"လာလေ..ဘာရပ်လုပ်နေတာလည်း..."
"ရှင် ဘာလို့ အစောကြီးပြန်လာတာလည်း
ခွင်း...''
"မစောပါဘူး ဒီအချိန်ပါပဲ...မင်းကျောင်းကို
တောင် ရောက်ခဲ့သေးတယ်.."
သူ့စကားကြောင့် ချည်မျက်နှာလေး
ပျက်ယွင်းနေ၍...အဝတ်လဲခန်းဆီ
လျှောက်လာချိန်...
"ဒါဘယ်လည်း လာပါအူံး...
"အို..ခွင်း ရှင် ဘာလုပ်တာလည်း
လွတ်..."
လွတ်လို့ပြောနေသော်လည်း ခါးလေး
ကနေ မချီလိုက်သော သူ့လက်ထဲ
ချည်ကိုယ်လေး သစ်ရွက်လေးတစ်ရွက်
လိုပေါ့ပါးစွာ ပါသွားခဲ့ချိန် ချည်ပတ်ထားသော သပတ်လေးအား ပြေကျမှာဆိုး
သောကြောင့် ခပ်တင်းတင်းလေး
ဆုပ်ကိုင်ထားလိုက်မိ၍ သူ့အား မကျေမနပ်
ကြည့်ကာ....
"ခွင်း ရှင်...ရှင်.."
ထိုအချိန် ကုတင်အစပ်တွင်ထိုင်၍
သူမကိုယ်လေးအား ပေါင်ပေါ်တင်ကာ
စေ့စေ့ကြည့်နေသော သူ့ကြောင့် ချည်တစ်ကိုယ်လုံးထူပူနေကာ သူ့အား နှုတ်ခမ်းလေး
ဖိကိုက်၍ ကြည့်နေမိသည်။
"ဘာလည်း.... ပြောလေ...ဒီနေ့ မင်းလုပ်
လို့ ပင်ပန်းသွားပြီ အခုအရော်အနေနဲ့
မင်း ကိုယ့်ကို ပြန်ပေးရမယ်..."
ချည်ကိုယ်လုံးလေးအား ဝေ့ကြည့်၍
ပြောလာသော သူ့ကြောင့် ချည်
ကိုယ်လေးကြုံ့သွား၍..သူ့အား
မကျေမနပ်လေးကြည့်ကာ...
"ရှင့်ကို ဘယ်သူက ဘာလုပ်လို့လည်း
ရှင့်ဘာသာရှင် သွားတာ..."
"ဟ...မင်းကိုငါ အဲဒီမှာ နေလို့မပြော
ထားဘူးလား ငါလာကြိုမယ်လို့ပြော
ထားတယ်လေ..."
"မလာနဲ့ ရှင့်ဆိုင်ကယ်ကို မစီးဘူး
ရှင့်နဲ့လည်း အတူမပြန်ချင်ဘူး..."
"ရမလား မင်းက ငါ့မိန်းမ..ဘာလည်း
မင်းအပျိုလုပ်ချင်နေတာလား..."
"ရှင် မဆိုင်တာ မပြောနဲ့...''
"ဟုတ်တယ်လေ မင်းငါနဲ့သွားရဖို့
သေမလောက်ကြောက်နေတာ ဘာလည်း
နောက်ကောင်..."
ဘတ်..
သူ့ရင်ဘက်ကြီးအား ရိုက်လိုက်သော
သူမကြောင့် ခွင်းစကားရပ်သွားကာ
သူ့အား ဒေါသတကြီးကြည့်နေတာ
နဂါးမလေးပမာပင်။
"ခွင်း..ရှင့်ကို ကျွန်မယူထားတာ
ကျွန်မမိဘတွေ အရှက်ရမှာဆိုးလို့
ဒီထက်လွန်ပြီး ကျွန်မသိက္ခာကို မစော်ကား
နဲ့...ခွင်း ကျွန်မသည်းခံမှာမဟုတ်ဘူး..."
ခွင်ပါးစောင်အား လျှာဖြင့်ထိုး၍
သူမအား ကြည့်နေလိုက်ကာ...
"အေး အဲဒီလိုနေ မင်းအပြောနဲ့မင်းညီစေ
ယောကျာ်းတစ်ယောက်နဲ့ ခြေရူပ်တာမြင်
ကြည့် မင်းကို ငါကိုယ်တိုင် သတ်ပစ်မှာ..."
မျက်နှာချင်းထိလုမတက် တစ်ယောက်
ကိုတစ်ယောက်မကျေမချမ်းကြည့်နေ
ကြကာ ထသတ်တော့မည့်အလား....
"ဒါဆို..ဖယ်...ရှင့်ဖတ်ထားတဲ့ လက်တွေ
အခုလွတ်..''
"လွတ်ထားတာပဲ မင်းဘာသာမင်း
ရအောင်ဆင်းပါလား..."
"အမေ့...."
လွတ်တယ်ပြောပြီး ချည်ခါးလေး
အား ခပ်တင်းတင်းထပ်၍ ဖက်ထား
သောကြောင့် ချည် သူ့ခါးအား
ခွရက်လေးဖြစ်သွားလျှက် အမြင်
မတော်သော ပုံစံကြောင့် မျက်နှာလေး
မှာ ရဲချိတ်နေ၍...သူ့အား နှုတ်ခမ်းလေး
ဖိကိုက်ကာကြည့်လိုက်ကာ...
"လူယုတ်မာ..."
"အဟက်..ထပ်ယုတ်မာပေးမယ်လာ..."
"အို..."
ထိုအချိန် ချည်ကိုယ်လေးပေါ်က
တစ်ထည်တည်းသော သပတ်လေးအား
ဆောင့်ဆွဲလိုက်ကာ ကြမ်းပြင်အထက်
ပစ်ချလိုက်သောကြောင့် ချည်မထင်ထားသော သူ့လုပ်ရက်ကြောင့် ကိုယ်လေးမှာ
တုန်တက်သွား၍ အေးကနဲဖြစ်သွားကာ
ဘာမှမရှိတော့သော ကိုယ်ကြောင့် သူ့အား
ဒေါသဖြစ်သော်လည်း ကြည့်မှာဆိုးသောကြောင့် သူလည်းပင်းအား ခပ်တင်းတင်းသာ
ဖက်ထားမိ၍...
"ရှင်...ရှင်...လူယုတ်မာ မကြည့်နဲ့..."
"အာ့..မင်း...''
ခွင် သူ့လည်ပင်အား အတင်းကပ်၍
ဖက်တွယ်ထားသောသူမကြောင့်
မျက်နှာမှာ အပေါ်မော့နေကာ...
"ချည် မင်း ငါ့ကို လွတ်..."
ထိုအခါ ချည်ရှက်လွန်းသောကြောင့်
မျက်ရည်များကျလာ၍ နှုတ်ခမ်းလေး
ဖိကိုက်ကာ ခေါင်းလေးအား ခါရမ်းးလိုက်ပြီး...
"ဟင့်အင်း...ဟင့်အင်း...ရှင်လူယုတ်မာ
ကျွန်မလွတ်လိုက်ရင် ရှင်ကြည့်မှာ..."
"ဟ...ငါ့မိန်းမ ငါ့ကြည့်မှာပေါ့...
ငါမင်းကို မြင်ဖူးပြီးသားချည်ငါ့ကို
လွတ်...''
"ဟင့်အင်း မလွတ်ဘူး...''
ခွင်း သူ့လည်ပင်းအား မလွတ်တမ်းဖက်
တွယ်ထားသော သူမပုံစံကြောင့်
မျက်နှာပေါ်တွင် အပြုံးတို့ ဖြစ်ပေါ်လာကာ
သူမရဲ့ ခါးလေးအထက် လက်ရောက်
ရှိသွားချိန်..
"အမေ့..အား...လူယုတ်မာ ဘာလုပ်တာလည်း..."
"မင်း ငါ့ကို ဖက်ထားတော့ ငါက
မင်းကို ပြန်ဖက်ထားမှ ရမှာပေါ့..."
"ဟီး...အဟင့်...ဟင့်...လူယုတ်မာ
အကျင့်မကောင်းတဲ့လူ တနှာရူး
နှာဘူး.. ဟီး...အဟင့်...ဟင့်..."
သူ့အားစုံနေအောင် ကြိမ်ဆဲနေသော
သူမကြောင့် ခွင်းသူမခါးလေးကနေ
ဖက်ထားပြီး မျက်နှာပေါ်တွင်
အပြုံးတိူ့ခိုတွဲနေကာ...
"ကြိမ်ဆဲဖို့ နောက်ထပ်ဘာရှိသေးလည်း...
ကြိမ်ဆဲထားဝအောင် နောက်မှ ဟွင်း...ဟွင်း..."
ဘုတ်...
"လူယုတ်မာ..."
သူ့အပြောကြောင့် သူ့ကျောပြင်
အထက် လက်သီးဆုပ်လေး
ကျလာချိန် ခွင်းမျက်နှာကြီးမှာလည်း
သွားများပေါ်အောင် ရယ်နေတော့သည်။
"အဟက်...ဒါနဲ့ မင်း ငါ့အပေါ်က
ဘယ်တော့ဆင်းမှာလည်း..."
"ရှင် မျက်စီမှိတ်ထား..."
"မမှိတ်နိုင်ဘူး ဒီအတိုင်းဆင်းသွား
ငါကတော့ ကိုယ့်မိန်းမ ဒီလောက်လှတာ
ကြည့်မှာပဲ..."
"ရှင်က အရမ်းယုတ်မာတာ.."
"အဲဒါ မင်းဆီက ကူးတာ..."
"တနှာရူး..."
"ကိုယ်ရူးရင် မင်းလည်း ကြိုက်တာပဲ..."
"ရှင့်ကို အရမ်းမုန်းတာ..."
"ချစ်ပါလို့ ပြောလိူ့လား..."
"တောက်...နှာဘူး..."
"မင်းအတွက်မကောင်းဘူးလား.. ''
တစ်ခွန်မကျန်ပြန်ပြောလာသော
သူ့အပြောများကြောင့် ချည်
သူ့အား ဖက်ထားရင်း နှုတ်ခမ်းလေး
ဖိကိုက်ပစ်ကာ ကြမ်းပြင်က သဘက်လေး
အား အနည်းငယ် စောင်းကြည့်ကာ..
"ကျွန်မကို အဲဒီသဘက်လေး
ယူပေးပါလား..."
"ဘာလုပ်ဖို့လည်း.."
"လွတ်ပစ်မလိူ့..."
"အဲဒါဆို ကောက်မနေနဲ့..."
"အို..."
ချည်ရွဲ့ပြောတာအား တကယ်ပင်
ချည်ကိုယ်လေးအားဖက်၍ ငုံ့ကာ
ကောက်ပြီး အခန်းထောင့်ပစ်လိုက်သော
ကြောင့် သူ့ကို ဖက်ထားရင် ချည်
မျက်ဝန်းလေးများပြူးကာ မျက်နှာလေး
မှာ ငိုမဲ့မဲ့ဖြစ်သွား၍...
"ဟီး....အဟင့်...ဟင့်...ဟီး...
လူယုတ်မာ.... ပြန်ကောက်ပေး...
ဟီး... မကောင်းတဲ့အကောင်....အဟင့်..
ဟီး..."
ထိုအခါ ခွင်း တကယ်ကြီး ရှိုက်ကြီး
တငင်ငိုလာသော သူမကြောင့်
ပြာယာခပ်သွား၍ သူမကိုယ်လေးအား
ပင့်ကာ သူထရပ်လိုက်ချိန်...ငိုနေသော
သူမ အငိုတိတ်သွား၍ သူ့ကို အလန့်တကြား
ကြည့်လာချိန် ခွင်း မချိုမချဥ်ပြုံးပြကာ...
"အဝတ်လိုက်လဲပေးမယ်..."
"ဟင့်အင်း..ဟင့်အင်း..လုယုတ်မာ
မလဲနဲ့ မသွားဘူးနော်...ခွင်း..
မကောင်းတဲ့အကောင်.. "
ချည် အလန့်တကြားခေါင်းလေးခါရမ်း၍
ပြောလာသော်လည်း သူနှင့်အတူ ချည်
အဝတ်လဲခန်းထဲ ရောက်ရှိသွားချိန်
သူ့ရဲ့ မချိုမချဥ်အပြူံးတို့က ချည်အား
လှောင်ပြောင်နေသယောင်.....
--------==-==================^^^^🍓🍓🍓🍓🍓🍓🍓🍓
ခွမ်...ခလောက်...
ထမင်းစားခန်းကြီးထဲ ဒေါ်သက်ထား
ဟင်းများ ခင်ပွန်း ဖြစ်သူပန်ကန်ထဲ
ထည့်ပေးပြီး သားဖြစ်သူနှင့် ချွေးမ
ဖြစ်သူအရှေ့ ငါးရဲ့အူဟင်းလေး
တိုးပေးကါ...
"သားနဲ့သမီး ထည့်စား မေမေ
အချဥ်ဆီပြန်လေးချက်ထားတာ..."
"ဟုတ်ကဲ့မေမေ..."
ချည် မေမေအား ပြုံး၍
ပြောလိုက်ချိန်...
"ဒယ်ဒီနဲ့ မာမီ...ကျွန်တော်ပြောစရာ
ရှိတယ်..."
ထိုအခါ ထမင်းစားနေသော ဦးတမာန်
ခေါင်ထောင်၍ သားဖြစ်သူအားကြည့်ကာ...
"နောက်မှ ပြောလို့မရဘူးလား..."
"မရဘူး ဒယ်ဒီ အခုပြောချင်တာ..."
"ဒါဆိူ ပြော..."
"ကျွန်တော်နဲ့ချည် အိမ်ခွဲနေချင်တယ်..."
"ဘာ..."
"သား..."
ဦးတမာန် တအံ့တသြဖြစ်သွားချိန်
ဒေါ်သက်ထားလည်း မထင်မှတ်ထား
သောစကားကြောင့် အံ့သြမိသွားကာ
ချည်ကတော့ မျက်ဝန်းလေးပြူး၍သာ
သူ့အား ကြည့်နေမိသည် ။
"ဟုတ်တယ် ဒယ်ဒီနဲ့မာမီ...ကျွန်တော်
မိန်းမကို ကျွန်တော်ရှာဖွေထားတဲ့
ပိုက်ဆံနဲ့ပေး ကျွေးချင်တာ..."
"ဘာ အခုက ငါကျွေးနေတာကို.မင်း
မနာလိုနေလို့လား...ငယ်ငယ်ထည်းက
ငါကျွေးတာ စားလာပြီ.."
"ဒယ်ဒီမွေးထားတာ ဒယ်ဒီမကျွေး
ချင်လို့ ဘယ်သူကျွေးမှာလည်း
အခုက ချည်က ကျွန်တော့်မိန်းမ
ကျွန်တော်ကျွေးတာပဲ စားရမယ်.. "
"မင်း မိန်းမဆိုပင်မဲ့လည်း ချည်က
ငါ့သမီးလေးပဲ မင်းမစားချင်
မင်းဘာသာသွား ချည်လေးကို
မခေါ်သွားနဲ့.. "
"ကျွန်တော်မိန်းမ ကျွန်တော်မခေါ်
လို့ ဘယ်သူခေါ်မှာလည်း....''
"သမီးချည်ကို ငါတို့ ကျွေးမွေး
နိုင်တယ်...''
"မရဘူး ဒယ်ဒီ ကျွန်တော်တို့
ဒီတစ်ပတ်အတွင်း အဘိုးအမွေ
ပေးခဲ့တဲ့အိမ်ကိုပြောင်းမယ်
အကုန်ပြင်ဆင်နေပြီ..."
ဦးတမာန် သားဖြစ်သူအား
ဒေါသတကြီး ကြည့်နေချိန်...
"အို...မောင်တော်တော့ သားလည်း
တော် သားကို သားဒယ်ဒီက
ဆိုးရိမ်လို့ပြောတာပါ သားက
ဘာဖြစ်လို့ အိမ်ခွဲနေချင်ရတာလည်း
ကွယ်...''
"သားနဲ့ချည် အိမ်ထောင်တစ်ခုကို
လွတ်လွတ်လပ်လပ် ထူထောင်
ချင်လို့ပါ..."
"ဟာ..အခုမင်း မလွတ်လပ်နေလို့လား.."
"ဟုတ်တယ် မလွတ်လပ်ဘူး ဒယ်ဒီ...''
"အို မောင်နဲ့သား တော်တော့ဆို
ဟိုမှာ ရှင်တို့နှစ်ယောက်ကြောင့်
သမီးချည် လန့်နေပြီ...''
ချည်ဇွန်းလေးကိုင်၍ မျက်ဝန်းလေး
ပြူးကာကြည့်နေတာကို မြင်မှ
နှစ်ယောက်သားငြိမ်ကြသွားကာ...
"ငါ ခွင့်မပြုဘူးနော် မင်းဘာသာသွား..
သမီးချည်ကိုထားခဲ့..."
"ကျွန်တော့်မိန်းမ ကျွန်တော်ခေါ်သွားမှာ..."
"ဒီကောင်..."
"ရှင်တို့ ရန်ဖြစ်တာ ရပ်မှာလား.မရပ်ဘူးလား..."'
အသံမာ၍ ပြောလာသော ဒေါ်သက်ထား
ကြောင့် နှစ်ယောက်လုံးတိတ်သွားတော့
သည်။
ထိုအခါ ဒေါ်သက်ထားသက်ပြင်း
ချ၍...သူတို့စကားကြောင့် မျက်နှာ
လေးရဲနေသော ချွေးမဖြစ်သူလေးအား
ဂရုဏာသပ်စွာကြည့်၍...
"သမီး သမီးသဘောကရော..."
မေမေ မေးလာသောကြောင့်
ချည် ပြန်မဖြေတက်စွာငြိမ်နေ၍
သူမလည်း မေမေတို့အား သူမတို့
ကြောင့် စိတ်အနှောက်အယှက် မဖြစ်စေ
လိုပါ။
ထို့ကြောင့် ချည်ဆူံးဖြတ်ချက်လေး
ချကာ...
"ဟုတ် ချည်...ချည်သူ့နောက်
လိုက်သွားပါ့မယ် မေမေ...''
ထိုအခါခွင်းမျက်နှာပြုံးသွား၍
ဖခင်ဖြစ်သူအားကြည့်ကာ...
အောင်နိုင်သောအပြုံးဖြင့်
မျက်ခူံးပင့်ပြချ်ိန် ဦးတမာန်သား
ဖြစ်သူအားကြည့်၍ အံတကြိတ်ကြိတ်
ဖြစ်နေတော့သည်။
ဒေါ်သက်ထား ခင်ပွန်းနှင့်သားဖြစ်
သူအားကြည့်၍ မျက်စောင်းလေး
ပင် ထိုးနေလိုက်သည်။
ရန်ဖြစ်မယ်ဆို လိုက်လည်းလိုက်တဲ့
သားအဖ....
-----======================^^^^&🍓🍓🍓🍓🍓🍓
"သမီး... ညစာ စားကြမယ်လေ..."
"မစားတော့ဘူး မာမီ...လှိုင်း
အိမ်စာတွေ မပြီးလို့..."
"သမီရယ် နားနားနေနေ
လုပ်ပါကွယ်..."
လှိုင်း မိခင်ဖြစ်သူအား ခေါင်းငြိမ့်ပြ
၍...
"ဟုတ်ကဲ့ မာမီ...မာမီစားနှင့်််လေ..."
"ဟုတ်ပါပြီ...အရမ်းလည်း
နောက်မကျစေနဲ့...ပြီးရင်
မာမီ အသီးလာပိူ့ပေးမယ်..."
"ဟုတ်မာမီ...''
လှိုင်း မာမီအပြင်ဘက်ပြန်ထွက်သွားမှ
သူမမုန်းသော ရွှေချည်ခြင်းဆိုသော
မိန်းမမျက်နှာအား မြင်ယောင်၍
မဲ့လိုက်မိသည်။
လှိုင်း သူမထက်သာအောင် ကြိုးစား
ရမည်။နောက်နှစ်မှာ နိုင်ငံခြား
ပညာတော်သင်စုကို လှိုင်းရမှ
ဖြစ်မည်။
ပိုက်ဆံရှိရင် လူတိုင်းသွားနိုင်ပင်မဲ့လည်း
ကျောင်းက ပို့ပေးတါနှင့်မတူ ကျောင်းက
ပိူ့ပေးသော ပညာသင်စုက သွားရတဲ့သူ
အတွက်ပိုပြီး အခွင့်အရေးများရသည်။
ဟိုရောက်ရင် ဘာမှ ပူစရာမလိုအောင်
စီစဥ်ပေးထါးသည့်အပြင် ဆေးရုံတွေ
နဲ့လည်း ချိတ်ဆက်ပေးထါးပြီး
ပိုပြီး အထောက်အကူပြုသည့် အခွင့်အရေး
များလည်း ပို၍ ရနိုင်သည်။
အခုအခွင့်အရေးကို လှိုင်း ဘယ်သူ့ကို
မှမပေးနိုင်ပေ။
အထူးသဖြင့် ချည်ဆိုသော မိန်းမကို
ပင်။
လှိုင်းတွေးပြီး ခပ်မဲ့မဲ့လေး
ပြုံးလိုက်ကာ...
"နင့်ခွင်းကို အခုနေ ပိုင်ဆိုင်
သွားပင်မဲ့ အဲဒီအရာတွေကို
တစ်ခုချင်းစီ ငါပြန်ယူမယ်...
နင့်ကို ဘယ်တော့မှ အကျောမပေး
ဘူး ရွှေချည်ခြင်း..."
-----====================^^^^^🍓🍓🍓🍓🍓🍓🍓
ဂျောက်...ဂျောက်....
Computer ခလုတ်အပေါ် ခွင်းလက်
များ ပြေးလွှားနေပြီး သူနာရီကြည်အချိန်
ည ၁၁ခွဲပြီ ဖြစ်သောကြောင့် မပြီးသေး
သော အလုပ်တွေအား လက်စသက်လိုက်၍
အခန်းထဲက သူမအား သတိရသွားမိသည်။
အလုပ်ကိစ္စတွေ အရေးကြီးသောကြောင့်
သူ စာကြည့်ခန်းထဲတွင် လာလုပ်နေတာ
ဖြစ်သည်။
မလာခင် သူမအား သူ့ကိုစောင့်ဖို့
ပြောခဲ့သောကြောင့် ခွင်း ထရပ်လိုက်၍
အခန်းဆီကို ပြန်လျှောက်လာခဲ့သည်။
သူ လော့မချထားသော အခန်းကြီးထဲ
ဝင်လိုက်ချိန် မြင်လိုက်ရသောမြင်ကွင်း
ကြောင့် သူပြုံးမိသွား၏။
စားကြည့်စားပွဲပေါ်တွင် ခေါင်းလေး
စောင်းကာ အိပ်ပျော်နေသောချည်။
"အဟွန်း အိပ်နေလိုက်တာ...ငါ့စကား
ကို အရမ်းနားထောင်တာပဲ..."
ခွင်း သူမအား ချစ်စနိုးကြည့်၍..
အသာအနားလျှောက်သွားကာ
အိပ်ပျော်နေသော သူမကိုယ်လေး
အား အသာပွေ့ယူ၍ ကုတင်ပေါ်
တင်လိုက်ပြီး ဆံနွယ်အရှည်ကြီး
အား ရင်ဘက်လေးပေါ်ချပေး၍
သူမ မျက်နှာလှလှလေးအား
စိုက်ကြည့်နေလိုက်သည်။
အချိန်အတော်အကြာကြည့်ပြီး
သူ သူမနဖူးလေးအပေါ် အနမ်း
တစ်ပွင့်ချွေချလိုက်ကာ..
"Goodnight ချည်..."
ပြောပြီး ဘေးမီးအိမ်လေးအား
ပိတ်၍ သူမခေါင်လေးအား
အသာမ၍ သူ့လက်မောင်းပေါ်တင်ကာ
သူမခါးလေးအား ဖက်ပြီး စောင်ကို
ဆွဲခြုံလိုက်သောခွင်း....နှုတ်ခမ်းတို့
မှာ ပြုံးယောင်သမ်းသွား၍ သူမနားလေး
နားတိုးကပ်ကာ...
"မင်း မအိပ်သေးတာ ကိုယ်သိတယ်ချည်
အချိန်ရှိတုန်းလေး စလိုက်ကြမယ်..."
"အို...ရှင်..."
ထိုအချိန် ချည်မျက်ဝန်းလေးတွေ
ပြူးကျယ်သွား၍ လန့်ဖြန့်သွားကာ
စောင်အား ခေါင်းမြူးခြုံလိုက်သော
သူ့ကြောင့် အသက်ရူတွေပါ ကြပ်သွားကာ
နှုတ်ခမ်းလေးမှာလည်း သိမ်းပိုက်ချင်း
ခံလိုက်ရပြီနောက်....ခဏအကြာ ချည်
ညဝတ်ဂါဝန်အရှည်လေးမှာလည်း
စောင်တွေဘေးသို့ ရောက်ရှိလာတော့သည်။
ထိုအချ်ိန် အခန်းလေးအတွင် အသက်ရူသံ
ပြင်းပြင်းမှလွဲ၍....
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း