုတ်မာ.. "


"ဟာ.. "


ခွင်းစိုးရိမ်၍ မေးနေသော်လည်း

သူ့အား လူယုတ်မာလို့ပြောလာသော

သူမကြောင့် နားမလည်နိုင်စွာ

မျက်မှောင်ကုတ်သွား၍...


"ဘာဖြစ်တာလဲလို့ ကိုယ်မေးနေတာလေ...."


ချည်အားကိုင်ထားသော သူ့လက်အား

ချည်ပုတ်ထုတ်လိုက်၍....


"လာမမေးနဲ့ အကုန်ရှင့်ကြောင့်ကြီး

ဘဲ...ရှင့်ကို မမြင်ချင်ဘူး...''


ချည်သူ့ကိုတွေ့မှ ဒေါသလေးတွေက

ပိုထွက်လာပြီး မျက်ရည်များပို၍

ကျလာပြီး ဝမ်းနည်းမူတို့ကလည်း

အစားထ်ိုးဝင်ရောက်လာတော့သည်။


ခွင်း သူမပုံစံလေးအားကြည့်၍

မျက်မှောင်ကြီး ကုတ်ကာ...


"လာ အိမ်ကြမှပြောကြမယ်...သွားမယ်..."


"မသွားဘူး. ."


"ချည် မင်း ရစ်ချင် အိမ်ကြမှရစ်..

အခုတော့သွားမယ်...''


"အို..ခွင်း. ရှင်..."


မပြောမဆို ချည်ကိုယ်လေးအား

လက်တစ်ဖက်ဖြင့် ကောက်ထမ်းပြီး

ဆိုင်ကယ်ရှိရာခေါ်လာပြီး အနောက်တွင်

မထိုင်ခိုင်းဘဲ အရှေ့တွင် ချည်အား

ချပေးသောကြောင့် ချည်မျက်ဝန်းလေး

များပြူးကျယ်သွားကာ သူ့အား အလန့်

တကြားကြည့်လိုက်ချိန် မြန်ဆန်လှသော

သူကတော့ ဆိုင်ကယ်စက်နိုး၍ မောင်း

ထွက်လာပြီ ဖြစ်သည်။


သူ့ဆီက ကိုယ်သင်းနံ့ မွှေးမွှေးကြောင့်

ချည် မျက်နှာလေးမှာရဲတက်လာ၍

လူက သူရင်ခွင်ထဲရောက်နေကာ

ချည်ကိုယ်လေးအား ကျုံ့သထက်

ကျုံ့ထားကာ.... သူ့ကိုလည်း 

လှည့်မကြည့်ရဲပေ။


"ချည် မင်းအရမ်းလှတယ်..."


"ရှင်...''


မှ...


"အို..."


သူ့အား ရန်တွေ့ဖို့ လှည့်လိုက်ချိန်

နှုတ်ခမ်းလေးအား နမ်းရှိုက်ခံလိုက်

ရသောကြောင့် ချည်မျက်နှာလေးမှာ

ရဲတက်သွား၍ နှုတ်ခမ်းလေးအား

ဖိကိုက်ထားမိကာ...အရှေ့သို့သာ

လှည့်နေလိုက်တော့သည်။


အနောက်က သူကတော့

ချည်ဆံနွယ်လေးများနှင့်

ဂုတ်သားဖွေးဖွေးလေးအား

နမ်းနေတာ အကြိမ်ကြိမ်ပင်။


ထိုအခါချည် အိမ်ကြမှ

ရန်တွေ့မည် စိတ်တို့အား

ထိန်းချုပ်ကာ လိုက်ပါလာ၍

အိမ်အမြန်ရောက်ပါစေသာ

ဆုတောင်းနေတော့သည်။


ခွင်း သူမဖြစ်သွားသော ပုံစံလေး

ကြောင့် နှုတ်ခမ်းတွင်အပြုံးတို့က

ဖြစ်ထွန်းလာကာ သူမ ခြေထောက်ဖြစ်

သည်ကို သတိရသွားတော့ မျက်နှာ

ကြီးမှာ ချက်ချင်းတင်းမာသွားတော့သည်။


ချည်အား အခုလို ဖြစ်အောင်လုပ်သော

သူကတော့...မတွေးရဲစရာပင်။


 -------–--=================^^^^^🍓🍓🍓🍓🍓🍓🍓🍓🍓


အိမ်ပြန်ရောက်တော့ ခြံကြီးထဲ ဆိုင်ကယ်

ရပ်လိုက်သည်နှင့် ချည်အား ခါးလေးကနေ

ပွေ့ချလိုက်သောသူ့ကြောင့် ချည်

နှုတ်ခမ်းလေးသာ ဖိကိုက်နေမိ၍

မျက်နှာလေးမှာလည်း အရဲမပျက်။


ခွင်း ဆိုင်ကယ်ပေါ်က သူပါဆင်းလိုက်၍

သူမကိုယ်လေးကိုလည်း မလွတ်ပေးဘဲ

ထမင်းချိုင့်ရော အိတ်တွေရော လက်တစ်ဖက်ဖြင့် သယ်ကာ သူမကိုယ်ပါ ပွေ့ချီ၍

အိမ်ထဲသယ်လာတော့သည်။


အိမ်ထဲအရောက် ချည်ကိုယ်လေးကို

ဆိုဖာပေါ်ချပေးပြီး လက်ထဲက

သူမအိတ်တွေပါ ဘေးကိုချ၍

သူ မျက်မှောင်ကြီးကုတ်၍

ခါးကြီးထောက်လိုက်ကာ...


"ပြော ဘာဖြစ်တာလဲ. ."


"ဟီး...အဟင့်...ဟင့်...ဟင့်..''


ရုတ်တရပ်ငိုချလ်ိုက်သော

သူမကြောင့် ခွင်း တစ်​ယောက်

ထိပ်ထိပ်ပြာပြာဖြစ်သွားကာ..


"ဟာ...ချည် မင်းဘာဖြစ်တာလဲ...''


"ဟီး..လူယုတ်မာ...ကျွန်မကို

တစ်လမ်းလုံး နမ်းလာတာ.. .

ဟီး....''


"ဟာ..."


ထိုတော့မှ ခွင်းမျက်နှာကြီး ပြုံးစေ့စေ့

ဖြစ်သွားကာ လျှာကို ပါးစောင်းအား

ထိုး၍ ငိုနေသော သူမကိုယ်လေး

အား အတင်းဖက်တွယ်ထားလျှက်.. 


"ချည်ရယ်....အရမ်းချစ်တာပဲ.. "


ထိုအချိန် ချည်တစ်​ယောက်ချက်ချင်း 

လန့်ဖြန့်သွား၍အငိုတိတ်သွား

ပြီး သူ့အား  ပြူးပြူးလေး

ကြည့်နေတော့သည်။


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: