ရွှေစံအိမ်ရဲ့ချစ်အိမ်မက်
************************************
"အကို "
သူမ လဲလှောင်းရာ ကုတင်ဘေးမှာ မလှုပ်မယှက် ထိုင်နေမိကာ...
မျက်ရည်တွေ ဘယ်လောက်တောင်ကျဆင်းနေသည်မသိ...
ခေါ်သံ ခပ်တိုးတိုးကြားမှ....
အသိဝင်လာကာ....
သူမ သတိရပြီအထင်နှင့် ကုတင်ပေါ်ကြည့်မိသော်လည်း မဟုတ်...
" အကို ဘာလို့ ဒီမှာ ရှိနေတာလဲ "
အသံလာရာဆီ မျက်လုံးကအလိုလိုရွေ့မိမှ....
" ချာတိတ် "
သူမ....
ကုတင်ပေါ်မှာ လှဲနေသည်ကလဲ သူမ.....
ဘယ်လိုဖြစ်တာလဲ သူမရဲ့ ဝိညာဥ်လား..
ဒါဖြင့်...
သူကရော ဘာကြောင့် သူမ ဝိညာဥ်ကို မြင်နေရတာလဲ...
''ဒါ အကိုရှိနေရမဲ့နေရာမဟုတ်ဘူး အကို "
'' ကိုယ် ဘာလို့ မင်းကို မြင်နေရတာလဲ "
'' အကို က ရှိမနေသင့်တဲ့နေရာကို ရောက်နေခဲ့တာကို..."
'' ဘယ်လို "
'' ဒီကမ္ဘာမှာ ညီမဟာ သေဆုံးသွားခဲ့ပြီးပြီလေ အကို မမှတ်မိဘူးလား..
အကိုဟာ အချိန်တွေ ပြန်ရွေ့ပြီး အနာဂတ်တွေကို ပြောင်းလဲလိုက်ပြီးပြီအကို "
ခပ်ရေးရေး ပေါ်လာတဲ့ ပုံရိပ်အချိူ့....
ရေကန်ထဲ ပြုတ်ကျသွားတဲ့ သူနဲ့သူမ...
" အားး.."
'' ညီမ သေဆုံးသွားရမဲ့ ဒီကမ္ဘာဟာ မရှိတော့ဘူးအကိုရဲ့...
ဒါဟာ အကို့စိတ်တနေရာမှာ အမှတ်ရနေသေးတဲ့ နာကျင်မှု့တခုပဲ ပုံရိပ်တခုပဲ အကို..
ဒါကြောင့် အကို ဒီပုံရိပ်ကမ္ဘာထဲက ထွက်သွားပါတော့..
အကို ဒီမှာ ကြာကြာရှိမနေသင့်တော့ဘူး "
'' ဒါဆို ကိုယ်က ဘယ်မှာ ဘယ်မှာရှိနေရမှာလဲ "
သူမ အနား သွားကာ...
သူမ လက်ကလေးတွေကို ဆုပ်ကိုင်လိုက်သည်...
" မင်းရှိတဲ့နေရာမှာပဲကိုယ်နေမယ်.. မင်းကို ဘယ်တော့မှ မထားခဲ့ဘူး "
သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားမိသည်..
" ညီမ ဟိုမှာ လဲလှောင်းနေရတာ မြင်တယ်မလား အကို အခု အကိုမြင်နေရတာ တကယ်မရှိတော့တဲ့ ညီမကိုပဲ...
အကို ဒီက ရအောင်ထွက်သွားပါအကို..
မဟုတ်ရင် ဒီမှာ ထာဝရ ပိတ်မိနေလိမ့်မယ် "
'' မင်းကရော...မင်းမရှိပဲ ကိုယ်မရှင်သန်နိုင်ဘူး ချာတိတ် "
'' ဟုတ်တယ် အကိုမရှိပဲ မရှင်သန်နိုင်တဲ့ ညီမကလဲ အကို့ကို စောင့်နေတယ်.... အကို့ရင်သွေးလေးကို မြင်ချင်တယ်ဆိုရင် ဒီမှာ ဆက်ရှိမနေပါနဲ့တော့...
ညီမကို တကယ်ချစ်တယ် ဆို ဒီကနေ ထွက်သွားပေးပါတော့အကို့ရင်ထဲ စွဲလန်းနေတဲ့ ဒီနာကျင်မှု့ ကမ္ဘာကို မေ့ပစ်လိုက်ပါတော့ "
'' ကိုယ်မရှိပဲ မရှင်သန်နိုင်တဲ့ ညီမဟုတ်လား "
သူ့ကိုယ်သူ ဝေဝေဝါးဝါး...
ပြန်မြင်လာရသည်.....
ဟုတ်သည်....
သူမနဲ့သူ ရေကန်ထဲ ကျသွားခဲ့သည်...
Last Minute အထိ သူ....အားယူကြည့်ခဲ်သည်..
သူမ....သူမ...
သူ့ပတ်ဝန်းကျင်ဟာ မှောင်အတိကျနေခဲ့သည်...
ခုနက ကုတင်ကြီးမရှိတော့....
ကုတင်ပေါ်မှာ လှဲလှောင်းနေသည့်.... သူမ ခန္ဓာကိုယ်မရှိတော့...
ခုနက သူမြင်သည့်.... သူမ ဝိညာဥ်လဲမရှိတော့...
သူ... ဘယ်ရောက်နေတာလဲ
အကိုမရှိပဲ မရှင်သန်နိုင်တဲ့ ညီမကလဲ အကို့ကို စောင့်နေတယ်....
အကိုမရှိပဲ မရှင်သန်နိုင်တဲ့ ညီမ...
'' ဘယ်လောက်ကြာအောင် အိပ်နေအုန်းမှာလဲ ပြန်လာပါတော့ အကိုရယ် ဟင့်....ဟင့် "
ငိုသံ...
ဒါ သူမ ငိုသံ...
ငိုနေတာလား ချာတိတ်မ....
မငိုရပါဘူး... မင်းငိုလို့မရဘူး....
" မိုးသားဖြူ "
အော်ခေါ်သံနှင့်အတူ...
ခပ်ရေးရေး အလင်းရောင်နောက် သူအားကုန်ပြေးလိုက်မိသည်...
" မိုးသားဖြူ "
အသံကုန်ဟစ်ကာ သူမ ကို အော်နေမိသည်..
...........
လှုပ်ရှားလာတဲ့ မျက်တောင်ရှည်ရှည်လေးတွေ...
သူမ ဆုပ်ကိုင်ထားတဲ့ ကြားက သိသိသာသာ လှုပ်လာတဲ့ လက်ချောင်းကလေးတွေ...
'' အကို "
မျက်ရည်တွေ ကြားက မျက်လုံးတွေ ဖွင့်ဖို့ အားယူနေတာလား...
" မသက်..အကို.. အကို့ကို ကြည့်ပါအုန်း..
အာ မဟုတ်ဘူး မသက် ဆရာဝန် ဆရာဝန် "
သူမ အသံနှင့်အတူ တိတ်ဆိပ်ငြိမိသက်နေသည့်..
သူ လှဲနေရာ ဆေးရုံအခန်းဟာ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်တော့သည်..
ချက်ချင်းရောက်လာသည့် ဆရာဝန်တွေနှင့်အတူ...
မျက်လုံးတွေ ပွင့်လာသည့် သူ....
စစ်ဆေးမှု့တွေ ပြုလုပ်မေးမြန်းရင်း....
'' ကိုမင်းတိမ်လွှာ ကျွန်တော်အသံကြားရလား... ကြားရရင် မျက်တောင်ခတ်ပြပေးပါ "
ဆရာဝန်ရဲ့ အသံကို သူတုန့်ပြန်သည်....
မျက်တောင်ခတ်ပြနေတာတွေကို ကြည့်ရင်း...
သူမ မျက်ရည်တွေကျလာသည်အထိဝမ်းသာခဲ့ရသည်...
နှစ်လ လုံးလုံး အိပ်ယာထဲလဲနေခဲ့တာမို့...
သတိလည်လာပေမဲ့...ဆေးစစ်တာတွေ အစအဆုံး ပြန်စစ်ရသည်...
စောင့်ကြည့် စစ်ဆေးတာတွေ ပြုလုပ်ရသည်..
သူ့သတင်းကြားပြီး အပြေးရောက်လာသည့် သူရိန်...ဟာ အစအဆုံး သူပဲ ဦးဆောင် ကုသပေးရပြန်သည်..
ညီအကို အရင်းထက်ပင်....
သံယောဇဥ်တွေ ကြီးမားကြသည်ကို မြင်ရတော့....
မင်းတိမ်လွှာ အစားကျေးဇူးတင်မိသေးသည်...
" မိုးသားဖြူ "
ခပ်တိုးတိုးလေသံနှင့် သူမကို ခေါ်လိုက်သည့်..
မင်းတိမ်လွှာ....
" အကို.. သက်သာလား နေသာရဲ့လား "
ဖြူဖျော့နေသည့်ကြားက...
ပြုံးပြကာ ခေါင်းကို ဖြေးဖြေး
ညိမ့်ပြသည်.....
သူမ....သူလက်တွေကို အားကိုးတကြီး ဆုပ်ကိုင်ရင်း ဒီအခိုက်အတန့်ဟာ အပျော်ဆုံး အချိန် ဖြစ်သည်...
" ပြန်နိုးထလာပေးလို့ ကျေးဇူးတင်ပါတယ် အကိုရယ် "
သူမ ရဲ့ ကျဆင်းလာသည့်မျက်ရည်တွေကို သူ့လက်ချောင်းရှည်ရှည်တွေနှင့် သုတ်ပေးလာသည်...
သူမ...
သိသည်.... သူမ ငိုနေတာကို သူ မကြိုက်တာ...
ဝမ်းသာလို့ ပျော်လို့ကျတဲ့ မျက်ရည်တွေမို့....
ဒိီနေ့တော့ ငိုပါရစေ အကို...
.............
" မင်းတိမ်လွှာ ပြန်ကောင်းလာတာသိပ်မြန်တယ် မကြာခင် ဆေးရုံက ဆင်း နိုင်လိမ့်မယ်ထင်တယ်"
သူရိန်က စကားအဆုံးမှာ ဝမ်းအသာရဆုံးက သူမပင်...
" ကျေးဇူးတင်ပါတယ် ကိုသူရိန် "
'' ချာတိတ် "
'' နိုးလာပြီလား အကို "
ထ ထိုင်ဖို့ ကြိုးစားနေတဲ့ သူ့ကို...
သူရိန်က တွဲထူပေးကာ ခေါင်းအုံးတွေ ခုပေးရင်း ထိုင်စေသည်...
" ငါ ဘယ်တော့ ဆေးရုံဆင်းရမလဲ သူရိန် "
'' မကြာပါဘူး မင်းလှုပ်ရှားရတာရော ဘယ်လိုလဲ "
'' ခြေထောက်တွေ လှုပ်ရှားရခက်တာကလွဲရင် အားလုံးပြေတယ်...
ငါဆေးရုံမှာ မနေချင်ဘူး မင်းစီစဥ်ပေးအုန်း "
'' လောလောဆယ်တော့ နေမှရမယ် တိမ်လွှာ မင်းအခြေနေက အသက်အန္တရာယ်ကြားက လွတ်စပဲရှိသေးတာ ဒီမှာနေတာ ပိုစိတ်ချရပါတယ် "
'' ဘာမှမဖြစ်ဘူး အကောင်းကြီး ဆေးနံတွေရမှ ပိုမူးတယ် မကြိုက်ဘူး "
မင်းတိမ်လွှာ စာရိုက်နှင့်...
အိပ်ယာပေါ်လဲနေရတာကိုတောင် သိပ်မကြိုက်သည်မို့...
ဆေးရုံမှာ ခြေ ချူပ်မိနေတာကို မကြိုက်တာ သူရိန်သိသည်..
သူရိန် ေပြာလဲရမှာမဟုတ်တာလဲ သိသည်..
အခြေအတင် ပြောလာပုံအရ သက်သာသလောက်ရှိနေပါပြီ...
" အကို မရသေးလို့ ပေးမဆင်းသေးတာပေါ့ ဘာတွေအတင်းဖြစ်နေတာလဲ ''
'' ကိုယ်က... "
'' ကြည့် အကိုနော် "
သူရိန်ကို အထွန့်တက် အရစ်ရှည်နေပေမဲ့...
မိုးသားဖြူရဲ့ အကိုနော်ဆိုသည့် စကားတခွန်းနှင့်ပင်...
မင်းတိမ်လွှာ တိတ်ကျသွားသည်ကို မြင်တော့ သူရိန်က အားရပါးရ ရယ်ကာ..
" နောက်ဆုံးတော့ မင်းလဲ ကြောက်ရမဲ့သူ ေပါ်လာတာပါပဲကွာ မင်းတိမ်လွှာ တို့များ ဟိတ်ဆိုဟိတ် တိတ်ဆိုတိတ်ပဲ "
'' ခွေးကောင် "
ပြောချင်ရာ ပြောပြီး...
လစ်ထွက်သွားသည့် သူရိန်....
သူ့နံဘေးမှာ သူတို့ကို ကြည့်ပြီး ပြုံးနေသည့် သူမကို...
သူ့နံဘေး ဝင်ထိုင်စေကာ....
ရင်ခွင်ထဲ ထွေးပွေ့ဖက်ထားမိသည်....
" အခုမှပဲ အလွမ်းပြေတော့မယ် မီးရယ် ''
'' သူပဲ အကြာကြီး အိပ်နေပြီးတော့ ညီမ ဘယ်လောက်ပင်ပန်းတယ်မှတ်လဲ "
'' ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ့်မိန်းမလေးကို ပင်ပန်းသွားစေပြီ "
သူ့ ရင်ခွင်ထဲ မှာ ခါးတွေကို ခပ်တင်းတင်းဖတ်ထားရင်း...
ရနေကြ ကိုယ်သင်းရနံလေးဟာ ဆေးနံတွေနဲ့ ရောပြွန်နေပေမဲ့ သူမ သဘောကျသည်...
" ဗိုက်ကလေးတောင် ထွက်နေပြီပဲ ကိုယ့်မိန်းမလေးကို ကိုယ်ဝန်ကြီးနဲ့ ပင်ပန်းစေပြီ ဒီရက်တွေမှာ အိပ်ကော အိပ်ပျော်ရဲ့လား ငိုပဲငိုနေတာမဟုတ်လား "
'' အိပ်ပါတယ် အကိုရဲ့ "
'' အစားရော မှန်မှန်စားရဲ့လား "
'' စားပါတယ် "
'' မညာပါနဲ့ကွာ ခန္ဓာကိုယ်သေးသေးလေးက နှစ်ဆလောက်ပိန်ကျသွားတာ ရင်နာလိုက်တာကွာ "
သူမ.... သူ့ပါးတွေကို နမ်းလိုက်ပြီး...
" အခုလို ပြန်လာပေးတာနဲ့တင် ပိန်သွားရကျိူးနပ်ပါတယ်အကိုရယ်...
မွေးခန်းထဲဝင်တဲ့အခါ အကို့ လက်ကလေး ဆုပ်ကိုင် မထားနိုင်မှာ သိပ်ကြောက်ခဲ့တာ.."
သူမ မျက်ဝန်းတွေကို သေချာ စိုက်ကြည့်ရင်း
လွမ်းနေခဲ့ရတဲ့ နှုတ်ခမ်းလေးတွေဆီ အနမ်းတွေ ချွေချသည်..
ဘယ်အချိန်ဖြစ်ဖြစ် ရင်ခုန်ရတာတော့ အတူတူပါပဲ...
ဒီအနမ်းတွေဟာ...အမြဲပင်လယ်ရေသောက်မိသလို ဆာလောင်သည်..ငတ်မပြေနိုင်
သိပ်မြတ်နိုးရပါသော ဒီကောင်မလေးကို နောင်ခွဲမသွားတော့ပါ..
" မကြောက်နဲ့တော့နော်...ကိုယ်မင်းကို နောင်ဘယ်တော့မှ ထားမသွားတော့ဘူး ကတိပေးတယ် "
သူရင်ခွင်ထဲ ခိုဝင်ရင်း....
ဒီအနမ်းတွေကို ရင်ခုန်ရင်း...
သူ့ရင်ခုန်သံတွေကို အခုလိုလေး ထာဝရ နားဆင်ပါရစေ..