book

Index 12

အပိုင်း(၁၂)

ကိုကိုရဲ့ဒိုးကလေး


ဘုရားသွားဖို့ဆင်းလာတဲ့ ဧကရာဇ်ကိုကြည့်ပြီး မိသားစုတွေအံ့ဪရပါသည်။ကိုယ်ကိုဖြောင့်ဖြောင့်မထားဘဲ တစ်ဘေးစောင်းနေတာကြောင့်ပါ။


"မေကြီးတို့ ဘာလိုဝိုင်းကြည့်နေတာလဲ"


"ကိုကြီး ခါးကဘာလိုစောင်းနေတာလဲ"


"ခါးနာလိုကွာ "


ဟားး ဟားး အဲလောက်တောင်သောင်းကျန်လှချည်းလား ငါသား"


"ရှင်ဘာတွေလျှောက်ပြောနေတာလဲ တစ်ချိန်လုံးနာတွေးချည်းပဲ "


"မိန်းမကလည်း ကိုယ်လည်းမဂ်လာဆောင်တဲ့၁နှစ်အတွင်းခါးအမြဲနာနေတာကို့"


"ရှင်နော် ပြောလေကဲလေ ဘုရားသွားမှာနော် ကျွန်မဒေါသမဖြစ်ချင်ဘူး အချိုးကို..


"ပြင် ကျပ်ကျပ်သတိထား မင်းပြောမှဒါပဲမဟုတ်လား"


"သိရင်ပြီးရော ဖေဖေနဲ့မေမေတို့အဆင်ပြေရဲ့လားမသိဘူး ဘုရားဖူးထွက်တာ"


"အဆင်ပြေပါတယ်ကွာ ဖေဖေတို့ကဘုရားဖူးထွက်တာပဲကို့ ကားပေါ်တက်ကြသွားမယ်"


"သား ဒိုးကလေးဘေးနားမှာထိုင်မယ်နော် ကိုကြီးကကားမောင်း"


"အောင်မာ မင်းဇိမ်နဲ့စီးလို့ရမလား ငါခါးနာနေတဲ့ ဒီအထဲမှာမင်းအငယ်ဆုံး မင်းပဲကားမောင်း"


"ဟွန့် အငယ်ဆုံးဖြစ်ရတာ ကောင်းကို့မကောင်းဘူး ြသဇာသီးပဲအကျွေးခံနေရတယ် "


"ညီ အကိုလေး မောင်းပေးမယ် ဒိုးကလေးနားမှာသွားထိုင်"


ဧကရာဇ် ဒိုးကလေးကို ထောင့်ဆုံးထိုင်ဖို့မျက်ရိပ်သော်လည်း ဒိုးကလေးကမသိချင်ယောင်ဆောင်နေပါသည်။


ကားပေါ်မှာ ဒိုးကလေးနဲ့ကေသရာက စကားဖောင်ဖဲွဲ့ပြီးရယ်နေသော်လည်း ဧကရာဇ်ကတော့ မျက်ကြီးတည်လို့ တစ်ခါတစ်ခါ ကေသရာကိုအပြစ်မရှိလှမ်းငေါက်သေးပါ၏။


"ကေသရာ အသံအရမ်းကျယ်တာပဲ နားငြီးတဲ့ကွာ"


"ကိုကြီးကလည်း ညီအသံကပုံမုန်ပဲကို့်"


"လျှာမရှည်နဲ့ နာငြီးတဲ့ပါးစပ်ပိတ်"


ကေသရာ နှုတ်ခမ်းဆူပြီး ဧကရာဇ်ကိုမျက်စောင်းထိုးတော့ ဒိုးကလေးက တစ်ခစ်ခစ်ရယ်နေပါသည်။ဒေါ်ခင်နှင်းဆီက ဧကရာဇ် သဝန်တိုနေမှန်းသိသော်လည်း မသိချင်ယောင်ဆောင်နေပါသည်။သမီးကိုချစ်ရဲ့သားနဲ့မဖွင့်ပြောချင်တဲ့လူ သဝန်တိုပြီး ဒေါသထွက်နေပါစေ။


"သားကြီးရယ် သားငယ်နေတတ်သလိုနေပါစေ အရမ်းကြီးမချုပ်ချဲ့ပါနဲ့"


"ဟုတ်တယ် မေကြီး ကိုကြီးက သားကိုအရမ်းအမိန့်ပေးလွန်တဲ့ များများဆူပေး"


"ကေသရာနော် ဟွန့်.. "


"သားကြီး တော်တော့ သားငယ်ကိုရန်မရှာနဲ့ အေးဆေးဆေးဘုရားသွားဖူးပါရစေ"


မြန်မာနိုင်ငံရဲ့တန်ခိုးကြီးရွှေတီဂုံမြွတ်စွာဘုရား ရဲ့အရိပ်အာဝါသကအလွန်အေးချမ်းလှပါသည်။လေတဖြူးဖြူးတိုက်ခတ်သော်ကြောင့် လေနုနုလေးတွေကိုထိတွေ့ကြည်နူးခံစားရမိသည်။ရွှေတီဂုံစေတီတော်မြတ်ကြီးကို ဖူးမြှော်ရှိခိုးရသဖြင့် စိတ်အလွန်အေးချမ်းပြီး ဝမ်းသာပီတိဖြစ်ရသည်။


"ကိုဒိုးကလေးရဲ့ပန်းပေး ကျွန်တော်ကပ်ပေးမယ်"


"မလိုပါဘူး ငါမိန်းမရဲ့ပန်းကိုငါပန်းနဲ့အတူတူကပ်မယ် မင်းကပ်ချင်ရင်မေကြီးနဲ့ဖေကြီးဆီကသွားယူ"


"ကိုကြီးပန်းလည်းပေးပါ ကျွန်တော်ကပ်ပေးမှာပေါ့ "


"ရတယ် ငါဘာသာကပ်မယ် ဆို၍ဒိုးကလေးပန်းနဲ့သူရဲ့ပန်းအတူတူကပ်လှူလိုက်သည်။


ကေသရာကတော့ ဒိုးကလေအနားတစ်ချိန်လုံးကပ်နေတော့ ဧကရာဇ် ဒေါပွရသည်။ကေသရာ တစ်ခုခုလုပ်စရာရှိလို့ ဒိုးကလေးအနားခွာသွားချိန် ဧကရာဇ် ဒိုးကလေး လက်ကိုဆဲွဲပြီး လူရှင်းတဲ့ ဘုရားစောင်းတန်ကို အမြန်ဝင်သွားသည်။


"ခင်ဗျားကြီး ဘယ်လိုဖြစ်နေတာလဲ ေကသရာက အဒီနေရာမှာစောင့်ခိုင်းထားတာကို့ တော်ကြာသူလိုက်ရှာနေရအုံးမယ်"


"ရှာပါစေ အမြင်ကိုကပ်တဲ့ တစ်ချိန်လုံးမင်းအနား တောက်တဲ့ လိုကပ်နေတာပဲ"


"အခုမှကပ်တာမဟုတ်ဘူး နေ့တိုင်းဖြစ်နေတာကို့ ခင်ဗျားကြီးက အခုမှအထူးအဆန်းလုပ်နေတဲ့"


"ကိုကိုမကြိုက်ဘူးကွာ မင်းသူနဲ့ဝေးဝေးနေပါ"


"ဘာလိုနေရမှလဲ ကျွန်တော်ရဲ့ကစားဖော်ကစားဘက်ကသူပဲရှိတာကို့ ခင်ဗျားကြီးအခုတလော ဘာဖြစ်နေတာလဲ စိတ်ရော့ကောင်းပါတယ်နော်"


."စိတ်လည်းကောင်းတယ် လူလည်းအကောင်းပဲ မင်းကေသရာနဲ့ပူးပူးကပ်ကပ်နေတာကို ငါမကြိုက်ဘူး ဘာလိုမကြိုက်တာလဲသိလား .."


"ဘယ်သိမှာလဲ ခင်ဗျားကြီးစိတ်ကိုသိရအောင် ကျွန်တော်ကအကြားမြင်ဆရာ မဟုတ်ဘူး"


"ငါမင်းကို အရမ်းချစ်လိုပဲ"


ဒိုးကလေး ရင်ခုန်သံတွေမြန်၍စိတ်တွေလှုပ်ရှားလာရပါသည်။ဧကရာဇ်က ဒိုးကလေးမျက်နှာကို တမေ့တမော့ စိုက်ကြည့်နေတော့ ရှက်သွေးဖြာ၍ မျက်လွှာချမိရပါသည်။ဧကရာဇ်က တိုက်ပုံအဖြူ ပုဆိုးအပြာရောင်နဲ့ခန်ညားသလို့ ဒိုးကလေးကလည်း ကချင်အပြာရောင် ဝင်းစက်ကလေးနေနဲ့လှပနေသည်။


"မင်းရော့ ကိုကိုကို့ချစ်လား"


"ဘုရားအရှေ့မှာဘာတွေမေးနေတာလဲ ငရဲကြီးမယ်"


ဧကရာဇ် ပြုံးမိပါသည်။သူမလေး ရှက်သွေးဖြာနေတာကိုသိတာပေါ့ ဒိုးကလေး မျက်နှာနီရဲလာ၍လက်နှစ်ဖက်ကိုလည်း စုပ်နယ်နေတာကြောင့် သူမရဲ့လက်ကို သူ့ကိုင်လိုက်တော့ မျက်လွှာပင့်ပြီးကြည့်လာသည်။


"ဖြေပါအုံး ကိုကိုကို့ချစ်လား"


"မသိဘူး 


"ကိုကိုကတော့ သိတယ် ကိုယ်မေးတာအမှန်တိုင်းဖြေ


"မေးကြည့်လေ"


"အခုရင်ခုန်နေတာလား "


"မသိဘူးလေး"


"ဟာ ဒါဆိုရင် နှလုံးခုန်သံမြန်နေလား"


"မြန်နေတယ် ဘာလိုလဲမသိဘူး"


မသိရင် ပြောပြမယ် အဲဒါကိုကိုကို့ချစ်လိုပေါ့ဗျာ


မဟုတ်ပဲ လျှောက်ပြောနေတဲ့ဆိုပြီး သူမရှက်ပြုံးပြုံး၍ထပြေးတော့ ဧကရာဇ် ရယ်ပြီး သူမအနောက်ကိုလိုက်ခဲ့သည်။


 ပန်းဝတ်လွှာနဲ့ ပန်းဝတ်ရည် ကားပေါ်ကအထုပ်တွေသယ်နေတုန်း ဖြတ်ခနဲဆွဲလုခြင်းခံလိုက်ရတော့ ကြည့်လိုက်တော့ နေသရာနဲ့ကေသရာပါ။


"မမကြီး ပင်ပန်းနေမှာစိုလို့ ကျွန်တော်သယ်လိုက်မယ်"


"ကျွန်တော် ဝတ်ရည်ပင်ပန်းနေမှာစိုးလို့ပါ"


"မသယ်ပါနဲ့ ကိုနေသရာနဲ့ ကေသရာရဲ ဝတ်ရည်တို့ဘာသာသယ်ပါမယ် အထဲမှာထမိန်တွေလည်းပါတယ်"


"သယ်ပါစေ သမီးရေ ခေါင်းပေါ်တင်တာမှမဟုတ်တာ လက်ကဆွဲတာ"


"မမကြီးနဲ့ မမလတ် ယေးးး ကျွန်တော်အရမ်းပျော်တာပဲ အမေနဲ့အဘရော့နေကောင်းလား ဘိုးဘိုးရော့"


"ကောင်းပါတယ် ဒိုးကလေးကရော့ အရင်လိုဆိုးတုန်းလား"


"မဆိုးတော့ပါဘူး မမကြီးကလည်း"


."မယုံရဲသေးပါဘူး ကိုယ်ညီမအကြောင်းကိုယ်သိတာပေါ့"


."အဟီး မမကြီးကလည်း နည်းနည်းတော့ဆိုးသေးတာပေါ့"


"အံ့ဪစရာပဲနော် ခါတိုင်းညီမလေးလိုခေါ်ရင် ဒေါသထွက်တဲ့လူကအခုမထွက်ပါလား"


"ဟုတ်တယ်မမကြီး အန်တီခင် ဆုံးမထားပေးလို့ဖြစ်မယ်"


"ကဲ့ပါ သမီးတို့ရေ ခရီးပန်းလာတဲ့မဟုတ်လား အိမ်ထဲဝင်ကြရအောင်"


မမကြီးတို့လာကတည်းက ကေသရာ ဒိုးကလေး အနားမကပ်တော့ပဲ ပန်းဝတ်လွှာအနားပဲကပ်နေတာကြောင့် ဧကရာဇ်ကပျော်သော်လည်း ဒိုးကလေးကတော့ သူအစ်မကိုသဝန်တိုနေပါသည်။


"ဟွန့် ေကသရာအချိုးပြောင်းနေတဲ့"


ဒိုးကလေး ခုတင်ပေါ်စိတ်ပျက်သလို ထိုင်ပြီးရေရွတ်တော့ ဘေးနားကစာအုပ်ဖတ်နေတဲ့ ဧကရာဇ် ပြုံးမိသည်။


"ဘာတွေပြောင်းနေလိုလဲ ဒိုးကလေးရဲ့"


"ကိုကိုပဲ စဉ်းစားကြည့်လေ ခါတိုင်းဆိုရင် ဒိုးကလေးနဲ့ အတူတူဆော့ရင်ဆော့ မဆော့ရင် ကားတွန်းကားကြည့်နေပြီး အခုတော့ မမကြီးအနားမှာပဲမျှော့လိုတွယ်ကပ်နေတဲ့"


ကေသရာတစ်ယောက် တောက်တဲ့ဖြစ်လိုက် မျှော့ဖြစ်လိုက်နဲ့ အနှိုင်းခံနေရတာသိရင် ဒေါသထွက်လောက်သည်။


"ကိုကိုဆော့ပေးမယ်လေး ဒိုးကလေးနဲ့"


"တကယ်နော် ဒါဆိုရင်ကျားကွက်ပြေးမယ် နဖူး၁၀ချက်ကြေးနော်"


"Ok ကိုကိုနိုင်ရင်တော့ နဖူးမတောက်ပဲ တစ်ခြားဟာတောင်းမှာနော်"


"ရတယ်လေး ကိုကိုဘယ်တော့မှနိုင်မှမဟုတ်ဘူးစိတ်ချ"


ဒိုးကလေးနဲ့ ဧကရာဇ် ကျားကွက်ပြေးတမ်းဆော့တာ အကြိုက်အနယ်ပါပဲ နောက်ဆုံးတော့ ဒိုးကလေးနိုင်သွားပါ၏။


ယေးး နိုင်သွားပြီး ..ပြောပါတယ် ကိုကိုမနိုင်လောက်ဘူးလို့ လာခဲ့နဖူးလေးရဲ့ ခဏတော့အနာခံပါနော်ပြော၍ နဖူးကိုအားရပါးရ၁၀ချက်တောက်ပစ်လိုက်တာ ဧကရာဇ်နာလိုအော်နေပါသည်။ တစ်ခါတောက်တစ်ခါအော်တာကြောင့် အပြင်က လူတွေ ဒိုးကလေးတို့အခန်းလာချောင်းကြပါသည်။


"ရှုးတိုးတိုးနေ ဘာလုပ်နေကြလဲမသိဘူး သားကြီးကတော့ အရမ်းအော်နေတဲ့"


"အချစ်စမ်းတာဖြစ်မှာပေါ့ မိန်းမရဲ့"


"တိုးတိုးနေ ရှင်ထင်တာဟုတ်ချင်မှဟုတ်မှာပေါ့ ကျွန်မတံခါးနည်းနည်းဖွင့်ပြီး ချောင်းကြည့်အုံးမယ်"


ဒိုးကလေးတို့ကလည်း အပြင်ကေနတိုးတိုးပြောနေတဲ့အသံတွေကြားနေရတာကြောင့် ခြေသံဖွဖွလျှောက်ပြီး တံခါးပေါက်ကိုနည်းနည်းလေးဖွင့်ပြီးချောင်းကြည့်တော့


"အားး"


ဒေါ်ခင်နှင်းဆီနဲ့ ဒိုးကလေးတို့လန့်ပြီးအော်မိကြပါသည်။


.မေကြီးတို့ဘာလုပ်နေတာလဲ"


"ေအာ်သံကြားလို့ လာချောင်းတာပါ ဒါနဲ့ သားကြီးရဲ့နဖူးကနီရဲနေပါရော့လား"


"ဟားး ဟား ကိုကြီးရဲ့နဖူးကို ပါးနီလိမ်းထားပေးတာဖြစ်မယ်"


"ဘယ်ကပါးနီလိမ်းရမလဲ ဒိုးကလေး နဖူးတောက်ထားတာ"


"ဒါဆိုရင်တော့ သေလောက်အောင်နာမှာပဲ ညီ ခံဖူးတဲ့ ဒိုးကလေး လက်သန်ပြောင်ချက်တော့ ဆိုင်းဆရာတွေအရုှံးပေးရလောက်တယ် ခွပ် ခွမ်း ဒုန်း ဆိုတဲ့သံကြားရင် သွားမကြည့်နဲ့ ကိုဒိုးကလေး လက်ချက်ပဲ."


"အမှန်ပဲ ညီပြောတာ သားဆိုရင် အမြဲတမ်းမျက်မှန်အမဲတပ်ရတယ်"


"ဒါဆိုရင် သားခဏခဏနာ မျက်မှန်အမဲတပ်နေရတာ သမီးထိုးလို့ပေါ့"


"ဒါပေါ့ မေကြီးရ"


"ဟားး ဟား သားမျက်မှန်တပ်နေရတာကို ဖေကြီးတို့ကတစ်မျိုးတွေးပြီးစနေတာ လက်စသတ်တော့ အထိုးခံရတာကို့ ဟားး"


"ဖေကြီးရဲ့ ချွေးမကြောင့် သားမှာမံမီရုပ်လိုတစ်ကိုယ်လုံးပတ်တီးစီးထားရတော့မယ်ထင်တယ်"


"ကိုကိုနော် ထိုးချင်လို့ထိုးတာမဟုတ်ဘူးနော် ကိုကိုကထိုးချင်အောင်ပြောတာလေးထည့်ပြောအုံး"


ဒိုးကလေး မျက်စောင်းထိုးပြီးပြောပုံကို ဧကရာဇ်သဘောကျစွာရယ်မိသည်။


ညအိပ်ရာဝင်ချိန်ရောက်တော့ ဒိုးကလေး ခေါင်းအုံးပိုက်ပြီး သူအစ်မတွေအခန်းသွားဖို့ပြင်ပါသည်။


"ဘယ်သွားမလိုလဲ ဒိုးကလေး"


"မမကြီးတို့နဲ့သွားအိပ်မလို့"


"အေးပါ သွားအိပ် စောင်ကိုသေချာခြုံနော် အင်းယားကွန်းလည်းသိပ်မဖွင့်နဲ့အုံး"


"ဟုတ်ကဲ့ "


ဒိုးကလေး ခုန်ပေါက်ပြီး သူအစ်မတွေအခန်းဆီသွားပါသည်။လမ်းတစ်ဝက်မှာ ကေသရာနဲ့နေသရာကိုတွေ့တာကြောင့် ဒိုးကလေးမျက်နှာပျက်သွားရပါသည်။.


"ကိုဒိုးကလေး မမဝတ်လွှာဆီသွားမလို့လား"


"ဟုတ်တယ်လေ"


"ဒါဆိုရင် ဒီမုန့်လေး မမဝတ်လွှာကိုပေးပေး


အကိုကိုကျတော့ ဝတ်ရည်ဆီ ဒီချောကလက်လေး ပေးပေးပါ


"ဟွန့် ဒိုးကလေးကိုကျတော့ တစ်ခါမှအဲလိုမုန့်တွေမပေးဘူး"


"နောက်နေ့ဝယ်ကျွေးမယ်လေးနော် ဒိုးကလေးကလိမ်မာတယ်"


"ဟုတ်ပါတယ် ကိုဒိုးကလေးကလည်း မနက်ဖြန်လိုက်ဝယ်ကျွေးမယ် "


"ပြီးရော့"


ကေသရာနဲ့နေသရာ စိတ်တွေချမ်းသာသွားပါသည်။မုန်ထုပ်တွေထဲမှာ ရည်းစာစာပါတယ်လေး ဒိုးကလေး မဖတ်မိပါစေနဲ့လို့ နှစ်ယောက်သားဆုတောင်းနေမိ၏။


"မမကြီး တို့နဲ့အတူလာအိပ်တာ"


"ကိုဧကရာဇ်က ပေးအိပ်တယ်ပေါ့"


"ပေးမအိပ်လည်း ခိုးလာမှာပေါ့ ရော့မမကြီးအတွက် ကေသရာကမုန့်ပေးလိုက်တယ် မမလတ်အတွက် ကိုနေသရာ ကချောကလက်ပေးလိုက်တယ်"


"မမကြီး အဲဒါတွေမကြိုက်ဘူး ဒိုးကလေးပဲစားလိုက်တော့ "


"မမလတ်ရော့ပဲ"


ဟီးး 


ဒိုကလေး ရယ်၍မုန့်တွေဖောက်စားနေတော့သည်။



စာရေးသူ သွေးမိန့်


rate now: