ကိုကိုရဲ့ဒိုးကလေး
"ဟေ့လူ..ဟေ့လူ"
"ဘာလဲကွာ ဒီမှာအလုပ်လုပ်နေတဲ့"
"အဲဒီအလုပ်ကိုရပ်ပြီး အပြင်ထွက်ပေးပါဗျာ ကျွန်တော် အဝတ်စားလှဲမလို့"
"မင်းကိုယ်ကို့ ဒိုးကလေးဆို ငါကဘာလိုအပြင်ထွက်ပေးရမလဲ မထွက်နိုင်ဘူး"
"ခင်ဗျား အကျင့်မပုတ်နဲ့ဗျာ ရေချိုးခန်းထဲမှာလှဲရင်မွန်းကျပ်လိုအပြင်ထွက်စမ်းပါဗျာ"
"မထွက်နိုင်ဘူး ဒါနဲ့ မင်းဘာလိုမငြင်းတာလဲ"
"ဘာကိုလဲ"
"ငါနဲ့လက်ထပ်ဖို့လေး ဧကနာငါကိုကြိတ်ကြိုက်နေလို့ဖြစ်မယ်"
"ဟားး ဟားး ကိုယ်ကို့အရမ်းအထင်ကြီးနေပါလား ခင်ဗျားကြီးကို ကြိတ်ကြိုက်ရအောင် ကာတွန်းစာအုပ်လည်းမဟုတ်ပဲနဲ့ ဒီမှာကျွန်တော်လည်း အမေပြောတာဆုံးအောင်နားမထောင်ပဲ လက်ခံမိလို့ ခင်ဗျားလိုလူဂွစာနဲ့ရသွားတာသိလား"
"ဘာ!!!!"
"လန့်လိုက်တာဖြေးဖြေးအော်ပါ"
"မင်းကငါနဲ့ပေးစားမှာသိသိကြီးနဲ့လက်ထပ်လိုက်တာမဟုတ်ဘူးလား."
"ခင်ဗျားနဲ့ပေးစားမှန်းသိရင် ဘယ်လက်ခံမလဲ"
"ငါ ငြင်းပါလို့ပြောတဲ့လေး"
"ခင်ဗျားကြီးနော် ကျွန်တော်ကိုလာမအော်နဲ့ ခင်ဗျားငြင်းခိုင်းတိုင်းငြင်းရအောင် ကျွန်တော်က ခင်ဗျားတပည့်လား"
"မင်းကွာ တောက် "
ဧကရာဇ်စိတ်တိုစွာ အခန်းထဲကနေထွက်၍သူငယ်ချင်းတွေနဲ့အရက်သွားသောက်သည်။
"ဒိုးကလေး ကိုကြီးရော့"
"မသိဘူး လူဂွစာကြီး ဒေါသထွက်ပြီး ဘယ်ရောက်သွားလဲမသိဘူး"
"မင်းတော့ ငါကိုကြီးကို ဒေါသထွက်အောင်လုပ်ပြန်ပြီး"
"ဟာ ကေသရာနော် မင်းကိုကြီးက ငါကိုအရမ်းအော်တာလဲ ထည့်ပြောအုံး တစ်ချိန်လုံးဒေါသချည်းပဲထွက်နေတာ ဟူးး"
."ထားလိုက်တော့ ငါအခန်းလိုက်ကြည့်မလား "
"အေးကွညျ့မယျကှာ ပြီးတော့မင်းဆီမှာကာတွန်းခွေရှိတဲ့နော် ပေးကွညျ့အုံး"
"အေးပါကှာ သွားမယ်"
ကေသရာ အခန်းလေးက တကယ်ချစ်စဖွယ်လေးပါ။သူ့အခန်းလေးက ကားတွန်လောကထဲရောက်သွားသလိုခံစားရပါသည်။
"ဝိုးးမိုက်လိုက်တာ အရမ်းလှတယ် ငါတို့ရွာက သာဂိနဲ့ကြွက်စုတ်တို့အဖွဲ့ဒီအခန်းထဲရောက်ရင် အံ့ဪလွန်လို့ ပါးစပ်ဟပြီး ယင်ကောင်ဝင်ဉမှာသေချာတယ် သူတို့အခုဆိုရင် ငါကိုလွမ်းနေမလားမသိဘူး"
ဒိုးကလေး ရွာသူငယ်ချင်းတွေသတိရကာ မျက်ရည်ဝဲသွားသည်။
"ကိုဒိုးကလေးကလည်းကွာ ဝမ်းနည်းစရာတွေးမနေနဲ့ ကာတွန်းကားကြည့်မယ် ကေသရာဆိုတဲ့ ငါက မင်းရဲ့သူငယ်ချင်းလို့သဘောထားပါကွာ"
"အေးပါ မင်းကငါရဲ့သူငယ်ချင်းပဲ ကာတွန်းကားကြည့်ရအောင်"
.နှစ်ယောက်သား ကာတွန်းကားကြည့်ကအချိန်ကုန်ခဲ့ကြ၏။
"ဧကရာဇ် သိပ်မသောက်နဲ့ကွာ မင်းအဖေကြီးနဲ့ဘိုးတော်ဆူမယ်နော်"
"ဆူ..ပါစေကွာ..အဲဒီဒိုးပြားမကြောင့် ငါလွတ်ရက်မရှိတဲ့ထောင်ကျရတဲ့ကွာ..စဉ်းစားကြည့်စမ်း..ငါလို့..စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ကျီးမဟုတ်ဘဲမဟုတ် ရဲ့ခင်ပွန်းလောင်းမဖြစ်သင့်ဘူးလေကွာ..ငါဒီနေ့မူးအောင်သောက်မယ်ကွာ.."
"အေးပါကွာ ဟေ့ကောင်ရဲထွန်း ဧကရာဇ်လိုက်ပို့လိုက်နော်"
"မင်းရော့မလိုက်ဘူးလား "
."မအားလို့ကွာ ငါမားသားကြီးက အိမ်ပြန်နောက်မကျနဲ့တဲ့"
"မင်းကလည်း အသက်ကဖင်စောင့်နေပြီး လူငယ်တစ်ယောက်လို့ထိန်းချုပ်ခံရတုန်းပဲလား.."
"မြတ်သစ်...ရဲထွန်းကမှတော်သေးတယ် ငါကျတော့ အိမ်ထောင်တစ်ခုလုံးပါထိန်းချုပ်ခံရတာကွာ.."
"မေကြီးရေ ကိုကြီး ပြန်မလာသေးဘူး"
"ဟုတ်တယ် သားကြီးကလည်း ည၉နာရီရှိနေပြီး ဖုန်းကလည်းဆက်လို့မရ သမီးဒိုးကလေးအိပ်ချင်ရင်သွားအိပ် မေကြီးတို့စောင့်နေလိုက်မယ်"
"ဟုတ်မေကြီး သား အယ်မဟုတ်ပါဘူး သမီးသွားအိပ်တော့မယ်"
"အေး.အိပ်ချင်ပြီးပေါ့ ခရီးကလည်းပန်းလာတာကိုသွားအိပ်တော့"
ဒိုးကလေး အခန်းထဲဝင်ပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်သည်။သူမ အိပ်ပြီးနာရီဝက်နေတော့ ဧရာဇ်ပြန်ရောက်လာသည်။ကေသရာနဲ့နေသရာပဲအခန်းထဲရောက်အောင်ပို့ပေးတော့သည်။
"ငါ..ခုတင်မှာ..ဘယ်သူအိပ်နေတာလဲ..ဟိတ်..ထစမ်းငါခုတင်ပေါ်မအိပ်နဲ့"
"ဝါးး.အိပ်ချင်ပါတဲ့ဆို အရက်နံကမိုးမွှန်းနေတာပဲ လူဂွစာကြီးအရက်သောက်လာတာလား"
"အသံကိုကြားမှာ ငါမိန်းမ ဒိုးပြားမဖြစ်နေပါရော့လား ဖယ်စမ်း.ငါ..ခုတင်ပေါ်မှာအိပ်မယ်"
ဧကရာဇ် တစ်ကိုယ်လုံးယိုင်ထိုးကာ ဒိုးကလေးကိုအတင်းဖယ်ခိုင်းသည်။
"အော.. အေ..အော့"
"စိတ်ညစ်လိုက်တာနော် လူသတ်ချင်စိတ်ပေါက်လာပြီး ခင်ဗျားဘာသာခုတင်ပေါ်မှသေ ကျွန်တော် အခန်းပြင်ထွက်အိပ်တော့မယ်"
"မထွက်နဲ့ မင်းနဲ့ငါစာရင်း ရှင်းစရာရှိတယ်.."
"ကျွန်တော်ကမရှိဘူး အရက်သမားနဲ့စကားမပြောချင်ဘူး..ကိုယ်ဘာသာအေးဆေးအိပ်"
"အိပ်စရာလား အသစ်စက်စက်မိန်းမလေးကို..ဖက်အိပ်ချင်သေးတာကို..လာပါ.ဒိုးပြားမရဲ့..မင်းငါကိုကြိုက်လွန်လို့ မိဘတွေစီစဉ်တာလက်ခံလိုက်တာမဟုတ်လားး..မင်းရဲ့ပါးပြင်လေးကိုလည်း..ငါမွှေးကြည့်အုံးမယ်.."
"သေချင်ပြီးလား ကျွန်တော်အသားကိုမထိနဲ့နော် သတိပေးလိုက်မယ်..အနားမကပ်နဲ့ဖယ်.!!"
"ဘာလိုအသားမထိရမှာ..မိန်းမရဲ့ခါးကိုဖက်ပြီး အနမ်းပါပေးလိုက်ချင်သေးတာဆို၍ဧကရာဇ်..ဒိုးကလေးခါးကိုဖက်ပြီး နမ်းဖို့ပြင်တော့
"ခွပ်.. ခွပ်...စွပ်...ဒုန်းး"
ဒိုးကလေး ဖက်ထားတဲ့ ဧကရာဇ် လက်ကိုလိမ်ချိုးကာ မျက်နှာကို လက်သီးနှစ်ချက်ထိုးပြီး အဓိကနေရာကို ဒူးနဲ့တိုက်ပစ်လိုက်သည်။
"အားးးး"
"မေကြီး ကိုကြီး အော်သံကြားရတယ်ဘာဖြစ်တာလဲမသိဘူး..သွားကြည့်ရအောင်"
"မကြည့်ပါနဲ့ တော်ကြာအမြင်မတော်တာတွေတွေ့နေရအုံး မဂ်လာဉီးညဆိုရင်အဲလိုပဲ ဖေကြီးတုန်းကလည်း အဲလိုပဲအော်ဖူးတဲ့"
"ရှင်ဘာတွေလျောက်ပြောနေတာလဲ..သားတွေအရှေ့မှာအရှက်ကိုမရှိဘူး"
"ကဲ့မင်းအမေရှက်သွားပြီးတွေ့လား မစိုးရိမ်ကြနဲ့ သားကြီးတို့လင်မယား အချစ်စမ်းနေကြတာ ကဲ့မိန်းမရေ ကိုယ်တို့လည်းအချစ်စမ်းကြရအောင်"
တော်တော့ကိုယွတဲ့နော် ဆိုပြီးဒေါ်ခင်နှင်းဆီ သူ့ရဲ့ယောကျာ်းကိုဗိုက်ခေါက်လိမ်ဆွဲသည်။ကေသရာနဲ့နေသရာ မိဘနှစ်ပါးကိုကြည့်ပြီး ရယ်မောကြပါသည်။
ဧကရာဇ် နိုးလာတော့ တစ်ကိုယ်လုံးနာကျင်ပြီး ခြေတွေလက်တွေလှုပ်မလို့မရတာကြောင့် မဖွင့်ချင်သောမျက်စိကိုအတင်းဖွင့်ပြီးကြည့်လိုက်တော့
"ဟာ ငါကိုဘယ်သူကြိုးတုပ်ထားတာလဲ"
"နားငြီးလိုက်တာ ခင်ဗျားကြောင့် ကျွန်တော်တစ်ညလုံးမအိပ်ရသေးဘူး"
"မအိပ်ရရင်သေပေါ့ ငါကိုကြိုးဖြေပေးစမ်း ဘာဖြစ်လိုငါမျက်နှာတစ်ခုလုံးနာကျင်နေရတာလဲမသိဘူး ပြီးတော့ အဓိနေရာကလည်းအောင့်နေတဲ့"
"ညကအဖြစ်ကိုသေချာပြန်စဉ်းစားအုံး ငြိမ်ငြိမ်နေ ကြိုးဖြေပေးမယ် "
ဒိုးကလေး ကြိုးဖြေပေးကာ ချက်ချင်းရေချိုးခန်းထဲဝင်ပြေးသွား၏။ ဧကရာဇ်ညကအဖြစ်ပျက်ကိုမြင်ယောင်ပြီး မှန့်အရှေ့သွားရပ်တော့
ပင်ဒါဝက်ဝံမျက်လုံးနှစ်လုံးက သူမျက်လုံးနဲ့အစားထိုးထားတဲ့ထင်ရအောင် ညိုမဲနေပါသည်။
"ဒုန်း..ဒုန်း..တံခါးဖွင့်စမ်း.. ဒိုးကလေး..မင်းကြောင့်ငါဘယ်လိုမျက်နှာနဲ့အလုပ်သွားရမလဲ.. ကြည့်စမ်း..ငါမျက်နှာကို့..မင်းလုပ်လို့"
"မဖွင့်နိုင်ပါဘူး..ခင်ဗျားကြီးမျက်နှာကိုမြင်ပြီးပြီး ပင်ဒါဝက်ဝံနဲ့တူတယ်သိလား..အဟီးး. ဘယ်လိုအလုပ်သွားချင်လိုလဲ ဒီအတိုင်းသွားပေါ့"
"ရမလား ဒီအတိုင်းသွားရင် လုပ်ငန်းထဲကလူတွေငါကို ဝိုင်းရယ်မှာပေါ့"
"ဘာဖြစ်လဲ ရယ်ပါစေပေါ့ ခင်ဗျားသာ ကျွန်တော်ခါးကိုလာမဖက်ခဲ့ရင် အခုလိုဖြစ်စရာအကြောင်းမရှိဘူး."
""ငါကမူးနေတာကို့ကွာ."
"အဲဒါဆိုရင် ကိုယ်အပြစ်နဲ့ကိုယ်ခံပေါ့"
ဒိုးကလေး ရေချိုးခန်းထဲကနေ ရယ်ကာပြောနေသော်လည်း အပြင်က ဧကရာဇ်ကတော့ စိတ်ညစ်ကာ ကိုယ်မျက်နှာကိုယ်ကြည့်နေမိသည်။
မနက်စာထမင်းဝိုင်း က ကေသရာအသံနဲ့ဆူညံလျက်ပါ။
"ကိုကြီးတို့အတွဲကတော့ အခုထိမထသေးဘူး ဘယ်လောက်အချစ်စမ်းထားလဲမသိဘူး အဟင်းးအဟင်းး"
"သားငယ် ပြောင်ချော်ချော်နဲ့ အစားကိုသေချာစား"
."ငါမြေးငယ်ကို မဆူစမ်းပါနဲ့ မြေးကြီးတို့ကတော့ မိန်းမမယူချင်ပေလို့ပဲ ငါတော့တစ်နှစ်အတွင်းမြစ်တွေအများကြီးရမှာသေချာတယ်..ဟားး..ဟားး"
"အဖေကလည်း သားလူပျိုအရှေ့မှာဘာတွေပြောနေလဲမသိဘူး"
"မင်းကရှက်နေတုန်းလား ယောကျာ်းနဲ့ကလေးသုံးယောက်ရပြီးတာတောင်ကို့..ဟား..ဟား"
"ငါသမက်ပြောတာအမှန်ပဲ သမီးလည်းမြေးချီးဖို့ပြင်ထားတော့..ဟား"
"ဟာ အဖေတို့နော် အရှက်မရှိမပြောပါနဲ့"
"မေကြီးတို့ ဘာတွေရယ်နေတာလဲ "
"သမီးတောင်နိုးပြီးပဲ ကိုကိုရော့"
"လူဂွစာကြီးက အယ်ဟုတ်ပါဘူး ကိုကိုလာလိမ့်မယ် မေကြီး"
"ကိုဒိုးကလေး ညကအိပ်ပျော်ရဲ့လား"
"မအိပ်ပျော်ပါဘူး ကေသရာ ရဲ့ နင်ကိုကြီးအရမ်းဆိုးတာပဲ ငါတစ်ညလုံးမအိပ်ရဘူး"
"အဟီး ဟားး.အဟက်"
တစ်မိသားစုလုံး ဝိုင်းရယ်ကြတော့ ဒိုးကလေးကြောင်တောင်တောင်လေးဖြစ်သွား၏။
"မေကြီးတို့ မောနငျး ဘာတွေသဘောကျပြီးရယ်နေတာလဲ"
"ကိုကြီးကြောင့် ဒိုးကလေး ကတစ်ညလုံးမအိပ်ရဘူးဆို အဟက်..ပြောတော့ဖြစ် မိန်းမ မယူချင်သေးဘူးတဲ့ အခုတောင်မျက်တွင်းဟောက်လို မျက်မှန်အမဲတပ်လာတာမဟုတ်လား အဟင်း.အဟင်း"
"ဟာ နေသရာ ထင်ရာတွေဇွတ်ပြောမနေနဲ့ မေကြီးတို့ထင်သလိုမဟုတ်ဘူးနော် လုံးဝမဟုတ်ဘူး"
"ဘာကိုလိမ်ချင်သေးတာလဲ ခင်ဗျားကြီးကြောင့် ကျွန်တော်တစ်ညလုံးအိပ်မရတာလေး ကြည့်ပါအုံး မေကြီး သမီးမျက်တွင်းတောင်ချိုင့်နေပြီး"
"ဟားး.ဟီးး..ဟားး"
ဒိုးကလေး အပြောကြောင့် တစ်မိသားစုလုံးဝိုင်းရယ်ကြသည်။ကေသရာနဲ့နေသရာကတော့ ဗိုက်နိပ်ပြီးရယ်လိုမဆုံးပါ။ ဧကရာဇ်ကတော့ မျက်နှာကြီးနီရဲကာရှက်၍ ဒိုးကလေးကိုသတိပေးသလိုကြည့်တော့ ဒိုးကလေးကတော့မျက်စောင်းထိုးပစ်ပြီး မုန့်ကိုသာစားပါသည်။
ဧကရာဇ် ဟော်တည်လည်းရောက်တော့ ဝန်ထမ်းတွေရဲ့ထူးဆန်းသလိုဝိုင်းကြည့်ခြင်းကိုခံရသည်။သူကလည်း တစ်ခါမှမျက်မှန်မတပ်ပဲတပ်လာတာကြောင့် ဝန်ထမ်းတိုင်းက အထူးအဆန်းကြည့်တာမဆန်းပါ။
"ဆရာတေမိ မျက်မှန်အမဲတပ်လာ ကြည့်ကောင်းလိုက်တာဟာ"
"အေးဟာ ပိုမိုက်သွားတယ်..ဆရာတေမိ အသားတောင်နည်းနည်းမဲသွားတယ်နော်"
"တောသွားတာကို့ ဒါပေမဲ့ပြန်ဖြူလာမှာပါ "
"အားလုံးသတိနဲ့နေကြနော် ဆရာတေမိ အလုပ်ပြန်လာပြီးဆိုတော့ အရင်လိုပေါ့ပေါ့နေလို့မရဘူး"
"အေးပါဟာ"
"အေးပါဟာတွေလုပ်မနေနဲ့ နင်တို့မိန်းကလေးတွေဆုံရင် အတင်းတုပ်ဖို့ပဲသိတယ် ဆရာက ၁၂နာရီ အစည်းအဝေးခေါ်တယ် အလုပ်တွေသေချာပြင်ဆင်ထားပါ"
"ဟုတ်ကဲ့ပါ ဂျာကြီး"
ဧကရာဇ် အလုပ်မလုပ်ရပဲ မျက်လုံးကို ရေခဲကပ်ကာ ဒိုးကလေး ကျိန်ဆဲနေမိ၏။ထိုနေ့တစ်နေ့လုံး ဝန်းထမ်းတွေမသိအောင် မျက်မှန်အမဲကိုတစ်နေကုန့်တပ်ထားရပါသည်။
နောက်နေ့ဆက်ရန်
စာရေးသူ သွေးမိန့်