ကိုကိုရဲ့ဒိုးကလေး
ဧကရာဇ် ည၉နာရီအရက်မူးပြီး ပြန်လာသည်။လိုက်ပို့သူကတော့ တော်ဝင်ပါ။ခြံတံခါး ဟွန်းတီးတော့ ဘဘကြိုင်က တံခါးဖွင့်ပေးသည်။ဒိုးကလေးကတော့ လသာဆောင်ကနေကြည့်နေမိပါသည်။ကားပေါ်မှာ တော်ဝင်ကဆင်းလာပြီး တစ်ဖက်တံခါးကနေပြီး ဧကရာဇ်ကို တွဲပြီးအိမ်ထဲဝင်လာသည်။ ဒိုးကလေးကတော့ ထိုမြင်ကွင်း လက်သီးကျစ်ကျစ်ပါအောင်စုပ်ပြီး ဒေါသထွက်စွာကြည့်နေပါသည်
"သားကြီး ဘယ်လိုဖြစ်တာတုန်း မူးနေပါလား"
"သမီး ပါတီမှာ သောက်တာနည်းနည်းများသွားလို့ပါ အန်တီ"
"လိုက်ပို့ပေးလို့ ကျေးဇူးပါသမီးရဲ့ "
"ကိုကိုကားက သမီးရဲ့အိမ်မှာပါ မနက်ကျရင် အိမ်ကဒရိုင်ဘာနဲ့ လိုက်ပို့ခိုင်းပါမယ်"
"အေးပါကွယ် သားလတ်နဲ့သားငယ် သားကြီးကို သူ့အခန်းပို့ပေးလိုက်ပါအုံး"
"ကိုကိုရဲ့ဇနီး ဒိုးကလေးကလာမကြိုပါလား"
"အဟွန်းး သမီးကအစောကြီးအိပ်ရာဝင်သွားပြီးထင်တယ် ကျေးဇူးပါ သမီးတော်ဝင်"
"ရပါတယ် အန်တီ သမီးကိုပြန်ခွင့်ပါအုံးရှင့်ဆိုပြီး တော်ဝင်ပြန်သွားပါသည်။
နေသရာနဲ့ကေသရာ ကိုကြီးကိုအခန်းထဲတွဲပို့ပြီးပြန်ဆင်းခဲ့သည်။
"ဒိုးကလေးရေ ကိုကိုရေအရမ်းဆာတယ် ရေပေးပါ"
"ရော့ ကြွက်တွင်းရေလောင်းသလို သောက်လာမှာတော့မူးပြီးပေါ့"
"ကိုကိုက..သောက်ချင်လို့..သောက်တာမဟုတ်ဘူး..တော်ဝင်ကအတင်းတိုက်လို့ သောက်တာပါကွာ..အဟင်းး ကိုကိုရဲ့ဒိုကလေး စိတ်စိုးနေတာလား"
"ခင်ဗျားကြီးနဲ့ စကားပြောချင်စိတ်မရှိဘူး အေးအေးဆေးဆေးနေ မူးနေရင်အိပ်တော့"
"မအိပ်ချင်သေးဘူးကွာ" ပြောပြီး ဒိုးကလေးကို ဆွဲဖက်ထားသည်။ဒိုးကလေးကတော့ ဒေါသထွက်နေသူမို့ အဖက်မခံဘဲစောင့်တွန်းပစ်၏။
"ဟာ ကြည့်စမ်း စောင့်တွန်းတဲ့ပေါ့ ရက်စက်လိုက်တာ"
"ရက်စက်တာကမှ ခင်ဗျား ကျွန်တော်ဖုန်းခေါ်တာ အခါ၁၀၀ရာရှိပြီးဘာကြောင့်မကိုင်တာလဲ ဟိုအဒေါ်ကြီးနဲ့သာယာနေတာမဟုတ်လား"
"မဟုတ်ပါဘူးကွာ ကိုကိုအနားလာပါ..အိပ်ကြရအောင်"
"မအိပ်ဘူးဗျာ အခြားမိန်းမတစ်ယောက်ရဲ့ ရေမွှေးနံတွေ ခင်ဗျားကိုယ်မှာရှိနေလို ရွံတယ် ကျွန်တော် မမကြီးတို့အခန်းမှာပဲသွားအိပ်တော့မယ်"
"မအိပ်ရဘူး ဒီနေ့ကိုကိုနဲ့ဘဲအိပ်ရမယ်"
ဧကရာဇ် ယိုင်နဲ့နဲ့တားသော်လည်း ဒိုးကလေးကခေါင်းအုံယူပြီး အခန်းထဲကထွက်ပြင်သည်။ဧကရာဇ်က ဒိုးကလေး ခါးကိုအနောက်ကနေဖက်ပြီးတားသည်။
"မသွားရဘူးကွာ.. ကိုကို.ရင်ခွင်ထဲမှာပဲအိပ်ရမယ်"
"ခင်ဗျားကြီး လွှတ်နော် ကျွန်တော်ဒေါသအရမ်းထွက်နေတဲ့ နော် လွှတ်ဗျာ"
"မလွှတ်ဘူးကွာ..မလွှတ်..
ဧကရာဇ် စကားသံမဆုံးခင် ဒိုးကလေး နှစ်ချက်ဆက်တိုင်ကိုင်ပေါက်ပစ်လိုက်သည်။ဧကရာဇ် အီစလံဝေသွား၍ အရက်မူးနေတာတောင် ဘယ်ရောက်မှန်းမသိအောင်နာကျင်မှုကပြင်းထန်သည်။
"အားး ကိုကိုရဲ့ခါးအရမ်းနာသွားပြီး အားး"
"နာရင် သွားအိပ်တော့ ဒီထက်ဒေါသထွက်လာရင် ကျွန်တော်လက်သီး ခင်ဗျားရဲ့မျက်နှာနဲ့မိတ်ဆက်ခံရမယ်"
"ကိုကိုကို ဒိုးကလေးထိုးချင်တာလား ထိုးပါ ဒိုးကလေးရဲ့ ထိုးစမ်းပါ"
"ကျစ် နားငြီးတဲ့ဗျာ ကျွန်တော်သွားအိပ်တော့မယ်"
ဒိုးကလေး ဒေါသအရမ်းထွက်နေတာကြောင့် အခန်းထဲကနေအမြန်ထွက်ခဲ့သည်။မဟုတ်ရင် ဧကရာဇ် မျက်နှာကိုထိုးတော့မှာပါ။ ဒိုးကလေး မမကြီးတို့အခန်းမရောက်ခင် နေသရာနဲ့ကေသရာတို့နဲ့လမ်းမှာဆုံသည်။
"ဒိုးကလေး မမဝတ်လွှာ ဆီသွားမလို့မဟုတ်လား"
"ဟုတ်တယ်လေး မင်းကဘာပေးအုံးမလို့လဲ မယူသွားပေးနိုင်ဘူးနော် ကေသရာ"
"ဘာမှမပေးပါဘူးကွာ ဒါနဲ့မမကြီးက ဘာအစားစားကြိုက်လဲ"
်"ဘာလုပ်မလို့လဲ ငါမမကြီး ဘာအစားစားကြိုက်ကြိုက် မင်းနဲ့ဘာဆိုင်လဲ"
"ကိုဒိုးကလေးကလည်း အကန်ကြီးပဲပြောနေပါလား ဘာလဲကိုကြီးနဲ့စကားများလားတာလား"
"ဟုတ်တယ် ကွာ ငါညစ်နေတဲ့နော် ကေသရာ အထိုးခံရမယ်"
"ဟာ ကြောက်ပါတယ်ဗျာ မမေးတော့ ကိုလေးရော့မေးစရာရှိတယ်မဟုတ်လားမေးလေး"
"ဝတ်ရည် ရည်းစားကချောလားဟင်"
"ချောတယ်ဗျာ ချောတယ် တကယ်ပဲ ကိုနေသရာတို့နော် ကျွန်တော်ရဲ့မမတွေကို..ချိန်နေကြတာလား"
"ဟာ မဟုတ်တာ ဒိုးကလေးကလည်းကွာ"
"ပြီးတာပဲ ချိန်နေရင်လည်းသတိထားနော် ဒိုးကလေးတို့ရဲ့အကြောင်းသိတယ်မဟုတ်လား"
"ကိုကြီး မျက်မှန်အမဲခဏခဏတပ်နေရကတည်းက သိပါတယ် ကိုလေး ညီတို့လည်းသွားအိပ်ရအောင်"
ညီအစ်ကိုနှစ်ယောက် သူတို့အခန်းထဲဝင်သွားမှာ ဒိုးကလေး မမတို့အခန်းထဲဝင်လာခဲ့သည်။
မီးဖိုချောင်းမှာ လူတွေများပြားစွာ ချက်ပြုတ်နေကြသည်။ဒီနေ့အိမ်မှာ ကြေးအိုးချက်စားကြတာပါ။
"သမီးဝတ်လွှာ ဟင်းရည်ကို မြည်းပေးအုံး"
"နည်းနည်းပေါ့တယ် အန်တီ"
"ဒါဆိုရင် ဆားထည့်လိုက်မယ်"
."သမီး အချဉ်သုတ်ပြီးပြီးလား"
"ပြီးပြီး မေကြီး"
"သမီး ဝတ်ရည်ရော့ သစ်သီးခွဲပြီးပြီးလား"
်"ပြီးပြီး အန်တီ"
"မေကြီး သားတို့ဘာကူညီရမလဲ"
"ကူညီစရာကတော့ သိပ်မရှိတော့ဘူး မင်းရဲ့ကိုကြီးအခုထိမထသေးဘူး သွားနိုးပေးအုံး"
"ဟာ မေကြီးကလည်း သူများလင်းမယားအခန်းထဲမသွားချင်ပါဘူး ကိုဒိုးကလေးပဲသွားနိုးပေးလိုက်"
"သမီးသြားနိုးအုံး "
"ဟုတ်ကဲ့မေကြီး"
ဒိုးကလေးလည်း မီးဖိုချောင်းကထွက်ရော ညီအစ်ကိုနှစ်ယောက် ဝတ်လွှာတို့ဆီကိုပြေးကပ်၏။
"မမဝတ်လွှာ ကျွန်တော်ဘာကူရမလဲ"
"ကူစရာမရှိဘူး ကေသရာရဲ့"
"ဒါဆိုရင် မမဝတ်လွှာ စာရလား"
"ဘယ်စာလဲ မသိဘူး"
"ဟာ မုန့်စားတယ်ဆို မုန့်ထုတ်ထဲမှာစာထည့်ထားတဲ့လေး"
"ဘာစာထည့်ထားတာလဲ မုန့်ထုပ်ကို ဒိုးကလေးဖောက်တာ မမမဖောက်ဘူး"
"ဗျာ အဲဒါကြောင့်အခုတလော ကျွန်တော်ကို ကိုဒိုးကလေး ပညာပြနေတာကို့"
"မမဘာမှ နားမလည်းဘူး "
"နားလည်အောင် ခြံရှေရဲ့ ဒန်းမှာထိုင်ပြီးပြောပြမယ် မေကြီး အလုပ်မရှိတော့ရင် မမဝတ်လွှာကိုခေါ်သွားမယ်နော်"
"အေးပါကွယ်"
ဒေါ်ခင်နှင်းဆီးရဲ့ခွင့်ပြုချက်လည်းရရော့ ကေသရာ ပန်းဝတ်လွှာရဲ့ လက်ကိုပိုင်စိုးပိုင်နင်းဆွဲ၍ခေါ်သွားသည်။နေသရာကတော့ ဝတ်ရည်အနားသွားပြီး
ဝတ်ရည်ရဲ့ တောကရည်းစာကအရမ်းကံကောင်းမှာပဲနော် အချက်အပြုတ်ကလည်းတော် ရုပ်ကလည်းချောတော့ အရမ်းချစ်မှာပဲနော် "
"အဟီးး "
"ဘာလိုရယ်တာလဲဗျာ"
"ဒိုးကလေး ပြောသမျှယုံတာ ကိုနေသရာ တို့ညီအကိုတွေပဲရှိတယ်"
"ဗျာ "
"အဟင်း အဟင်း ဝတ်ရည်မှာ ရည်းစားမရှိပါဘူး ဒိုးကလေးက တမင်သက်သက်လျှောက်ပြောနေတာ"
"တကယ်ပြောတာလား ဝတ်ရည်မှာ ရည်းစားမရှိဘူးဆိုတာ "
"တကယ်ပေါ့ရှင့် ရည်းစားထားခွင့်လည်းမရှိပါဘူး ဒိုးကလေးကြောင့်ပေါ့ ရွာမှာရည်းစားစာလိုက်ပေးရင် ဆွဲထိုးလွှတ်လို့ မမကြီးနဲ့ဝတ်ရည်အပျိုကြီးဖြစ်တော့မယ်
"ဝမ်းသာလိုက်တာဗျာ"
"ရှင်!!"
"ဟီးး မလန့်ပါနဲ့ဗျာ ဝတ်ရည် ကျွန်တော်စာရလား မုန့်ထုတ်ထည့်မှာပါတယ်လေး"
"ဘာစာမှမရပါဘူး မုန့်ထုပ်ကို ဒိုးကလေးပဲဖောက်တာ"
"ဒါကြောင့်ကို ဒိုးကလေးက ကျွန်တော်ကို အခုရက်ပိုင်းမကြည်တာ"
"စာကဘာစာမို့လိုလဲဟင်"
"ဝတ်ရည်ကလည်း အပျိုကိုလူပျိုကစာပေးပါတယ်ဆိုမှာ ရည်းစားစာပေါ့ဗျာ"
ဝတ်ရည် ရှက်သွေးဖြား၍မျက်လွှာချမိပါသည်။ နေသရာကလည်း အဲလိုမျက်လွှာချပြီးရှက်နေတာလေးကို အသဲယားစွာကြည့်မိပါသည်။ဒေါ်ခင်းနှင်းဆီနဲ့မီးဖိုချောင်ထဲက လူတွေအကုန်ပြုံးစိစိဖြစ်နေကြ၏။
ဒိုးကလေး စိတ်တိုစွာ ခုတင်ပေါ်မှာအိပ်နေတဲ့ ဧကရာဇ်ကို ခေါင်းအုံးနဲ့ရိုက်ပြီးနိုးသည်။
"ဘုန်းး ဘုန်းး"
"အာ့ နာတယ်ကွာ ဘယ်သူလဲ"
ဧကရာဇ် မျက်လုံးဖွင့်ကြည့်လိုက်တော့ ဒိုးကလေးဖြစ်နေတာကြောင့် ဘာမှဆက်မပြောဘဲ ခုတင်ပေါ်ထလိုက်တော့ သူရဲ့ခါးကအရမ်းနာနေကြောင်းသိလိုက်ရသည်။
အာ့ ခါးနာလိုက်တာ ဒိုးကလေး ညတုန်းက မင်းကိုကိုဘာလုပ်သေးလဲ မဟုတ်မှလွဲ၍ ကိုင်ပေါက်ပစ်တာလား"
"ဟွန့် "
ဒိုးကလေး ပြန်မဖြေဘဲ မျက်စောင်းထိုး၍ အခန်းပြင်ထွက်မယ်ပြင်တော့
"ကိုကို စိတ်စိုးနေတုန်းလား ကိုကိုမှားပါတယ်နော် တောင်ပန်းတယ်"
"နေစမ်းပါအုံး ခင်ဗျားကြီးကိုယ်အမှားကိုမသိပဲနဲ့တောင် ကျွန်တော်ကိုတောင်ပန်းနေတယ် ခင်ဗျားရဲ့အမှားကဘာလဲသိလား"
"မသိဘူးလေးကွာ ကိုကိုအရမ်းအများကြီးသောက်လာလို့မဟုတ်ဘူးလား"
"အဲဒီအချက်လည်းပါတယ်"
"တစ်ခြားအချက်တွေရှိအုံးမှာပေါ့ အဲဒါကဘာတွေလဲဟင်"
"ပြောပြမယ် ကျွန်တော်ဖုန်းခေါ်တာ အခါ၁၀၀ရာလောက်ရှိမယ် လုံးဝမကိုင်တဲ့အပြစ် အဒေါ်ကြီးမြေဝင် ကိတ်မုန့်ခွံကျွေးတာကို သွား၃၂နှစ်ချောင်းလုံးပေါ်အောင် ဖြဲကာရယ်ပြီး စားတဲ့အပြစ် ၊နောက်ဆုံးအပြစ် အဲဒီအဒေါ်ကြီးမြေဝင်မရဲ့ ခါးကိုဖက်ပြီးအိမ်ထဲဝင်လာတဲ့ အပြစ်ပဲ"
"ကိုကိုတောင်ပန်းတယ်နော် ဖုန်းကအသံတိုးထားလို့ပါကွာ ပြီးတော့ တော်ဝင်ကမုန့်ခွံကျွေးတာကို ဒိုးကလေးပြောသလို့မရယ်ပါဘူးကွာ ပြုံးတယ်ဆိုရုံလောက်ပါကွာ ကိုကိုကို့ကြိုက်တဲ့အပြစ်ပေးပါ ခံယူပါမယ်"
"သေချာတယ်နော်"
"သေချာတယ်"
"ပြီးရော့ နောက်ဆိုရင်အဒေါ်ကြီးမြေဝင်နဲ့ ရင်းရင်းနှီးနှီးမနေရဘူးနော် ပြုံးတောင်မပြုံးပြရဘူး အပြစ်ဒဏ်ကတော့ ကိုနေသရာနဲ့ကေသရာကို အလုပ်တွေအများကြီးခိုင်းပေးပါ
"ဟမ် ဘာလိုလဲ ကိုကိုကို့ အပြစ်ပေးခိုင်းနေတာနော် ညီနှစ်ယောက်ကိုမဟုတ်ဘူး"
"မသိဘူး သူတို့နှစ်ယောက်က ဒိုးကလေးရဲ့မမနှစ်ယောက်ကိုကြိုက်နေတာကို့"
"အဟွန်းး ကောင်းတာပေါ့ကွာ ကိုကို့တို့ဒီအိမ်ကြီးထဲမှာအတူတူနေလိုရတယ် "
"မကောင်းပါဘူး မမကြီးတို့က ကျွန်တော်အပေါ်အချစ်လျော့မှာပေါ့"
"ဟား ဟား လျော့စရာလားဗျာ လျော့တော့လည်းကောင်းတာပဲ ကိုကိုကပိုချစ်ပေးမှာပေါ့"
ဧကရာဇ် ဒိုးကလေးကို အနောက်ကနေဖက်ထားသည်။
ခင်ဗျားကြီးနော် ကျွန်တော်ကိုလာဖက်ထားတာလွှတ်နော်"
"မလွှတ်ဘူးကွာ ပြောကိုကိုကို့ချစ်လား"
"အဟွန့် အခုမှမေးဖို့သတိရတယ်ပေါ့"
ဒိုးကလေးပြောလည်းပြောစရာပါပဲ။ ဧကရာဇ် ဒိုကလေးချစ်တယ်ပြောပြီးကတည်းက အဖြေမတောင်းရသေးတာ အခုထိပါ။
"မေးချင်နေတာကြာပြီးဗျာ မေးရင်လက်သီးနဲ့ထိုးမှာစိုးလို့ဖြေကွာ ကိုကိုကို့ ချစ်လား"
"မသိဘူး"
"ဟာမသိတာချည်းပဲ သိအောင်လုပ်ပေးရမလား"
ဒိုးကလေးရဲ့ ပခုံးပေါ်မေးတင်ပြီး တိုးတိုးကလေးပြောနေပုံက တကယ်ကြည်နူးစရာပါ။ဒိုးကလေးရဲ့ ရင်ခုန်သံကလည်းမြန်နေလျက်ပါ။
"မေးနေတယ်လေး ဖြေအုံးသိအောင်လုပ်ပေးရမလားလို့"
"မလုပ်ပေးနဲ့ ဖယ် အောက်မှာမနက်စားစားဖို့စောင့်နေပြီး"
"စောင့်လည်းစောင့်ပါစေကွာ ကိုကိုကို့ချစ်တယ်မဟုတ်လား မဟုတ်လားလို့"
ဧကရာဇ်က အတင်းမေးနေတော့ ဒိုးကလေး ခေါင်းငြိမ့်မိသွားသည်။
"ဝမ်းသာလိုက်တာကွာ"
"အရမ်းဝမ်းမသာနဲ့အုံး ကိုနေသရာနဲ့ကေသရာကို မမတို့အနားမကပ်အောင်လုပ်ပေးအုံး"
ဧကရာဇ်ကတော့ ဒိုးကလေးရဲ့အလိုတိုင်းခေါင်းငြိမ့်ပြလိုက်သည်။နောက်မှာပဲ ဒိုးကလေးကို ညီတွေနဲ့သဘောတူအောင်နားချမည်ဟု ဆုံးဖြတ်လိုက်သည်။
စာရေးသူ သွေးမိန့်