book

Index 3

အပိုင်း(၃)

ကိုကိုရဲ့ဒိုးကလေး


ဒိုးကလေး တစ်ယောက် သောင်းကျန်နေပါသည်။ဘယ်လိုပြောပြောမရအောင်ပါပဲ ။အကြောင်းရင်းကတော့ ရန်ကုန်ဧည်သည်ကိုသူအခန်းမှာ အိပ်ခိုင်းမယ်ဆိုလို့ပါ။


"အမေ သားမမတို့နဲ့အတူမအိပ်ဘူးနော် သားအခန်းမှာပဲ သားအိပ်မှာ နေရာမဖယ်ပေးနိုင်ဘူး"


"ဒိုးကလေး ငါဘယ်နှစ်ခါပြောရမလဲ ဒါနင်အဘိုးရဲ့အရေးကြီးတဲ့ဧည်သည်နော် သွားနင့်ရဲ့အသုံးအဆောင်တွေ နင်အမအခန်းကိုရွှေ့ထား"


"ဟွန့် သားအခန်းပဲဘာလိုလိုချင်ရတာလဲ မမတို့အိမ်ကလည်းကောင်းတာပဲကို့ "


"လျှာမရှည်စမ်းနဲ့  ခိုင်းတာလုပ်"


အမေရဲ့ ဆူသံကြောင့် ဒိုးကလေးနှုတ်ခမ်းကိုတစ်တောင်လောက်ဆူပြီး ကိုယ်အခန်းထဲဝင်ကာအဝတ်စားထုပ်တွေရွှေ့ရပါသည်။ဒီနေ့အိမ်မှာ ဒိုးကလေး ကပ်နေရတာ ဧည်သည်လာမှာမို့လို့ပါ။ မဟုတ်ရင်အိမ်မှာကပ်ဖို့မပြောနဲ့ ဒီအချိန်လယ်တောထဲသွားရင်သွား မသွားရင်ရွာထိပ်မန်းကျီပင်အောက်မှာဆော့နေပြီးဖြစ်သည်။


"ဟွန့် ငါအခန်းကိုရန်ကုန်ကလူတွေကအိပ်မယ်ပေါ့ မကျေနပ်ဘူး ဒိုးကလေးကို ဒါမျိုးလာလုပ်လို့မရဘူး ပညာတော့ပေးရမှာပေါ့ အဟင်းအဟင်း"


ဒိုးကလေး သူ့ကြံစည်ထားတဲ့အတိုင်းလုပ်ပြီးတော့ သူရဲ့အသုံးအဆောင်တွေသယ်ကာ မမတို့အခန်းဆီသို့လေတချွန်ချွန်နဲ့လာခဲ့ပါသည်။အခုနဲ့ကစိတ်စိုးနေတာ သူမဟုတ်တော့တဲ့ပုံစံဖြစ်တာကြောင့် အမနှစ်ယောက် အံ့ဪတကြီးနဲ့ကြည့်နေပါသည်။


"ဘာတွေပြူးကြည့်နေတာလဲ သားကအိပ်ယာပေါ်မှာအိပ်မှာနော် မမတို့ကကြမ်းပြင်မှာအိပ်"


"သူများအခန်းလည်းလာနေသေးတဲ့ ငါတို့ကနင်ထက်ကြီးတဲ့နော် ခုတင်ကလည်းအကျယ်ကြီးပဲကိုအတူတူအိပ်မှာပေါ့"


"မမလတ်နော် မအိပ်နိုင်ပါဘူး သားကယောကျာ်းလေး ဘုန်းနိမ့်မယ်ပြီးတော့

အကြီးကအငယ်ကို ဉီးစားပေးရမယ်တဲ့ ဒါကြောင့်သားကခုတင်ပိုင်တဲ့"


"အရမ်းဗိုလ်ကျတဲ့ ဒိုးပြားမ အမတွေကိုငဲညာရမှန်းမသိဘူး"


"မမလတ်နော် လွန်ပြီး ဒိုးပြားမလို့ ထပ်ပြောကြည့် ရွာမြောက်ပိုင်းကနွားနို့သည် ကိုပိန်နဲ့ အောင်သွယ်လုပ်ပေးမှာ သားအကြောင်းသိတဲ့နော်"


"ကဲ့တော်ကြာပါတော့ရှင့် မောင်လေးသဘောပါပဲ အလတ်မနော်သတိထား တော်ကြာကိုပိန်ကြီးနဲ့ညားနေမယ် ကိုယ်မောင်အကြောင်းကိုယ်သိရဲ့သားနဲ့"


"ကဲ့ သား သွားဆော့အုံးမယ်အချိန်ရှိတုန်းပြောကာ လောကျစလုံးထညျ့တဲ့လှယျအိတျကိုလှယျပွီး ရွာထဲသို့ထွက်ခဲ့သည်။


"အမေကနင်ကိုဘယ်မှမသွားခိုင်းဘူးနော်"


"သွားကဒီအတိုင်း ပါးစပ်ကနေလိုက်လာမှာ ခြေထောက်ကပဲလမ်းလျောက်ရမှာ ကျစ်ရှင်းပြရတာမောတယ် တာတာ့သွားပြီ"


"ဟာကိုဒိုးကလေး လာတာနဲ့အတော်ပဲ ရွာထိပ်ကမြောင်းမှာ ငါးအများကြီးရှိတဲ့ရေခပ်ပြီး ဖမ်းရင်အများကြီးရမှာ"


"သေချာလို့လား ဖိုးတုတ်"


"မယုံရင် သာဂိနဲ့ကြွက်စုတ်တို့ပါမေးကြည့်"


ဒိုးကလေး ဟိုနှစ်ယောက်ကိုကြည့်လိုက်တော့ ဟုတ်တဲ့လိုခေါင်းငြိမ့်ပြလို့ ရွာထိပ်ဆီထွက်ခဲ့ပါသည်။


"နင်တို့ဆီမှာ ပုံးပါတယ်မဟုတ်လား"


"ပါတယ် ကိုဒိုးကလေး"


"ပြီးရော့ တစ်ယောက်တစ်လှည့်ရေခပ်ထုတ်မယ် အခုငါအရင်ခပ်ထုတ်မယ်"


ဒိုးကလေး ကလေးတစ်သိုက် ရေခပ်ထုတ်ကာ ငါးဖမ်းကြပါသည်။ ထိုစဉ်ကားတစ်စီးက သူတို့နားရပ်သွားသောကြောင့် ကလေးတွေနဲ့ဒိုးကလေး စိတ်ဝင်တစား ကားကိုကြည့်မိသည်။


ဧကရာဇ် ကားရပ်ပြီး လမ်းမေးဖို့အတွက် ရွာထိပ်က ငါးဖမ်းနေတဲ့ကလေးတစ်သိုက်တွေ့လိုရပ်လိုက်တာပါ။


"ဒီမှာ ကလေးတွေ ဉီးမြတ်သာတို့အိမ်ကဘယ်မှာလဲ"


"ဘာလုပ်မလို့လဲဗျာ ကိုဒိုးကလေးတို့အိမ်ပဲ ကိုဒိုးကလေးရေ ဒီမှာမေးနေတယ် "


"ငါကြားတယ် "ပြောရင် ဒိုးကလေး ကားဆီသွားမိသည်။


"ကားကအရမ်းမိုက်တာပဲ ကျွန်တော်တက်မယ်တံခါးဖွင့်ပေး"


".ဟာဘာလိုဖွင့်ရမလဲကွာ မင်းကြောင့်ငါကားလေးညစ်ပတ်မယ် ဝေးဝေးမှာသွားနေ"


"ခင်ဗျာကြီးမေးနေလူကကျွန်တော်အဘိုးလေးဗျာ"


."မင်းအဘိုးဆိုတိုင်း ငါကားပေါ်တက်စရာလား"


"သားကြီးဘာဖြစ်နေတာလဲ"


"ဖေကြီး ဒီမှာသားကားပေါ်တက်လာမလိုတဲ့ ဉီးမြတ်သာရဲ့မြေးတဲ့"


"သမီးက ဒိုးကလေးမဟုတ်လား"


"မဟုတ်ဘူး ."


"ဟုတ်ပါတယ် ဘဘကိုမမှတ်မိဘူးလား ဟိုတစ်ခါတုန်းက အိမ်လာလည်ဘူးတဲ့လေး"


"လူမှားတာနေပါ ကျွန်တော်ကယောကျာ်းလေးပါ မိန်းကလေးမဟုတ်ဘူး"


"အဟွန်းး အဟွန်း မှားပြောမိတာ သားကဒိုးကလေးမဟုတ်လား"


".အဲဒါဆိုရင် ဟုတ်တယ် ဘဘ"


"သားကြီး ဒိုးကလေးကို ကားပေါ်တက်ခိုင်းလိုက် သူ့လမ်းပြလိမ့်မယ်"


"ဖေဖေ သူပုံကိုကြည့်အုံး သားကားညစ်ပတ်မှာပေါ့"


"ညစ်ပတ်လဲ ပြန်လုပ်လို့ရတယ် ဒိုးကလေး လာကားပေါ်တက်ဆိုကာ ကားတံခါးဖွင့်ပြီးတက်ခိုင်းပါသည်။ဧကရာဇ် မျက်နှာသံပုရာသီးကိုက်မိသလိုတွန်လိမ့်သွားသည်။အငယ်ကောင်ကအနောက်ခန်းမှာအိပ်ပြီး အလတ်ကောင်က ဖေကြီးတို့ကားကိုမောင်းတာကြောင့် ရှေ့ခန်းလူလွတ်နေသဖြင့် ဒိုးပြားမကို ရှေ့ခန်းထိုင်ခိုင်းခြင်းကြောင့်ဖြစ်သည်။


"သာဂိနဲ့ကြွက်စုတ် ဖမ်းထားကြနော် ငါပြန်လာခဲ့မယ်"


"ဟုတ်ကိုဒိုးကလေး"


ဒိုးကလေးတို့ကားပေါ် တွင်အငြိမ်မနေပါ ဟိုဟာကိုင်ဒီကိုင်လုပ်မယ်ကြံတော့ 


"မင်းရဲ့လက်အညစ်ပတ်ကြီးနဲ့ ငါဟာကိုမကိုင်နဲ်"


"ဘာဗျာ ခင်ဗျာကြီးဟာကိုကိုင်စရာလား "ဆိုကာဧကရာဇ်အနား ကပ်သွားမိ၏။


"မင်းကိုယ်ကိုပြန်ကြည့်အုံး ယောကျာ်းလားမိန်းမလားလို့ ငါအနားမကပ်နဲ့ မင်းရဲ့လက်နဲ့ ငါအသားကိုမထိမိစေနဲ့ တကယ်အမှိုက်ထုပ်ပဲ ဟူးး ဒိုးကလေးလား ဒိုပြားလား"                        


သူကိုယ်သူ့ နတ်သားများမှတ်နေလားမသိဘူး ငါကိုများအမှိုက်ထုပ်တဲ့ လူဂွစာကြီး လက်သီးစမိချင်ပြီးနဲ့တူတယ် ကြည့်နေ ဒီညစ်ပတ်တဲ့လက်ကြီးနဲ့ ခင်ဗျားအသားကိုထိဖြစ်အောင်ထိအုံးမှာ လူဂွစာကြီးရဲ့"တွေးရင် ကားအဆောင့်မှာ ဒိုးကလေးရဲ့ ညစ်ပတ်တဲ့လက်ကြီး သူအဝတ်စားကိုထိမိသွားသည်။


"အားးး မင်းဘယ်လိုလုပ်လိုက်တာတုန်း ငါအဝတ်စားညစ်ပတ်ကုန်ပြီး!!!"


"ကိုကြီး ဘာဖြစ်တာလဲ မီးလောင်တာလား"


အနောက်ခန်းက ကေသရာဇာ နိုးကာအလန့်တကြားပြောမိ၏"


"မီးလောင်တာမဟုတ်ဘူး နွားသိုးကြီးအနီရောင်မြင်ပြီး ဒေါသထွက်နေတာ"


"ဘာကွ မင်းသေချင်ပြီးလား ငါကိုများနွားသိုးနဲ့နှိုင်းစရာလား ငါလုပ်ရင်သေတော့မယ်"


"အမယ် လုပ်ရဲလုပ်ကြည့်ပါလား ဒိုးကလေးတို့မှာလည်းလက်ပါတာပဲ ဖြတ်ရိုက်လို့သွားကျွတ်သွားမယ် ဘယ်သူကသူအဝတ်စားကိုထိချင်မှာကားကစောင့်တော့အရှိန်မထိန်းနိုင်ပဲဖြစ်သွားတာကို့"


်."အရှိန်မထိန်းနိုင်တာမဟုတ်ဘူး မင်းတမင်သက်သက်လုပ်တာငါသိတယ်"


"ကိုကြီး ဒီကောင်မလေးကဘယ်သူလဲ ဘာတွေဖြစ်နေကြတာလဲ"


"မင်းမသိရင်အေးဆေး ကေသရာ ငါစိတ်တိုနေတဲ့ အဲဒီဒိုးပြားမကြောင့် ငါအဝတ်စားပေကုန်ပြီး"


"စိတ်တိုရင်နွားမွေးလိုက် ကျွန်တော်အိမ်ရောက်ပြီး တစ်ခုသတိပေးမယ်နော် နောက်တစ်ခါဒိုးပြားမလို့ခေါ်ကြည့် ခင်ဗျားကြီးကို ပါးစပ်နဲ့မပြောဘူးတော့ ဒီမှာတွေ့လား ကျွန်တော်လက်သီးသေးပေမဲ့အထင်မသေးနဲ့ တစ်ပတ်တိတိဆန်ပြုတ်နဲ့နှစ်ပါးသွားရမယ် ဟွန့် ဒါနောက်ဆုံးဖြစ်ပါစေ"


လက်ညိုးတစ်ချောင်းထိုးပြီး သတိပေးသွားပုံ တကယ်ရိုက်သတ်ချင်စရာပါ။ဧကရာဇ် ဒေါသအရမ်းထွက်ကာ ကားမောင်းခွေကြီးကို တဘုန်းဘုန်းရိုက်ပါတော့သည်။


"ဒိုးကလေး..ဒိုးကလေး"


အိမ်ရှေ့မှာဒျေါဇီးကှကျဒေါသတကွီးချေါသံကွောငျ့ ထမင်းစားနေတဲ့ ဒိုကလေး လန့်ကာ ချောင်းဆိုးတော့ မျက်နှာချင်းဆိုင်မှာထမင်းစားနေတဲ့ ဧကရာဇ်မျက်နှာကို ထမင်းလုံးတွေစင်ကုန်ပါသည်။


"အားး ..အု"


ဧကရာဇ်စိတ်တိုစွာ အော်တော့ ဒိုးကလေးကြောက်အားလန့်အား သူစားနေတဲ့ မုန်လာဉီးချောင်းကို ဧကရာဇ်ပါးစပ်ထဲထိုးထည့်လိုက်ခြင်းဖြစ်သည်။အဖြစ်ပျက်ကမြန်ဆန်သွားတော့ အကုန်လုံးကြောင်သွားကြသည်။ ဒါကိုအခွင့်ကောင်းယူကာ ဒိုးကလေး အလျင်အမြန်အိမ်နှောက်ဖေးပေါက်ကနေ ဖိနပ်မပါပဲပြေးဆင်းခဲ့သည်။


"ဒိုးကလေး!! ဘယ်ရောက်သွားပြီးလဲ သားရဲ့အားနာလိုက်တာကွယ် "


"ရပါတယ် အန်တီအရှေ့ကဧည်သည်ကိုပဲသွားဧည့်ခံလိုက်ပါဗျာ"


"ကဲ့မဇီးကွက် ဘာဖြစ်လာတာလဲ"


."ဆရာမရဲ့ ဒိုးကလေးကအရမ်းဆိုးပါတယ်ရှင့် ကျွန်မလှမ်းထားတဲ့သဘာဝဆေးမြစ်ပုလင်းကို လေးခွနဲ့ပစ်ပြီး ကွဲအောင်လုပ်တယ် အဲဒါကြောင့်ဆုံးမပေးပါ"


."တောင်ပန်းပါတယ် မဇီးကွက်ရဲ့ ဒိုးကလေးကို နောင်မလုပ်ရဲအောင်ဆုံးမပေးပါမယ်"


"ဟုတ်ကဲ့ပါ ဆရာမရဲ့ ဆုံးမပေးပါ ရွာထဲမှာလည်းသူကြောင့် စိတ်ဆင်းရဲ့တဲ့သူတွေများနေပါပြီး"


ဒိုးကလေးကို အဲလိုပြောတော့ အကြီးမနဲ့အလတ်မကမခံနိုင်ပါ။ဒိုးကလေးက ရွာထဲကလူတွေကိုစိတ်ဆင်းရဲအောင်တမင်တကာလုပ်တာမှမဟုတ်တာ တိုက်ဆိုင်သွားတာလေး။


"သမီးရဲ့ မောင်လေးကအဲလောက်ထိလည်းမစိုးပါဘူး ဒေါ်ဇီးကွက်ရဲ့ အပ်ပေါက်ရာလေးကို ရေတွင်းပေါက်အကျယ်မပြောသင့်ပါဘူး"


"အလတ်မ ဝင်မပါနဲ့.. မဇီးကွက်ကျေနပ်အောင် ကျွန်မလျော်ကြေး ပေးပါမယျ ဆေးကဘယ်လောက်တန်ဖိုးရှိလဲဟင်"


"လျော်ကြေးလိုချင်လိုလားတာမဟုတ်ပါဘူး ဒိုးကလေးကို ဆုံးမလိုရအောင်လာပြောတာပါ"


"ဟုတ်ကဲ့ ကျွန်မဆုံးမလိုက်ပါမယ်"


"ဒါဆိုရင်သွားတော့မယ် ဆရာမ"


ဒေါ်ဇီးကွက် ပြန်သွားတော့ ဒေါ်ကျင်ကျင် ဝါးခြမ်းပြားကိုင်ပြီး ဒိုးကလေးနောက်သို့လိုက်၏။


ဒိုးကလေး ပြာသာနာတွေအရမ်းဆိုးနေပြီးဆိုတာသိသောကြောင့် အိမ်မပြန်ပဲ ကောကျရိုးပုံပျေါတကျကာ လူမမြင်အောင်ပုန်းနေပါသည်။


"ဒိုးကလေး ဒိုးကလေး ဘယ်မှာလဲထွက်ခဲ့ ကိုယ်အမှားကိုယ်သိပါ နင်ကြောင့်ရွာထဲမှာ ငါတို့အရှက်ကွဲပေါင်းများပြီး ဘယ်မှာလဲထွက်ခဲ့"


"အမေရယ် စိတ်လျော့ပါ မောင်လေးကအခုဆိုရင်ဘယ်ရောက်နေလည်းမသိဘူး အရမ်းကြောက်နေရှာမှာ မောင်လေးကို ဘာမှမလုပ်ပါနဲ့နော်"


"တိတ်စမ်း အကြီးမ နင်တို့တွေအလိုလိုက်နေလို့ ဟိုဒိုးပြားမက ကမ်းတက်နေတာ ဒီတစ်ခါတော့ ကြိုးတုပ်ပြီးရိုက်အုံးမယ်"


ဒိုးကလေး ကော်ရိုးပုံပေါ်ကနေ အမေနဲ့အမစကားပြောသံကိုကြားနေရင် အိမ်ပြန်လို့မဖြစ်ဘူးတွေးမိကာ မျက်ရည်တွေကျလာပါသည်။


"တောက် ကျီးမဟုတ်ဘဲမဟုတ် ဒိုးပြားမ အားး ရွံလိုက်တာ တကယ်ကျက်သရေတုံးပဲ သူ့ပါးစပ်ကစားပြီးသာထမင်းလုံးတွေငါဆီလာစဉ်ရတဲ့လို

အော့ အော့ အန်တီကျင်ကျင် မှတ်လောက်သားလောက်အောင်ရိုက်ပစ်ပါစေ" "


ဧကရာဇ် တစ်ကိုယ်ရေးသန့်ရှင်းရေးလုပ်ပြီး သူအိပ်ရမယ်အခန်းဆီလာကာ ခုတင်ပေါ်လှဲလိုက်တော့ 


"အားး ဆူးတယ် ဒုန်းး ဘိုင်းး"


အိပ်ယာပေါ်လှဲတဲ့အချိန် ကိုယ်တစ်ကိုယ်လုံး ဆူးခနဲ့ဖြစ်အောင်နာကျင်တာကြောင့် ကမန်းကတမ်းထလိုက်တဲ့အချိန် ကြွက်ဖမ်းတဲ့ထောင်ချောက်ပေါ်တက်နင်းမိလို့ ခြေမကိုညှပ်သွားကာ ချောလှဲတာမှခွေးကျဝက်ကျပါပဲ။


"သားး ဘာဖြစ်တာလဲ တံခါးဖွင့်ပါအုံး."


"မူးတယ် မေကြီး သားမထနိုင်တော့ဘူးထင်တယ်"


"သမီးကြီးရေ အခန်းတံခါးသော့ယူခဲ့"


."ဟုတ်ကဲ့ဖေဖေ "


အားလုံးစိုးရိမ်တကြီး တံခါးဖွင့်ပြီးဝင်လိုက်သည်။


စာရေးသူ သွေးမိန့်


rate now: