ရွှေစံအိမ်ရဲ့ချစ်အိမ်မက်
******************************************
လှုပ်လှုပ်ရှားရှား လုပ်နေတက်တဲ့ မင်းတိမ်လွှာ Wheel Chair ကို အသုံးပြုနေရတာနဲ့တင်...
စိတ်ပျက်လှပြီ....
'' ခြေထောက်တွေလဲ အမြန်ဆုံး လှုပ်ရှားနိုင်မှပဲ "
'' ကျန်းမာရေး စိတ်မချရသေးလို့ ခနနေရတာပါ တိမ်လွှာရာ မင်းမလဲ နှစ်ရက် ပဲရှိသေးတယ် "
တစ်ယောက်ထဲ ရေရွတ်ရင်း....
လှုပ်ရှားရခက်နေတာကြောင့် ဒေါသတွေ ထွက်နေပေမဲ့...
သူရိန်အသံကြားသည်နှင့်.... သူ ချက်ချင်းလှည့်ကြည့်လိုက်မိသည်..
" မီး ဖြေးဖြေး "
အိမ်ခနပြန်သွားသည့်...
သူမကိုသူရိန်က သွားကြိုလာတာဖြစ်သည်..
ဝီးချဲကို သူမရှိရာစီ လှိမ့်သွားလိုက်ရင်း..
" အကို ဘယ်သွားချင်လို့လဲ "
'' မီး တို့က ကြာနေတော့ ကို စိတ်ပူလို့ ထွက်ကြည့်မလို့ကိုဒိကောင်နဲ့ အသားမကျဘူး ဖြစ်နေတယ် "
'' ကြည့် အကိုနော် အဲ့တာကြောင့် စိတ်မချတဲ့တာ လူနာက လူနာလို နေမှပေါ့ "
'' ဟုတ်ကဲ့ မမ လေး "
'' အဟမ်းအဟမ်း တိမ်လွှာ တို့ မိန်းမကြောက်ချက်နော် သူအလုပ်မှန်သမျှ ဒိုင်ခံလုပ်ပေးရတဲ့ ငါ့ကိုကျ စိတ်တောင်မပူဘူး Sky Castle ကို တက်သိမ်းလိုက်ရမလားပြော "
ရယ်ကျဲကျဲနှင့် သူရိန်က ဝင်နောက်သည်..
" သိမ်းချင်တာသာ သိမ်း ငါ့မိန်းမရှိရင် ရပြီ ကြောက်တာ မဟုတ်ဘူးနော် ချစ်တာ ချစ်တာ ဒါတွေ FA ကောင်တွေ မသိပါဘူးကွာ ဖယ်နေ "
" မလိုချင်လို့ဟေ့ရောင် ပေါလို့များလို့ "
'' ကောင်လေးတွေလား "
'' ဘာ ဒီလူနာကတော့ "
ခါတိုင်း တိတ်ဆိတ်နေခဲ့တဲ့ ဒီအခန်းလေးမှာ ရယ်သံတွေ ပျံလွင့် စည်းကားလာခဲ့ရသည်..
ဒါတွေ အားလုံး သူ့ကြောင့်......
သူရှိနေရင်...သူမ ဘဝမှာ နေ့ရက်တိုင်းဟာ ပျော်ရွှင်စရာတွေပါပဲ..
သူမေ့နေခဲ့တုန်းကလဲ သတင်းမေး မရ....
အခုသတိရလာတော့လဲ ပေါ်မလာသော..
သူ့ဦးလေး အကြောင်း ခေါင်းထဲရောက်လာတော့...
မြိန်ရာဟင်းကောင်း ခင်ရာဆွေမျိူး ဆိူတဲ့ စကားကို.. သူမ တကယ်လက်တွေ့ မြင်ခွင့်ရခဲ့တာပါလားလို့...မစီမဆိုင်တွေးမိသေးသည်..
သူရိန် ပြန်သွားတော့ သူမ သူ့အတွက်ယူလာသည့် ပစ္စည်း တွေကို နေရာချသည်..
" အနားလာပါအုန်း မီး ရယ် "
ကလေးသေးသေးကိုခေါ်သလို လက်နှစ်ဖက် ဆန့်ကာခေါ်နေသည်မို့ သူမ ပြုံးလိုက်ကာ..
လုပ်လက်စ ပစ္စည်းတွေ ခန ချရင်း သူ့အနားသွားရသည်..
ဝီးချဲပေါ်ထိုင်နေသည်မို့.....
သူမ ခါးတွေကို ဖက်ရင်း..
ဗိုက်နားမှာ နားကိုကပ်သည်..
" မင်းအမေက သိပ်စိမ်းတာပဲ ကလေးရေ လူနာကို ပစ်ထားတယ် "
ကလေးကို တိုင်တည်ပြီး...
ကလေးဆိုးကြီးလိုချွဲနေလေရဲ့...
" မဟုတ်ရပါဘူး အကိုရယ် ညီမက... ဂရုမစိုက်ပဲနေပါ့မလားလို့ "
ပြောနေရင်းနဲ့မှ...
တကယ်ဆို သူမကြောင့် သူ ဒီလိုဖြစ်ရတာဆိုတဲ့ အပြစ်ရှိသလို ခံစားချက်ဝင်လာတော့.
အသံတွေသိမ်ဝင်သွားကာ မျက်ရည်က အလိုလိုဝဲလာသည်..
" ညီမကြောင့် အကို အခုလို ဖြစ်တဲ့ဟာကို ညီမကိုသာ...."
'' ဟိတ်...ဟာကွာ မငိုပါနဲ့ မီးရာ...
ဘယ်သူ့ ဘယ်သူကြောင့်မှမဟုတ်ဘူး တကယ်ဆို ကိုယ်က တအားစိတ်အပူလွန်လို့ပါ..မင်းတယောက်ကို အေးဆေးချီနိုင်တဲ့ကိုယ်က အစိုးရိမ်လွန်လို့ ခနခန ဟန်ချက်ပြက်ပြီး လဲလဲကျနေတာလေ "
ဝီးချဲဘေးမှာ ဒူးထောက် ထိုင်ချထားသည် သူမ ကို မျက်ရည်တွေတယုတယသုတ်ပေးသည်...
"မငိုနဲ့တော့နော် တိတ်တော့ ကိုယ်လဲ အကောင်းတိုင်းရှိနေပြီပဲ..အပြစ်တင်စိတ်တွေဖျောက်လိုက်တော့ နော်...မီး နော် "
သူတို့ ဘဝရဲ့ မုန်တိုင်းတွေ ပြီးဆုံးသွားပြီထင်ပါရဲ့..
" ဗိုက်ကလေးနဲ့ကိုကွာ အောက်မှာ ထိုင်နေတယ် ထ နော် မီး "
သူမလက်တွေကို အတင်းဆွဲနေသည်...
သူထူပေးချင်ပေမဲ့ ဝီးချဲနှင့်မို့အဆင်မပြေ...
အချော့ခံရသည့်အခါ ပိုငိုချင်လာသည်..
ချော့လေ မျက်ရည်တွေ ကျလေ ဖြစ်နေသည့် သူမ ကို ဆွဲဖက်နမ်းပစ်ချင်သည်...
.............
" ငါ ပြောထားတာ ဘာထူးလဲ သူရိန် "
'' KHA ဆီ ချိတ်ဆက်ထားတဲ့ လုပ်ငန်းတချိူ့ ပြန်သိမ်းလိုက်ပြီ...ပြီးတော့ ကုန်ကြမ်း Company တွေလဲ KHA နဲ့ အလုပ်မလုပ်တော့ဘူး "
'' ဘယ်လောက်ထိ ထိခိုက်နိုင်လဲ "
'' Group ကြီး တခုမို့ လွယ်လွယ် ဖြုတ်ချဖို့တော့ မလွယ်ဘူး ဒါပေမဲ့ ဒီအတိုင်းဆို သိပ်တောင့်ခံနိုင်မယ်မထင်ဘူး..
သူ့အတွက်အကြီးမားဆုံး အခက်ခဲက ကုန်ကြမ်းမရတာပဲ "
'' နောက်ဆို ငါတို့နဲ့ အထူးသဖြင့် ငါ့ဇနီးကို လာမရှူပ်နိုင်အောင် လုပ်ထားပေး သူ့သမီးတွေအခြေနေရော "
'' စီစဥ်ထားတဲ့အတိုင်း လရောင်ခြယ်က မူးယစ်ရောင်းဝယ် ဖောက်ကားမှု့ လက်ဝယ်တွေ့ရှိမှူ့နဲ့ လောလောဆယ် နယ်မြေရဲစခန်းမှာ အချူပ်ကျနေတယ် ရောင်ခြယ်ကတော့ KCL (King's College London) ကို နောက်ထပ်ခြေချခွင့်မရှိလောက်တော့ဘူး မူးယစ်ဝရမ်းပြေးဖြစ်နေပါတယ် အန်တီမြိုင်ကတော့ သူ့သမီးတွေအကြောင်းကြားပြီး ဆေးရုံမှာ "
'' ကောင်းတယ် ကျူပင်ခုတ် ကျူငုတ်ပါမကျန်စေနဲ့ ''
'' မင်းကျန်းမာရေးကိုလဲ ဂရုစ်ိုက် နောက်တရက်နှစ်ရက်ဆို ဆေးရုံးဆင်းလို့ရလောက်ပြီ "
သူရိန်နဲ့ စကားပြောနေတာတွေ သူမ ဘာမှဝင်မပြောပဲ ငြိမ်နေပြီး..
သူရိန်ထွက်သွားတော့မှ....
"KHA ဆိုတာ ဦးနေလထွန်း မဟုတ်လား "
'' inn "
'' အကို ဘာတွေလုပ်နေတာလဲ "
'' မီးကြားတဲ့အတိုင်းပဲလေ ကိုယ်သူတို့အကြောင်း ထပ်မပြောချင်ဘူး ".
'' ကြားလို့မေးတာပေါ့အကိုရယ် အကို့ဦးလေးအရင်းကို ဒီလောက်ထိလုပ်ဖို့လိုလို့လား "
'' မီးသိလား...ကိုယ်သာ အစစ အရာရာ စီစဥ်မထားမိရင် အခုလောက်ဆို ကိုယ်တို့ လမ်းဘေးမရောက်ရင်တောင် ဒုက္ခတော့အနည်းငယ်ရောက်နေလောက်မှာ လေးငယ်က အဆိပ်ရှိတယ်...
ကိုယ်အများကြီး ငြိမ်ခံခဲ့ပါတယ်...
ဘယ်တုန်းကမှ ဒီလိုစိတ်မကူးမိဘူး...
ဒါပေမဲ့ ကိုယ်ဆက်ပြီး သည်းခံနေရင် တချိန်မဟုတ်တချိန် သူ ဒုက္ခပေးအုန်းမှာ အဆိပ်မပြင်းခင် ရှင်းထားသင့်ပြီလို့ကိုယ်ထင်လို့ "
'' ဒါပေမဲ့... "
'' မဖြောင့်ဖြနဲ့ မီး...ကိုယ်သတိလစ်နေတုန်း သူဘာတွေကြံစည်ခဲ့လဲ ဘယ်လိုစကားတွေ မီးကို ပြောခဲ့လဲ ကိုယ်သိပြီးပြီ ကိုယ်တို့က သီးခံနားထောင်နိုင်ပေမဲ့ ကိုယ်တို့ရင်သွေးလေးဟာ ဒါမျိူးစော်ကားတဲ့စကားတွေ မကြားသင့်ဘူး ကြားစရာမလိုဘူး မီး ကိုယ်ပြောတာ သဘောပေါက်တယ်မဟုတ်လား "
သူမ ဆံပင်ကလေးတွေကို ပွတ်သတ်ပေးရင်း...
တည်တည်ငြိမ်ငြိမ် ပြောနေသော်လည်း...
ဒေါသတွေကို သူ့မျက်ဝန်းတွေကတဆင့် မြင်နေရသည်..
..............
ပူလောင်လှတဲ့ နွေရာသီရဲ့ မနက်ခင်းတွေဟာ...
ပူစပ်ပူလောင်ရှိလှသည်...
ကိုယ်ဝန်လရင့်လာတာနဲ့ အမျှ သူ့ရဲ့ ဂရုသိုက်မှု့တွေဟာ ပိုပို တိုးလာခဲ့သည်..
" အကို ''
မီးဖိုထဲကိုယ်တိုင်ဝင်ကာ....
သူမ စားချင်သည့် အစားအသောက်မှန်သမျှ မငြီးမညူလုပ်ပေးတက်သည်..
" နိုးပြီလား စားသောက်ပြီးရင် ဒီနေ့ OG ပြရမယ်နော် သားသား က ထွားလာလိုက်တာ ဗိုက်ကလေးကို ဖောင်းနေတာပဲ နေရထိုင်ရ အဆင်ပြေလား မီး "
''ဟုတ် "
သူရဲ့ ဂရုစိုက်မှု့တွေနဲ့....
ချစ်ခြင်းမေတ္တာတွေ ကြောင့် သူမ နေ့ရက်တိုင်းမှာ စိတ်အေး လက်အေး ရှိလှသည်..
မွေးရက်နီးလာပေမဲ့လဲ သူ့ကြောင့်...
ထူးပြီးကြောက်စိတ် ဖြစ်မနေခဲ့ပါ.
နောက်ထပိ ဘယ်လိုအရာကမှ....
သူမတို့ကို ခွဲခွာအောင်ပြုလုပ်နိုင်တော့မည်မထင်ပါ...
သူမ အပြုံးတွေကို ကြည့်ရင်း သူ့ရင်ထဲ ငြိမ်းချမ်းလှသည်
ဒီအပြုံးတွေထာဝရ တည်မြဲဖို့ သူကြိုးစားရအုန်းမည်...
ဒီတခေါက် ဆေးရုံမှာ လှဲနေရတုန်းက...
သူမကို ဆုံးရှုံးလိုက်ရသည့် ခံစားချက်ကို အိမ်မက်အနေနဲ့ မြင်မက်ခဲ့သည်မို့. ..
သူမ မရှိရင်...
သူအသက်ရှင်နိုင်ဖို့ခက်လှသည်...
ထို့ကြောင့် နောင် အနာဂတ်မှာလဲ ဘာကိစ္စပဲရှိရှိပါ သူမ လေးကို အသက်နှင့်ရင်း ကာကွယ်စောင့်ရှောက်ရမည်သာ..
အိမ်မက်ထဲမှာတောင်...
သူမ နာကျင်နေရတာကို သူမမြင်ချင်...
နာကျင်ရတဲ့အိမ်မက်ထက်...
ချစ်အိမ်မက်တွေ အတူမက်ရင်း
အမြဲပျော်ရွှင်သွားချင်သည်...
သူမသေဆုံးရမည့် အနာဂတ်တွေကို သူပြောင်းလဲ ခဲ့ဖူးသည် ဆိုသည့် အမှန်တရားတွေဟာ တဖြေးဖြေး မေ့ပျောက်ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်...
ဘဝတလျှောက်လုံး...
သူမနှင်အတူ.....
ထာဝရလက်တွဲရင်း အေးချမ်းသည့် မိသားစု ဘဝလေးကို အချစ်တွေအပြည့်ဖြင့် တည်ဆောက်ရင်း........
ချစ်အိမ်မက်တွေ....တကယ် ဖြစ်လာခဲ့ပြီ ဖြစ်သည်..
ရွှေစံအိမ်ရဲ့ ချစ်အိမ်မက်
ပြီးပါပြီ
အဆုံးထိ ဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီကိုရော RL ထဲ ထည့်ပေးကြတဲ့ သဲလေးတွေကိုရော..
Vote ပေးကြသူတွေကိုရော....
နောက်ပြီး Update တွေ ကြာသလောက် စိတ်ရှည်ရှည်နဲ့စောင့်ပေးကြသလို...
မျှော်နေပေးကြ သတိရပေးကြတာ..
သာသာ အတွက်တကယ်ကို အားဖြစ်စေခဲ့ပါတယ်...
လိုအပ်ချက်တွေ ဖြည့်ပြီး နားလည်ပေးကြလို့လဲ တကယ်ကိုကျေးဇူးတင်ရပါတယ်..
သာသာကိုရော..
နောက်ထပ် သာသာရဲ့ ဇာတ်ကောင်လေးတွေကိုပါ ချစ်ပေးကြပါအုန်းနော် 😍😍😍