book

Index 11

အပိုင်း(၁၁)

ကိုကိုရဲ့ဒိုးကလေး


"ဟာ သေပါပြီး နာလိုက်တာကွာ မိန်းကလေးဆိုပြီးညာနေတာကို့"


"ဟား ဟား ညာနေတာဟုတ်လား မကောင်းတဲ့လူရဲ့ ဒိုးကလေးကို လာစမ်းလို့မရဘူး"


ဒိုးကလေး ထိုလူကို အားပါတရကန်ပစ်ပြီး ကားပေါ်ကနေဆင်းခဲ့သည်။ထိုအချိန် ဧကရာဇ်က ဟော်တည်အနီးတစ်ဝိုက်စုံးစမ်းတော့ ဒိုးကလေးကို လူစိမ်းတစ်ယောက်ကားပေါ်ခေါ်တင်သွားကြောင်းသိရတော့ စိတ်တွေပူထူပြီးရဲတပ်ဖွဲ့ချေါ၍အဝေးပွေးလမျးမကို မောင်းလာမိပါသည်။


"ဒိုးကလေး  မင်းဘာဖြစ်သွားသေးလဲ ကိုကိုတောင်ပန်းပါတယ်"


"ဟမ် ကိုကိုဘယ်လိုသိပြီးရောက်လာတာလဲ ဒိုးကလေးဘာမှမဖြစ်ပါဘူး ဟိုလူတော့သေနေပြီးလားမသိဘူး"


ဧကရာဇ် ကားပေါ်ကလူကိုကြည့်တော့ ဒိုးကလေး ကန်ထားလို့သွေးတွေထွက် သတိမေ့နေပါသည်။


"ဒါလူကုန်ကူးနေတဲ့ မင်းသုတ ပဲ သူကိုဖမ်းခဲ့ရဲဘော်တို့"


"ကိုကို ရဲတွေပါလာတာလား"


"ဟုတ်တယ် ကိုကို အရမ်းစိတ်ပူပြီးခေါ်လာတာ"


"ဒါနဲ့ ကိုကိုပါးကဘာဖြစ်တာလဲ"


"မေကြီးရိုက်ထားတာ ဒိုးကလေးပျောက်တာ ကိုကိုကြောင့်ဆိုပြီး"


"ကဲ့မောင်ဧကရာဇ် စခန်းလိုက်ခဲ့ပေးပါ"


"ဟုတ်ကဲ့ ဆရာ ဒိုးကလေးကို ဒီအကြောင်းတွေနောက်မှာပြောပြတော့မယ် အခုတော့စခန်းသွားစို့"


ဒေါ်ခင်နှင်းဆီ ဘုရားခန်းကနေမထွက်ပဲဆုတောင်းနေပါသည်။


သမီး ဒိုးကလေး ဘာမှမဖြစ်ပါစေနဲ့အရှင်မြတ်စွာဘုရား နတ်ကောင်းနတ်မြတ်တွေလည်း စောင့်ရှောက်ပါစေ"


"မိန်းမရေ သမီးတို့ပြန်လာပြီး"


"အရှင်မြတ်စွာဘုရား တပည့်တော်မှဆုတောင်းကိုဖြည့်ဆည်းပေးလို့ အရမ်းပျော်ပါတယ်"


ဒေါ်ခင်နှင်းဆီး ဘုရားခန်းမှအပြေးအလွှာထွက်လာ၍ အောကျထပျသို့ဆငျးခဲ့ပါသညျ။


"သမီး ဘာမှမဖြစ်ဘူးနော်"


"ဘာမှမဖြစ်ပါဘူး မေကြီး"


"တော်သေးတာပေါ့ မေကွီးစိတျပူလိုကျရတာ ဧကရာဇ် ကိုယ်အပြစ်ကိုသိတယ်နော်"


"မေကြီးရယ် ကိုကိုအပြစ်မဟုတ်ပါဘူး သမီးအပြစ်ပါ ကိုကိုကို့ မဆူပါနဲ့နော်"


"ကြည့်စမ်း သမီးလေးက ဘယ်လောက်မင်းအပေါ်ကောင်းသလဲ ဟျောတညျကပွသာနာငါသိပွီးပွီး မန်နေဂျာကိုအလုပ်ထုတ်လိုက်ပါ ပြီးတော့ အလုပ်ချိန်အတွင်းအရေးကြီးတဲ့ဖုန်းခေါ်ဆိုမှုကိုပြုသင့်တယ်လို့ သတ်မှတ်လိုက်ပါပြီး"


"မိန်းမရာ အလုပ်အကြောင်းနောက်မှာပြောကြအခုကလေးတွေပင်ပန်းနေပြီးနားကြပါစေ"


"ဟုတ်ပါပြီး ရှင်ကလည်း နေရာတကာဝင်ပါတယ် သွားနားကြတော့ကလေးတွေ"


်"ကိုယ်တို့လည်း သွားနားရအောင် ဆိုပြီး ဉီးသူသရ ဒေါ်ခင်းနှင်းဆီး ပခုံးကိုဖက်တော့ ဗိုက်ခေါက်ဆွဲလိမ်ခြင်းခံလိုက်ရ၏။


"အားး နာလိုက်တာ မိန်းမရာ ယောကျာ်းကိုအဲလောက်တောင်နှိပ်စက်ရလား"


"အချိုးပြင် ကျပ်ကျပ်သတိထားပါ ဉီးသူသရ ဟွန့်"


ဧကရာဇ်တို့ မိဘနှစ်ပါးရဲ့ အပြုအမှုကိုကြည့်ပြီးရယ်မောမိကြသည်။


မနက်ခင်းရဲ့အလှကမဂ်လာကျက်သရေနဲ့ပြည့်ဝနေပါသည်။ဒိုးကလေးနဲ့ ဒေါ်ခင်းနှင်းဆီး တို့နှစ်ဉီး ဘုရားခန်းထဲဝင် သောက်သောရေ၊ ပန်း၊ဆီးမီးကပ်ဘုရားရှိခိုးပူဇော် လျက်ရှိသည်။ဒိုးကလေးတို့ ဘုရားခန်းကထွက်တော့


"ကိုဒိုးကလေး သိုင်းသင်ပေးမယ်ဆို့"


"ခဏစောင့်ပါကွာ ငါအဝတ်စားလှဲအုံးမယ် ကိုနေသရာရော့"


"ခြံထဲစောင့်နေတဲ့"


နေရောင်ခြည်နွေးနွေးအောက်မှာ ဒိုးကလေးတို့သုံးဉီးကိုယ်ခံပညာသင်နေကြပါသည်။ဒီနေ့ကအလုပ်တွေပိတ်တော့ အိမ်မှာလူစုံနေပါသည်။


"ေကသရာ ေြခထောာက်ကိုနည်းနည်းကွေးထား"


."ညောင်းလာပြီးကွာ ငါမသင်နိုင်တော့ဘူး"


"ယောကျာ်းကြီးဖြစ်ပြီးတော့ ပျော့နေသေးတယ် သေချာမတ်ထား ကိုနေသရာ ကတော့ အနေအထားမှန်တယ်"


ဒိုးကလေး ကေသရာရဲ့ လက်ကိုကိုင်၍လက်သီးစုပ်နည်းသင်ပြနေတုန်း


"ဖျတ်"


"ဘာလို ညီလက်ကိုရိုက်ရတာလဲ ကိုကြီးနာလိုက်တာ"


"ဒီလောက်ပြနေတာတောင်မမှတ်ဖူး ဒိုးကလေးရော့ ဒီကြိမ်လုံးနဲ့ရိုက်ပြီးပြ မင်းသူ့ကိုယ်ကိုထိစရာမလို့ဘူး"


"ကိုကြီး ညီကနွားလား ကြိမ်လုံးနဲ့ရိုက်ရအောင်"


"လျှာမရှည်နဲ့ ဒိုးကလေး ကေသရာအနားသိပျမကပျနဲ့ တစ်တောင်လောက်အကွာမှာနေ"


"ဒါပေမဲ့ သူကခဏခဏမှားနေတော့ သူ့ကိုယ်ကိုကိုင်ပြီးပြင်ပေးမှာရမှာပေါ့"


"ငါပြင်ပေးမယ် ဘယ်နေရာပြင်ရမလဲပြော ဒီနေရာလားဆိုပြီး ခြေကာထားတဲ့ ကေသရာကို သူရဲ့ခြေထောက်နဲ့ကန်၍ကာခိုင်းသည်။


"ကိုကြီး နာ..နာတယ် ဒီလောက်ဆိုရင် အကြောပြေလောက်ပါပြီး"


"မရသေးဘူး မင်းရဲ့ပေါင်နဲ့မြေကြီးထိနေမှာရမှာ"


ကေသရာ တစ်ကိုယ်လုံးချွေးတွေချည်းပါပဲ သင်ပေးတဲ့ဒိုးကလေးက နည်းနည်းပဲခိုင်းသော်လည်း ဧကရာဇ်ကတော့ မတရားခိုင်းပါသည်။ဒိုက်ထိုးရင်လည်း နေသရာက အခါ၅၀ဆိုရင် ကေသရာကို အခါ၁၅၀ထိုးခိုင်းပါသည်။ကေသရာ ဒိုက်ထိုးရင် သူက ကေသရာကျောပေါ်ထိုင်၍စာအုပ်ကိုစိတ်ပြေလက်ပြေဖတ်နေသေးသည်။ကေသရာ ကဘာလို့ကိုလေးထက် ပိုထိုးခိုင်းတာလဲမေးရင် မင်းကအငယ်ဆိုတော့ ပိုသန်မှာဖို့လိုတယ်လို့ဖြေတတ်ပါသည်။


"မြလေးရေ ထမင်းစားဖို့ပြင်လိုက်တော့"


"ဟုတ်ကဲ့ အန်တီခင်"


ထမင်းစားပွဲဝိုင်းမှာထိုင်စားသောအခါ ဒိုးကလေး ဘေးနားမှာကေသရာ ထိုင်ဖို့လုပ်တော့ ဧကရာဇ် အနောက်ကနေခုံကို ရွေ့လိုက်သည်။


"ဘိုင်း "


"ဟဲ့ သားငယ် ရရဲ့လား သားကြီးကလည်းမပြောမဆိုထိုင်ခုံကိုရွေ့လိုက်ရလား"


"ဆော်ရီး ညီ ကိုကြီးကထိုင်ဖို့ခုံယူလိုက်တာပါ ညီထနိုင်ရဲ့လား ကိုကြီးတွဲပေးမယ် ဖြေးဖြေးထပြီး ဟိုဘက်ခုံမှာသွားထိုင်လိုက်နော်"


ကေသရာ နာကျင်သောမျက်နှာဖြစ် ဟိုက်ဘက်ခုံမှာသွားထိုင်ရပါသည်။


ဒိုးကလေးနဲ့ ကေသရာအတူတူထိုင်ပြီး ကာတွန်းကားကြည့်နေတော့လည်း 


"ညီ ကိုကြီးကို ကော်ဖီတစ်ခွက်သွားဖျော်ပေးကွာ"


"ကိုကြီးကလည်း ကားတွန်းကားကြည့်မလို့ကို "


"လိမ်မာပါတယ်ကွာ သွားဖျော်ပေး ငါညီရဲ့လက်ယာကအရမ်းကောင်းတဲ့ဆို ဖေကြီးနဲ့မေကြီးကိုဖျော်တိုက်နေကြဆိုတော့ ကိုကြီး မြည်းကြည့်မလို့ပါ"


"ဟုတ်ကဲ့ ကိုကြီး"


.ကေသရာ အောက်ထပ်ကိုဆင်းပြီး ကော်ဖီဖျော်တုန်း ဧကရာဇ် ဒိုးကလေးအနားဝင်ထိုင်ပြီ စာရင်းစာရွက်တွေကိုတော့ ဒိုးကလေးရဲ့တစ်ဖက် ဘေးနားကို ကေသရာထိုင်လိုမရအောင်ချထားလိုက်သည်။


"ကိုကြီးရော့ "


"ကျေးဇူး ညီ"


"ကိုကြီးရဲ့စာရင်းစာရွက်တွေကိုဖယ်အုံး ညီထိုင်မလို့"


"မင်းကလည်းကွာ ဟိုဘက်ခုံမှာသွားထိုင်ကွာ နေရာတွေအများကြီးရှိတာကို့"


"မထိုင်ချင်ဘူး ဒိုးကလေးနားကပ်ထိုင်ပြီး ကားတွန်းကားနဲ့ပတ်သတ်ပြီးငြင်းခုံရအုံးမယ်"


"အေးပါကွာ ငါလည်းအခုမှသတိရတယ် ဒိုးကလေး အခန်းထဲလိုက်ခဲ့ပေးစရာရှိတယ်"


"ဘာပေးမလိုလဲဟင် ကားတွန်းကားကောင်းနေပြီး"


"အဲဒီကားတွန်းကား ဘယ်အချိန်ကြည့်ကြည့်ရတယ် လာလိုက်ခဲ့"


"ပြီးရော့ဗျာ လူဂွစာကြီးအရမ်းအလုပ်ရှုပ်တာပဲ ကေသရာကြည့်ထားနှင့်ပြီးရင်ပြန်လာခဲ့မယ်"


"အေးပါကွာ"


ဒိုးကလေးအခန်းထဲရောက်တော့ ဧကရာဇ်ကအခန်းတံခါးကိုဂျတ်ထိုးပိတ်ပြီး အလုပ်ဆက်လုပ်နေပါသည်။ဒိုးကလေးကတော့ နည်းနည်းကြောင်သွားရ၏။


"လူဂွစာကြီး ပေးစရာရှိတယ်ဆို" 


"ဒိုးကလေး ငါကိုဘယ်လိုခေါ်ရမလဲဆိုတာ မေကြီးသင်ထားပေးတဲ့မဟုတ်လား"


"သင်ထားတဲ့လေး ဒါပေမဲ့မခေါ်ချင်ဘူး"


"မခေါ်ချင်လိုရမှာလား ငါကိုနောက်ဆိုရင်ကိုကိုလို့ခေါ်ပါ မခေါ်ရင်အပြစ်ပေးရလိမ့်မယ်"


"ဟွန့် ခြိမ်းခြောက်တိုင်း ကြောက်မဲ့အထဲမှာ ဒိုးကလေးမပါဘူး ဒါနဲ့ခင်ဗျားကြီးပေးစရာရှိတယ်ဆို"


"မရှိဘူး မင်းကိုညီအနားမှမရှိစေချင်လို ညာပြီးခေါ်ထုတ်ခဲ့တာ ညီနဲ့ဝေးဝေးမှာနေပါ မင်းကအိမ်ထောင်သည်တစ်ယောက်ဖြစ်နေပြီး အနေအထိုင်ဆင်ခြင်ပါ"


"ကျွန်တော်ကဘာလုပ်နေလို့လဲ ကေသရာနဲ့ဝေးဝေးနေရအောင် ရန်သူမှမဟုတ်တာ လူဂွစာကြီးရူးနေပြီးထင်တယ်"


"ငါကို ကိုကိုလို့ခေါ်ခိုင်းတယ်လေး "


"မခေါ်ချင်ဘူးလို့ပြောပြီးပြီးလေ


"ဒါဆိုရင်အပြစ်ပေးရမှာပေါ့" ဆိုပြီး ဒိုးကလေးရဲ့မျက်နှာကိုဆွဲယူပြီးပါးပြင်ကိုနမ်းလိုက်သည်။


"ခင်ဗျာကြီး ဘာလုပ် ကဲ့ဟာ"


"ဟား ဟား ဒါမျိုးတွေရိုးနေပြီး "


ဒိုးကလေး ထိုးလိုက်တဲ့လက်သီးကိုဖမ်းထားသည်။ဒိုးကလေးကလည်း လက်သီးနဲ့ထိုးလို့မရတော့ ခြေထောက်နဲ့လှမ်းကန်သည်။ဒါပေမဲ့ ဧကရာဇ်က ကောင်းစွာရှောင်တိမ်းပြီး ဒိုးကလေးတစ်ကိုယ်လုံးကိုဖမ်းချုပ်ထားလိုက်၏။


."လွှတ်စမ်းဗျာ လွတ် အသက်ရှုပ်ကျပ်လာပြီး"


"မင်းလား အသက်ရှုကျပ်နေရင် ဒီအတိုင်းမနေလောက်ဘူး နောက်ဆိုရင် ကိုကိုလိုမခေါ်ရင် မင်းရဲ့ပါးပြင်ကို ငါနှာခေါင်းနဲ့လာပြီးအပြစ်ပေးရလိမ့်မယ်"


"နှဘူးကြီး လူဂွစာကြီး အယုတ်တမာကြီး မကောင်းဆိုးဝါးကြီး လူအမိုက်ကြီး"


"အစုံခေါ်တော့ နေရာအစုံနမ်းရမှာပေါ့ နှဘူးကြီးခေါ်တော့ နဖူးကိုနမ်းပြီးနောက်တစ်ခုကလူဂွစာကြီးဆိုတော့ ပါးပြင်တစ်ဖက်ကိုနမ်းရမယ် အယုတမာကြီးဆို့တော့..နောက်ပါးပြင်တစ်ဖက် မကောင်းဆိုးဝါးကြီးလို့လည်းပြောတော့ နှုတ်ခမ်းပေါ့ လူအမိုက်ကြီးဆိုတော့ လည်ပင်းပေါ့ စနမ်းတော့မယ်နော် မင်းအဆင်ပြေရဲ့လား"


ဒိုးကလေး အရမ်းကိုရင်ခုန်နေမိတယ် အဲလိုနမ်းမှာကိုလည်း သူမ မကြိုက်ပါ။ဘာလုပ်ရင်ကောင်းမလဲဆိုပြီးတွေးနေတုန်း အကြံပေါ်လာတာကတော့


"အာ.အသက်ရှုလို့မရတော့ဘူး ခေါင်းတွေအရမ်းမူးလာပြီး သေတော့မလားမသိဘူး


"မင်းတကယ်ပြောနေတာလား ဆို၍ဒိုးကလေးကိုချုပ်ထားတာကိုလျော့မိတော့ ဒိုးကလေးအခွင့်ကောင်းယူပြီး ဧကရာဇ်လက်ကိုလိမ်ချိုးပြီး ကိုင်ပေါက်ပစ်၏။


"ဘုန်းးး"


"အားး ငါခါး ငါခါး..နာ.နာလိုက်တာ"


"နာသင့်တာပေါ့  နောက်တစ်ခါဆိုရင် ကျွန်တော်ရဲ့လက်သီးနဲ့ခင်ဗျားရဲ့မျက်နှာ၊လက်ဝါးစောင်းနဲ့လည်ပင်း၊ခြေထောက်နဲ့ခင်ဗျားရဲ့အဓိကနေရာ ဒီတစ်ခါသက်သွားတယ်မှတ်ပါ ။


"အား ငါခါးတော့အရမ်းနာသွားပြီး မင်းကမူယာမာယာလည်းများတတ်တဲ့နော် "


"မူယာမာယာများတဲ့လိုမခေါ်ဘူး ဒါကဉီးနှောက်ကောင်းတဲ့လိုခေါ်တယ် "


ဧကရာဇ် ခံလိုက်ရပြန်ပြီး အနိုင်ရပြီးထင်ထားသမျှအကုန်သဲထဲရေသွန်းဖြစ်ရပါသည်။


"သားငယ်ရေ မင်းအကိုကြီးကိုသွားပြောအုံး ည၈နာရီ ဘုရားသွားမယ်လို့ အဆင်သင့်ပြင်ထားလို့"


"ဟုတ်သားပဲ သားတောင်မေ့နေတာ အလုပ်ပိတ်ရက်တိုင်း ဘုရားသွားရမှာကို့"


"သားငယ် အခုတလောမေကြီးကြည့်နေတာ တစ်ခုခုကိုလွမ်းနေသလိုပဲနော်"


"မဟုတ်ပါဘူးမေကြီးကလည်း"


"ဟုတ်ပါတယ် သားလတ်လည်းအတူတူပဲ မေကြီးကမင်းတို့ကိုမွေးလာတာနော် မျက်နှာကိုတစ်ချက်ကြည့်လိုက်တာနဲ့ ဘာကိုလိုချင်လည်းသိတယ် မနက်ဖြန် ဒိုးကလေး အမနှစ်ယောက်လာလိမ့်မယ်"


"တကယ်လား မေကြီး "


"ကြည့်ပါလား မျက်နှာကအရမ်းပျော်နေတာ ဟွန့်မင်းတို့နှစ်ယောက်အတွက် ကျင်ကျင်ဆီကသမီးတွေကိုထပ်တောင်းရတော့မလားမသိဘူး"


"ဟီးး တောင်းမပေးပါနဲ့အုံး အချစ်ရအောင်ပဲသားကြိုးစားလိုက်အုံးမယ် မေကြီး သား ကိုကြီးကိုသွားပြောတော့မယ်"


ပျြောရှငျစှာထှကျသှားတဲ့ သားငယ်ရဲ့ကျောပြင်ကိုကြည့်ပြီး ဒေါ်ခင်နှင်းဆီး ကြည်နူးစွာပြုံးမိတယ်။



စာရေးသူ သွေးမိန့် 



rate now: