ကိုကိုရဲ့ဒိုးကလေး
"ကိုကို လုံးတာမဝိုင်းဘူး သေချာလုံးလေ"
"အေးပါ ဒိုးကလေးရာ ဆရာလုပ်လို့ကိုမပြီးဘူး နဖူးကဘုကမပျောက်သေးဘူး လောက်စလုံးကလုံးနေရပြီး"
"ကိုကိုပဲ ကတိပေးထားပြီးတော့ ကေသရာ နင်လုံးတာလည်းမဝိုင်းသေးဘူး ဒီလိုလုံးပါဆို"
ဒိုးကလေး လောကျစလုံးလုံးပွနသေညျ။မနေ့ညကလောကျစလုံး ဝိုင်းဝိုင်းလေးတွေကုန်လို့ ဧကရာဇ် ချော့တော့တျောတျောနဲ့မရတာကွောငျ့ လောက်စာလုံးအစားပြန်လျော်လုံးပေးမယ်လို့ပြောတာကြောင့် ယနေ့ ညီအစ်ကိုသုံးယောက်နဲ့ဒိုးကလေး လယ်ထဲလာပြီးလောက်စလုံးလုံးနေခြင်းဖြစ်သည်။
"ကိုဒိုးလေး ဘယ်နှစ်လုံးလုံးပေးရမလဲ"
"၁၀၀ရာဆိုရင် ရပါပြီး"
"မများဘူးလား အပစ်ခံရ၁၀၀လောက်မှမရှိတာကို့"
"ဒါပေမဲ့ ကျွန်တော်လောက်စလုံး အနည်းဆုံး၃၀လောက်ကုန်သွားတဲ့"
"ဟမ် အဲလောက်တောင်ကုန်သွားလား တော်သေးတဲ့ ကိုကြီးအတားမြန်လို့ မဟုတ်ရင်ငါတို့နဖူး စုတ်လောက်တဲ့"
"ညကအီစလံဝေးသွားတာပဲ ကိုဒိုးကလေး လက်အရမ်းဖြောင့်တဲ့နော်"
"ဖြောင့်မှာပေါ့ ငယ်ငယ်လေးကတည်းကလေ့ကျင့်လာတာကို့"
"ဒါနဲ့ ကိုဒိုးကလေးရဲ့အဖော်တွေနဲ့ဒီနေ့သွားမဆော့ဘူးလား"
"ဆော့မှာပေါ့ ကိုနေသရာ ဟိုမှာတွေ့လား သူတို့လာနေပြီး"
"ညီအစ်ကိုသုံးယောက်ကြည့်လိုက်တော့ လယ်ကွင်းထဲသို့ ကလေးများနှင့် အတူဝတ်ရည်နဲ့ ဝတ်လွှာကိုတွေ့လိုက်ရတာကြောင့်ပျြောသှားသညျ။
"ဝတ်ရည် လိုက်လာတာလား"
"မောင်တို့ ဘာမှမစားရသေးတာ ဒါကြောင့်ထမင်းလာပို့ရင် လိုက်လာတာ ဒါနဲ့လောက်စလုံးလုံးပြီးပြီးလား"
"လုံးနေတာကို့ ဒိုးကလေး မဝိုင်းဘူးဆိုပြီးချေးများနေတဲ့ မောင်လက်ကိုကြည့်ပါအုံး ရွှံတွေချည်းပဲ"
"မောင် လက်ကို ဟိုချောင်းစပ်နားသွားဆေးလိုက် ဝတ်ရည် မောင်အစားလုံးပေးမယ်"
"မလုံးခိုင်းရပါဘူးဗျာ ဒီလက်နုနုလေး ရွှံတွေပေနေအုံးမယ် မောငျ ရေအရမ်းဆာတဲ့ကွာ ရေတိုက်"
ဝတ်ရည် ချစ်စဖွယ်ပြုံး၍ မောင်ကို ကလေးငယ်တစ်ယောက်လိုရေတိုက်ရသည်။ထိုနောက်နဖူးစပ်ကချွေးလေးတွေလည်း သုတ်ပေးမိသည်။
"မောင်အရမ်းနာနေလားဟင်"
ဝတ်ရည် မောင်နဖူးက အားလူးဘုကိုဖြည်းဖြည်းလေး လက်နဲ့ကိုင်ပြီးမေးတော့ နေသရာ ကြည့်နူးစွာ ဖြစ်ရပါသည်။
"သိပ်မနာတော့ပါဘူး ဝတ်ရည် ကြုပ်ပူထိုးပေးလို့ အရောင်တောင်ကျနေပြီး"
"ကေသရာလေး ပင်ပန်းနေပြီးလားဟင်"
မပင်ပန်းပါဘူး မမရဲ့ ဒါနဲ့အိမ်မှာမနေပဲ ဘာလိုလိုက်လာတာလဲ မမရဲ့အသားဖြူဖြူလေးမဲတော့မယ် ကေသရာရဲ့ အင်ကျီလက်ရှည်ဟိုမှာတင်ထားတဲ့ယူပြီးဝတ်ထား"
"ကေသရာကလညျး ဒီလောက်ပူတာကို မမအဲဒါဝတ်ထားရင် ပေါင်းအိုးထဲရောက်သလို့ ပူနေမှာပေါ့"
"ဒါဆိုရင်လည်း ကျွန်တော်အနားမှာလာနေ အရိပ်ရတယ်"
"ဟုတ်ကဲ့ပါရှင့် ဝိုင်းလုပ်ပေးမယ်လေ"
"မလုံးပါနဲ့ဗျာ ကျွန်တော်မျိုးဘေးမှာအခုလို ငြိမ်ငြိမ်လေးနေပေးတာက အကောင်းဆုံးကဲ မမရဲ့ပါးပြင်ကိုနမ်းချင်တဲ့ သနပ်ခါးအနံလေးကသင်းနေတာပဲ"
ကေသရာနော် လူတွေနဲ့ ကလေးတွေလည်းရှိ..
ဝတ်လွှာစကား မဆုံးခင် ကေသရာကပါးပြင်ကိုနမ်းပြီးသွားပါပြီး။ ဝတ်လွှာ ပတ်ဝန်းကျင်ကိုအကဲခတ်တော့ သူတို့အလုပ်နဲ့သူတော့ရှုပ်နေတော့ ဝတ်လွှာကိုနမ်းတာမတွေ့လိုက်ပါ။ဝတ်လွှာ ကေသရာရဲ့လက်မောင်းကိုဖွဖွရိုက်ပြီး
အရမ်းဆိုးတာပဲ သူများတွေမြင်ရင်ရှက်စရာကြီး"
"မမြင်ပါဘူး မမရဲ့ ကျွန်တော်က လျှပ်စီးလိုလူသားမျိုးလေး"
ဝတ်လွှာ နဲ့ကေသရာ စကားတီးတိုးပြော၍ ရယ်မောနေကြသည်။
"ကိုဒိုးကလေး လောက်စလုံးတွေက သိပ်မဝိုင်းဘူးနော်"
"ဘယ်ဝိုင်းမလဲ မြို့ကြီးသားတွေလုံးတာကို့ ကိုကို အဲလိုမလုံးနဲ့ဘယ်နှစ်ခါပြောရမလဲ ဆိုပြီး ဒိုးကလေး ဧကရာဇ် လက်နှစ်ဖက်ကိုကိုင်ပြီး လုံးနည်းသင်ပေးပုံက ကြောငျးနစေကလေးကို ဆရာမက ရင်ခွင်ထဲထည့်၍လက်ကိုင်ပြီးဝလုံးရေးတာနဲ့တူနေသည်။ ဒါပေမဲ့ ဆရာမ တွေကစိတ်ရှည်စွာသင်ကြားပြသပေးသလောက် ဒိုးကလေးကတော့ စိတ်မရှည်စွာ ဧကရာဇ်ရဲ့ ဗိုက်ခေါက်ကိုလိမ်ဆွဲပစ်သည်။
"အားး နာလိုက်တာ.."
"ဟွန့် ဘယ်နှစ်ခါသင်သင်မမှတ်ဘူး"
"မမှတ်တာမဟုတ်ဘူး ဒိုးကလေးရဲ့ ရင်ခွင်ထဲမှာနေပြီး လောက်စလုံးသင်နည်းကိုသဘောကျလို့ မတတ်ချင်ယောင်ဆောင်နေတာဗျာ ဒီမှာကြည့် ဝိုင်းအောင်လုံးပြမယ်"
ဒိုးကလေးတို့ လောက်စလုံးလုံးပြီးတော့ စစ်တိုက်တမ်းဆော့ကြသည်။ဒိုင်ကတော့ ကေသရာနဲ့ ဒိုးကလေးပါ။
ကိုကိုနဲ့ ကိုနေသရာက နာမည်သွားဖွက် ၊မမဝတ်လွှာနဲ့ မမဝတ်ရည်က နာမည်သွားဖွက်"
ဒိုးကလေးနေရာချလိုက်သည်။
"ကိုကြီးကပန်းသီး ညီလေးကလိမော်သီးနော်
ညီအစ်ကိုနှစ်ယောက်နာမည်ဖွက်လိုက်သည်။
်"ပန်းသီးနဲ့လိမော်သီး"
"လိမော်သီး"
"လိမ်မော်သီးဆိုတော့ နေသရာပဲ"
"ဒါဆိုရင် ကိုကိုက ကေသရာဘက်ပေါ့"
ဒီလိုနဲ့ အဖွဲ့ခွဲလိုက်တော့ ဒိုးကလေးဘက်မှာ ဝတ်လွှာ၊နေသရာနဲ့ကလေးတွေပါ။ကေသရာဇ် ဘက်မှာဧကရာဇ်၊ဝတ်ရည်နဲ့ ကလေးတွေပါ။
ကဲကစားပွဲစပြီး တစ်နေရာယူ...
နှစ်ကျည်ဆံထဲ...
"သုံးမောင်းချိန်..
လေးဝပ်..
ငါး...ပစ်နိုင်ပြီး
ဒိုးကလေး...မြက်ပင်အရှည်တွေကြားပုန်းပြီး..တိုက်ခိုက်ပါသည်။
"ဒိုင်း..သာဂိ နင်မှန်သွားပြီး"
"ဲကိုဒိုးကလေး ကျွန်တော်ကိုမြင်လို့လား"
"အောင်မာ အဝါရောင်ဝတ်ဆုံနဲ့.. နင်မြောင်းကြားမှာ.ခွေးဝပ်ဝပ်နေတာကို့ ငါမမြင်ဘူးထင်နေလား"
"ဟီးး..ကိုဒိုးကလေးကလည်း"
ဧကရာဇ်ကတော့..ဒိုးကလေးအသံလာရာဘက်သို့ မြက်တောထဲမှာဝပ်ပြီး ချဉ်းကပ်လာပါသည်။ဒိုးကလေးကတော့..တစ်ဖက် ပေစီကိုပစ်ဖို့ချဉ်းကပ်ခဲ့၏။
"ဒိုင်း ပေစီ မင်းသေပြီးနော်"
"ကိုဒိုးကလေးက ကျွန်တော်မှန်းဘယ်လိုသိလဲ"
"မင်းအကွက်တွေက ငါလုပ်ခဲ့တာပါ မင်းနဲ့ဖိုးခွေအဝတ်စားလှဲဝတ်တာငါသိတာပေါ့ ဗြဲ.."
ဝတ်ရည်နဲ့ နေသရာ တို့ကြံခင်းထဲမှာ ဆုံကြ၏။
"ရှေ့မတိုးလာနဲ့ ပစ်မှာနော်"
"ဝတ်ရည်ကိုလည်း မောင်ပစ်ရလိမ့်မယ်"
နှစ်ဉီးသား တကယ်စစ်ပွဲတွေလို သေနတ်နဲ့ချိန်ထားကြ၏။ထိုအချိန် ဒိုးကလေး ဘယ်ကနေဘယ်လိုပေါ်လာလဲမသိ
ဒိုင်း မမဝတ်ရည် သေပြီး ဆိုပြီး တစ်ဖက်သို့ပြေးသွားသည်။
နေသရာ နဲ့ဝတ်ရည်ကတော့ ကြံခင်းထဲမှာ စကားပြော၍ ကျန်ရစ်ခဲ့သည်။
ကေသရာနဲ့ ဝတ်လွှာက မဆော့ကြဘဲ အပင်တစ်ပင်အောက်မှာ ခူးလာတဲ့မာကာလသီးတွေထိုင်စားနေကြ၏။
အရမ်းချိုတာပဲ အစေ့မစားနဲ့နော် ကေသရာ အူအတတ်ပေါက်မယ် "
"ဟုတ်ကဲ့ပါမမ"
ထိုအချိန် ဒိုးကလေး ကလေးအကုန်ကိုသတ်ပြီသော်လည်း ကေသရာကို သတ်ရန်လာခဲ့တော့ သေပြီးသာ သာဂိနဲ့ဖိုးခွေးက တစ်နေရာကို ခြောငျးနကွေတာကွောငျ့ ထိုနေရာသို့လာခဲ့သည်။လမ်းတစ်ဝက်မှာ ပေစီကထိုနေရာကိုလာလို့ သာဂိရဲ့လှမ်းပြောနေတာကြားလိုက်ရသည်။
ရှုးတိုးတိုး ပေစီ ဟိုမှာ ကိုကေသရာနဲ့ မမဝတ်လွှာချိန်းတွေ့နေတဲ့"
သူတို့ကမကစားဘဲ လာချိန်းတွေ့နေတဲ့ပေါ့ ဒိုးကလေးအကြောင်းသိမယ်ဆိုပြီးသစ်ပင်ပေါ်မော့ကြည့်တော့ ပျားအုံကိုတွေ့တာကြောင့် ခဲနဲ့လှမ်းပေါက်ပြီး ထွက်ပြေးခဲ့သည်။
ဟိုကချစ်ကြည်နူးနေတဲ့ စုံတွဲ နဲ့ သာဂိတို့ချောင်းတဲ့အဖွဲ့တွေကိုပျားဝိုင်းတုပ်ကုန်ကြ၏။
ကစားပှဲပွီးတော့ ဒိုးကလေးနဲ့ဧကရာဇ် ကလေးတွေနဲ့မုန့်တွေစားနေကြတယ်။ဝတ်ရည်နဲ့နေသရာတို့လည်းအပါအဝင် မုန့်စားကြသည်။ထိုအချိန် ကေသရာ မျက်လုံးတစ်ဝိုက်နဲ့ နှုတ်ခမ်းဘုယောင်ပြီးလာတာကြောင့် အကုန်လုံးအံ့ဪကြသော်လည်း ဒိုးကလေးကတော့ ရယ်ချင်စိတ်ကိုမျိုသိပ်ထားပါသည်။
"ညီဘာဖြစ်လာတာလဲ "
"ကေသရာ ပျားတုပ်ခံရတာပါ ကိုကြီး"
"ဘယ်လိုဖြစ်ပြီးတော့လဲ နင်တို့အတွဲကလေ မကစားပဲ ချောင်ကျိုချောင်ကြားမှာဘာသွားလုပ်လို့ ပျားတုပ်ခံရတာတုန်း ထိုအချိန် သာဂိတို့အဖွဲ့လည်း မျက်နှာတွေဘုယောင်ပြီး လာနေတာကြောင့် အကုန်လုံးအံ့ဪပြီးကြည့်နေကြသည်။ထိုနေ့က ကေသရာကံဆိုးတဲ့နေ့ပါ။ ဝတ်လွှာကို ကာကွယ်တာကြောင့် သူကပိုတုပ်ခံရတဲ့နှစ်ပတ်လောက်ကုလိုက်ရသည်။ထိုနောက်သူတို့အားလုံးရန်ကုန်သို့ပြန်လာခဲ့ကြသည်။
ရန်ကုန်ရောက်ပြီး ၆လကြာသော်
" အော့..အော့"
"ကိုကိုရရဲ့လား "
"အခုတလောဘာဖြစ်နေမှန်းမသိဘူး အန်ပဲအန်ချင်နေတဲ့"
"သားရယ် ယောကျာ်းမိုလို့ပဲ မိန်းကလေးသာဆိုရင် ဗိုက်ကြီးနေတဲ့လိုထင်မိမှာ "
"မေကြီးကလည်း မဟုတ်တာ ဘာဖြစ်လိုအန်နေလည်းကိုမသိတာ"
"ကိုကိုရေသောက်လိုက် အန်တာသက်သာလိမ့်မယ်"
ဒိုးကလေး ကမ်းပေးတဲ့ရေကိုယူသောက်ပြီးတော့ ဧကရာဇ် အန်ထားလို့မောနေတာနည်းနည်းပျောက်သွားသည်။
"ကိုကိုသက်သာရဲ့လား"
"သက်သာပါတယ် ထမင်းပြန်စားရအောင်"
"သားကြီးထမင်းမစားပါနဲ့တော့ မေကြီးတစ်ခုခုလုပ်ပေးမယ် ဘာစားချင်လဲပြော"
"ရှောက်သီးသုပ်စပ်စပ်လေး စားချင်တယ် မေကြီး."
ဒေါ်ခင်နှင်းဆီနဲ့ချွေးမသုံးယောက် မျက်လုံးပြူးပြီးကြည့်နေမိပါသည်။ဒိုးကလေးက ကိုယ်ဝန်ရှိလို အဲလိုဖြစ်နေရမှာကို့ ဧကရာဇ်ကဖြစ်နေတော့ အိမ်ကလူတွေအကုန်ရယ်ချင်မိပါသည်။
"မမရဲ့ နွားနို့သောက်အုံး ဗိုက်ထဲကကလေးအတွက်"
"ကေသရာလေး ကအရမ်းအလိုက်သိတာပဲဗိုက်ထဲက ကလေးလေးရယ် ပါးပါးက ကလေးသောကျဖိုနို့ယူလာတဲ့နျော"
"မမ "
"ရှင်"
"ကလေးလေး က မမနဲ့တူရင်အရမ်းချောမှာပဲနော်"
"ကေသရာနဲ့တူလည်း ချောပါတယ်ရှင့်"
"တကယ်လား "
"တကယ်ပေါ့ရှင့် ကေသရာ မမဆံပင်ဆွဲချင်လာပြီး"
"ဟမ် ကေသရာမျက်လုံးပြူးရပါသည်။သူများမိန်းမတွေ ဗိုက်ကြီးရင် အချဉ်အစပ်စားချင်တာတို့၊ အန်တာတို့ပဲဖြစ်ကြပါတယ် မမကျတော့ ကေသရာဆံပင်ကို ဆွဲချင်စိတ်ပဲပေါက်တယ်တဲ့ ဟူးး ကလေးလေးရေ မင်းကမမွေးခင်တည်းက ပါးပါးကိုအနိုင်ယူပြီးပေါ့ဟုတ်လားတွေးနေရင် ဆံပင်မွှေးစောင့်ဆွဲခံနေရပါသည်။
"ဝတ်ရည် မောင်တို့ကလေးယူရအောင်နော် ကလေးလိုချင်တဲ့လို့"
"ယူနေတာပဲလေး ရမှမရတာကို့ မောင်ရဲ့"
"မနက်ဖြန်နှစ်ယောက်စလုံး ဆေးခန်းပြကြည့်ရအောင်နော် "
"ဟုတ်ပါပြီး မောင်ရဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ စီစဉ်ကြတာပေါ့"
"မောင်ရဲ့ ဝတ်ရည်က အရမ်းလိမ်မာတာပဲ အရမ်းချစ်တယ်ကွာ"
"အမြဲတမ်းအဲလိုဘဲ ချစ်နိုင်ပါစေရှင့်"
နေသရာ ချစ်ဇနီးရဲ့ပါးပြင်ကိုနမ်းရှိုက်ပြီးပွေ့ဖက်ထားမိရပါသည်။
"ဒိုးကလေး မှာ ကိုယ်ဝန်မရှိတာသေချာလား"
"ကိုကိုရဲ့ ဘယ်နှစ်ခါပြောရမလဲ ဒိုးကလေးကတောင် ကိုကိုပြန်မေးရမှာ ကိုကိုမှာကိုယ်ဝန်ရှိနေတာလားဟင်"
ဟာ ပေါက်ပေါကျရှာရှာ ကိုကိုက ယောကျာ်းကြီးကို့"
"ဟိဟိ အချဉ် အစပ်စားပြီး အန်တာနေတာ ကိုယ်ဝန်ဆောင်မိခင်သည်တွေအတိုင်းပဲ ဟိဟိ"
"သဘောကျနေတဲ့ပေါ့ ရော့ ဆီးစစ်တံဝယ်လာတဲ့ သွားစစ်ကြည့်"
"မရှိပါဘူးဆို ကိုကိုကလည်း"
"သေချာအောင်စစ်ခိုင်းတာ သွားစစ်ကြည့်"
ဒိုးကလေး ကိုကို စိတ်တိုင်းကျသန့်ရှင်းခန်းထဲဝင်၍ စစ်ကြည့်ရပါသည်။
ကိုကိုရော့ကြည့် ဒိုးကလေး မကြည့်တတ်ဘူး"
စာရေးသူ သွေးမိန့်