book

Index 23

ဇာတ်သိမ်းပိုင်း

ကိုကိုရဲ့ဒိုးကလေး


ဝတ်လွှာ သရဲကားကြည့်နေရင် သရဲမကြီးပေါ်လာရင် ဘေးနားကလူက သူရဲ့လက်ကြီးနဲ့ မျက်လုံးကိုအုပ်အုပ်ပစ်တာကြောင့် စိတ်ညစ်ရပါသည်။ထိုလူကိုကြည့်လိုက်ရင် သွားဖြဲပြီးရယ်ပြတာကြောင့် မျက်စောင်းခဏခဏထိုးမိရပါသည်။


"တောက် လူကိုပိုင်စိုးပိုင်နင်းနဲ့ မျက်လုံးလာပိတ်တဲ့ ဒီတစ်ခါလာပိတ်ကြည့် နာထင်မွှေးဆွဲနုတ်ပစ်မယ်"တွေးနေလျက်ပါ။ရုပ်ရှင်မှာ သရဲမကြီးထွက်လာလို့ မျက်လုံးလာပိတ်တဲ့လက်ကို တွန်းဖယ်ရင် နာထင်မွှေးကိုအားရပါးရဆွဲနုတ်ပုံက အငြိုးတကြီးနဲ့ပါ။ထိုလူရဲ့အော်သံကို တစ်ရုံးလုံးကြားပြီး သရဲဇာတ်ကားထက် ဝတ်လွှာတို့ဆီသို့အာရုံရောက်လာပါသည်။


"အားးး နားထင်မွှေးပြောင်ပြီး"


."သေလိုက် လမ်းသရဲရဲ့ မိန်းကလေးတစ်ယောက်ထဲဆိုပြီး ကူလီကူမာလုပ်မယ်မကြံနဲ့ မေကြီးရေ ဒီမှာသမီးကို လာနှောက်ယှက်နေတဲ့ "


ကေသရာ စကားပြောချိန်တောင်မရလိုက်ပါ။ဒေါ်ခင်နှင်းဆီ ဆလင်းဘက်နဲ့ ခေါငျးကိုရိုကျပစျသညျ။


ငါချွေးမကိုများ ဒင်းကစမ်းရဲတယ်ပေါ့ ဒေါ်ခင်နှင်းဆီ အကြောင်းကောင်းကောင်းသိအောင်လုပ်ပေးရမယ်"


"ဘုန်းး ဘုန်းး"


"မိန်းမ အဲဒါသားငယ်ပါ"


ဉီးသူသရ အမြန်ဝင်ဆွဲလိုပါ မဟုတ်ရင် ကေသရာ အထိနာမှာပါ။


"ဟမ် ရှင်ကဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ"


ရုပ်ရှင်ရုံထဲကလူတွေအားလုံးဝိုင်းကြည့်နေတာကြောင့် အကုန်လုံးရုပ်ရှင်ရုံအပြင်သို့ထွက်၍ စားသောက်ဆိုင်တစ်ဆိုင်မှာနေရာယူကြပါသည်။


ကျစ် ကျစ် သေပါပြီး မေကြီးရာ ဆော်ထဲပစ်တာ သား မှာနေတွေလတွေကြယ်ပါမြင်ရပြီး မိုးကောင်းကင်ရောက်သွားတဲ့အတိုင်း ကြည့်ပါအုံးနားထင်မွှေးကလည်းပြောင်ပြီး"


"တောင်ပန်းပါတယ် ကေသရာ အုံ့ဖွအုံဖွ"


"မေကြီးလည်း ဘယ်သိမှာလဲ သမီးဝတ်လွှာကိုနှောက်ယှက်တဲ့လူအဖြစ်မှတ်လောက်အောင်ဆုံးမတာပါ နေစမ်းပါအုံး ရှင်တို့သားဖချင်းမdateဘဲ ဘာလို့ကျွန်မတို့ဆီလိုက်လာကြတာလဲ အခုတော့သရဲကားတောင်မကြည့်လိုက်ရဘူး"


"မိန်းမရယ် မင်းတို့ကို ငါတို့သားဖတွေစိတ်မချလို့ပါကွာ"


"အခုရော့ ဟိုမှာ သားကြီးနှာခေါင်းမှာသွေးထွက် သားလတ်က ဝက်အူလှည့်နဲ့အထိုးခံရတယ် ဪသားငယ်ကျတော့ ကံကောင်းလို ကျွန်မက စလင်းဘတ်နဲ့ရိုက်ပြီးရင် သူရဲ့ဆံပင်ကိုဆောင့်ဆွဲမယ်လုပ်ထားတာ ဟူးး ရှင်ကို အခုမှညလုပ်ရမှာပြောပြီး ဉီးသူသရ ရဲ့ဗိုက်ခေါက်ကိုလိမ်ဆွဲပစ်သည်။


မိန်းမရယ် နာလိုက်တာ နောက်ဆိုစိတ်မပူတော့ပါဘူး မင်းတို့သုံးယောက်ကို လူဆိုးတွေက ပြန်လန့်မှာပါ လိုက်လည်းလိုက်တယ် အကုန်လုံးက လက်သံပြောင်ချက်"


"ဖေကြီးသိပြီးလား သမီးမှာကိုယ်ဝန်ရှိပေမဲ့ သွက်တုန်းနော်"


"ဟုတ်ပါတယ် ကိုဒိုးကလေးရဲ့ ကလေးကလက်ဝှေ့ထိုးပြီးထွက်လာမှာသေချာတယ် အော် မမဝတ်လွှာရဲ့ကလေးကတော့ ထွက်ထွက်ချင်း မွေးပေးတဲ့ ဆရာမကို ဆံပင်ဆောင့်ဆွဲမလားမသိဘူး"


."သားလတ်ပြောတာအမှန်ပဲ ကဲပါ ကြိုက်တာမှာစားပြီးရင်ကြိုက်တာဝယ်ကြ ဒီသားဖတွေ dateလုပ်တာနှောက်ယှက်မိလို့ အလျော်ပေးတာပါဗျာ"


ဒေါ်ခင်နှင်းဆီးနဲ့ ညီအစ်မ သုံးယောက် ဟိုသားဖသုံးယောက်ကို အထုပ်ဆွဲသူအဖြစ်သတ်မှတ်ပြီး ရှော့ပင်း ထွက်ကြပါသည်။သားဖသုံးယောက် အပင်ပန်းခံပြီး အထုပ်ဆွဲရပါသည်။


"မမကြီးရေ နွားနို့သောက်"


"ဒိုးကလေးရော့ သောက်ဘူးလား"


"မသောက်ချင်ပါဘူး နေ့တိုင်းသောက်နေရတာအီတဲ့အဲဒါကြောင့် မမကြီး အခန်းကိုနွားနို့ပိုသလိုနဲ့ ရှောင်ထွက်ပြေးလာတာ"


ဝတ်လွှာ ဒိုးကလေးရဲ့ လက်မောင်းကိုရိုက်မိရသည်။ ဗိုက်ဖုံးဂါဝန်ပန်းရောင်လေနဲ့ ဒိုးကလေးအသွင်က ချစ်စဖွယ်ကောင်းလာသည်။ကိုယ်ဝန်ရှိနေသော်လည်း သူမရဲ့လှုပ်ရှားက သွက်လက်လွန်လို့ ဧကရာဇ် အလုပ်မသွားတော့ဘဲ တစ်ချိန်လုံးစောင့်ကြည့်နေသော်လည်း   အခုလစ်ထွက်လာတဲ့ ညီမငယ်ကို ဝတ်လွှာ ရယ်လည်းရယ်ချင်ပါသည်။


"မသောက်လိုမရဘူးနော် နွားနို့သောက်မှာကလေးကအသားဖြူပြီး ထွားကြိုင်မှာ"


"မမကလည်းအရမ်းအီတာကို မမကြီးကတော့သောက်နိုင်တယ်နော်."


"သောက်ရမှာပေါ့ ကိုယ်ရဲ့ရင်သွေးအတွက်ပဲကို့"


ဒိုးကလေး မမကြီးငေးကြည့်မိရပါသည် ဗိုက်ဖုံးဂါဝန်အပြာလေးဝတ်ဆင်ထား၍ ပါးပြင်မှာသနပ်ခါးသာအဖွေးနဲ့မမရဲ့ အလှကတည်ငြိမ်ရင့်ကျက်ကာ ကျက်သရေရှိလာပါသည်။


"ဟဲ. ဘာတွေးငေးနေတာလဲ ငါကိုကြည့်ပြီး "


"မမကြီးက ပိုချောလားလို့ ဒါနဲ့မမလတ်မနေ့ကအန်နေတဲ့ ဗိုက်ကြီးလို့လားမသိဘူး"


"ဗိုက်ကြီးရင်တော့ကောင်းတာပေါ့ မမကြီးတောင် နောက်ဆရက်နေရင်မွေးတော့မယ် ခြေထောက်တွေလည်း ကိုယ်ဝန်အဆိပ်တတ်ပြီး ဖောလာပြီး"


ဟုတ်ပါတယ် မမရဲ့ ခြေထောက်ဖြူဖြူလေးတွေကာ ဖောင်းကာလျက်ပါ။


"သားကတော့ ၇လပဲရှိသေးတော့မှေးဖို့လိုသေးတဲ့ လိုပြောပြီး မမကြီးရဲ့ ဗိုက်ကိုပွတ်သတ်နေတုန်း ဧကရာဇ်တံခါးဖွင့်ပြီး ဝင်လာတာကြောင့် ဒိုးကလေး မျက်နှာရှုံမဲ့သွားရပါသည်။


"ကြည့် ထင်တယ် နွားနို့သောက်ခါနီးထွက်ပြေးတတ်တဲ့အကျင့်ကမပြင်သေးဘူး ဝတ်လွှာ သွားခွင့်ပြပါအုံး"


ဒိုးကလေးကို လှမ်းဆူ၍ ပွေ့ချီကာ ခုတင်ပေါ်မှာခြေချထိုင်နေတဲ့ ဝတ်လွှာကိုပါ တစ်ခါတည်းနှုတ်ဆက်ပြီး အခန်းထဲကနေထွက်ခဲ့သည်။


ပြောစမ်းပါအုံး ဒေါ်ဒိုးကလေး ကိုယ်ဝန်အားဆေးသောက်ရင်လည်း ထွက်ပြေး အခုနွားနို့သောက်တော့လညျး ထွက်ပြေး ကိုကိုဘာလုပ်ရမလဲ"


"မသောက်ချင်တာကို မတိုက်နဲ့ပေါ့ အားဆေးကလည်း နေ့တိုင်းသောက်ရတယ် နွားနို့ကလည်းနေ့တိုင်းသောက်ရတယ် ဘယ်လောက်စိတ်ညစ်ရလဲသိလား"


."သောက်ရမှာပေါ့ ဗိုက်ထဲက ကလေးအတွက်ကို့ လိမ်မာတဲ့သောက်နော် ကိုကိုတိုက်မယ် "


"မသောက်..အင့်"


ဒိုးကလေး အဆုံးထိတောင်မငြင်းလိုက်ရသေးဘူး ဧကရာဇ် ကနွားနို့ ပါးစပ်ထည့်ငုံပြီး ဒိုးကလေးရဲ့ပါးစပ်ထဲ့သို့ထည့်ပစ်၏။


"ကဲ့မအီပဲချိုပြီးလား ကိုယ်ဘာသာကုန်အောင်သောက်မလား အခုလိုတိုက်ရမလား"


."ဟွန့် အကျင့်ပုတ်ကြီး ကိုယ်ဘာသာသောက်မယ်"


"ဒီလိုမှာပေါ့ ကိုကိုရဲ့ဒိုးကလေးရဲ့"


ဧကရာဇ် ပြုံးစိစိနဲ့ပြောသော်လည်း ဒိုးကလေးကတော့ ချစ်မျက်စောင်းနုနုလေးထိုးမိရပါသည်။


၅နှစ်ခန့်ကြာပြီးနောက်


ရက်တွေလတွေ နှစ်တွေပြောင်းသော်လည်း သူတို့သုံးတွဲရဲ့အချစ်တွေကတော့ ပိုခိုင်မြဲလာတဲ့အပြင် သံယောဇဉ်အချစ်ကြိုးလေးတွေကလည်း သူတို့သုံးဉီးဘဝထဲရောက်ရှိလာခဲ့ပြီးလေ။


"ပန်းလေးရေ ဘယ်မှာလဲ မားမားခေါ်နေတဲ့"


"သမီး ဒီအပေါ်မှာပါ မားမား"


ဝတ်လွှာ အပေါ်ကိုမော့ကြည့်တော့ လန့်သွားရပါသည်။


ပန်းလေး ဘယ်လိုလုပ် မာကာလာပင်ပေါ်ရောက်နေရတာလဲ ပြုတ်ကျတော့မယ်"


"မပြုတ်ကျပါဘူး သမီးက အနီရောင်ပါဝါရိန်းကြားကောင်မလေးပါ မားမားရဲ့ ဒီမှာကြည့် ဆင်းပြမယ်"


ဒိုးကလေး သမီးဆင်းလာပုံကိုကြည့်ပြီး အသဲယားမိရပါသည်။သမီးကတော့ လူစွမ်းကောင်းပမာ ဆင်းလာ၏။လေးနှစ်ကျော် သမီးမျောက်လောင်းမလေးကြောင့် ကိုကိုလည်း ခဏခဏ လေးဂွစာမိရပါသည်။သမီးက သူမ ငယ်ငယ်ကဆော့ခဲ့တဲ့ လေးဂွနဲ့အိတ်ကိုတောင်းလွန်လို့ပေးမိရပါသည်။မာကာလာပင်က ဆင်းလာတဲ့ သမီးကိုပွေ့ချီပြီး ဆုံးမရပါသည်။


"ပန်းလေး နောက်ဆိုရင်အပင်ပေါ်မတက်ရဘူးနော် ကြားလား"


"မားမားကလဲ သမီးက အပင်ပေါ်တက်ချင်တာကို့"


."သမီးလေး မတော်တဆပြုတ်ကြရင် ခြေတွေလက်တွေနာမှာပေါ့"


"ဟုတ်လား ဒါဆိုရင်တတ်တော့ဘူး"


"မားမားရဲ့ သမီးလေးကအရမ်းလိမ်မာတဲ့ပြော၍ သမီးပါးပြင်အိအိလေးကို နမ်းရှိုက်မိရပါသည်။အိမ်မှာ အရင်တုန်းကဆည်းလည်းသံက ကေသရာနဲ့ဒိုးကလေးဖြစ်တော့လည်း အခုကျတော့ အိမ်ရဲ့ဆည်းလည်းသံက ပန်းလေး၊သရာလေးနဲ့ လိပ်ပြာလေးတို့ဖြစ်ပါသည်။


ကေသရာနဲ့ဝတ်လွှာရဲ့သား သရာလေးကတော့ အေးအေးလေးနေသော်လည်း ညီမနှစ်ယောက်ရဲ့နဲ့ဆုံရင် မအေးပါ။ နေသရာနဲ့ဝတ်ရည်ရဲ့ သမီးကလိပ်ပြာလေးက မောင်နှစ်မတွေထဲ အငယ်ဆုံးဖြစ်သော်လည်း အရမ်းဆော့သန်ပါတဲ့။သူတို့နှစ်ယောက်ထက် အဆော့သန်ဆုံးအဆိုးမလေးကတော့ ပန်းလေးပါ။ဧကရာဇ်က ဒိုးကလေးလို့ ဆိုးမှာစိုလို့ ပန်းလေးလို့ နူညံနူညံဖြစ်အောင်ပေးထားသော်လည်း ဒိုးကလေးထက်နှစ်ဆဖြစ်နေတာကြောင့်အမြဲစိတ်ညစ်မိရပါသသည်။


"ပါးပါး အလုပ်လုပ်တာရပ်ပြီး သမီးနဲ့ကစားပေး"


"ဘာတမ်းဆော့မလို့တုန်း သမီးရဲ့"


ပါးပါးက မကောင်းဆိုးဝါးကြီးလုပ် ကိုကိုကဘုရင့် ညီမလေးနဲ့သမီးက ကိုယ်ရံတော် ကိုကို ကိုစောင့်ရှောက်ရမယ် ကဲ့ညီမလေးရေ မမတို့ မကောင်းဆိုးဝါးကြီးကို တိုက်ခိုက်ကြမယ်ပြော၍ ဧကရာဇ်ကို ထုရိုက်ပါသည်။ လိပ်ပြာလေးကတော့ သူလက်သေးသေးလေးနဲ့ ဧကရာဇ် ဆံပငျကိုဆောငျ့ဆှဲပွီး တိုက်ခိုက်ကြသည်။ ထိုနေ့က ဧကရာဇ်တစ်ယောက် တစ်ကိုယ်လုံးကိုက်ခဲပြီး နာကျင်ရတာကြောင့် ဒိုးကလေး ဆေးလိမ်းပေးရပါသည်။


"ကိုကိုရယ် ကလေးတွေကိုအရမ်းအလိုလိုက်ရလား"


"ချစ်တာကို့ ဒိုးကလေးရဲ့ သမီးက ဒိုးကလေးနဲ့တစ်ပုံစံထဲဘဲ ကြည့်ပါအုံးအိပ်နေတာတောင် ကုတင်တစ်ခုလုံး သူအပိုင်ကျနေတာပဲ"


ကိုကိုစကားကြောင့် ဒိုးကလေး သမီးလေးကို ဆံပင်သပ်ပေးပြီး ပါးကိုနမ်းမိရ၏။ဧကရာဇ်ကတော့ ဒိုးကလေး ကိုပွေ့ချီ၍ လသာဆောင်ခေါ်သွား၍ သူ့ကိုယ်ပေါ်မှာထိုင်ထခိုင်းပါသည်။


"ကိုကို နာနေတဲ့မဟုတ်လား ဒိုးကလေး ဘေးခုံမှာထိုင်ပါမယ်"


"မထိုင်ရပါဘူး အခုလိုပွေ့ချီထားချင်လို့ ကိုကို မင်းကို အရမ်းချစ်တယ် ဒီတစ်ည ကိုကိုရင်ခွင်ထဲမှာပဲအိပ်ရမယ်နော် မင်းကကိုကိုအပိုင်ပါနော်"


"ဟုတ်ပါဘူး ကိုကိုရဲ့ဒိုးကလေးပါရှင်ပြော၍ ဧကရာဇ်နှုတ်ခမ်းကို လှမ်းနေ၏။ဧကရာဇ်ကလည်း ချစ်ဇနီးရဲ့အနမ်းပြန်လည်တုံ့ပြန်နမ်းပါသည်။ ဝတ်ရည်နဲ့နေသရာ ကတော့ ခြံထဲမှာတစ်ယောက်လက်ကို တစ်ယောက်ကိုင်ပြီး လမ်းလျောက်၍ပြုံးပျော်ရွှင်နေလျက်ပါ။ ကေသရာကတော့ မြက်ခင်းရဲ့ထိုင်ခုံမှာထိုင်နေတဲ့ ဝတ်လွှာရဲ့ပေါင်ပေါ်သို့ခေါင်းအုံပြီး ဝတ်လွှာရဲ့ပါးပြင်ကိုထိတွေ့ဆော့ကစားလျက်ပါ။လမင်းကြီးကတော့ ထိန်ထိန်သာသာ၍ ကြယ်ကလေးတွေစုံလင်စွာ လှပနေလျက်ပါ။


အစအဆုံးထိဖတ်ပေးကြတဲ့ စာဖတ်သူအားလုံးကိုချစ်ခင်လေးစားလျက်ပါဗျာ နောက်ဇာတ်လမ်းတွေကိုလည်းမျှော်ပေးကြပါအုံးဗျာ။


စာရေးသူ သွေးမိန့်


rate now: