ရွှေစံအိမ်ရဲ့ချစ်အိမ်မက်
**************************************
ကံကောင်းသည်ပဲဆိုရမလား....
သတိလစ်နေသည်ဆိုပေမဲ့ အားလုံးပုံမှန်ပါပဲတဲ့....
တချိူ့ Coma ဝင်နေတဲ့သူတွေက သတိလစ်နေတာကလွဲရင် အားလုံးပုံမှန်ပဲ..လူနာကိုယ်တိုင် အသက်ရှူနိုင်တယ်
ဒါမျိူးဆို အခြေအနေ အတော်ကောင်းတယ်
တချိူ့ဆို အသက်တောင် ကိုယ်တိုင်ရှူမရလို့စက်တွေတပ်ထားပြီး အသက်ဆက်ရှင်နေရတယ်..
ဒါမျိူးဆို ပြန်ကောင်းဖို့တော်တော်ခက်တယ်
အခု ကိုမင်းတိမ်လွှာက အားလုံးပုံမှန်ဖြသ်တဲ့အပြင် ကိုယ်တိုင်အသက်ရှူနိုင်တယ်
ဆရာဝန်ရဲ့ မှတ်ချက်အဆုံးမှာ...
သူမအတွက် မျှော်လင့်ချက်တွေ ပိုမိုပြင်းထန်လာခဲ့သည်..
သူဟာ သိပ်ကို ခံနိုင်ရည်ရှိတဲ့အမျိူးသားမဟုတ်လား...
စက်အကူနဲ့ အသက်ရှူနေရရင်တော့ ရုန်းထမဲ့ သူမျိူးပါ...
သူ့လက်ချောင်းရှည်ရှည်ကလေးတွေကို ဆုပ်ကိုင်ရင်း...
" အကိုသိလား... အကို့ရဲ့ အလုပ်တွေဟာ ညီမအတွက်တအားကို ခက်ခဲလွန်းတယ် ဒါကြောင့် အကိုအမြန်ပြန်ထလာမှဖြစ်မယ်
အကို့နေရာကို ဝင်ထိုင်နေပေမဲ့...
ညီမတကယ် ဘာမှမလုပ်တက်တော့ စိတ်ကော လူကော ပင်ပန်းရတယ် အကိုရဲ့..."
နွေးနေတဲ့ သူလက်လေးကို သူမ ပါးကလေးတွေနဲ့ထိတွေ့ရင်း...
" ကိုသူရိန်ကတော့ပြောပါတယ် ညီမက အစမို့ပါတဲ့ ဒါတောင်သိပ်တော်ပါတယ်လို့ ပြောပေးရှာတယ်အကို...
အကို.... ဘယ်အချိန်ထိလှဲနေအုန်းမှာလဲအကိုရယ် ညီမ ကိုယ်ဝန်က ၄လ ကျော် ၅လ ထဲကိုရောက်လာပြီသိလား ညီမ ကလေးလေးမွေးတဲ့အခါ အကိုလက်ကို ဆုပ်ကိုင်ထားချင်တယ် ဒါကြောင့် အချိန်မှီထရမယ်နော် "
'' OG ဆီ သွားတိုင်း တယောက်ထဲသွားရတာ အားငယ်တယ်အကိုရဲ့ ဒါကြောင့် အကို အမြန်ထလာမှရမယ်
ညီမလေ အကိုနဲ့အတူရင်ခုန်ချင်လို့ အကိုမရှိတော့ Ultrasound တောင်မရိုက်ထားဘူးအကို"
ခပ်ဖျော့ဖျော့ ဖြစ်နေတာကလွဲရင်...
ချောမောနေဆဲ မျက်နှာလေးနားကို ကပ်ရင်း..
" အကိုဟာ လူနာအဖြစ်လှဲနေရတာတောင် အခုထိချောမောနေတုန်းပဲနော်.."
'' မငိုနဲ့လို့ ပြောမလို့မဟုတ်လား မငိုပါဘူးအကိုရဲ့ ဒါကြောင့် အကြာကြီး မအိပ်နဲ့နော်..
အရင်လို ဗိုက်ထဲကကလေးလေးနဲ့ စကားပြောပေးရအုန်းမယ်လေ နော် "
သူ့နဖူးကလေးဆီ အနမ်းဖွဖွပေးရင်း...
" ပိုက်တွေတန်းလန်းနဲ့ ရှုပ်မနေပဲ ပုံမှန် အခြေနေလေး ဖြစ်နေတာတင် ကျေးဇူးတင်လှပါပြီ အကိုရယ် ညီမတို့ အတူကြိုးစားကြမယ်နော်..
ညီမလဲ အကို့ကို ဘယ်တော့မှလက်မလျှော့ဘူးအကို..
အကိုလဲ လက်မလျှော့ရဘူး ကြိုးစားရမယ်နော် "
နှစ်ယောက်ထဲ ရှိချိန်တိုင်း...
ပုံမှန်လို စကားတွေ ပြောနေလေ့ရှိတာ သူမရဲ့အကျင့်...
ပုံမှန်လိုလို သန့်ရှင်းရေးလုပ်ပေးသည်....
အလုပ်တွေ ကြိုးစား သင်ယူရသည်....
တကယ်ဆို သူမမှာ နားချိန်မရှိအောင်ပါပဲ...
သို့သော်...
သူ့နားမှာ ရှိနေတဲ့အချိန်ဟာ သူမအတွက် နားချိန်တွေပါပဲ...
တနေ့တာ အလုပ်မှာ...
ပင်ပန်းလာသမျှ သူ့ဆီ ရင်ဖွင့်လိုက်တဲ့အခါ ပေါ့ပါးလန်းဆန်းသွားသလို ခံစားရလာသည်...
တကယ်ဆို သူမလို သာမန် ဝန်ထမ်းပဲ ဖြစ်ခဲ့ဖူးတဲ့သူတစ်ယောက်အနေနဲ့...
Sky Castle ရဲ့ ဥက္ကဋ္ဌ နေရာ တက်ထိုင်ရတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပါ...
သူမ သိဖူး လုပ်ဖူးသလောက်နဲ့....
တခြားစီပင်...
သို့သော် သူမဟာ နေရာလွတ်ကို ဟန်ပြထိုင်ပေးထားယုံသပ်သပ်ရယ်ပါ...
နောက်ကွယ်မှာ သူရိန်ဟာ အစအဆုံး အကုန်လုပ်ပေးနေတာဖြစ်သလို...
စိတ်ရှည်လက်ရှည်သင်ပေးခဲ့သည်...
အရင်ကထဲက....
အကိုဟာ သူ့နေရာမှာ အမြဲနေတက်သူမှမဟုတ်ပဲကိုး..
ရောက်ချင်သည့်နေရာရောက်နေခဲ့ကာ...
ပေါ်ချင်သည့်နေရာမှာ ပေါ်လာတက်သည့် သူမဟုတ်လား...
အခုတော့.. အိပ်ပျော်နေလိုက်တာများ...
ကလေးလေးလိုပါပဲလား...
ဒီနှစ်တွေအတွင်း..ပင်ပန်းထားသမျှ တွေကိုပါ အတိုးချအနားယူနေသလား အကို
......................
ခက်ခက်ခဲခဲ အသက်ကိုရှူနေရတဲ့သူမ....
အသက်ရှူနေသေးတာဟာ...
စက်တွေရဲ့အကူအညီကြောင့်ပါဆိုလဲ မမှားပါဘူး...
မိုးသားဖြူလှဲလှောင်းနေတဲ့....... ကုတင်ဘေးမှာ..
မင်းတိမ်လွှာ ဟာ ကျောက်ရုပ်တရုပ်လို ငြိမ်သက်နေခဲ့တယ်...
အိမ်ပေါ်က ပြုတ်ကျသွားတဲ့သူမ...
ဘယ်လောက်တောင်နာကျင်လိုက်မလဲ....
သူတို့ရင်သွေးလေးကိုလဲ ဆုံးရှုံးသွားခဲ့ရပြီ..
သူမကိုတော့.....
သူ မဆုံးရှုံးချင်တော့ဘူး...
ကိုယ့်ကို ကိုယ်လဲ ဂရုမစိုက်နိုင်သလို....
သူမ အနားမှာပဲ နေ့နေ့ည ည မခွာနိုင်ရှိနေခဲ့သည်..
ကျေးဇူးပြုပြီး...သူမ ကိုတော့ပြန်ပေးပါ
လက်လွှတ်ရဖို့များတယ်ဆိုတဲ့...
ဆရာဝန်တွေရဲ့စကားသံဟာ သူ့နားထဲမတိုးနိုင်တော့ပါဘူး..
သူမဟာ ပြန်ကိုရှင်ရမယ်....
အမြဲလိုလို သူမအပေါ်တာဝန်မကျေခဲ့ဘူး..
ချစ်ခြင်းမေတ္တာတွေ မပေးခဲ့မိဘူး...
ရင်နဲ့မဆံအောင် ချစ်နေခဲ့ပေမဲ့....
သူကိုယ်တိုင်မသိခဲ့ဘူး...
သူမကို ဆုံးရှုံးလိုက်ရပြီးမှ....
အချစ်တွေအပြည့်ရှိနေတာ သူသိလိုက်တော့နောက်ကျသွားခဲ့ပြီ..
" ကိုယ့်ဆီက အချစ်တွေ မင်းမျှော်လင့်နေခဲ့တာမဟုတ်ဘူးလား....
မင်းစွပ်စွဲခဲ့သလို ကိုယ် မချစ်တက်ခဲ့တာမဟုတ်ဘူး ချာတိတ် ကိုယ်မင်းကိုချစ်တယ်..
ရင်နဲ့အမျှ ချစ်နေတာတွေ ကိုယ်တိုင်မြင်အောင်မကြည့်ခဲ့မိဘူး...
မင်းကိုလဲ မြင်အောင်မပြခဲ့မိဘူး "
သူ..မျက်ရည်တွေ ပေါက်ခနဲကျလာသည်...
'' အချိန်တွေ နောက်ပြန်လှည့်လိုရရင် ကောင်းမယ် ချာတိတ် ကိုယ်မင်းကို အစွမ်းကုန် ချစ်ပေးချင်သေးတယ်....
ကိုယ်မင်းကို အစွမ်းကုန် ကာကွယ်ချင်သေးတယ်''
ဒီကောင်ဟာ အသည်းမာတဲ့ကောင်ပါကွာ....
ဒါပေမဲ့ ထိန်းမထားနိုင်ပဲ မျက်ရည်တွေကျနေမိတာ...
အေးတိအေးစက်နဲ့ ရက်စက်တက်သူ...
ထက်မြက်လွန်းသူ....
မချစ်တက်ဘူးလို့ နာမည်ကြီးတဲ့
SKY CASTLE ရဲ့ သခင် မင်းတိမ်လွှာ မဟုတ်တော့တဲ့အတိုင်း...
ပျော့ညံနေမိတယ်....
ဝမ်းနည်းနေမိတယ်....
ဖြစ်နိုင်ရင် ဒီကောင်မလေးကို ပြန်လိုချင်တယ်....
ပေါက်ခနဲကျလာတဲ့ မျက်ရည်တွေနဲ့ ပါးပြင်တခုလုံး စွတ်စိုနေခဲ့ချေပြီ.......
ကိုယ်ချစ်တက်နေပြီလေ ချာတိတ်ရဲ့
..........
ဆေးရုံပေါ်မှာ
အိပ်စက်နေတဲ့ကြားက...
မျက်ရည်တွေ စီးကျနေတဲ့ မင်းတိမ်လွှာ...
'' အကို မျက်ရည်တွေ ကျနေတာလား...
ဘာတွေကများ ဒီလောက်နာကျင်နေတာလဲအကို...
ညီမကို ထပြီးပြောပြပါ အကိုရယ် ''
နွေးနေတဲ့ သူ့လက်ကလေးတွေကို သူမ အားကိုးတကြီး ဆုပ်ကိုင်လိုက်တယ်..
သူ နိုးမလာသေးတာ...
နှစ်လပြည့်ခဲ့ပြီး...
'' ဘယ်တွေများသွားနေတာလဲ အကို ရယ် ပြန်လာပါတော့နော် ...."
သူမ မငိုမိအောင်ကြိုးစားနေပေမဲ့.....
မှိတ်ထားတဲ့ မျက်လုံးတွေကနေ ကျဆင်းနေတဲ့ သူ့ မျက်ရည်စလေးတွေမြင်တော့ ပိုပို ဝမ်းနည်းလာသည်....
သူ့မျက်ရည်တွေကို သုတ်ပေးရင်း...
သူမ ပိုပို ဝမ်းနည်းလာကာ...
ရင်ထဲ စို့နင့်လာသည်.....
" အကို အသက်နဲ့ရင်း ကာကွယ်ချင်ခဲ့တဲ့ ညီမရော... ရင်သွေးလေးရော အန္တရာယ်ကင်းပါတယ် အကိုရယ် ဒါကြောင့် အကိုလဲ ထလာပါတော့...နောက်ထပ်ဘယ်လောက်ကြာအောင်အိပ်နေအုန်းမှာလဲ "
ထိန်းမထားနိုင်တော့ပဲ အတားအစီးမဲ့ကျလာတဲ့ မျက်ရည်တွေနဲ့...
ကုတင်ဘေးကို မျက်နှာမှောက်ချ...
အားရအောင် ငိုချလိုက်မိတယ်....
အိပ်ယာပေါ် သတိလစ်နေတာတောင် အကို့ကို ဘယ်အရာတွေကများ ဝမ်းနည်းနာကျင်အောင် လုပ်နိုင်တာလဲအကိုရယ်