book

Index 19

အပိုင်း(၁၉)

ကိုကိုရဲ့ဒိုးကလေး


ဝတ်ရည် နဲ့နေသရာ စားပြီးသာ ပန်းကန်တွေဆေးပြီးတော့ ဘုရားဘက်ကိုထွက်ခဲ့သည်။


"ဝတ်ရည်တို့ရွာလေးက သာယာတယ်နော်"


ကိုယ်ရွာကလေးကို သာယာတဲ့ပြောလို ဝတ်ရည်ကြည်နူးစွာပြုံးမိရပါသည်။ကိုမြို့ကြီးသားက အသားကညို အသံကလည်း နှာသံပေါက်နေတော့ သူ့စကားပြောရင် ဝတ်ရည်ရယ်ချင်မိပါသည်။


"ဒါနဲ့ ရှင်က ဘယ်ကလဲ ရန်ကုန်ကပဲလား"


"ဟုတ်တယ်ဗျာ."


"ဘာလာလုပ်တာလဲ ဝတ်ရည်တို့ရွာကို"


"မိန်းမ လာခိုးတာ"


"ဟမ် အဟင်း လတ်စသတ်တော့ ရှင်က ဝတ်ရည်တို ရွာကအပျိုလေးလာခိုးတာကို့ ဒါဆိုရင်တော့ ရှင်ရဲ့အကြောင်းကို သေချာသိမှဖြစ်မယ် ဘာလိုလဲဆိုတော့ ဒီရွာသူတစ်ယောက်အနေနဲ့ ကိုယ်ရွာက မိန်းကလေးကိုစောင့်ရှောက်ရမဲ့တာဝန်ရှိတယ် ပြောပါအုံး ရှင်ကဘယ်သူလဲ ဘာအလုပ်လုပ်လဲဆိုတာပေါ့ "


"ကျွန်တော်နာမည်က နေသရာပါ ဝတ်ရည်ရဲ့မောင်ပါ"

.

"ဟမ် ရှင်က ကိုနေသရာကို "


ဝတ်ရည် မောငျမှနျးသိလို့ပွေးမယျကနျြတော့ သူကဝတျရညျရဲ့လကျကိုဆှဲထား၍ ဖက်ထားပါသည်။ထိုနောက် ဝတ်ရည်ကိုလွမ်းနေတဲ့အကြောင်းနဲ့ သူ့ရဲ့ကိုကြီးအကြောင်းရှင်းပြ၏။


ဝတ်ရည်ကို မောင်လွမ်းနေတာ ဖုန်းတွေခဏခဏဆက်လည်းမကိုင်ဘူး ပြောစမ်းပါအုံး မောင်အပေါ်ဘာလို့ရက်စက်ရတာလဲ"


"မရက်စက်ပါဘူး ကိုဧကရာဇ်ညီဖြစ်တဲ့ ရှင်လည်း ဒီအချိုးမျိုးလာမှာပဲ"


"ဟာ အထင်သေးလိုက်ချည်းလား ဝတ်ရည် ကိုကြီးကမဖောက်ပြန်ပါဘူး ဝတ်ရည်တို့ညီအစ်မတွေ အထင်လွှဲနေတာပါကွာ အဲဒီနေ့က...."


"ဘာမှာလာမပြောနဲ့ မကြားချင်ဘူး"


"ဝတ်ရည် မဆိုးနဲ့ကွာ အကြောင်းအရင်းအမှန်ကိုမသိပဲနဲ့ မောင်တို့ညီအစ်ကိုတွေကိုမမုန်းပါနဲ့ကွာ အဲဒီနေ့က တော်ဝင်ရဲ့အဖေက ကိုကြီးကိုဖုန်းဆက်ပြီး ပှဲကြမ်းတာကြောင့် ကိုကြီးကစိတ်အရမ်းတိုပြီးပြန်လာတာပါ"


"သူစိတ်တိုတိုင်းဝတ်ရည်ရဲ့ညီမကို လက်ပါစရာလား.


"ဒိုးကလေးပြောတာကလည်း ကြည့်အုံးလေး ကိုကြီးကို စွပ်စွဲသလိုဖြစ်သွားတာကို့ ကိုကြီးက တော်ဝင်ကိုစိတ်ဝင်စားဖို့နေနေသာသာ သူ့အလုပ်နဲ့သူမအားဘူး ဝတ်ရည်ရာ ကိုကြီးလည်းအရမ်းခံစားနေရပါတယ် ပြီးတော့ ဝတ်ရည် မောင်ကိုမလွမ်းဘူးလားဟင်"


ဝတ်ရည်ကိုဖက်ထား၍ ကလေးတစ်ယောက်ကိုချော့မောနေတော့ ဝတ်ရည် စိတျတှေယိုငျခငျြပါသညျ။ ဒါပေမဲ့လည်း စိတ်တင်းထားရသေး၏။မိန်းကလေးဆိုတာ အရာရာကိုစိတ်ရိမ်းပူပင်ရတယ်လေ။


ဝတ်ရည်..မောင်ကို စိတ်စိုးပြေပါတော့ကွာနော် မောင် ဝတ်ရည်ကို လွမ်းလွန်လို့သေတော့မယ် မောင်မျက်နှာကိုကြည့်ပါအုံး"


"ရှင်မျက်နှာလည်း အဟင်း ရယ်စရာကြီး ရုပ်ဖျက်ထားတာကလည်း မလှမပကြီး"


"ရယ်နေ မောင်မှာရုပ်ဆိုးပန်းဆိုးကြီး ရုပ်ဖျက်ထားရတာသိလား"


"ကေသရာနဲ့ ကိုဧကရာဇ်ရော့ပါလား"


"ကေသရာက မောင်နဲ့အတူပါလာတာ ကိုကြီးကတော့သူ့သူငယ်ချင်းတွေနဲ့ရောက်လာတာ"


"ဟုတ်လား သူတို့နှစ်ယောက်ကိုမတွေ့ပါလား"


"သူတို့လည်း ရုပ်ဖျက်ထားတာကို့ကွာ မောင်ကိုစိတ်စိုးပြေတော့နော်"


"ဟွန့် မောင်ကိုသနားလို့အလျော့ပေးလိုက်မယ် တ်ရည်လည်း မောင်ကိုအရမ်းလွမ်းနေတာသိလား အဟင်ံ့ "


ဝတ်ရည်လည်း တကယ်လွမ်းနေတာကြောင့် မောင်ရင်ခွင်မှာမျက်နှာအပ်ပြီး ငိုတော့ မောင်ကကလေးကိုချော့သော ဖခင်သဖွယ်ချော့မောနေပါသည်။


"ဝတ်လွှာ ဆန်ပြုတ်သောက်ပြီးပြီးလား"


"မသောက်ချင်လို့ နင်တို့ဘာသာသွားသောက်နော် ဝတ်ရည်ကိုတွေ့ရင်ပြောပေးပါ ငါအိမ်ပြန်နှင့်ပြီးလို့"


"အေးပါဟယျ နင်ကိုကြည့်ရတာ ရည်းစားပူမိနေတဲ့အတိုင်းပဲ ပြောစမ်း ရန်ကုန်မှာရည်းစားရလာတဲ့မဟုတ်လား"


"မဟုတ်ပါဘူးဟာ ကဲ့ငါပြန်ပြီးနင်တို့လည်း အမြန်သွားစားတော့ မဟုတ်ရင် ဒိုးကလေးစားတာနဲ့ကုန်မယ်"


"အေးပါ နင်လည်းသတိထားသွားနော်


ဝတ်လွှာခေါင်းငြိမ့်ပြရင် ဘုန်းကြီးကျောင်းကနေ အိမ်သို့ပြန်လာခဲ့သည်။ ဘုန်းကြီး ကျောင်းရဲ့ လမ်းတစ်ဝက်မှာ ထန်းပင်တွေပေါများသဖြင့် ထန်းရည်ဆိုင်လည်းဖွင့်ထားပါသည်။ ထန်းရည်ဆိုင်ရှေ့ကို ဝတ်ရည်တစ်ယောက်ထဲဖြတ်လျှောက်ရတာကြောင့် အနည်းငယ်စိတ်ညစ်ပါသည်။


ဟေ့ကောင် မင်းလွင် ဟိုမှာ မင်းရဲ့မဒီဝတ်လွှာလေး တစ်ယောက်ထဲလာနေပြီး "


"ဒါဆိုရင်တော့ ငါအတွက်ကံကောင်းတာပဲ ဝတ်လွှာရဲ့အချစ်ကိုတောင်းခံရမယ်"


"တောင်းခံလိုမရရင်ဘယ်လိုလုပ်မလဲ"


"အဟွန်း တောင်းခံလိုမရရင် အတင်းသိမ်းပိုက်မှာပေါ့ ငါသူကိုချစ်နေတာ ဟို.. .ငယ်ငယ်လေးကတည်း ဟိုဒိုးပြားမ ကြောင့် ငါအသဲတွေခဏခဏကွဲရတာ အခုတစ်ခါတော့ မုတ်ဆိတ်ပျားစွဲတာပဲ လာသွားကြရအောင်"


မင်းလွင်နဲ့ သူအပေါင်းအဖော် သုံးယောကျတညျငွိမျစှာ လမ်းလျှောက်လာတဲ့ ဝတ်လွှာအရှေ့သို့သွားကြသည်။


"ဝတ်လွှာ ဘယ်ကပြန်လာတာလဲ ဘုန်းကြီးကျောင်းကလား"


"သိတာကိုဘာလို့အပိုတွေမေးနေတာလဲ ငါအရှေ့ကဖယ်စမ်း မင်းလွင်..ထန်းရည်အနံကလည်းမွှန်းထူနေတာပဲ"


ဝတ်လွှာ မျက်နှာလေးရှုံ၍ မင်းလွင်နဲ့ ဝေးအောင်အနည်းငယ် အနောက်ဆုတ်မိရပါသည်။


"အဟင်း..ငါဒီနေ့ နည်းနည်းမူးနေတာ နင်မကြိုက်ရင် နောက်မသောက်တော့ဘူးဟာ ငါနင့်ကိုအရမ်းချစ်တယ်သိလား"


"တော်စမ်းပါ မင်းလွင်ရာ လျှာရိုးမရှိတိုင်းလျှောက်ပြောမနေနဲ့ မူးနေရင်အေးဆေးနေ ငါကိုမနှောက်ယှက်နဲ့ ဖယ်"


"ဟာ ဝတ်ရည်ကလည်း နှောကျယှကျနတောမဟုတျဘူးလေ ချစ်ခွင့်တောင်းနေတာ့လေး ငါကိုပြန်ချစ်ပါဟာ နျောဆိုပွီး ဝတ်ရည်လက်ကိုကိုင်တော့ သူမရဲ့ရှက်ဒေါသကငယ်ထိပ်ရောက်ပြီး မင်းလွင်ရဲ့ပါးကို လည်ထွက်အောင်ရိုက်ပစ်မိသည်။


တောက်..ကောင်မ ငါပါးကိုရိုက်တဲ့ပေါ့ ဟိုကောင်တွေ သူကိုဆွဲခေါ်ခဲ့ မင်းလွင်ကဘယ်လိုလူစားလဲဆိုတာပညာပေးရမယ်"


"ငါကိုလွှတ်နော်.လွတ်.. လွတ်.. ကယ်ကြပါအုံးရှင့်..ဒီမှာ ကျွန်မကို နှောက်ယှက်နေတဲ့"


"ဒီကောင်မ ရဲ့ပါးစပ်ကိုပိတ်ထားလိုက် ရအောင်ပြောပြီး မင်းလွင် ဝတ်လွှာရဲ့ ပါးပြင်ကိုအားပြင်းပြင်းတစ်ချက်ရိုက်ပစ်လိုက်တော့ ဝတ်လွှာလှဲကျပြီး ပတ်ဝန်းကျင်နဲ့အဆက်ပြတ်ကာ မေ့သွားရသည်။မေ့နေတဲ့ ဝတ်လွှာကို မင်းလွင် ကောက်ပှေ့ပွီး ကောက်ရိုးပုံဘက်သို့ခေါ်သွားသည်။ကောက်ရိုးပုံလည်းရောက်ရော့ ဝတ်လွှာကိုစော်ကားပျက်စီးဖို့ကြံစည်၏။


"ဟိုကောင်တွေ အနီးအနားကိုစောင့်ကြည့်ထား ငါ ချစ်ရတဲ့မိန်းကလေးကိုအပိုင်သိမ်းပိုက်တော့မယ် ဟားး.. ဟားး" 


ဝတ်လွှာရဲ့ အဝတ်အစားကို မင်းလွင်ချွတ်ဖို့ပြင်တဲ့အချိန် အပြင်ဘက်က တိုက်ခိုက်သံတွေကြောင့် တောက်ခေါက်ပြီး အပြင်ထွက်လာသည်။


လူယုတ်မာ ငါအစ်မကိုစော်ကားဖို့ကြံတဲ့ ခွေးကောင်တွေပြောပြီး ဒိုးကလေး တုတ်ဆွဲပြီး မင်းလွင်တို့အဖွဲ့ကို ချပစ်၏။ ကေသရာနဲ့ ဧကရာဇ်က လည်း ဝိုင်းချ၏။ဒိုးကလေးရဲ့ ဒေါသက မင်းလွင်ဆိုတဲ့လူကိုပဲအသေတိုက်ခိုက်နေတာကြောင့် မင်းလွင်အဖွဲ့ကလူတစ်ဉီးရဲ့ ဓားကိုမမြင်လိုက်ပေ။ဧကရာဇ် လှမ်းမြင်လိုက်တာကြောင့် ဒိုးကလေး အစားဝင်ခံလိုက်သည်။


"စွပ်.."


"အာ... "


"ကိုကြီးး!!!!"


ကေသရာက စိုးရိမ်းတကြီးအော်ပြီး ဓားနဲ့ထိုးတဲ့လူရဲ့မျက်နှာကိုအဆက်မပြတ် ထိုးမိသည်။ထိုအချိန် ရွာသားတွေနဲ့ ဒိုးကလေးရဲ့ဖေဖေရောက်လာ၍ အတင်းလူစုခွဲရ၏။


မင်းလွင်ကတော့ ဒိုးကလေး လက်ချက်ကြောင့် လှုပ်တောင်မလှုပ်တော့တာကြောင့် လူကြီးတစ်ယောက်က အသက်ရှုမရှုစမ်းသပ်၏။ အသက်ရှုနေသေးတာကြောင့် စိတ်အေးသွားသည်။


ဒိုးကလေး ဧကရာဇ်ကို ပွေ့ပိုက်ထားမိသည်။


ဘာလို့ ကျွန်တော်အစားဝင်ခံရတာလေ..အီးးဟီးးး..မသေပါနဲ့နော်...ကျေးဇူးပြု.အီးးဟီးး"


"သား စိတ်ကိုအေးအေးထား..ဧကရာဇ်ကို ဆေးရုံးအမြန်ပို့မှာရမယ်.သွေးအရမ်းထွက်နေပြီး"


ဧကရာဇ်ကတော့ ဒိုးကလေးရဲ့မျက်ရည်ကို သူရဲ့လက်သုတ်ပေး၏။


"မငိုပါနဲ့...အာ..ကိုကို...အာ့..တောင်ပန်းပါတယ်..နော်"


"ကိုကို စကားမပြောနဲ့နော်..ကျွန်တော်ခွင့်လွတ်တဲ့ အီးးဟီးး "


ဒိုးကလေး မျက်ရည်တွေက အဆက်မပြတ်စီးကျလာရသည်။..နေသရာက ကားကိုအမြန်ဆုံးမောင်းပြီး.ဆေးရုံသို့ပို့လိုက်ရပါသည်။ဒိုးကလေးကလည်း ဧကရာဇ်ရဲ့ လက်ကိုကိုင်ပြီး စကားတွေတီးတိုးရေရွတ်နေမိပါသည်။


ဝတ်လွှာ သတိရလာတော့ ဝမ်းနည်းကြေကွဲစွာ ငိုမိပါသည်။


"ငါဘဝတော့ ပျက်ပြီးထင်ပါတယ်..အဟင့် ငါကိုဘယ်သူအိမ်ပြန်ပို့ပေးတာလဲ.. အိမ်မှာလည်းဘယ်သူမှမရှိဘူးထင်တယ်..အဟင်..အဟင်ံ့..မင်းလွင်..လူယုတ်မာ..ငါဘဝပျက်ပြီး. ရွာထဲမှာဘယ်လိုမျက်နှာနဲ့နေရမလား

.အီးဟီးး" ဝတ်လွှာ ရင်ကွဲမတက်ငိုနေတုန်း အခန်းတံခါးဖွင့်လာလို့ကြည့်လိုက်တော့ ကေသရာ ဖြစ်နေသည်။


"မမ သတိရပြီးလား"


"ကေသရာ ဘယ်လိုရောက်လာတာလဲ.."


"ကြည့်အုံး အရမ်းငိုနေတာပဲ ကျွန်တော်ကိုမြင်ရလိုငိုနေတာလား..ကျွန်တော်ကို စိတ်စိုးမပြေ...ကေသရာ စကားကမဆုံးခင် ဝတ်လွှာ ကေသရာကိုတင်းကျပ်နေအောင်ဖက်ပြီး ငိုချပစ်မိပါသည်။


"အီး..ဟီး မမဘဝတော့ ပျက်ပါပြီး ကေသရာရယ်.."


"မမဘဝက ဘာလိုပျက်ရမှာလဲ ကျွန်တော်တို့အချိန်မိရောက်ခဲ့တယ်လေး မမကို ဟိုလူယုတ်မာ မင်းလွင် လက်ကနေကယ်နိုင်လိုက်ပါသည်။


"ဟမ် တကယ်လားဟင် ဘယ်လိုဖြစ်ပြီးသိတာလဲ"


"ပြောပြာမှာပေါ့ မမရဲ့ ရင်ခွင်ကိုမှီပြီး မငိုပေနဲ့ စိတ်ပင်ပန်းခဲ့သမျှအနားယူပြီးနားထောင် ဒီလိုမမရဲ့


ကေသရာ မမဝတ်လွှာဆန်ပြုတ်လာသောက်မဲ့ထင်ပြီးမျှော်နေသော်လည်း မရောက်လာတာကြောင့် စိတ်ပူနေတုန်း ကောင်လေးတစ်ယောက်ရေးကြီးသုတ်ပြာပြေးလိုက်ပြီး


"ဟောဟဲ.. ကိုဒိုးကလေး..ဟဲ"


"ဘာဖြစ်လာလို့လဲ ဂျာရစ်"


"မမဝတ်လွှာကို ကိုမင်းလွင်တော့ ဖမ်းသွားပြီး"


"ဘာကွာ အမြန်လိုက်ရမှာပေါ့"


"ဒိုးကလေး ကိုကို ကားနဲ့သွားမယ်"


"ဟမ် ခင်ဗျာကြီးး"


.ကိုကိုကို့ နောက်မှာဒေါသထွက်ပါ ဝတ်လွှာဆီအမြန်သွားရအောင် ကေသရာ ကားသွားယူခဲ့"


ကေသရာလည်း အကြောင်းစုံပြောကြတော့ ဝတ်လွှာ မျက်နှာလေး ခဏတော့ပြုံးပေမဲ့ ချက်ချင်းစိတ်မကောင်းဖြစ်သွား၍ ပြောလိုက်သည်စကားကြောင့် ကေသရာပါ စိုးရိမ်သွားရပါသည်။


"ကိုဧကရာဇ်ရော့ အခြေအနေကောင်းရဲ့လားဟင်တဲ့"


ဲခွဲစိတ်ခန်းအရှေ့မှာ ဒိုးကလေး ပျာယာခတ်စွာ လမ်းလျှောက်ဆုတောင်းနေမိပါသည်။ထိုအချိန် ဆရာမလေး တစ်ယောက်ထွက်လာပြီး


"လူနာအခြေနေအရမ်းဆိုးပါတဲ့ သွေးတွေလည်းတအားထွက်ထားတဲ့ ဒါကြောင့်သွေးလိုအပ်ပါတဲ့"


ဆရာမ ဘာသွေးလိုတာလဲဟင် ကျွန်တော်လှူမယ်"


"လူနာသွေးက Oသှေးပါ"


"ကျွန်တော်နဲ့အတူတူပါပဲ ဆရာမ "


"ဟုတ်ပါပြီး ဒါဆိုရင်သွေးဖောက်ခန်းထဲ့သိုလိုက်ခဲ့ပေးပါ"


ဒိုးကလေးက ဆေးထိုးအပ်ကိုအရမ်းကြောက်သူဖြစ်တာကြောင့် ဒေါ်ကျင်ကျင်က


"သမီးငယ်ဖြစ်ရဲ့လား ဆေးထိုးအပ်မြင်ရင် အရမ်းကြောက်တတ်တာလေး"


"ဖြစ်ပါတယ် အမေ သား ကိုကိုဆုံးရှုံးရမှာအကြောက်ဆုံးပဲ ကျန်တာတွေကို လုံးဝမကြောက်ပါဘူး"


ဒေါ်ကျင်ကျင် ဒိုးကလေးကိုဖက်ပြီး သွေးဖောက်ခန်းထဲသို့ ခေါ်သွားပါသည်။


စာရေးသူ သွေးမိန့်


rate now: