book

Index 13

အပိုင်း(၁၃)

ကိုကိုရဲ့ဒိုးကလေး


"ဟမ် စာပါလား ဘာစာလဲမသိဘူး"


"မမဝတ်လွှာကို ကျွန်တော်ချစ်နေတာကြာပါပြီး ရွာမှာကတည်းကပါ။ မမရဲ့အပြုံးတွေက ကျွန်တော်ရင်ထဲကို နေရောင်ခြည်နွေးနွေးလေးထိတွေ့သလို့ ကြည့်နူးရင်ခုန်ရပါတယ်ဗျာ ကိုဒိုးကလေးကို ကြောက်လို မမဝတ်လွှာကိုဖွင့်မပြောရဲခဲ့တာပါ။ဒီတစ်ခါတော့ ကျွန်တော်ဖွင့်ပြောပါရစေ မမဝတ်လွှာကို ချစ်တာထက်ပိုပြီးမြတ်နိုးပါတယ်ဗျာ ကျွန်တော်ရဲ့အချစ်တွေကိုအလေးထားပြီးစဉ်းစားပေးပါ မမထက် ကျွန်တော်ကအသက်ငယ်တဲ့ဆိုပြီး မစဉ်းစာဘဲမနေပါနဲ့ဗျာ 


ချစ်မြတ်နိုးစွာ မျှော်လင့်နေစဲပါဗျာ ကေသရာဇာ "


သူကငါမမကြီးကို ရည်းစားပေးတယ်ပေါ့ ဟိုချောကလက်မှာလည်း စာထည့်ထားမယ်ထင်တယ် ဖောက်ကြည့်မှာ တွေးရင်ဖောက်လိုက်တော့ ထင်တဲ့အတိုင်းပဲ ဒိုးကလေး စာကိုဖတ်နေမိ၏။


"ဝတ်ရည်လိုခေါ်ပါစေဗျာ ကျွန်တော်ကတော့ ဝတ်ရည်ကိုစုပ်ယူမယ်အချစ်လိပ်ပြာငယ်လေးပါ။ဝတ်ရည်ကို ချစ်နေမိတာ စတွေ့ကတည်းကပါ။ဖွင့်ပြောချင်ပေမဲ့ မြို့ကြီးသားအချစ်ကို မယုံမှာစိုးလို့ပါ ဒီတစ်ခါတော့သေချာအောင် ဖွင့်ပြောမယ်လို့ ဆုံးဖြတ်ပြီး ဒီစာကိုရေးမိတာပါ။ ဝတ်ရည်ကို ကျွန်တော်သိပ်ချစ်တယ်ဗျာ ပြန်စဉ်းစားပေးပါဗျာ စာကိုအရှည်ကြီးရေးချင်ပေမဲ့ ဝတ်ရည်ကိုချစ်တဲ့စိတ်တွေထိန်းမရမှစိုးလို ဒီလောက်နဲ့ရပ်လိုက်ပါမယ်ဗျာ


ဝတ်ရည်ကိုစုပ်ယူခွင့်ပြုမဲ့နေ့ကို စောင့်စားနေတဲ့လိပ်ပြာငယ်လေး  နေသရာ"


အဟွန့် ကိုနေသရာကလည်း မထင်ရဘူး သူကိုယ်သူ့ လိပ်ပြာငယ်တဲ့ တော်သေးတယ်မမတွေ မုန့်ဖောက်မစားလို့တွေးမိရင်မမနှစ်ယောက်ရဲ့အနားကနေ အရိပ်လိုနေဖို့ဆုံးဖြတ်ချက်ချလိုက်ပါသည်။


"မမကြီးနဲ့မမလတ် ကေသရာနဲ့ကိုနေသရာ မုန့်စားလို့ကောင်းလားမေးရင် ကောင်းတယ်ဖြေပေးနော် တော်ကြာစိတ်ဆင်းရဲနေအုံးမယ်"


"ဖြေပေးပါမယ်နော် ကိုဧကရာဇ်နဲ့အဆင်ပြေလား"


"မမကြီးမေးမှာပဲ ဝတ်ရည်သတိရတယ် အခြေနေဘယ်လိုလဲ"


"ဟီးး သူကဒိုးကလေးကိုချစ်တယ်လို့ပြောတာပဲ အရင်လို့လည်း ဒေါသမကြီးတော့ဘူး"


"ကျေနပ်နေတယ်ပေါ့ ဒိုးကလေးတို့ ဒါကြောင့်ပြောင်းလဲနေတာကို့ ဒိုးကလေးကရော့သူကိုချစ်လား"


"မမကြီးကလည်း ဘာတွေမေးနေမှန်းမသိဘူး အိပ်တော့မယ်"


"မေးတာဖြေအုံးလေး အမေနဲ့ဖေဖေကလည်း မေးခိုင်းလိုက်တယ်နော်"


"ဘာလိုမေးခိုင်းတာလဲ "


"ဒိုးကလေးတို့က အချစ်မပါဘဲလက်ထပ်ထားတော့ အိမ်ထောင်ရေးမတည်မြဲမှာစိုးရိမ်နေတာပေါ့ မမလတ်တို့ကိုပြောပြနော်"


"သား ရှက်တယ် "


"ရှက်နေပြီးဆိုတော့ ချစ်နေတာပေါ့ "


"မမကြီးကလည်း သိဘူးဆို၍ မမလတ်ရင်ခွင်ထဲတိုးဝင်ပြီး မျက်နှာဖွက်ထားသည်။ဒိုးကလေး အမှန်တကယ် ဧကရာဇ်အရမ်းချစ်နေပါပြီး တော်ဝင်ဆိုတဲ့ အဒျေါကွီးနဲ့တှဲမြင်ရကတည်းသူမရဲ့မနာလိုဒေါသဝန်တိုမှုတွေဖြစ်ပေါ်လာရသည်။ကိုကိုနမ်းရင်လည်း ရင်တွေအဆမတန်ခုန်တာကြောင့်ပါ။ဒါကအချစ်ဆိုတာ ကိုယ်ကို့သေချာသိသွားတာပါ။


ခြံထဲက စံပယ်ပန်း၊ နှင်ဆီးပန်း၊သစ်ခွာပန်းကို ကြည့်ပြီး ဝတ်ရည် ပြုံးနေမိသည်။ပန်းကြိုက်သူပီပီ ပန်းကလေးတွေအနားကမခွာနိုင်စွာ ငေးကြည့်နေတုန်း


 "ပန်းကိုအရမ်းကြိုက်တာပဲလား ဝန်ရည်"


"ကိုနေသရာပါလား ပန်းကိုမကြိုက်သူရှိပါအုံးမလား ဝတ်ရည်ကတော့ အရမ်းကြိုက်တယ်"


"ပန်းကလေးတွေရဲ့ ဝတ်ရည်ကိုစုပ်ယူတဲ့ လိပ်ပြာငယ်လေး ကိုရော့ မချစ်ဘူးလားဗျာ"


"မမလတ်က မချစ်တတ်ဘူး ကိုနေသရာရဲ့ မမကအရမ်းမုန်းတာ ဟုတ်တယ်နော် မမ"


ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိတဲ့ ဒိုးကလေးကြောင့် နေသရာခေါင်းကုတ်မိရပါသည်။ငါအပေါ်ကကြည့်နေတုန်းက ဒိုးကလေးကိုမမြင်ပါဘူး ဘာပဲဖြစ်ဖြစ် မုန့်စားရလားမေးကြည့်ရမယ်ပြီးတော့မှ ဆက်ပြောတာကောင်းမယ်။


"ဝတ်ရည် ကျွန်တော်ပေးတဲ့ ချောကလက်စားရလား"


"စားရတယ် ချောကလက်ပေးလို့ ကျေးဇူးပါ ကိုနေသရာ"


"လိပ်ပြာငယ်လေးကို ရော့ဖတ်ရလား"


"ဘယ်ကလိပ်ပြာငယ်လဲ ကိုနေသရာ "


"ဘာမှမဟုတ်ပါဘူး ဒိုးကလေး ဝတ်ရည်က လိပ်ပြာငယ်ကိုမချစ်တတ်တော့ ဘယ်အရာကိုချစ်တတ်လဲ"


"ဟင်းး မဟုတ်တာ လိပ်ပြာတွေကိုချစ်တတ်ပါတယ် ဒါပေမဲ့ သူတို့ကပန်းအမျိုးမျိုးရဲ့ဝတ်ရည်ကိုစုပ်ယူတော့ မာယာများတဲ့လိုထင်တယ်"


"အမှန်ပဲ မမလတ် သူတို့ကပန်းတစ်မျိုးရဲ့ဝတ်ရည်ကိုစုပ်ယူပြီး တစ်ခြားပန်းတစ်မျိုးဆီသွားပြီးစုပ်ယူမှာဘဲလေး"


"ဒိုးကလေးကလည်း ဒါကတော့..."


"ကိုနေသရာကလည်း လိပ်ပြာငယ်လို့မာယာများမယ်ထင်တယ်နော်"


"မများပါဘူး ဒိုးကလေးကလည်း"


"ဟုတ်ပါပြီး မမလတ်ရဲ့ရွာကရည်စားဖုန်းဆက်တယ်အဲဒါကြောင့် လာခေါ်တာ"


ဝတ်ရည်အူကြောင်ကြောင်နဲ့လိုက်ခဲ့ရပါသည်။ဒိုးကလေးကတော့ ကျေနပ်စွာပြုံးပြီး မမလတ်ရဲ့လက်ကိုဆွဲခေါ်ခဲ့သည်။


"ကေသရာ အားလား"


"မအားဘူး ကာတွန်းကကောင်းနေပြီး ဒိုးကလေး"


"မအားရင်လည်းပြီးတာပဲ မမကြီးက မုန့်ဟင်းခါးစားချင်လို့အဲဒါနင်ကိုလိုက်ပို့ခိုင်းမလို့ကို့"


"အားတယ် အားတယ် လာပို့ပေးမယ်"


"ရပါတယ် နင်ကာတွန်းကဆက်ကြည့်နေပါ ငါနဲ့မမကြီး အိမ်က ဘဘကြိုင် နဲ့ပဲသွားလိုက်ပါမယ်"


"မဟုတ်တာ ကိုဒိုးကလေးကလည်း အဟွန်းး မမကြီးကဧည်သည့်ပဲနေရာစုံတောင်လာပို့ရအုံးမှာ သွားကြမယ် လာ..လာ ငါကိုအားမနာနဲ့ကိုဒိုးကလေး"


ဒိုးကလေးတို့အဖွဲ့မုန့်ဟင်းခါးစားကြတော့ ကေသရာက မမကြီးအပေါ်ပျာယာခတ်စွာလုပ်ပေးနေတော့ ဒိုးကလေး မျက်စိနှောက်ရပါသည်။


"ကေသရာ ငါကိုနံနံပင်သွားယူပေး"


"အေးပါ မမရော့ဘာလိုသေးလဲ"


"မလိုတော့ဘူး ကေသရာ"


ဒိုးကလေး ကေသရာ နံနံပင်သွားယူနေတုန်း သူ့ပန်းကန်ထဲကိုငရုတ်သီးများများထည့် သံပုရာသီးအများကြီညစ်ထဲနဲ့အလုပ်ရှုပ်သွားပါသည်။မမကြီးကတော့ အံ့ဪစွာငေးကြည့်နေပါသည်။


"ဒိုးကလေး ဘာလုပ်တာလဲ"


"အသာနေပါ မမကြီးကလည်း ဒီမုန်ပွဲ့ကိုမမပြင်ထားပေးတဲ့ပြောလိုက်"


"မဟုတ်တာ ဒိုးကလေးရယ် ပေါက်ကရလျှောက်မလုပ်ပါနဲ့ ကေသရာ သနားပါတယ်"


"မသနားရဘူးနော် မမကြီး ဪဟိုမှာလာနေပြီး အဲဒီမုန့်ပွဲကိုပြင်တဲ့ပြောနော် မပြောရင် သား အကြောင်းသိတယ်နော်"


"အေးပါ ငါတော့စိတ်ညစ်တာပဲ"


ကေသရာပြန်ရောက်လာတော့ ဝတ်လွှာ ဒိုးကလေးပြောတဲ့အတိုင်းလုပ်ရပါသည်။ကေသရာကတော့ သူအတှကျမုနျ့ပှဲပွငျထားပေးလို့ ဝတ်လွှာကို နှစ်သက်လိုဖွယ် ပြုံး၍ကြည့်ပြီး မုန်းဟင်းခါးကိုစားလိုက်သောအခါ


"စပ်လိုက်တာ ချဉ်ကလည်းချဉ်နေပါလား"


"ကေသရာ ရော့ ဒါသောက်လိုက် "


"ထွီ ပူလိုက်တာ ကိုဒိုးကလေးရဲ့ ရေအေးပေးပါလား ရေနွေးပူပူကြီးပေးတော့ ကျွန်တော်ပါးစပ်ထဲ ငရဲမီးကိုထိုးသလိုခံစားရတာပေါ့"


"အေးပါ ငါလည်းအလောတကြီးဖြစ်သွားလို့ပါ မမပြင်တဲ့မုန့်ကို ငါစားကြည့်ပါအုံးမယ်"


ဒိုးကလေး နည်းနည်းလေးခပ်ပြီးစားကြည့်၍ ဘာမှမဖြစ်သလိုမျက်နှာထားနဲ့


ကောင်းပါတယ် ကေသရာ မမကြီး ရဲ့စေတနာအပြည့်နဲ့ပြင်ထားပေးလို့ထင်တယ် မုန့်ဟင်းခါးကပိုစားကောင်းသေးတယ် မမကြီးပြင်ထားမုန့်ကို ကေသရာမစားနိုင်တော့လည်း သားပဲစားလိုက်ပါမယ် မမရဲ့စေတနာကိုအသိအမှတ်ပြုတဲ့အနေနဲ့ပေါ့ ကေသရာကတော့ စေတနာကိုစော်ကားတဲ့လိုမထင်နဲ့နော် မမကြီး"


"ဟာ မဟုတ်တာ ကိုဒိုးကလေးကလည်း ကျွန်တော်ပဲစားပါမယ် မမကြီးရဲ့စေတနာကိုအသိအမှတ်ပြုတဲ့နော်"


ကေသရာ ကြိုတ်မှိတ်ပြီးစားနေရပုံက သနားစရာပါ။ငရုသီးအများကြီးထည့်ထားပြီးသံပုရာသီးချဉ်ချဉ်ညစ်ထားတဲ့ မုန့်ဟင်းခါးကို မျက်နှာရဲပြီး တစ်ကိုယ်လုံးချွေးထွက်၍ စားနေပုံက ဘေးနားကလူတောင်ကြည့်ပြီး ပူလောင်ရပါသည်။ဒိုးကလေးကတော့ ရယ်ချင်စိတ်ကိုမျိုသိပ်ထားရသည်။စိတ်ထဲမှာလည်း


"ငါအစ်မကိုရည်းစာစာ ပေးချင်အုံး ကိုနေသရာနဲ့မင်းကို ဒီထက်ကောင်းကောင်းlessonပေးရမယ် ဒါကပါးပါးလေးပဲရှိသေးတယ် မင်းတို့ညီအကိုနှစ်ယောက် ငါအစ်မတွေကို တကယ်ချစ်မချစ်လည်းစမ်းသပ်ရအုံးမယ်လိုတွေးနေမိသည်။


အလုပ်အကြောင်းပြောနေတုန်း ဖုန်းဝင်လာတာကြောင့် ဧကရာဇ် အလုပ်အကြောင်းကိုလက်စသတ်ပြီးဖုန်းဖြေလိုက်တော့ တစ်ဖက်ကမိန်းကလေးအသံကမူနွဲ့နွဲ့ထွက်လာသည်။


"ဲဟဲလို ကိုကို တော်ဝင်ရဲ့၂၄နှစ်ပြည့်မွေးနေ့ဖိတ်ချင်လို့ပါ"


"၂၄နှစ်တောင်ပြည့်ပြီးလား ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေဗျာ မွေးနေ့ကဆွမ်းကပ်မှာလား"


"မနက်ပိုင်းဘုန်းကြီး၅ပါးနဲ့ဆွမ်းကပ်ပြီး ညကျရင်ပါတီအသေးစားကျင်းပမှာပါ ကိုကို ပါတီဖွဲ့ကိုဖိတ်ချင်လို့ပါ"


"လာခဲ့ပါမယ်ဗျာ ပါတီဒီညလား"


"ဟုတ်တယ်ကိုကို"


"ကောင်းပြီး ကျွန်တော်ရောက်အောင်လာခဲ့ပါမယ် "


"ကျေးဇူးပါ ကိုကို"


ဧကရာဇ် ပါတီကိုတစ်ယောက်ထဲသွားဖို့ဆုံးဖြတ်လိုက်သည်။ဒိုးကလေးကိုခေါ်သွား ရင်ပြသာနာဖြစ်မှာစိုးလိုပါ။


နေသရာ ထိုင်ပြီးအသဲကွဲနေရပါသည်။ဝတ်ရည်မှာ ရည်းစာရှိတယ်ဆိုလို့ကြေကွဲနေရသည်။


"ကိုနေသရာ မေကြီးကထမင်းစားဖို့ခေါ်ခိုင်းလိုက်တယ်"


"မစားချင်ဘူး ပြောလိုက် ဒိုးကလေး"


"မနက်ကလည်း ဘာမှသိပ်မစားပဲနဲ့ နေမကောင်းလို့လား"


"ကောင်းပါတယ် ဒိုးကလေးရ အသဲကွဲနေလို့"


"အသဲကွဲတဲ့ ဟုတ်လား ပြစမ်းပါအုံး ဆေးရုံမှာပြန်ချုပ်သင့်ရင်ချုပ်ရမှာပေါ့"


မျက်လုံးပြူး မျက်ဆံပြူးနဲ့ပြောနေတဲ့ ဒိုးကလေးကြောင် နေသရာ ပိုစိတ်ညစ်သွားရသည်။


အဲဒါတော့ မဟုတ် ကိုယ်ချစ်နေတဲ့ကောင်းမလေးကတစ်ခြားကောင်လေးနဲ့ချစ်သူဖြစ်နေလို့ အသဲကွဲတာလို့ပြောတာ"


"ဪအဲလိုကို့ မသိပါဘူး ပြောပြစမ်းပါအုံး ချစ်နေတဲ့ကောင်မလေးက ဘယ်သူလဲ"


"အဲဒါတော့ ပြောလို့မရဘူးလျို့ဝှက်ချက် ထမင်းသွားစားကြမယ်လာ လာ"


"အခုနဲ့ကပြောတော့ မစားချင်ဘူးဆို"


"အခုစားချင်သွားပြီး လာသွားစားရအောင်"


နေသရာ ဒိုးကလေး အတင်းမေးမှာစိုလို့ ထမင်းစားခန်းထဲကိုအတင်းခေါ်ခဲ့သည်။


"ကိုကို လာတာအစောကြီးပဲနော်"


"happy birthday တော်ဝင်"


"Thanks"


"ဘာဝယ်ပေးရမှန်းမသိလို့ တော်ဝင်ကြိုက်တဲ့ ရေမွှေးဝယ်ခဲ့ "


"အဟွန်းး တော်ဝင်အကြိုက်ကိုမှတ်မိတယ်နော်"


"ဟိုတစ်ခါ ပြောဖူးတယ်လေး နှင်းဆီးရေမွှေးကြိုက်တယ်လို့ ဒါကြောင့်မှတ်ထားတာပါ"


"ဟုတ်ပါပြီး ကိတ်မုန့်ခွဲရအောင်"


တော်ဝင် ကိတ်မုန့်ခွဲတော့ သူဒယ်ဒီနဲ့မာမီကိုကျွေးပြီးတော့ ဧကရာဇ်ကိုခွံကျွေးတာကြောင့် သတင်းသမားတွေကဓာတ်ပုံရိုက်ယူသည်။တော်ဝင်ကလည်း သူ့သူငယ်ချင်းတစ်ယောက်ကိုဓာတ်ပုံရိုက်ခိုင်းပြီး လိုင်းမှာတင်ခိုင်းလိုက်သည်။ထိုဓာတ်ပုံကို ဒိုးကလေးက ဖုန်းကြည့်ရင်နဲ့ တွေ့သွားရပါသည်။


"ဒါကိုကို မဟုတ်လား ဟိုအဒေါ်ကြီးနဲ့ တွေ့မယ် ဖုန်းခေါ်ပြီး မေးရမယျ .....ဟာ ဖုန်းခေါ်နေတာ မကိုင်ပါလား ဒါဘာသဘောလဲ ဒိုးကလေးဆိုတဲ့ယောကျာ်းက မကိုင်ချင်လေး ပိုခေါ်ချင်လေးပဲ "


ဒိုးကလေးဖုန်းဆက်သော်လည်း ဧကရာဇ်က လုံးဝမကိုင်ပါ။ဘာကြောင့်လဲဆိုတော့ ဧကရာဇ် ဖုန်းကိုအသံတိုးထားခြင်းကွောငျ့ဖွစျပါသညျ။


နောက်ဆက်ရန်ဗျာ

စာရေးသူ သွေးမိန့်


rate now: