ကိုကိုရဲ့ ဒိုးကလေး
မနက်ပိုင်း ထမင်းဝိုင်းမှာဆူညံပွက်နေပါသည်။ဒေါ်ခင်နှင်းဆီနဲ့ ဉီးသူသရ ပုဂံသို့ဘုရားဖူးထွက်သွားကြောင့် အိမ်မှာလူငယ်တွေပဲကျန်ခဲ့ပါသည်။အလုပ်သမားတွေကိုလည်း ခဏရွာပြန်ခိုင်းတာကြောင့် သူတို့သုံးတွဲပဲကျန်ခဲ့သည်။
"မောင် ဒါလေးစားကြည့်"
"ဝတ်ရည် ခွံကျွေးလေ"
"ဟာ မောင် မကဲနဲ့လေး လူတွေရှိနေတာကို့"
"ဝတ်ရည်ကလည်း မရဘူး ခွံကျွေးမှာစားမယ်"
သူတို့နှစ်ယောက်ရဲ့ ဖြစ်ပျက်နေတာကိုကြည့်ပြီး ဒိုးကလေး မျက်နှာမဲ့မိရပါသည်။ဝတ်လွှာတို့အတွဲလည်း အားကျမခံ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ခွံကျွေး၍ အရွဲ့တိုက်ကြပါသည်။
ဧကရာဇ် ကတော့အကြီးဆုံးပီပီ ညီတွေအနေမခက်ရအောင်ထွက်သွားဖို့ပြင်ပေးမဲ့
"ကိုကို ဒိုးကလေးကိုလည်း မံမံခွံကျွေး အာ.."
ဒိုကလေးက ကလေးတစ်ယောက်လိုချစ်စဖို့ကောင်းအောင်ပြောပြီး ပါးစပ်ကိုဟပေးတော့
ဧကရာဇ် ခွံကျွေးလိုက်ရပါသည်။
"အရမ်းအရသာရှိတာပဲ ကိုကိုခွံကျွေးလို့ထင်တယ် ကိုကိုကအရမ်းချစ်ဖို့ကောင်း အဟီး"
ဧကရာဇ် ပါးဖျစ်ညစ်ပြီးပြောတော့ ဘေးကနှစ်တွဲ လုပ်ချောင်းတွေဆိုကြပါသည်။
အဟွတ် အဟွတ် အချိုတွေအရမ်းများတော့ မောင် ချောင်းဆိုကုန်ပြီး ဝတ်ရည်လေး မောင်ကိုရေတိုက်"
"ကိုနေသရာ ကဘာအချိုတွေစားနေတာလဲ ရော့ ဒီငရုတ်သီးစား ရင်ချောင်းဆိုးပျောက်တယ်"
ဒိုးကလေး ငရုတ်သီးမှုန့်အများကြီးကို နေသရာ ပန်းကန်ထဲထည့်ပစ်လိုက်သည်။ နေသရာရဲ့ မျက်နှာကမဲ့ရွဲသွားပြီး ထမင်းပန်းကန်ကို တစ်နေရာကိုရွှေ့လိုက်သည်။
"ချောင်းဆိုမပျောက်ဘဲ ဖင်ပူပြီးမှာသေချာတယ် ဗိုက်လည်းဝနေပါပြီး ဝတ်ရည် မောင်တို့ ခြံထဲမှာစကားပြောရအောင်နော်"
"ဟုတ်ကဲ့"
သူတို့အတွဲ ထွက်သွားတော့ ကေသရာ တို့အတွဲကလည်းအလိုလို ထမင်းစားခန်းကနေထွက်လာခဲ့ပါသည်။
"ဟွန့် ကိုကိုက ဘာမှလည်းအသုံးမကျဘူး."
"ဟာ ကိုကိုကဘာလုပ်လို့လဲ"
"မတွေ့ဘူးလား ကိုကိုရဲ့ညီတွေ မမတို့ကိုဘယ်လောက်ကရုစိုက်လဲ ကိုကိုကတော့ ဒိုးကလေးကို ကရုမစိုက်ဘူး."
"စိုက်ပါတယ်ဗျာ ဒါပေမဲ့ ဒီအိမ်မှာ ကိုကိုက အကြီးဆုံးလေး ဒါကြောင့်ညီတွေနဲ့အပြိုင် သူတို့အရှေ့မှာကရုမစိုက်ပါချင်လို့ပါကွာ နော် ရော့ ကိုကိုခွံကျွေးမယ်"
ဒိုးကလေး စိတ်စိုးပြေပြီး ဧကရာဇ်ခွံကျွေးတာကို ကလေးတစ်ယောက်လိုစားပါသည်။
ဧကရာဇ်နဲ့အတူညီနှစ်ယောက်ပါ အလုပ်သွားရတာကြောင့် ဒိုးကလေးတို့ညီအစ်မသုံးယောက်ပဲ အိမ်ကြီးထဲမှာကျန်ခဲ့ပါသည်။
"မမကြီးတို့ ရှော့ပင်းထွက်ရအောင်လေး"
"မမတို့မှာ အဲဒီလောက် ပိုက်ဆံမရှိဘူး ပြီးတော့ အန်တီခင်တို့ပြန်လာရင် မမတို့ရွာပြန်တော့မယ်"
"ဟုတ်လား သားလည်း အိမ်ပြန်လိုက်ချင်တယ်"
"လိုက်လို့မရဘူးလေး ဒိုးကလေးက အိမ်ထောင်သည်ဖြစ်နေပြီးကို့ ဒီမှာပဲတစ်သက်လုံးးနေရမှာလေ"
"မမတို့ကရော ဒီမှာမနေကြဘူးလား ကိုနေသရာနဲ့ ကေသရာတို့နဲ့ လက်ထပ်ရမှာပဲကို့"
"ဒါကတော့ လက်ထပ်မှာလာနေရမှာပေါ့ ဒိုးကလေးရဲ့"
"ဟုတ်ပါပြီး မမလတ်နဲ့ မမကြီး ရှောပင်းထွက်ဖို့အတွက် သားမှာပိုက်ဆံအလုံအလောက်ရှိတယ် သွားကြစို့ ဒီနေ့တစ်ကုန် ရန်ကုန်မြို့အနှံလျှောက်သွားမယ်"
ညီမ သုံးယောက် အဝတ်စားလှဲပြီး ရှော့ပင်းထွက်ခဲ့ကြပါသည်။ ဝတ်လွှာက အကြီးဆုံးပီပီ ကချင်ပန်းရောင်ဝင်းဆက်ကိုဝတ်ပြီး ဆံပင်ရှည်ကိုတစ်ဘေးစောင်း ကျစ်ဆံမြီကျစ်ထားပါသည်။ဝတ်ရည်ကတော့ အဖြူရောင်အကျီခါးတိုနဲ့ စကပ်အမဲရှည်ရှည်လေးကိုဝတ်ဆင်ထား၍ ဆံပင်ရှည်ကိုနှစ်ခွာစီးထားပါသည်။ ဒိုးကလေးကတော့ ဂါဝန်အဖြူရောင်လှလှလေးကိုဝတ်၍ဆံပင်ကို ဆံထုံးထားပါသည်။ညီအမသုံးယောက်လုံးက ဒေါင်းမလေးတွေသဖွယ် တစ်ယောက်တစ်မျိုးစီ ချစ်ဖို့ကောင်းပါသည်။
"တော်ဝင် ဟိုမှာ ဧကရာဇ်ရဲ့ ဇနီး ဒိုးကလေးမဟုတ်လား"
"သိပ်ဟုတ်တာပေါ့ ဒီတောသူမက ဒီနေရာကို ဘာလာလုပ်တာလဲမသိဘူး ဘေးကနှစ်ယောက်ကလည်း ပုံတုံးပဲ"
"ငါတို့ဘာဆက်လုပ်မလဲ"
"ဒိုးကလေးကို အရှက်ကွဲအောင်လုပ်ရမှာပေါ့ လာ သူတို့ဆီသွားကြမယ်"
"မမကြီးက ဒါနဲ့လိုက်တယ်သိလား "
"မမလတ်ကရွှေးတော်တယ် မမကြီးအသားကဝါဝါဝင်းဝင်းနဲ့ ဒီရွှေဝါရောင်ရင်ဖုံးအင်ကျီလေးနဲ့အရမ်းလိုက် သားကတော့ ဒါယူမယ်ပြော၍ ဂျင်းပြာဂါဝန်လေးကိုလှမ်းယူချိန် တော်ဝင်ကလည်း ထိုဂါဝန်ကိုလှမ်းယူတာကြောင့် ပြိုင်တူဖြစ်သွားရသည်။
"ဟမ် အဒေါ်ကြီးပါလား ဒါကျွန်တော်ယူထားတာ"
"ငါလည်းယူထားတာပဲ ငါကိုပေး"
"မပေးပါဘူး ဒါကျွန်တော်ယူထားတာ"
"နင်က အရင်တုန်းကယောကျာ်းကရှားမဟုတ်လား နင်နဲ့ဒီဂါဝန်ကလိုက်လို့လား ပြီးတော့ နင်နာမည်က.. ဘာပါလိမ့်..
တော်ဝင်ရဲ့မျက်နှာကဒိုးကလေးကို လောင်သလိုကြည့်ပြီး ပြောနေ၏။
သူနာမည်က ဒိုးပြားမ မဟုတ်လား တော်ဝင်ရဲ့ ."
"ဟုတ်တယ်..နင်ပြောမှသတိရတယ်..ဒိုးပြားမ အဟက် အခုကျတော့ မိန်းကလေးလို ဝတ်လာပါလား..ဂါဝန်အဖြူနဲ့..ဟိ.ဟိ ဝတ်နေကျဂျင်းဘောင်းဘီတွေကဘယ်ရောက်သွားလို့လဲ"
"ဒိုးကလေး ဒီဂါဝန်ကို သူ့ကိုပေးလိုက်ပါ မမကြီးတို့ တစ်ခြားဂါဝန်လှလှလေးတွေကြည့်ကြမယ်လေး"
ဝတ်လွှာနဲ့ဝတ်ရည် ရန်ဖြစ်မှာစိုးတာကြောင့် ဒိုးကလေး ကိုအတင်းဆွဲခေါ်ဖို့ပြင်နေရသည်။တစ်ဖက်က မိန်းမလှလေးကိုလည်း သူမတို့ကြောက်ပါသည်။
"ဟိဟိ တစ်ခြားဂါဝန်ကိုတောင်ကြည့်အုံးမယ်တဲ့ ဒိုးပြားမ ရယ်ရတဲ့ ဒါနဲ့ကိုကိုရဲ့အနမ်းကချိန်မြိန်တယ်နော် ငါကို ကိုကိုအနမ်းပေးတဲ့ပုံကြည့်မလား."
တော်ဝင် ဖုန်းဖွင့်၍ ဒိုးကလေးကို ပြလိုက်သည်။
ဒိုးကလေး လည်း ကြည့်၍ ဒေါသတွေထိန်းမရအောင်ထွက်လာပြီးလေ ကိုကိုက အဲဒီမြေဝင်မှာရဲ့ပါးကိုနမ်းနေတာလေ ။
"ဘယ်လိုလဲ ငါနဲ့ကိုကိုလိုက်ဖက်တဲ့မဟုတ်လား"
ဒိုးကလေးရဲ့ လှုပ်ရှားမှုက လျင်မြန်ပါသည်။တော်ဝင်ရဲ့ လက်ကို လိမ်ချိုးပြီး ၃ခါလောက်ကိုင်ပေါက်ပစ်လိုက်၏။
"ငြိမ်နေတာ အကောင်းမှတ်နေလား စနိုက်ကြော်မ အဒေါ်ကြီးရဲ့ ကျွန်တော်ရဲ့ကိုကို စနိုက်ကြော်ဖို့မစဉ်းစားနဲ့ ကျွန်တော်နဲ့တွေ့မယ် အဒေါ်ကြီးရုပ်ရည်နဲ့သူများရဲ့လင်ကိုကြောင်တောင်နိုက်ပြီးစနိုက်ကြော်တာထက်ဆိုင်ရင် မီးဖိုချောင်မှာအေးအေးဆေးဆေး ကန်စွန်းကြော်နေပါ အဒေါ်ကြီးမြေဝင်ရဲ့ ဒီဂါဝန်ကိုလိုချင်တဲ့ဟုတ်လား ရော့ယူဆိုပြီး တော်ဝင်ကိုပစ်ပေါက်ပေးပြီး အပြင်ထွက်ခဲ့သည်။ တော်ဝင်ကတော့ အီစလန်ဝေစွာ ခံလိုက်ရ၍ လက်ကိုကျောက်ပတ်စီးလိုက်ရပါသည်။
ညနေ ဧကရာဇ် ဒေါသထွက်၍ပြန်လာခဲ့သည်။ကေသရာနဲ့နေသရာကတော့ အတော်လန့်နေပါသည်။
"ဒိုးကလေး..ဒိုကလေး"
"ဘာလိုဒီလောက်အော်နေရတာလဲ ကျွန်တော်မသေသေးဘူး"
"ဒီနေ့ မင်းဘာပြသာနာရှာခဲ့လဲ"
"ပြသာနာတော့မရှာခဲ့ပါဘူး ဒါပေမဲ့ ရန်ရှာတဲ့လူကိုတော့ သူနဲ့ထိုက်တန်တုံပြန်မှုကိုလုပ်ခဲ့ပေးတယ်"
"ဘာ !!မင်းတော်ဝင်ကို ကျောက်ပတ်တီးဆီရလောက်တဲ့အထိတော့မလုပ်ခဲ့သင့်ဘူး"
"အခုလိုဒေါသတကြီး ကျွန်တော်နာမည်ခေါ်တာ ရှင်ကောင်မမြေဝင်ကြောင့်ပေါ့"
"ဒိုးကလေး စကားပြောဆင်ခြင်ပါ"
"ဆင်ခြင်ရမှာ ခင်ဗျား အဲဒီမြေဝင်မ ကိုထိလိုဆပ်ဆပ်ခါနာပြမနေပါနဲ့ ပြီးတော့ ကျွန်တော်နောက်ကွယ်မှာလည်း ရုပ်ပျက်လောက်တဲ့အထိခိုးစားမနေပါနဲ့"
"ဘာကွာ မင်း ..ဖြန်း"
ဧကရာဇ် စိတ်တိုပြီး ဒိုးကလေးရဲ့ပါးကိုရိုက်မိသွားပါသည်။ ဒိုးကလေးရဲ့ပါးပြင်က လက်ငါးချောင်းရာချက်ချင်းကြီးပေါ်လာပါသည်။ ဝတ်လွှာနဲ့ ဝတ်ရည်လည်း အပေါ်ထပ်ကနေဆင်းပြေးလာရသည်။
"ကိုဧကရာဇ် ဝတ်လွှာရဲ့ ညီမကို ကိုယ်ထိလက်ရောက်မလုပ်သင့်ပါဘူး အကြောင်းပြချက် ခိုင်လုံနေလိုပြောတာကို့ အနာထိလိုစပ်မနေပါနဲ့"
"မမကြီး အထုပ်ပြင်လိုက်ပါ။ သူလိုအိမ်ထောင်ရေးဖောက်ပြန်ယောကျာ်းနဲ့ သား မပေါင်းနိုင်ဘူး ကွာမယ် ခင်ဗျား ကျွန်တော်ရဲ့ပါးကိုရိုက်တဲ့နော် ခင်ဗျားကိုကျွန်တော် ခါတိုင်းလို့ပြန်မရိုက်ဘူး ဘာလိုလဲသိလား ခင်ဗျာရဲ့အသားကိုထိရမှာရွံလိုပဲ"
"ကိုဒိုးကလေးရေ ကိုကြီးက အရမ်းဒေါသထွက်သွားလို့ပါ"
"ဒေါသထွက်တိုင်း လက်ပါစရာလား ဒီမှာ ကေသရာ ရှင့်ကိုပေးထားတဲ့ကျွန်မရဲ့အချစ်ကိုလည်းပြန်ရုတ်သိမ်းတဲ့ ကျွန်မနဲ့လာမပတ်သတ်နဲ့"
"မမကြီးပြောတာအမှန် ကိုနေသရာလည်း ဝတ်ရည်နဲ့အဝေးဆုံးမှာနေပါ"
ညီအစ်မ သုံးယောက် အထုပ်ယူပြီးခြံပြင်ထွက်ခဲ့တော့ ကေသရာနဲ့ နေသရာ အသဲအတန်လိုက်တားကြသည်။ဧကရာဇ်ကတော့ သူလွန်ပြီးဆိုတာသိတာကြောင့် ဧည်ခန်းထဲမှာ ငူငူငိုင်ငိုင်ကြီးကျန်ခဲ့ပါသည်။
"မောင်မှာဘာအပြစ်ရှိလို့လဲ ဝတ်ရည်ရဲ့ လမ်းခွဲစကားမပြောပါနဲ့"
"ရှင်မှာ အပြစ်မရှိဘဲ ရှင်ကိုကြီးရဲ့အကျင့်တွေလည်းရှင်မှာပါမှာသေချာတယ် ဖယ်လွှတ်"
ညီအစ်မသုံးယောက်ရဲ့စိတ်ဓာတ်ကပြင်ထန်းတာကြောင့် ဘယ်သူကမှတားမရပါ။
ရွာကလေးက တိတ်ဆိတ်ငြိမ်သက်လျက်ပါ။ည၁၀နာရီရှိထိုးပြီးဖြစ်တာကြောင့် လမ်းမှာလူရှင်းနေပါသည်။ဝတ်လွှာကတော့ ဒိုးကလေး ကိုရင်ခွင်ထဲထည့်ပြီး နှစ်သိမ့်နေမိပါသည်။
"ညီမလေး တိတ်နော်မငိုနဲ့တော့ ကြည့်ပါအုံးလက်ငါးချောင်းရာကြီးကအထင်သား ဖြစ်နိုင်ရင် ကိုဧကရာဇ်လက်ကိုခုတ်ဖြတ်ပစ်လိုက်ချင်တယ် အမြတ်တနိုးနမ်းတဲ့ပါးပြင်ကို မညာမတာရိုက်ရတယ်လို့ တောက်"
"မမကြီးရဲ့ ဒေါသလျော့ပါ အိမ်ရောက်တော့မယ် ဒိုးကလေးလည်း မငိုပါနဲ့ ဟိုမြေဝင်မ ပြတဲ့ဓာတ်ပုံကိုကြည့်ပြီးကတည်းက ကိုဧကရာဇ်ကို ဓားနဲ့ပြေးထိုးချင်တာ"
"သားလည်းမငိုတောဘူး မမတို့လည်းဒေါသလျော့ပါနော် "
ညီအစ်မ သုံးယောက်အိမ်ကိုရောက်တော့ ဖေဖေနဲ့အမေက အံ့ဪလျက်ဖြစ်ရသည်။အကြောင်းစုံကိုပြောပြလိုသိသောအခါ ဒေါသထွက်ပြီးဖုန်းဆက်၍ ဒေါ်ခင်နှင်းဆီကို လှမ်းပြောသည်။ ဒေါ်ခင်နှင်းဆီက အေးအေးဆေးဆေးပြောပေမဲ့ ဒေါ်ကျင်ကျင်ကတော့ ဒေါသကြီးလျက်ပါ။နောက်ဆုံး အဘိုးနဲ့ပြောပြီး ဖုန်းကိုချသွားပါသည်။
ဒိုးကလေး ကတော့ ဖေဖေနဲ့အမေစိတ်ချမ်းသာဖို့ ပျြောရှငျစှာနထေိုငျပွ၏။အရငျကပုံစံအတိုငျးဝတျပွီး ကလေးတွေလျှောက်ဆော့ပါသည်။
"အမေရေ သား ရွာမြောက်ပိုင်းသွားဆော့မယ်နော်"
"အေးပါ သားရဲ့ ထမင်းစားချိန်ပြန်ခဲ့နော်"
"ဟုတ်ကဲ့ "
"ကိုဒိုးကလေး ဒီနေ့ဘာတမ်းဆော့ကြမလဲ"
"ဒီနေ့တော့ မဆော့ပဲနေရအောင် ကိုဒိုးကလေးကို ပုံပြောခိုင်းမယ်လေး"
"အေးပါကွာ ပြောပြမယ် နေ့ကလည်း ပူတယ်ဟိုမှာထိုင်ပြောမယ် "
အရိပ်ကောင်းသော ရွာမြောက်ပိုင်းရဲ့သစ်ပင်ကြီးအောက်မှာ ကလေးတစ်ဖွဲ့နဲ့ထိုင်ပြီး ဒိုးကလေးပုံပြောပြသည်။ကလေးတွေကလည်း စိတ်ဝင်တစားနားထောင်၍ ဒိုးကလေး ပြောသော ပုံပြင်တွေကိုနားထောင်လျက်ပါ။ရွာထဲကလူတွေက ဒိုးကလေး ပြန်ရောက်လို ပျော်နေကြပါသည်။ဝတ်ရည်နဲ့ ဝတ်လွှာကတော့ မိသားစုအရှေ့ရောက်ရင် ပျော်သလိုနေပေးမဲ့ နောက်ကွယ်ကျရင် မျက်ရည်ကျပြီး လွမ်းနေကြပါသည်။
စာရေးသူ သွေးမိန့်