book

Index 18

အပိုင်း (၁၈)

ကိုကိုရဲ့ဒိုးကလေး


"သားကြီး မင်းဘယ်လိုလုပ်လိုက်တာလဲ"


"သား သူစကားကြောင့် ဒေါသအရမ်းထွက်ပြီးရိုက်မိတာပါ မေကြီး"


"တောက် ဒေါသကိုလျော့လို ဘယ်နှစ်ခါပြောရမလဲ  အခုပြသာနာက တကယ်အကြီးစားနော် ငါသားက အားနွဲ့တဲ့မိန်းကလေးကို ကိုယ်ထိလက်ရောက်လုပ်လိုက်တာ အရမ်းမှားတယ် သမီးလေး ဘယ်လောက်နာသွားမလားမသိဘူး သူတို့မိသားစုအကုန်လုံးကအရမ်း စိတ်စိုးနေတဲ့ "


"သားလည်း တကယ်နောင်တရပါတယ် မေကြီးရဲ့ သားသူကိုသေချာနားလည်အောင်ပြောပြသင့်တာ မေကြီးရဲ့ သားမှားပါတယ်"


ဧကရာဇ် မျက်နှာငယ်လေးနဲ့ပြော၏။ဒေါ်ခင်နှင်းဆီက ဒေါသထွက်တာကြောင့်မျက်နှာကခက်ထန်နေပါသည်။ပုဂံကနေ ဒီပြသာနာကြားကြားချင်းပြန်လာခဲ့ရသည်။ အခု ဧကရာဇ်ကို ဆူနေတာကြာပါပြီး။


"မေကြီး သားတို့ ဒိုးကလေးတို့ရွာသွားပြီး တောင်ပန်းကြရအောင်"


"မင်းဘာသာသွားတောင်ပန်း ငါတို့ကဘယ်မျက်နှာနဲ့လိုက်ရမလဲ မင်းကြောင့်...ဆိုပြီး ဧကရာဇ် ဆံပင်ကို ဒေါ်ခင်နှင်းဆီဆောင့်ဆွဲပစ်၏။ဧကရာဇ်ကတော့ ငြိမ်ခံနေပါသည်။ ကေသရာကတော့ ဝင်ဆွဲပါသည်။


မေကြီးရဲ့ စိတ်လျော့ပါနော် ကိုကြီးဆံပင်မွှေးတွေကျွတ်ကုန်ပြီး"


"ကျွတ်ပါစေ ဒင်းကြောင်း ငါသမီးလေး ဘယ်လောက်နာကျင်သွားလိုက်မလဲ ဧကရာဇ် ငါအရှေ့က အခုချက်ချင်းထွက်သွား နင်မျက်နှာငါမကြည့်ချင်ဘူး"


ဒေါ်ခင်နှင်းဆီရဲ့စကားကြောင့် ဧကရာဇ် ကားမောင်းပြီးအပြင်ထွက်ခဲ့ပါသည်။


ဝတ်ရည် မီးဖိုချောင်းမှာ ချက်ပြုတ်နေတုန်း အမေရဲ့ လှမ်းအော်သံကြားလိုက်ရ၏။


"သမီးလတ်ရေ ဒီမှာဖုန်းမြည်နေတဲ့ လာကိုင်အုံး "


"ဟုတ်ကဲ့အမေ သမီးလာပြီး "


ဝတ်ရည် ဟင်းအိုးကို ခဏချပြီး အိမ်ရှေ့ပြေးထွက်ခဲ့သည်။ 


"ဟဲလို ဘယ်သူပါလဲရှင့်"


"မောင်ပါ ဝတ်ရည် ဖုန်းမချပါနဲ့ကွာ မောင်ပြောနားထောင်ပါအုံး"


ဝတ်ရည် မောင်ရဲ့အသံကြားတာကြောင့် မျက်ရည်က ချက်ချင်းဝဲတက်လာပါသည်။ဒါပေမဲ့လည်း စိတ်တင်းပြီး


"ကျွန်မဆီကို ဖုန်းဘယ်တော့မှမဆက်နဲ့လို့ပြောထားတဲ့လေ ရှင့်အသံကိုမကြားချင်ဘူး"


"ဝတ်ရည်ရယ် အဲဒီထိလောက်တောင်မောင်ကို မုန်းနေပြီးလားကွာ  မောင်ရှင်းပြတာနားထောင်ပါနော် အဲဒီနေ့က ရုံးခန်းကို.. နေသရာ စကားမဆုံးခင်တစ်ဖက်ကဖုန်းချသွား၏။


"သမီးလတ် ဘယ်သူဖုန်းဆက်တာလဲဟင်"


အမေ အသံကြောင့် ကျလုပြီးဖြစ်တဲ့ မျက်ရည်ကိုချက်ချင်းသုတ်ပစ်၍ ဟန်ဆောင်ပြုံးကာ ဖုန်းမှားဝင်တာပါလို့ဖြေမိသည်။


ပန်းဝတ်လွှာ စိုက်ပျိုးခြံထဲကအသီးနှံတွေရေလောင်းပြီး ထိုင်လွမ်းနေပါသည်။အိမ်မှာကတော့ ပျော်ရွှင်ယောင်ဆောင်ရတဲ့လေ။

ကေသရာရဲ့ပုံရိပ်တွေက သူမအနားမှာရှိနေတဲ့အတိုင်းမြင်ယောင်နေရပါသည်။ထိုစဉ် ဒိုးကလေးနဲ့ကလေးတစ်သိုက်ခြံထဲကိုဝင်လာတာကြောင့် ဝတ်လွှာ မျက်ရည်တွေချက်ချင်းသုတ်မိပါသည်။


"မမကြီး မျက်နှာမကောင်းပါလား ကေသရာကို သတိရလိုငိုနေတာလား"


"မဟုတ်ပါဘူး မျက်လုံးပိုးကောင်ထဲဝင်သွားလို့ ဒါနဲ့ခြံထဲဘာလာလုပ်တာလဲ"


"ဘာလုပ်ရမှာလဲ မမကိုဝိုင်းကူဖို့လာတာ ကဲ့ကလေးတွေ ဟိုးနားမှာမြက်ကိုပြိုင်နုတ်ကြမယ် နုတ်ပြီးရင် ရွာထိပ်မှာ မုန့်သွားစားကြမယ်"


"အဲဒါကောင်းတဲ့ အစီစဉ်ပဲ ကိုဒိုးကလေး နောက်တစ်ပတ်ဆိုရင် ဝါဆိုပန်းခူးပြီး ဘုရားကပ်ရမှာနော်"


"ဟုတ်လား ဝါဆိုလတောင်ရောက်ပြီးပဲ ဘုန်းကြီးကျောင်းသွားပြီး သန်ရှင်းရေးလုပ်ရအုံးမယ် "


"ဟိုနှစ်ကလိုပဲ ကြက်သားဆန်ပြုတ်ပြိုင်စားကြမယ်နော်"


"ငါကိုအခုထိ ဆရာမတင်သေးဘူး သာဂိ"


"ကိုဒိုးကလေးက အရင်ကအစားအများကြီးစားတဲ့ ကိုဒိုးကလေးမဟုတ်တော့ဘူးလေ ခါတိုင်းဆိုရင်မုန့်ဝယ်စားရင်အများကြီးစားတာကို့ အခုတော့နည်းနည်းပဲစားတယ်လေ"


"နေစမ်းပါအုံး မင်းတို့တွေက ငါကိုလိုက်ကြည့်နေတာလား"


"မြင်နေရတာကို ကိုဒိုးကလေးပုံက ဟိုဉီးဂွစာကြီးကိုသတိရနေတာထင်တယ်"


"အောင်မာ သတိရစရာလား လျှာမရှည်နဲ့ မြက်ပြိုင်နုတ်မယ်"


ဝတ်လွှာ အခုနာကလွမ်းနေတဲ့စိတ်တွေပြေသွားရ၏။ဘာကြောင့်လဲဆိုတော့ ဒိုးကလေးနဲ့ကလေးတစ်သိုက်က ပျော်ပျော်ရွှင်ရွှင်မြက်နုတ်ပြီး စကားနိုင်တွေလုနေကြလို့ပါ။


ဧကရာဇ် အရက်တွေတစ်ခွက်ပြီးတစ်ခွက်သောက်နေမိပါသည်။ဘေးက သူငယ်ချင်းတွေတားတာတောင်မရပါ။


ဒိုးကလေးကွာ ငါကိုရက်ရက်စက်စက် စွပ်စွဲရက်

တယ် ငါကဖောက်ပြန်နေတာတဲ့ .ဘာကိုကြည့်ပြီး

ပြောတာလဲ...ကွာ..မင်းတို့ပဲ စဉ်းစားကြည့် ငါရုံးကို တော်ဝင်ရဲ့အဖေဖုန်းဆက်ပြီး ဘာပြောတဲ့ထင်လဲ မင်းရဲ့မိန်းမကြောင့် ငါသမီးလက်ဒဏ်ရာရသွားလို့ ကျောက်ပတ်စီးရတဲ့ တရားစွဲမယ်တဲ့ကွာ အဲဒီတော့ ငါကဘာဆက်လုပ်မရလဲ အသနားခံပြီးတောင်ပန်းရတာပေါ့ကွာ ငါဆိုတာဘယ်သူကိုမှအောက်ကျခံပြီး တောင်ပန်းတာမဟုတ်ဘူးမင်းတို့ငါအကြောင်းသိပါတယ် အိမ်ရောက်တော့ ငါဒေါသအရမ်းထွက်ပြီး ဒိုးကလေးကိုမေးတာ သူကငါကိုကောင်းကောင်းမဖြေပဲ တော်ဝင်ဘက်ကမခံနိုင်ပဲ သူကိုဒေါသဖြစ်တဲ့ဆိုပြီး ငါကိုစွပ်စွဲတဲ့ ငါလည်းစိတ်မထိန်းနိုင်ပဲ သူ့ရဲ့ပါးကိုရိုက်မိတယ် ဒီလက်ကရိုက်မိတာကွာ ဆိုကြီး အုတ်နံရံနဲ့ လက်ကိုထိုးပစ်၏။ ထိုးချက်များတာကြောင့်သွေးတွေအများကြီးထွက်လို့ အနီးဆုံးဆေးခန်းသို့ပြေးပြရသည်။ ဆေးခန်းပြပြီးတော့ အရက်မူးမူးနဲ့ကားပေါ်တက်ပြီး ဒိုးကလေးဆီသွားမယ်ဆိုလို့ သူငယ်ချင်းတွေတားမရသဖြင့် လိုက်ပို့ရ၏။


ကေသရာနဲ့နေသရာကလည်း ကားတစ်စီးနဲ့ ဒိုးကလေးတို့ရွာသို့သွားကြသည်။


"ညီ ကိုလေးမောင်းရမလား "


"ရတယ် ညီမောင်းမယ် ကိုလေးအိမ်ကိုဖုန်းဆက်ပြီးပြောပြလိုက်အုံး စိတ်ပူနေအုံးမယ်"


"အေးပါကွာ ဒါနဲ့ရွာရောက်ရင် ငါတို့ဘယ်မှာသွားတည်းမလဲ"


"ဘုန်းကြီးကျောင်းရှိတာပဲ အဲဒီကိုသွားရမှာပေါ့ ကိုဒိုးကလေး အိမ်သွားတည်းရင် နှစ်ယောက်လုံးအသတ်ပျောက်မယ်"


"ကိုကြီးကလည်း လွန်တယ် လက်ပါရတဲ့လို့"


"ကိုလေးကလည်း ကိုကြီးကသူကိုမဟုတ်တာစွပ်စွဲရင် ဒေါသအရမ်းထွက်တာကိုသိရဲ့သာနဲ ညီကတော့ မမကို နားဝင်အောင်ရှင်းပြမယ် ဒါတောင်လက်မခံရင် ကားတင်ပြေးမယ်"


"ငါရော့ပဲ"


ညီအစ်ကို နှစ်ယောက် အစီစဉ်ဆွဲ၍ ခရီးဆက်ခဲ့ကြသည်။


....................


ဒိုးကလေးနဲ့ ကလေးတစ်သိုက် ဘုရားတွင်လာ၍ သန့်ရှင်းရေးလုပ်ဖို့ ဘုန်းကြီးကျောင်းသို့လာခဲ့သည်။


"ဟာ ဟိုကားကြီးကအမိုက်စားပဲ နှစ်စီးတောင်ကွာ"


ဖိုးခွေရဲ့ အသံကြောင့် ဒိုးကလေး ဘုန်ကြီးကျောင်းအပြင်ဘက်က ရပ်ထားတဲ့ ကားနှစ်ဆီးကို လှမ်းကြည့်မိရပါသည်။စိတ်ထဲမှာ ဒီကားကို မြင်ဖူးသလိုခံစားမိရပါသည်။


"အလှူလာလုပ်တာနေမှာပေါ့ကွာ "


"ဖြစ်နိုင်တယ် ဒီနေ့ကဝါဆိုလပြည့်ဆိုတော့ ယေးး ငါတို့တော့ ဒီနေ့ကြက်သားဆန်ပြုတ်မစားရပဲ ဒီထက်ပိုပြီးကောင်းတဲ့ အစားစားစာရမယ်ထင်တယ်"


ဒိုးကလေး အစားငမ်းတဲ့ ကလေးတစ်ယောက်ကိုခေါင်းခေါက်မိရပါသည်။


ပါးစပ်ပုတ်နဲ့ လျှောက်မပြောနဲ့ ညနေကြက်သားဆန်ပြုတ်ပြိုင်စားရမှာဖြစ်မယ် ပိစိ"


"ဟုတ်တယ် ပေစိ မင်းစကားလွှဲပါစေဖယ်ပါစေ"


ကလေးတစ်သိုက်ဝိုင်းဆုတောင်းကြပါသည်။ဘုန်းကြီးကျောင်းဝန်းထဲ မဝင်ခင် ဖိနပ်ချွတ်၍ ဘေးမှာချွတ်ထားကြသည်။


ဟေ့ ဖိနပ်တွေတစ်စုစီး ထားကြနော် တော်ကြာပျောက်နေမယ်.ဟိုအကျင့်ပုတ်တဲ့ ဘုန်းကြီးကျောင်းသားတွေဖွက်ထားအုံးမယ်"


"ဖွက်ရဲရင်ဖွက်ကြည့်ပါလား ကျောင်းတိုင်ဘုန်းကြီးနဲ့တိုင်ပစ်မယ်"


"ဟိတ် ငါတို့ကိုအကျင့်ပုတ်တဲ့ပြောတာ ဘယ်ကကလေးလဲ"


"ငါပြောတာဟာ ဘာလဲမကျေနပ်ဘူးလား သာကျော်"


"အဟီး ကိုဒိုးကလေးပါလား ဟီးး "


သာကျော်က ဒိုးကလေးကိုမြင်သွားတာကြောင့် မျက်နှာချိုသွေးပြီးပြုံးတော့ သာဂိတို့အဖွဲ့ ဆရာကြီးစတိုင်နဲ့ ဘုန်းကြီးကျောင်းထဲသို့ဝင်ခဲ့သည်။


"ကိုလေး  ဘယ်နေ့ဝတ်ရည်ကိုသွားတွေ့မှာလဲ"


"ဒီနေ့ဝါဆိုလပြည့်ဆိုတော့ ဘုန်းကြီးကျောင်းလာမှာပဲလေ ဒါနဲ့ ကိုကြီးတို့အဖွဲ့ရော့"


"ဘုရားဝန်းထဲမှာမြက်ရှင်းနေတဲ့"


"သွားကူကြမယ်လေး"


"ဟာ ဟိုမှာဒိုးကလေ"


ကေသရာ အလန့်တကြားပြော၍ လက်ညိုးထိုးပြလိုက်၏။


"အဲဒါမှပြသာနာပဲ ကိုကြီးနဲ့တိုးရင် သွားပြီး အမြန်သွားပြောရမယ်"


"ပြောလိုရမှမဟုတ်တော့ဘူး အဲဒီဘက်ကိုသူတို့တွေသွားကြပြီး"


ကေသရာနဲ့နေသရာလည်း နားနေဆောင်သို့အမြန်ပြေးဝင်ပြီး ကိုကြီးနဲ့ဒိုးကလေး မဆုံပါစေနဲ့လိုဆုတောင်းနေပါသည်။


ဘုရားဝန်းထဲ ချုံတွေကို ဧကရာဇ် ဓားတစ်ချောင်းကိုင်ပြီးရှင်းနေပါသည်။


"ဧကရာဇ် မင်းမောပြီးလား ငါရှင်းမယ်ပေး ပြီးတော့မင်းလက်ကဒဏ်ရာက ပျောက်သေးတာမဟုတ်ဘူး"


ငါလက်ကအနာက ပိုနာသင့်တယ် ငါချစ်တဲ့မိန်းကလေးရဲ့ပါးကိုရိုက်မိတဲ့အတွက် ဒီလောက်တော့နာသင့်ပါတယ်"


"ပြီးရော့"


ဘုန်းကြီးကျောင်းလေးက အရမ်းအေးချမ်းပါသည်။ဘုန်းကြီးကျောင်းအနီးတစ်ဝိုက်မှာ လယ်ကွင်းနဲ့တောတွေပဲရှိပါသည်။ ဧကရာဇ် မြက်ရှင်းနေတုန်း ဒိုးကလေးရဲ့အသံကိုကြားလိုက်ရတာကြောင့် ရင်တုန်ပန်းတုန်ဖြစ်သွားရပါသည်။


"ဒီမှာ ခင်ဗျားကြီးကရန်ကုန်ကဧည့်သည်လား"


ဧကရာဇ် စကားမပြောဘဲငြိမ်နေတော့ ဒိုးကလေးဘေးက ကလေးက


"ကိုဒိုးကလေး "အ"နေတာလား နားမကြားတာလားမသိဘူး"


."နားမကြားရတဲ့လူက ငါတို့အသံကြားရင် အခုလိုလုပ်နေတဲ့အလုပ်ကိုရပ်ပါမလား ငနာရဲ့"


"သာဂိ မင်းငါကိုမဆဲနဲ့နော်"


"မင်းကဆဲအောင်လုပ်နေတာကို့"


"ဟေ့ တော်ကြာတော့ရန်ဖြစ်မနေနဲ့ ဒီမှာလူကြီး ခင်ဗျားကျွန်တော်ပြောတာကြားရင် ခေါင်းငြိမ့်ပြ"


ဧကရာဇ် ဆောင်းထားတဲ့ဉီးထုပ်ကို မျက်နှာကွယ်အောင်ဆောင်းပြီး ခေါင်းငြိမ့်ပြလိုက်ရပါသည်။


"ကိုဒိုးကလေးပြောလို့ ခေါင်းငြိမ်တဲ့တွေ့လား"


"မင်းပါစပ်ပိတ်ထား ကိုဒိုးလေးပဲဆက်ပြောပါစေ"


"သာဂိလှမ်းငေါက်တာကြောင့် ပိစိပါးစပ်ပိတ်သွားရ၏။


"ခင်ဗျားကြီးက စကားမပြောတတ်ဘူးလား"


ဧကရာဇ် ခေါင်းငြိမ့်ပြပြန်၏။


ဒိုးကလေး လည်း ထိုလူကို လက်ဟန်ခြေဟန်နဲ့စကားပြောလို့ရအောင် သူအရှေ့သွားရပ်သည်။ ဧကရာဇ်ကလည်း ဒိုးကလေးအခုလို သူ့အရှေ့လာရပ်တာကြောင့် နှလုံးခုန်နှုန်းတွေမြန်လာရသည်။မျက်နှာကိုလည်း မမှတ်မိအောင် ဘေးနားကဗွက်ကိုယူပြီး မျက်နှာမှ သုတ်လိုက်ရ၏။


"အပါးးပါး အပါးးးအပါးး"


ဧကရာဇ် ရယ်ချင်စိတ်မနည်းထိန်းရပါသည်။ဒိုးကလေး အပါးပါးးဆိုပြီး ခြေဟန်လက်ဟန်လုပ်ပြပြီးမေးပုံက တကယ်ရယ်ချင်စရာပါ။


"ငါပြောတာနားမလည်ဘူးထင်တယ်နော် ကလေးတွေ"


"ကိုဒိုးကလေးကလည်း ဖြေးဖြေးချင်အမူအရာလုပ်ပြလေး အမြန်လုပ်ပြတော့ ဘယ်နားလည်မှာလဲ ကျွန်တော်တို့တောင်ခေါင်းမူးပြီးရယ်ချင်တယ်..ဟားး"


"ဟွန့် သေနာကောင် နင်တို့တွေငါလိုပြောတတ်လို့လား"


်"မပြောတတ်ပါဘူး ကိုဒိုးကလေးပဲဆက်ပြော"


ဒိုးကလေးလည်း ဖြေးဖြေးချင်အမူအရာလုပ်တာတော့ ဧကရာဇ်ကလည်း တုံပြန်ပြီး အပါးး အပါးး.နဲ့ပြန်ပြောသည်။ဒိုးကလေးက သူနဲ့အတူပန်းခူးဖို့ခေါ်တာကြောင့် ဧကရာဇ်ခေါင်းငြိမ့်ပြီးလက်ခံလိုက်သည်။


"ကိုကြီး .ကိုကြီး..ဒိုးကလေး မြင်သွားလား"


"မြင်တော့မြင်တဲ့ ငါမှန်းသူမသိအောင် ပွက်နဲ့မျက်နှာကိုသုတ်ပစ်လိုက်ရတယ်"


"အော့ ရွံစရာကြီး "


"ကေသရာနော် ငါလည်းမလွယ်သာလိုလုပ်လိုက်ရတာ အခုလည်းပန်းခူးဖိုခေါ်ထားတဲ့ သူမမိမှတ်အောင် ဘယ်လိုသွားရမလဲမသိဘူး"


"ဒါများ..ညီကိုအားကိုးစမ်းပါဆိုပြီး..ကေသရာ 

 

 ဧကရာဇ်ကို ရုပ်ဖျက်ပေးလိုက်သည်။


"ကိုဒိုးကလေး ကိုအ ကလာမှာလား"


"ဟိုမှာလာနေပြီး"


"အယ် အသားကလည်းမဲတူးချိတ်နေရော့ မျက်နှာကလည်း တော်တောမဲတယ်"


"ဖိုခွေး သူများရဲ့အားနည်းချက်ကိုမလောင်ရဘူး သူအရှေ့မှမပြောမိစေနဲ့ "


"ဟုတ်ကဲ့ပါ ကိုဒိုးကလေး"


ဒိုးကလေးတို့ အုပ်စုနဲ့ပန်းခူးရတာပျော်စရာကောင်းလှပါသည်။ပန်းလုတဲ့ ကလေးတွေကြောင့် ဧကရာဇ် စိတ်ကြည်နူး၍ ရယ်မိရပါသည်။


"အော် ဟိုနာကပန်းက ငါဟာနော် လုခူးဖို့မကျန်နဲ့ ဟော ဟိုနားဟာလည်း ငါ​ေတွ့တာနော်"


"ငပြူး နင်ဟာကိုဘယ်သူမှမလုဘူး ကိုယ်အရှေ့ကပန်းကိုတော့ မမြင်ပဲ အဝေးကပန်းကိုလှမ်းဉီးနေတဲ့ကြောင်တောင်ကန်းရဲ့"


"ဘာဖြစ်လဲ မိကျောင်းမ နင်မြင်ရင်နင်ခူးပေါ့ "


"နင်စကားနဲ့နင်နော်ဆိုပြီး မိကျောင်းမ ငပြူးအရှေ့က ပန်းလည်းခူးပြီး ငပြူးဉီးထားတဲ့ပန်းတွေကို ခူးပစ်တာကြောင့် ငပြူးလိုက်ရိုက်တော့ထွက်ပြေး၏။


"ပျော်စရာကောင်းတယ်နော် ကိုအ တောင်ပန်းပါတယ် ခင်ဗျာကစကားမှမပြောနိုင်တာ ...အပါးးး..အပါးး"


ဧကရာဇ် ရယ်ပြီး ယူလာတဲ့..စာအုပ်နဲ့ဘောပင်ကိုထုတ်ပြီး.စာရေး၍.ဒိုးကလေးကို.လှမ်းပေး၏။


ဪစာအုပ်ယူလာတာလား..ကိုအ က အကြံကောင်းသာ.မဟုတ်ရင်.ကျွန်တော်..အပါးးး.အပါးးနဲ့အသက်တိုမယ်.ပြောပြီးစာအုပ်ကိုကြည့်လိုက်သည်။


"အရမ်းပျော်ဖို့ကောင်းပါတယ် ဒိုးကလေးကတော့ မပျော်သလိုပဲနော်"


စာကိုဖတ်ပြီး ဒိုးကလေး ကိုအ ကိုလှမ်းကြည့်၏။


"ဘာကိုကြည့်ပြီးပြောတာလဲ ကျွန်တော်ပျော်ပါတယ် အရမ်းပျော်တာ"


ဧကရာဇ် စာပြန်ရေး၏။


"ဒိုးကလေး မျက်လုံးကပြောနေတဲ့ လုံးဝမပျော်ဘူးတဲ့"


"ကိုအ ကိုမငြင်းတော့ပါဘူး ကျွန်တော်လုံးဝမပျော်ဘူး ဘာလိုလဲသိလား ဟိုလူဂွစာကြီးကြောင့်ပေါ့ ခင်ဗျား ဘာစာမှမရေးနဲ့ ကျွန်တော်ပြောတာပဲနားထောင်"ပြောတော့ ဧကရာဇ်ခေါင်းငြိမ့်ပြပါသည်။ ဒိုးကလေးလည်း အစကနေအဆုံးပြောလိုက်ပါသည်။


ဒိုးကလေး စကားဆုံးတော့ ဧကရာဇ်က သူရေးထားတဲ့စာကိုပေး၏။


"ဒိုးကလေးတွေ့တဲ့ ဓာတ်ပုံဘေးနားကနိုင်ငံခြားသားအတွဲကိုမြင်လား"


"မြင်တဲ့လေ ဒါနဲ့ ကိုအ ကဘယ်လိုသိတာလဲ"


"ခန့်မှန်းကြည့်တာပါ အဲဒီဓာတ်ပုံက ကျွန်တော်ထင်တာပြောရရင် သူငယ်ချင်းအချင်းချင်းနှုတ်ဆက်တဲ့ပုံပါလို့ထင်တယ်"


"ကဲ့ပါ ဒါတွေထားလိုက်တော့ ပန်းခူးကြမယ် အဲဒီလူအကြောင်းပြောရင် စိတ်တိုတယ် ကျွန်တော်ပါးကို သူ့ရိုက်ကတည်းက လုံးဝမုန်းသွားတာ"


ဧကရာဇ် မျက်နှာမကောင်းစွာ အသဲနာရပါသည်။


ညနေဘုန်းကြီးကျောင်းတွင် လူအများအပြားနဲ့ပျော်ရွှင်စရာကောင်းပါသည်။ဘုရားစေတီ အရှေ့တွင် ကလေး ၊လူကြီး၊ အဘိုး၊အဘွားတွေမကျန် ဘုရားပန်းကပ် ဆီမီးထွန်းကုသိုလ်ပြုကြသည်။ထိုနောက် ဘုန်ကြီးကျောင်းကကုသိုလ်ပြုတိုက်ကျွေးတဲ့ ဆန်ပြုတ်ကိုသောက်ကြသည်။


"ဒီအဝိုင်းမှဘယ်သူမှမထကြေးနော် ကဲ့ပြိုင်သောက်ကြမယ်"


ဒိုးကလေးရဲ့ဘေးနားမှာ ဧကရာဇ်ထိုင်၍ ဆန်ပြုတ်သောက်ရပါသည်။ကေသရာနဲ့ နေသရာရုပ်ဖျက်ပြီး ဆန်ပြုတ်ထဲထားတဲ့ချိုင့်ကိုင်ပြီးလိုက်ဖြည့်ရပါသည်။ အများဆုံးထည့်ပေးရတဲ့အဝိုင်းက ဒိုးကလေးတို့အဝိုင်းပါ။ဘယ်နှစ်ခါထည့်ထည့် သူတို့အဝိုင်းကြောင့် ေကသရာနဲ့ နေသရာ စိတ်ညစ်ရပါ၏။


"ကိုကျော်ကြီး ကြက်သွန်အနီကြိုက်လား"


"အေးကြိုက်တယ် ဒိုးကလေး"


"ကြက်သွန်နီ မကြိုက်သူများ ကိုကျော်ကြီးပန်းကန်ထဲ လာထည့်နိုင်တယ်တဲ့"


ဒိုးကလေး ကြေညာချက်ကြောင့် ကလေးတွေအကုန်လုံး ပန်းကန်ထဲကကြက်သွန်နီတွေကို ကိုကျော်ကြီး ပန်းကန်ထဲလာထည့်ကြသည်။


"ဟဲ့..ဟဲ့ အဲလောက်ကြီးမထည့်ကြနဲ့လေး ငါပန်းကန်ထဲဆန်ပြုတ်မမြင်ရတော့ဘူး ကြက်သွန်နီဉတွေမြင်ရတော့တဲ့"


ဒိုးကလေးနဲ့ ဧကရာဇ်တို့နှစ်ယောက် ကိုကျော်ကြီးရဲ့အဖြစ်ကိုကြည့်ပြီး ဆန်ပြုတ်စားရင်ရယ်နေကြ၏။


"ပန်းကန်တွေထားခဲ့မယ် မမဝတ်ရည်"


"ထားခဲ့ပါ သာကျော်ရဲ့ မမတို့ဆေးလိုက်ပါမယ်"


"ဖြစ်ရဲ့လား ကျွန်တော်ဝိုင်းကူဆေးပေးမယ်လေ"


"ဟမ် ရှင်က ဘုန်းကြီးကျောင်းမှာခဏလာတည်တဲ့ မြို့ကဧည်သည့်လား"


"ဟုတ်ပါတယ်ဗျာ ဝိုင်းဆေးကူပါမယ်"


ဝတ်ရည်ကအသဲအတန်တားသော်လည်း နေသရာက တော့ အတင်းဝင်ဆေးပါသည်။


စာရေးသူ သွေးမိန့်


rate now: