book

Index 4

အပိုင်း(၄)

ကိုကိုရဲ့ဒိုးကလေး 


တံခါးဖွင့်ပြီး ဝင်လိုက်တော့ ဧကရာဇ် လှဲကျကာ ခြေထောက်မှာလည်း ကြွက်ထောင်ချောက်ရှိနေတာကြောင့် အိမ်သားအာလုံးအလန့်တကြား ဖြုတ်ပေးရပါသည်။


"ဘယ်လိုဖြစ်တာလဲ သားကြီး "


"မသိ.. ပါဘူး မေကြီး လူကိုအီဆိမ့် သွားတာပဲ"


."အိပ်ယာပေါ်မထိုင်နဲ့!!!


ကေသရာ အိပ်ရာပေါ်ထိုင်မယ်လုပ်လို့ ဧကရာဇ်တားလိုက်တာပါ။


"ကိုကြီးကလည်း လန့်လိုက်တာ ဘာလိုမထိုင်ခိုင်းတာလဲ"


"အိပ်ယာက အရမ်းစူးတဲ့"


" ဟုတ်လား  သမီးကြီး အိပ်ယာခင်းသေချာခင်းတဲ့မဟုတ်လား"


"ဟုတ် ခင်းထားပါတဲ့ ဆိုပြီး အခင်းကိုလှန်းကြည့်တော့ သံမှိုစတွေထောင်တာတွေ့လိုက်ရလို အားလုံးအံ့ဪသွားသည်။


"တောက် ဒိုးကလေး လက်ချက်ပဲ အားနာလိုက်တာရှင် တကယ်တောင်ပန်းပါတယ်"


"ရပါတယ် မကျင် အန်ကယ်မြတ်သာ ပြောပြထားတဲ့ ဒါကဒိုးကလေးအခန်းတဲ့ သူအရမ်းကြိုက်တာတဲ့ သူ့အခန်းဖယ်ခိုင်းလို့စိတ်စိုးပြီးလုပ်မိတာပါ ။မကျင် ဒိုးကလေးကိုမဆူပါနဲ့နော်"


မေကြီးကတော့ ဟိုဒိုးပြားမကို ကာကွယ်ပေးနေသေးတဲ့ ကိုယ်သားကြီးဒီလောက်နာကျင်နေတာကို့ သားကတော့မကျေနပ်ပါဘူး အဲဒီဒိုးပြားမ တစ်စစီဆွဲဖြဲချင်တယ် အန်တီကျင် အသေရိုက်ပါစေလို စိတ်ထဲနေဆုတောင်းနေမိသည်။


"မဆူလိုမရဘူး ဒိုးကလေးကအရမ်းဆိုးနေပြီး ဒီတစ်ခါအရမ်းလွန်သွားပြီး သားဧကရာဇ်ရဲ့ အဒေါ်ထပ်တောင်ပန်းပါတယ်"


"ရပါတယ်ဗျာ ကျွန်တော် ဘာမှမဖြစ်ပါဘူး"


"ကိုကြီးကလည်း ဘာလိုမဖြစ်ရမှာလည်း ကိုကြီးခြေထောက်က လမ်းလျှောက်လို့ရမှမဟုတ်ဘူးနော် "


ဟုတ်ပါရဲ့ သွေးတောင်ထွက်နေပြီး သမီးကြီးနဲ့သမီးလတ်ဆေးထည့်ပေးလိုက်အုံး"


"ဟုတ်ကဲ့ အမေ"


ဧကရာဇ်ကို ဝိုင်းပြုစုကတစ်နေ့ကုန်လို မိုးချုပ်သော်လည်း ဒိုးကလေးကအိမ်သို့ ပြန်မလာသေးပါ။


"ဂြီ....."


"ဟာ ဒီဗိုက်ကလည်း မြည်ပြန်ပြီး မမြည်နဲ့ကွာ ငါလည်းဗိုက်ဆာတာပဲ ထမင်းစားနေရငျပွေးလာရတာကို့ တောက် ဒေါ်ဇီးကွက် ဘယ်လိုသိလဲမသိဘူး ငါတို့အဖွဲကိုမြင်သွားလို့ဖြစ်မှာပေါ့ အခုဗိုက်အရမ်းဆာနေပြီး ဘယ်လိုလုပ်ရမလဲ သေချင်တာပဲ"


ဒိုးကလေး ခေါင်းကုတ်ကာ ကောက်ရိုးပုံပေါ် ဟိုဘက်လိမ့် ဒီဘက်လိမ့်နေပါသည်။ထိုအချိန် 


"ဒိုးကလေး..ဒိုးကလေးရေ ."


"အသံတိုးတိုးနဲ့ ဘယ်သူခေါ်နေတာလဲ သရဲများလား ကြောက်ပါတယ်ဆိုမှာ အရှင်မြတ်စွာဘုရားတပည့်တော်ကို ကယ်ပါဗျာ စိတ်ထဲမှာဆုတောင်းနေမိသည်။


"ဒိုးကလေးရေ ဒိုးကလေး မမကြီးနဲ့မမလတ်ပါ"


"ဟမ် မမကြီးတို့ပါလား"


ကောက်ရိုးပုံပေါ်ကနေအလျင်အမြန်ဆင်းခဲ့သည်။


"မမ သားဗိုက်ဆာ ဒီနေရာကို အမေသိလား"


"မသိဘူး နင်တော်တော့ကိုမွှေထားတာပဲ အိမ်မှာဒေါသတွေထွက်နေကြတဲ့ နင်အခန်းထဲဘာလုပ်ထားလဲ"


"အဲဒါဘယ်သူခံလိုက်ရလဲ မမကြီး"


"ကိုဧကရာဇ် "


"ယေးး ဝိုးး ဝိုး..yes!!"


ဒိုးကလေး လက်နှစ်ဖက်ကိုမြှောက်ပြီး အောင်ပွဲခံသည်။


ဒိုးကလေး အခုထိပျော်နေတုန်းလား ငါရိုက်လိုက်ရသေတော့မယ်"


"မမလတ်ကလည်း."


"ကဲ့စကားများမနေနဲ့ အိမ်ခိုးပြန်ကြမယ် တိုးတိုးလေး လိုက်ခဲ့"


ဒိုးကလေးတို့သုံးယောက် တိတ်တိတ်လေး အိမ်ကိုပြန်လာခဲ့သည်။


"မိန်းမ သားအိမ်ပြန်မလာတာ စိတ်မပူဘူးလား"


"အဟွန့်ပူစရာမလိုပါဘူး သူအစ်မတွေသွားခေါ်လို့ အခန်းထဲရောက်နေလောက်ပြီး"


"မိန်းမက ဘယ်လိုသိတာလဲ"


"ကျွန်မမွေးထားတဲ့ သမီးတွေအကြောင်းအကုန်သိတယ် ဟူးး ဒိုးကလေးက တော့ထိန်းမနိုင်ဘူး ရှင်ရွာလူကြီးလုပ်တာ ဒိုးကလေးပြသာနာတွေကိုရှင်းပေးဖို့ဖြစ်နေပြီ"


"မိန်းမကလည်းကွာ သားကတမင်တကာလုပ်တာမဟုတ်ပါဘူးကွာ"


"တော်ပြီး ကျွန်မအိပ်ပြီး ရှင်လည်းအိပ်တော့ "


ဒေါ်ကျင်ကျင် ယောကျာ်းဖြစ်သူနဲ့စကားနိုင်မလုချင်လို့ စကားလမ်းကြောင်းလွဲလိုက်တာပါ။


"ဝါးးး..အိပ်လိုကောင်းလိုက်တာကွာ"


"ဒိုးကလေး အိမ်ပြန်ရောက်နေတယ်ပေါ့"


"အားး အမေ..နာ..နာတယ်..နားရွက်ပြတ်ပြီးထင်တယ်..ဘိုးဘိုးရေ..ကယ်ပါအုံးး"


"တိတ်စမ်း အသံဗြဲနဲ့အော်မနေနဲ့ မျက်နှာသစ်ပြီးအိမ်ရှေ့ထွက်ခဲ့ သားဧကရာဇ်ကိုတောင်ပန်းရမယ်"


"မလုပ်ချင်ဘူး သူကသားအခန်းကိုအိပ်ချင်တာကို့ခံရတာနည်းသေးတဲ့"


"ဒိုးကလေး မတောင်ပန်းရင် နင်နားရွက်ကိုဒီအတိုင်းလိမ်ဆွဲထားမှာနော်"


"အားး..နာ..နာတယ်.. လွတ်ပေးပါတော့..အမေ..တောင်ပန်းပါမယ်"


"ပြီးရော့..ဟွန့် ကျပ်ကျပ် သတိထား"


ဒေါ်ကျင်ကျင် အခန်းထဲထွက်သွားမှာ ဒိုးကလေး ကိုယ်နားရွက်ကိုလက်နဲ့ပွတ်ပြီး တစ်ကိုယ်ရေးသန့်ရှင်းရေးလုပ်ခဲ့သည်။


အိမ်ရှေ့ ဧည်ခန်းထဲမှာ အိမ်ကလူတွေအကုန်ထိုင်နေကြသည်။ဒိုးကလေးလည်း ဆူပုတ်ပုတ်မျက်နှာနဲ့ ဝင်လာတော့ ဒေါ်ကျင်ကျင် မျက်ထောင်နီနဲ့ကြည့်ပြီး ဒိုးကလေး မျက်နှာအနေအထားကိုပြင်ခိုင်းသည်။ဒိုးကလေးကတော့ မသိယောင်ဆောင်ကာ ဆူပုတ်ထားသည်။


"အဟီး ဒိုးကလေးက သားဧကရာဇ်ကို တောင်ပန်းချင်လိုတဲ့ တောင်ပန်းလိုက်လေ ဒိုးကလေး ပြီးတော့ မျက်နှာကိုအီးမှန်ထားတဲ့ပုံလုပ်မနေနဲ့ နှုတ်ခမ်းကိုဝက်လိုဆူမထားနဲ့ "


"ဒိုးကလေး ခင်ဗျားကြီးကို..တောင်..ပန်း..ပါ..တယ်"


"မင်း ငါကိုတောင်ပန်းတာလား ငှက်ဖျားဖြစ်ပြီး စကားထစ်နေတာလား"


ဒိုးကလေး မျက်ထောင်နဲ့ဒေါသထွက်စွာ ဧကရာဇ်ကို ကြည့်လိုက်တော့


"တောင်ပန်းတယ် လူရဲ့အကြည့်ကလည်း မီးတောက်လောက်တယ်"


"ဒိုးကလေး သေချာတောင်းပန်စမ်း"


"တောင်ပန်းပါတယ် ..ခင်ဗျားကြီးကို ဒိုးကလေးမရည်ရွယ်ပါဘူး"


"ဒိုးကလေးရယ် အန်တီရဲ့သားကြီးကို့ ကိုကိုလိုခေါ်ပါ ခင်ဗျားကြီးလို့မခေါ်ပါနဲ့ ဒိုးကလေးထက် ၅နှစ်ကြီးတယ်"


"ပြောတာကြားလား ဒိုးကလေး ကိုကိုလို့ခေါ်တဲ့ "


"ဟာ အမေကလည်း မခေါ်ချင်ပါဘူး "


"ဒိုး က လေး"


အမေရဲ့နာမည်တစ်လုံးချင်ခေါ်ပုံက ကျောချမ်းစရာကြောင့် ဒိုးကလေး အရှုံးပေးလိုက်ရပါသည်။


"ဒိုးကလေး ငါကိုဟိုဂျာနယ်ယူပေး"


"ရော့..ခင်ဗျားကြီးခိုင်းလို့မပြီးနိုင်ဘူး"


"ဒါကတော့ ငါလည်းခိုင်းချင်လို့ခိုင်းရတာမဟုတ်ဘူး မင်းလုပ်လို့ ငါခြေထောက်လမ်းလျောက်လိုမရဘူးလေး ဘာလဲ ငါခိုင်းတာမလုပ်ချင်ဘူးပေါ့ ရတယ်လေး အန်တီကျင်ကျင် ကိုပြောလိုက်ရုံ"


"လူယုတ်မာကြီး လူဂွစာကြီး သိပ်သိပ် ညစ်ပတ်တာ သူ့ကြောင့်ငါ ရွာထဲမှာမကစားရတော့ဘူး အဲဒီလူကြီးကို ထုသတ်ချင်လိုက်တာနော်..ငါလက်သီးစားကျွေးချင်လိုက်တာနော်.."တွေးကာ ငေးနေမိတော့ သူကလက်ဖျစ်တီးပြီး


"ဘာတွေတွေးနေတာလဲ ငါကိုအမြင်ကပ်နေပြီးလား အဟွန်း မင်းရုပ်က ငါကိုအရမ်းထုသတ်ချင်နေတဲ့ပုံပဲ ငါခိုင်းတာလုပ်မှာလား ဒါမှမဟုတ် အန်တီကျင်..."


"လုပ်မယ် အမေနဲ့မတိုင် "


"ငါစကားတောင်မဆုံးသေးဘူး ချက်ချင်းအသံထွက်လာပါလား ဒါနဲ့မင်းလက်သီးစုပ်ထားတာလား အရမ်းဒေါသထွက်နေတဲ့ထင်တယ် ငါရေသောက်မလို့ သွားခပ်ပေး"


"ခင်ဗျား အရှေ့မှာ ရေဘူးရှိတာပဲ"


"No. .no. no ငါကရေအိုးထဲကရေသောက်ချင်တာ"


"ဟွန့် သေချင်ပြီးထင်တယ် လုပ်ထဲလိုက်ရလို့ ကျွန်တော်လက်သီးယားနေပြီးနော် သတိထား"


ဒိုးကလေး အံ့ကြိတ်ပြီးမျက်လုံးပြူးပြီးပြောတော့ ဧကရာဇ်က ပခုံးတွန့်ကာ


"အန်တီကျင်..ဧကရာဇ်အသံ အဆုံးထိမရောက်ခင် ဒိုးကလေး ဧကရာဇ် ပါးစပ်ကိုလက်နဲ့ပိတ်လိုက်သည်။


"အု.."


"သေချင်ပြီးလား တိုင်မနေနဲ့ခပ်ပေးမယ် ဟုတ်ပြီးလား"


"ထွီ မင်းလက်အညစ်ပတ်ကြီးနဲ့ ငါပါးစပ်ကိုလာအုပ်ရလား ရွံကြီးတာ"


""အခုမှသတိရတယ် ကျွန်တော်အိပ်သာတက်ထားတာ လက်မဆေးရသေးဘူး"


."အော့..အော. မင်းတော်တော့ညစ်ပတ်တာပဲရွံ့လိုက်တာ အော့ အော့"


ဧကရာဇ် လက်ဆေးတဲ့နေရာသို့ ထပြေးပြီးအန်ပါသည်။ ဒိုးကလေးတော့ ကျေနပ်စွာပြုံးပြီး ရွာထဲသို့ထွက်ခဲ့သည်။


ရွာထိပ်ကအရိပ်ကောင်းသော မန်ကျီးပင်အောက်ရောက်တော့ ဒိုးကလေးရဲ့ကစားဖော်ကစားဖက် သူငယ်ချင်းတွေစောင့်နေသည်။


"ကိုဒိုးကလေး ဒီနေ့မလာဘူးတောင်ထင်နေတာ"

"

"ငါကို မျှော်နေကြတဲ့ပေါ့ ကဲ့ထိုင်ကြ ပုံပြင်ပြောပါမယ်"


"ယေးး ယေးး ကိုဒိုးကလေး ပုံပြင်မနားထောင်ရတာကြာပြီး"


"ဘာခေါင်းစဉ်လဲဟင်"


"ခေါင်းစဉ်က လူဂွစာကြီးနဲ့ရွှေမင်းသားလေး"


"ပုံပြင်အသစ်ပဲ နားထောင်မယ်"ဆိုကာ ကလေးတွေအားလုံး ဒိုးကလေးကိုအလယ်ထားကာ ထိုင်ကြသည်။


်"ဟိုရှေးရှေးတုန်က အင်မတန်ရုပ်ဆိုးပြီး အကျင့်ပုတ်အကျင့်ယုတ်သော လူဂွစာကြီးရှိတယ်.....


ဒိုးကလေး ခြေဟန်လက်ဟန်ပြောတော့ ကလေးတွေစိတ်တစားနားထောင်က ဇာတ်လမ်းဆုံးတော့


"အဲဒီလူဂွစာကြီးမျက်နှာကို ဖြတ်ကန်ချင်လိုက်တာ မင်းသားလေးကိုအနိုင်ကျင့်တာ"


"ငါရော့ပဲ ကြွက်စုတ် သူကလည်းမင်းသားလေးအခန်းကိုလုသေးတဲ့ မင်းသားလေး ပညာပေးတော့ ဟိုစုန်းမကြီးကိုသွားတိုင်တယ် အဲဒီလူဂွစာကြီးကို ဘောလုံးအမှတ်နဲ့ ငါတို့တွေကန်လိုက်ရရင် ဘယ်လောက်အားရလိုက်မလဲ"


"ဒါပေါ့ သာဂိရ မင်းတို့မင်သားလေး သနားနေကြတာမဟုတ်လား"


"သနားပါတာပေါ့ ကိုဒိုးကလေးရဲ့ မင်းသားလေးက သူချစ်တဲ့သူငယ်ချင်းတွေနဲ့မဆော့ရပဲ လူဂွစာကြီးကိုပြုစုနေရတာ အဲဒီလူဂွစာကြီးကို ဂုတ်ကနေဆွဲကိုင်ပြီး ရွာထိပ်ကမြောင်းထဲလွတ်ပစ်ချင်တယ်"


"ကျေးဇူးပဲ မင်းသားလေးဘက်ကပါပေးလို့ ကဲ့ငါတို့မုန့်သွားဝယ်စားကြမယ် နောက်ပြီးရင်ဆော့မယ်"


ဒိုးကလေးပါဝင်သော ကလေးတစ်သိုက် မုန့်ဆိုသို့ ချီတက်ခဲ့ကြသည်။ဒိုးကလေးကတော့ ဟိုလူကြီးမကောင်းကြောင်းကို ပုံပြင်ထဲကနေထည့်ပြောလိုက်ရလို့ကျေနပ်လျက်ပါ။


"ဒေါ်ကြီးတုတ် သားတို့ကို အသုပ်စုံ၁၂ပွဲလာချပေး"


"ဒိုးကလေးတို့ပါလား မတွေ့တာကြာပြီးနော် ရန်ကုန်က ဧည်သည်တွေရောက်နေတဲ့ဆို"


"ဟုတ်တယ် ဒေါ်ကြီးတုတ် "


"နင်တို့အိမ်ကနတ်သား သုံးယောက်ကအရမ်းချောတယ်ဆို ငါနဲ့အေးပုံမှာ ညနေလာလည်ရင် လာငမ်းမလို့"


ဒေါ်ကြီးတုတ်ရဲ့ သမီး အိအိကဝင်ပြောသည်။


"နတ်သား သုံးပါးဟုတ်လား အခုနင်အရှေ့မှာအချောဆုံးနတ်သားတစ်ပါးရှိနေတယ်လေး. "


"ဟမ် ဘယ်မှာလဲ နတ်သား မတွေ့ပါဘူး လာနှောက်နေတဲ့ ဒိုးကလေးကတော့"


"ဘာနှောက်ရမှာလဲ အဲဒီနတ်သားက ငါလေး"


"ဟမ် ခစ်.ခစ်"


"ကျွန်တော်ရော့ပါလား ကိုဒိုးကလေး"


"ကေသရာ ဘာလိုသိပြီးလိုက်လာတာလဲ"


"မမလတ် ပြောပြတာ ဒီအချိန်အိမ်မှာမရှိရင် ရွာထိပ်က အသုတ်ဆိုင်မှာရှိတယ်တဲ့ ကျွန်တော်ကိုလည်း တစ်ပွဲပေးပါ သူတို့စားထားတာလည်း ကျွန်တော်ပဲရှင်းပါမယ်"


"မင်းအကို ငါကိုလိုက်ရှာခိုင်းတာမဟုတ်ပါဘူးနော်"


."ဟားး ကိုကြီး တစ်ယောက်ထဲထားခဲ့တာလား

ဟား ဟားး ကိုကြီးတော့ဒေါပွနေတော့မယ်"


ဒိုးကလေး ဧကရာဇ်ဒေါသထွက်တဲ့ပုံမြင်ယောင်ပြီး အသုတ်ကိုအားပါတရစားပစ်၏။


စာရေးသူ သွေးမိန့်


rate now: