"ပစ္စည်းတွေ သေချာရွေ့နော်...."
"ဟုတ်ကဲ့ပါ အကိုရ...စိတ်ချ
ကျွန်တော်တို့အဖွဲ့ကြောင့်
ဘာမှ အထိခိုက်မရှိစေရဘူး...."
"အွန်း..."
ခွင်း ပေါင်ပေါ် laptop တင်ကာ
ဧည့်ခန်းတွင် အလုပ်လုပ်နေရင်း
အပေါ်ထပ်သို့ ပစ္စည်းရွေ့နေသော
အလုပ်သမားများအား ပြောပြီး
အလုပ်ကိုသာ ပြန်အာရုံစိုက်နေလိုက်သည်။
မကြာခင် အသစ်ထပ်ချဲ့မယ် showroomများအတွက်အခုရက်ပိုင်း
သူတော်တောလအလုပ်ရူပ်နေတာ
ဖြစ်သည်။
ချည် မီးဖိုဘက် သိမ်းစရာရှိတာသိမ်း
ဆည်းနေပြီး ညနေစာအတွက်
ထမင်းဟင်းချက်ကာ အုပ်စောင်းလေးနှင့်
အုပ်ကာ ပစ္စည်းများသယ်ရန်
ငှားရမ်းထားပေးသော အလုပ်သမား
များအတွက် အအေးဖျော်ကာ အိမ်
ရှေ့ကို ဗန်းလေးဖြင့် ယူလာကာ..
"ဒီက အကို...အအေးသောက်ပါအူံ
ရှင့် အခြားသူတွေအတွက်လည်း
ယူသွားနော်...''
"ဟာ ကျေးဇူးပါပဲ အမလေး မောနေတာ
နဲ့အတော်ပဲ ကျွန်တော်ပြီးရင်
ပန်ကန်တွေ ပြန်ပို့ပေးမယ်နော်..."
"ဟုတ်ကဲ့ ရပါတယ်..."
ထိုလူမှာ ဝမ်းသာအားရ ချည်လက်ထဲက
အအေးခွက်များအား ယူသွားသည်ကို
ချည် ပြုံး၍ ကြည့်နေစဥ်...
"ပျော်နေလား..."
အနောက်က ထွက်လာသော အေး
စက်စက်အသံကြောင့် ချည်
ပြုံးနေသော မျက်နှာလေးမှာ
တည်သွား၍...
"ဘာကိုလည်း..."
"မင်း အခု ဘာလုပ်တာလည်း. ."
"အအေးတိုက်တာ ရှက်မမြင်ဘူးလား..."
"ဟ မြင်တယ် ရေခဲသေတ္တာထဲမှာ
အသင့်ဖျော်ဘူးတွေရှိတယ် ဘာလို့
ဖျော်တိုက်ရတာလည်း..."
"စေတနာ ရှိလို့.."
"ဘာ မင်းစေတနာရှိရမှာ
ဒီက မင်းယောကျာ်းကိုပဲ...
နောက်ဘယ်သူ့ကိုမှ မင်း
ဖျော်တိုက်တာ မမြင်ချင်ဘူး
အသင့်ဘူးတွေပဲတိုက်...''
"ဘာဖြစ်လည်း ရှင့်လက်ငှား
ပြီး ဖျော်တိုက်နေလို့လား...'''
"အဲဒီထက်ဆိုးတယ် ငါမကြိုက်ဘူး..."
"ကျွန်မကြိုက်တယ်..."
"ရွှေချည်ခြင်း.."
"ဘာလည်း..."
တစ်ယောက်နဲ့တစ်ယောက်လေသံ
တွေမလျော့ဘဲ မျက်ဝန်းများဖြင့်
စစ်ခင်းနေကြချိန်..
"အကိုလေးနဲ့ အမလေး ကျွန်တော်
တို့ကြောင့် ရန်မဖြစ်ပါနဲ့ဗျာ...
ကျွန်တော်တို့ မသောက်တော့ပါဘူး..."
မျက်နှာလေး ငယ်စွာပြောလာသော
ထိုကောင်လေးတွေအား ချည်အားနာ
မိသွားသလောက် ခွင်း သူတို့လက်ထဲ
က ဗန်းအား ထယူလိုက်၍...
"အစောကြီးထည်းက အဲဒီလို
ဖြစ်ရမှာ...အပြင်မှာစောင့်နေ
ငါ ထွက်လာခဲ့မယ်...''
"ဟုတ်ကဲ့...အကိုလေး..."
ထိုအခါ ချည် စာနာမှုမရှိသော သူ့အား
နှုတ်ခမ်းလေးဖိကိုက်ကာကြည့်၍
ခြေလေးစောင့်ကာ အပေါ်ထပ်သို့
တက်လာခဲ့တော့သည်။
ခွင်း သူမပုံစံအားကြည့်၍...
"ဒီမိန်းမ တော်တော်ခေါင်းမာတာ..."
သူပြောပြီး ခြံထဲပစ္စည်းရွေ့သော
ကောင်လေးတွေဆီ ထွက်လာ၍..
"ရော့..ဒါ မင်းတို့အတွက်မုန့်ဖို့..
ငါ့မိန်းမ ဖျော်တာ မသောက်
ရင်ပြီရော..ငါတောင်မခိုင်းရက်ဘူး
မင်းတို့ကို ဖျော်တိုက်စရာလား..."
သူပြောပြီး ပြန်ဝင်လာချိန် အလုပ်သမား
ကောင်းလေးတွေရဲ့ အီလည်လည်မျက်နှာ
တွေအား မြင်ယောင်ကာ...
"ငါ့မိန်းမလက်နဲ့ထိတဲ့အရာမှန်သမျှ
ငါတစ်ယောက်ထဲ အတွက်ပဲ..."
"ဟေ့ကောင်...ဒီအကို မိန်းမကိူ
တော်တော်ချစ်ချက်...လက်ဖျား
ခါတယ်..."
"ဟိုကလည်း လှတာကို...အိမ်က
မိန်းမနဲ့များ ဆီနဲ့ရေ..."
"ဟုတ်တယ်ကွ...အကိုက ရေလျှ့ပုံပဲ
ငါတို့ကို မုန်းဖိုးပေးသွားတာ အများ
ကြီးပဲ..."
"အေးကွာ ငါတို့ ဒီည ဟဲကြမယ်.."
"မင်းကလည်း သောက်ဖို့ပဲ...မင်းမိန်းမ
မကြောက်ဘူးလား..."
"မကြောက်ဘူး...သွားမယ်ကွာ..."
"အေးပါကွာ...အခုတော့ ပစ္စည်းတွေ
အကုန်ချပေးပြီးလာ ကြည့်အုံး.. "
"အေးအေး..."
ပြောပြီး ကားပေါ် ပစ္စည်းကျန်မကျန်
စစ်နေကြတော့သည်။
---------=================^^^^^🍓🍓🍓🍓🍓🍓🍓🍓
"အဆင်ပြေ ပါတယ်မေမေ...
ချည်အတွက် စိတ်မပူပါနဲ့..."
"................"
"ဟုတ် မစားရသေးဘူး
မေမေ...ဖေဖေရောဟင်..."
"................"
"ဟုတ် နေကောင်းတယ်မဟုတ်လား..."
"..............."
"အဆင်ပြေ ပါတယ်မေမေ...
သူက အခု အောက်ထပ်မှာ..."
"............."
"စိတ်မပူပါနဲ့မေမေ ချည်နေရဲပါတယ်..."
".........."
"ဟုတ် နောက်တစ်ပတ် လပတ်စာ
မေးပွဲမေမေ..."
"............."
"စိတ်မပူပါနဲ့မေမေရဲ့ ချည်စာတွေအကုန်
ရနေပါပြီ..."
"............."
"ဟုတ် ပြောလိုက်မယ် မေမေ..."
"............."
ဂျောက်...
ထိုအချ်ိန် အခန်းထဲ ဝင်လာသောသူ့အား
ချည် တစ်ချက်သာကြည့်၍ ဖုန်းထဲက
မေမေပြောသံအား နားထောင်ကာ..
"အခုလား မေမေ.. ''
".........''
"ဟုတ် ခဏနော်မေမေ...''
ချည်ဖုန်းလေးအားကိုင်၍
ဆိုဖာပေါ် ထိုင်ကာ ချည်အား
ကြည့်နေသော သူ့ဆီ လျှောက်သွား၍...
"ဒီမှာ ရှင့်ကို မေမေဖုန်းပြောမလို့တဲ့..."
"ဘယ်အမေလည်း..."
"ကျွန်မအမေ..."
ထိုအခါ ခွင်း သူမလက်ထဲကဖုန်း
ယူလိုက်၍...
"ဟုတ်ကဲ့ အမေ ပြောပါ..."
".............''
"ဟုတ်ကဲ့ စျေးလောက်လည်း
အမေ...''
".............."
"မြိူ့ထဲမှာပဲလား အမေ...."
".............'''
"ဟုတ်ကဲ့အဆင်ပြေတယ် ကျွန်တော်
ကြည့်ဖို့နဲ့ငွေချေဖို့အတွက်ကို ကျွန်တော်
အားရင် လာခဲ့ပါမယ် တစ်ရက်နှစ်ရက်
အတွင်း မအားဘူးဆို ကျွန်တော့်
အသိ လွတ်လိုက်ပါ့မယ်ဗျ....."
".........."
"ဟုတ်ကဲ့ အမေ ကျေးဇူးပါဗျ..."
".........."
"ဟုတ်ကဲ့ အမေ..."
ခွင်းလက်ထဲက ချသွားသော
ဖုနအား ဘေးမှာရပ်နေသေ သူမအား
ပေးကါ...
"မင်း မန္တာလေး ပြန်ချင်လား..."
"ဟင်..."
သူ့စကားကြောင့် ချည်မျက်နှာလေး
ဝင်းပသွားကာ..
"ဘယ်တော့လည်း..."
"ကျောင်းပိတ်ရက်ပေါ့...''
"ရှင် ဘာသွားလုပ်မှာလည်း..."
"ကားShowroom အတွက်
မြေကွက်ဝယ်ဖို့သွားမှာ..."
ချည်ဝမ်းသာအားရ ခေါင်းလေး
ငြိမ့်ပြ၍. .
"အင်း သွားချင်တယ်.. "
"အင်း ဒီတစ်ပတ်ကျောင်းပိတ်
ရက်သွားမယ်..."
"အင်း...."
ချည်ခေါင်းလေးငြိမ့်ပြီး
ပြုံးကာ ရေချ်ိုးခန်းထဲဝင်လာချိန်
ခွင်း သူမအား ကြည့်၍ ပြုံးကာ
နှုတ်ခမ်းအား ဖိကိုက်ပြီး...
"အဟွန်း တက်လည်းတက်နိုင်တဲ့
မိန်းမ..."
ချည် ရေချိုးခနထဲအရောက် မျက်နှာ
လေးမှာ မေမေတို့ဆီ ပြန်ရတော့မှာ
ကြောင့် ဝမ်းသာသွား၍ ပြုံးနေမိကာ
သူမ မေမေနဲ့ ဖေဖေကို လွမ်းနေပြီ
မဟုတ်လား။
မတွေ့ရတာ အခုဆို တစ်လပင်
ပြည့်တော့မည်။ကြားထဲ သူအလုပ်
တွေကြောင့် အိမ်ကို နှစ်ပတ်ကျော်
လောက်မှ ပြောင်းရတာ ဖြစ်သည်။
မေမေသက်က စိတ်မကောင်းဖြစ်ပြီး
ငိုသောကြောင့် ဒီနေ့ ချည်မှာချော့ခဲ့
ရသေးသည်။
အခုလို အိမ်ပြောင်းလာတာလည်း
တစ်ခုတော့ကောင်းသည် ။ချည်တို့
ရန်ဖြစ်ရင်တောင် မေမေသက်တို့
စိတ်မညစ်ရတော့။
ချည်တွေးပြီး အဝတ်များချွတ်ကာ
ရေဗန်းအောက် ဝင်၍ ရေးချိုးလိုက်တော့သည်။
ဗျော....
အေးစိမ့်စိမ့် ရေများနှင့်အတူ ချည်စိတ်တို့
သည်လည်း လန်းဆန်းနေတော့သည်။
-------------------==-============^^^^🍓🍓🍓🍓🍓🍓🍓
"ကိုမျိုးသစ်..."
မျိုးသစ် လိုအပ်သော ပစ္စည်းများ
လာဝယ်ချ်ိန် သူ့အားခေါ်လိုက်သော
မိန်းကလေးတစ်ယောက်အသံကြောင့်
လှည့်ကြည့်လိုက်ချ်ိန် ပြုံးပြနေသော
မိန်းမလှလေးကြောင့် သူကြောင်သွားကာ...
"ကျွန်တော့်ကို ခေါ်တာလား..."
"ဟုတ်တယ်.. ကိုမျိုးသစ်ရဲ့...
လှိုင်းက ဆေးတက္ကသိုလ်က ပါ
ကိုမျိုးသစ်ကို ခင်ချင်တာကြာပြီး..."
ထိုအချိန် မျိုးသစ်မျက်နှာဝင်းပသွား၍...
"ဟာ..ဟုတ်ကဲ့ မင်းကို ကြားဖူးပါတယ်
အရမ်းလှတာတဲ့ အခုတော့ သူများတွေ
ပြောတာ မမှားမှန်း သိလိုက်ပါပြီ.."
ထိုအခါ လှိုင်းရှက်ပြုံးလေးပြုံးကာ..
"ဒါဆို အခူလှိုင်းတို့ မိတ်ဆွေဖြစ်တဲ့
အနေနဲ့ ကော်ဖီသောက်ကြရအောင်...''
"ဟာ..ရတာပေါ့ ဟိုဆိုင်သွားကြရအောင်
ကျွန်တော်တိုက်ပါ့မယ်..."
"အဟွန်း ရပါတယ်ရှင်... "
ပြောပြီး နှစ်ယောက်သား ကော်ဖီ
ဆိုင်လေးထဲ ဝင်လာ၍ မျိုးသစ်
မှာစရာရှိတာမှာပြီး သူမထိုင်နေသော
ဝိုင်းအား လျှောက်လာ၍ ထိုင်လိုက်ကာ...
"ကျွန်တော်ကတော့ အရမ်းလှတဲ့
မိန်းကလေးနဲ့ မိတ်ဆွေဖြစ်ရတာ
အရမ်းကံကောင်းတာပဲဗျာ..."
လှိုင်း ပြုံးကာ...
"အဟွန်း ကိုမျိုးသစ်ကလည်း
မြှောက်ပြန်ပြီ...ဒါနဲ့ကိုမျိုးသစ်
တစ်ယောက်ထည်း လာတာလား
သူငယ်ချင်းတွေရော မပါဘူးလား..."
"မပါပါဘူး ရှိတဲ့သူငယ်ချင်းက
မိန်းမရသွားပြီလေ ခွင်းမာန်ဟုန်း ကို
သိတယ်မဟုတ်လား..."
"အင်း သိတယ်လေ..''
"သူလေ မိန်းမရတာ တစ်လပဲ
ရှိသေးတယ်...သူငယ်ချင်း
ကို ဂရုမစိုက်နိုင်ဘူးဗျာ...."
ထိုအခါ လှိုင်း မျက်နှာလေးအား
ပြုံးကာ..
"ဒါနဲ့ သူတို့က ချစ်လို့ယူတာလား
ဟင်...''
"အယ် ဘယ်လိုပြောရမလည်း ခွင်းက
တော့ ချစ်တယ်လိူ့တော့မပြောဖူး
ဘူးဗျ.."
လှိုင်းမျက်နှာလေးမှာ ထိုစကားကြောင့်
ဝင်းပသွား၍...
"လူကြီးတွေကြောင့်ပေါ့နော်...''
"အင်း ဟုတ်မယ်...''
"အဟင်း ကိုမျ်ိုးမင်း စားနော်...
လှိုင်း ဝယ်ကျွေးမှာ...''
"ဟာ ရပါတယ်ဗျ ကျွန်တော်
ဝယ်ကျွေးမှာပါ..."
နှစ်ယောက်သား စကားတစ်ပြောပြောဖြင့်
ရယ်မောကာ ပြောနေကြပြီး လှိုင်း
တစ်ယောက် မျိုးသစ်ဆီက စကားများ
ကြောင့် သူမ ဝမ်းသာနေမိတာ မပြောပြတက်ပေ။
အခုတိုင်းဆို သူမ ခွင်းနဲ့နီးစပ်ဖို့
ကြိုးစားဖို့အခွင့်အရေးတွေ
ရနေပြီ မဟုတ်လား....
--------------------------=----==-=-^^^^^🍓🍓🍓🍓🍓🍓🍓🍓🍓
နောက်နေ့မနက်....ချည်ကျောင်းသွားဖို့
ပြင်ဆင်ပြီး သူ့အတွက်ရော ချည်အတွက်ပါ
ထမင်းချိုင့်များပြင်ဆင်ကာ အိတ်လေး
ဖြင့် ထုပ်ပိုးပြီး လွယ်အိတ်လေးယူကာ
စောင့်နေသော သူ့ဆီ ထွက်လာခဲ့သည်။
ခွင်း မြန်မာဝမ်းဆက်လေးဖြင့် လှပနေသော
သူမအား ဆိုင်ကယ်ပေါ်က မျက်မှောင်ကုတ်
ကာကြည့်၍....
"အဲဒါတွေ မဝတ်ရဘူလို့ပြောထားတယ်လေ..."
"ကျွန်မမှာ ဒါပဲရှိတာ..."
"တက်...''
သူမလက်ထဲက အိတ်နှင့် ထမင်းချိုင့်
အထုပ်အားယူကာ ရုပ်တည်ကြီး
ဖြင့် ပြောလာသောကြောင့် ချည်
သူ့ဆိုင်ကယ်အမြင့်ကြီးဆီ တက်ဖို့
ခက်ခဲနေ၍ နှုတ်ထမ်းလေးဖိကိုက်ကာ...
"ကျွန်မတက်တက်ဘူး..."
ထိုအခါ ခွင်း ခြေတံရှည်ကြီးနှင့်
ထောက်ထာပြီး ကိုယ်အား အနည်းငယ်
လဲ့လိုက်ကာ သူမခါးကလေးကနေ
လက်တစ်ဖက်ထည်းဖြင့် မချီ၍ တင်ပေး
လိုက်ချိန်...
"အို...''
ချည်သူ့အပြုအမူကြောင့် လန့်ဖြန့်သွား၍
သူ့အား မျက်စောင်းလေးထိုးချိန်
သူအရှေ့ကို ပြန်လည့်သွားကာ..
"ဖက်ထား... "
ချည်မျက်စောင်းလေးထိုး၍ သူ့အား
မဖက်ပဲ ထိုင်ခုံလေးကိုပဲကိုင်ထားချ်ိန်...
ဝူး.....
"အမေ့...''
ဆိုင်ကယ်ဆောင့်ထွက်လိုက်တာကြောင့်
ချည် သူ့ခါးကြီးအား ခပ်တင်းတင်း
ဖက်ထားလိုက်မိကာ...
လူယုတ်မာ....
ထိုအချိန် အရှေ့က ဆိုင်ကယ်မောင်းနေသော
ခွင့်နှုတ်ခမ်းတို့က ပြုံး၍...
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း