book

Index 16

အပိုင်း(၁၆)

ကိုကိုရဲ့ဒိုးကလေး 


"ကိုဒိုးကလေး နိုင်နေပြီးပဲ ဘာလို့အတင်းကိုင်ပေါက်နေရတာလဲ"


"ကေသရာ ကလည်းသန်မာအောင်လို့ပါ ကဲ့ဒီနေ့တော့ဒီလောက်နဲ့ နားကြတာပေါ့ မနက်ဖြန်မှာဆက်မယ် လေ့ကျင်ထားကြ"


ကေသရာနဲ့ နေသရာ ပျော်သွားကြသည်။ထိုအချိန် ဧကရာဇ်ရောက်လာပြီး၍  ရေမိုးချိုးမနက်စာစားပြီးရင် စာကြည့်ခန်းထဲလာခဲ့ကြဆိုသော်ကြောင့် သူတို့နှစ်ဉီးရဲ့မျက်နှာရှုံမဲ့သွားရပြန်သည်။


ဒေါ်ခင်နှင်းဆီ အခန်းထဲမှာ တရားစာဖတ်နေတုန်း သားနှစ်ယောက်ဝင်လာတာကြောင့် စာအုပ်ကိုပိတ်လိုက်ရသည်။


"သားငယ်နဲ့ သားလတ် ဘာအကြောင်းရာများရှိလိုလဲ မျက်နှာကဆူပုတ်နေရော့"


"မေကြီး ကိုကြီးမတားပေးတော့ဘူးလား သားတို့အလုပ်တွေခိုင်းနေတယ်"


"သားတို့ကလည်း အလုပ်လုပ်တာကောင်းတဲ့အရာပဲကို့ သားတို့ကျောင်းပြီးတော့အိမ်မှာပဲ အလုပ်မလုပ်ပေးနေတာကြာပြီးလေ ပြီးတော့ သားတို့ကအခုအရွယ်ရောက်လာပြီး ချစ်သူရည်းစားတွေတောင်ရနေကြပြီးမဟုတ်လား"


"မေကြီးကလည်း မနေ့ကမှအဖြေရတာကို့"


"ကိုလေးက အဖြေရသွားပြီးပေါ့ ညီကတော့မရသေးဘူး အဟင့်"


"ကြိုးစားပေါ့ ညီရ ဝတ်လွှာကလည်း ညီသဘောကျနေတဲ့ပုံပါပဲ"


"တကယ်လား ဒါဆိုရင် ဒီညနေဖွင့်ပြောရမယ် အဟင်း"


"သားတို့နှစ်ယောက် ဘဝလက်တွဲဖို့လည်းရှိနေပြီးဆိုတော့ အလုပ်တစ်ခုလုပ်ရမယ်လေး ဒါကြောင့် သားကြီးစီစဉ်တာကို့ မေကြီးလက်ခံရတာ"


"မေကြီးကလည်း ဝတ်ရည်ရဲ့မျက်နှာကိုတောင်မြင်ဖို့ခက်နေတာကို့"


"ကိုလေး ပြောတာအမှန်ပဲ သားအဖြေတောင်းဖို့ကလည်း ခက်အုံးမှာ ကိုဒိုကလေး တစ်ချိန်လုံး သူအစ်မတွေအနားကပ်နေတာကို့ သားတို့ကို သူ့အစ်မနဲ့သဘောမတူချင်ဘူး"


"အဟွန်း စိတ်မညစ်ပါနဲ့ သမီးကို မေကြီးသေချာရှင်းပြပါမယ် သူ့ကသူအစ်မတွေ သူ့အပေါ်အချစ်လျော့မှာကြောက်နေတာ မေကြီးနားလည်တာပေါ့"


"မေကြီး နားလည်ဝင်အောင်ပြောရင်ပြီးတာပဲ သွားတော့မယ်"


"နှစ်ယောက်စလုံးမျက်နှာတွေပြင်သွားအုံး သားတို့အလုပ်လုပ်တာပျော်ရအောင် မေကြီးစီစဉ်ပေးမယ်"


"မေကြီးက ဘာကိုစီစဉ်ပေးမှာလဲ"


"ဒါကလျိုဝှက်ချက်လေး ကဲ့သွားကြတော့"


ညီအစ်ကိုနဲ့ စိတ်ပျက်လက်ပျက် ထွက်သွားတာကိုကြည့် ဒေါ်နှင်းဆီပြုံးမိရပါသည်။ချစ်သူတောင်ထားနေကြပြီး အခုထိကလေးဆန်နေတုန်း တော်သေးတာပေါ့ သားငယ်လေးက သမီးဝတ်လွှာနဲ့ကြိုက်လို့ စိတ်အေးရပါသည်။


စာကြည့်ခန်းထဲမှာ ညီအစ်ကို သုံးယောက်ကွန်ပျူတာတစ်လုံးစီနဲ့အလုပ်လုပ်နေကြရပါသည်။ကေသရာနဲ့နေသရာကတော့ ဖင်မငြိမ်ပါ တစ်အောက်နေ့ အကြောင်းပြချက်ပေးပြီး ခဏခဏနဲ့ အပြင်ထွက်တာကြောင့် ဧကရာဇ် စိတ်တိုရသည်။


"ကိုကြီး ညီ.."


"ဘာစကားမှပြောဖို့မစဉ်းစားနဲ့ ကေသရာ သေးပေါကျခငျြရငျ ဘေးနားကရေသန့်ဘူးထဲပေါက်ထည့်လိုက် အိမ်သာတက်ချင်ရင်ပါချလိုက် ဒီအခန်းထဲကနေ တစ်ယောက်မှာထွက်ခွင့်မရှိဘူး မူယာမာယာများရင် ညအထိပါအလုပ်လုပ်ရမယ်"


"ကိုကြီးကလည်း..ညီတို့ကိုအနိုင်ကျင့်တာ.. "


ကေသရာ စကားပြောလိုမဆုံးခင် စာကြည့်ခန်းထဲ့သို့ စားစရာတွေယူပြီး ဒိုးကလေးတို့ညီမသုံးယောက်ဝင်လာခဲ့သည်။


ကိုကိုတို့အတွက် မေကြီးက စားစရာလာပို့ခိုင်းတာ"


"အဟီး ကိုကိုလည်း ဗိုက်ဆာတဲ့လို့တွေးနေတာ မေကွီးကအရမျးအလိုကျသိ "


"ဟုတ်ပါပြီး မေကြီးက ဒိုးကလေးနဲ့မမတွေကို ဒီအထဲမှာ စာအုပ်တစ်အုပ်စီဖတ်ရမယ်တဲ့"


"ကောင်းတာပေါ့ အဟီးကိုဒိုးကလေးတို့ဗဟုသုတရတာပေါ့ "


"အမှန်ပဲ ဒိုးကလေးတို့ ကြိုက်သလောက်ဖတ်ကြနော် အကိုတို့အနှောက်အယှက်မဖြစ်ဘူးသိလား"


"ကေသရာနဲ့ နေသရာရဲ့မျက်နှာတွေကအခုတုန်းကလို ရှုံမဲ့မနေဘဲရွှင်လန်းပြုံးပျော်လျက်ရှိနေတာကြောင့် ဧကရာဇ် ရယ်ချင်မိတယ်။ဒီအကြံကိုသူပေးခဲ့တာလေ ညီနှစ်ယောက်ကို ကိုကြီးတစ်ယောက်အနေနဲ့သူချစ်တာပေါ့ ကိုယ်ညီတွေကို ဝတ်လွှာနဲ့ဝတ်ရည်တို့လို့မိန်းမကောင်းလေးတွေနဲ့ပဲ သဘောတူပါသည်။


ဝတ်လွှာနဲ့ဝတ်ရည် လွတ်လွတ်လပ်လပ် စာဖတ်ကြပါဗျာ"


"ဟုတ်ကဲ့ပါရှင့်"


စာကြည့်ခန်းလေးက အစောနဲ့ကလို့ ခြောက်သွေ့မနေတော့ပဲ ပျော်ရွှင်စရာကောင်းလာပါသည်။ ဒိုးကလေးကတော့ ထုံးစံအတိုင်းကာတွန်းဖတ်လျက်ပါ။ဒိုးကလေးတို့အကြောင်းကသိတဲ့အတိုင်း အကြာကြီးနေတော့ ပျင်းလာတာကြောင့် ကစားပွဲတစ်ခုကိုဖန်တီးဖို့ဆုံးဖြတ်လိုက်သည်။


"ကိုကိုပျင်းတယ် ကစားရအောင်."


"ဟီး ကိုကို မအားဘူးလေးစာရင်းတွေကအရမ်းများနေတာ"


"မရဘူးနော် ဆော့ရမယ် ကေသရာနဲ့ကိုနေသရာ အဲဒီအလုပ်တွေရပ်လိုက် ဆော့ကြမယ်"


"ကိုကြီး ဆူမယ် ကိုဒိုးကလေး"


"မဆူစေရဘူး လာဆော့ကြမယ် ကိုကိုလည်းဆော့ရမယ်နော် ဟွန့်မဆော့ရင် အော်ငိုမှာ မမတို့ရော့ပဲ့


"ဆော့ပါမယ်ဗျာ ဆော့ပါမယ်"


ဒိုးကလေးတို့ ဆော့နည်းက ကျားပြေးတမ်းပါ အံစာတုံးမြှောက်ပြီးကစားရတာပါ။ စားပွဲရှည်တစ်ခုမှာ ဝိုင်းဖွဲ့ပြီးကစားကြသည်။ကံတရားကပဲတိုက်ဆိုင်တာလားမသိဘူး ဝတ်လွှာအနားကေသရာ ဝတ်ရည်အနား နေသရာကျပါတယ်။ဒိုးကလေးကတော့သူ့ကိုကိုအနားမှာပါ။


"ဟာ ၂ကျရင် အရှည်ဆုံးမြွေကိုက်ခံရတော့မယ် 

၂မကျပါစေနဲ့ဘုရား.. ဘုရား ဆိုပြီး ကေသရာ အံစားတုံးမြှောက်လိုက်တော့ ကံဆိုးပြီး ၂ကျတော့ မြွေကိုက်ခံရပြီး အောက်ဆုံးကိုပြန်ဆင်းရသည်။


"အုံဖွ ၅ကျပါစေ အဲ့ဒါဆိုရင် ပန်းတိုင်ရောက်ပြီး ဒိုးကလေးတွေးနေရင် ဟာ ဟိုမှာဘာချည်းလဲမသိဘူးဆို၍ လူတွေအကုန်လုံးကိုအာရုံပြောင်းအောင်လုပ်ပြီး အံစားတုံးကို၅ကျအောင်လုပ်လိုက်သည်။


"ကိုဒိုးကလေးကလည်း ဘာမှမတွေ့ပါဘူး"


"ဪ ဟုတ်လား အကြည့်မှားတာဖြစ်မယ် ငါမြှောက်လိုက်တာ ၅ကျတဲ့ ယေးး ပန်းတိုင်ရောက်သွားပြီး ရှုံးတဲ့သူတွေရဲ့နဖူးလေးတွေရဲနေဖို့ပြင်ထားတော့"


"ငါဘာမှမမြင်လိုက်ရဘူး"


"မြင်မြင် မမြင်မြင် လာခဲ့ဆိုပြီး ကေသရာကိုဆှဲ၍ နဖူးကိုအားပါးတရတောက်ပစ်တော့ ဘေးကလူတွေတောင်လန့်တောင်လန့်ပါသည်။


"အားး သေပါပြီး"


"နင်အလှည့်ပြီးရင် ကိုနေသရာအလှည့်လာ"


"ဖြေးဖြေး တောက်ပါဟာ မနက်ကလည်းနင်ကိုင်ပေါက်လို့ ခါးနာနေတုန်း"


"မဆိုင်တာ ဂလောင်လာမခေါက်နဲ့ လာပေတော့"


"အားး ငါနဖူးသေပါပြီး နာလိုက်တာ"


"ဗြဲ မမနှစ်ယောက်အလှည့်"


"ဒိုးကလေးကလည်း ငါတို့ညာတာပေးပါ နင်ရဲ့အစ်မအရင်းတွေပဲကို့"


"No. .No. .သားကဘယ်တုန်းကမှဘက်မလိုက်တတ်ဘူး"


"ငါဝတ်ရည်ကိုယ်စား အတောက်ခံပေးမယ်"


"ကျွန်တော်ရော့ ဝတ်လွှာကိုယ်စားအတောက်ခံမယ်"


"ရတယ် လာ ဆိုပြီး ကေသရာနဲ့ နေသရာကို ပိုပြီးအားပြင်းတဲ့ တောက်နည်းနဲ့တောက်ပစ်လိုက်၏။ဟိုနှစ်ယောက်နဖူးက တော့တော့နာကျင်၍ရဲကာ မျက်ရည်ဝဲရပါသည်။ဒါကိုကြည့်ပြီး ဧကရာဇ်လန့်သွားရသည်။


"ဒိုးကလေး ကိုကိုကို့ အားလျော့တောက်နော်"


"ဟီး ကိုကိုကလည်း မျက်စိမှိတ်ထားကြောက်ရင်"


"မှိတ်ထားမယ် ဖြေးဖြေးတောက်နော်"


ဧကရာဇ် မျက်လုံးမှိတ်ထားတော့ ဒိုးကလေး တစ်ချက်ပြုံးပြီး လက်နဲ့ထိရုံတောက်လိုက်သည်။


"ကြည့်စမ်း မတရားဘူး "


"မမကလည်း ဟီးးနားလည်ပေးပါ"


"ဘာကိုနားလည်ပေးရမလဲ ဘက်မလိုက်ဘူးဆို"


"ချစ်မမကြီးကလည်း ကဲ့ကဲ့ မုန့်စားကြရအောင်"


မုန့်စားတော့ ဒိုးကလေးနဲ့ ဧကရာဇ်က တစ်ယောက်ကိုတစ်ယောက်ခွံ့ကျွေးတော့ ကျန်တဲ့လေးယောက်ကလည်း အားကျမခံရွဲ့ပြီး အပြန်အလှန်ခွံကျွေးကြတော့ ဒိုးကလေး မျက်ထောင်နီကြည့်တော့လည်း တစ်ယောက်မှအရေးမစိုက်တာကြောင့် နောက်ဆုံး ဒိုးကလေးကပဲ မုန့်တွေအကုန်လုပြီး သူပဲစားပစ်တော့ အားလုံးကဝိုင်းရယ်ကြသည်။ဒိုးကလေးလည်း အစ်မနှစ်ယောက်နဲ့ ကေသရာတို့ကို သဘောတူသွားသည်။ဘာကြောင့်လဲဆိုတော့ ဒီကိုမလာခင် မေကြီးကသူ့အခန်းထဲခေါ်တယ်လေး


"မေကွီး ခေါ်တယ်ဆို"


"သမီးကိုပြောစရာရှိလို့"


"ဘာများလဲ မေကြီး"


"မေကွီးရဲ့ သားနှစ်ယောက်က သမီးရဲ့အစ်မနှစ်ယောက်ကို နှစ်သက်မြတ်နိုးနေတာ"


"မေကြီးကလည်း"


"သမီး သဘောမတူမှန်း မေကြီးသိပါတယ် ဒါပေမဲ့ သမီးအစ်မတွေက ရွာမှာတစ်ခြားယောကျာ်းနဲ့အိမ်ထောင်ကျသွားရင် သမီး ဘယ်လိုလုပ်မလဲ"


"အဲလိုအဖြစ်မခံဘူး"


"သမီးက ရွာမှမရှိတော့ သမီးတို့မိဘတွေက လာကမ်းလှမ်းတဲ့သူရှိရင်ပေးစားပစ်မှာဘဲ ဘာလိုလဲဆို့တော့ သမီးကညာ အခါမလင့်ဆိုသလို့ အိမ်ထောင်ချပေးဖို့တာဝန်ရှိလေ မာမီကတော့ ဖိတ်ချင်ကဖိတ် ကိုယ်အိတ်ထဲပဲဖိတ်စေချင် သားငယ်နဲ့သားလတ်ကို သမီးဘာလို့သဘောမကျတာလဲဟင်"


"သမီး သဘောကျပါတယ် မေကြီး ဒါပေမဲ့ သမီးရဲ့အစ်မနှစ်ယောက်က သမီးအပေါ်အချစ်လျော့သွားမှာဆိုတာပါ"


ဒေါ်ခင်နှင်းဆီ အားငယ်စိတ်ဝင်သွားတဲ့ ဒိုးကလေးကိုရင်ခွင်ထဲထည့်ဖက်ပြီး ခေါငျးကလေးပုတျပွီး နားဝင်အောင်ရှင်းပြလိုက်တော့ ဒိုးကလေးသဘောတူသွားပါသည်။


ခြံထဲက ပန်းခြံလေးက အတွဲချိန်းတွေ့တဲ့နေရာဖြစ်နေပြီးထင်တယ် အခုလည်း ဝတ်ရည်နဲ့နေသရာတို့ တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး ချစ်စကားချိုချိုလေးတွေပြောနေကြသည်။


"မောင်ကလည်း ဒိုးကလေးကအခု အရင်လိုမဟုတ်တော့ဘူး သိလား"


"ဘာတွေပြောင်းလဲသွားလို့လဲ ခယ်မလေးက"


."ဝတ်ရည်ကို အရင်တုန်းကဆိုရင်မျက်စိထောင့်ထောက်ပြီးကြည့်နေတာ အခုတော့ သူ့အခန်းထဲမှာပဲနေတော့တဲ့"


"ခယ်မလေးလည်းနားလည်ပေးလိုက်ပြီးထင်တယ်"


"မောင် အသံကြားလား"


"ကြားတဲ့ ဟိုဘက် ပန်းပင်တွေကြားက အဲဒီအသံက ကေသရာအသံပဲ"


"မမကြီးနဲ့ချိန်းတွေ့နေတာလားမသိဘူး သွားချောင်းရအောင်"


"နေသရာနဲ့ဝတ်ရည် ခြေဖွဖွလေးနင်းပြီး ကုတ်ချောင်းကုတ်ချောင်းနဲ့သွားချောင်းကြသည်။ဒါကိုအပေါ်က ဒိုးကလေးတို့အတွဲက မြင်ပြီး အပေါ်ထပ်ကနေပြေးဆင်းခဲ့သည်။


"မမဝတ်လွှာကလည်း ကျွန်တော်ကိုဘယ်အထိငြင်းမှာတုန်း"


"မိန်းမသားဆိုတော့ စဉ်းစားရမယ်လေး ကေသရာရဲ့"


"ကိုလေးနဲ့မမဝတ်ရည်တောင် ချစ်သူဖြစ်နေပြီး 

ကျွန်တော်ပဲကျန်တော့တယ်ဖြေဗျာ ကျွန်တော်ကိုချစ်လား ငြင်းရင်ချစ်တယ်လို့မှတ်လိုက်မယ် လက်ခံရင်ပိုချစ်တယ်လို့မှတ်လိုက်မယ် မဖြေပဲနေရငျအသကျထကျပိုခစျြနတေယျလို့မှတျလိုကျမယျ"


"ညီကတော့ ချောင်းပိတ်ပြီးမေးတာပဲ အဟီးး""


"မောငျနျော အရမ်းပျြောနတေယျပေါ့ ဟိုမှာမမအခက်တွေ့နေပြီး."ပြောရင် စိတ်ဝင်တစားချောင်းကြည့်နေတုန်းပါ။


"ဒါကတော့ ကေသရာ အကျင့်ပုတ်တာပဲ"


"မသိဘူးကွာ ဖြေ"


ကလေးတစ်ယောက်လိုက မုန့်တောင်းသလိုတကျီကျီတောင်းနေတော့ နောက်ဆုံးဝတ်လွှာ ချစ်တယ်လိုပြောလိုက်ရပါသည်။သူတိုနှစ်ဉီးကြည်နူးသလို့ ချောင်းနေတဲ့ချစ်သူနှစ်ဉီးကလည်းပျော်နေတုန်း ပွမ်းဆိုပြီး ရေဖြန်းပိုက်ကနေ ရေတွေဒလည်ဟောထွက်၍လေးဉီးစလုံးကိုစိုရွဲသွားပါသည်။


"အမယ်လေး လန့်တာလို့က်"


"ကိုလေးတို့အတွဲ ညီတိုကို့ချောင်းနေတာလား"


"မဟုတ်..ပါဘူး မင်းတို့ကိုချောင်းစရာလား ဒါနဲ့ရေပိုက်ကိုဘယ်သူဖွင့်လိုက်တာဆိုပြီးဘေးနားကိုကြည့်လိုက်တော့ ကိုကြီးတိုအတွဲကိုမြင်ပြီးအံ့ဪသွားကြပါသည်။


စာရေးသူ သွေးမိန့်


rate now: