ကိုကိုရဲ့ဒိုးကလေး
"တောက် ဒိုးပြားမ ဘယ်အချိန်ထွက်သွားလဲမသိဘူး"
"ကိုကြီး ဘာဖြစ်လိုလဲ"
"ဟိုဒိုးပြားမ ပေါ့ ငါလိုအပ်တာခိုင်းဖို့ အန်တီကျင် ငါအနားမှာနေခိုင်းတာကို အခုဘယ်ရောက်သွားပြီးလဲမသိဘူး "
"ဟားး ဟားး ကိုကြီးလည်း ဒိုးကလေးနဲ့တွေ့မှာပဲ မဖြစ်ဘူးတာတွေဖြစ်ရတော့တဲ့"
"အလတ်ကောင်နော် အရမ်းပျော်နေတာလား သေတော့မယ် ကိုယ်အကို ဒီလောက်ဖြစ်သွားတာကို့ ဝမ်းသာနေတာလား"
"မဟုတ်ပါဘူးဗျာ ဒိုးကလေးနဲ့ကိုကြီးတို့နှစ်ယောက် တကယ်ကို နေနဲ့လလိုပဲ"
"ဘာကွာ လိုက်ဖက်ညီတဲ့လိုပြောချင်တာလား"
"no no no တစ်ယောက်ကိုတစ်ယောက်မရှိမှဖြစ်မယ် နေ့နဲ့ညလိုပြောချင်တာပါ။ ကိုကြီး ဘာခိုင်းချင်လည်း ကျွန်တော်လုပ်ပေးမယ် ဒိုးကလေးလည်း မနက်ကတည်းက ကိုကြီးခိုင်းတာလုပ်ပေးနေတာပဲကို့ သွားဆော့ပါစေ အိမ်မှာနေရင်လည်း ကိုကြီးကိုဘာတှေထပျပွီးထိခိုကျအောငျ လုပ်မလဲ မပြောနိုင်ဘူး"
"ကျပ်ကျပ် သတိထား ကိုကြီးဘက်ကမပါဘူး"
ဧကရာဇ် ဒေါသထွက်ပြီးပြောလိုက်တော့ နေသရ ဇက်ပုကာ ခေါင်းငုတ်ထားရ၏။ဘာပဲပြောပြော သူ ဒိုးကလေးကိုခင်ပါသည်။ ပါးပြင်ပေါ်က သနပ်ခါးနှစ်ဖက်ကိုညီအောင်လိမ်းကာ ဆံပင်အရှည်ကို ဆံထုံးထုံးပြီး အုပ်ထုပ်ဆောင်း ဝတ်နေကျ ဂျင်းဘောင်ဘီး ဒူးဖုံးနဲ့ စပို့ရှပ် အင်ကျီဝယ် ကာ လေးခွထဲတဲ့ လွယ်အိတ်ကိုလွယ်ပြီး ထွက်သွားပုံ ၇နှစျသားရှာထဲ ထွက်ဆော့မဲ့စတိုင်နဲ့ ဒိုးကလေး ကိုသူအရမ်းခင်ကာသံယောဇဉ်ဖြစ်မိပါသည်။
"စိမ်းရေ လိုပဲ..အေးတယ်...ပန်းတွေလိုလည်းမွှေးတယ်..တစ်ယောက်ဆိုတစ်ယောက်ချစ်တယ်...ဪ...ပိတောက်ဆိုပိတောက်ပဲပွင့်တယ်"
"သီချင်း တအေးအေးနဲ့ပြန်လာနေပါလား ဒိုးကလေး"
"ဟုတ်တယ် အမေ သားတို့ညကျရင် ပူစူးမတို့အိမ်မှာ မိုက်နဲ့သီချင်းဆိုကြမှာ ပူစူးမ မွေးနေ့လည်းအမေ ဒါကြောင့် အခုကတည်းကလေ့ကျင်နေတာ"
"တိတ်စမ်း နင်အသံဆိုးကြီးနဲ့ သားဧကရာဇ်အနားမှာနေလို့ပြောတာကို မနေပဲသွားဆော့ချင်အုံး "
ဒေါ်ကျင်ကျင် ပါးစပ်ကလည်းပြော လက်ကလည်းဝါးခြမ်းပြားကိုင်ပြီး လိုက်ရိုက်သည်။အိမ်တစ်ခုလုံး ဆူညံပွတ်လောရိုက်နေပါသည်။
"အမေ မရိုက်ပါနဲ့ ဘိုးဘိုးရေ ဖေဖရေ သားကိုကယ်ပါအုံး"
"နင်အဘိုးနဲ့အဖေ ဘုန်းကြီးကျောင်းသွားတယ် အကူညီတောင်းဖို့မစဉ်းစားနဲ့ ဒိုးပြားမ တွေ့ပြီးနင်နဲ့ငါ မပြေးနဲ့"
"ပြေးမှာပဲ မပြေးရင် အရိုက်ခံရမှာပေါ့"
ဒေါ်ကျင်ကျင်အနောက်ကနေလိုက်ရိုက်တော့ ဒိုးကလေးကပတ်ပြေး ၏။ ဧကရာဇ် အသံတွေကြောင့် သူအခန်းကနေ တဖြေးဖြေးထွက်လာတော့ ဒိုးကလေးက သူ့အနောက်ပြေး၍ ကာထား၏။
"ဒိုးပြားမ သားဧကရာဇ်အနောက်ကနေ ထွက်ခဲ့စမ်း ငါစိတ်တိုလာပြီးနော် ဖြန်း..ဖြန်း"
ဒေါ်ကျင်ကျင် မောလည်းမော စိတ်တအားတိုတာကြောင့် ဒိုးကလေးကို ဧကရာဇ်နဲ့လွတ်မယ်ထင်ပြီးရိုက်သော်လည်း အရမ်းလျှင်တဲ့ ဒိုးကလေး က ဧကရာဇ် ကိုယ်ကြီးဆွဲကွယ်တာကြောင့်
"အမယ်လေး နာလိုက်တာဗျာ သေပါပြီးဗျာ "
"ဟယ် သားကိုထိသွားတာလား တောင်ပန်းပါတယ်ကွယ် ဒိုးပြားမ!!!! ဒီနေ့နင်တကယ်သေပြီး"
."အမေမရိုက်ပါနဲ့ စိတ်လျော့ပါ ကိုဧကရာဇ် ကြားထဲကနေ ထပ်ထိနေအုံးမယ် ဒိုးကလေး သွား မမတို့အခန်းထဲသွားနေ"
"ဟုတ်မမ အမေကို သေချာဆွဲထားနော်"
ဒိုးကလေး မမတို့အခန်းထဲပြေးဝင်ကာ တံခါးဂျက်သေချာထိုးပြီး ခုတင်ပေါ်လှဲနေလိုက်သည်။
ဟူးး တော်သေးတယ် ငါကိုမထိပဲ ဟိုလူဂွစားကြီးကိုထိသွားလို အရမ်းပျော်တာ သေချာတဲ့ သူကိုယ်မှာအရှိုးရာထင်သွားမှာ ဒီနေ့ငါအတွက်အပျော်တွေနဲ့ပြည့်နေပါလား မောလိုက်တာ ခဏအိပ်အုံးမှာ"
သား အရမ်းနာသွားလား အဒေါ်တောင်ပန်းပါတယ်ကွယ် "
"ရပါတယ်ဗျာ မတော်တဆဖြစ်တာပဲ "
"အဲဒီ ဒိုးပြားမ ဘယ်လိုပညာပေးရမလဲမသိဘူး"
"သား အကြံပေးရမလား"
"ပေးစမ်းပါကွယ် အန်တီလည်းအရမ်းစိတ်ညစ်လာပြီး"
"သူကိုအခန်းထဲမှာပိတ်ထားလိုက်ပါလား တံခါးဖွင့်မရအောင်လေး အန်တီစကားနားထောင်မှာဖွင့်ပေးမယ်ပြောပေါ့"
"လုပ်ကြည့်တာပေါ့ အခုသူ့အမအခန်းထဲမှာဂျက်ထိုးပြီးအိပ်နေလောက်ပြီး"
"သမီးကြီးတို့နှစ်ယောက်ဝိုင်းကူရမယ်နော်"
"အမေကလည်း ဒိုးကလေးအကြောင်းသိရဲ့သာနဲ့အောင်မြင်ပါမလား"
"လျှာရှည်တဲ့အေ ညည်းတို့ရဲ့အချစ်တော် ဒိုးပြားမကိုပညာပေးရမယ် "
"ဟုတ်ကဲ့ အမေ"
ဒီလိုနဲ့ ဒိုးကလေးကို ပညာပေးဖို့ ကြံစည်ပါသည်။
"ဟမ် တံခါးကဘာလိုဖွင့်မရတာလဲ အပြင်မှာ ဘယ်သူရှိလဲဗျို့လာဖွင့်ပေးပါ"
"မဖွင့်ပေးနိုင်ဘူး "
"အမေ သားကိုပိတ်လှောင်မထားပါနဲ့ သား မွန်းကျပ်တာမကြိုက်ဘူး မုန်းတယ်"
"ဒါဆိုရင် အပေးယူလုပ်ကြမယ်လေး "
"ဘာအပေးယူလဲ အမေ"
"သားဧကရာဇ်ရဲ့ဘေးနားမှာနေပြီး သူခိုင်းတာလုပ်ပေးရမယ် ပြီးရင် ငါစကားကိုနားထောင်ရုံပဲ"
"အမေ စကားနားထောင်မယ်လေး ဟိုလူဂွစာကြီး ခိုင်းတာတော့မလုပ်နိုင်ဘူး"
"ဘာ ငါကိုလူဂွစားကြီး ဟုတ်လား"
"ဪ ခင်ဗျားကြီးပါရှိနေတာလား ဒါခင်ဗျာကြီး အကြံလား"
"မဟုတ်ဘူးလိုတော့ မဆိုလိုပါဘူး မင်းကြောင့်ငါအခုလိုတွေဖြစ်ရတာကို့ အပေးအယူဘယ်လိုလဲ"
"မလုပ်ဘူး မဖွင့်ပေးနဲ့ ခင်ဗျားကြီးရဲ့အခိုင်းအစေတော့မလုပ်နိုင်ဘူး"
ဒေါ်ကျင်ကျင်နဲ့ ဧကရာဇ် တစ်ယောက်ကိုတစ်ယောက် မျက်ခုံးပင့်ပြကြသည်။
"ဒါဆိုရင်လည်း ပြီးတာပဲ အဲဒီအခန်းထဲမှာ ကောင်းမွန်စွာနေရစ်ခဲ့ပါ ။တစ်မိသားစုလုံး ပူစူးမ မွေးနေ့ပွဲသွားပြီး ဒိုးပြားမရေ.."
"ဟမ် မွေးနေ့ပွဲ ဟာ ဟုတ်တယ်ဒီညနေ ပူစူးမ မွေးနေ့ပွဲသီချင်းသွားဆိုရအုံးမယ် တွေးကာ တံခါးကို တဘုန်းဘုန်းထုပါတော့သည်။
"အမေ တံခါးဖွင့်ဗျာ အကျင့်မပုတ်ကြနဲ့ "
"ဒါဆိုရင် အပေးအယူလက်ခံလား"
"လက်ခံတယ်ဗျာ လက်ခံတယ်"
"ပြီးရော့ ဖွင့်ပေးမယ်"
ဒေါ်ကျင်ကျင်နဲ့ဧကရာဇ် လက်ဝါးချင်းရိုက်ကာ ပျော်ရွှင်ကြသည်။ထိုနေ့က ပူစူးမ မွေးနေ့ပွဲကို အိမ်သားတွေအကုန်သွားရောက်ကာ ပျော်ရွှင်ခဲ့ကြသည်။
ဧကရာဇ် ဘိုးဘိုးတို့မွေးရပ်မြေကိုရောက်တာ တစ်ပတ်ပြည့်သော်လည်း ရန်ကုန်ကိုမပြန်ကြသေးတာကြောင့် ဘာအကြောင်းများရှိသေးလည်းမေးဖို့ ဘိုးဘိုးနဲ့ကြီးတို့စကားပြောနေတဲ့ အခန်းကိုသူလာခဲ့ပါသည်။ဘိုးဘိုးက သူကိုမြင်တော့
."မြေးကြီး လာလေ အခုပဲလာခေါ်ခိုင်းတော့မလို့"
"သားကိုပြောစရာရှိလို့ထင်တယ်"
"ဟုတ်တယ် မြေး အဘိုး မင်းကိုအိမ်ထောင်ချပေးမလို့"
"ဗျာ!!!"
"အရမ်း အံ့ဪသွားလား သား"
"အဲဒါထက်ပိုတယ် မေကြီး"
"သားကို မေကြီးကတိတစ်ခုတောင်းခဲ့ဖူးတဲ့မှတ်မိလား"
"မှတ်မိပါတယ် မေကြီး အခုမေကြီးသဘောကျတဲ့မိန်းကလေးကိုတွေ့ပြီးလား"
"တွေ့ပြီး မေကြီး အဲဒီကလေးကိုငယ်ငယ်ကတည်းက သူမိဘတွေဆီမှာချစ်လွန်လို့နားဖောက်ထားတာ အခုရန်ကုန်မပြန်ခင်လက်ထပ်သွားမယ်"
"ဗျာ ဒါဆိုရင် အဲဒီမိန်းကလေးကဘယ်သူလဲ"
"ပန်းမှုန်ဖူးပါ သူနာမည်က သားနဲ့လည်းသိပါတယ်"
"သားအသိထဲမှာ အဲလိုနာမည်မရှိပါဘူး မေကြီး သားသိတာက အန်တီကျင်ကျင် ရဲ့သမီးကြီး ပန်းဝတ်လွှာ၊ အလတ်မ ပန်းဝတ်ရည်၊အငယ်မက ဒိုးကလေးပါပဲ နောက်တစ်ယောက်ရှိသေးလို့လား"
အဟင်း မေကြီးရဲ့သား ကဒိုးကလေးရဲ့နာမည်အရင်းကိုမသိဘူးလား"
"ပန်းမှုန်ဖူးက ဒိုးကလေးလား မဟုတ်ဘူးမဟုတ်လား မေကွီး"
"ဟုတ်တယ်သား ဒိုးကလေးရဲ့နာမည်အရင်းကပန်းမှုန်ဖူးပါ မေကြီးသူကို ချွေးမတော်ချင်တယ်"
ဧကရာဇ် ဇောချွေးပြန်ရ၍နဖူးကချွေးတွေထွက်လာရပါသည်။
"အဲဒီကျီးမဟုတ်ဘဲမဟုတ်ကို ငါယူရရင် တိုးချဲ့မဲ့ဟော်တည်ဆောက်နေတာရပ်ပြီး ငါအတွက်ဆေးရုံဆောက်ရလိမ့်မယ် ဘုရားအစုစုကယ်တော်မူပါ တပည့်တော်ဘုရားကို အဲဒီဒိုးပြားမ ကိုမယူပါရစေနဲ့ လို့သာစိတ်ထဲကနေဆုတောင်းမိပါသည်။
"သားကြီး ကတိတည်ပေးပါ ယောကျာ်းပီသသူတွေက ကတိကိုအသက်ထက်တန်ဖိုးထားကြတယ် သားကိုမေကြီး ယောကျာ်းပီသစေချင်တဲ့"
"သားကတိတည်ပါတယ် မေကြီး ဒိုးကလေးဘက်လက်မခံရင်တော့ လက်ထပ်ပွဲကိုနောက်ဆုတ်ပေးပါ"
"ကောင်းပြီး မြေး ဒါဆိုရင် ဘိုးဘိုးသူငယ်ချင်းဆီကနေပြီး ဒိုးကလေးကိုတောင်းလိုက်တော့မယ်နော်"
"ဟုတ်ကဲ့ ဘိုးဘိုးတို့လုပ်စရာမရှိတော့ရင် သား ရန်ကုန်ပြန်ချင်ပြီး အလုပ်တွေပစ်ထားရတာကြာနေလို့ပါ"
"အေးပါကွာ ဒိုးကလေးနဲ့မြေး မဂ်လာဆောင်ပြီးရင်ပြန်ကြတာပေါ့"
ဧကရာဇ် စိတ်ဓာတ်ကျစွာ ကိုယ်အခန်းကိုယ်ပြန်လာခဲ့သည်။
ဒိုးကလေးရေ မင်းလည်းငါကိုအရမ်းမုန်းနေမှန်းသိတယ် ဒါကြောင့်အတင်းငြင်းမယ်လိုငါမျှော်လင့်မိပါတယ်။မျှော်လင့်နေလို့မရဘူး သူကိုတွေ့ပြီး ငြင်းခိုင်းရမယ်တွေးကာ ကေသရာ ကိုခေါ်ကာ ဒိုးကလေးရှိရာလိုက်ခဲ့၏။
စိမ်းလန်းတဲ့ လယ်ကွင်းထဲမှာ ကောက်စိုက်နေကြတဲ့ အပျိုလူပျိုရဲ့သီချင်းငြီးသံကိုကြားရပါ၏။ဒိုးကလေးတို့ အဖွဲ့ကတော့ လယ်ကွင်းဘေးနားကမြောင်းမှာရေလာကူးကြသည်။
"ဟေ့ ဒိုးကလေး မင်းအဘိုးက ငါတို့သေချာအလုပ်မလုပ်မှာစိုးလို့ လာကြည့်ခိုင်းတာလား"
"မဟုတ်ပါဘူး ကိုကြီးသာဒင်ရ ရေလာကူးတာ ကြွက်စုတ်နဲ့သာဂိ ငါကိုမင်းတို့စိန်ခေါ်ထားတဲ့နော်"
ကောက်စိုက်နေတဲ့ သာဒင်ကိုပြန်ဖြေရင် ကြွက်စုတ်နဲ့သာဂိကိုလှမ်းပြောချင်ကြောင့် ကောကျစိုကျနတေဲ့လူတှအေကုနျမကျြနှာမှာပွုံးနကွေပါသညျ။
"ရေကူးလာပြိုင်ကြတာကို့ မင်းတို့အဖွဲ့က ငါတို့လည်း အလုပ်နားတာဆိုတော့အားပေးရမှာပေါ့ကွာ"
"ဘယ်သူဘက် အားပေးမှာလဲ ကိုသာဒင်"
"ဒိုးကလေးဘက်ကပေါ့ "
"ငါတို့ကတော သာဂိနဲ့ကြွက်စုတ်ကိုအားပေးမှာနော်"
ကောက်စိုက်တဲ့အပျိုတစ်သိုက်ကလှမ်းပြောသည်။ရေကူးပြိုင်ပွဲစတော့ လယ်ထဲကိုအလုပ်လာလုပ်ကြသော လူတွေအားလုံးလာအားပေးကြပါသည်။
"ကိုကြီး ပြန်လှည့်ရင်ကောင်းမယ်နော် ဗွက်တွေချည်းပဲ ရွံစရာကြီး"
"ကေသရာ ပြန်လှည့်လိုမဖြစ်ဘူး ဒိုးပြားမကို သေချာပြောပြပြီး ငြင်းခိုင်းရမယ်"
"ကိုကြီး သဘောပါ ဪဟိုနားမှာအသံတွေဆူညံနေတဲ့ ဒိုးကလေးတို့အဖွဲ့ပဲနေမယ်"
"သေချာတာပေါ့ အဲဒီဒိုးပြားမ ရှိတဲ့နေရာတိုင်း ပွဲစည်တဲ့ လာသွားကြစို့"
ဒိုးကလေးတို့ ရေကူးပြိုင်ပွဲကပြီးသော်လည်း သာဂိနဲ့ကြွက်စုတ်တို့က ရန်ဖြစ်နေကြ၏။
"သာဂိ မင်းအရမ်းညစ်တယ် ငါခြေထောက်ကိုလာဆွဲထားတာ ဒါကြောင့်ရှုံးတာ"
"ဟာ ငါတမင်သက်သက်လုပ်တာမှမဟုတ်တာ ငါခြေထောက်ကြွက်တက်သွားလို့ မင်းကိုဆွဲမိသွားတာကို့"
"ဟိုနှစ်ကောင် တော်ကြစမ်း နားငြီးနေတာပဲ နိုင်တဲ့ငါတောင်ကောင်းကောင်း မပျော်ရဘူးဆို၍ ဗွက်ကို လက်တစ်ဆုပ်အပြည့်ကိုင်ကာ နှစ်ယောက်လုံးကိုပစ်ပေါက်လိုက်သော်လည်း အကြောင်းသိနေသော ကြွက်စုတ်နဲ့သာဂိက ခေါင်းကိုငုတ်ကာရှောင်လိုက်တော့ သူတိုနှစ်ယောက်ရဲ့အနောက်မှာရှိနေတဲ့ ဧကရာဇ်ရဲ့ရင်ဘက်ကိုထိသွား၏။
စာရေးသူ သွေးမိန့်