ကိုကိုရဲ့ဒိုးကလေး
ဒိုးကလေး သွေးလှူပြီးတော့ မနားပဲ ခွဲခန်းအရှေ့မှာသွားစောင့်ပါသည်။ခွဲစိတ်မှုက ၃နာရီလောက်ကြာရှည်၏။
"သမီး သွားနားပါလား သွေးလှူထားရတာကို့"
သမီးမနားဘူး ..အဟင့် ကိုကို အဆင်ပြေမှာပါနော် မေကြီး"
အဆင်ပြေမှာ သမီးရဲ့ ခဏတော့နားပါ မေကြီးတို့ရှိနေတာပဲလေ"
"အင်ဟင်း သမီး ဒီမှာပဲစောင့်မှာ"
"သမီးကအရမ်းခေါင်းမာတာပဲ ကဲ့လာပါအုံး မေကြီး"
ဒိုးကလေး ဒေါ်ခင်နှင်းဆီ ဆီသို့မျက်ရည်ကျလျက်သွားပါသည်။ဒေါ်ခင်နှင်းဆီကလည်း ချွေးမလေးကို ဖက်ပြီးနှစ်သိမ့်ပါသည်။ဒေါ်ကျင်ကျင်ကတော့ ဘေးကနေ ဘုရားစာရွတ်ပြီး ဆုတောင်းနေ၏။
မေကြီး ကိုကိုအခုလိုဖြစ်တာ သမီးကြောင့်ပါ ကိုကို တစ်ခုခုဖြစ်ရင် သမီးလည်း ကိုယ်ကို့တစ်ခုခုလုပ်ပစ်မယ်"
"သားကြီးက ဘာမှမဖြစ်ပါဘူး သမီးရဲ့ စိတ်တွေအရမ်းပင်ပန်းနေပြီး ရော့ရေသောက်လိုက်အုံး အရမ်းလည်းငိုမနေနဲ့နော်."
ဒေါ်ခင်နှင်းဆီ ရေတိုက်တော့ ကလေးတစ်ယောက်လိုသောက်ရှာပါသည်။ထိုအချိန် ခွဲခန်းထဲတံခါးဖွင့်လာသောကြောင့် ဒေါ်ခင်နှင်းဆီတို့ အားလုံးမက်တပ်ရပ်ကြပါသည်။
"ဒေါက်တာ ကိုကိုအခြေနေဘယ်လိုလဲ"
"အသက်ဘေးကိုတော့ ကျော်လွန်သွားပါပြီး လူနာရဲ့ ဓားဒဏ်ရာပြင်းတဲ့ ဆေးရုံးကိုအရောက်မြန်လို့ ကံကောင်းသွားတယ် မဟုတ်ရင် သွေးအရမ်းထွက်လွန်ပြီး သေနေလောက်ပါပြီး အခုတော့ အခန်းထဲကိုပို့ထားပါတယ် ကျွန်တော်ကိုခွင့်ပြုအုံး"
ဆရာဝန်ထွက်သွား မှာ ဒိုးကလေးသက်ပြင်းချမိပြီး ကိုကိုရဲ့အခန်းဆီသို့ သွား၏။
ဆေးရုံမှာ ဒိုးကလေးပဲ ဧကရာဇ်ကို ပြုစုပါသည်။ မအိပ်မနားပဲ ပြုစုတောင်ကြောင့် မျက်နှာလေးတွေချောင်သွားရ၏။
"သမီး ခဏအိပ်လိုက်ပါလား"
."မအိပ်ချင်ဘူး မေကြီး"
"အိပ်လိုက်ပါကွယ် ပြီးတော့ သမီးကဘာမှလည်းစားထားတာမဟုတ်ဘူး အစာမဝင်ရင်တောင် အိပ်ရေးကဝနေဖို့လို့တယ် အိပ်လိုက်နော် မေကြီး စောင့်ပေးမယ်"
"ဒါဆိုရင် သမီးခဏအိပ်မယ် ကိုကိုသတိရလာရင် သမီးကိုနိုးနော်"
."အေးပါကွယ်"
ဆေးရုံမှာ ဒေါ်ခင်နှင်းဆီနဲ့ ဒိုးကလေးပဲ လူနာစောင့်လုပ်ပါသည်။ ကျန်တဲ့လူတွေကို အိမ်မှာပဲပြန်နားထားခိုင်းသည်။ဒိုးကလေး ကိုပြန်နားခိုင်းသော်လည်း သူမလေးက လုံးဝမပြန်ဘဲပေကပ်စွာ ဧကရာဇ် အနားကနေမသွားပါ။
"ဖေဖေ မင်းလွင်နဲ့ သူ့အဖော်တွေဘယ်လိုနေသေးလဲ"
.်"အကုန်လုံးဆေးရုံမှာ ကုသမှုခံယူနေတဲ့ ဒါပေမဲ့ မင်းလွင်ကတော့.."
"ဘာဖြစ်လိုလဲ ဖေဖေ သေသွားလို့လား"
ဝတ်လွှာ အလန့်တကြားမေးမိသည်။မင်းလွင်သာ သေသွားရင် ဒိုးကလေး ထောင်ကျမှာစိုးလို့ပါ။
"မသေပါဘူး သမီး သားရဲ့ရိုက်ချက်ကြောင့် ကိုမာဝင်သွားတဲ့"
"ဟမ် ဒါဆိုရင် အမှုကဘာဆက်ဖြစ်နိုင်လဲ ဖေဖေ"
"စိတ်မပူပါနဲ့ အမှုက ဖေဖေတို့ပဲနိုင်မှာ "
"အမှန်ပဲ မမ စိတ်မပူနဲ့ မြန်မာနိုင်ငံကအတော်ဆုံးရှေ့နေတွေက ကျွန်တော်ရဲ့မိတ်ဆွေတွေပါ"
"သားငယ်ပြောတာအမှန်ပဲ အန်ကယ်ရဲ့မိတ်ဆွေတွေထဲမှာ အတော်ဆုံးရှေ့နေတွေရှိတယ်"
"အားလုံးပဲ ထမင်းလာစားကြပါ ဘာမှမစားပဲနဲ့တော့ မနေကြပါနဲ့"
ဒေါ်ကျင်ကျင်ရဲ့ စကားကြောင့် အားလုံးစကားပြောနေတာရပ်ပြီး ထမင်းစားခန်းသို့လာကြသည်။
"ရေ ..ရေ ပေးပါ မေကြီး..သား ရေအရမ်းဆာတယ်"
"သားသတိရလာပြီး ဝမ်းသာလိုက်တာကွယ် ရော့ ရေဖြေးဖြေးချင်းသောက် သမီးကိုနိုးလိုက်အုံးမယ်"
မနိုးပါနဲ..မေကြီး သူအရမ်းအိပ်မောကျနေတာပဲ..အိပ်ပါစေ"
"ဟုတ်သားပဲ သမီးက သွေးလှူးထားရတော့ အားနည်းနေမှာပေါ့ သားကြီးရော့ဘယ်လိုနေလဲ မေကြီး ဆရာဝန်ပြေးခေါ်ရမလား"
"မခေါ်ပါနဲ့ သားနည်းနည်းနာတာကလွှဲရင် ဘာမှမဖြစ်ပါဘူး"
သားမိနှစ်ယောက် စကားပြောနေတုန်း ဒိုးကလေး နိုးလာသည်။စကားသံတွေကြောင့် ဘေးကိုကြည့်လိုက်တော့ ဧကရာဇ်ကိုတွေ့တာကြောင့် ချက်ချင်းပြေးသွားပြီး ဖက်လိုက်သည်။
"ကိုကို ဘာမှမဖြစ်ဘူးနော် အဟင့်..အဟင့် ကိုကိုပြန်မနိုးလာမှာကိုကြောက်နေတာ အီးးးဟီးးး"
ဧကရာဇ် ဒိုးကလေးကို အလိုက်သင့်ပြန်ဖက်ရင် ခေါင်ကိုပုတ်ပြီးချော့မောသည်။ဒေါ်ခင်နှင်းဆီက သူတို့နှစ်ဉီး လွတ်လွတ်လပ်လပ် စကားပြောလိုရအောင် အခန်းအပြင်သို့ရှောင်ထွက်လာသည်။
တော်ပြီး ငိုနေတာ တိတ်တော့ ကိုကိုဘာမှမဖြစ်တော့ဘူး ကိုကိုကို့ စိတ်စိုးပြေပြီးလား"
"ပြေပါတယ် ကိုကိုရဲ့ ပြီးတော့ ဒိုးကလေး မိန်းကလေးလိုပဲနေပါတော့မယ် "
"အဟီး မနေလည်းရပါတယ်ကွာ ဒိုးကလေးရဲ့ အရင်ပုံစံကိုပဲ ကိုကိုချစ်တယ် ဘာအတွက်ကြောင့်မှမပြောင်းလဲပါနဲ့ကွာ ကိုကိုကို့ သွေးလှူထားတဲ့ဆို"
"ဟုတ်တယ် "
"အန်တီကျင်ပြောဖူးတဲ့ ဒိုးကလေးက အပ်အရမ်းကြောက်တယ်ဆို"
"အဲဒါအရင်ကပါ အခုမကြောက်တော့ဘူး ဒါပေမဲ့ ဒိုးကလေး အကြောက်ဆုံးအရာတစ်ခုရှိတယ်"
"အဲဒါကဘာလဲဗျာ"
"ကိုကို ဒိုးကလေးအနားကနေထွက်သွားမှာအကြောက်ဆုံးပဲ"
သူမလေးရဲ့စကားကြောင့် ဧကရာဇ် အရမ်းပျော်၍ ဒိုးကလေးရဲ့ နှုတ်ခမ်းပါးရဲရဲလေးကို သူရဲ့နှုတ်ခမ်းနဲ့ နမျးရှိုကျလိုကျ၏။ဒိုးကလေးကလညျး သူရဲ့အနမ်းကိုမြတ်နိုးစွာပြန်လှည်တုံ့ပြန်လျက်ပါ။
"မောင် ဆေးရုံသွားဖို့လား"
"ဟုတ်တယ် ဝတ်ရည် လိုက်မလို့လား"
"လိုက်ခဲ့မယ် "
"ဒါဆိုရင် တရားရုံးကိုပဲမောင်းလိုက်တော့မယ်"
"မောင်နော် ဘယ်လိုဖြစ်နေလဲ"
"ဘယ်လိုဖြစ်ရမှာလဲ ခင်ဗျားလေးကိုပိုင်ဆိုင်ချင်ပြီး ညီကိုတောင် ဝတ်လွှာနဲ့လက်ထပ်ပေးဖို့ စီစဉ်နေကြပြီး"
.
"ဒါကတော့ အခြေနေကြောင့်ပါ မမကြီးကအခုလိုဖြစ်သွားတော့ မလိုသူတွေက ပေါက်ကရပြောမှာဆိုလို့ စီစဉ်ကြတာပါ "
"မောင်လည်း အပိုင်သိမ်းပိုက်လိုက်ရမလားဟင်"
"မောင်နော် မင်းလွင်လို ကိုမာဖြစ်သွားချင်လား"
"မဖြစ်ချင်ပါဘူး ကဲကားပေါ်တက်ပါဗျာ ပျားရည်ဆမ်းခရီးထွက်ကြရအောင် အချစ်နတ်ဖုရားမလေး"
နေသရာ ကားတံခါးကိုဖွင့်ပေးရင် နှောက်လိုက်တော့ ဝတ်ရည်ရဲ့ မျက်စောင်းလှလှလေးကို ရရှိသွားသည်။
"အား မောင်ရဲ့နှလုံးသားလေးက အချစ်မျက်စောင်းလေးကြောင့် ဝတ်ရည်ကို အခုလိုနမ်းချင်သွားပြီးပြော၍ ဝတ်ရည်ရဲ့ပါးပြင်ပေါ်သို့တစ်ချက်နမ်းရှိုက်ပြီး ကားမောင်သူနေရာဝင်ထိုင်၍ ကားကိုဆေးရုံဆီသို့မောင်းထွက်ခဲ့သည်။
"ကိုကို ပန်းသီးစား"
ခွဲပြီးသာ ပန်းသီးပန်းကန်ကို ဧကရာဇ်အနားချခဲ့ပြီး လက်သွားဆေးသည်။သူမ ပြန်လာတော့ ပန်းသီးပန်းကန်ကအရာမယွင်းတာကြောင့်
"ကိုကို ပန်းသီးမစားဘူးလား"
"ခွံကျွေးလေ"
ကျွေးမှာပေါ့ သားကြီးရဲ့မေကြီးခွံကျွေးမယ် သမီးက အောက်ထပ်မှာဆေးသွားဝယ်လိုက်နော်"
"ဟုတ်ကဲ့မေကြီး သမီးသွားပြီး ဆို၍ ဧကရာဇ်ကိုပြောင်ပြသွားသည်။ဧကရာဇ်ကတော့ မျက်နှာရှုံမဲ့ပြီး ပန်းသီကိုစားနေတာကြောင့် ဒေါ်ခင်နှင်းဆီ ခေါင်းကိုခေါက်ထည့်လိုက်သည်။
"အားး နာတယ်မေကြီး"
"အရမ်း ကလေးလုပ်နေ ရေကိုယ်ဘာသာယူသောက်လိုရလဲ သမီးကိုတိုက်ခိုင်း..ဟိုဟာလည်းသမီး ဒါလည်းသမီးဆိုတော့ မင်းကမလွန်ဘူးလား"
"မေကြီးကလည်း သားကလူနာပဲကို"
"အသက်နဲ့အဝေးကြီးကိုများ ဟွန် ဧကရာဇ်နော် မေကြီး သိပ်ကျေနပ်တာမဟုတ်ဘူး သမီးကမင်းကိုချစ်လွန်လိုခွင့်လွတ်ပေမဲ့ မေကြီးကတော့ အပြစ်ပေးရမှာပဲ."
"ခံယူဖို့အဆင်သင့်ပါ မေကြီး"
"တော်ဝင်ဆိုတဲ့ ကလေးမနဲ့ ဝေးဝေးနေပါ သူကြောင့်သားတို့အိမ်ရေးပြိုကွဲမှာ မေကြီးမြင်ယောကင်နေတဲ့"
"စိတ်ချပါ မေကြီး ဒီပြသာနာဖြစ်ပြီးကတည်းက သားဆုံးဖြတ်လိုက်ပြီး တော်ဝင်နဲ့မှမဟုတ်ဘူး ဘယ်မိန်းကလေးနဲ့မှမပတ်သတ်ဘူးလို့ကတိပေးတဲ့"
"ကတိတည်ပါစေနော်"
"ဟုတ်မေကြီး."
ဧကရာဇ် ဆေးရုံမှာနှစ်ပတ်နေလိုက်ရသည်။ဆေးရုံဆင်းပြီးတစ်ပတ်အကြာမှာ နေသရာနဲ့ကေသရာတို့နှစ်ဉီးကို ရွာမှာ မဂ်လာဆောင်ပေးလိုက်သည်။မဂ်လာပွဲက အရမ်းစည်ကာပျော်ရွှင်ရသည်။တစ်နှစ်မှာ မဂ်လာနှစ်ခုမဆောင်သင့်သော်လည်း အယူမရှိဘဲမဂ်လာပွဲကိုလုပ်ဖြစ်ခဲ့သည်။
"ဒိုးကလေး ကိုကိုကို့ဘယ်လောက်ချစ်လဲ"
"များကြီး ချစ်တယ်"
"ဘယ်လောက်ထိတောင်မြားလဲ ."
"ကိုကိုနော် လာနှောက်ယှက်နေတာလား ဟိုမှာ ကိုကိုကြောင့် မထိတော့ဘူး"
ဒိုးကလေး လောက်စလုံးပစ်နေတာကို့ ဘေးနားကနေပြီး ချစ်လား..ချစ်လား လာလာမေးနေတော့ ပစ်မှတ်ကိုချိန်ထားတဲ့စိတ်က တစ်ခြားဘက်အာရုံရောက်သွားတာကြောင့် ပစ်မှတ်ကလွဲသွား၏။
"မထိတော့ဘူးဆိုတော့ ကိုကိုအလှည့်ပေါ့"
"ကြည့်စမ်း ဉာဏ်များတာ"
"ကိုဧကရာဇ် ထိအောင်ပစ်နော် ခေါင်ကို"
"အေးပါ သာဂိရာ ငါလက်အစွမ်းက မင်းတို့ဆရာ ဒိုးကလေးထက်သာပါတယ် ပစ်ပြီးနော် "
"ကိုကိုချစ်တယ်နော်ဆိုပြီး ဒိုးကလေးချစ်စဖွယ်ပြုံးပြပြီးနမ်းတာကြောင့်ပစ်မှတ်လွဲသွားရသလို့ ကစားနေတဲ့ကလေးတွေအကုန်လုံး မျက်လုံးပြူးပြီးကြည့်နေကြသည်။
"ဟာ ကိုဒိုးကလေးက ကိုဧကရာဇ်ကိုအနမ်းပေးလိုက်တာ ရှက်စရာကြီး အီးး ကိုကိုဂိကိုလည်း ဒီကချစ်ခွေးက အားဘွားပေးမယ်နော်
"မပေးနဲ့ မသာကောင် မောင်ခွေး ငါလုပ်ရင်သေမယ်နော် ယောကျာ်းအချင်းချင်းကို့"
"ချစ်လို့ ကိုကိုဂိရဲ့ ပြောပြီး သာဂိကို မောင်ခွေး အတင်းလိုက်နမ်းတော့ အားလုံးကရယ်မောကြသည်။
ညဘက်ရောက်သောအခါ ဒိုးကလေးနဲ့ ကလေးတစ်သိုက် အသစ်စက်စက် ဇနီးမောင်နှံ ကေသရာတို့အခန်း ကို ခဲနဲပေါက်ကြ၏။
"ဖြောက်..ဖြောက်"
"ဟမ် ဘယ်တွေခဲနဲ့ပေါက်တာနေတာလဲကွာ"
"ကေသရာရဲ့ ဒေါသတကြီးမအော်ပါနဲ့ တံခါးဖွင့်ကြည့်လိုက်လေ"
"ဘာမှမတွေ့ဘူး မမ တောက် အချိန်ကောင်းဆိုရင် အနှောက်အယှက်ပေးပြီး "
"ကေသရာနော် "
"မမကလည်း ရှက်နေသေးတဲ့ အိမ်ထောင်ပဲကျနေပြီးကို ဝါးး အိပ်ချင်ပြီး သွားအိပ်ကြမယ်"
"ကေသရာဘာသာသွားအိပ် မမကတော့မအိပ်ချင်သေးဘူး"
"မမနော် ဒီနေ့ကမဂ်လာဉီးညနော် လာ သွားအိပ်မယ်"
"ဖွောကျ ဖြောက်"
"ဟာ လွန်ပြီး တောက် "
"ဘယ်သူလဲကွာ လူအိပ်ချိန်ကို့ ခဲနဲ့ပေါက်တဲ့လူထွက်ခဲ့စမ်း"
ကေသရာ အော်လိုက်တော့ ဘာသံမှမကြားရတာကြောင့် ဓားမီးတစ်လက်ကိုင်ပြီး အောက်ကိုဆင်းခဲ့သည်။ထိုအချိန် ဒိုးကလေးက အပေါ်တက်ပြီး မမဝတ်လွှာကို ခေါ်ခဲ့သည်။
ရှုးတိုးတိုး မမကြီး သားတို့နဲ့ ကောက်ရိုးပုံမှာသွားဆော့ကြမယ် ဒီညလ သာတယ်"
"အေးသွားဆော့မယ် ဝတ်ရည်ကိုရော့ မခေါ်ဘူးလား"
"ပြောတာနောက်ကျနေပြီး ခေါ်ပြီးပြီးသွားဆို"
ထိုညက ညီအစ်ကို သုံးယောက် သူတို့ဇနီးအျောက်လို့လိုက်ရှာရတာ ခေါင်းတောင်မူးနှောက်ကုန်ပါ၏။
"ညီ ဒိုးကလေးကိုတွေ့မိလား"
"ကိုကြီးရော့ မမကိုတွေ့မိလား "
"မတွေ့ပါဘူး အခန်းထဲမှာရှိမှာပေါ့ ဒီနေ့ညီတို့မဂ်လာဉီးညပဲကို့"
"မတွေ့ဘူး ကိုကြီးရ စိတ်ညစ်ပါတယ် မဂ်လာဉီးညကျမှာ ကြည်နူးပြီး ချစ်စကားတွေပြောရမလားမှတ်တဲ့ သတို့သမီးပျောက်လို့ရှာနေရတာတဲ့အဖြစ်
ကိုကြီးနဲ့ညီ ဝတ်ရည်ကိုတွေ့မိလား
ကိုလေးလည်း သတို့သမီးလောင်းပျောက်နေတာလား"
"ဟုတ်တယ် ငါတို့အခန်းကိုခဲနဲ့ပေါက်လို အောက်ဆင်းကြည့်ပြီး အခန်းထဲပြန်ဝင်တော့ မတွေ့တော့ဘူး"
"ညီအဖြစ်လည်းအဲလိုပဲ သေချာတယ် ကိုဒိုးကလေး လက်ချက်ဖြစ်မယ်"
"ဒိုးကလေးက ညနေထမင်းစားပြီးကတည်းက ပျောက်သွားတာ"
"အမေကို သွားမေးကြည့်ရင်ကောင်းမယ်"ဆိုပြီး ဧကရာဇ်တို့သုံးယောက် လူကြီးတွေစကားပြောနေတဲ့နေရာသို့လာခဲ့ကြသည်။
"အေမ "
"ဟေ့ သမက်လေး သုံးယောက်ပါလား ဘာအကြောင်းရှိလို့လဲ"
"အမေရဲ့သမီးတွေပျောက်နေလို့"
"အဟင်း အဲဒါကြောင့်လာမေးတာလားဒီည လသာတဲ့လေး ကောက်ရိုးပုံမှာ ဆော့နေကြမှာသေချာတယ် အဲဒီကိုလိုက်သွားကြ."
"ဟုတ်ကဲ့ အမေ"
ညီအစ်ကို သုံးယောက် ကောက်ရိုးပုံဆီသို့လာခဲ့၏။
"ဆော့ရတာ မောနပွေီး သရဲအကြောင်းပြောပြမယ် နားထောင်မှာလား ငကြောက်တွေဆိုရင်တော့ ငါမပြောပြတော့ဘူး"
"မကြောက်ပါဘူးနော် ကိုဒိုးကလေးပြောပြ"
ကလေးတွေက ရင်ကော့ပြီး မကြောက်ကြောင်းဆိုလျှင် ဒိုးကလေးကလည်း ပြောပြဖို့ပြင်သည်။
ဟိုရှေးရှေးတုန်း က ဒီလို လသာတဲ့အချိန်မှာ ကောင်မလေးတစ်ယောက်က သူအမေနေမကောင်းလို့ဆိုပြီး တစ်ယောက်ထဲရွာထိပ်က ဆရာဝန်ကိုပြေးခေါ်ရတယ်တဲ့ သူသွားတဲ့လမ်းရဲ့ ညောင်ပင်ကြီးတစ်ပင်မှာ ဆံပင်ဖားလျားကြီးချထားပြီး မျက်လုံးကပြူးပြူးနဲ့သရဲမကြီးက ထိုကောင်မလေး ဟားး ဟားရယ်ပြတယ်တဲ့"
ဒိုးကလေးရဲ့အမှုအရာနဲ့ပြောပုံက တကယ်ကြောက်စရာကောင်းနေသောကြောင့် ကလေးတွေနဲ့အပြိုင် မမကြီးနဲ့မမလတ်လည်းတဖြေးဖြေး ဒိုးကလေးအနားကပ်လာကြ၏။ထိုအချိန် ညီအစ်ကို သုံးယောက်ကလာနေတဲ့ပုံက လူကိုအရင်မမြင်ရပဲ အရိပ်ကိုအရင်မြင်ရတာကြောင့် ကလေးတစ်ယောက်ကအလန့်တကြားထအော်၏။
"ဟိုမှာ သရဲ!!!"
အားလုံးလန့်၍ဒိုးကလေးအနောက်သို့ပြေးကပ်ကြ၏။ဒိုးကလေးကလည်း လူစွမ်းကောင်းပမာ ပါလာတဲ့ လွယ်အိတ်ထဲက လေးခွနဲ့ လောက်စလုံးကိုအသုံးချပြီးပစ်၏။
"ဖြောက် ဖြောက် ဖြောက် "
"လာစမ်းသေနာသရဲ ငါရဲ့လက်အစွမ်းကိုမြည်းည့် ဘယ်သူမှမကြောက်ကြနဲ့နော် ငါကိုယုံတယ်မဟုတ်လား ဆိုတော့ ကလေးတွေနဲ့မမနှစ်ယောက်ကပါခေါင်းငြိမ့်ပြသည်။
"အားး သေပါပြီး..တော်ပါတော့ ကိုဒိုးကလေး နာလှပြီးဗျို့အားး"
်"ဟမ် သရဲက မာယာများတဲ့ ကေသရာအသံကိုတောင်အတုလုပ်နိုင်တဲ့ ယုံလိုမဖြစ်ဘူးပြော၍ဆက်ပစ်၏။
ဒိုးကလေး မပစ်နဲ့နော်ကိုကိုပါ ကိုကိုပါဆိုပြီး ဧကရာဇ် ပြေးလာမှ ဒိုးကလေးအပစ်ရပ်သွား၏။
ဧကရာဇ်ရဲ့ နဖူးကအာလူးဘုကြီးအကြီးကြီးဖြစ်သလို နေသရာနဲ့ကေသရာတို့အတူတူပါပဲ။
"ကိုကိုက ဘာလိုလိုက်ရလာတာလဲ အခုတော့ ကျွန်တော်လောက်စလုံးဝိုင်းဝိုင်းလေးတွေကုန်ပြီး"
"အရမ်းချစ်ဖို့ကောင်းသောဇနီးပါလား ကိုယ်ယောကျာ်းနဖူးမှာအာလူးဘုဖြစ်နေတာကို့ မသနားပဲ လောကျစလုံးကိုနှာမျြောနတေဲ့ပေါ့ လာခဲ့ "ဆိုပြီး ထုံးစံအတိုင်း ဂုတ်ကနေဆွဲပြီး အိမ်သို့ပြန်ခေါ်ခဲ့သည်။ကလေးတွေအကုန်လုံးလည်း သူတို့အိမ်သူတို့ပြန်ကြ၏။
"မောင် အရမ်းနာသွားလားဟင် ဝတ်ရည် ကြပ်ပူဖြေးဖြေးလေးထိုးပေးမိမယ်နော် အုံဖွ..အုံဖွ"
"နာတာပေါ့ ဝတ်ရည်ရဲ့ ဒိုးကလေးလက်ကလည်းဖြောင့်နေတာပဲ ကံကောင်းလိုနဖူးပဲထိတာ မျက်လုံးထိရင်ကန်းလောက်တယ်"
"မောင်ရဲ့ ညီမလေးက နဖူးကိုပဲချိန်ပစ်တာ သူ့ကကျောင်းမှာသချာ်အရမ်းတော်တာ အဲဒါကြောင့် နဖူးနေရာကိုတည့်နေတာပဲ ကြည့်ပါအုံး တကယ်နဖူးအလယ်တည့်တည့်ပဲ"
"ဝတ်ရည်!!"
"အဟီး ဆော်ရီး မောင် အုံဖွအုံဖွဆိုပြီးကြပ်ပူထိုးပေးနေသည်။
မဂ်လာဉီးညမှာ မိန်းမနဲ့အချစ်ကြောင်းပြောပြီ အိပ်ယာဝင်ရာမလားအောင်မေ့တယ် အခုတော့ နဖူးကို ရေခဲကထိုင်ကပ်နေရတဲ့အဖြစ်"
"ကေသရာကလည်း မတော်တဆဖြစ်သွားတာပါနော် မမကပ်ပေးမယ် အရမ်းနာသွားမှာပေါ့နော်"
"မေးရက်တဲ့မမရဲ့ နာတာပေါ့ "
"အေးပါ အေးပါနော် မမ ရေခဲကပ်ပေးပါမယ်နော် ဝတ်လွှာ ချော့မော့ပြီး ကေသရာကို ရေခဲကပ်ပေးနေရသည်။
"ဒိုးကလေး ကိုကိုဒဏ်ရာကို ဆေးလာထည့်ပေးလေ"
"ကိုကိုဘာသာထည့် ဆော့လာရလို့မောနေပြီး အိပ်တော့မယ်"
"ဒါက ဒိုးကလေး ပေးတဲ့ဒဏ်ရာနော်"
"အောင်မာ ကိုကိုကို့ တမင်သက်သက်လုပ်တာမှမဟုတ်တာ ကိုကိုတို့ဘာသာကံဆိုးတာ ကျွန်တော်အိပ်ပြီး ဟွန့်ကိုကိုတို့ကြောင့် လောက်စလုံးဝိုင်းဝိုင်းလေးတွေ ဆုံးရှုံးလိုက်ရပြီး အဟင့် အဟင့်"
ဟမ် ငါးဖယ်ကပြောင်းပြန်ပါလား အားလူးဘုသီးထွက်နေတဲ့ ကိုယ်ယောကျာ်းကိုမသနားဘဲလောက်စလုံးကိုနှာမျော်နေတယ်တဲ့ ဧကရာဇ်ရေ မင်းတော့လှဲသာသေလိုက်တော့ စိတ်ထဲကတွေးပြီး ဆေးမထည့်တောဘဲ ချစ်ဇနီးချောလေးကိုသွားဖက်ပြီးချော့ရသည်။
စာရေးသူ သွေးမိန့်